← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း-(၄၂)

‎ကျောင်းသူ အမျိုးသမီးက ထောင့်စွန်းမှာ ထိုင်ပြီး နံရံကို မှီလိုက်တယ်။ သူမအနားမှ ကျောင်းသားယောက်ျားလေးတစ်ယောက်က ဘီစကွတ်ဗူးကို ပေးကာ "တစ်ခုခုစားလိုက်ဦး" လို့ပြောလာတယ်။

‎

‎

‎ကျောင်းသူ အမျိုးသမီးက ဘီစကွတ်ကို ယူဖို့ လက်မလှမ်းမီတွက် ခဏလောက် ကြောင်တက်တက်နဲ့ ကြည့်နေခဲ့တယ်။ သူမသည် ယောက်ျားလေး ကျောင်းသားကို ကြည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်တယ်။

‎

‎

‎ကျောင်းသူ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အကိုက်ခံရသော အမှတ်အသားများကို ကြည့်လိုက်ပြီး အမျိုးသား ကျောင်းသားက ခေါင်းငုံ့ သွားကာ ဘာမှ မပြောပေ။ ဆရာ ချောင် က သူ့အတန်းဖော် အမျိုးသမီးငယ်များကို အရှက်ရစေခဲ့တာကို သူမြင်ရလည်း သတ္တိမရှိသလို သူတို့ကို ကူညီနိုင်စွမ်းလည်း မရှိပေ။

‎

‎

‎လူဆိုးတွေကို ဘာမှမလုပ်ဘဲ ကူညီပေးနေတာကို ရှက်ပါတယ်။ သူလုပ်နိုင်သမျှက သူတို့အတွက် ဘဝကို နည်းနည်းပိုကောင်းအောင် ကြိုးစားတာပါပဲ့။

‎

‎

‎ဆရာချောင် နဲ့ သူ့အဖွဲ့ဟာ မကြာခင်မှာ စားစရာတွေ ကုန်တော့မယ်ဆိုတာကို ကျောင်းသူအမျိုးသမီးက သိထားတာကြောင့် ဘီစကစ်တစ်ရွက်သာ စားပြီး ကျန်တာကို အဝတ်အစားထဲမှာ ဝှက်ထားခဲ့ပါတယ်။

‎

‎

‎ထို့နောက် ရေနှစ်ကျိုက်သောက်လိုက်သည်။ ဆရာ ချောင် က သူမကို တပ်မက်မှု ပြေပျောက်သွားပြီးနောက်တွင် ဒီရေဘူးကို သူမအား ပေးခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှကို တွေးရင်း ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်ကိုက်ခဲမှုကို ခံစားမိကာ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာတယ်။

‎

‎

‎နှုတ်ခမ်းကို ကိုက်ရင်း မျက်ရည်များကို သုတ်လိုက်တယ်။ ရှင်သန်ပြီး သူ့မိဘတွေကို ရှာရမယ်။ ဒီနေ့ရဲ့အဖြစ်အပျက်က သူမကို ပြိုလဲအောင် မလုပ်နိုင်ဘူး။

‎

‎

‎မကြာမီတွင်တော့ အစ်ကိုယောင်း က ဂါလံအလွတ်ဘူးများနှင့် အင်တုံအမြောက်အမြားကို သယ်ဆောင်လာကာ အဖွဲ့နှင့်အတူပြန်လာခဲ့သည်။

‎

‎

‎ဒါကိုမြင်တော့ ကျောင်းသားတွေရဲ့ မျက်လုံးတွေက တောက်ပလာတယ်။ ဆရာ ချောင် ရဲ့အဖွဲ့က မိုးရေကို စုဆောင်းနေသောကြောင့် လူတိုင်းသည်လည်း မိမိတို့၏ရေကို အမြန်သောက်လိုက်ကြပြီး ပုလင်းအလွတ်များကိုဖြည့်ရန် ပြတင်းပေါက်သို့ ပြေးသွားကြသည်။

‎

‎

‎ကျောင်းသူ အမျိုးသမီးက သူတို့ကို ကြည့်နေပေမယ့် မလိုက်သွားဘူး။ သူ့ဘေးနားက ကျောင်းသားလေးဟာလဲ သူ့ရေတွေသောက်တော့မှာကို မြင်တော့ တားဖို့ လက်လှမ်းပြပြီး “မင်း မသောက်လိုက်နဲ့ဦး” လို့ ပြောပါတယ်။

‎

‎

‎ယောက်ျားလေး ကျောင်းသားက သူမကို ကြည့်ပြီး "ကျုပ်တို့ ပုလင်းကို မိုးရေနဲ့ ထပ်ဖြည့်လို့ရတယ်" လို့ ပြောပါတယ်။

‎

‎

‎ကျောင်းသူ အမျိုးသမီးက ခေါင်းယမ်းပြီး "မိုးရေသောက်တာက စိတ်ချရတယ်လို့ မထင်ဘူး။ မိုးရွာရင် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေ ပါနေသလား မသိပေမယ့် မိုးမရွာခင် လေထုထဲက ဖုန်မှုန့်တွေအားလုံးကို ထည့်စဉ်းစားရင် ရေက သောက်သုံးဖို့ မလုံခြုံဘူး" ဟု ပြောသည်။

‎

‎

‎သူမရဲ့စကားများကို တွေးတောရင်း နောက်ဆုံးတွင် ယောက်ျားလေးသည် သူမစကားကို နားထောင်ခဲ့သည်။ သူက သူမကို ငုံ့ကြည့်ကာ "အဆင်ပြေရဲ့လား" ဟု မေးသည်။

‎

‎

‎ဒါကိုကြားတော့ ကျောင်းသူ အမျိုးသမီးက ရယ်မောပြီး "ငါ အဆင်မပြေရင်တောင် ငါ ဘာလုပ်ပေးနိုင်မလဲ။ ငါ သူ့ကို မသတ်နိုင်ဘူး၊ ငါ့ကိုယ်ငါလဲ မသတ်ချင်ဘူး"

‎

‎

‎တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောက်ျားလေး ကျောင်းသားက သူ့အင်္ကျီကို ချွတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ သူမထံသို့ ပေးလိုက်သည်။

‎

‎

‎ကျောင်းသူ အမျိုးသမီးသည် အံ့အားသင့်သွားပြီးနောက်မှ သူမရဲ့ အဝတ်အစားများ စုတ်ပြဲသွားနေကာ သူမရဲ့ ခန္ဓာကိုယ်ကို မြင်နေရသည်ကို သတိပြုမိလိုက်တယ်။ ဂျာကင်အင်္ကျီကိုယူ၍ ဝတ်ကာ "ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေးပြောတယ်။

‎

‎

‎"တောင်းပန်ပါတယ်" ဟု ခေတ္တတိတ်ဆိတ်ပြီးနောက် ပြောလိုက်သည်။ သူ့အသံက နူးညံ့လွန်းသဖြင့် အပြင်ဘက်တွင် မိုးသံကြောင့် တိမ်မြုပ်သွားတယ်။

‎

‎

‎ကျောင်းသူ အမျိုးသမီးက ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ငြိမ်နေလိုက်တယ်။

‎

‎

‎ပြတင်းပေါက်များ ပွင့်လာသည်နှင့်အမျှ ဟောပြောပွဲခန်းမသည် ယခင်ကဲ့သို့ တင်းမာနေခြင်းမရှိတော့ဘဲ လေထုထဲရှိ အနံ့အသက်ဆိုးများဟာ ဝင်ရောက်လာတဲ့ လတ်ဆတ်သောလေနုအေးများကြောင့် လွင့်စင်သွားပါသည်။

‎

‎

‎ဆရာချောင် သည် သူတို့၏ ပုလင်းများကို မိုးရေဖြည့်ရင်း အလုပ်များနေသော ကျောင်းသားများကို ကြည့်ပြီး မျက်လုံးများကို မှေးကျဉ်းထားလိုက်သည်။ အားလုံးက ပျော်ရွှင်မှုအပြည့်နဲ့ဖြစ်နေပြီး ညက တိတ်ဆိတ်နေတာကို သတိမထားမိကြပါဘူး။

‎

‎

‎တစ်ချိန်တည်းမှာပင် လင်အန်း တက္ကသိုလ်နှင့် မဝေးလှသော မိုးရေအောက်တွင် ဖုတ်ကောင်များသည် ခေါင်းကို မော့ကာ မျက်လုံးများကို မှိတ်ထားသည်။ ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်လို့ တည်ရှိနေကြတယ်။ မိုးရေကြောင့် ပုပ်ပွနေသော အသားများက စိုစွတ်လာပြီး စုတ်ပြဲညစ်ပတ်သော အဝတ်အစားများကသန့်စင်လာကာ‎ဘယ်သူကမှ သတိမထားမိဘဲနဲ့ သူတို့ရဲ့ ဆွေးမြေ့သွားတဲ့ အသားနဲ့ ကြွက်သားတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ ဖုတ်ကောင်များ၏ အရိုးအဆစ်များနှင့် ကြွက်သားများဟာ ပိုမိုပျော့ပျောင်းလာပြီး သန်မာလာကာ ၎င်းတို့၏ အသားများက ပိုမို တောင့်တင်းလာသည်နှင့်အမျှ ၎င်းတို့သည် အားမနည်းတော့ပေ။

‎

‎

‎

‎ဖုတ်ကောင်အများစုက သေးငယ်သောပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသော်လည်း အဆင့်တစ်အထိ ကျော်လွန်သွားသည့်ဖုတ်ကောင်များသာ ပိုမိုသိသာထင်ရှားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။ သူတို့ရဲ့ မီးခိုးရောင်မျက်လုံးများကတဖြည်းဖြည်း အရောင်ပြောင်းလာကာ ၎င်းတို့၏ လက်သည်းများနှင့် သွားများ ပိုမိုထက်ရှလာပြီး စွမ်းအင်များ တိုးပွားလာသည်။

‎

‎

‎သူတို့၏ မီးခိုးရောင်မျက်လုံးများသည် နောက်ဆုံးတွင် လုံးဝမည်းသွားသောအခါတွင်မှ သူတို့သည် ပါးစပ်ကိုဖွင့်လို့ ခေါင်းကိုမော့လိုက်ကာ လည်ချောင်းမှဟိန်းဟောက်သံများထုတ်လာကြသည်။

‎

‎

‎"ရားးးးး"

‎

‎

လင်အန်း တက္ကသိုလ် စာကြည့်တိုက်ရဲ့ ခေါင်မိုးပေါ်ရှိ ဖုတ်ကောင်တစ်ကောင်က မျက်လုံးဖွင့်လိုက်တယ်။ ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်တဲ့အခါ သူ့ရဲ့ အနက်ရောင် မျက်ဆန်တွေက မှိန်ဖျော့ဖျော့ အနီရောင်လရောင်အောက်မှာ တောက်ပနေတယ်။

‎

‎

‎ရှည်လျားသောဟောက်သံပြီးတဲ့နောက်တော့ ငါးကီလိုမီတာအကွာအဝေးအတွင်း မလှုပ်မယှက်ရပ်နေသောဖုတ်ကောင်များသည် မျက်လုံးများပွင့်လာပြီး လင်အန်း တက္ကသိုလ်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာကြတယ်။

‎

‎

‎ထိုအချိန်တွင် တစ်ကမ္ဘာလုံး၌ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သော်လည်း မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို မည်သူကမျှ သတိမပြုမိခဲ့ပေ။

‎

‎

‎လင်အန်း တက္ကသိုလ်မှ ကီလိုမီတာများစွာကွာဝေးသော စားသောက်ဆိုင်တစ်ခုတွင် ကျိူးလီဇီ ရဲ့ မျက်လုံးများကရုတ်တရက်ပွင့်လာသည်။ အေးစက်သော ချွေးများက သူမနဖူးနှင့် နောက်ကျောကို စီးဆင်းလာပြီး အသက်ကို သူမ ပြင်းထန်စွာ ရှုရှိုက်လိုက်သည်။ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေသေးသလိုမျိူးပဲ သူ့မျက်လုံးတွေက အာရုံမစူးစိုက်နိုင်ဘဲဖြစ်နေတယ်။

‎

‎

‎အနီးနားတွင် ထိုင်နေသော ပိုင်ရီကျီး က သူမ ရုတ်တရက် နိုးလာတာကို တွေ့လိုက်ရတယ်။ သူ့ပုဆိန်ကို ချလိုက်ပြီး လမ်းလျှောက်သွားလိုက်တယ်။ သူ့ထိုင်ခုံဘေးမှာ ထိုင်ပြီး "ဘာဖြစ်နေတာလဲ" လို့ မေးလိုက်တယ်။

‎

‎

‎သူ့အသံကိုကြားတော့ ကျိူးလီဇီ ဆတ်ကနဲဖြစ်သွားတယ်။ သူမ၏ မျက်လုံးများက နောက်ဆုံးတွင် အာရုံစူးစိုက်မှုပြန်ရလာပြီး သူ့ကိုကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ခဏအကြာတွင်မှ “မိုးတိတ်တာနဲ့ ဒီနေရာက ထွက်သွားရမယ်” လို့ ပြောပါတယ်။

‎

‎

‎အေးစက်စက် ချွေးတွေနဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးကို သတိထားမိတော့ "မင်းမှာ အိပ်မက်ဆိုး မက်လို့လား" လို့ မေးတယ်။

‎

‎

‎မျက်လုံးကိုမှိတ်ထားရင်း ကျိူးလီဇီက အသက်ပြင်းပြင်းရှူလိုက်ပြီး "မိုးရွာပြီးရင် ဖုတ်ကောင်တွေက အဆင့်မြင့်လာလိမ့်မယ်။ ငါတို့ အမြန်ဆုံး ထွက်သွားရမယ်၊ မဟုတ်ရင် ငါတို့ ဒီမှာ ပိတ်မိနေလိမ့်မယ်"

‎

‎

‎ဒါကိုကြားတော့ ပိုင်ရီကျီး က မျက်လုံးတွေကို မှေးထားပြီး "ဒါကို မင်းဘယ်လိုသိလဲ" လို့ မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က မတ်မတ်ထလိုက်ပြီး "ဖုတ်ကောင်တွေ လုံးဝမရှိတာကိုက ထူးဆန်းနေတာ မတွေ့ဘူးလား။ မိုးရွာတာက ပုံမှန်မဟုတ်ဘူး အဲလိုအချိန်အခါမျိုးမှာ သတင်းဆိုးတွေပဲ့ ပေးတတ်တယ်" ဟု ပြန်ပြောသည်။

‎

‎

‎"မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား" ပိုင်ရီကျီး မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တယ်။

‎

‎

‎

‎သူ့ရဲ့ မယုံကြည်မှုကိုမြင်တော့ ကျိူးလီဇီ က သူ့ကို ဆွဲဆောင်ဖို့ မကြိုးစားတော့ဘူး။ အဲဒီအစား "မိုးတိတ်ရင် ငါထွက်သွားမယ်။ မင်းနေမှာဘဲ ဖြစ်ဖြစ် သွားချင်လည်းသွားလို့ရတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎

‎

‎

All Chapters