← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း-(၄၃)

‎သူမစကားဆုံးပြီးသွားသောအခါတွင် မတ်တပ်ထရပ်လိုက်ပြီး တတိယထပ်သို့ ဦးတည်သွားခဲ့သည်။ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ဟာ ပထမထပ်က ရေချိုးခန်းကို အသုံးပြုခဲ့ပြီး ပြီးတော့ အနံ့ကြောင့် အဲဒီဟာကို မသုံးချင်ဘူး။ ဒါကြောင့် သူမ တတိယထပ်ကိုပဲ သွားနိုင်တယ်။

‎

‎

‎ရေချိုးခန်းတံခါးကိုပိတ်ပြီးနောက် သူမသည် သူမရဲ့နေရာလွတ်သို့ဝင်ကာ မျက်နှာကိုဆေးကြောလိုက်ပြီး လိုအပ်ချက်များကို ဂရုစိုက်ကာ စားစရာတစ်ခုခုကို ယူခဲ့သည်။

‎

‎

‎စားနေရင်း သူမရဲ့ အတိတ်ဘဝက အမှတ်ရစရာတွေဟာ စိတ်ထဲမှာ ပေါ်လာတယ်။

‎

‎

‎ဒီမိုးရွာပြီးရင် လင်အန်း မြို့ကအခြေအနေဟာ ပိုဆိုးလာမယ်။ ဒုက္ခသည်စခန်းအများအပြားကို အစိုးရ သို့မဟုတ် စွမ်းရည်အသုံးပြုသူများက တည်ဆောက်ထားသော်လည်း ဖုတ်ကောင်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

‎

‎

‎ငါးလမပြည့်မီတွင် ဤမြို့က ဖုတ်ကောင်မြို့ဖြစ်လာမည်ဖြစ်သည်။ ဒီလိုမဖြစ်ခင်မှာပဲ့ ရိက္ခာတွေ တတ်နိုင်သမျှ များများစုပြီး ထွက်သွားဖို့လိုတယ်။

‎

‎

‎တခြားသူတွေကိုတော့ သူမမှာ ခွန်အားမရှိသလို သူတို့ကို ကူညီဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ လမ်းမှာ လူ‌တွေ နဲ့တွေ့ရင် အန္တရာယ်ကို သတိပေးလိုက်မယ်၊ ဒါပေမယ့် ဒါပဲ့လေ။ သူမ၏ ဦးစားပေးက သူမရဲ့ ရှင်သန်ခြင်း ဖြစ်သည်။

‎

‎

‎အစာစားပြီးတာနဲ့ ခံနိုင်ရည်အားကောင်းဖို့ နှစ်နာရီကြာ လေ့ကျင့်ခန်းလုပ်တယ်။ ပြီးသွားတော့ ရေချိုးပြီး အဝတ်လဲလိုက်တယ်။

‎

‎

‎သူမမှာ ဘာမှလုပ်စရာမရှိတော့လို့ ရေအင်တုံနှစ်ခုနဲ့ ညစ်ပတ်နေတဲ့ အဝတ်အစားတွေကိုလျှော်ဖို့ ယူလိုက်တယ်။ သူမက အဝတ်တွေကို မကြာခန ဆေးကြောရန် လိုအပ်သည် မဟုတ်ရင် သန့်ရှင်းသောအဝတ်အစားများက ကုန်သွားလိမ့်မည်။

‎

‎

‎ခြင်းတောင်းထဲက သူ့အဝတ်အစားတွေကို သွန်ချလိုက်တော့ သူတို့ရဲ့ အခြေအနေကိုမြင်ပြီး အံ့အားသင့်သွားတယ်။ ဘောင်းဘီတစ်ထည်ကို ကောက်ကိုင်လိုက်ပြီး သေချာကြည့်တော့ အစွန်းအထင်းအနည်းငယ်မှလွဲ၍ အသစ်ကဲ့သို့ သန့်ရှင်းနေ ကြောင်း တွေ့လိုက်ရတယ်။

‎

‎

‎သူမရဲ့နှာခေါင်းနဲ့ နီးနီးကပ်ကပ် ကပ်လိုက်ပြီး အနံ့ကို ခံလိုက်တယ်။ ချွေးနံ့ နံခြင်းအပြင် အခြားသော အနံ့ဆိုးများမရှိပါ။

‎

‎

‎သူမ စိတ်ထဲတွင် အတွေးတစ်ခု မပေါ်လာမီတွင် သူမသည် ခဏတာ အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့တယ်။

‎

‎

‎"သူမရဲ့နေရာလွတ်က အလိုအလျောက် သန့်စင်သည့် လုပ်ဆောင်ချက်ပါတာ ဖြစ်နိုင်လား။" သူမက ရေရွတ်တယ်။

‎

‎

‎သို့သော် ဘောင်းဘီပေါ်ရှိ ချွေးနံ့ကို ရှူမိသောအခါတွင်တော့ ထိုအတွေးကို ပယ်ချလိုက်သည်။ သူ့နေရာလွတ်မှာ အလိုအလျောက် သန့်ရှင်းရေး လုပ်ဆောင်ချက် ပါခဲ့ရင် သူ့အဝတ်အစားတွေက အနံ့ဆိုးတွေ ရှိနေမှာ မဟုတ်ပါဘူး။

‎

‎

‎သူမရဲ့နေရာလွတ်ကို အပြည့်အ၀နားမလည်သေးသော်လည်း တစ်စိတ်တစ်ပိုင်း သန့်ရှင်းရေးလုပ်ဆောင်ချက်ကို သူမကျေနပ်ပါတယ်။ အနက်ရောင်သွေး၊ အသားပုပ် သို့မဟုတ် လေးလံသောအစွန်းအထင်းများမရှိလျှင် သူမရဲ့အဝတ်အစားများကို လျှော်ဖွပ်ရန် ပို၍လွယ်ကူသွားမည်ဖြစ်သည်။

‎

‎

‎သူမသည် ဆပ်ပြာမှုန့်အနည်းငယ်ကို ရေနှင့်ရောကာ အဝတ်စကို လက်ဖြင့် မဆေးကြောမီတွင် ရေစိမ်ထားတယ်။ နာရီဝက်လောက်ကြာတော့ ရေဆေးပြီးတာနဲ့ အခြောက်ခံဖို့ တိုင်တစ်လုံးမှာ ဆွဲထားလိုက်တယ်။

‎

‎

‎သူမနေရာမှထွက်ကာ အောက်ထပ်သို့ဆင်းလာသောအခါတွင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့က တစ်စုံတစ်ခု ဆွေးနွေးနေကြတာကို သူမတွေ့လိုက်ရတယ်။ သူတို့ရဲ့ လေးနက်သော အမူအရာကို တွေ့ရတာတော့ စောစောက သူမပြောခဲ့သည့်စကားကို သူပြောခဲ့ပြီးသားဖြစ်ပုံရသည်။

‎

‎

‎သူမဆင်းလာတာကိုမြင်တော့ ချူကျိမြောင် က က သူမကို လက်ဝှေ့ယမ်းပြပြီး "လီဇီ၊ ဒီကိုလာခဲ့" လို့ပြောလိုက်တယ်။

‎

‎

‎လမ်းလျှောက်သွားလိုက်ကာ ကျိူးလီဇီ က သူမဘေးမှာ ထိုင်ပြီး "ဘာဖြစ်နေတာလဲ"

‎

‎

‎"စီနီယာ ပိုင် က မင်းရဲ့အစီအစဥ်အကြောင်း ပြောပြတယ်။ ဒီနေရာက ထွက်သွားပြီးရင် မင်းဘယ်ကို သွားဖို့ စီစဉ်ထားလဲ" လီယောင် က မေးသည်။

‎

‎

‎ကျိူးလီဇီ က ပိုင်ရီကျီး ကို စိုက်ကြည့်ရင်းမှ "ကျွန်မ နောက်ထပ် ပစ္စည်းတွေ စုဆောင်းပြီးရင် ဆန်းချိုမြို့ ကို သွားတော့မယ်" ဟု ပြန်ဖြေလိုက်တယ်။

‎

‎

‎"ဆန်းချို မြို့ ဟိုက တစ်ယောက်ယောက်ကို မင်းရှာနေတာလား" ဖုန်းယွင် က မေးသည်။

‎

‎

‎ကျိူးလီဇီ ကတော့ ဘယ်သူကိုမှ ရှာမနေပေမယ့် သူမ ခေါင်းညိတ်နေတုန်းပါပဲ့။

‎

‎

‎"ကျွန်တော့်မိသားစုက အဲဒီမှာနေပြီးတော့ သူတို့ကိုလိုက်ရှာဖို့စီစဉ်ထားတယ်။ ကျွန်တော်တို့ အတူတူသွားကြမယ်လေ" ဖုန်းယွင် က အကြံပြုတယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီ က သူ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဖုန်းယွင် သည် သူမရဲ့အတိတ်ဘဝတုန်းက ပိုင်ရီကျီး ၏အဖွဲ့တွင်ပါဝင်ပြီးနောက် အဖွဲ့မှထွက်ခွာခြင်းမရှိခဲ့ပေ။ သူ ဘာကြောင့် ဆန်းချိုမြို့ ကို ရုတ်တရက် သွားချင်တာလဲ။

‎

‎

‎သူမတုံ့ဆိုင်းနေတာကိုမြင်တော့ ဖုန်းယွင် က "ငါတို့အတူတူခရီးထွက်ရင်တောင် ငါ့ရဲ့လုံခြုံရေးနဲ့အစားအသောက်အတွက် ငါဘညသာတာဝန်ယူမယ်။ ငါဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး"

‎

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက် ကျိူးလီဇီ က "ကောင်းပြီ" ဟု ခေါင်းညိတ်လိုက်တယ်။

‎

‎

‎ပိုင်ရီကျီး က သူမကို ကြည့်ပြီး အကူအညီ ပေးချင်ပေမယ့် စကားမပြောရခင်မှာ သူ့ကျောပိုးအိတ်ထဲက ဂြိုလ်တုဖုန်းက မြည်လာပါတယ်။ ဒါကိုကြားတော့ သူက အမြန်ပြန်ယူလိုက်ပြီး "ဟဲလို" လို့ ဖြေလိုက်တယ်။

‎

‎

‎သူဖုန်းဖြေ လိုက်တာနဲ့ " ပိုင်ရီကျီး မင်းအခြေအနေကဘယ်လိုနေလဲ"

‎

‎

‎ကျိူးလီဇီ ဒီအသံကိုကြားတာနဲ့ မျက်လုံးတွေ အံ့သြစွာဖြင့် သူမရဲ့မျက်လုံးတွေက ပြူးကျယ်သွားသည် ။ သူမ ထိုအသံကို စေ့စေ့နားထောင်ရင်းနဲ့ ပိုင်ရီကျီး ကို လှည့်ကြည့်လိုက်သည်။

‎

‎

‎"ဗိုလ်ကြီး ကျင်း၊ ငါတို့ အခု လုံခြုံနေပြီ၊ မင်း ကဘယ်တော့ ရောက်မှာလဲ" ပိုင်ရီကျီး က မေးသည်။

‎

‎

‎"မိုးတိတ်တာနဲ့ ငါတို့ ထွက်လာမယ်။ မင်း လင်အန်း တက္ကသိုလ် မှာရှိနေသေးလား" ကျင်းရွှီယန်း က မေးလိုက်တယ်။

‎

‎

‎"မဟုတ်ဘူး၊ ငါ့သူငယ်ချင်းတွေနဲ့အတူ ငါထွက်လာပြီးပြီ။ ငါတို့က တက္ကသိုလ်နဲ့ ကိုးကီလိုမီတာအကွာမှာရှိတဲ့ စားသောက်ဆိုင်မှာ ရှိနေတာ" လို့ ပိုင်ရီကျီး က ပြန်ဖြေတယ်။

‎

‎

‎ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျင်းရွှီယန်း က "မင်းရုတ်တရက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲ တစ်ခုခုဖြစ်သွားတာလား"

‎

‎

‎"တစ်ခုခုဖြစ်သွားပေမယ့် ငါ့သူငယ်ချင်းရဲ့သတိပေးချက်ကြောင့် ငါတို့ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်"

‎

‎

‎စာကြောင်း၏အခြားတစ်ဖက်တွင် ကျင်းရွှီယန်း ကတော့ သူ့စကားများကိုကြားတော့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့စိတ်ထဲမှာ အတွေးတစ်ခုဝင်လာပြီး "မင်းသူငယ်ချင်းနာမည်ကဘာလဲ" လို့မေးတယ်။

‎

‎

‎ပိုင်ရီကျီး သည် ထူးဆန်းသောမေးခွန်း ကြောင့်မျက်မှောင်ကြုတ်လိုက်သော်လည်း ကျင်းရွှီယန်း ၏အကူအညီကို လိုအပ်နေသေးသဖြင့် "ကျိူးလီဇီ" ဟု ပြန်ဖြေလိုက်တယ်။

‎

‎

‎ဒီနာမည်ကို သူကြားလိုက်ချင်းမှာပဲ့ ကျင်းရွှီယန်း ရဲ့ နှလုံးခုန်သံက ခုန်နှုန်းမြင့်သွားတယ်။ သူ့လက်များက စိတ်လှုပ်ရှားမှုဖြင့် တုန်ခါနေပြီး သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းရသည်။

‎

‎

‎"ငါတို့အဖွဲ့က မင်းရဲ့တည်နေရာကို ရှစ်နာရီခန့်အချိန်အတွင်း အရောက်လာပါမယ်။ ဖြစ်နိုင်ရင် ဒီမှာပဲ့နေပြီး ငါတို့ကို စောင့်နေပါ" ဟု သူကအသံအက်အက်နဲ့ပြောလိုက်သည်။

‎

‎

‎"ကောင်းပြီ" ပိုင်ရီကျီးက အဆင်သင့်ပဲ သဘောတူလိုက်တယ်။

‎

‎

‎မတည်ငြိမ်သော အချက်ပြမှုကြောင့် မိနစ်အနည်းငယ်ကြာပြီးနောက်၌ ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်ခဲ့သည်။ ပိုင်ရီကျီး က သူ့ဂြိုလ်တုဖုန်းကို ဖယ်လိုက်ပြီး အဖွဲ့ဆီ ပြန်သွားတယ်။

‎

‎

‎ကျိူးလီဇီ နားထောင်ရင်းနဲ့ သူမရဲ့ အတိတ်ဘဝတုန်းက ဖုတ်ကောင်တွေရဲ့ အစားမခံရခင် အချိန်မှာ ကြားခဲ့ရတဲ့ အသံနဲ့ အတူတူပဲဆိုတာ သေချာသွားပါတယ်။ သူ့အသံက ရင်းနှီးသလို ခံစားရတယ် ဒါပေမယ့် သူဘယ်သူလဲဆိုတာ သူမ မမှတ်မိဘူး။

‎

‎

‎ပိုင်ရီကျီး က ထိုင်ချလိုက်ပြီး " ကျိူးလီဇီ မင်းမထွက်ခွာခင်အထိစစ်သားတွေကို မင်းဘာလို့ မစောင့်နေတာလဲ။ ဒီနည်းက ပိုလုံခြုံလိမ့်မယ်"

‎

‎

‎ကျိူးလီဇီ က ခဏလောက်စဉ်းစားပြီး "ကောင်းပြီ" ဟုပြောကာ ခေါင်းညိတ်လိုက်တယ်။

‎

‎

‎သူမသည် မြို့က တစ်ယောက်တည်း ထွက်သွားနိုင်မည်ဟု ယုံကြည်သော်လည်း ထိုအသံနဲ့လူက မည်သူဖြစ်သည်ကို သိချင်တယ်။

‎

‎

‎

‎

‎

All Chapters