အခန်း (၄၄)
Vol. 3 Ch. 44
အခန်း-(၄၄)
ညနက်လာတော့ ဆရာချောင် နှင့် သူ၏အဖွဲ့သားများသည် နောက်ဆုံးတွင် သူတို့ရှာနိုင်သော ဘူးအလွတ်များနှင့် အင်တုံများအားလုံးကို မိုးရေဖြင့် အပြည့် ဖြည့်လိုက်နိုင်ကြသည်။ တချို့က ရေဆာလွန်းလို့ ပုလင်းတွေကို ပြန်မဖြည့်နိုင်ခင်မှာပဲ့ မိုးရေကို တိုက်ရိုက်သောက်ကြတယ်။
အပူချိန်နိမ့်ခြင်း သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်းကြောင့်လားဆိုသည်ကို မည်သူမျှမသိကြသော်လည်း ထိုနေ့ညတွင် လူအများအပြား အဖျားတက်ကြတယ်။
ပထမတော့ အများစုက အိပ်ပျော်နေတာကြောင့် ဘယ်သူမှ သတိမထားမိကြပါဘူး။ မနက်မိုးလင်းတော့ ကောင်းကင်ကြီး လင်းလာမှ သူ့ဘေးမှာ အိပ်နေတဲ့လူက ကိုယ်အပူချိန်ကြောင့် တောက်လောင်နေပြီဆိုတာ ကျောင်းသားတွေထဲက တစ်ယောက် သိလိုက်ရတယ်။
လက်လှမ်းပြီး သူ့သူငယ်ချင်းကို တွန်းလိုက်ကာ "ဟေး မင်းဘာဖြစ်နေတာလဲ"
သူ့သူငယ်ချင်းက မနိုးလာဘဲ မြေပြင်ပေါ် လဲကျသွားသည်။
ထိုကြောင့် ကျောင်းသားက လျင်မြန်စွာ စစ်ဆေးကြည့်ရာအသက်ရှုကြပ်ပြီး နီမြန်းနေသော မျက်နှာ၊ ချွေးစိုနေသော အဝတ်အစားများကို တွေ့လိုက်ရတယ်။ သူ သူငယ်ချင်းကသတိလစ်နေပြီး အရေပြားက အရောင်ဖျော့ဖျော့နှင့် နှုတ်ခမ်းကွဲက သူ့အခြေအနေကို ပိုဆိုးသွားစေပုံပေါ်တယ်။
အခြေနေရဲ့ ပြင်းထန်မှုကို သိလိုက်ရတော့ ကျောင်းသားက "ဆရာချောင် ငါ့သူငယ်ချင်းက အဖျားကြီးနေတယ်။ ကျေးဇူးပြုပြီး သူ့ကို ကူညီပါ "
ကင်းလှည့်နေသော အမျိုးသားတစ်ဦးက သူ့စကားကိုကြားပြီးနောက် ပြေးလာသည်။ ကျောင်းသား၏ အခြေအနေကို မြင်လိုက်ရသောအခါတွင် အဖွဲ့၀င်တစ်ဦး၏ စွမ်းရည်များ မနိုးထမီတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်သတိရကာ စိတ်လှုပ်ရှားမှုများက မျက်လုံးထဲတွင် ဖြတ်သွားခဲ့သည်။
သူက ပိုင်းခြားထားသည့် ဖက်ကို အမြန်လှည့်ကာ "အကို ချောင်၊ တစ်ယောက်ယောက်က မျိုးရိုးဗီဇပြောင်းလဲနေပြီ"
အခုအချိန်မှာတော့ သူတို့အဖွဲ့ဟာ စွမ်းရည်အသုံးပြုသူတွေ အလွန်လိုအပ်နေပါတယ်။ ကျောင်းသားအချို့သာ စွမ်းရည်များကို နိုးကြားလာပြီး သူတို့နှင့်ပူးပေါင်းပါက အဖွဲ့ကို သိသိသာသာ အားကောင်းလာစေမည်ဖြစ်သည်။
ဆူညံသံကိုကြားတော့ ဆရာချောင် လန့်နိုးသွားတယ်။ သူသည် ထိုလူကို စိုက်ကြည့်ကာ "မင်းဘာလို့အော်နေတာလဲ ဖုတ်ကောင်တွေကို ငါတို့အသံကြားသွားစေချင်လို့လား"
အပြစ်ရှိတယ်လို့ခံစားရပုံမပေါ်ဘဲ ထိုသူက ပြုံးပြီး "အစ်ကိုချောင် ဒါက သတင်းကောင်းပဲ့ ကျောင်းသားတစ်ယောက် မျိုးရိုးဗီဇပြောင်းလဲနေတယ်"
ဆရာချောင် က သူ့စကားကိုကြားတော့ မျက်လုံးတွေ တောက်ပလာပြီး "သူ့ကို သွားစစ်ဆေးကြည့်ရအောင်"
"ဟုတ်ကဲ့"
သူတို့နှစ်ဦးသည် အဖျားကြီး နေသော ကျောင်းသားထံ အမြန်သွားကာ သူတကယ် စွမ်းရည် နိုးထနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ စွမ်းရည်အသုံးပြုသူများက ရှားပါးသောကြောင့် ဆရာချောင် က ထိုသူတို့အပေါ်တွင် အလွန်အရေးပေးခဲ့သည်။
သူက လက်ကိုဝှေ့ယမ်းပြီး "သူ့ကို ရေများများပေးပြီး အပူချိန်ကို လျှော့ချဖို့ နည်းလမ်းရှာပါ"
သူ့သူငယ်ချင်းကို ကြည့်နေတဲ့ ကျောင်းသားက စိတ်သက်သာရာ ရသွားတယ်။ ဆရာချောင် က သူတို့ရဲ့အသက်ကို ဂရုမစိုက်တော့မည်ကို သူကြောက်ရွံ့ခဲ့သော်လည်း သူ့တွင် ဂရုဏာတရားရှိနေဆဲဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာချောင်" သူက ကျေးဇူးတင်စွာဖြင့် ပြောလိုက်တယ်။
များမကြာမီတွင် နောက်ထပ် ကျောင်းသားများလည်း သူတို့ သူငယ်ချင်းများရဲ့ အလားတူ အခြေအနေများကို တင်ပြခဲ့ကြသည်။ ကျောင်းသား ၆၇ ဦး အနက် ၁၁ ဦးမှာ နိုးထခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ကျန်သူများသည် ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းခြင်းများကိုသာ တွေ့ကြုံခဲ့ရပြီး အစားအစာ ချို့တဲ့ခြင်းကြောင့်ဟု ယူဆကြသည်။
မျိုးရိုးဗီဇပြောင်းလဲမှုအလယ်တွင်ရှိသူများကို တစ်နေရာတည်းတွင် စုဝေးကာထားလိုက်ကြပြီး ကျောင်းသားအများအပြားကိုတော့ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန်အတွက် တာဝန်ပေးအပ်ခဲ့သည်။ ၎င်းတို့အား မိုးရေသောက်စေပြီး ၎င်းတို့၏အဖျားကို လျှော့ချရန် ၎င်းတို့၏ခန္ဓာကိုယ်များကို မိုးရေဖြင့် သုတ်ပေးခဲ့သည်။
သူတို့မသိလိုက်ဘဲ မိုးရေကို ပိုသောက်ပြီး ပိုထိတွေ့လေလေ သူတို့ရဲ့ အခြေအနေတွေ ပိုဆိုးလာလေပါပဲ့။
လူတိုင်းက သူတို့ရဲ့ သူငယ်ချင်းများဟာ စွမ်းရည်များကို နိုးထလာနိုင်ပြီး ဆရာချောင် ၏အဖွဲ့တွင် အရေးပါသောပုဂ္ဂိုလ်များဖြစ်လာမည်ဟု ယုံကြည်ကြသည်။ မိန်းကလေးကျောင်းသူလေးတစ်ယောက်နှင့် သူမဘေးနားရှိ ကျောင်းသားလေးတစ်ယောက်ကသာ စိုးရိမ်ပူပန်နေကြတယ်။
ကျောင်းသားများရဲ့ မျက်လုံးအောက်တွင် အစက်အပြောက်များရှိလာပြီး မိုးရေသောက်ပြီးနောက်တွင် မျက်လုံးများကနီရဲလာတာကို နှစ်ယောက်စလုံး သတိပြုမိကြတယ်။ ရက်အတော်ကြာ အိပ်မပျော်သလိုမျိူး မျက်လုံးရဲ့ အဖြူရောင် ဧရိယာတွေမှာ အနီရောင်လိုင်းတွေ ရှိနေတယ်။
မိုးရေကို ပိုသောက်တဲ့သူတွေက လမ်းကိုတောင်ထူးဆန်းတဲ့ပုံစံဖြင့်လျှောက်ကြတယ်။ သူတို့၏ လှုပ်ရှားမှုများက ပုံမှန်ထက် တင်းမာပြီး နှေးကွေးနေပုံရတယ်။
ထောင့်မှာထိုင်နေတဲ့ ကျောင်းသူ အမျိုးသမီးက "ငါတို့ ဒီနေရာက အမြန်ဆုံး ထွက်သွားရမယ်" လို့ တိုးတိုးလေး ပြောလိုက်တယ်။
ယောက်ျားလေး ကျောင်းသားက ခေါင်းညိတ်ပြီး "သူတို့က တခြားမှာ အခု အာရုံလွဲနေပြီ၊ ငါတို့ နောက်ဖေးတံခါးကနေ ထွက်သွားနိုင်တယ်" လို့ ပြန်ဖြေတယ်။
ဒါကိုကြားတော့ ကျောင်းသူ အမျိုးသမီးက မတ်တတ်ထရပ်ပြီး အနောက်ဘက်ကို သေချာရွှေ့လိုက်တယ်။ ဆရာချောင် နဲ့ သူ့အဖွဲ့ဟာ အဖျားတက်နေတဲ့ကျောင်းသားတွေရဲ့ အခြေအနေတွေကို အာရုံစိုက်နေတာကြောင့် သူတို့နှစ်ယောက် တိတ်တဆိတ် ရှောင်ထွက်သွားတာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။
ဟောပြောပွဲခန်းမအပြင်ဘက်ရောက်တာနဲ့ ယောက်ျားလေးကျောင်းသားက လှမ်းကြည့်ပြီး "ငါ့နာမည် ကုရှကျယ် ပါ။ မင်းနာမည်ကဘာလဲ"
ကျောင်းသူ အမျိုးသမီးက သူ့ကို ပြန်ကြည့်ကာ "ရုန်မိုအာ" ဟု ပြန်ပြောတယ်။
ကုရှကျယ် က ခေါင်းညိတ်ပြီး " ရုန်မိုအာ ရှင်သန်ဖို့အတွက် အဖွဲ့ ဖွဲ့လိုက်ကြရအောင်"
ရုန်မိုအာ က ခေါင်းခါရင်း "ကျွန်မ မြို့ကို ပြန်သွားပြီး မိဘတွေကို ရှာရမယ်။ မင်းနဲ့ မလိုက်နိုင်ဘူး"
"အဆင်ပြေပါတယ်။ ငါမင်းနဲ့လိုက်ခဲ့မယ်။ တခြားဘယ်ကိုမှ သွားစရာမရှိဘူး" ကုရှကျယ် က ခပ်ပြုံးပြုံးနဲ့ပြောတယ်။
သူ၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း
ရုန်မိုအာ က သက်ပြင်းချလိုက်ပြီး "ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ" လို့ပြောလိုက်တယ်။
ကုရှကျယ် က တဖွဲဖွဲရွာနေတဲ့ မိုးကိုကြည့်ပြီး "မိုးရွာနေတုန်းပဲ၊ ငါတို့ အဆောက်အဦးက မထွက်သွားနိုင်သေးဘူး။ အခု ဘယ်သွားရမလဲ"
"ငါတို့မြေညီထပ်ကိုသွားပြီးတော့ ဟိုမှာပုန်းနေသင့်တယ်။ မိုးတိတ်သွားရင် ထွက်သွားဖို့ ပိုလွယ်လိမ့်မယ်" လို့ ရုန်မိုအာ က တွေးပြီးရင် ပြန်ဖြေတယ်။
ခဏလောက်စဉ်းစားပြီးနောက် ကုရှကျယ် က "ဒါဆို အစောင့်ခန်းကိုသွားရအောင်"
"ကောင်းပြီ"
အစီအစဉ်ဆွဲပြီးတဲ့နောက် နာရီဝက်အကြာတွင်နှစ်ယောက်သား အောက်ထပ်သို့ဆင်းလာပြီးအစောင့်ခန်းသို့ ရောက်ရှိလာကြသည်။ အထဲကို ရောက်တာနဲ့ တံခါးကို သော့ခတ်ပြီး သက်ပြင်းချလိုက်ကြပါတယ်။
ရုန်မိုအာ မှာ ခြေဗလာဖြစ်နေတာကို သတိပြုမိပြီး ကုရှကျယ် က လော့ကာခန်းအတွင်းကို ပြေးဝင်ကာ အဝတ်တစ်ထည်၊း ဖိနပ်တစ်ရံနှင့်အတူ ပြန်လာခဲ့တယ် “ဒါတွေက အရမ်းကြီးနေတယ်၊ ဒါပေမယ့် ဘာမှမရှိတာထက်တော့ ပိုကောင်းတယ်” လို့ ပြောရင်း သူ့မလက်ထဲကို ပေးလိုက်တယ်။
ရုန်မိုအာ က လက်ခံပြီး "ကျေးဇူးတင်ပါတယ်" ဟုဆိုသည်။
"ကိစ္စမရှိပါဘူး လော့ကာခန်းထဲမှာ မင်းဝင်ဝတ်လို့ရတယ်" ဟု ကုရှကျယ် က အဆင်မပြေဟု ခံစားလိုက်ရကာပြောသည်။
ရုန်မိုအာ သည် သူ့အမူအရာကို သတိပြုမိသော်လည်း ဘာမှမပြောပေ။ သူမသည် အထဲသို့ ဝင်သွားကာ စုတ်ပြဲနေသော အဝတ်အစားများကို ဖယ်ရှားကာ သူမကိုယ်သူမ သန့်ရှင်းစေဖို့ အသုံးပြုခဲ့သည်။ သူမနှလုံးသားထဲက မုန်းတီးမှုတွေကြောင့် မျက်လုံးတွေ နီရဲလာတယ်။
အဲဒီအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာ မှောင်မိုက်တဲ့အတွေးတစ်ခု ဖြတ်ပြေးသွားတယ်။ 'ငါသာ အဲဒီကောင်တွေကို မီးရှို့သတ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သူတို့က အလောင်းတောင် မကျန်ခဲ့သင့်ဘူး'
ထိုအတွေးပေါ်လာသည်နှင့် မီးက သူမ၏လက်များကို ရုတ်တရက် ဝါးမျိုသွားတယ်။ ရုတ်တရက်မီးလောင်မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး "အာ!" ဟု ထိတ်လန့်တကြားအော်လိုက်တယ်။
သူမရဲ့ငိုသံကိုကြားတော့ ကုရှကျယ် က ပြေးဝင်လာပြီး သူ့ရှေ့က မြင်ရတဲ့အရာကြောင့် အေးခဲသွားတယ်။