အခန်း (၄၅)
Vol. 3 Ch. 45
အခန်း- (၄၅)
ထိုအခိုက်တွင် ရုန်မိုအာ ၏လက်များ၌ မီးလျှံများဖုံးလွှမ်းနေပြီး သူမရဲ့စွန့်ပစ်ထားသောအဝတ်အစားများကတော့ ပြာများအဖြစ်သို့ ရောက်နေပြီဖြစ်သည်။
သူသည် အလျင်အမြန်လုပ်ဆောင်ပြီး အဝတ်စုတ်တစ်ထည်ကို ဆွဲယူကာ မီးကိုငြှိမ်းရန်ကြိုးစားခဲ့သည်—သို့သော် သူဘာပဲ့လုပ်လုပ် မီးလျှံများက လောင်ကျွမ်းနေဆဲဖြစ်သည်။
သူမခေါင်းကို မော့လိုက်သောအခါတွင်တော့ ကုရှကျယ် သည် ရုန်မိုအာ ရဲ့ မျက်လုံးများကြောင့် အံ့အားသင့်သွားတယ်။ သူမရဲ့ မျက်ဆန်တွေက အနီရောင်ပြောင်းသွားပြီး သူတို့ထဲမှာ မီးလျှံတွေ လောင်ကျွမ်းနေသလို တဖျတ်ဖျတ်လက်နေတယ်။
သူ့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ တုံ့ပြန်မှုကို သတိပြုမိတော့ ရုန်မိုအာ က ကြောက်ရွံ့သွားပြီး " ကုရှကျယ် ငါ့ကို ကယ်ပါဦး၊ ငါ မသေချင်ဘူး"
ကြောက်ရွံ့မှုတွေက သူမရင်ထဲမှာ ဖုံးလွှမ်းသွားပြီး သူမမျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာတယ်။ ဒါပေမယ့် မျက်ရည်တွေမစီးကျလာနိုင်ခင်မှာပဲ့ သူမခန္ဓာကိုယ်ရဲ့အပူချိန်မြင့်မားမှုကြောင့် အငွေ့ပျံသွားခဲ့ပါတယ်။
ကုရှကျယ် ဒါကိုမြင်လိုက်သောအခါတွင် တောင့်တင်းသွားပြီး သူ့လက်များက လေထဲမှာရပ်တန့်သွားသည် ။ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားပြီး သူမကို ကူညီရန် သူရဲ့ ကနဦး ဗီဇကလဲ မှိန်ဖျော့သွားသည်။ သူက သက်ပြင်းတစ်ချက်ချကာ " ရုန်မိုအာ စိတ်အေးအေးထားပါ" ဟုပြောတယ်။
သူ့ရဲ့စကားကိုကြားတော့ ကောင်မလေးက သူ့ကို စိုက်ကြည့်ကာ မေးတယ် "ဒီလို ပူလောင်နေတဲ့အချိန်မှာ စိတ်အေးအေးထားဖို့ မင်းကဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲ"
" ရုန်မိုအာ မင်း နာကျင်နေလား"လို့ သေသေချာချာမေးတယ်။
သူ့ရဲ့စကားကိုကြားတော့ သူမအံ့ဩသွားတယ်။ သူမက အရမ်းထိတ်လန့်သွားတာကြောင့် အခြေအနေကိုတောင် သတိမထားမိလိုက်ဘူး။ ဒါပေမယ့် အခုသူပြောလိုက်တဲ့စကားကြောင့် တကယ်ကို နာကျင်တာ မရှိဘူးဆိုတာက်ု သူမ သတိထားမိသွားတယ်။ သူမ ခံစားရသောတစ်ခုတည်းသောမသက်မသာဖြစ်တာမှာသူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းက ရှည်လျားသောနာကျင်မှုဖြစ်သည်။
ဒါကို ရိပ်မိပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများက ပြူးကျယ်သွားသည်။
ကုရှကျယ် က သူမရဲ့ တုံ့ပြန်မှုကို မြင်သောအခါ ပြုံးပြီး "ဂုဏ်ယူပါတယ် ရုန်မိုအာ မင်းရဲ့ စွမ်းအင် နိုးထလာပါပြီ" လို့ ပြောလိုက်တယ်။
ထိုအချက်ကို သဘောပေါက်သွားခြင်းက သူမအား စိတ်လှုပ်ရှားမှုလှိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့တယ်။ သူမ ခေါင်းကို နောက်သို့လှန်ကာ ရယ်မောလိုက်တယ်။ ဤစွမ်းအားဖြင့်ဆိုရင် သူမကိုယ်တိုင် လက်စားချေနိုင်တယ်။
ထိုလူယုတ်မာများက မီးလောင်ခံရလိမ့်မည်—သူတို့သည် နဂိုအတိုင်း အလောင်းအကောင်းကိုပင် ချန်ဖို့မထိုက်တန်ကြပါ။ အားလုံးကို မီးရှို့ပစ်ရမှာက အသေအချာပဲ့။
ဒါပေမယ့် ရယ်မောသံတွေ ပျောက်ကွယ်သွားချိန်မှာတော့ သူမရဲ့ ခံစားချက်တွေက ပြိုကျသွားတယ်။ သူမသည် ထိုင်ချလိုက်ပြီး ခေါင်းကိုငုံ့ကာ ဒူးနှစ်ဖက်ကို လက်ဖြင့်ရစ်ပတ်လိုက်တယ်။ သူမရဲ့လက်ပေါ်ရှိ မီးတောက်များက လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်အထိ သေးငယ်သွားတယ်။
တုန်ရီနေသော သူမရဲ့ပခုံးများကိုမြင်တော့
ကုရှကျယ် သက်ပြင်းချလိုက်တယ်။ သူမအနားတွင် သွားကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တယ်။ သူ ဘာပြန်ပြောရမှန်းမသိတာကြောင့် ငြိမ်သက်စွာပဲ့ သူမကို နှစ်သိမ့်ပေးလိုက်တယ်။
ခဏအကြာတွင် ရုန်မိုအာ ရဲ့ ငိုသံများ တိတ်ဆိတ်သွားတယ်။ သူမမျက်နှာပေါ်မှာ ကျနေသောမျက်ရည်ကိုသုတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ကုရှကျယ်"
ကုရှကျယ် က တခစ်ခစ်ရယ်ကာ "ငါ မင်းရဲ့ကျေးဇူးနဲ့ မထိုက်တန်ဘူး။ ငါ-"
သူစကားမဆုံးခင်မှာ ရုန်မိုအာ က ခေါင်းခါပြီး "ငါ့မှာ ဘာဖြစ်သွားတာလဲဆိုတာက မင်းအပြစ်မဟုတ်ဘူး။ ငါ့ကို ကူညီဖို့ တာဝန်မရှိဘူး၊ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့" လို့ပြောခဲ့တယ်။
သူမ ဒီလိုပြောပေမယ့် ကုရှကျယ် အပေါ်မှာတော့ အပြစ်က ကြီးကြီးမားမား သက်ရောက်နေတုန်းပါပဲ။ စကားမဆက်ချင်တော့တာကြောင့် လည်ချောင်းကို ရှင်းထုတ်ပြီး “မင်းတစ်ခုခုဝတ်ထားသင့်တယ်” လို့ပြောလိုက်တယ်။
ထိုမှသာ ရုန်မိုအာ သည် အတွင်းခံမှလွဲ၍ သူမ ဘာမှမဝတ်ထားကြောင်း သိလိုက်ရတယ်။ သူမက ညစ်ညမ်းနေပြီဖြစ်သော်လည်း ယောက်ျားတစ်ယောက်ရှေ့တွင် မိမိကိုယ်ကို ထုတ်ဖော်ပြသမိခြင်းအတွက်ကြောင့် သူမသည် ရှက်ရွံ့နေဆဲဖြစ်သည်။
"ငါ အပြင်ထွက်လိုက်မယ်" ကုရှကျယ် ကပြောပြီး အခန်းထဲက အမြန်ထွက်သွားတယ်။
အပြင်ဘက်သို့ရောက်တော့ သူသည် ထိုင်ခုံတစ်လုံးပေါ်သို့ လဲချလိုက်ပြီး အတွေးထဲတွင် နစ်မြုပ်သွားသည်။ သူ့လက်များကို မြှောက်လိုက်သောအခါ ချွေးများဖြင့် စိုစွတ်နေတာကို သတိပြုမိလိုက်တယ်။
လက်ဖဝါးများကို သူ့ဘောင်းဘီပေါ်မှာ ပွတ်သပ်ကာ အစိုဓာတ်ကို ဖယ်ရှားရန် ကြိုးစားသော်လည်း သူဘယ်လောက်ပဲ ပွတ်သပ်နေပါစေ သူ့လက်ဖဝါးတွေက စိုစွတ်နေမြဲပဲ့။ သူ့အကြည့်တွေက စိုစွတ်နေတဲ့ ဘောင်းဘီနဲ့ သူ့လက်တွေကြားမှာ ကူးပြောင်း နေတယ်။
ထူးဆန်းသော အတွေးတစ်ခု သူ့စိတ်ထဲပေါ် သွားပြီး 'ငါ နေမကောင်းဘူးလား' ဟု တွေးလိုက်မိတယ်။
အမည်မသိရောဂါတစ်ခုအတွက် စိတ်ပူစပြုလာချိန်တွင် သူ့လက်ဖဝါးမှ ရေတစ်စက်က မြေပြင်ပေါ်သို့ ကျသွားသည်။ နောက်တစ်စက်၊နောက်ထပ်တစ်စက်။ ရေအစက်အပေါက်တွေက တဖြည်းဖြည်းတိုးလာပြီး သူ့အောက်မှာ ဗွက်အိုင်လေးတစ်ခု ဖြစ်ပေါ်လာတယ်။
ဒါကိုမြင်တော့ သူ အံ့အားသင့်သွားပြီး ပိုင်ရီကျီး ရဲ့ အသင်းဖော်တစ်ယောက်ဟာ သူမရဲ့ လက်ချောင်းထိပ်ကနေ ရေကို ဖန်တီးနိုင်စွမ်းရှိပုံကို ပြန်သတိရလာခဲ့ပါတယ်။
"ငါလည်းပဲ—" ဟု သူ သက်ပြင်းချရင်း ရေရွတ်လိုက်တယ်။
စိတ်အားထက်သန်စွာဖြင့် သူ့လက်ချောင်းများကို ပါးစပ်ဆီသို့ မြှောက်ကာ စုပ်လိုက်သည်။ အေးမြလတ်ဆတ်သော အရည်များက သူ့လျှာအထက်သို့ စီးကျလာချိန်တွင် မျက်လုံးများက တုန်လှုပ်ကာ ပြူးကျယ်သွားသည်။ ရေကစမ်းရေကဲ့သို့အေးပြီး ချိုမြိန်သောအရသာရှိတယ်။
ရေထောက်ပံ့မှုနည်းသွားသဖြင့် ကုရှကျယ် က ရက်ပေါင်းများစွာကြာအောင် ရေငတ်နေခဲ့တယ် သူသည် တုံ့ဆိုင်းမှုအားလုံးကို လျစ်လျူရှုကာ ရေဆက်သောက်နေခဲ့ပြီး အေးမြသော သက်သာရာရစေသော ရေကို အရသာခံကာ ကျေနပ်စွာ ညည်းညူးနေလေသည်။
ထိုအချိန်တွင် ရုန်မိုအာ က လော့ကာခန်းမှ ထွက်လာပြီး သူမ သွားနေတာကို ရပ်တန့်လိုက်တယ်။ သူမမြင်လိုက်ရသည့်အရာ ကြောင့် ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ကုရှကျယ် သည် ထိုနေရာတွင်ထိုင်ကာ သူ့ပါးစပ်ထဲကို လက်ညိုးထိုးထည့်ကာ မျက်လုံးတွေကို တစ်ဝက်မှိတ်ထားရင်း… စုပ်နေတာလား။
သူမရဲ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်သွားသည်။ သူမဟာ အဲဒီသားရဲတွေဆီကနေ လွတ်မြောက်လာခဲ့ပြီးနောက်တွင် ကာမရာဂစိတ်ကြီးသူတစ်ယောက်နဲ့သာ အဆုံးသတ်ခဲ့ရတယ်။
ရုန်မိုအာက လက်သီးတွေကို တင်းတင်းဆုပ်ရင်း "ဘာလုပ်နေတာလဲ"လို့အော်လိုက်တယ်။
သူမရဲ့အသံကြောင့် ကုရှကျယ် က သူ့အာရုံမှ လန့်နိုးသွားသည်။ သူ၏ မှင်သက်နေသော အမူအရာက ပြေပျောက်သွားပြီး မျက်နှာကလည်း ချက်ချင်းပင် ရဲတွတ်သွားတယ်။
သူက သူ့လက်ချောင်းတွေကို ပါးစပ်ကနေ ဆွဲထုတ်လိုက်ပြီးအထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်တယ်"မင်းထင်သလို မဟုတ်ဘူး ငါက လိင်ပိုင်းဆိုင်ရာ စော်ကားသူ မဟုတ်ဘူး"
ရုန်မိုအာ က မျက်လုံးတွေကို မှေးကျင်းလိုက်ရင်း"ဒါဆို မင်းဘာလုပ်နေတာလဲ"
စိုရွှဲနေတဲ့လက်တွေကို မြှောက်ပြရင်း
ကုရှကျယ် က "ငါ့မှာ ရေစွမ်းရည်ရှိတယ်လို့ ငါထင်တယ်၊ ငါ့လက်ဖဝါးတွေက ရေထွက်လာတယ်၊ ဒါကြောင့် ငါသောက်လိုက်တာ"
သူမသည် သူ့လက်များကို သံသယဖြင့် စိုက်ကြည့်လိုက်တယ် - သူ့အရေပြားကို ဖုံးအုပ်ပြီး သူ့လက်မောင်းများတစ်လျှောက် စီးကျနေသော ရေလွှာပါးကို သူမ မြင်လိုက်ရသည်။
သူမရဲ့ လည်ချောင်းက ရေငတ်သဖြင့်ခြောက်သွေ့ လာတယ်။
နောက်ထပ် ဘာမှ မစဉ်းစားတော့ဘဲ သူမ အပြေးအလွှားသွားပြီး သူ့လက်ကို ဆွဲကာ "ရေကို မဖြုန်းတီးနဲ့" လို့ အော်ပြောလိုက်တယ်။
ထို့နောက် မဆိုင်းမတွပဲ့ ခေါင်းငုံ့ကာ လက်ဖဝါးကို
လျှာနဲ့ လျက်လိုက်တယ်။
ကုရှကျယ်က တစ်ကိုယ်လုံးက ချက်ချင်းပင် တောင့်တင်းသွားတယ်။ ပျော့ပျောင်းစိုစွတ်သော လျှာက အရေပြားအနှံ့ လျှောသွားကာ ရေကို လောဘကြီးစွာဖြင့် လျက်လိုက်သည်။ သူ့စိတ်တွေက လွတ်သွားသလို သူ့ခန္ဓာကိုယ်ထဲမှာလည်း အပူတွေက တဟုန်ထိုး တိုးဝင်လာတယ်။
သာမာန်လူငယ်တစ်ယောက်အနေနဲ့ သူ့ခန္ဓာကိုယ်က အလိုလို တုံ့ပြန်ပါတယ်။ သို့သော် သူမက ဒဏ်ရာအနာတရများ ခံစားခဲ့ရတာကို သူသိသောကြောင့် သူမကို မကြောက်သွားစေချင်ပေ။
အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရသည်။ တင်းမာသောလေသံဖြင့် " ရုန် -ရုန်မိုအာ- မင်းလွှတ်လို့ရမလား၊ မင်းအတွက် ရေပုလင်းဖြည့်ပေးမယ်"