← Chapters

အခန်း (၁၀၃၄)

Vol. 71 Ch. 1034

အခန်း (၁၀၃၄)

Vol. 71 Ch. 1034

"အမ်......"

လက်အသင်္ချေနတ်ဆိုးသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး နတ်ဆိုးအမြောက်အများသည်လည်း ကြောင်တောင်တောင်ဖြစ်သွားကာ မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်။

လေပြေတစ်ချက် တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်အခြေအနေသည် အနည်းငယ် ထူးဆန်းနေပေ၏။

နတ်ဆိုးများ ဝိုင်းရံထားသော်လည်း ရီဖုန်းသည် မယုံကြည်နိုင်လောက်အောင် တည်ငြိမ်နေသည်။ သူ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နတ်ဆိုးများကို စူးစိုက်၍ကြည့်လိုက်သည်။ သူ့ထံတွင် ကြောက်ရွံ့သည့်အရိပ်အယောင် တစိုးတစိမျှ မရှိသည့်အပြင် ပတ်ဝန်းကျင်အခြေအနေနှင့် လိုက်ဖက်မည့် သတိထားနေမှုမျိုးလည်း မရှိချေ။

"မင်းက သေလမ်းရှာနေတာပဲ"

လက်အသင်္ချေနတ်ဆိုးသည် ဒေါသတကြီး ဟိန်းဟောက်ပြီး လေထုထဲသို့ ခုန်တက်ကာ ကြီးမားသောစွမ်းအားဖြင့် ရီဖုန်းကို ခုန်အုပ်လိုက်တော့သည်။

"ရွှပ်...."

ရိုးရှင်းသော ဓားချက်တစ်ခုကို ရီဖုန်းက ထုတ်သုံးလိုက်သည်။

ထိုအရာသည် မိုင်ထောင်နှင့်ချီဝေးသောနေရာသို့ ပစ်ခတ်လိုက်သော အလင်းတန်းတစ်ခုအလား ဖြစ်သွားပေ၏။

ထိုဓားချက်သည် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလာပြီး ရှောင်လွှဲ၍မရနိုင်သကဲ့သို့ ဖြစ်သွားသည်။ ထိုအရာတွင် သူတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော မဟာတာအိုစွမ်းအားများ ပါဝင်နေပြီး ရှင်သန်နိုင်မည့် လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားသည့်အလားပင်။

လက်အသင်္ချေနတ်ဆိုး၏ မျက်နှာအမူအယာသည် လေထုထဲတွင်ပင် ချက်ချင်းပျက်ယွင်းသွားသော်လည်း သူ တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။

သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဓားချီအလင်းတန်း၏ ချိတ်ပိတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ လောကကြီးသည် ကျယ်ပြန့်ပြီး အဆုံးအစမဲ့နေသော်လည်း ထွက်ပြေးရန်လမ်း မရှိတော့ဘဲ သေခြင်းတရား၏ နိမိတ်ပုံရိပ်များက သူ၏စိတ်ထဲသို့ တိုးဝင်လာတော့သည်။

လက်အသင်္ချေနတ်ဆိုး၏နံဘေးပတ်လည်ရှိ ထောင်ပေါင်းများစွာသော နတ်ဆိုးများသည်လည်း နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော ရေခဲလှိုဏ်ဂူထဲသို့ ကျရောက်သွားသည့်အလား ကျောချမ်းသွားကြသည်။

"ဝှစ်...."

တိုးညှင်းသော အသံတစ်သံနှင့်အတူ လက်အသင်္ချေနတ်ဆိုးသည် ဓားချက်တစ်ချက်တည်းဖြင့် အပိုင်းပိုင်းပြတ်တောက်သွားတော့သည်။

"ဘုန်း..."

ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဝုန်းခနဲ လဲကျသွားပြီး ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခုသာ ပဲ့တင်ထပ်သွားတော့သည်။

စွမ်းအားကြီးသောနတ်ဆိုးများ ထောင်နှင့်ချီ၍ ရှိနေသော်လည်း ဤအချိန်တွင် သုသာန်တစပြင် တိတ်ဆိတ်ခြင်းက သူတို့အပေါ် လွှမ်းမိုးသွားသည်။ အနက်ရောင်မြူခိုးများပင် ငြိမ်သက်သွားပြီး နတ်ဆိုးများ၏ အရွယ်အစားအမျိုးမျိုးကွဲပြားနေသော မျက်လုံးများအားလုံးသည် လက်အသင်္ချေနတ်ဆိုး၏ အလောင်းဆီသို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ထိုအလောင်းထံတွင် ရှိနေသော မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။ ထိုအရာသည် စတင်၍ပြန့်ပွားလာကာ နတ်ဆိုးများ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ထင်ဟပ်လာပြီး အေးစက်သော အငွေ့အသက်တစ်ရပ်သည် အနက်ရောင်မြူခိုးများကြားတွင် ချက်ချင်းဖြတ်သန်းသွားပေ၏။

နတ်ဆိုးများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထို့နောက် နတ်ဆိုးတစ်ကောင်သည် သူ၏ခြေထောက်ကို တက်နင်းခံလိုက်ရသည့်အလား ရုတ်တရက် အသံကုန် အော်ဟစ်လိုက်တော့သည်။

"ပြေး....ပြေးကြ...ပြေးကြတော့..ဟေ့ကောင်တွေ ပြေးကြတော့...."

ထိုအော်ဟစ်သံတစ်သံကြောင့် ထောင်ပေါင်းများစွာသော နတ်ဆိုးများသည် ဖရိုဖရဲဖြင့် ထွက်ပြေးကြတော့သည်။

ရီဖုန်း မည်သည့်အရာကိုမျှ မတုံ့ပြန်နိုင်သေးမီမှာပင် စွမ်းအားကြီးသော နတ်ဆိုးများသည် ကျွဲနွားတိရစ္ဆာန်များအလား ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီ ထွက်ပြေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။

"တောက်...နောက်ထပ် အာချောင်တဲ့ကောင်တွေပါလား"

ရီဖုန်းသည် ကြည့်လေလေ ပို၍ဒေါသထွက်လေ ဖြစ်လာသဖြင့် သူ၏ဓားကြီးကို ဆွဲကိုင်ကာ သူတို့၏နောက်သို့ တန်းတန်းမတ်မတ် လိုက်လံတိုက်ခိုက်တော့သည်။ သူ မည်မျှထိ နက်ရှိုင်းစွာ ရောက်သွားကြောင်း မသိတော့သော်လည်း သူ၏နားထဲတွင် စနစ်မှအသိပေးသံများသည် ကျောင်းဆင်းချိန်ခေါင်းလောင်းသံအလား ဆက်တိုက်မြည်ဟီးနေပေ၏။ ထို့နောက် အတွေ့အကြုံရမှတ်များ သူ့ထံသို့ စုပြုံဝင်ရောက်လာသည်။

နေရာတိုင်းတွင် အပိုင်းပိုင်းအစစ ဖြစ်နေသော နတ်ဆိုးအလောင်းများ ပြန့်ကျဲသွားသည့်အချိန်အထိ တိုက်ခိုက်ရင်း သူ အဆင့်တက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကြားတွင် မည်သည့်နတ်ဆိုးကိုမျှ မမြင်ရတော့သဖြင့် ရီဖုန်းသည် စိတ်မကျေမနပ်ဖြစ်ကာ သူ၏ရှေ့ရှိမှင်စာမျက်နှာနှင့်နတ်ဆိုးကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။

သူ စကားမပြောရသေးခင်မှာပင် ထိုနတ်ဆိုးသည် ကြောက်လန့်တကြားဖြင့် အရူးတစ်ယောက်ကဲ့သို့ ဦးတိုက်အရိုအသေပြုတော့သည်။

"ကျွန်တော် မှားပါတယ်....ကျွန်တော် မှားပါတယ်"

ရီဖုန်းသည် သူ၏နဖူးကို ပွတ်သပ်လိုက်ပြီး ကျလာသော ချွေးသီးချွေးပေါက်များကို သုတ်လိုက်၏။

"ဘယ်သူက မင်းနဲ့ အမှားအမှန် ပြောနေလို့လဲ....ငါ့မှာ မေးစရာရှိတယ်.... ဒီနားတစ်ဝိုက်မှာ တခြားနတ်ဆိုးတွေ ဘယ်နေရာမှာ ရှိသေးလဲ..."

မှင်စာမျက်နှာနှင့် နတ်ဆိုးသည် လူသားများ၏ အမူအယာကို အနည်းငယ် တုပကာ ထပ်ခါတလဲလဲ ဦးညွှတ်လိုက်သည်။

"မရှိတော့ပါဘူး...တစ်ကောင်မှ မရှိတော့ပါဘူး... ကျွန်တော်က နတ်ဆိုးမဟုတ်ပါဘူး... ရုပ်က နတ်ဆိုးနဲ့ တူနေရုံပါ"

ရီဖုန်းသည် ထိုစကားကိုကြားချိန်၌ ပို၍ပင် စိတ်ပျက်သွားပြီး စိတ်ဝင်စားမှု ကုန်ဆုံးသွားတော့သည်။

"ဝှစ်....."

သူသည် ဓားတစ်ချက်ဖြင့် အတွေ့အကြုံရမှတ် အနည်းငယ် ရယူလိုက်ပြီးနောက် လှည့်ထွက်ကာ မန်မန်ကို ဆင့်ခေါ်ပြီး ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။

အချိန်တခဏကြာပြီးနောက် သူသည် ပျံသန်းရေးလှေပေါ်သို့ ပြန်ရောက်လာပေ၏။

အတွေ့အကြုံရမှတ် အမြောက်အများကို ရရှိလိုက်သော်လည်း သူသည် ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှုတစ်ခုကို ခံစားမိလေ၏။ သူသည် မေးထောက်ပြီးထိုင်နေကာ အတွေးလွန်နေပြီး နတ်ဆိုးမျိုးနွယ်၏အင်အားကို သံသယဝင်စပြုလာသည်။

အချိန်မည်မျှထိ ကုန်ဆုံးသွားကြောင်း မသိရသေးမီမှာပင် သူ၏အနောက်မှနေ၍ နူးညံ့သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။

"နတ်ဆိုးတွေ တိုက်ခိုက်တာကို တွေ့မိသေးလား..."

သူ လှည့်ကြည့်လိုက်ရာ အေးစက်သော မျက်နှာထားနှင့် အမျိုးသမီးကို တွေ့လိုက်ရသည်။

ရီဖုန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

"နတ်ဆိုးတွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ပါဘူး"

ထိုစကားကိုကြားချိန်၌ အမျိုးသမီးသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ လျစ်လျှူရှုသောဟန်ပန်သည် ပြောင်းလဲသွားခြင်းမရှိချေ။

"ပင်ပန်းသွားပြီ...."

သို့ရာတွင် မကြာမီမှာပင်...

သူတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြ၏။

အကြောင်းအရင်းမှာ ပတ်ဝန်းကျင်သည် ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

ပတ်ဝန်းကျင်နေရာတဝိုက်၌ အသံတစ်သံမျှပင် မကြားရချေ။

သဘောတရားအရ တွေးကြည့်လျှင် နတ်ဆိုးများ၏တိုက်ခိုက်မှု မရှိလျှင်ပင် သူတို့ထံမှ ထွက်ပေါ်လာသော အသံများနှင့် ဟိန်းဟောက်သံများ ရှိနေသင့်သည်။

ထို့ကြောင့်....

များသောအားဖြင့် ဤကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေများသည် ထူးဆန်းသောအရာတစ်ခုခုကို ဖုံးကွယ်ထားလေ့ရှိပေ၏။

သူတို့သုံးယောက်သည် ရှေ့သို့ တိတ်တဆိတ် လျှောက်လှမ်းသွားပြီး စောင့်ကြည့်လိုက်ကြရာ သူတို့၏မျက်နှာများပေါ်တွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။

ခေါင်းဆောင်အမျိုးသမီးသည်လည်း သူမ၏ သွယ်လျသောမျက်ခုံးများကို တွန့်ချိုးလိုက်ပြီး ဤထူးဆန်းသော တိတ်ဆိတ်ငြိမ်သက်မှုကို အံ့အားသင့်နေသည်။

သို့ရာတွင် သူမသည် အချိန်ကြာမြင့်စွာ အာရုံခံကြည့်သည့်တိုင် မည်သည့်အရာကိုမျှ ရှာမတွေ့ချေ။

သူမသည် တိတ်တဆိတ် အသံပေးပို့ကာ တခြားလူနှစ်ဦးကို သတိပေးရုံသာ တတ်နိုင်တော့သည်။

"ဒီနေရာက အနက်ရောင်မြူခိုးတွေက အရမ်းထူထပ်သိပ်သည်းလွန်းတယ်....ပြီးတော့ ကျွန်မရဲ့ နတ်ဘုရားစိတ်အာရုံကလည်း သိပ်အဝေးကြီးကို မရောက်နိုင်ဘူး... ကျွန်မတို့ရဲ့ မြင်နိုင်စွမ်းကလည်း ပိုပြီးကန့်သတ်ခံထားရတယ်.... ဒါပေမဲ့ ဒီခြောက်ခြားစရာကောင်းတဲ့ တိတ်ဆိတ်မှုက ကြီးမားတဲ့ အန္တရာယ်တစ်ခုကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်"

"ရှင်တို့နှစ်ယောက်လုံး သတိဝီရိယအပြည့် ရှိနေရမယ်"

ထိုလူနှစ်ဦးသည် ထိုစကားကိုကြားလျှင် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

"နားလည်ပါပြီ....."

ပျံသန်းရေးလှေသည် တဖန်ပြန်၍ ထွက်ခွာလာပြီး လူနှစ်ဦးသည် အရှေ့နှင့် အနောက်တွင် နေရာယူကာ ပတ်ဝန်းကျင်ကို အနီးကပ်စောင့်ကြည့်နေကြပြီး သတိကြီးစွာထားလိုက်ကြ၏။

ခေါင်းဆောင်အမျိုးသမီးသည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့်အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားသည်။

သူတို့သုံးဦးလုံးသည် တည်ကြည်လေးနက်နေကြပြီး ယခင်ထက် အဆပေါင်းများစွာ ပို၍ သတိရှိနေကြသည်။ အခြေအနေမသိသော လူတစ်ယောက်သာ ရှိနေပါက သူတို့သည် စွမ်းအားကြီးသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရတော့မည်ဟု ထင်မှတ်သွားနိုင်သည်။

ပျံသန်းရေးလှေ၏ အစွန်းတစ်ဖက်တွင် ရီဖုန်းသည် မေးထောက်ထိုင်နေပြီး လုံးလုံးလျားလျား သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသည်။

လမ်းတစ်လျှောက်လုံး၌ အားနည်းသော နတ်ဆိုးများသာ ရှိနေခဲ့ရာ မည်သည်ကြောင့် သူတို့သည် ဤမျှထိ သတိထားနေသနည်း....

သူတို့သည် စွမ်းအားကြီးမားသော အနက်ရောင်မြူခိုး၏ သက်ရောက်မှုမရှိအောင် ကာကွယ်ကြသည်ဟု ဆိုသလော....

သို့ရာတွင် ဤအနက်ရောင်မြူခိုးများသည် ထူးခြားပုံမရချေ။ သူတို့က လေထုကို ကာကွယ်နေကြသည်များ ဖြစ်နေသလော။

ဤသည်က ထိပ်သီးကျင့်ကြံသူများ၏ အပြုအမူများ ဖြစ်သလော....

သူတို့သုံးယောက်သည် ပို၍ပို၍သတိကြီးစွာထားနေသည်ကို သူ စူးစမ်းလိုစိတ်ဖြင့် အချိန်တခဏကြာ စောင့်ကြည့်နေသော်လည်း မည်သည့် စွမ်းအားကြီးရန်သူမျှ ထွက်ပေါ်မလာချေ။ ရီဖုန်းသည် တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်းလာပြီး သူတို့ကို လေထုနှင့် ပဟေဠိဖွက်တမ်း ကစားခိုင်းထားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် လမ်းပြတစ်ယောက်သာဖြစ်ပြီး ထိပ်သီးကျင့်ကြံသူများ၏ နည်းလမ်းများကို နားမလည်ချေ။

သူ၏အလှည့် ပြီးဆုံးသွားပြီဖြစ်ရာ ရီဖုန်းသည် တစ်မှေးလောက်အိပ်ရန် လှဲချလိုက်တော့သည်။

အချိန်မည်မျှ ကြာသွားမှန်းမသိရသော်လည်း ရီဖုန်း နိုးလာပြီး ပျင်းရိလေးတွဲ့စွာ အကြောဆန့်လိုက်သည်။

"ဝါး...."

သူ ထထိုင်လိုက်ပြီး သူ၏ဗိုက်ကို ပွတ်သပ်ကြည့်ရာ ဆာလောင်မှု မရှိသည်ကို တွေ့လိုက်ရသည်။

မနက်စာကို သူ အပြည့်အဝစားထား၍သာ ခံသာပေ၏။ ထိုသို့မဟုတ်ပါက ယခုအချိန်ဆိုလျှင် သူ ဗိုက်ဆာပါက ကြက်ဥပြုတ်ကိုသာ စားနိုင်ပေမည်။

သူ၏ အပါးခိုသည့် အစီအစဉ်သည် အမှန်တကယ်ကို ပြီးပြည့်စုံခဲ့သည်။

ရီဖုန်းသည် သူ့ကိုယ်သူ တိတ်တဆိတ် ချီးကျူးလိုက်ရင်း နံဘေးပတ်လည်ကို စောင့်ကြည့်လိုက်၏။

ထိုအမျိုးသားနှစ်ဦးသည် စောင့်ကြပ်နေဆဲဖြစ်ပြီး တည်ကြည်လေးနက်သော အမူအယာများရှိနေကာ မည်သည့်တိုက်ခိုက်မှု အရိပ်အယောင်မျှ မတွေ့ရချေ။ စွမ်းအားကြီးသောရန်သူ ရောက်မလာသည်မှာ သေချာနေပြီး သူတို့သည် လေထုနှင့် ပဟေဠိဝှက်တမ်းကစားနေကြခြင်းသာ ဖြစ်သည်...

ရီဖုန်းသည် လက်လျော့လိုက်သည့်ပုံစံဖြင့် သက်ပြင်းရှိုက်ရင်း သူတို့ကို ဂရုမစိုက်တော့ချေ။

သူသည် ဝေ့သုန်းဟိုင် ပေးထားသော ဘူးသီးခြောက်ကို ထုတ်လိုက်ပြီး ပျင်းစရာကောင်းသော အချိန်များကို ကုန်ဆုံးစေရန်အတွက် အရက်သောက်ရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင်...

သူ၏အနောက်မှနေ၍ ခေါင်းဆောင်အမျိုးသမီးက လျှောက်လှမ်းလာသည်။

"ခုဏက ကျွန်မတို့ကို ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရီဖုန်က မတ်တတ်ရပ်ပြီး ပြန်လှည့်ကြည့်ရာ အမျိုးသမီး၏ ပြိုင်ဘက်ကင်း အလှတရားကို မြင်တွေ့လိုက်ရသည်။ သူမထံတွင် မာန်မာနကြီးခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အမူအယာမျိုး ပြသထားခြင်း မရှိဘဲ သူမ၏ အပြုအမူများသည် ရေကဲ့သို့ တည်ငြိမ်နေပေ၏။

'ဒီအမျိုးသမီးက ကျေးဇူးတင်တတ်သားပဲ... သူက တကယ်တော့ မဆိုးပါဘူး'

'အနည်းဆုံးတော့ တခြားသူတွေကို အထင်သေးတတ်တဲ့ ဆရာကြီးဆိုတဲ့သူတွေထက် အများကြီး သာပါသေးတယ်'

ရီဖုန်းသည် ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောဆိုလိုက်ပြီး အရက်ဘူးကို ရက်ရောစွာ လက်ကမ်းပေးလိုက်သည်။

"မင်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ... ဒီလိုကိစ္စသေးသေးလေးအတွက် ကျေးဇူးတင်ဖို့ မလိုပါဘူး...မင်း အရက်သောက်တတ်လား"

အမျိုးသမီးသည် သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် ဘူးသီးခြောက်အဝကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်သကဲ့သို့ ခေါင်းညိတ်ပြလေ၏။

"သောက်တက်တယ်...."

ရုတ်ချည်းဆိုသလိုပင် သူမ၏ နူးညံ့သေးသွယ်သော လက်ပေါ်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး အစိမ်းရောင်ဝိုင်အရက်ခွက်တစ်ခွက် ထွက်ပေါ်လာသည်။

သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်နေသဖြင့် ဇီဇာကြောင်မှု အနည်းငယ်ရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ်ပင်။

ရီဖုန်းသည် ရက်ရက်ရောရောဖြင့် ဝိုင်အရက်ခွက်ကို

ဖြည့်ပေးလိုက်သည်။

အမျိုးသမီးသည် ဝိုင်အရက်ခွက်ကို သူမ၏အင်္ကျီလက်ဖြင့်ကာ၍ သောက်လိုက်ပြီး မည်သည့်ခံစားချက်ကိုမျှ မပြသချေ။

သူမသည် ဝိုင်အရက်သောက်လိုက်ပြီ ဖြစ်သောကြောင့် သူနှင့် မိတ်ဆွေဖြစ်သွားပြီဟု ယူဆရပေမည်။

ရီဖုန်းသည် များစွာမတွေးတော့ဘဲ အရက်ငှဲ့ပေးရင်း စကားစမြည်ပြောရန် အခွင့်အရေးယူလိုက်သည်။ ဤသည်မှာ သူသည် ပျင်းစရာကောင်းသော အချိန်များကို ကုန်ဆုံးစေရန်လည်း ရည်ရွယ်ပေ၏။

"မင်းတို့က ဘယ်ကို သွားနေကြတာလဲ... ပြီးတော့ ဒီအနက်ရောင်နယ်မြေထဲမှာ ဘာတွေရှိလို့လဲ"

အမျိုးသမီးသည် ဝိုင်အရက်ခွက်ကို ကိုင်ထားကာ အနည်းငယ် တွေဝေတုံ့ဆိုင်းနေပြီးမှ ပြောဆိုလိုက်သည်။

"ရှင်က ခြေလှမ်းတစ်ဝက်သူတော်စင် အဆင့်ပဲရှိတော့ မူလက ဒီအကြောင်းတွေ အကုန်လုံးကိုသိဖို့ အရည်အချင်းမမီဘူး.... ဒါပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ ရှင့်ကို ရှင်းပြလို့လည်း ဘာမှမဖြစ်လောက်ပါဘူး"

ခြေလှမ်းတစ်ဝက် ဟုတ်လား.... အရည်အချင်းမမီဘူးတဲ့လား...

ရီဖုန်းသည် သူ၏ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် သူ၏သူတော်စင်အဆင့်အတန်းကို ထုတ်ဖော်ပြသလိုခဲ့သည်။

သို့ရာတွင် ယခုအချိန်၌ သူ အလွန်ပျင်းရိနေသဖြင့် ရိုးရိုးရှင်းရှင်းသာ တုံ့ပြန်လိုက်သည်။

"အော်..."

ရီဖုန်း၏ တည်ငြိမ်သော တုံ့ပြန်မှုသည် ပြင်ပလူများအတွက် အနည်းငယ် နားမလည်နိုင်စရာ ဖြစ်နေသည်။

"ကျွန်မရဲ့နာမည်က ချင်းယင်ပါ... ကျွန်မနဲ့တခြားလူနှစ်ယောက်က ယွင်ရှင်းကြယ်နယ်မြေက မဟုတ်ဘူး...ကျွန်မတို့က လန်ရှင်းကြယ်နယ်မြေက လာတာပါ"

ခေါင်းဆောင်အမျိုးသမီးက ပြောဆိုသည်။

ရီဖုန်း၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပေ၏။

မူလက ဤဧည့်သည်တော်သုံးဦးသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဖြစ်မည်ဟု သူ တွေးထင်ထားသော်လည်း သူတို့သည် ဂြိုဟ်သားများ ဖြစ်နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဉ်တွေးတောခဲ့မိခြင်း မရှိချေ။

'အိုး...ဘုရားရေ...'

'ငါက ဂြိုဟ်သားတွေကို လမ်းပြပေးနေတာပဲ ဒါက တကယ်ကို ဘဝရဲ့အတွေ့အကြုံအသစ်ပဲ....'

ထို့ထက်ပို၍ သူ အံ့အားသင့်သွားသည်မှာ ဤဂြိုဟ်သားများသည် မုန်လာဥခေါင်းများ မဟုတ်သည့်အပြင် မီးသီးကဲ့သို့ မျက်လုံးကြီးများလည်း မပါရှိချေ။ ထိုအစား သူတို့တွင် သူ့ကဲ့သို့ တူညီသော နှာခေါင်းနှင့် မျက်လုံးများ ပါရှိသည်။

ဤဂြိုဟ်သားအမျိုးသမီးသည် အလွန်ချောမောလှပသည်ဟုပင် ပြောနိုင်ပေ၏။

သူ၏ ယခင်ဘဝက ရူးကြောင်ကြောင် သိပ္ပံဇာတ်ကားများသည် အမှန်တကယ်ကို အလိမ်အညာများပင်။

ရီဖုန်းသည် အံ့အားသင့်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်း နှစ်မျိုးလုံးကို ခံစားလိုက်ရပြီး နေရာမှာပင် ကြက်သေသေနေတော့သည်။

ထိုထိတ်လန့်တုန်လှုပ်မှုကို မိန်းကလေးချင်းယင်က အပြည့်အဝ သတိပြုမိသွားပေ၏။ သူမသည် ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်ပုံဖြင့် သူမ၏တည်ငြိမ်သော အသံသည် အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်၍ ပြောဆိုသည်။

"ယွင်ရှင်းပဲဖြစ်ဖြစ်....ကျွန်မတို့ရဲ့ဇာတိမြေ လန်ရှင်းပဲဖြစ်ဖြစ်.... စကြာဝဠာထဲမှာ ကျွန်မတို့က သမုဒ္ဒရာထဲက ရေတစ်စက်ပါပဲ...ကျွန်မတို့ ကြယ်နယ်မြေနှစ်ခုလုံးက ရှေးဦးကြယ်တာရာစနစ်မှာ ပါဝင်ပြီးတော့ အဲ့ဒီစနစ်မှာ စုစုပေါင်း ကြယ်နယ်မြေ၁၀၈ လုံး ရှိတယ်"

"ရှေးဦးကြယ်တာရာစနစ်ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ လေဟာနယ်ထဲမှာ နေထိုင်ကြတဲ့ လေဟာနယ်သားရဲတွေ ရှိကြတယ်.... အစကတော့ ဒီသားရဲတွေက လေဟာနယ်ထဲမှာပဲ ကျင်လည်ကျက်စားပြီးတော့ လေဟာနယ်စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံကြတာ....ပုံမှန်အနေနဲ့ဆိုရင် သူတို့က ကြယ်နယ်မြေတွေကို ကျူးကျော်လာလေ့မရှိဘူး..... ဒါပေမဲ့ နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာနဲ့ အဲ့ဒီသားရဲတွေက ကြယ်နယ်မြေအသီးသီးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်"

ရီဖုန်းသည် စိတ်ဝင်တစား နားထောင်နေပြီး ဤဆန်းသစ်သောခေါင်းစဉ်ကို တဖြည်းဖြည်း စိတ်ဝင်စားလာသည်။

"ဒါဆို နတ်ဆိုးတွေက ဘယ်က ရောက်လာတာလဲ"

မိန်းကလေးချင်းယင်၏ မျက်လုံးများတွင် အတိတ်ကို ပြန်လည်အမှတ်ရသော အရိပ်အယောင်များ ထင်ဟပ်လာပြီး အဆုံးမဲ့ မှောင်မိုက်နေသော မိုးကောင်းကင်ယံဆီသို့ ငေးမောကြည့်လိုက်၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းလောက်တုန်းက လေဟာနယ်ထဲမှာ တွင်းနက်ကြီးတွေ ရုတ်တရက် ထွက်ပေါ်လာပြီးတော့ ထူထပ်သိပ်သည်းတဲ့ အနက်ရောင်မြူခိုးတွေက ကြယ်နယ်မြေအသီးသီးကို တဖြည်းဖြည်း လွှမ်းခြုံလာခဲ့တယ်... နတ်ဆိုးမျိုးနွယ်က အဲ့ဒီအချိန်ကစပြီးတော့ မွေးဖွားလာခဲ့တာပဲ"

"အဲ့ဒီအချိန်တုန်းက တွင်းနက်ကြီးတွေကို ဖယ်ရှားပစ်ဖို့အတွက် ကြယ်နယ်မြေအသီးသီးက မဟာမိတ်တပ်ပေါင်းစုတွေ စုဖွဲ့ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုကြတယ်...ပြီးတော့ မကြုံစဖူး ကြီးမားတဲ့ စကြာဝဠာစစ်ပွဲကြီး ဖြစ်ပွားခဲ့ပြီးတော့ နတ်ဘုရားနယ်မြေက အင်အားစုတွေတောင် ပါဝင်ပတ်သက်ခဲ့တယ်"

"အဲ့ဒီစစ်ပွဲကြီးက ကြယ်တာရာနယ်မြေတွေ အများကြီးကို ပျံ့နှံ့သွားခဲ့ပြီးတော့ စွမ်းအားကြီးမားတဲ့ လူပုဂ္ဂိုလ်တွေက ကြယ်တံခွန်တွေလို ကြွေလွင့်ခဲ့ကြရတယ်.... မရေမတွက်နိုင်တဲ့ ကြယ်နယ်မြေတွေ ပျက်စီးခဲ့ပြီးတော့ ဘယ်တော့မှ ပြန်လည်နာလန်မထူနိုင်တော့သလို သေဆုံးမှုတွေကလည်း အရမ်းများပြားတယ်...နောက်ဆုံးမှာ တွင်းနက်ကြီးတွေကို ချိပ်ပိတ်နိုင်ခဲ့ပေမဲ့ နတ်ဆိုးမျိုးနွယ်ကတော့ ကြွင်းကျန်နေခဲ့တယ်"

"အဆုံးသတ်မှာတော့ ကြယ်နယ်မြေတွေက အကြီးအကျယ် အင်အားချည့်နဲ့သွားပြီးတော့ လေဟာနယ်ထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးတွေကို လိုက်လံတိုက်ခိုက်နိုင်တဲ့ အင်အားမရှိတော့ဘူး..... ကိုယ့်နယ်မြေကိုယ်ပဲ တင်းတင်းကြပ်ကြပ် ကာကွယ်ထားနိုင်တော့တယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းအတွင်းမှာ နတ်ဆိုးမျိုးနွယ်က လေဟာနယ်ထဲမှာ တိတ်တဆိတ်နဲ့ တိုးပွားလာခဲ့ပြီးတော့ ဒီနှစ်ပိုင်းတွေကစပြီးတော့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ မကြာခဏ ဖြစ်ပွားလာခဲ့တာပဲ..."

'စကြာဝဠာစစ်ပွဲကြီး ရှိခဲ့ပြီးတော့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေတောင် ရှိခဲ့တာလား...'

ရီဖုန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် နားထောင်နေသည်။ သူ ကိုယ်တိုင် မြင်တွေ့ခွင့်မရခဲ့သော်လည်း မရေမတွက်နိုင်သော လူသားသူရဲကောင်းများက ကြယ်တာရာပင်လယ်ထဲတွင် နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို သူ မြင်ယောင်ကြည့်နိုင်သည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေပြီး သရဲတစ္ဆေများကို ငိုကြွေးစေမည့် မြင်ကွင်းမျိုး ဖြစ်ပေလိမ့်မည်။

လူသားများသည် နတ်ဘုရားများနှင့် နတ်ဆိုးများ၏စစ်ပွဲတွင် ပါဝင်နိုင်သည်ဆိုခြင်းကို ယုံကြည်နိုင်ရန် ခက်ခဲသည်။ ထိုကဲ့သို့ ပဋိပက္ခမျိုးတွင် ယှဉ်ပြိုင်နိုင်ရန် မည်သို့သော ထူးချွန်ပြောင်မြောက်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေရမည်နည်း။

ဤကိစ္စအတွင်း၌ ပါဝင်ပတ်သက်ရုံမျှဖြင့် နှစ်ပေါင်းသောင်းနှင့်ချီ၍ နာမည်ကျော်ကြားရန် လုံလောက်ပေ၏။

ဤစကားများကို နားထောင်ရုံဖြင့် ရီဖုန်းသည် လူသားတစ်ယောက်အနေဖြင့် သွေးဆူလာသကဲ့သို့ ခံစားရပြီး မနေနိုင်တော့ဘဲ ဆက်လက်၍ မေးမြန်းလိုက်သည်။

"နတ်ဘုရားနယ်မြေက ဘယ်မှာလဲ.... နတ်ဆိုးတွေက တကယ်ရော အဲ့ဒီလောက်ထိအောင် သန်မာတာလား"

မိန်းကလေးချင်းယင်က ရီဖုန်းထံသို့ အကြည့်ပြန်လွှဲလိုက်သည်။

"နတ်ဘုရားနယ်မြေကိစ္စက ဒဏ္ဍာရီတစ်ခုပါပဲ... နှစ်ပေါင်းတစ်သိန်းဆိုတာ အရမ်းကြာလွန်းတော့ သက်သေပြဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထိုသို့ပြောဆိုရင်း သူမ၏ ကြည်လင်သော မျက်လုံးများတွင် သတိထားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"နတ်ဆိုးမျိုးနွယ်စုကတော့.... သူတို့က တကယ့်ကို အရမ်းသန်မာအားကောင်းတယ်"

ရီဖုန်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူမ၏စကားလုံးများသည် ပို၍ တည်ကြည်လေးနက်လာပေ၏။

"နတ်ဆိုးမျိုးနွယ်လို့ ခေါ်တဲ့အရာက တကယ်ကို စွမ်းအားကြီးတဲ့ မျိုးနွယ်ပဲ...သာမန်နတ်ဆိုးသားရဲတိုင်းကို နတ်ဆိုးလို့ ခေါ်လို့မရနိုင်ဘူး"

"အစစ်အမှန်နတ်ဆိုးတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားပြီးတော့ မွေးကတည်းက စွမ်းအားအတော်အသင့် ပါလာတတ်ကြတယ်.... သူတို့မှာ ကိုယ်ပိုင်ထူးခြားတဲ့ နတ်ဆိုးယဉ်ကျေးမှုနဲ့ မြို့ပြနိုင်ငံတွေလည်း ရှိကြတယ်.... သူတို့ရဲ့ ဉာဏ်ပညာနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေက စကြာဝဠာထဲမှာ ထိပ်တန်းအဆင့် တည်ရှိမှုတွေပဲ.... တချို့နတ်ဆိုးတွေဆိုရင် ဉာဏ်နီဉာဏ်နက်များပြီးတော့ ပရိယာယ်အမျိုးမျိုးကို အလွယ်တကူ သုံးနိုင်ကြတယ်....လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်က စကြာဝဠာစစ်ပွဲမှာ ကျွန်မတို့ လူသားမျိုးနွယ်စုက ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး အထိနာခဲ့ရတယ်"

"သာမန်အနေနဲ့ နတ်ဆိုးသားရဲလို့ခေါ်ကြတဲ့ အကောင်တွေက ချွတ်ယွင်းချက်ရှိတဲ့ ထုတ်ကုန်တွေပဲ..... သူတို့က အနက်ရောင်မြူခိုးတွေရဲ့ ယိုယွင်းပျက်စီးမှုကို သက်ရောက်ခံထားရတဲ့ လူသားနဲ့သားရဲတွေကနေ မျိုးဗီဇပြောင်းလဲသွားတဲ့ သက်ရှိတွေပဲ....သူတို့ရဲ့ကျင့်ကြံဆင့်စွမ်းအားက သိပ်ပြီးမဆိုးရွားပေမဲ့ သူတို့က လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တွေထက် မပိုဘူး...သူတို့မှာ တောရိုင်းတိရစ္ဆာန်တွေလို အသိစိတ်လောက်ပဲ ရှိကြတယ်"

အစစ်အမှန်နတ်ဆိုးနှင့် အတုအယောင်နတ်ဆိုးဟူ၍ ရှိနေခြင်းမှာ ဤအကြောင်းအရင်းကြောင့် ဖြစ်ပေမည်။ တချို့နတ်ဆိုးများသည် စကားပြောဆိုတတ်ပြီး ထွက်ပြေးတတ်ကြသော်လည်း တချို့ကမူ ဦးနှောက်မရှိသူများကဲ့သို့ ဖြစ်နေသည်။ ဤကွာခြားချက်သည် မည်သည်ကြောင့် ဖြစ်ရသနည်းကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

ရီဖုန်း၏မျက်လုံးများတွင် ရုတ်တရက် နားလည်သဘောပေါက်သွားမှုများ ထင်ဟပ်လာသည်။

"ကျွန်မတို့ အရင်က တစ်ကြိမ်လှုပ်ရှားဖူးတယ်....အဲ့ဒါက အစစ်အမှန်နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့တာပဲ"

"အဲ့ဒီလို အစစ်အမှန်နတ်ဆိုးတွေနဲ့ တွေ့ရင် အပြတ်ရှင်းပစ်ရမယ်.... ဘယ်တော့မှ လျှော့မတွက်ရဘူး....ဒါမှမဟုတ်ရင် သူတို့က ကျွန်မတို့အတွက် ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်လာလိမ့်မယ်"

ချင်းယင်က ဆက်လက်၍ ပြောဆိုသည်။

ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏စကားများကို မှတ်သားလိုက်သည်။

"အင်း..."

ချင်းယင် စိတ်သက်သာရာရသွားသည်။ ရီဖုန်းသည် အစစ်အမှန်နတ်ဆိုးများကို အနိုင်ယူနိုင်မည်ဟု သူမ မမျှော်လင့်ထားသော်လည်း သူ့ထံတွင် တည်ကြည်လေးနက်သော အသိတရားရှိနေသည်ကို မြင်ရသဖြင့် အလွန်ကောင်းမွန်နေလေပြီ။

စကားပြောဆိုမှုသည် ဤအဆင့်ထိ ရောက်ရှိလာသောကြောင့် သူမသည် အရာအားလုံးကို ရှင်းပြရန် ဆုံးဖြတ်လိုက်၏။

"ကျွန်မတို့ ဒီနေရာကိုလာတာက ယွင်ရှင်းနယ်မြေကို လူသားတွေရဲ့ ဘုံရန်သူဖြစ်တဲ့ နတ်ဆိုးမျိုးနွယ်နဲ့ ရင်ဆိုင်ရာမှာ ကူညီပေးဖို့ပဲ"

"လွန်ခဲ့တဲ့ နှစ်တစ်သိန်းက စစ်ပွဲကြီးကို သတိထားမိတဲ့ နတ်ဆိုးမျိုးနွယ်က အစကတော့ လေဟာနယ် အနက်ရောင်နယ်မြေထဲမှာ တိတ်တဆိတ် နေထိုင်ခဲ့ကြတယ်....ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးပွားနိုင်စွမ်းက အရမ်းအားကောင်းလွန်းတော့ လေဟာနယ်အနက်ရောင်နယ်မြေက သူတို့ရှင်သန်ဖို့အတွက် မလုံလောက်တော့ဘူး....ဒါကြောင့် သူတို့ရဲ့ ရည်မှန်းချက်တွေ ပြန်နိုးထလာပြီးတော့ အားနည်းတဲ့ ကြယ်နယ်မြေတွေကို မျက်စိကျလာကြတယ်"

"သူတို့က ကြယ်တာရာတံခါးပေါက်တွေကနေတဆင့် တံတားတွေဆောက်ပြီးတော့ ကြယ်နယ်မြေတွေအများကြီးကို ကျူးကျော်နေကြပြီ.... အခု ကျွန်မတို့ရဲ့ တာဝန်က ယွင်ရှင်းကြဟ်နယ်မြေပေါ်မှာ ဆောက်ထားတဲ့ ကြယ်တာရာတံခါးပေါက်ကို ရှာဖွေပြီးတော့ ဖျက်ဆီးပစ်ဖို့ပဲ.... ဒါက ယွင်ရှင်းကြယ်နယ်မြေပေါ်က နတ်ဆိုးမျိုးနွယ်တွေရဲ့ စစ်ကူတွေကို ဖြတ်တောက်နိုင်လိမ့်မယ်....ကျွန်မတို့က သူတို့ကို အပြတ်ရှင်းနိုင်မယ်ဆိုရင် နတ်ဆိုးမျိုးနွယ်က ယွင်ရှင်းကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ဟွေ့ကူရှေးဟောင်းစင်္ကြန်လမ်းကနေတဆင့် လန်ရှင်းနယ်မြေကို ဝင်ရောက်မလာနိုင်အောင်လည်း တားဆီးပေးနိုင်လိမ့်မယ်"

ရီဖုန်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ထိုကြောက်မက်ဖွယ် အမှန်တရားကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤဂြိုဟ်သားသုံးယောက်တွင် သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြသော်လည်း ယွင်ရှင်းနယ်မြေကို လာရောက်ကူညီပေးလိုသော သူတို့၏စိတ်ဆန္ဒကမူ အလွန်မှန်ကန်သည်။

ယွင်ရှင်းကို ကမ္ဘာကြီးတစ်ခုဟု သူ တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်နေသည်။

ဤကမ္ဘာ၏အပြင်ဘက်၌ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေသေးသည်ကို သူ ယနေ့မှ သိလိုက်ရသည်။

ထို့ပြင် ထိုနတ်ဆိုးများသည် အလွန်တရားလွန်ပေ၏။ သူတို့သည် မျိုးပွားနှုန်း အလွန်လျှင်မြန်သဖြင့် နယ်မြေမလောက်တော့သောကြောင့် ယခုချိန်၌ လူသားများ၏ ကြယ်နယ်မြေများကို မျက်စိကျနေကြခြင်းပင်။

ရီဖုန်း အရာများစွာကို နားလည်သဘောပေါက်သွားသည်။

ရုတ်တရက် သူ၏အတွေးအမြင်များ ကျယ်ပြန့်လာပြီး သူ၏အသိပညာဗဟုသုတများ အဆပေါင်းများစွာ တိုးတက်လာသည်။

သူ သိရသလောက်ဆိုလျှင် လန်ရှင်းနယ်မြေသည် ယွင်ရှင်းနယ်မြေထက် များစွာပို၍ သန်မာအားကောင်းမည်မှာ သေချာပေါက်ပင်။ အကယ်၍ သူသာ လန်ရှင်းနယ်မြေသို့ သွားပြီး ဆရာကြီးတချို့ကို ရှာတွေ့ခဲ့လျှင် သူတို့၏လက်ဖျစ်တစ်ချက်တီးလိုက်ရုံဖြင့် သူ သေလမ်းရှာရန်မှာ ထမင်းစားရေသောက်သလောက် လွယ်ကူသွားမည် မဟုတ်လော။

ထိုအကြောင်းကို တွေးတောမိသဖြင့် ရီဖုန်း ပို၍ စိတ်လှုပ်ရှားလာသည်။

သူသည် သူ၏လက်များကို ပွတ်သပ်ပြီး လှပသော ဂြိုဟ်သားမလေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"မိန်းကလေးချင်းယင် ကျွန်တော် ခင်ဗျားတို့ရဲ့ လန်ရှင်းနယ်မြေကို လိုက်လာလို့ ရမလား"

ချင်းယင်၏မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ရှင်ကလား...."

All Chapters