အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အပိုင်း ( 391 )
တတိယအဆင့် အထွတ်အထိပ်
တစ်သီးတစ်သန့်ဖြစ်နေသည့် ချိုင့်ဝှမ်းတစ်ခုအတွင်း၌
နတ်နဂါးသားရဲကြီးသည် ကြီးမားသော ၎င်း၏ လက်ကြီးများကို ဝေ့ယမ်းကာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် နတ်မျောက်ဝံအလောင်းများကို ထုတ်ယူလိုက်သည်။
“ နောက်ဆုံးတော့ စားသောက်လို့ရပြီ ……. “
အမှန်တိုင်းပြောရမည်ဆိုပါက စတုတ္ထအဆင့် သားရဲကောင်သည် ဆယ်ရက်(သို့) လဝက်မျှ မစားမသောက်ဘဲနေမည်ဆိုလျှင်တောင်မှ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
သို့သော် နတ်နဂါးသားရဲကြီးအတွက်မူ စားသောက်ခြင်းသည် သူ၏တိုးတက်မှုနှင့်ပါ ဆက်နွယ်နေခဲ့သည်။
၎င်းကို ပြောနေရင်းနှင့် ဤတစ်နပ်သည် စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီး စားသောက်ရသည့် ပထမဦးဆုံးသော အစားတစ်နပ်ဖြစ်သည်၊ သူသည် ၎င်းက မည်ကဲ့သို့သော တိုးတက်ပြောင်းလဲမှုများ ယူဆောင်ပေးလာမလဲဆိုသည်ကို မျှော်လင့်မိနေတော့သည်။
“ ဂျွတ် !!! “
နတ်နဂါးသားရဲကြီး၏ မျောက်ဝံကြီး၏ ခြေထောက်တစ်ဖက်ကို ကိုက်ဖြတ်လိုက်ပြီး၊ စတင်၍ ကိုက်ဝါးနေတော့သည်။
နတ်မျောက်ဝံ၏ အရေပြားသည် အလွန်ထူထဲနေခဲ့ပြီး၊ ကျောက်တုံးကို ကိုက်ဖြတ်နေရသကဲ့သို့ ခံစားနေခဲ့ရကာ၊ အရသာမှာလည်း ဖယောင်းကို ဝါးနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
“ ဂျွတ် ဂျွတ် !!! “
“ မျောက်သားရဲ့ အရသာက တကယ်ကြီးကို ဆိုးတာပဲဟ “ နတ်နဂါးသားရဲကြီးသည် ၎င်း၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည် “ အရင်က မြစ်နဂါးအသားလောက်တောင် အရသာမရှိဘူး “
သားရဲမျိုးနွယ်စု၏ သွေးမျိုးဆက် ပိုမြင့်လေလေ၊ ၎င်းတို့၏ အသွေးအသားများက အရသာပိုကောင်းလေလေဖြစ်သည်။
ဥပမာအနေဖြင့် ငွေဦးချို မြစ်နဂါးသားရဲကြီးကို ကြည့်ပါလေ၊ ၎င်း၏ အရသာသည် နတ်နဂါးသားရဲကြီး စားခဲ့ဖူးသမျှထဲတွင် အရသာအကောင်းဆုံး အသားဖြစ်သည်။
ရှုကျိုးကပင် မျှော်လင့်မိသွားခဲ့သည်၊ တကယ်လို့ မြစ်နဂါးကတောင် အဲ့လောက် အရသာရှိနေမယ်ဆိုရင် အစစ်အမှန် နတ်သားရဲဆိုရင် ဘယ်လောက်တောင် စားကောင်းနေလိုက်မလဲ?
နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင်
ယနေ့အတွက် စားသောက်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နတ်နဂါးသားရဲကြီး၏အစာအိမ်ထဲတွင် ရှိနေသည့် ကြီးမားသော အစားအသောက်များသည် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ၎င်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။
“ ဟမ်? “
ထိုအချိန်တွင် နတ်နဂါးသားရဲကြီးသည် အဆိုပါ အစားတစ်နပ်မှ ရောက်ရှိလာသည့် စွမ်းအင်များက သူ၏ ကိုယ်တွင်းအဂ်ါများနှင့် ပေါင်းစည်းသွားကြောင်းကို သတိပြုမိသွားသည်။
ချက်ချင်းဆိုသလိုပင် ကိုယ်တွင်း အဂ်ါများ ဟိန်းဟောက်လာခဲ့သည်။
နတ်နဂါးသားရဲကြီးမှ ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းကို အလောတကြီး စစ်ဆေးကြည့်ရှုလိုက်ရာ ကိုယ်တွင်းအဂ်ါများက တံခါးပေါက်များ ပွင့်ဟလာသကဲ့သို့ တုန်ခါစပြုလာသည်ကို မြင်တွေ့သွားခဲ့သည်။
“ ကလီစာငါးခုရဲ့ တံခါးပေါက်တွေလား? “
နတ်နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်၊ သို့သော် သူသည် လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်၊ လူသားနှင့် သားရဲမျိုးနွယ်စုတို့၏ ကျင့်ကြံရေး နည်းလမ်းများက မတူသော်လည်း၊ ကလီစာငါးခု၏ တံခါးပေါက်များမှာ သားရဲမျိုးနွယ်စုများထံတွင်လည်း ရှိနေခဲ့သည်။
ထို့အပြင် သားရဲမျိုးနွယ်စုများထံ၌ သွေးကြောမှတ်များပါ ရှိနေသေးသည်။
သားရဲမျိုးနွယ်စုတို့၏ သွေးကြောမှတ်များမှာ မွေးရာပါ ပွင့်ဟနေခြင်းဖြစ်ပြီး၊ ကလီစာငါးခု၏ တံခါးပေါက်များကမူ မွေးဖွားလာခဲ့ပြီးသည့်နောက်မှ ကိုယ်တိုင်ဖွင့်လှစ်ရမည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် နတ်နဂါးသားရဲကြီး၏ ကလီစာငါးခု တံခါးပေါက်များသည် အလိုအလျောက် ပွင့်ဟလာခဲ့သည်။
“ ကြည့်ရတာတော့ တစ်ခြားသားရဲမျိုးနွယ်စုတွေအတွက် ကလီစာငါးခုရဲ့ တံခါးပေါက်တွေကို ဖွင့်ဖို့ဆိုတာက ဒီလောက်မလွယ်တဲ့ပုံပဲ “
နတ်နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့သည်၊ အစစ်အမှန် နတ်သားရဲတွေကတောင် ကလီစာငါးခုရဲ့ တံခါးပေါက်တွေကိုဖွင့်ဖို့အတွက် အတော်လေး ကြိုးစားအားထုတ်ရတယ်လေ။
အခုကျတော့ အစာလေးတစ်နပ်စားလိုက်ရုံနဲ့ သူ့ဟာသူ ပွင့်လာတယ်ပေါ့??
“ စနစ်ကြောင့်များလား? “
နတ်နဂါးသားရဲ ထိုဖြစ်နိုင်ခြေမှလွဲ၍ တစ်ခြားသောအရာမရှိဘူးဟု ခံစားနေခဲ့ရသည်။
သူ၏စနစ်သည် အလွန်ထူးခြားနေခဲ့ပြီး၊ အစားအသောက်များကို နေ့စဥ်စားသောက်ရုံဖြင့် အဆင့်များတက်ကာ နယ်ပယ်များ ချိုးဖျက်နိုင်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သားရဲမျိုးနွယ်စုများအတွက်မူ အဆင့်တက်ခြင်းဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ရပ် ဖြစ်မနေခဲ့ဘဲ၊ လူသားများကဲ့သို့ပင် အတိုင်းအတာတစ်ခုအထိ ကြိုးစားကျင့်ကြံရန် လိုအပ်နေခဲ့သည်။
သို့သော် သားရဲမျိုးနွယ်စုများမှာလည်း မျိုးနွယ်တူများကို စားသောက်၍ တိုးတက်နိုင်ပေသည်၊ သို့သော် ၎င်းသည် နတ်နဂါးသားရဲကြီး၏ တိုးတက်မှုကို မည်သို့မျှ မယှဥ်နိုင်ပေ။
ဤအချိန်တွင် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကလီစာငါးခု၏ တံခါးပေါက်များ ပွင့်ဟလာခြင်းနှင့်အတူ
“ ဘုမ်းးးးး !!! “
ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော အသံတစ်သံပေါ်ထွက်လာခဲ့သည်။
ထိုစဥ် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ်များ၏ အလင်းတန်းများ တောက်ပလာခဲ့ပြီး၊ ကလီစာငါးခု၏ တံခါးပေါက်များဖြင့် စည်းဝါးကိုက်ကာ လင်းထိန်နေခဲ့သည်။
ရွှေရောင်လမ်းများသည် သွေးကြောမှတ်များနှင့် ကလီစာငါးခုကို ဆက်သွယ်ထားခဲ့သည်။
“ ဒါက နတ်တံတားလား? “
နတ်နဂါးသားရဲကြီးသည် အဆိုပါ မြင်ကွင်းကို ကြည့်ကာ တအံ့တဩဖြစ်သွားခဲ့သည်။
“ မဟုတ်ဘူး၊ နတ်တံတားက အဆင့်၃မှာ ကျင့်ကြံရမဲ့ဟာ၊ အခုဆိုရင် ငါက အဆင့်၄ကို ရောက်နေပြီ “
ရှုကျိုးသည် ၎င်းက နတ်တံတား မဟုတ်ဘဲ၊ ကလီစာငါးခုနှင့် သွေးကြောမှတ်များကို ဆက်သွယ်ပေးထားသည့် ထူးခြားသော လမ်းကြောင်းတစ်ခုဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
သားရဲနှင့် လူသားတို့သည် အတော်လေး ကွဲပြားနေခဲ့သည်၊ လူသားတို့၏ သွေးကြောမှတ်များနှင့် ကလီစာငါးခုသည် သဘာဝအတိုင်း မချိတ်ဆက်နိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့ကြားတွင် ရှိနေသည့် အတားအဆီးကို ချိုးဖျက်ရန်အတွက် တတိယအဆင့်နယ်ပယ်တွင် နတ်တံတားကို ကျင့်ကြံရခြင်းဖြစ်သည်။
သို့သော် သားရဲမျိုးနွယ်စုများအတွက်ကမူ ၎င်းတို့၏ သွေးကြောမှတ်များနှင့် ကလီစာငါးခုက သဘာဝအတိုင်း ချိတ်ဆက်နေခဲ့သည်။
သို့သော် စတုတ္ထအဆင့်သို့ ရောက်မှသာလျှင် ၎င်းကို မြင်တွေ့နိုင်မည် ဖြစ်သည်။
ယခုတွင် နတ်နဂါးသားရဲကြီးက စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် ကလီစာငါးခု၏ တံခါးပေါက်များ ပေါ်လာကာ၊ ရှုကျိုးမှ ၎င်းတို့ကို သတိပြုမိသွားခဲ့သည်။
“ သားရဲမျိုးနွယ်စုတွေက တကယ်ကြီးကို ကောင်းချီးပေးခံထားရတာပဲ “
ရှုကျိုးသည် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်၊ လူသားမျိုးနွယ်စုနှင့် ယှဥ်လိုက်မည်ဆိုပါက သားရဲမျိုးနွယ်စု၏ ကျင့်ကြံရေး လမ်းကြောင်းသည် သွေးကြောမှတ် ရှာဖွေခြင်း (သို့) နတ်တံတား တည်ဆောက်ခြင်းတို့ကဲ့သို့သော အလုပ်များကို မလိုအပ်ဘဲ များစွာပိုမို လွယ်ကူနေခဲ့သည်။
“ မဟုတ်ဘူး၊ လူသားမျိုးနွယ်စုရဲ့ ကနဦး ကျင့်ကြံရေးလမ်းကြောင်းက သားရဲမျိုးနွယ်စုရဲ့ လမ်းကြောင်းကို ပုံတူကူးထားတာများလား? “
အဆိုပါ အယူအဆသည် အမှန်တကယ် ယုတ္တိရှိနေခဲ့သည်။
လူသားမျိုးနွယ်စု၏ ကျင့်ကြံရေး လမ်းကြောင်းသည် သားရဲမျိုးနွယ်စု၏ လမ်းကြောင်းကို အပြည့်အဝ တုပထားခြင်းပင် ဖြစ်သည်။
သွေးကြောမှတ်များသော်လည်းကောင်း၊ နတ်တံတား(သို့) ကလီစာငါးခုသော်လည်းကောင်း အရာအားလုံးတွင် သားရဲမျိုးနွယ်စု၏ ခြေရာလက်ရာများ ပါဝင်နေလျက်ရှိသည်။
“ ဒါပင်မဲ့ သားရဲမျိုးနွယ်စုရဲ့ လမ်းကြောင်းကို တုပတာက လူသားတွေအတွက် သင့်တော်ပါ့မလား? “
နတ်နဂါးသားရဲကြီးမှာ မျက်မှောင်ကြုတ်သွားရတော့သည် “ အဲ့တာကြောင့် လူသားမျိုးနွယ်စုရဲ့ အဆင့်မြင့် ပညာရှင်တွေက ကမ္ဘာ့ကြယ်က လူတွေရဲ့ အဆင့်မြင့် ပညာရှင်တွေကို မယှဥ်နိုင်တာများလား? လူသားတွေက ရှေးဧကရာဇ်ရဲ့ ခေတ်တုန်းက ဘယ်လိုမျိုး ကျင့်ကြံနိုင်ခဲ့တာလဲ? “
အဆိုပါမေးခွန်းများသည် မူလကိုယ်၏ အနာဂတ် ကျင့်ကြံရေး လမ်းကြောင်းနှင့် သက်ဆိုင်နေသောကြောင့် လျစ်လျူရှုထား၍ မရပေ။
“ ကမ္ဘာ့ကြယ်သားတွေက ဘယ်လိုကျင့်ကြံကြလဲဆိုတာကို ငါသိချင်မိတယ်။ ကမ္ဘာ့ကြယ်သားတွေက ဒီစကြာဝဠာကို လာလို့ ဖိနှိပ်ခံနေရပင်မဲ့၊ တစ်ခု၊ နှစ်ခုလောက်တော့ သင်သွားရကျိုးနပ်မှာပါ “
နတ်နဂါးသားရဲကြီးသည် ကွမ်ဟန်သို့ နောက်တစ်ကြိမ်သွားရောက်မည့် အချိန်တွင် သဲလွန်စများ ရှာဖွေရန် လိုအပ်သည်ဟု ခံစားသွားခဲ့ရသည်။
သူတွေးတောနေသည့် အချိန်မှာပင် ကလီစာငါးခုနှင့် သွေးကြောမှတ်များသည် အပြည့်အဝ ချိတ်ဆက်သွားခဲ့သည်။
“ ခရက်ရှ် !!!! “
ကလီစာငါးခု၏ တံခါးပေါက်များဆီမှ ကြွယ်ဝများပြားသော လျှို့ဝှက်စွမ်းအားများ လျှံထွက်လာပြီး၊ သွေးကြောမှတ်များဆီသို့ စီးဆင်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် နတ်နဂါးသားရဲကြီး၏ အရှိန်အဝါမှာလည်း ဆက်တိုက်မြင့်မားလာခဲ့သည်။
“ ထပ် ထပ် ထပ် !! “
တစ်ခုခုကွဲအက်သွားသကဲ့သို့ ဖြစ်နေသည့် အသံများ ပေါ်ထွက်လာခဲ့ပြီး၊ အရိုးများ၊ ကြွက်သားများနှင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ အရာများသည် စတင်၍ အသွင်းပြောင်းလာကြသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကြွက်သားများသည် စတင်၍ ဖောင်းကား၊ ကြီးမားလာခဲ့ပြီး၊ တုတ်ခိုင်၊ မာကျောလာခဲ့သည်။
မကြာခင်မှာပင် နတ်နဂါးသားရဲကြီး၏ အရပ်အမြင့်မှာလည်း ၁၀စင်တီမီတာအထိ ထပ်မံ၍ မြင့်တက်လာခဲ့သည်။
ကိုယ်ပွား : မသေမျိုးနတ်နဂါးသားရဲ
အဆင့် : စတုတ္ထအဆင့် အဆင့်၁ ( ၁၅% )
အသားတင် အလေးချိန် : ၄၁၃၂၈. ၅ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်
ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
……………………………………………………………………………………………………………………………………
အပိုင်း ( 392 )
တတိယအဆင့် အထွတ်အထိပ် ၂
ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း
…
“ အဆင့်၄ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ နေ့စဥ်စားသောက်မှုက ငါ့ရဲ့အဆင့်ကို ၅%လေးပဲ တိုးတက်စေနိုင်တော့တယ် “
နတ်နဂါးသားရဲကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချကာ၊ ၎င်းက နှေးကွေးသည်ဟု ထင်နေခဲ့သည်။
အမှန်တကယ်တွင်မူ ၎င်းမှာ လုံလုံလောက်လောက် မြန်ဆန်နေပြီဖြစ်သည်။ နေ့စဥ် ၅%တိုးတက်မည်ဆိုပါက ပဥ္စမအဆင့်သို့ ရောက်ရှိရန်အတွက် အနည်းဆုံးအနေဖြင့် ရက် ၂၀၀မျှ အချိန်ယူရမည် ဖြစ်သည်။
သားရဲတို့၏ ဘဝသက်တမ်းက အလွန်ရှည်လျားသည်ဆိုသည်ကို သိကြရမည်ဖြစ်သည်၊ အစစ်အမှန် နတ်သားရဲတို့ကပင် စတုတ္ထအဆင့်မှ ပဥ္စမအဆင့်သို့ အဆင့်တက်ရန်အတွက် နှစ်ပေါင်းများစွာ(သို့) ဆယ်စုနှစ်တစ်ခုစာမျှ အချိန်ယူရလေ့ရှိသည်။
သို့သော် ထိုကဲ့သို့သော နှုန်းထားမျိုးသည် နတ်နဂါးသားရဲကြီးအတွက် နှေးကွေးသည်ဟု ယူဆရမည်ဖြစ်သည်။ အကယ်၍ နတ်သားရဲများကသာ ထိုစကားကို ကြားသွားမည်ဆိုပါက၊ သွေးအန်သွားကြသည်။
သို့သော် နတ်နဂါးသားရဲကြီးအတွက်မူ အစွမ်းထက် မျိုးနွယ်စုတစ်ခု၏ ထောက်ပံ့မှု မရှိဘူးဆိုပါက တစ်ခြားသော နတ်သားရဲများကဲ့သို့ ပုံမှန်ဖွံ့ဖြိုးတိုးတက်လာရန်မှာ မဖြစ်နိုင်လှပေ။
ထို့အပြင် မူလကိုယ်မှာလည်း သူ၏ ခွန်အားကို မြန်မြန်ဆန်ဆန် တိုးတက်လာရန် အရေးတကြီး လိုအပ်နေပြီး၊ ကြီးမားသော အကြပ်အတည်းများနှင့် ရင်ဆိုင်နေရလေသည်။
အဆက်မပြတ် သန်မာအားကောင်းလာမှသာလျှင် လုံခြုံဘေးကင်းသည်ဟု ခံစားရမည် ဖြစ်သည်။
“ ငါ့ရဲ့ အလေးချိန်က ကီလိုဂရမ် ၄၀၀၀၀ကျော်နေတာတော့ ကံကောင်းတယ် “
နတ်နဂါးသားရဲကြီးသည် စနစ်၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် အလေးချိန်ကဏ္ဍကိုကြည့်ကာ ပြုံးနေတော့သည်။
ယခင်က ပုံစံများအရ အလေးချိန်က ကီလိုဂရမ် ၅၀၀၀၀ကို ကျော်လွန်သွားသည်နှင့်တစ်ပြိုင်နက် ဆင့်ကဲပြောင်းလဲမှု နောက်တစ်ခုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
ထိုနေ့ရက်မှာလည်း သိပ်မဝေးလှတော့ပေ။
“ ဟမ်? “
ထိုအချိန်၌ နတ်နဂါးသားရဲကြီး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည် “ ဒီတစ်ခါတိုးတက်မှုက မူလကိုယ်ကိုလည်း ထောက်ပံ့ပေးနေတဲ့ပုံပဲ? “
…
စံအိမ်အတွင်း၌
ရှုကျိုး၏ မူလကိုယ်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ နတ်စွမ်းရည်များကို သိပ်သည်းရာတွင် အာရုံစိုက်နေလျက်ရှိသည်။
သို့သော် ဤအချိန်၌ သူ၏မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဝှစ် “
ဟင်းလင်းပြင်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခု ပေါ်လာခဲ့ကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
အဆိုပါ စွမ်းအင်သည် ရှုကျိုးခန္ဓာကိုယ်ထဲရှိ နတ်တံတားနှင့် ပေါင်းစပ်သွားရာ၊ ချက်ချင်းဆိုသလိုပင် နတ်တံတား၏ မျက်နှာပြင်သည် သက်တံ့ရောင် အလင်းတန်းအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
“ ဇွီ !!! “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ နတ်တံတားသည် သာမန်မျက်လုံးများဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ခိုင်မာလာခဲ့သည်။
ပုံပေါ်ဖြစ်တည်လာရန်အတွက် ရက်ပေါင်းများစွာ အချိန်ယူရလေ့ရှိသော နတ်တံတားသည် ချက်ချင်း ခိုင်မာဖြစ်တည်လာခဲ့သည်။
နတ်တံတား ခိုင်မာဖွဲ့စည်းသွားသည့် အချိန်တွင်
“ ဘုမ်းး!!! “
ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
နှောင်းပိုင်း တတိယအဆင့်မှ တတိယအဆင့် အထွတ်အထိပ်သို့ ခုန်တက်သွားတော့သည်။
“ ဆွစ်ရှ် ~~~ “
ရှုကျိုးသည် တအံ့တဩဖြစ်နေသည့် အမူအရာနှင့်အတူ မျက်လုံး ဖွင့်လာခဲ့သည်။
“ ငါက အဆင့်တက်သွားတာလား? “
သူ၏မူလအစီအစဥ်အရ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်တံတားကို ခိုင်မာဖြစ်တည်လာစေရန်အတွက် အနည်းဆုံးအနေဖြင့် ရက်ပေါင်းတစ်ဒါဇင်မျှ အချိန်ယူကျင့်ကြံရမည် ဖြစ်သည်။
သို့သော် လျှို့ဆန်းကြယ်သော စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ထိုကဲ့သို့ စောင့်ဆိုင်းနေရန် မလိုတော့ဘဲ၊ ချက်ချင်း အဆင့်တက်သွားခဲ့သည်။
၎င်းကား ……. လုံးဝအံ့ဩဖွယ်ရာပင် ဖြစ်သည်။
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်ရှုစစ်ဆေးလိုက်ရာ၊ သက်တံ့ရောင် တောက်နေသည့် နတ်တံတားတစ်စင်းသည် သွေးကြောမှတ်များဆီမှ ပေါ်ထွက်လာကာ ကလီစာငါးခုဆီသို့ ဆန့်တန်းသွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
ကိုယ်တွင်း အဂ်ါများအပေါ်တွင်လည်း သက်တံ့ရောင်ရောင်ခြည်များ ထွန်းလင်းလာခဲ့သည်။
“ ငါ့ရဲ့ နတ်တံတားက ဒီလိုမျိုးပဲ ဖွဲ့စည်းသွားပြီလားဟ? “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည် “ ခုနကရောက်လာတဲ့ စွမ်းအင်က ကိုယ်ပွားဆီကနေ ရောက်လာတာများလား? “
သူသည် အဆိုပါ စွမ်းအင်နှင့် အလွန်တရင်းတနှီးရှိသည်ဟု ခံစားနေခဲ့ရသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက ကိုယ်ပွားထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
“ အဲ့တာက ကိုယ်ပွားရဲ့ ထောက်ပံ့မှုများလား? “
ရှုကျိုး၏ မျက်နှာပေါ်တွင် ပျော်ရွှင်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဒုတယအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် ကိုယ်ပွား၏ ချီ-သွေးစွမ်းအား ထောက်ပံ့မှုသည် များစွာအကျိုးမရှိတော့ပေ။
အဘယ့်ကြောင့်ဆိုသော် ဒုတိယအဆင့်နောက်ပိုင်းတွင် ချီ-သွေးစွမ်းအားဖြင့် လူတစ်ဦး၏ တကယ့်ခွန်အားကို ဆုံးဖြတ်၍ မရတော့ဘဲ၊ ၎င်းက မည်မျှပင် မြင့်မားနေပါစေ၊ နောက်တစ်ဆင့်သို့ မချိုးဖျက်စေနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ကိုယ်ပွားက စတုတ္ထအဆင့်သို့ ရောက်ခဲ့ပြီးသည့် အချိန်တွင်မူ၊ အရာအားလုံးက ကွဲပြားသွားပုံရသည်။
ဥပမာအားဖြင့် ကိုယ်ပွားထံမှ ယခုလေးတင် ရရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ပင် ဖြစ်သည်၊ ၎င်းသည် ရှုကျိုးကို နယ်ပယ်သေးတစ်ခု မြင့်တက်သွားစေရန် ကူညီပေးခဲ့သည်။
အရေးအကြီးဆုံးအရာမှာ ရှုကျိုးသည် အဆိုပါစွမ်းအင်က နတ်တံတားကို ကြီးကြီးမားမား အကျိုးပြုနိုင်သည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။
၎င်းသည် နတ်တံတား၏ လမ်းကြောင်းများကို ကူညီတည်ဆောက်ပေးမည် ဖြစ်သည်။
“ ပြန်ရောက်လာပြီ၊ အကုန်လုံး ပြန်ရောက်လာပြီကွ …….. “
ရှုကျိုးအပျော်လွန်သွားတော့သည်၊ တတိယအဆင့် အထွတ်အထိပ်မှ စတုတ္ထအဆင့်သို့ ရောက်ရှိရန်မှာလည်း အချိန်များစွာ ယူနေရတော့မည် မဟုတ်ပေ။
တတိယအဆင့် အထွတ်အထိပ်မှ စတုတ္ထအဆင့်သို့ ရောက်ရှိရန်မှာ နတ်တံတား လမ်းကြောင်းများ တည်ဆောက်ရခြင်းပင် ဖြစ်သည်။
အခုတွင် နတ်တံတားက ခိုင်မာြဖစ်တည်လာခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် ဆက်လုပ်ရမည့် လုပ်ငန်းစဥ်မှာ အတားအဆီးများကို ချိုးဖျက်၍ သွေးကြောမှတ်များနှင့် ကလီစာငါးခုကို ချိတ်ဆက်ရန်သာ ဖြစ်သည်။
အစတွင် ထိုအဆင့်အား ရက်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်၏ အကူအညီဖြင့် သူသည် ထိုမျှလောက် အချိန်ယူရမည် မဟုတ်ပေ။
“ အဲ့ဒီ စွမ်းအင်က သားရဲမျိုးနွယ်စုရဲ့ ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားလား? “ ရှုကျိုးမှ ထင်ကြေးပေးမှန်းဆနေတော့သည်။
သားရဲမျိုးနွယ်စု၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားသည် လူသားမျိုးနွယ်စု၏ လျှို့ဝှက်စွမ်းအားနှင့် ကွဲပြားနေခဲ့သည်။
သားရဲမျိုးနွယ်စု၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားသည် နတ်စွမ်းရည်များအဖြစ် တိုက်ရိုက်အသွင်ပြောင်းနိုင်ပြီး၊ အပျက်အစီးများကို မှော်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည့် အံ့ဖွယ်ကောင်းသော စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။
တစ်ဖက်ရှိ လူသားတို့ကမူ နတ်စွမ်းရည်မျိုးစေ့များကို အားဖြည့်ပေးကြသည်၊ ထို့နောက်တွင် နတ်စွမ်းရည်ကို ဆက်လက်၍ အားဖြည့်ပေးရကာ အလွန်ပင် ကရိကထများလွန်းနေခဲ့သည်။
သားရဲမျိုးနွယ်စု၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအားက နတ်စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သောကြောင့် ရှုကျိုးသည် အဆိုပါ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်က သားရဲမျိုးနွယ်စု၏ လျှို့ဝှက်စွမ်းအားနှင့် သက်ဆိုင်နေလိမ့်မည်ဟု ထင်ကြေးပေးမှန်းဆနေခဲ့သည်။
နတ်စွမ်းအင်များထံတွင်သာ နယ်ပယ်တိုးတက်သွားစေနိုင်သည့် လျှို့ဝှက်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
လျှို့ဝှက်စွမ်းအားကို သုံးတာက အသက်စွမ်းအားကို ဖြည်းဖြည်းချင်း ကုန်ဆုံးသွားစေတယ်၊ ဒါပင်မဲ့ ငါ့ဆီမှာ အင်မော်တယ်စွမ်းရည် ရှိတယ်၊ လျှို့ဝှက်စွမ်းအားကို မကုန်ခမ်းဘူး၊ လိုသလို သုံးလို့ရတယ်လို့ သတ်မှတ်လို့ရတယ် “
ရှုကျိုး၏ စိတ်နှလုံးသားသည် အနည်းငယ်လှုပ်ခတ်သွားခဲ့သည် “ တကယ်လို့ အဲ့တာကသာ မှန်နေမယ်ဆိုရင်၊ ငါ့ရဲ့ အဆင့်ထိုးဖောက်မှုတွေက ပိုပိုပြီးတော့ လွယ်သွားမှာ “
“ ဒါပင်မဲ့ အဲ့ကိစ္စတွေ မလုပ်ခင်မှာ ကိုယ်ပွားရဲ့ ကလီစာငါးခု လျှို့ဝှက်စွမ်းအားက ပြန်ကောင်းနိုင်လားဆိုတာကို အတည်ပြုရဦးမယ် “
…
ချိုင့်ဝှမ်းအတွင်း၌
နတ်နဂါးသားရဲကြီးမှ ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်ရှုစစ်ဆေးလိုက်ရာ၊ ကလီစာငါးခု၏ တံခါးပေါက်များဆီမှ လျှို့ဝှက်စွမ်းအားများ စီးဆင်းနေသည်ဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် အဆိုပါ စွမ်းအားများ ပျောက်ကွယ်သွားနှင့်တစ်ပြိုင်နက်၊ အဆုံးမဲ့ အင်မော်တယ်စွမ်းအင်များ လျင်မြန်စွာ စီးဝင်လာခဲ့ပြီး၊ ကလီစာငါးခု၏ တံခါးပေါက်များများထဲတွင် ရှိနေသည့် လျှို့ဝှက်စွမ်းအား၏ ဟန်ချက်ညီမှုကို ထိန်းညှိပေးလာခဲ့သည်။
“ အမှန်ပဲဟ “
နတ်နဂါးသားရဲကြီးသည် အသာအယာ ပြုံးနေတော့သည် “ ငါ့ရဲ့ အင်မော်တယ်စွမ်းရည်က ကလီစားငါးခုရဲ့ လျှို့ဝှက်စွမ်းအား ဆုံးရှုံးမှုကို ပြန်ဖာထေးပေးနိုင်တယ် “
“ ဒါဆိုရင် ငါက ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို စိတ်ကြိုက်သုံးလို့ရပြီ၊ …….. ကလီစာငါးခုရဲ့ နတ်စွမ်းရည်တွေကိုတောင် သုံးနိုင်တယ် “
၎င်းမှာ အံ့ဖွယ်ကောင်းသည့် သတင်းကောင်းတစ်ခုဖြစ်သည်။
ကလီစာငါးခု၏ နတ်စွမ်းရည်များက သားရဲမျိုးနွယ်စု၏ ပွဲသိမ်းတိုက်ကွက်များနှင့် တူညီသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်၊ ၎င်းသည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ပမာဏကြီးကြီးမားမား စားသုံးပြီး၊ တစ်ကြိမ်မျှ အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် အချိန်အတော်ကြာသည်အထိ ၎င်းအား ထပ်မသုံးနိုင်တော့ဘဲ အားနည်းသွားလေ့ရှိသည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 393 )
တတိယအဆင့် အထွတ်အထိပ် ၃
သို့ရာတွင် နတ်နဂါးသားရဲကြီးကမူ အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ ထို့ကြောင့် သူသည် ထိုကဲ့သို့သော ပွဲသိမ်းတိုက်ကွက်များကို အကန့်အသတ်မရှိဘဲ ထပ်ခါတလဲလဲ အသုံးပြုနိုင်ပေသည်။
အကယ်၍ တိုက်ပွဲများတွင် အသုံးပြုမည်ဆိုပါက ၎င်းသည် မထင်မှတ်ထားသော အခြေအနေများကို ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သည်။
နတ်နဂါးသားရဲကြီးက အပျော်လွန်နေသည့် အချိန်တွင်
“ ဝုန်းးးးး !!! “
အဝေးရှိ ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာမြေ တုန်ခါနေခဲ့ပြီး၊ အဖွဲ့နှစ်ဖွဲ့သည် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။
နတ်နဂါးသားရဲကြီး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သူသည် သူ၏ ပုံရိပ်ကို အမြန် ဖုံးကွယ်လိုက်ပြီး၊ တောင်ထိပ်ပေါ်သို့ တက်ကာ အရှေ့သို့ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေတော့သည်။
“ ဝေါင်းးးးးး !!! “
နဂါးဟိန်းသံ ပေါ်ထွက်လာခဲ့သည်၊ လက်သည်းငါးခု ရွှေရောင်နဂါးတစ်ကောင်သည် အဖြူရောင်အလင်းတန်းထဲတွင် ရှိနေသည့် မြင်းကဲ့သို့ပုံသဏ္ဍာန်ရှိသော သတ္တဝါတစ်ကောင်ကို အပူတပြင်း လိုက်လံဖမ်းဆီးနေလျက်ရှိသည်။
“ အမွှေးဖြူသားရဲလား? “
နတ်နဂါးသားရဲကြီးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ဿားရဲမျိုးနွယ်စုများကြားတွင် သားရဲနတ်ဘုရား မျိုးနွယ်စုသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုတို့၏ အထက်တွင် ရှိကာ အလွန်အစွမ်းထက်သော မျိုးနွယ်စုတစ်ခုဖြစ်သည်။
သို့ရာတွင် အမွှေးဖြူသားရဲမျိုးနွယ်စုသည် သားရဲနတ်ဘုရားမျိုးနွယ်စု၏ အကိုင်းအခက် မျိုးနွယ်စုတစ်ခုမျှသာ ဖြစ်ပြီး၊ ပေးဂဆပ်စ်( ဂရိဒဏ္ဍာရီတွေက မြင်းပျံပါ )မျိုးနွယ်စု၏ သွေးမျိုးဆက်နှင့် ရောနှောနေကာ ၎င်းတို့အား အဆင့်မြင့် နတ်သားရဲများ ဖြစ်သွားစေခဲ့သည်။
( တောင်ပံနှစ်ဖက်ပါတဲ့ မြင်းဖြူပါ၊ ပုံသိချင်ရင်တော့ pegasusလို့ လိုက်ရှာကြည့်လို့ရပါတယ် “
ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ အမွှေးဖြူသားရဲ မျိုးနွယ်စုသည် အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုကြားမှာပင် အထွတ်အထိပ်တွင် ရပ်တည်နေခဲ့သည်။
အမွှေးဖြူ သားရဲမျိုးနွယ်စုက အစစ်အမှန် နတ်သားရဲနယ်ပယ်သို့ ရောက်ရှိလုနီးပါးဖြစ်သည်ဟု ပြောစကားပင် ရှိခဲ့သည်၊ သို့သော် အစစ်အမှန် နတ်သားရဲတို့ကမူ ၎င်းတို့ကို အသိအမှတ်မပြုကြပေ။
သို့သော် အမွှေးဖြူ သားရဲမျိုးနွယ်စု၏ တိုက်ခိုက်ရေး စွမ်းအားက အလွန်အားကောင်းသည်ဆိုသည်ကိုတော့ သံသယဝင်စရာ မရှိပေ။
ဤအချိန်တွင် အမွှေးဖြူသားရဲသည် လက်သည်းငါးခု ရွှေနဂါးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်။
“ ဝေါင်းးး !! “
သားရဲဟိန်းသံတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လက်သည်းငါးခု ရွှေနဂါးသည် လက်သည်းများဖြင့် လွှဲရမ်းကုတ်ဆွဲကာလာခဲ့သည်၊ လက်သည်းအောက်ရှိ လေထုသည် ခွန်အားကို တောင့်မခံနိုင်သည့်အတွက် တဝီဝီ အော်မြည်သံများပင် ပေါ်ထွက်နေခဲ့ကာ အမွှေးဖြူသားရဲဆီသို့ တိုးဝင်လာခဲ့သည်။
အမွှေးဖြူသားရဲသည် ၎င်းကို ခုခံနိုင်ခဲ့ပြီး၊ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရရှိသွားခဲ့သည်။
“ အဲ့အမွှေးဖြူ သားရဲက လက်သည်းငါးခု နတ်နဂါးအတွက် ပြိုင်ဘက်မဟုတ်ဘူး “
နတ်နဂါးသားရဲကြီးသည် ၎င်းကို မြင်တွေ့လိုက်ရသော်လည်း မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
လက်သည်းငါးခု ရွှေနဂါးသည် အစစ်အမှန် နဂါးသားရဲမျိုးနွယ်စုများကြားမှာပင် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သည်၊ ၎င်းသည် အစစ်အမှန် နတ်သားရဲမျိုးနွယ်စု တစ်ခုလုံးကြားမှာပင် အလယ်အလတ် အထက်အဆင့် အခွင့်အာဏာကို ကိုင်ဆွဲထားခဲ့သည်။
လက်သည်းငါးခု ရွှေနဂါးနှင့် ရင်ဆိုင်နိုင်ရန်အတွက် သားရဲနတ်ဘုရားမျိုးနွယ်စုကိုယ်တိုင် လာရောက်ရမည်ဖြစ်သည်။
“ ဗွီ “
အရှေ့ဘက်ရှိ ကောင်းကင်ယံတွင် လက်သည်းငါးခု ရွှေနဂါးကြီးမှ ဟိန်းဟောက်လာခဲ့ရာ၊ တစ်ကီလိုမီတာမျှ အရွယ်ရှိ ဧရာမ နဂါးလက်သည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ဖုံးလွှမ်းလာခဲ့ကာ၊ မိုင်၁၀၀အကွာရှိ နတ်နဂါးသားရဲကြီးကပင် အဆိုပါ စွမ်းအားကို ခံစားမိကာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
“ အဲ့တာ …… နဂါးမျိုးနွယ်စုရဲ့ နတ်စွမ်းရည်လား? “
နဂါးမျိုးနွယ်စု၏ နတ်စွမ်းရည်များသည် ထူးခြားသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။
မီတာ ၁၀၀၀ကျယ်ဝန်းသည့် နဂါးလက်သည်းကြီးသည် နျူကလီယား ပေါက်ကွဲမှုတစ်ခုကဲ့သို့ ဆင်းသက်လာခဲ့ရာ၊ မိုင်တစ်ထောင်အတွင်းရှိ မြေထုသည် ချက်ချင်း ကွဲအက်သွားကာ ကီလိုမီတာ အရွယ်မျှ ကျယ်ဝန်းသည့် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့ကာ၊ တောအုပ်နှင့် မြစ်တို့သည် လုံးလုံးလျားလျား ပြိုကွဲပျက်စီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမွှေးဖြူသားရဲကြီး၏ အော်ဟစ်ညီးတွားသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
နတ်နဂါးသားရဲကြီးမှာ အံ့ဩတုန်လှုပ်သွားခဲ့သည် “ အဲ့ကောင်က အဆင့်၄ကို အခုမှ ရောက်ထားတာလား? “
သူသည် လက်သည်းငါးခု ရွှေနဂါးကြီး၏ နယ်ပယ်ကို အာရုံမိသွားခဲ့သည်၊ ၎င်းသည် စတုတ္ထအဆင့်သို့ ရောက်ခါစသာ ရှိသေးသော်လည်း ဤမျှအံ့ဖွယ်ကောင်းသည့် အဖျက်စွမ်းအားကို ထုတ်လွှတ်နေနိုင်ခဲ့သည်။
၎င်းအား အားနည်းသည့် တစ်ချို့သော ပဥ္စမအဆင့် ပညာရှင်များ(သို့) သားရဲများကပင် ယှဥ်နိုင်မည် မဟုတ်ချေ။
“ အစစ်အမှန် နတ်သားရဲတွေက ဒီလောက်တောင် စွမ်းတာလားဟ? ”
နတ်နဂါးသားရဲကြီး၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်၊ ၎င်းသည် သူမျှော်မှန်းထားသည်ထပ် အနည်းငယ် ကျော်လွန်နေခဲ့သည်။ အစက သူသည် အစစ်အမှန် နတ်သားရဲများက အဆင့်မြင့် နတ်သားရဲများထပ် အနည်းငယ်မျှသာ ပိုမိုသန်မာနေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုမြင်တွေ့ရသလောက်အရဆိုပါက ၎င်းတို့သည် အဆင့်အတန်း မတူညီသည့် သားရဲများ ဖြစ်နေသည့်ပုံပင်။
ယခုလက်ရှိ နတ်နဂါးသားရဲကြီးကပင် အဆိုပါ လက်သည်းငါးခု ရွှေနဂါးကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဗွီ ~~~ “
နတ်နဂါးသားရဲကြီး အတွေးနက်နေသည့် အချိန်တွင်၊ ချိုင့်ဝှမ်းအတွင်းရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ဆုတ်ပြဲလာခဲ့သည်။
ထို့နောက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ချိုင့်ဝှမ်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။
နတ်နဂါးသားရဲကြီး၏ အမူအရာ ကျဥ်းမြောင်းသွားတော့သည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ အမွှေးဖြူ သားရဲကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။
၎င်းက မည်သည့်နည်းလမ်းကို အသုံးပြုလိုက်လဲဆိုသည်ကို မသိပေ၊ သို့သော် ၎င်းသည် အမှန်တကယ် လွတ်မြောက်လာခဲ့ကာ သူ၏အငွေ့အသက်များကို ပျောက်ကွယ်၍ မိုင်၁၀၀အကွာရှိ ချိုင့်ဝှမ်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။