အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အပိုင်း ( 394 )
ကောင်းကင်ဘုံ နဂါး၏ ပြောင်းလဲမှုငါးသွယ်
တောင်တန်းဧရိယာအတွင်းရှိ လက်သည်းငါးခု ရွှေနဂါး အောင်းဖီသည် သူ့အရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့နောက်ရှိ လက်အောက်ငယ်သား နဂါးဖြူသည် အရှေ့သို့တက်ကာ စကားပြောလာခဲ့သည် “ သူဌေး၊ ဘာဖြစ်လို့လဲ? “
အောင်းဖီမှ ပြန်ပြောလိုက်သည် “ မွှေးဖြူကောင်က မသေသေးဘူး “
နဂါးဖြူသည် အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ ဓမ္မပုံရိပ် နဂါးစည်းတံဆိပ်အောက်မှာ အားနည်းတဲ့ အစစ်အမှန် နတ်သားရဲမျိုးနွယ်စုတွေကတောင် မရှင်သန်နိုင်ပါဘူး။ အဲ့အမွှေးဖြူကောင်က အဆင့်မြင့် နတ်သားရဲလေးတစ်ကောင်ပဲလေ၊ ဘယ်လိုလုပ် လွတ်သွားရတာလဲ? “
ဓမ္ဓပုံရိပ် နဂါး စည်းတံဆိပ်သည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ အလွန်ကျော်ကြားသော နတ်စွမ်းရည်တစ်ခု ဖြစ်သည်။
ယခုလေးတင် မြင်တွေ့ခဲ့ရသည့် မီတာ ၁၀၀၀ကျယ်ဝန်းသော နဂါးလက်သည်းကြီးသည် အောင်းဖီ ဖန်တီးထားသည့် စည်းတံဆိပ်တစ်ခုဖြစ်ပြီး၊ အဆိုပါ တိုက်ကွက်ကို တစ်ကြိမ်မျှ ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် အစစ်အမှန် သားရဲမျိုးနွယ်စုအတွင်းရှိ အထက်အဆင့် သားရဲမျိုးနွယ်ဝင်များကပင် ၎င်းကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
( အစစ်အမှန် နတ်သားရဲတွေမှာလည်း အဆင့်တွေ ရှိပါတယ်၊ အရာအားလုံးနီးပါးမှာ အဆင့်နိမ့်၊ အလယ်အလတ်၊ အထက်အဆင့်(သို့) အဆင့်မြင့်၊ အထွတ်အထိပ်စသည်ဖြင့် ရှိပါတယ်၊ အခေါ်အဝေါ်လေးတွေတော့ မတူဘူးပေါ့ )
ထိုကဲ့သို့သော တိုက်ကွက်ထံမှ အဆင့်မြင့် နတ်သားရဲတစ်ကောင်က မည်ကဲ့သို့ လွတ်မြောက်သွားသနည်း?
အောင်းဖီသည် မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ ဒီမွှေးဖြူကောင်ရဲ့ ဟော်မျိုးနွယ်စုက မြေဓာတ်နဲ့ တရင်းတနှီးရှိတယ်။ ငါထင်တာသာ မှန်နေမယ်ဆိုရင်၊ ဒီအမွှေးဖြူကောင်က အသက်အန္တရာယ်ကနေ လွတ်မြောက်အောင် မြေကမ္ဘာလွတ်မြောက်မှုကို သုံးသွားတာပဲ ဖြစ်ရမယ် “
“ ဒါပင်မဲ့ မသေဘူးဆိုရင်တောင်မှ ဒဏ်ရာကြီးကြီးမားမားတော့ ရသွားမှာပဲ “
အောင်းဖီသည် အေးစက်စွာ နှာမှုတ်၍ ပြောလာခဲ့သည် “ ငါ့အတွက် ရှာကြစမ်း !! အဲ့မွှေးဖြူကောင်က အဝေးကြီးကို မသွားနိုင်ဘူး “
“ ဟုတ် !!! “
နဂါးဖြူများသည် အောင်းဖီ၏ အမိန့်အတိုင်း လှုပ်ရှားကာ အရပ်မျက်နှာ ရှစ်ခုစလုံးဆီသို့ ချက်ချင်းလူစုခွဲ ပြန့်ကျဲသွားတော့သည်။
…
ချိုင့်ဝှမ်းအတွင်း၌
အမွှေးဖြူသားရဲကောင်သည် အငွေ့အသက်ကို လုံးဝထိန်းချုပ်ထားကာ မြေပြင်ပေါ်တွင် ဝပ်တွားနေခဲ့သည်။ ၎င်း၏မြေဓာတ်နှင့် ရင်းနှီးပတ်သက်မှုကြောင့် ၎င်း၏ ပုန်းကွယ်မှုသည် အတော်လေး အံ့ဖွယ်ကောင်းနေခဲ့သည်။
ဤအချိန်တွင် အမွှေးဖြူသားရဲသည် စိတ်တင်းကြပ်ကာ ဖိအားများ ဝင်နေလျက်ရှိသည်။ ယခုလက်ရှိ အခြေအနေတွင် ၎င်းသည် အောင်းဖီကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤနေရာတွင် ခွေခေါက်ကာ အသက်ပင် မရှူနိုင် ဖြစ်နေခဲ့သည်။
ပို၍အံ့ဩဖွယ်ကောင်းသည်မှာ ၎င်း၏ အဖြူရောင် အမွှေးများက ဖြည်းဖြည်းချင်း အရောင်ပြောင်းသွားခဲ့ပြီး၊ ပတ်ပတ်လည်ရှိ အရာဝတ္ထုများနှင့် ရောနှောသွားကာ ချိုင့်ဝှမ်း၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် မီတာ၁၀၀အကွာရှိ နတ်နဂါးသားရဲကြီးက အဆိုပါဖြစ်ရပ်တစ်ခုလုံးအား စောင့်ကြည့်နေသည်ဆိုသည်ကို မည်သူမှ မသိကြပေ။
ကံကောင်းထောက်မစွာဖြင့် ဤချိုင့်ဝှမ်းသည် အညိုရောင်သန်းနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ရွှေနက်ရောင်ဖြစ်သည့် နတ်နဂါးသားရဲကြီးမှာ ကောင်းစွာပုန်းကွယ်နေနိုင်လိမ့်မည် မဟုတ်ပေ။
“ ဝှစ် “
ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာခဲ့ကာ၊ ၎င်းတို့သည် ဤချိုင့်ဝှမ်းနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။
လက်သည်းငါးခု ရွှေနဂါး ရောက်လာခဲ့ပြီဖြစ်သည်။
နတ်နဂါးသားရဲကြီးမှာ အေးဆေးတည်ငြိမ်နေစဲသာဖြစ်ပြီး၊ သို့သော် အသံတစ်သံမှ မထွက်ခဲ့ပေ၊ ယခုလက်ရှိအချိန်တွင် သူသည် ထိုကဲ့သို့သော အစစ်အမှန် နတ်သားရဲမျိုးကို မရင်ဆိုင်လိုသေးပေ။
အမွှေးဖြူသားရဲမှာလည်း ထိုအတိုင်းသာ ရှိနေခဲ့ပြီး၊ ပတ်ဝန်းကျင်ရှိ အရာများနှင့်အတူ အပြည့်အဝ ပေါင်းစည်းနေခဲ့သည်။
တစ်ခဏခန့် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင် မည်သည့်အရာကိုမှ မတွေ့ခဲ့ရသောကြောင့် အောင်းဖီသည် ဤနေရာမှ ပြန်ထွက်သွားကာ ဤနယ်မြေထဲတွင် လိုက်လံရှာဖွေနေတော့သည်။
ချိုင့်ဝှမ်းအတွင်း၌ သားရဲကြီးနှစ်ကောင်သည် သဘောတူညီချက် ပြုလုပ်ထားသကဲ့သို့ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ကြပေ။
နောက်ထပ် နာရီဝက်ကြာခဲ့ပြီးသည့်နောက် အောင်းဖီ အမှန်တကယ် ထွက်သွားသည့်အချိန်တွင် အမွှေးဖြူသားရဲသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ တောင်ကုန်းပေါက်ထဲမှ ဖြည်းဖြည်းချင်း ကုတ်ဖက်တက်လာခဲ့သည်။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ ……. “
၎င်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ စိတ်နှလုံးသားလှုပ်ခတ်သွားခဲ့သည်။
“ ဟမ်?? “
ထိုအချိန်တွင် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ အရပ်မျက်နှာတစ်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည် “ အဲ့မှာ ဘယ်သူလဲ?? “
သူ့စကားမဆုံးခင် အချိန်မှာပင် သူသည် နတ်နဂါးသားရဲကြီးရှိရာဘက်သို့ လက်သည်းချက်တစ်ခု ပစ်လွှတ်လာခဲ့သည်။
“ ဘုမ်းးးး !! ”
နတ်နဂါးသားရဲကြီး၏ ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
အမွှေးဖြူသားရဲကြီးသည် အရင်ဦးဆုံးအနေဖြင့် အံ့ဩသွားခဲ့ပြီး၊ ထို့နောက်တွင် ပျော်ရွှင်သွားခဲ့သည် “ ဒီနေရာမှာ သွေးနှောသားရဲကောင်တစ်ကောင်လည်း ပုန်းနေတာလား? “
အစောပိုင်းအချိန်များအတွင်းက ၎င်းသည် အသက်အောင့်ထားခဲ့သောကြောင့် ဤနေရာတွင် တစ်ခြားသားရဲတစ်ကောင်ကောင် ရှိနေမလားဆိုသည်ကို သတိမပြုမိခဲ့ပေ။ သို့သော် အားကောင်းလွန်းလှသော အာရုံငါးပါးကြောင့် အကြပ်အတည်းကို ကျော်လွှားနိုင်ခဲ့သည်နှင့်တစ်ပြိုင်နက် တစ်ခုမှားယွင်းနေကြောင်းကို သတိပြုမိသွားခဲ့သည်။
မထင်မှတ်ထားစွာဖြင့် သွေးနှောသားရဲတစ်ကောင်သည် ဤနေရာတွင် ပုန်းအောင်းနေခဲ့သည်။
“ ဟားဟားဟား ……… မုန်တိုင်းတွေပြီးရင် လေပြေတွေလာတယ်ဆိုတဲ့ စကားက တကယ်ကြီး မှန်နေတာပဲ “
အမွှေးဖြူနဂါးသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။ ယခုတွင် သူက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး၊ အတော်အတန် အားကောင်းသည့် သားရဲများကပင် သူ၏အသက်နှုတ်ကို ယူသွားနိုင်ပေသည်။
သို့သော် မမျှော်လင့်ထားစွာဖြင့် ကောင်းကင်ဘုံသည် စတုတ္ထအဆင့်သို့ ရောက်ခါစဖြစ်သည့် သွေးနှောသားရဲကောင်ကို သူ့အရှေ့သို့ ပေးပို့လာခဲ့သည်။
၎င်းမှာ ရိုးရှင်းပြီး အလွန်ကောင်းသော ဆေးဝါးတစ်လက်ဖြစ်သည်။
မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေတွင် သွေးနှောသားရဲများ ရှားပါးလွန်းနေခဲ့ပြီး၊ ၎င်းတို့ အများစုမှာ အမြှောက်စာများသာ ဖြစ်ကာ၊ အုပ်စုလိုက် ပေါ်လာလေ့ရှိသည်။
သို့သော် ယခုတွင်ကား တစ်ကိုယ်တော် ဖြစ်နေသည့် သွေးနှောသားရဲကောင် ပေါ်လာခဲ့လေသည်။
အကယ်၍ ၎င်းကသာ ကောင်းကင်ဘုံ၏ လက်ဆောင် မဟုတ်ဘူးဆိုပါက၊ မည်သည့်အရာဖြစ်သနည်း?
အမွှေးဖြူသားရဲသည် ထပ်မံ၍ ရယ်မောနေတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် နတ်နဂါးသားရဲကြီးဆီသို့ လက်ဆန့်တန်းလာခဲ့သည်။
“ ဝုန်းးးး !!! “
ဒဏ်ရာ ရရှိထားခဲ့သော်လည်း ၎င်း၏ အရှိန်အဟုန်သည် မည်သို့မျှ မလျော့ကျသွားခဲ့ချေ။ ရွှေရောင်ခွာတစ်ခုပေါ်လာခဲ့ကာ၊ ကြီးမားသော စည်းတံဆိပ်တစ်ခုအဖြစ် အသွင်ပြောင်းပြီး၊ နတ်နဂါးသားရဲကြီးကို ဖိနှိပ်လာတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ နတ်ဆိုးစွမ်းအင်များသည် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ တိုးထွက်လာခဲ့ကာ အဆိုပါ စည်းတံဆိပ်ကို တားဆီးပိတ်ဆို့လိုက်သည်။
နတ်နဂါးသားရဲကြီးသည် ပြန်မတိုက်ဘဲ နောက်သို့သာ ဆုတ်ခွာသွားခဲ့သည်။
သူသည် အမွှေးဖြူသားရဲကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည် “ လက်သည်းငါးခု ရွှေနဂါးကို ဆွဲဆောင်မိသွားမှာကို မကြောက်ဘူးလား? “
အမွှေးဖြူသားရဲကြီးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းကိုရှင်းရတာက လွယ်တာထပ်တောင် ပိုနေသေးတယ် “
၎င်းက နတ်နဂါးသားရဲကြီးကို အထင်တသေးဖြစ်နေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
“ သွား !! “
အမွှေးဖြူသားရဲကြီးမှ ၎င်း၏ ပါးစပ်ကို ဖွင့်လာခဲ့ရာ၊ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဦးချိုတစ်ချောင်းနှင့် အတောင်ပံများ ပါဝင်သည့် hylosအဖြစ် ပြောင်းလဲသွားကာ နတ်နဂါးသားရဲကြီးကို ထိုးချလာခဲ့သည်။
( mlbb ထဲမှာပါတဲ့ tankဖြစ်တဲ့ hylos ပုံစံမျိုး( အပေါ်ဘက်က လူခန္ဓာကိုယ်၊ အောက်ဘက်က မြင်းခန္ဓာကိုယ်) ကိုမှ ဦးချိုတစ်ချောင်းနဲ့ အတောင်ပံတွေ ပါနေတဲ့ အကောင်ပါ )
၎င်းမှာ အမွှေးဖြူမျိုးနွယ်စု၏ သွေးမျိုးဆက် နတ်စွမ်းရည် - ကောင်းကင်ဘုံ ပေးဂဆပ်စ် ဥက္ကာပျံ လက်သီးပင် ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် အဆင့်မြင့် နတ်သားရဲတစ်အုပ်ကပင် ၎င်းကို ယှဥ်နိုင်မည် မဟုတ်ဘဲ ရှောင်တိမ်းထွက်ပြေးရမည် ဖြစ်သည်။
အမွှေးဖြူမျိုးနွယ်စုသည် စကားကိုသာ ပေါ့ပေါ့ပါးပါး ပြုလုပ်ခဲ့သော်လည်း၊ တိုက်ခိုက်ရာတွင်မူ ပေါ့ပေါ့တန်တန် မပြုလုပ်ဘဲ နတ်နဂါးသားရဲကြီးကို လုံးဝဖိနှိပ်ရန်အတွက် ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလာခဲ့သည်။
ဘုမ်းးးး !!!
နတ်နဂါးသားရဲကြီးသည် ရှောင်တိမ်းခြင်း(သို့) ထွက်ပြေးခြင်း မပြုလုပ်ပေ၊ ထို့အစား ၎င်း၏ အတောင်ပံများကို ကြီးမားသော လက်သီးဆုပ်များအဖြစ် ပြောင်းလဲလိုက်ကာ ထိုးချလာခဲ့သည်။
နှစ်ဖက်စလုံး၏ လက်သီးများ တိုက်မိသွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။
ဘမ်း ဘမ်း ဘမ်း !!
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးသည် ထိုးချက် ရာနှင့်ချီ၍ ဖလှယ်ခဲ့ကြသည်၊ နတ်နဂါးသားရဲကြီးသည် ပြိုင်ဘက်၏ အားနည်းချက်တစ်ခုကို ရှာတွေ့သွားကာ ၎င်း၏ ရင်ဘတ်ကို ထိုးချလိုက်သည်။
“ ခရက် !!! “
အဆိုပါ ထိုးချက်အောက်တွင် hylosကြီးသည် နောက်သို့ လွင့်ထွက်သွားခဲ့ပြီး၊ ၎င်း၏ ရင်ဘတ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ အက်ကွဲကြောင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဖုံးလွှမ်းသွားခဲ့သည်။
…………………………………………………………………………………………………………………………………....
အပိုင်း ( 395 )
ကောင်းကင်ဘုံ နဂါး၏ ပြောင်းလဲမှုငါးသွယ် ၂
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ဘုမ်းဟူသော အသံနှင့်အတူ အဆိုပါ hylosကြီးသည် ပေါက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?? “
မွှေးဖြူသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သွေးနှောသားရဲကောင်လေးက ငါ့ရဲ့ သွေးမျိုးဆက် နတ်စွမ်းရည်ကို ဘယ်လိုလုပ် ဖြေရှင်းနိုင်ရတာလဲ?
( သွေးမျိုးဆက် နတ်စွမ်းရည်ဆိုတာက နတ်သားရဲတွေမှာပဲရှိတဲ့ စွမ်းရည်တစ်ခုပါ၊ မွေးကတည်းကပါတဲ့ မွေးရာပါ စွမ်းရည်ပါ၊ ကလီစာငါးခုရဲ့ နတ်စွမ်းရည်နဲ့ မတူပါဘူး၊ သပ်သပ်စီပါ )
သူက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သော်လည်း၊ သူ့သွေးမျိုးဆက် စွမ်းရည်၏ စွမ်းအားသည် သိသိသာသာ အားပျော့သွားခဲ့သည်။ သို့သော် ၎င်းမှာ သွေးနှောသားရဲကောင်များကို လှုပ်ခါသွားစေနိုင်သည်ထပ် ပိုနေသေးသည်။
သွေးနှောသားရဲကောင်အဖြစ် ရုပ်ဖျက်ထားတာများလား?
မွှေးဖြူသားရဲကောင်၏ အတွေးများ လှုပ်ခတ်သွားခဲ့ပြီး၊ တစ်ခဏအတွင်းမှာပင် ၎င်း၏ စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ဖြစ်ပေါ်လာခဲ့သည်။
နတ်နဂါးသားရဲကြီးကမူ သူ၏လက်သီးကို ငေးကြည့်နေလျက်ရှိသည်။ စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏အင်မော်တယ်စွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း အံ့ဖွယ်ကောင်းလောက်အောင် ခိုင်မာတောင့်တင်းလာခဲ့သည်။
ယခုလက်ရှိ နတ်နဂါးသားရဲကြီး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုများအကြားရှိ အထွတ်အထိပ်အဆင့် မျိုးနွယ်စုများနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် မည်သို့မျှ နိမ့်ကျနေလိမ့်မည် မဟုတ်ပေ။
ဒဏ်ရာအပြင်းအထန် ရရှိထားသည့် မွှေးဖြူသားရဲကောင်သာဆိုပါက ပြောနေစရာပင် မလိုတော့ချေ။
“ ဒါပင်မဲ့ ဆက်တိုက်နေရမယ်ဆိုရင် လက်သည်းငါးခု နဂါးကောင်ကို ဆွဲဆောင်မိသွားလောက်တယ် “ နတ်နဂါးသားရဲကြီးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ဒီကိစ္စကို မြန်မြန်ရှင်းမှ ဖြစ်မယ် “
“ ဟစ် “
သူ့ခန္ဓာကိုယ်အတွင်းပိုင်းတွင် နတ်ဆိုးစွမ်းအင်များ လျှံထွက်လာပြီး၊ နှင်းဖြူရောင် ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ၊ မွှေးဖြူရောင် သားရဲကြီးကို ခုတ်ပိုင်းလိုက်သည်။
ဇွီ ဇွီ ဇွီ …… နှင်းဖြူရောင် ဆေဘာအလင်းတန်းသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တောက်ပသွားစေခဲ့ကာ ပတ်ပတ်လည်ရှိ တိမ်ထုများကို ရှင်းထုတ်၍ ပြန့်ကျဲသွားစေခဲ့သည်။
“ ဝုန်းးးး !!! “
တစ်ချိန်တည်းမှာပင် ခရမ်းရောင် အလင်းတန်းသည် နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။
၎င်းသည် ချန်းရှင်ဆီမှ ရရှိခဲ့သော စိတ်ဝိညာဥ် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်ပြီး၊ မူလကိုယ်နှင့် ကိုယ်ပွားတို့၏ အသိစိတ်နှင့် စိတ်ဝိညာဥ် ဆက်နွယ်မှုများကြောင့် ကိုယ်ပွားဖြစ်သည့် နတ်နဂါးသားရဲကြီးမှာလည်း မူလကိုယ် တတ်မြောက်ထားသည့် ကျင့်ကြံရေး နည်းစနစ်များကို ကောင်းစွာ အသုံးပြုနေနိုင်ခဲ့သည်။
မွှေးဖြူသားရဲကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သို့သော် အထိတ်တလန့် မဖြစ်သွားခဲ့ချေ။
၎င်း၏ မျက်လုံးများထဲတွင်လည်း အလင်းတန်းများ ပေါ်လာခဲ့ပြီး၊ တုန်ခါသံတစ်ခုပေါ်ထွက်လာခဲ့ကာ၊ ၎င်းမှာလည်း စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ပြုလုပ်လာခဲ့သည်။
အဆင့်မြင့် နတ်သားရဲတို့၏ အထက်ရှိ သွေးမျိုးဆက်များထံတွင် မွေးရာပါ စိတ်ဝိညာဥ် စွမ်းအားရှိလေ့ရှိသည်။
မွှေးဖြူသားမျိုးနွယ်စုမှာ အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုများကြားမှာပင် အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေလျက်ရှိသောကြောင့် ၎င်းတို့၏ စိတ်ဝိညာဥ်စွမ်းအားမှာလည်း အလွန်တရာ အားကောင်းနေခဲ့သည်၊ သို့သော် ၎င်းမှာ အစစ်အမှန် နတ်သားရဲများကိုမူ မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအချိန်၌ မွှေးဖြူသားရဲကြီးသည် စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ ဒီလိုစိတ်ဝိညာဥ်စွမ်းအားမျိုးက ငါ့ထပ်တောင် သာသေးတယ် “
မွှေးဖြူသားရဲကြီး မှင်သက်သွားခဲ့သည်၊ သို့သော် ၎င်းကို တွေးတောနေရန် အချိန်မရှိပေ။ ၎င်းသည် ကျဆင်းလာသည့် နှင်းဖြူရောင် ဆေဘာအလင်းတန်းကို ငေးကြည့်နေခဲ့ပြီး၊ ၎င်း၏ မျက်လုံးများထဲတွင် အညိုရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ မြေကြီးရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ၎င်း၏ ဒဏ်ရာများကို ဖုံးလွှမ်းသွားတော့သည်၊ ……….. မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ဒဏ်ရာများ ပျောက်ကွယ်သွားခဲ့သည်။
“ အဲ့တာက?? မြေကမ္ဘာ နတ်စွမ်းရည်လား? “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် တအံ့တဩဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
မွှေးဖြူသားရဲကြီး အသုံးပြုလိုက်သည့် မြေကမ္ဘာ နတ်စွမ်းရည်သည် ဒဏ်ရာများကို ဖိနှိပ်လိုက်ခြင်းသာဖြစ်သည်၊ ၎င်းသည် ဒဏ်ရာများကို ယာယီဖိနှိပ်လိုက်ခြင်းသာဖြစ်ပြီး၊ အမှန်တကယ် ပျောက်ကင်းသက်သာသွားစေခြင်း မဟုတ်ပေ။
မွှေးဖြူသားရဲကြီးသည် ရှိသမျှ အကုန်လုံး ထုတ်သုံးကာ သူ၏ အစွမ်းဆုံး တိုက်ကွက်ကို ထုတ်သုံးကာ နတ်နဂါးသားရဲကြီးကို သတ်ဖြတ်ရန် ကြံရွယ်နေသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
“ ဝရုန်းးးး !!! “
ချက်ချင်းဆိုသလိုပင် မွှေးဖြူသားရဲကြီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ မီတာ ၁၀၀မြင့်မားသည့် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မြေဓာတ်နတ်ဘုရားတစ်ပါးကဲ့သို့ မြေကမ္ဘာအရှိန်အဝါကို ထုတ်လွှင့်လာခဲ့သည်။
၎င်းသည် သူ၏ တကယ့်ဝှက်ဖဲဖြစ်သည့် သတ်ဖြတ်မှု တိုက်ကွက် - မြေဓာတ် ဓမ္မပုံရိပ်ပင် ဖြစ်သည်။
၎င်းမှာ မွှေးဖြူသားရဲကြီး၏ မွေးရာပါ နတ်စွမ်းရည်တစ်ခုလည်း ဖြစ်သည်။
ဤတိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် မီတာထောင်ပေါင်းများစွာ အတွင်းရှိ မြေဓာတ်စွမ်းအားများ လျင်မြန်စွာ စုစည်းလာပြီး၊ ကြီးမားသော ဓမ္မပုံရိပ်ကြီးအဖြစ် ဖွဲ့စည်းလာမည်ဖြစ်ကာ၊ ၎င်း၏ စွမ်းအားမှာလည်း ၅၀%အထိ မြင့်တက်သွားမည် ဖြစ်သည်။
ထို့ကြောင့်ပင် မွှေးဖြူသားရဲမျိုးနွယ်စုက အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုများကြားတွင် အထွတ်အထိပ်တစ်နေရာကို ကိုင်ဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။
“ ဝေါင်းးးး !!! “
၎င်းသည် ကျယ်လောင်စွာ ဟိန်းဟောက်၍၊ ချဥ်းကပ်လာသည့် ဆေဘာအလင်းတန်းအား လက်သီးထိုးချက်တစ်ခုဖြင့် တွေ့ဆုံပေးလိုက်သည်။
“ ဝုန်းးးးး !!! “
လက်သီးကြီးက ဆေဘာအလင်းတန်းနှင့် တိုက်မိသွားရာ၊ အားကောင်းသော စွမ်းအင်လှိုင်းလုံးကို ချက်ချင်း ထုတ်လွှင့်လာခဲ့ပြီး၊ တစ်ကီလိုမီတာအတွင်းရှိ မြေပြင်ကို ချက်ချင်း ပေါက်ထွက်သွားစေခဲ့သည်။
ဆေဘာအလင်းတန်းမှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“ ဒီမြေဓာတ် နတ်စွမ်းရည်ရဲ့ စွမ်းအားက မူလကိုယ်ရဲ့ မီးနတ်စွမ်းရည်ထပ်တောင် ပိုပြီးတော့ အားကောင်းနေတာလားဟ? “
ရှုကျိုးသည် တိတ်တဆိတ် အံ့ဩသွားခဲ့သည် “ မူလကိုယ်က အဆင့်၃မှာပဲ ရှိနေသေးတာလေ၊ အဆင့်၄ကို ရောက်လာတာနဲ့ အဲ့တာရဲ့ စွမ်းအားက ဒီဟာနဲ့ သိပ်ကွာနေမှာ မဟုတ်ဘူး “
လက်သီးထိုးချက်တစ်ခုတည်းဖြင့် သူ၏ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို ဖြိုဖျက်သွားခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသည် အမှန်ပင် ကြောက်စရာကောင်းလှသည်။
နတ်နဂါးသားရဲကြီးသည် ဘေးတစ်ဘက်သို့ ရွေ့လျားကာ ၎င်းကို ရှောင်တိမ်းလိုက်သည်။
မွှေးဖြူသားရဲကြီးကမူ ဓမ္မပုံရိပ်ကြီးကို ထိန်းချုပ်ကာ နတ်နဂါးသားရဲကြီးထံသို့ လက်သီးချက်တစ်လုံး ပစ်သွင်းလာပြန်သည်။
“ ဒီ ဓမ္မပုံရိပ်မှာ အချိန်အကန့်အသတ် ရှိကိုရှိရမယ်။ ပုံမှန်အခြေအနေတွေမှာဆိုရင်တော့ နေရာကူးပြောင်းတာလုပ်ပြီးတော့ အချိန်ဆွဲထားလို့ရတယ် “
ရှုကျိုးမှာ တိတ်တဆိတ် တွေးတောတွက်ချက်နေတော်သည် “ ဒါပင်မဲ့ အခုက အချိန်ပိုကြာလေလေ၊ လက်သည်းငါးခု ရွှေနဂါးကို ပိုပြီးတော့ ဆွဲဆောင်နိုင်လေလေပဲ “
ဤတိုက်ပွဲကို ရှောင်ရှား၍ မရတော့သောကြောင့် တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်ရတော့မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် နတ်နဂါးသားရဲကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ကလီစာငါးခု၏ တံခါးပေါက်များကို ဖွင့်လှစ်လိုက်သည်။
အဆုံးမဲ့ စွမ်းအားများ လျှံထွက်လာတော့သည် !!
သားရဲမျိုးနွယ်စုများက ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုလိုက်သောအခါတွင် သူတို့သည် နတ်စွမ်းရည်များလည်း ရရှိနိုင်ကြသည်။
နတ်နဂါးသားရဲကြီးကမူ အလျင်စလိုဖြစ်နေသောကြောင့် ၎င်းကို မစစ်အားသေးပေ။
“ ဟစ် “
ကလီစာငါးခု၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် ပေါက်ထွက်လာသည်နှင့်အမျှ၊ များပြားလှသော အချက်အလက်များသည် သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။
၎င်းမှာ မှဏ်ဉာဏ် အမွေဆက်ဆံမှုကဲ့သို့ ဖြစ်နေခဲ့သည်။
အဆိုပါမှတ်ဉာဏ်များသည် နတ်နဂါးသားရဲကြီး၏ စိတ်ထဲတွင် ချိတ်ပိတ်ထားသည့် အရာများဖြစ်ပြီး၊ သူက ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုလိုက်သောကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ ကောင်းကင်ဘုံ နဂါးရဲ့ ပြောင်းလဲမှု ငါးသွယ် “
အဆိုပါ နည်းစနစ်တွင် အဆင့်ငါးဆင့် ပါဝင်နေလျက်ရှိသည်၊ အစပိုင်း ပထမ ပြောင်းလဲမှ အမြင့်ဆုံး ပဥ္စမ ပြောင်းလဲမှုအထိ ဖြစ်ပြီး၊ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ်၊ ရှေးဟောင်းမိုးပြားနဂါး အသွင်ပြောင်းခြင်း၊ လက်သည်းရှစ်ခု ရွှေနဂါး အသွင်ပြောင်းခြင်း၊ ဘိုးဘေးနဂါး အသွင်ပြောင်းခြင်းနှင့် ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းတို့ ဖြစ်သည်။
အဆုံးမဲ့ အချက်အလက်များသည် နတ်နဂါးသားရဲကြီး၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။
သူ၏မျက်လုံးများထဲတွင် တအံ့တဩဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
အဆိုပါ အချက်အလက်များထဲတွင် ပါဝင်နေသည့် ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်သည် ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သည့် အရာဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် နတ်နဂါးသားရဲကြီးသည် ၎င်းတို့ကို အပြည့်အဝ မချေဖျက်နိုင်သေးပေ။
“ ကောင်းကင်ဘုံနဂါးရဲ့ ပြောင်းလဲမှုငါးသွယ်၊ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ် !! “
နတ်နဂါးသားရဲကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်၍ သူ၏ချီ-သွေးများကို ဆူပွက်စေလိုက်သည်။ သူ၏အရေပြားပေါ်တွင် များစွာသော မိုးပြားရောင် ပုံစံကွက်များ ပျံ့နှံ့လာကာ တလက်လက် တောက်ပနေခဲ့သည်။
တစ်ချိန်တည်းမှာပင် မမြင်တွေ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဟမ်? “
အဆိုပါ ရုတ်တရက် ပြောင်းလဲမှုသည် မွှေးဖြူသားရဲ၏အမူအရာကို ပြောင်းလဲသွားစေခဲ့သည် “ အဲ့တာ …….. အစစ်အမှန် နတ်သားရဲရဲ့ အငွေ့အသက်လား? “
နတ်နဂါးသားရဲကြီ၏ သွေးနှောမျိုးဆက် အရှိန်အဝါများ ပျောက်ကွယ်သွားကာ၊ ၎င်း၏နေရာတွင် အစစ်အမှန် နတ်သားရဲ၏ သွေးမျိုးဆက် အရှိန်အဝါက အစားထိုးဝင်ရောက်လာခဲ့သည်။
“ မင်းက ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ၊ သေကိုသေရမယ် “
မွှေးဖြူသားရဲကြီးမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။ ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် မည်သို့မျှ နောက်ပြန်ဆုတ်နိုင်တော့မည် မဟုတ်ပေ။
၎င်းသည် ဓမ္ဓပုံရိပ်ကြီးကို ထိန်းချုပ်ကာ နတ်နဂါးသားရဲကြီးကို ထပ်မံ၍ ထိုးနှက်လာပြန်သည်။
နတ်နဂါးသားရဲကြီးသည် ပြေးဝင်လာသည့် ဧရာမ လက်သီးကြီးကို တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းမော့၍ ကြည့်လိုက်ပြီး၊ လက်ဝါးရိုက်ချက်တစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
ဘုမ်းးးးး !!!
ကြီးမားသော လက်သီးကြီးနှင့် သေးငယ်သော လက်ဝါးတစ်ခု တိုက်မိသွားတော့သည်။
ခရက် !!!
ဧရာမလက်သီးကြီးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် ပျံ့နှံ့လာခဲ့ကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓမ္မပုံရိပ်ကြီး၏ လက်မောင်းတစ်ဖက် ပေါက်ကွဲသွားခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် အားကောင်းသော သက်ရောက်မှုကြောင့် ဓမ္မပုံရိပ်ကြီးသည် နောက်သို့ လဲပြိုသွားခဲ့သည်။
“ ငါ့အလှည့်ရောက်ပြီ !! “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများ အေးစက်နေခဲ့သည်။ သိပ်သည်းသော နတ်ဆိုးစွမ်းအင်များသည် ကောင်းကင်ထက်သို့ ထောင်တက်သွားကာ၊ ကောင်းကင်ကို ဖုံးအုပ်နေသည့် လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး၊ တဟုန်ထိုး ကျဆင်းလာခဲ့သည်။
“ မဟုတ်ဘူး !! “
မွှေးဖြူသားရဲကြီးသည် ဒေါကြီးမောကြီး ဟိန်းဟောက်လာခဲ့သည်၊ ဓမ္မပုံရိပ်ကြီးထံတွင် အလင်းတန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့ပြီး၊ ပြင်းပြင်းထန်ထန် ပြန်တိုက်လာခဲ့သည်။
“ ဘုမ်းးးး !!! “
အားနှစ်ခုထိတွေ့မိသွားကာ၊ ဓမ္မပုံရိပ်ကြီသည် အော်ဟစ်ညီးတွားနေခဲ့ပြီး၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့ကာ လုံးလုံးလျားလျား ပြိုကွဲသွားတော့သည်။
နတ်ဆိုးစွမ်းအင်များဖြင့် ဖန်တီးထားသည့် လက်ကြီးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
လက်ရည်ညီကာ သရေကျသွားပုံရသော်လည်း၊ မွှေးဖြူသားရဲကြီးသည် မွေးရာပါ နတ်စွမ်းရည် ပြိုကွဲသွားခြင်းကြောင့် တန်ပြန်သက်ရာက်မှု ခံစားလိုက်ရပြီး၊ စွမ်းအားများ လျော့ကျသွားခဲ့သည်။
နတ်နဂါးသားရဲကြီးသည် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
“ ဘမ်းးး !! “
ယခုလက်ရှိ အချိန်တွင် မွှေးဖြူသားရဲကြီးသည် မည်သို့မျှ မခုခံနိုင်တော့ဘဲ၊ ထိုးနှက်ခြင်းများကို ဆက်တိုက်ခံနေခဲ့ရကာ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သည်။
( ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်သွားတာမျိုး မဟုတ်ဘဲ ကိုယ်တွင်းမှာရှိတဲ့ အထဲက စွမ်းအင်တွေ ကသောင်းကနင်းဖြစ် ပေါက်ကွဲပြီး အကြောတွေ ကလီစာတွေ ပြတ်သွားတာမျိုးပါ )
“ ပြီးသွားပြီ “
နတ်နဂါးသားရဲကြီးမှ ရေရွတ်ပြောဆိုလာခဲ့သည်၊ နတ်ဆိုးစွမ်းအင်များဖြင့် ဖန်တီးထားသည့် ဆေဘာအလင်းတန်းမှာလည်း ထပ်မံ၍ ခုတ်ပိုင်းလာခဲ့ကာ မွှေးဖြူသားရဲကြီး၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားခဲ့သည်။
ထို့နောက်တွင် လက်ဝေ့ယမ်းကာ အဆိုပါ အလောင်းအား ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချက်ချင်း ထွက်ခွာသွားတော့သည်။
…
မိုင်တစ်ရာကျော်အထိ ဆက်တိုက်ပြေးလွှားနေခဲ့ပြီးသည့်နောက်မှသာလျှင် နတ်နဂါးသားရဲကြီးသည် သူ၏ပြေးနှုန်းကို လျှော့ချလိုက်သည်။
သူ၏မျက်လုံးများထဲတွင်မူ အံ့ဩတုန်လှုပ်မှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ နိုးထလာတဲ့ နတ်စွမ်းရည်က ဒီလောက်တောင် စွမ်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
အဆိုပါ ကောင်းကင်ဘုံနဂါး၏ ပြောင်းလဲမှုငါးသွယ် နည်းစနစ်သည် လူ(သို့) သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို အုတ်မြစ်အဖြစ်၊ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကိုမူ သော့အဖြစ် အသုံးပြုကာ၊ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ်အဆင့်မှ ဖရိုဖရဲ နဂါးနတ်ဘုရားအဆင့်အထိ ဘဝအဆင့်၏ ဆင့်ကဲပြောင်းလဲမှုကို ဖွင့်လှစ်ပေးခြင်းပင် ဖြစ်သည်။
ပြောင်းလဲခြင်းဟု ခေါ်ဆိုသောအရာသည် နတ်စွမ်းရည်ပြောင်းလဲခြင်းကိုသာလျှင် ညွှန်းဆိုခြင်းမဟုတ်ဘဲ၊ ဘဝအဆင့် ပြောင်းလဲမှုကိုပါ ညွှန်းဆိုခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် အကယ်၍ သူက ဖရိုဖရဲ နဂါးနတ်ဘုရား အသွင်ပြောင်းခြင်းကို လုပ်ဆောင်နိုင်မည်ဆိုပါက၊ သူ၏ တည်ရှိမှုသည် နဂါးနတ်ဘုရား ဆင်းသက်လာခြင်းနှင့် တူညီနေလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ဘိုးဘေးနဂါးနှင့် ဖရိုဖရဲ နဂါးနတ်ဘုရားကဲ့သို့သော တည်ရှိမှုများည် အလွန်ပင် စိတ်ကူးယဥ်ဆန်လွန်းနေလျက်ရှိသည်။
သို့သော် လက်သည်းရှစ်ခု ရွှေနဂါးကမူ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် အမှန်တကယ် တည်ရှိသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ ၎င်း၏ အဆင့်အတန်းသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုထပ်ပင် ပို၍မြင့်မားနေခဲ့ပြီး၊ မျိုးနွယ်တစ်သောင်းအနက် အထွတ်အထိပ်နေရာတွင် ရပ်တည်နေသည့် အထက်တန်းစား အစစ်အမှန် နတ်သားရဲမျိုးနွယ်စုတစ်ခု ဖြစ်သည်။
တစ်နည်းဆိုရသော် အကယ်၍ နတ်နဂါးသားရဲကြီးကသာ တတိယမြောက် အသွင်ပြောင်းခြင်းကို ပြုလုပ်နိုင်မည်ဆိုပါက မျိုးနွယ်စုတစ်သောင်းအနက် အထွတ်အထိပ် တစ်နေရာတွင် ရပ်တည်နိုင်မည် ဖြစ်သည်။
အကယ်၍ သူကသာ စတုတ္ထနှင့် ပဥ္စမမြောက် အသွင်ပြောင်းခြင်းကို ပြုလုပ်နိုင်ခဲ့မည်ဆိုပါက၊ မျိုးနွယ်စုတစ်သောင်းလုံး တုန်လှုပ်သွားရမည် ဖြစ်သည်။
……………………………………………………………………………………………………………………………………………
အပိုင်း ( 396 )
ထပ်မံ၍ တိုးတက်လာပြန်ပြီ !! ပြီးပြည့်စုံသော အဆင့်တက်မှု !!
သို့သော် ကောင်းကင်ဘုံနဂါး၏ ပြောင်းလဲမှုငါးသွယ် နည်းစနစ်က အလွန်အစွမ်းထက်သော်လည်း၊ ပဥ္စမမြောက်အဆင့်သို့ ရောက်ရှိရန်မှာ အတော်ပင် ခက်ခဲလွန်းလှသည်။
ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်သည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို သော့အဖြစ် အသုံးပြုသည်၊ ၎င်းမှာ ဤနည်းလမ်းက ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား ပမာဏကို ကြီးကြီးမားမား အသုံးပြုရန် လိုအပ်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
နတ်နဂါးသားရဲကြီး၏ လက်ရှိခွန်အားဖြင့်ဆိုပါက အမြင့်ဆုံးအနေဖြင့် ပထမပြောင်းလဲမှုကိုသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထို့အပြင် ပထမပြောင်းလဲမှုကိုတောင်မှ လျှို့ဝှက်စွမ်းအား မကုန်ခမ်းခင်အချိန်အထိ ၃၀%မျှသာ ပြောင်းလဲနိုင်မည် ဖြစ်သည်။
၎င်းမှာ သူ၏အင်မော်တယ်စွမ်းရည်ကို ကျေးဇူးတင်ရမည်ဖြစ်သည်၊ ၎င်းသာမရှိဘူးဆိုပါက သူသည် ၎င်းကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် မိုးပြာရောင်အကွက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်အတွက် အချိန်စေ့သွားပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
“ မိုးပြာနဂါး ပြောင်းလဲမှုကိုးသွယ်ရဲ့ ကြာချိန်က ဆယ်မိနစ်ဝန်းကျင်လောက်ရှိတာပဲ “ နတ်နဂါးသားရဲကြီးမှ တွေးတောနေတော့သည်။
၎င်းမှာ သူ၏ယခုလက်ရှိ သီအိုရီပိုင်းဆိုင်ရာ အမြင့်ဆုံးယူဆချက်ဖြစ်သည်။
ကလီစာငါးခု၏လျှို့ဝှက်စွမ်းအားက အသက်ဓာတ်နှင့် သက်ဆိုင်နေသည်ဆိုသည်ကို သိရမည် ဖြစ်သည်၊ ၎င်းက ကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် အသက်ဓာတ်မှာလည်း ကြီးကြီးမားမား ထိခိုက်သွားလိမ့်မည် ဖြစ်သည်။
အကယ်၍ အင်မော်တယ်စွမ်းရည်သာ မရှိဘူးဆိုပါက၊ နတ်နဂါးသားရဲကြီးသည် ၎င်းကို အချိန်အတော်ကြာ အသုံးပြုရဲမည် မဟုတ်ပေ။
တစ်ခြားသားရဲမျိုးနွယ်စုများအတွက်မူ အမြင့်ဆုံးအနေဖြင့် တစ်မိနစ်မျှသာ တောင့်ခံနိုင်မည်ဖြစ်သည်။
နတ်နဂါးသားရဲကြီးမှာ တွေးတောဆင်ခြင်နေတော့သည် “ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ကို တစ်ခါသုံးပြီးတဲ့နောက်မှာ ငါ့ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားက လုံးဝပျောက်သွားမှာ၊ အင်မော်တယ်စွမ်းရည်နဲ့ဆိုရင်တောင်မှ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ဖို့အတွက် နာရီပေါင်းများစွာ အချိန်ယူရဦးမှာ “
သို့ရာတွင် အဆိုပါ နတ်စွမ်းရည်မှ ယူဆောင်ပေးလာသည့် စွမ်းအားမှာ အတော်လေး အထင်ကြီးဖွယ်ကောင်းနေခဲ့သည်။
မွှေးဖြူသားရဲကြီး ပြသခဲ့သည့် ဓမ္မပုံရိပ်ကြီးအား စတုတ္ထအဆင့် တစ်ချို့သော အဆင့်မြင့်သားရဲကပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် မသေမျိုးနတ်နဂါးသားရဲကြီးကမူ မိုးပြာနဂါး ပြောင်းလဲမှုငါးသွယ်ကို မှီခို၍ ၎င်းကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ အခုလက်ရှိ ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် အစစ်အမှန် နတ်သားရဲတွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ အတိုင်းအတာတစ်ခုလောက်အထိ ယုံကြည်ချက်ရှိသင့်ပါတယ် “
နတ်နဂါးသားရဲကြီးသည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်နေတော့သည်။
အစောပိုင်း အချိန်များအတွင်းက မြင်တွေ့ခဲ့ရသည့် လက်သည်းငါးခု ရွှေနဂါးသည် အစစ်အမှန် နတ်သားရဲတစ်ကောင်၏ ခွန်အားကို ပြသခဲ့သည်။
မွှေးဖြူသားရဲကြီးက ဒဏ်ရာအပြင်းအထန် ရရှိထားမည်ဆိုလျှင်တောင်မှ ၎င်းက ကိုင်တွယ်ရခက်ခဲနေစဲသာ ဖြစ်သည်။
သို့သော် လက်သည်းငါးခု ရွှေနဂါးကမူ တစ်ကွက်တည်းဖြင့် မွှေးဖြူသားရဲကြီးကို ဒဏ်ရာအပြင်းအထန်ရရှိသွားအောင် ပြုလုပ်ခဲ့သည်၊ ၎င်းမှာ အစစ်အမှန်နတ် နတ်သားရဲများက မည်မျှအစွမ်းထက်လဲဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။
“ ဒီမွှေးဖြူသားရဲနဲ့ အနောက်ခေါင်း နတ်မျောက်ဝံတွေက ငါ့အတွက် တစ်လစာလောက်တော့ ရိက္ခာဖူလုံသွားစေပြီ “
နတ်နဂါးသားရဲကြီးမှ တွေးတောနေတော့သည် “ နေရာတစ်ခုရှာပြီးတော့ တိုးတက်အောင် လုပ်ရမယ်၊ ဆင့်ကဲပြောင်းလဲမှုကို နောက်တစ်ခါ ခံယူခဲ့ပြီးရင် ထွက်လာမယ် “
အဆင့်မြင့် နတ်သားရဲကပင် ကိုင်တွယ်ဖြေရှင်းရန်အတွက် ဤမျှခက်ခဲနေခဲ့သည်၊ အကယ်၍ အစစ်အမှန် နတ်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရပါက၊ အကယ်၍ သူအနိုင်ရမည်ဆိုလျှင်တောင်မှ ၎င်းက ပေးဆပ်မှုကြီးမားသော အောင်ပွဲတစ်ခုသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် နောက်လာမည့် ဆင့်ကဲပြောင်းမှုမှာ သိပ်မဝေးလှတော့ဘဲ၊ အများဆုံးအနေဖြင့် တစ်လမျှသာ အချိန်ယူရတော့မည် ဖြစ်သည်။
“ ဆွစ်ရှ် !! “
နတ်နဂါးသားရဲကြီး၏ ပုံရိပ် လှုပ်ရှားသွားခဲ့ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
…
ယခင်က တိုက်ပွဲကွင်းပြင်၌
ကြီးမားသော အရိပ်ကြီးတစ်ခုသည် များစွာသော နဂါးကိုဟိန်းသံများကို အဖော်ပြု၍ ဖုံးလွှမ်းလာခဲ့သည်။
လက်သည်းငါးခု ရွှေနဂါး အောင်းဖီသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး၊ ပတ်ဝန်းကျင် အေးစက်စွာ လှည့်ပတ်ကြည့်ရှုနေတော့သည် “ မွှေးဖြူကောင် သေသွားပြီ !! ဘယ်ကောင်က ငါ့ရဲ့ပစ္စည်းကို ယူသွားတာလဲ? “
သူသည် အဆင့်မြင့် နတ်သားရဲကောင်ကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားနေမည် မဟုတ်သော်လည်း၊ ထိုကဲ့သို့သော သူခိုးများကို မုန်းတီးလေသည်။
“ ဒီအငွေ့အသက်က ……… “ အောင်းဖီသည် တစ်ခဏခန့် အနံ့ခံနေခဲ့ကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ကြည့်ရတာတော့ သွေးနှောနဲ့တူသလိုပဲ၊ အစစ်အမှန် နတ်သားရဲနဲ့လည်း တူနေသလိုပဲ၊ ဘာတွေ ဖြစ်နေတာလဲဟ? “
သူသည် ထိုအငွေ့အသက်နှစ်ခုက အကောင်တစ်ကောင်တည်းဆီမှ လာသည်ဆိုသည်ကို သေချာနေခဲ့သည်။
၎င်းမှာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလွန်းလှသည်။
တိတိကျကျပြောရမည်ဆိုပါက အစစ်အမှန် နတ်သားရဲများသည် တစ်ခြားသော သွေးနှောသားရဲများနှင့် အရောတဝင် မပြုလုပ်ကြပေ၊ ထိုနှစ်ကောင်သာ ပေါင်းစပ်မည်ဆိုပါက အဆင့်မြင့် နတ်သားရဲကိုသာ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ မရှိသလောက်နီးပါး ရှားပါးလွန်းလှသည်၊ အဘယ့်ကြောင့်ဆိုသော် သွေးနှောသားရဲက အစစ်အမှန် နတ်သားရဲများနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။
သို့သော် သွေးနှောနှင့် အစစ်အမှန် နတ်သားရဲတို့၏ အရှိန်အဝါနှစ်ခုစလုံးသည် တစ်ဖက်ကောင်၏ ခန္ဓာကိုယ်မှ တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်။
“ ဘာပဲဖြစ်ဖြစ် ငါမင်းကို မှတ်ထားမယ် “
အောင်းဖီမှ အေးစက်စွာ နှာမှုတ်လာခဲ့သည်၊ တစ်ဖက်ကောင်ကို နောက်တစ်ခါ မြင်တွေ့ရမည့်အချိန်တွင် သူသည် ၎င်းကို သေချာပေါက် မှတ်မိနေမည် ဖြစ်သည်။
ထိုအချိန်တွင် သူသည် ဤကိစ္စကို စာရင်းရှင်းမည်ဖြစ်သည်။
“ ဖလှယ်မှု အစည်းအဝေးက စတော့မယ်၊ မင်းကို ခဏလောက်တော့ လွှတ်ပေးထားလိုက်မယ်၊ အစည်းအဝေးပြီးလို့ကတော့ မင်းအသေပဲ “
အောင်းဖီမှ အေးစက်စွာ ရေရွတ်ပြောဆိုကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ဤနေရာမှ ထွက်ခွာသွားတော့သည်။
…
မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေ၌ များပြားလှသော မျိုးနွယ်စုများသည် အဆက်မပြတ် အငြင်းပွားလေ့ရှိသည်။
ဤနေရာရှိ တိုက်ပွဲများသည် ဖရိုဖရဲဖြင့် စည်းစနစ်ကျမနေခဲ့ပေ။
အမှန်တိုင်းပြောရမည်ဆိုပါက မျိုးနွယ်တူ အချင်းချင်းကြားမှာပင် အပြန်အလှန် သတ်ဖြတ်မှုများ ရှိနေခဲ့သည်။
၎င်းမှာ သားရဲမျိုးနွယ်စုများကြားရှိ သတ်ဖြတ်မှုဖြစ်ပြီး၊ မည်သည့်စည်းမျဥ်းစည်းကမ်းမှ ရှိမနေခဲ့ပေ။
သားရဲမျိုးနွယ်စု အများစုက ဉာဏ်ရည်နိမ့်ကျနေခြင်းအပြင် တစ်ခြားသော အရေးကြီး အကြောင်းပြချက်တစ်ခုလည်း ရှိနေခဲ့သည်။
၎င်းမှာ အဆင့်နိမ့်နှင့် အလယ်အလတ်၊ အဆင့်မြင့် သွေးမျိုးဆက်များကြားရှိ အဆင့်အတန်းကွာခြားချက်ပင် ဖြစ်သည်၊ အဆင့်နိမ့် သားရဲများသည် ယခုလက်ရှိ အခြေအနေများကို မကျေနပ်သောကြောင့် အဆင့်မြင့် သားရဲများအပေါ်တွင် တိုက်ခိုက်မှုများ စတင်ပြုလုပ်နေခဲ့ပြီဖြစ်သည်။
အဆင့်မြင့် သားရဲတို့မှာလည်း ၎င်းတို့၏ စော်ကားမှုကို သည်းမခံနိုင်ကြသောကြောင့် အဆုံးမရှိသည့် ပဋိပက္ခများ ဖြစ်ပွားသွားခဲ့ရသည်။
အဆင့်နိမ့် သွေးမျိုးဆက်ဖြစ်စေ၊ အဆင့်မြင့် သွေးမျိုးဆက်ဖြစ်စေ၊ သူတို့သည် နတ်သားရဲများသာဖြစ်သည်၊ သွေးနှောသားရဲများအတွက်ကမူ ထိုအကြောင်းကို လုံးဝဖယ်ထုတ်ထားကြသည်။
သွေးနှောသားရဲများသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် အဆင့်အနိမ့်ဆုံးသော အကောင်များဖြစ်သည်။
သူတို့သည် မည်သည့်ခွန်အားမှ မရှိကြပေ၊ အဆင့်နိမ့် နတ်သားရဲများကပင် ၎င်းတို့ကို အလွယ်တကူ ချေမှုန်းနေနိုင်ခဲ့သည်။
တစ်ခြား မျိုးနွယ်စုများကြားရှိ သတ်ဖြတ်မှုများနှင့် ယှဥ်လိုက်မည်ဆိုပါက အစစ်အမှန် နတ်သားရဲမျိုးနွယ်စုသည် တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်နေကြသည်။
အစစ်အမှနတ် နတ်သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် အလွယ်တကူ မတိုက်ခိုက်ကြပေ၊ သွေးဆာသည့် အချိန်မှာတောင်မှ သူတို့သည် အဆင့်မြင့် နတ်သားရဲများကိုသာ ပစ်မှတ်ထားခဲ့ကြပြီး၊ တစ်ခြားသော အစစ်အမှန် နတ်သားရဲတစ်ကောင်ကို အလွယ်တကူ မစော်ကားကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများကြားရှိ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းသွားစေရန်အတွက် ချစ်ကြည်ရေး ဖလှယ်မှုအစည်းအဝေးများကိုပင် မကြာခဏ ကျင်းပလေ့ရှိတတ်သည်။
ယခုလက်ရှိ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေတွင် ကြီးမားသော အစည်းအဝေးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။
မစ္စကျင်းသည် ဖီးနစ်ထောင်ထိပ်တွင် ရပ်ကာ အောက်ဘက်ရှိ ရှုခင်းများကို ကြည့်ရှုနေလျက်ရှိသည်။
( ရွှေပုလ္လင် ဖီးနစ်ပါ၊ အရင်တစ်အုပ်မှာ ဂျင်လို့ ဘာသာပြန်မိပါတယ်၊ တကယ်က ကျင်းပါ၊ ကျွန်တော်မှားသွားတာပါ )
“ မမလေးကျင်း ……. “
ခေါင်းကိုးလုံး ရွှေခြသေ့်သည် မစ္စကျင်းနားသို့ ချဥ်းကပ်ကာ ပြုံးပြလာခဲ့သည် “ နောက်ဆုံးတိုက်ပွဲပြီးသွားတဲ့နောက်မှာ မင်းက အဆင့်၄ကို ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
မစ္စကျင်းသည် သူ့ကို ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ လူစီ၊ နင်က အဆင့်၃မှာပဲ ဘာလို့ ရှိနေရသေးတာလဲ? နင့်ရဲ့တိုးတက်မှုက တော်တော်ကြီးကို နှေးနေတာပဲ “
ခေါင်းကိုးလုံး ရွှေခြသေ့်၊ လူစီမှ ပြန်ပြောလာခဲ့သည် “ အဆင့်၃မှာပဲ ရှိနေသေးပင်မဲ့၊ ငါက သွေးမျိုးဆက် နတ်စွမ်းရည်ကို နားလည်သွားပြီ၊ အဆင့်၄က အဲ့ဒီ အဆင့်မြင့် သားရဲကောင်တွေကိုတောင် ငါအမှောက်သိပ်နိုင်တယ် “