← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အပိုင်း ( 397 )

ထပ်မံ၍ တိုးတက်လာပြန်ပြီ !! ပြီးပြည့်စုံသော အဆင့်တက်မှု !! ၂

ကျင်းလွမ်မှ မထီမဲ့မြင်ပြုစွာ စိုက်ကြည့်လာခဲ့သည် “ ဘာလဲ၊ ငါနဲ့ လက်ရည်ယှဥ်ချင်နေတာလား? “

လူစီမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့ကိစ္စကို မေ့ထားလိုက်ပါ၊ မမလေးကျင်းရာ၊ နင်က ရွှေဖီးနစ်မျိုးနွယ်စုရဲ့ ကောင်းကင်သမီးတော်တစ်ပါးလေ၊ အစစ်အမှန် နတ်သားရဲတွေကြားမှာတောင်မှ အဆင့်မြင့်တယ်။ အဆင့်၄ကို ရောက်ပြီးတဲ့အချိန်မှ ငါနင့်ကို လာစိန်ခေါ်ပါ့မယ် “

ထို့နောက်တွင် သူသည် ထပ်ဖြည့်ပြောလာခဲ့သည် “ မမလေးကျင်း၊ ဒီတစ်ခါ အစည်းအဝေးမှာရော ဘယ်သူက ပထမရမယ်လို့ နင်ထင်လဲ? “

ဤကဲ့သို့သော ဖလှယ်မှု အစည်းအဝေးက ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းအတွက်ဟု ပြောကြသော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းမှာ လက်ရည်စမ်းပွဲတစ်ခုမျှသာ ဖြစ်သည်။

အထူးသဖြင့် မာနကြီးလေ့ရှိသော အစစ်အမှန် နတ်သားရဲများအတွက်ဖြစ်သည်။

ကျင်းလွမ်မှ ခေါင်းခါပြလာခဲ့သည် “ ဒီတစ်ခါ အစည်းအဝေးက မိုးပြာနဂါး၊ ကျားဖြူ၊ မီးငှက်နဲ့ လိပ်နက် မျိုးဆက်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်၊ အားလုံးကလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားကြတယ် “

“အဲ့တာတွေပဲ မဟုတ်ဘူး “ လူစီမှ ထပ်ဖြည့်ပြောလာခဲ့သည် “ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုကလည်း သူတို့ရဲ့ သူတော်စင်အမွေခံကို လွှတ်လိုက်တယ်လို့ ကျွန်တော်ကြားခဲ့ရတယ် “

“ သူတို့ကတောင် လာတာလား? “

ကျင်းလွမ်သည် တအံ့တဩဖြစ်သွားခဲ့ပြီး၊ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤကဲ့သို့သာ ဖြစ်နေမည်ဆိုပါက ထိပ်ဆုံး၁၀ဦးအဆင့်သို့ ဝင်ရန်မှာ သူမအတွက် ပိုမိုခက်ခဲလာမည် ဖြစ်သည်။

အထွတ်အမြတ် နတ်သားရဲလေးကောင်ကမူ အစစ်အမှန် နတ်သားရဲများကြားတွင် အလွန်တရာ တည်ငြိမ်လွန်းလှသော အဆင့်အတန်းဖြင့် နှစ်သောင်းနှင့်ချီ၍ ကြာရှည်အထိ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။

သို့သော် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုနှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းတို့ကပင် အနည်းငယ် နိမ့်ကျနေပုံပေါ်သည်။

သူတို့သည် အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုများကြားမှာပင် အထွတ်အထိပ်နေရာတွင် ရပ်တည်နေလျက်ရှိသည်။

မျိုးနွယ်စုတစ်သောင်းအနက် အားအကောင်းဆုံး မျိုးနွယ်စုများထဲမှ တစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။

အထက်တန်းစား အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများဖြစ်သည့် အထွတ်အမြတ် နတ်သားရဲလေးများကပင် အနည်းငယ် နိမ့်ကျသွားပုံရသည်။

ပို၍ အရေးအကြီးဆုံးအရာမှာ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ဤမျိုးဆက် သူတော်စင် အမွေခံက အလွန်အစွမ်းထက်လွန်းလှပြီး၊ နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းသည်ဟုပင် သတ်မှတ်နိုင်ပေသည်။

“ ထူးဆန်းတယ် ….. “ ကျင်းလွမ် အတွေးနက်သွားခဲ့သည် “ အရင်တုန်းက အစည်းအဝေးတွေက ဒီလောက် လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ဒီတစ်ကြိမ်မှာ ထူးခြားတာ တစ်ခုခု ရှိလို့လား? “

လူစီမှ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုလာခဲ့သည် “ ကျွန်တော်တော့ သတင်းနည်းနည်း ကြားထားတယ် “

“ ဘာသတင်းတွေလဲ? “ ကျင်းလွမ်မှ သူ့ကို ကြည့်လိုက်သည်။

လူစီမှ လေးလေးနက်နက် ပြောလာခဲ့သည် “ မျိုးနွယ်စုတစ်သောင်းရဲ့ တိုက်ပွဲနယ်မြေမှာ လက်သည်းရှစ်ခု ရွှေနဂါးရဲ့ ဂူသင်္ချိုင်းတစ်ခု ပေါ်လာတယ်လို့ အကြီးအကဲတွေဆီကနေ ကြားခဲ့ရတယ် “

“ လက်သည်းရှစ်ခု ရွှေနဂါးရဲ့ ဂူသင်္ချိုင်းလား? “

ကျင်းလွမ်၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူမသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည် “ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက လူတွေလွှတ်လိုက်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူတို့က လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းကို ရှာတွေ့ခဲ့ကြတာကိုး “

လက်သည်းရှစ်ခု ရွှေနဂါးမှာ အလွန်ရှေးကျလွန်းလှပြီး၊ ဤမြေပေါ်တွင် တည်ရှိနေသည်မှာ နှစ်သန်းပေါင်းများစွာ ကြာနေခဲ့ပြီဟု ကောလဟာလများ ရှိနေခဲ့သည်။

၎င်းတို့ကို သွေးဆောင်သည့် အရာများမှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

သို့ရာတွင် သူတို့ ဘိုးဘေး၏ ဂူသင်္ချိုင်းကို စစ်ဆေးရန်အတွက် သေချာပေါက် ရောက်လာကြမည် ဖြစ်သည်။

“ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်း၊ တကယ်လို့ သတင်းတွေကသာ မှန်နေမယ်ဆိုရင်၊ နဂါးမျိုးနွယ်စုအတွက် အကျိုးအမြတ် ကြီးကြီးမားမား ရှိနိုင်တယ် “

ကျင်းလွမ်သည် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

တစ်ဖက်ရှိ လူစီမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက်ရှိသည် “ အဲ့တာက ရှေးဟောင်းဂူသင်္ချိုင်းလေ။ အဆင့်၉နောက်ပိုင်းက လမ်းကြောင်းအတွက် သဲလွန်စတွေ ရှိနေနိုင်တယ်။ ဒါပင်မဲ့ အဲ့တာက တစ်လကျော်လောက်အထိ ဖွင့်မှာ မဟုတ်ဘူး “

…

လျှို့ဝှက်တောင်တန်းတစ်ခုအတွင်း၌

နတ်နဂါးသားရဲကြီးသည် ကြီးမားသော သဘာဝလှိုဏ်ဂူကြီးတစ်လုံးကို ရှာတွေ့ခဲ့ကာ ထိုနေရာမှာပင် အခြေချနေထိုင်နေတော့သည်။

ထိုအချိန်မှစ၍ သူသည် စားလိုက် အဆင့်မြှင့်လိုက်၊ စားလိုက်၊ အဆင့်မြှင့်လိုက်ဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။

ထိုကဲ့သို့ပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာကို တိတ်တဆိတ် ကျော်လွန်သွားခဲ့သည်။

…

တစ်လကြာခဲ့ပြီးသည့်နောက်တွင်

လှိုဏ်ဂူအတွင်း၌

“ ဂျွတ် ဂျွတ် ~~~ “

နတ်နဂါးသားရဲကြီးသည် ယနေ့အတွက် နောက်ဆုံးတစ်နပ်ကို စားသောက်နေလျက်ရှိသည်။

ဘမ်း ဘမ်း ဘမ်း !!!

သူ၏ အသွေးအသားများသည် စတင်၍ ဖောင်းကားလာခဲ့သည်။

သူ၏ အရပ်အမြင့်မှာလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။

နတ်နဂါးသားရဲကြီးမှ စနစ်၏မျက်နှာပြင်ကို ကြည့်လိုက်ရာ၊ အလေးချိန်မှာ လျင်မြန်စွာ ပြောင်းလဲနေသည်ကို မြင်တွေ့သွားခဲ့သည်။

၄၉၇၂၈၊ ၄၉၈၂၈၊ ၄၉၉၂၈ ……….

အသားတင် အလေးချိန် : ၅၀၀၂၈.၅ ကီလိုဂရမ်

ထိုအချိန်မှာပင် သူ၏အလေးချိန်သည် ကီလိုဂရမ် ငါးသောင်းကို ကျော်လွန်သွားခဲ့သည်။

“ ဗွီ !!! “

စနစ်၏ မျက်နှာပြင်သည် အသာအယာ တုန်ခါလာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အချက်ပြမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

[ ဆင့်ကဲပြောင်းလဲမှု : မျိုးစိတ်အကန့်အသတ်ကို ရောက်သွားပါပြီ၊ ဆင့်ကဲပြောင်းလဲမှုများစွာ ရရှိနိုင်ပါသည် ]

[ ဆင့်ကဲပြောင်းလဲမှု ၁ : အသက်ကယ် ချပ်ဝတ်တန်ဆာဖြင့် ပေါင်းစပ်မည်၊ ခန္ဓာကိုယ်ကို ကြီးမားသော ချပ်ဝတ်တန်ဆာဖြင့် ဖုံးလွှမ်းသွားကာ ဂြိုဟ်များကိုပင် ခုခံနိုင်မည်ဖြစ်သည် ]

[ ဆင့်ကဲပြောင်းလဲမှု ၂ : မီးဖိုနှလုံးသားနှင့် ပေါင်းစပ်မည်၊ နှလုံးသည် လောကမီးဖိုအဖြစ် ပြောင်းလဲသွားကာ အဆုံးမဲ့ အသက်စွမ်းအားကို ထောက်ပံ့ပေးမည် ]

…

[ ဆင့်ကဲပြောင်းလဲမှု ၁၀ : သွေးမျိုးဆက် နိုးထခြင်း : တိုက်ခိုက်မှု၊ ခုခံမှု၊ မြန်နှုန်းနှင့် တစ်ခြားသော စွမ်းရည်များ သိသိသာသာ တိုးတက်လာမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၁၁ : သားရဲဝိညာဥ်နိုးထခြင်း : စိတ်ဝိညာဥစွမ်းအား သိသိသာသာ မြင့်တက်လာမည်၊ သားရဲမျိုးနွယ်စု၏ စိတ်ဝိညာဥ်တိုက်ခိုက်မှု၊ စိတ်ဝိညာဥ်ဒိုင်း … စသည်ဖြင့် နိုးထလာမည် ]

…

[ ဆင့်ကဲပြောင်းလဲမှု ၁၆ : ဖုံးကွယ်နိုင်စွမ်း/ကိုယ်ယောင်ဖျောက်နိုင်စွမ်း သိသိသာသာ အားကောင်းလာမည်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် အငွေ့အသက်ကို အပြည့်အဝ ဖုံးကွယ်ကာ ထောက်လှမ်း၍ မရနိုင် ဖြစ်သွားစေမည် ]

[ ဆင့်ကဲပြောင်းလဲမှု ၁၇ : မျိုးနွယ်တစ်သောင်း တုပခြင်း : သင်ယူလေ့လာနိုင်စွမ်း သိသိသာသာ အားကာင်းလာမည်၊ တစ်ခြားမျိုးနွယ်စုများ၏ နတ်စွမ်းရည်များ၊ မှော်ပညာ ….. စသည်ဖြင့် ၎င်းတို့၏ အသွင်သဏ္ဍာန်နှင့် အရှိန်အဝါ/အငွေ့အသက်များကိုပင် တုပနိုင်မည် ]

…

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုတွင် ရွေးချယ်စရာ ဆယ့်ငါးခုကျော်အထိ ပါဝင်နေခဲ့သည်။

၎င်းတို့ကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် နတ်နဂါးသားရဲကြီးသည် မနေနိုင်တော့ဘဲ လေအေးများ ရှူရှိုက်မိသွားခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် အမှန်ပင် အစွမ်းထက်လွန်းနေခဲ့သည်။

ရွေးချယ်စရာများက အစွမ်းထက်နေခြင်းသာ မဟုတ်ဘဲ၊ အရေးအကြီးဆုံးအရာမှာ “ ဆင့်ကဲပြောင်းလဲမှုများစွာ ရရှိနိုင်သည် “ ဆိုသည့် စာသားပင် ဖြစ်သည်။

၎င်းမှာ အဆိုပါ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် အကုန်လုံးကို သူရွေးချယ်နိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

“ ဒါပင်မဲ့ တစ်ချို့ဟာတွေက ဆန့်ကျင်ဘက်ဖြစ်နေတယ်၊ ဆိုတော့ သေချာရွေးမှ ဖြစ်မယ် “

နတ်နဂါးသားရဲကြီးသည် တစ်ခဏခန့် ကြည့်ရှုကာ လိုချင်သည်များကို ရွေးချယ်နေတော့သည်။

ပထမဦးဆုံးအနေဖြင့် ဆင့်ကဲပြောင်းလဲမှု ၁၊ ၂နှင့် ၁၀ကဲ့သို့သော အခြေခံ တိုးတက်မှုများဖြစ်သည်၊ အထူးသဖြင့် ဆင့်ကဲပြောင်းလဲမှု ၁၀၊ သွေးမျိုးဆက်နိုးထခြင်းဖြစ်ပြီး၊ ရှုကျိုးသည် ၎င်းက သားရဲမျိုးနွယ်စု၏ သွေးမျိုးဆက်နှင့် များစွာသက်ဆိုင်နေလိမ့်မည်ဟု သံသယဖြစ်နေခဲ့သည်။

သူကြုံတွေ့ခဲ့ဖူးသည့် အစစ်အမှန် နတ်သားရဲများနှင့် တစ်ခြားသော သားရဲမျိုးနွယ်စုများကြားရှိ အကြီးမားဆုံးသော ကွာဟချက်မှာ သွေးမျိုးဆက်သာလျှင် ဖြစ်သည်။

ထို့အပြင် သူသည် ဆင့်ကဲပြောင်းလဲမှု ၁၆နှင့် ၁၇ကဲ့သို့သော အထူးတိုးတက်ပြောင်းလဲမှုများကိုလည်း အလွန်စိတ်ဝင်စားနေခဲ့သည်။

အထူးသဖြင့် မျိုးနွယ်စုတစ်သောင်း တုပခြင်းဖြစ်ပြီး၊ ၎င်းသည် တစ်ခြားမျိုးနွယ်စုများ၏ နတ်စွမ်းရည်များနှင့် မှော်ပညာများကို လျင်မြန်စွာ နားလည်သွားစေနိုင်ပြီး၊ သူတို့၏ အသွင်သဏ္ဍာန်နှင့် အရှိန်အဝါများကိုပင် ပုံတူးကူးစေနိုင်ပေသည်။ အဆိုပါ စွမ်းရည်အား ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် စွမ်းရည်ဟူပင် သတ်မှတ်၍ ရလေသည်။

၎င်းမှာ တစ်ခြားမျိုးနွယ်စုများအဖြစ် ရုပ်ဖျက်နိုင်သည့် စွမ်းရည်နှင့် တူညီနေလျက်ရှိသည်။

အကယ်၍ ၎င်းကို ဆင့်ကဲပြောင်းလဲမှု ၁၆၏ ဖုံးကွယ်ခြင်း စွမ်းရည်နှင့် ပေါင်းစပ်ကာ အရှိန်အဝါကို လုံးဝဖုံးကွယ်ထားလိုက်မည်ဆိုပါက၊ သူသည် တစ်ခြား မျိုးနွယ်စုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားမည် ဖြစ်သည်။

အဆိုပါ စွမ်းရည် ဤတိုက်ပွဲကွင်းပြင်သကဲ့သို့သော နေရာမျိုးများတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေမည် ဖြစ်သည်။

အဆိုပါ စွမ်းရည်ကို အသုံးပြုကာ ရန်သူ့တပ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ခေါင်းဖြတ်စစ်ဆင်ရေး လုပ်ဆောင်နေသည်ကို တွေးကြည့်ပါလေ။

အောင်မြင်မှုနှုန်းထားက အလွန်တရာ မြင့်မားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ အဲ့တာတွေ အကုန်လုံးကို ရွေးမှဖြစ်မယ် “ ရှုကျိုးမှ ဆုံးဖြတ်ချက် ချလိုက်သည်။

ရွေးချယ်စရာများစွာကို ခွင့်ပြုပေးထားသောကြောင့် သူသည် အကျိုးရှိသည့် အရာအားလုံးကို ရွေးချယ်လိုက်သည်။

တစ်ခဏ ကြာခဲ့ပြီးသည့်နောက်တွင် ရွေးချယ်မှုပြီးဆုံးသွားခဲ့သည်။

“ ဝေါင်း !!! “

နတ်နဂါးသားရဲကြီးသည် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို ခံစားမိသောကြောင့် ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။

သူ၏ ချွေးပေါက်များတွင် အလင်းတန်းများ တောက်ပလာခဲ့သည်၊ ၎င်းတို့သည် ထောင်ပေါင်းများစွာသော ချည်မျှင်တန်းများအဖြစ် ပြောင်းလဲသွားကာ နတ်နဂါးသားရဲကြီးကို ဖုံးအုပ်လာခဲ့သည်။

အဝေးမှ ကြည့်လိုက်မည်ဆိုပါက နတ်နဂါးသားရဲကြီးမှာ ကြီးမားသော ပိုးအိမ်ကြီးတစ်ခုအတွင်းတွင် ပိတ်မိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ပိုးအိမ်အတွင်းရှိ နတ်နဂါးသားရဲကြီးသည် လျင်မြန်စွာ အသွင်ပြောင်းလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ကြွက်သားအကုန်လုံး ဖောင်းကားလာခဲ့သည်။

ကြီးမားအားကောင်းသော စွမ်းအင်တစ်ခုသည် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းဆီမှ ပေါ်ထွက်လာခဲ့ပြီး၊ မြေပြင်ကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။

ပထမဦးဆုံးအနေဖြင့် သူ၏ အရေပြားနှင့် ကြွက်သားများသည် ဘုမ်း၊ ဘန်း၊ ဘန်းဟု အော်မြည်ကာ ပွင့်ထွက်သွားတော့သည်။

ထို့နောက်တွင် ကြွက်သားဆဲလ်များသည် လျင်မြန်စွာ ပြန်လည်တည်ဆောက်ခဲ့နေခဲ့ရပြီး၊ ရွှေရောင် အလင်းတန်းများနှင့်အတူ ကျောက်တုံးကဲ့သို့ ကျစ်လစ်မာကြောသော ကြွက်သားထုများအဖြစ် စုစည်းလာခဲ့သည်။

ထို့နောက်တွင် ထူထဲသော ချပ်ဝတ်တန်ဆာကဲ့သို့ ဖြစ်နေသည့် အရေပြားအလွှာများသည် ၎င်း၏မျက်နှာပြင်ကို ဖုံးလွှမ်းလာခဲ့သည်။

၎င်းအား အရေပြားအလွှာဟု ခေါ်ဆိုရမည့်အစား သံမဏိ ချပ်ဝတ်တန်ဆာဟုသာ ခေါ်ဆိုသင့်ပေသည်၊ ၎င်းသည် အေးစက်စက် ရွှေနက်ရောင်အလင်းတန်းကို ထုတ်လွှင့်ကာ အလွန်မာကျောနေခဲ့သည်။

၎င်းတို့အားလုံးသည် အပြင်ပိုင်း ပြောင်းလဲမှုများသာ ဖြစ်သည်။

နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ကမ္ဘာမြေတုန်လှုပ်သွားစေမည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

“ ဘမ်း ဘမ်း ဘမ်း ဘမ်းးး “

အတွင်းပိုင်းတွင် နျူကလီးယား ပေါက်ကွဲမှုများသကဲ့သို့ ဖြစ်နေသည့် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

သူ၏ အရိုးများ၊ ခြင်ဆီ၊ မရီဒန်၊ နှင့် ကိုယ်တွင်းအဂ်ါများ အားလုံး ပြိုကွဲပျက်စီးသွားကာ ပြန်လည်တည်ဆောက်ခံနေခဲ့ရသည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုများတွင် တစ်ချို့သော အထူးစွမ်းရည်များ ပါဝင်နေခဲ့သည်။

အကြီးဆုံး အရိုးများမှ အသေးငယ်ဆုံးသော ဆဲလ်များအထိ အရာအားလုံးသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် နတ်နဂါးသားရဲကြီး၏ နှလုံးဖြစ်ပြီး၊ ၎င်းသည် အံ့ဖွယ်ကောင်းသော ပြောင်းလဲမှုများနှင့် ကြုံတွေ့နေခဲ့သည်။

“ ဒုတ် ဒုတ် !!! “

သံမဏိမီးဖိုကဲ့သို့သော နှလုံးသည် ကိုယ်တွင်းရှိ ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေလျက်ရှိသည်၊ ၎င်းမှာ နှလုံးအသစ်ဖြစ်သည်။ နှလုံးခုန်သံတစ်ချက်ချင်းစီတိုင်းသည် မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်လောင်နေခဲ့သည်။

၎င်းသည် အလွန်ပူလောင်သော ယန်စွမ်းအင်နှင့် အားကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည့် စကြာဝဠာမီးပြင်းဖိုကဲ့သို့ ဖြစ်နေခဲ့သည်။

ဆင့်ကဲပြောင်းလဲမှုသည် ဆက်လက်၍ ဖြစ်ပွားနေစဲပင် ဖြစ်သည်။

ပိုးအိမ်အတွင်းရှိ အလင်းတန်းသည် ပို၍ အားကောင်းလာခဲ့ပြီး၊ မွန်းတည့်ချိန်တွင် ရှိနေသည့် နေလုံးကြီးကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

အချိန်မှာ ဆက်လက်၍ ရွေ့လျားနေခဲ့သည်။

တစ်နာရီ

နှစ်နာရီ

သုံးနာရီ

“ ဖောက် ~~ “

အလင်းတန်းပိုးအိမ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ပေါက်ကွဲသွားခဲ့သည်။

ကြောက်စရာကောင်းသည့် ပုံရိပ်ကြီးတစ်ခုသည် အဆုံးမဲ့ မြူမှုန်များအတွင်းတွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့သည်။

………………………………………………………………………………………………………………………………..

အပိုင်း ( 398 )

တစ်ရက်ထဲတွင် နှစ်ခါအဆင့်တက်ခြင်း !!

မီးခိုးများ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

မီတာ ၅၀ကျော်မြင့်ကာ မီတာ ၈၀ကျော်ရှည်လျားသည့် ကြောက်စရာကောင်းသော သားရဲကြီးတစ်ကောင်သည် နေရာမှာပင် မလှုပ်မယှက် မတ်တပ်ရပ်နေခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သံမဏိကဲ့သို့သော ကြွက်သားထုများ ဖုံးလွှမ်းစုစည်းနေကာ၊ မျက်နှာပြင်ပေါ်တွင် ထူထဲသော ချပ်ဝတ်တန်ဆာကဲ့သို့ဖြစ်နေသည့် အလွှာတစ်လွှာ တည်နေရှိနေပြီး၊ ကြီးမားသော ဧရာမ စက်ရုပ်သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေကာ အေးစက် ကြီးစိုးသည့် အရှိန်အဝါကို ထုတ်လွှင့်နေခဲ့သည်။

“ ဆင့်ကဲပြောင်းလဲမှု ပြီးသွားပြီ “

နတ်နဂါးသားရဲကြီး၏ ကြီးမားသော ရွှေနက်ရောင် မျက်လုံးကြီးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

သူသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : စတုတ္ထအဆင့် အဆင့်၂ ( ၆၀% )

အသားတင် အလေးချိန် : ၅၀၀၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၁၀၀၀၀ရရှိခြင်း (အကန့်အသတ်)၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း (pas)၊ အင်မော်တယ်၊ ဟင်းလင်းပြင်၊ အသက်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း၊ အရှိန်အဝါ တားဆီးခြင်း ….

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်သွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ဘီလီယံ

…

“ အထွတ်အထိပ် နဂါးသားရဲလား? “

နဂါးနတ်သားရဲကြီးသည် စနစ်မှပေးထားသည့် အမည်ကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ၎င်းသည် အမည်အသစ်ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

အဆိုပါ ပြောင်းလဲမှုသည် ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုက ပြီးပြည့်စုံသော ပြောင်းလဲမှုဖြစ်ကြောင်း မီးမောင်းထိုးပြနေခဲ့သည်။

သူ့အား ဇဝေဇဝါ ဖြစ်သွားစေသည့်အရာမှာ အမည်တိုင်းက နဂါးနှင့် သက်ဆိုင်နေသော်လည်း၊ တကယ့်နဂါးမျိုးနွယ်စုနှင့် မဖြစ်ခဲ့ဘဲ၊ T-Rexသားရဲ၊ နဂါးနတ်သားရဲ စသည်ဖြင့်သာ ဖြစ်နေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ပို၍ တည့်တိုးဆန်နေခဲ့ကာ နဂါးသားရဲဟု တိုက်ရိုက်ဖော်ပြလာခဲ့သည်။

နဂါးနတ်သားရဲသည် ခေါင်းတခါခါဖြင့် ၎င်းကို လျစ်လျူရှုထားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်မှစ၍ သူသည် အထွတ်အထိပ် နဂါးသားရဲဟု အခေါ်ခံရတော့မည် ဖြစ်သည်။

နဂါးနတ်သားရဲကြီးသည် စနစ်မျက်နှာပြင်ကို စစ်ဆေးနေရင်းဖြင့် ထပ်မံ၍ အံ့ဩသွားခဲ့ပြန်သည် “ တစ်ရက်ကို ကီလိုဂရမ် ၁သောင်းအထိ ရတော့မှာလား? “

ယခင်က ဂျင် ၃၀၀နှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းသည် အဆ၃၀၀ကျော်အထိ တိုက်ရိုက်မြင့်တက်သွားခြင်းပင် ဖြစ်သည်။

ထို့နောက်စက္ကန့်ပိုင်းမျှအကြာ၌ နဂါးနတ်သားရဲကြီး၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကျေနပ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် ဆင့်ကဲပြောင်းလဲမှု၏ သဘောသဘာဝကို အပြည့်အဝ ဖမ်းဆုပ်မိလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လုံလုံလောက်လောက် အရည်အသွေးကောင်းသော အစာ၃၀၀ကီလိုဂရမ်ကို နေ့စဥ်စားသောက်နေသရွေ့၊ နောက်လာမည့် ဆင့်ကဲပြောင်းလဲမှုက ပိုမိုအားကောင်းလေပင်ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဒုတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှုကဲ့သို့၊ ၁၀ကီလိုဂရမ်မှ ၃၀ကီလိုဂရမ် တိုးတက်ခြင်းကဲ့သို့ သုံးဆမျှသာ တိုးတက်လာမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ လုံးဝကွဲပြားနေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် နဂါးနတ်သားရဲကြီးမှာ ဤကာလအတွင်းတွင် အစားအ‌သောက် ပမာဏကို လုံလုံလောက်လောက် စားသောက်ခဲ့ပြီး၊ ၎င်းတို့ထဲမှ အများစုမှာလည်း နတ်သားရဲများဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ် တိုးတက်ပြောင်းလဲမှုသည် လွန်စွာကြီးမား အားကောင်းနေခဲ့သည်။

“ နေ့တိုင်း ကီလိုဂရမ် ၁သောင်းအထိ ကြီးထွားလာမယ်၊ အရင်ကထပ် အဆ၃၀ကျော် ပိုမြန်လာတာပဲ၊ ဆိုတော့ ငါ့ရဲ့ တိုးတက်မှုအမြန်နှုန်းကလည်း အဆပေါင်းများစွာ ပိုမြန်လာမှာပဲပေါ့ !! “

နဂါးနတ်သားရဲကြီးသည် တည်ငြိမ်မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်မိနေတော့သည် “ ဒီနှုန်းအတိုင်းသာဆိုရင် ငါက သိပ်မကြာခင် အချိန်မှာပဲ အမြင့်ပိုင်း အဆင့်တွေဆီ ရောက်သွားနိုင်တယ် “

ထိုအချိန်တွင် သူသည် စနစ်၏မျက်နှာပေါ်တွင် ရှိနေသည့် စွမ်းရည်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုပါ သတိပြုမိသွားခဲ့သည်။

“ အသက်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း၊ အရှိန်အဝါ တားဆီးခြင်း ……. “

၎င်းတို့သည် သူရွေးချယ်ခဲ့သည့် ဆင့်ကဲပြောင်းလဲမှုများနှင့် တူညီနေလျက်ရှိသည်။

၎င်းတို့ကို ကြည့်နေရင်းဖြင့် နဂါးနတ်သားရဲကြီးသည် သူ၏ခေါင်းထဲတွင် သားရဲတစ်သောင်း တုပခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်တစ်ချို့ ရှိနေသည်ကို သတိပြုမိသွားသည်။

စွမ်းရည်ဟု ခေါ်ဆိုသော်လည်း၊ ၎င်းမှာ နတ်စွမ်းရည်တစ်ခုနှင့် ပိုတူနေခဲ့သည်။

တစ်ခြားမျိုးနွယ်စုများကို တုပရန်မှာ လူတစ်ဦး(သို့) သားရဲတစ်ကောင်သည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုပြီး၊ ကိုယ့်ကိုကိုယ် အသွင်ပြောင်းလဲ၍ ပစ်မှတ်၏ ထင်ရှားသော အသွင်အပြင်၊ လက္ခဏာရပ်များ ပိုင်ဆိုင်လာအောင် ပြုလုပ်ရမည် ဖြစ်သည်။

အတွေးတစ်ချက်နှင့်အတူ သူ၏ အသက်ရှူသံသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

“ သားရဲတစ်သောင်း တုပခြင်း ……. ငါက လက်သည်းငါးခု ရွှေနဂါးအဖြစ် အသွင်ပြောင်းနိုင်မှာလား? “

တွေးလိုက်ရုံဖြင့် သူ့ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားများ လျှံတက်လာခဲ့ပြီး၊ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားတော့သည်။

ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

“ ထပ် ထပ် ထပ် !!! “

တစ်ခုခု ကွဲအက်သွားသကဲ့သို့ ဖြစ်နေသည့် ပေါက်ကွဲသံများသည် အထွတ်အထိပ် နဂါးသားရဲကြီးထံမှ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကြွက်သားများသည် လျင်မြန်စွာ ကျုံ့ဝင်၍ ပျက်စီးသွားကာ ပြန်လည်တည်ဆောက်ခံနေရတော့သည်။

ထို့နောက်တွင် အထွတ်အထိပ် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် သာမန်မျက်လုံးများနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရှည်လျားလာခဲ့သည်။

နောက်ကျောဘက်ရှိ တောင်ပံများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထူထဲသော နဂါးလက်သည်းလေးခု ပေါ်လာခဲ့ပြီး၊ ငါးခုမြောက် လက်သည်းပေါ်လာသည့် အချိန်တွင် ယပ်တောင်ကဲ့သို့သော နဂါးလက်သည်းများအဖြစ် ဖွဲ့စည်းသွားတော့သည်၊ ၎င်းမှာ လက်သည်းငါးခု ရွှေနဂါး၏ ထင်ရှားကျော်ကြားသော လက္ခဏာရပ်တစ်ခု ဖြစ်သည်။

တစ်ခဏခန့်အကြာတွင် အထွတ်အထိပ် နဂါးသားရဲကြီးသည် ကိုယ့်ကိုကိုယ် ငေးမောကြည့်ရှုကာ တအံ့တဩဖြစ်သွားခဲ့သည် “ ငါက လက်သည်းငါးခု ရွှေနဂါးအဖြစ် တကယ်ကြီးကို ပြောင်းလို့ရနေတာပဲ “

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုသည် သူ့ခန္ဓာကိုယ် အတွင်းပိုင်းရှိ အသေးငယ်ဆုံးသော ဆဲလ်လေးများကိုပင် အံ့ဖွယ်ကောင်းလောက်သည်အထိ ပြောင်းလဲသွားစေခဲ့သည်။

ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် အလိုရှိသလို ပြန်လည်တည်ဆောက်နိုင်ကာ မည်သည့်ပုံစံမဆို ပြောင်းလဲနိုင်ပေသည်။

ဤဖြစ်ရပ်အား ဇီဝဗေဒဆိုင်ရာ အယူအဆများနှင့် ရှင်းပြ၍ ရမည် မဟုတ်ချေ။ ၎င်းအား စက်ပစ္စည်းကဏ္ဍဘက်သို့ ပေးပို့လိုက်ရမည်ဖြစ်သည်။

နဂါး နတ်သားရဲကြီးသည် ဇီဝစက်ရုပ်တစ်ကောင်နှင့် တူညီနေလျက်ရှိပြီး၊ သူ၏ပုံစံကို စိတ်ကြိုက်ပြောင်းလဲနေနိုင်ခဲ့သည်။

“ အခု လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စုထဲ သွားလိုက်မယ်ဆိုရင် တစ်ယောက်ယောက်က ငါ့ကို မှတ်မိနေလောက်မလားပဲ? “

နဂါးနတ်သားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ဖြစ်တည်လာခဲ့သည်။

၎င်းမှာ အတွေးတစ်ခုမျှသာ ဖြစ်ပြီး၊ သူသည် ထိုအတိုင်း စွန့်စားလုပ်ကိုင်မည် မဟုတ်ပေ။ အကယ်၍ အလိမ်ပေါ်သွားမည်ဆိုပါက သူသည် လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ကမ္ဘာမကြေရန်သူ ဖြစ်သွားပေလိမ့်မည်။

“ ဝှစ်ရှ် !!! “

နဂါးနတ်သားရဲကြီးသည် သူ၏မူလပုံစံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် သူသည် ကိုယ်ပိုင်ဟင်းလင်းပြင်၏ အကျယ်အဝန်းကလည်း မီတာ ၁သန်းမှ ၁ဘီလီယံအထိ မြင့်တက်သွားကြောင်းကို သတိပြုမိသွားသည်။

“ ဆယ်ဆတောင် ထပ်တိုးလာပြန်ပြီလား? “

နဂါးနတ်သားရဲကြီးသည် ပြုံးစိစိ ဖြစ်သွားတော့သည်။

ယနေ့မှစ၍ သူသည် ကီလိုဂရမ်တစ်သောင်းအထိ တိုးတက်ကြီးထွားလာရန်အတွက် လုံလောက်သော အစားအသောက်ကို စားသောက်ရမည် ဖြစ်ပြီး၊ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်မှာလည်း ယခင်ကကဲ့သို့ အလွတ်ချည်းသပ်သပ်သာ ဖြစ်နေရတော့မည် မဟုတ်ပေ။

ယခုတွင် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်၏ အလျား၊ အနံနှင့် အမြင့်တို့မှာ မီတာ ၁၀၀၀အထိ ကြီးမားကျယ်ဝန်းနေခဲ့ပြီဖြစ်သည်။

အကယ်၍ မီတာ ၁၀၀ရှိသည့် သားရဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ တစ်ဒါဇင်ခန့် သိုလှောင်ထားနိုင်တော့မည် ဖြစ်သည်။

“ ဒီတစ်ခါတော့ ငါ့ရဲ့ တိုက်ခိုက်ရေး၊ ခုခံရေးနဲ့ အမြန်နှုန်းတွေ အကုန်လုံးကလည်း သိသိသာသာ တိုးတက်လာတယ် “

နဂါးနတ်သားရဲကြီးမှ အားပါပါ ခြေဆောင့်လိုက်ရာ၊ ၎င်း၏ပုံရိပ်သည် အရှေ့သို့ လျင်မြန်စွာ ပြေးတက်သွားခဲ့သည်။

“ ဝှစ် !!! “

ရွှေရောင် တောင်ပံတစ်စုံသည် ရုတ်တရက် လိမ်ခေါက်သွားကာ၊ ကြီးမားသော သံမဏိ လက်သီးကြီးနှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး၊ အရှေ့ဘက်ရှိ တစ်ကီလိုမီတာ မြင့်မားသော တောင်တစ်လုံးဆီသို့ တိုးဝင်သွားခဲ့သည်။

“ ဘုမ်းးးး !!! “

ထိုးချက်တစ်ခုတည်းဖြင့် တစ်ကီလိုမီတာမြင့်သည့် တောင်ပေါ်တွင် မီတာပေါင်းများစွာ ကျယ်ဝန်းသည့် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အပေါက်ကို ဗဟိုပြုနေသည့် အက်ကွဲသံများနှင့်အတူ တောင်မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့လာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်တစ်ခုလုံး ပြိုကွဲသွားတော့သည်။

ဝရုန်းးးးး !!!

…………………………………………………………………………………………………………………………………………..

အပိုင်း ( 399 )

တစ်ရက်ထဲတွင် နှစ်ခါအဆင့်တက်ခြင်း !! ၂

မီတာ ၁၀၀၀မြင့်သည့် တောင်ကြီးသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။

လက်သီးထိုးချက်တစ်ချက်သည် တောင်တစ်လုံးကို ဖြိုခွဲပစ်နိုင်သည်။

၎င်းမှာ အထွတ်အထိပ် နဂါးသားရဲကြီး၏ ယခုလက်ရှိ စွမ်းအားဖြစ်သည်။

“ မဆိုးပါဘူး …. “

အထွတ်အထိပ် နဂါးသားရဲကြီးသည် အံ့ဖွယ်ကောင်းသည့် အဖျက်စွမ်းအားကို ခံစားမိသွားကာ စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည်။

ထို့နောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အရှေ့သို့ ထပ်တက်သွားတော့သည်။

“ ဝှစ် ဝှစ် ဝှစ် !!! “

နဂါးသားရဲကြီးသည် အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တောအုပ်အတွင်းတွင် ဟိုဟိုဒီဒီ ပြေးလွှားသွားလာနေခဲ့သည်။

“ အရင်တုန်းကထပ်စာရင် ငါ့ရဲ့ ခွန်အားက ဆယ်ဆကျော်အထိ တိုးတက်လာတယ်၊ ပြီးတော့ ငါ့ရဲ့ အမြန်နှုန်းကလည်း ဆယ်ဆကျော်အထိ တိုးတက်လာတယ် “

“ ခုခံကာကွယ်ရေးအတွက်ကတော့ ……… မစမ်းသပ်ကြည့်ရသေးဘူး၊ ဒါပင်မဲ့ အဲ့တာကလည်း ဆယ်ဆကျော်အထိ တိုးတက်လာသင့်တယ် “

နဂါးသားရဲကြီးသည် ၎င်း၏ ကိုယ်ပိုင် ချပ်ဝတ်တန်ဆာ အရေပြားအလွှာကို ငေးမောကြည့်ရှုနေတော့သည်။

အဆိုပါ ချပ်ဝတ်တန်ဆာသည် အလွန်ထူထဲနေရုံသာ မဟုတ်ဘဲ၊ ရွှေနက်ရောင် ရောင်ခြည်ဖြင့်ပါ တောက်ပနေခဲ့သည်။

တောင်တစ်လုံးကို ဖြိုခွဲနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သို့မျှ မတွေ့ရတော့ပေ။

“ ငါ့ရဲ့ အခုလက်ရှိစွမ်းအားနဲ့ဆိုရင် ဆံဖြူကောင်ကို တိုက်ဖို့ဆိုတာက အဲ့လောက်ကြီး ခက်ခဲနေမှာ မဟုတ်ဘူး “

နဂါးသားရဲကြီးမှ ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ ငါက ဒဏ်ရာမရထားတဲ့ ဆံဖြူကောင်ကို ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ၊ အဲ့ကောင်ကို ဖိနှိပ်နိုင်သေးတယ် “

သူ၏မျက်နှာပေါ်တွင် မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

သူသည် အခုလက်ရှိသူက အစစ်အမှန် နတ်သားရဲများနှင့် ယှဥ်လိုက်မည်ဆိုပါက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်သွားခဲ့သည်။

နဂါးသားရဲကြီးက တွေးတောစဥ်းစားနေသည့် အချိန်၌

အဝေးရှိ ကောင်းကင်ယံတွင် ကြီးမားသော အရိပ်ကြီးများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

နဂါးသားရဲကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သူသည် ချိုင့်ဝှမ်းထဲသို့ ဝင်သွားကာ ချက်ချင်း ပုန်းနေလိုက်သည်၊ တစ်ချိန်တည်းမှာပင် သူသည် အသက်ရှူသံ ဖုံးကွယ်ခြင်းစွမ်းရည်ကိုပါ အသက်သွင်းကာ သူ၏အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။

“ ဇီကျင်း၊ ဒီကိစ္စက သေချာရဲ့လား? “

“ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းက ဒီနေရာမှာ တကယ်ကြီး ရှိနေတာလား? “

ခရမ်းရောင် ကျားသစ်သားရဲတစ်အုပ်သည် ကျားသစ်ပုံသဏ္ဍာန်ရှိသည့် ခရမ်းရွှေရောင် သားရဲတစ်ကောင်နောက်မှ လိုက်လာခဲ့သည်။ အဆိုပါ ကျားသစ်ပုံသဏ္ဍာန်ရှိသော သားရဲကောင်များထံတွင် အမြှီးငါးခုနှင့် ချိုတစ်ချောင်းရှိနေခဲ့ပြီး၊ ၎င်းတို့မှာ အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုအနက် အထွတ်အထိပ် မျိုးနွယ်စုဖြစ်သော ခရမ်းရောင် မွန်းစတားမျိုးနွယ်စုပင် ဖြစ်သည်။

ဤခရမ်းရောင် သားရဲများ၏ ခေါင်းဆောင်သည် ခရမ်းရောင် မွန်းစတားမျိုးနွယ်စု၏ ပါရမီရှင် ဇီကျင်းဖြစ်သည်။

“ ဒီသတင်းက လုံးဝမှန်တယ် “

ဇီကျင်းမှ ပြောလာခဲ့သည် “ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတစ်ခုလို့ ပြောကြတယ်၊ အထဲမှာက ရှေးဟောင်းအမွေဆက်ခံမှုတွေနဲ့ အဆင့်၉နောက်ပိုင်း လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အမှန်တရားတွေ ရှိတယ်တဲ့ “

သူ၏လက်အောက်ငယ်သားတစ်ဦးမှ ပြောလာခဲ့သည် “ အဆင့်၉နောက်ပိုင်းက လမ်းကြောင်း၊ အဲ့တာက ကျွန်တော်တို့အတွက် တော်တော်လေးကို အလှမ်းဝေးနေသေးတယ် မဟုတ်ဘူးလား? “

ဇီကျင်းမှ တုံ့ပြန်ပြောဆိုလာခဲ့သည် “ ဒီတစ်ကြိမ်မှာ၊ အစစ်အမှန် နတ်သားရဲမျိုးနွယ်စုတွေ အများကြီး ရောက်လာကြမှာ။ ငါတို့က အမွေဆက်ခံမဲ့ ကိစ္စတွေကို တွေးမနေသင့်ဘူး၊ ဒါပင်မဲ့ အဲ့ဂူသင်္ချိုင်းထဲမှာက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ရတနာတွေ အများကြီးရှိတယ်။ တစ်ခုလောက်ပဲ ရမယ်ဆိုရင်တောင်မှ၊ အဲ့တာက ငါတို့ကို အဆင့်၅ဆီကို ပို့ပေးနိုင်လောက်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါ၌ ခရမ်းရောင် မွန်းစတားသားရဲ တစ်အုပ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

အဆင့်မြင့် နတ်သားရဲမျိုးနွယ်စုများကြားမှာပင် တစ်ချို့သော ပါရမီရှင်အနည်းငယ်မှ လွဲ၍၊ ကျန်ရှိနေသည့် သားရဲအများစုသည် စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ပိတ်ဆို့မှုနှင့် ကြုံတွေ့နေခဲ့ရသည်။

အဆိုပါ ပိတ်ဆို့မှုသည် တစ်နှစ်၊ ဆယ်နှစ်(သို့) နှစ် ၁၀၀အထိပင် ကြာရှည်နိုင်ပေသည်။

အဆိုပါ ပိတ်ဆို့မှုကာလအတွင်း၌ ၎င်းတို့၏ စွမ်းအားတိုးတက်မှုသည် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားခဲ့သည်။

အဆိုပါ ပိတ်ဆို့မှုကို ချိုးဖျက်ရန်အတွက် အချိန်အတော်ကြာ ယူရမည်ဖြစ်သော်လည်း၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တစ်ချို့သော ရတနာများသည် အဆိုပါ ကြာချိန်ကို သိသိသာသာ လျှော့ချပေးနိုင်လေသည်။

ချိုင့်ဝှမ်းအတွင်းရှိ နဂါးသားရဲကြီးသည် အဆိုပါ စကားဝိုင်းကို နားထောင်နေခဲ့သော်လည်း၊ ၎င်းအား အနည်းငယ်မျှပင် စိတ်မဝင်စားပေ။

ယခုတွင် သူသည် နေ့စဥ်နေ့တိုင်း ကီလိုဂရမ် ၁သောင်းအထိ ကြီးထွားနေနိုင်ပြီဖြစ်သည်၊ ထို့ကြောင့် နယ်ပယ်များ ချိုးဖျက်ရာတွင် မည်သည့်အတားအဆီးကိုမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။

ပဥ္စမအဆင့်သို့ ချိုးဖျက်နိုင်လောက်သည်ဟု ပြောနေခဲ့သော်လည်း၊ ဇီကျင်းပြောသကဲ့သို့ အစစ်အမှန် နတ်သားရဲများစွာ ရောက်လာမည်ဆိုပါက၊ ရန်ပွဲတစ်ခုဖြစ်ပေါ်လာနိုင်လေသည်။

“ ငါကရော ဒီအရှုပ်အထွေးတွေကြားကနေ တစ်ခုခု ရနိုင်မလားပဲ? “ နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့သည်။

ထိုအချိန်တွင် ဇီကျင်းမှ ဆက်ပြောလာခဲ့သည် “ အမြှောက်စာလုပ်ဖို့အတွက် သွေးနှောသားရဲကောင်တွေ သွားရှာကြမယ်။ အဲ့လိုမှ မဟုတ်ဘဲ ဂူသင်္ချိုင်းထဲကို တိုက်ရိုက်ဝင်သွားမယ်ဆိုရင် တော်တော်လေးကို အန္တရာယ်များသွားလိမ့်မယ် “

ခရမ်းရောင် မွန်းစတား မျိုးနွယ်စုသည် တောင်ဘက်သို့ ပျံသန်းသွားတော့သည်။

ဝှစ် !!

ထိုအချိန်တွင် ကြီးမားသော ရွှေနက်ရောင် ပုံရိပ်ကြီးတစ်ခုသည် ၎င်း၏ လမ်းကို ရုတ်တရက် ပိတ်ဆို့လာခဲ့သည်။

“ ဟမ်? “

ခေါင်းဆောင်ဖြစ်သည့် ဇီကျင်းသည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားတော့သည် “ သွေးနှောသားရဲကောင်လား? “

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်၊ များသောအားဖြင့် သွေးနှောသားရဲများသည် အုပ်စုလိုက် (သို့) ပင်မအရှင်သခင် မျိုးနွယ်စုနှင့် အတူတူ ရှိနေတတ်သည်။

သို့သော် မကြာခင်အချိန်မှာပင် ဇီကျင်းသည် ကျီစယ်လိုသောအမူအရာဖြင့် စကားပြောလာခဲ့သည် “ မင်းတစ်ယောက်တည်းလား? ငါတို့နဲ့လိုက်မလား? “

နဂါးသားရဲကြီးသည် မည်သည့်စကားမှ မပြောဘဲ၊ ပြုံးပြကာ ရုတ်တရက် ထိုးချလိုက်သည်။

သူသည် ဤအစားအသောက်များကို အလွတ်ပေးမည် မဟုတ်ပေ။

…

မိနစ်ဝက်မျှကြာခဲ့ပြီးသည့်နောက်တွင်

နဂါးသားရဲကြီးသည် ခရမ်းရောင် မွန်းစတားသားရဲ အလောင်းများကို သယ်ဆောင်ကာ ဝေးလံခေါင်ပါးသော ခရမ်းရောင် ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ပျံသန်းလာခဲ့သည်။

“ ဆင့်ကဲပြောင်းလဲမှုပြီးသွားတဲ့နောက်မှာ တကယ်ကြီးကို မတူတော့တာပဲဟ “

နဂါးသားရဲကြီးသည် ဇီကျင်း၏ အလောင်းကို ကြည့်ကာ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဒီခရမ်းရောင် မွန်းစတားကောင်ရဲ့ စွမ်းအားက ဆံဖြူကောင်ထပ် နည်းနည်းလေးမှ မနိမ့်ဘူး၊ ဒါပင်မဲ့ ငါ သာမန်တိုက်ခိုက်မှုလေးတွေနဲ့ ဒီကောင်တွေအကုန်လုံးကို အပျောက်ရှင်းနိုင်ခဲ့တယ် “

သူသည် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် မွှေးဖြူသားရဲနှင့် နတ်မျောက်ဝံတို့၏ အလောင်းများကို ထုတ်ယူလိုက်သည်။

“ ဒါတွေက ဒီနေ့အတွက်တော့ လုံလောက်သင့်တယ် “

နဂါးသားရဲကြီးသည် အသာအယာ ပြုံးကာ စတင်၍ စားသောက်နေတော့သည်။

ယခု၌ တစ်ရက်ချင်းစီတိုင်းတွင် ကီလိုဂရမ် ၁သောင်းအထိ ကြီးထွားနိုင်ပြီဖြစ်သောကြောင့် သူ၏ အစာချေဖျက်နိုင်စွမ်းမှာလည်း ပိုမိုအားကောင်းလာခဲ့ပြီး၊ နှစ်ကိုက်သုံးကိုက် ကိုက်ဝါးရုံဖြင့် ကီလိုဂရမ် ဆယ်နှင့်ချီ၍ စားသုံးနေနိုင်ပြီဖြစ်သည်။

“ ဂျွတ် ဂျွတ် ~~~ “

နဂါးသားရဲကြီးသည် ခရမ်းရောင် မွန်းစတားသားရဲများ၏ အသားများကို အရသာခံကြည့်ခဲ့ပြီးပြီဖြစ်သည်၊ ၎င်းတို့၏ အသားသည် အတော်လေး ထူးခြားနေခဲ့ကာ၊ အမဲသားသကဲ့သို့ ဖြစ်နေကာ လတ်ဆတ်ပြီး နူးညံ့နေခဲ့သည်။

“ အစစ်အမှန် နတ်သားရဲတွေက ဘယ်လိုအရသာရှိမလဲဆိုတာကို ငါသိချင်မိတယ် “

နဂါးသားရဲကြီး၏ သိလိုစိတ်များသည် ပိုပို၍ အားကောင်းလာခဲ့သည်၊ သူသည် အစစ်အမှန် နတ်သားရဲအသားကို တစ်ကြိမ်တစ်ခါမှ မမြည်းစမ်းကြည့်ရသေးပေ။

စားသောက်မှုသည် နှစ်နာရီတိတိ ကြာရှည်ခဲ့သည်။

“ အေ့ ~~~ “

နဂါးသားရဲကြီးသည် စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်နေတော့သည်။

ဘမ်း ဘမ်း ဘမ်း !!!

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ်သည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် စတင်၍ ဖောင်းကားလာခဲ့သည်။

၁၀ စင်တီမီတာ၊ ၂၀ စင်တီမီတာ၊ ၃၀ စင်တီမီတာ ………

မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် တစ်မီတာအထိ ထပ်မံ၍ မြင့်မားလာခဲ့သည်။

၎င်းမှာ မီတာ ၅၀ကျော်မြင့်မားသည့် သူ၏ခန္ဓာကိုယ်နှင့် ယှဥ်လိုက်မည်ဆိုပါက အဆိုပါတစ်မီတာက ထင်ရှားပုံမရပေ။

သို့သော် ၎င်းက တစ်ရက်တာ ကြီးထွားမှုနှုန်းထားဖြစ်ကြောင်းကို အမှတ်ရကြရမည်ဖြစ်သည်၊ တစ်လအကြာတွင် အနည်းဆုံးအနေဖြင့် မီတာ ၃၀ကျော်အထိ ကြီးထွားလာနိုင်ပေသည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : စတုတ္ထအဆင့် အဆင့်၄ ( ၁၀% )

အသားတင် အလေးချိန် : ၆၀၀၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၁၀၀၀၀ ရရှိခြင်း(အကန့်အသတ်)၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ အင်မော်တယ်၊ ဟင်းလင်းပြင်၊ အသက်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း၊ အရှိန်အဝါ တားဆီးခြင်း ….

ဆင့်ကဲပြောင်းလဲမှု : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁ဘီလီယံ

…

“ တစ်နပ်လေးစားလိုက်တာနဲ့ ငါ့ရဲ့အဆင့်က ၂က၄အထိ တန်းရောက်သွားတာပဲ “

နေ့စဥ်အဆင့် ၂ဆင့် တိုးတက်ခြင်း !!!

ထိုကဲ့သို့သော တိုးတက်မှု အမြန်နှုန်းကို မြင်လိုက်ရသောအခါတွင် အစစ်အမှန် နတ်သားရဲမျိုးနွယ်စု၏ အထွတ်အထိပ်တွင် ရှိနေသည့် သားရဲမျိုးနွယ်စုများကပင် အံ့ဩမှင်သက်သွားကြမည် ဖြစ်သည်။

“ ဒီနှုန်းအတိုင်းဆိုရင် အဆင့်၅ကို ရောက်ဖို့ အချိန်သိပ်ယူရတော့မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? “

၎င်းကို တွေးတောမိသွားသောအခါတွင် နဂါးသားရဲကြီးသည် မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

ထိုကဲ့သို့သော တိုးတက်မှု အမြန်နှုန်းသည် အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။

“ နေပါဦး အဆင့်၅ဆိုမှ၊ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲကွင်းပြင်ထဲမှာ အဆင့်၅ သားရဲကောင်တွေကို မမြင်ရသေးဘူး “

၎င်းသည် နဂါးသားရဲကြီးကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

ယခုလက်ရှိ အချိန်အထိ သူသည် စတုတ္ထအဆင့်နှင့် တတိယအဆင့် သားရဲကောင်များကိုသာ မြင်တွေ့ရသေးသည်။

သူသည် ပဥ္စမအဆင့်နှင့် ၎င်း၏အထက်အဆင့်မှ သားရဲကောင်များကို မကြုံတွေ့ရသေးပေ။

“ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေထဲမှာ အဆင့်၅ သားရဲတွေ မဝင်ရဘူးဆိုတဲ့ တားမြစ်ချက်တစ်ခု ရှိနေတာများလား? “

နဂါးသားရဲကြီး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက သူသည် ပဥ္စမအဆင့်သို့ အဆင့်တက်ရာတွင် သတိထားရတော့မည် ဖြစ်သည်။

သူသည် အဆင့်မြင့် သားရဲကောင်ကသာ ဝင်ရောက်နိုင်သည့် ကန့်သတ်ချက်/တားမြစ်ချက်များ ချထားသော တစ်ချို့သော နယ်မြေများရှိပြီး၊ ထိုနယ်မြေများအတွင်းသို့ ဝင်သွားမည်ဆိုပါက ကြောက်စရာကောင်းသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဆိုသည့် ကောလဟာလများကို ကြားထားခဲ့သည်။

သူသည် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲကွင်းပြင်၌ ထိုကဲ့သို့သော တားမြစ်ချက်များ ရှိနေမလားဆိုသည်ကို သိချင်နေလျက်ရှိသည်။

“ ဘုမ်းးးးးး !!! “

ထိုအချိန်၌ အဝေးရှိ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ပျံတက်လာခဲ့ပြီး၊ ကြီးမားသော အနက်ရောင် တိမ်ထုအဖြစ် ပြောင်းလဲသွားကာ ကျယ်လောင်စွာ မြည်ဟီးလာခဲ့သည်။

တဝီဝီအော်မြည်သံများနှင့်အတူ မီတာ ၁၀၀၀ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

၎င်းနှင့်အတူ ရှေးကျပြီး အားကောင်းသည့် အရှိန်အဝါတစ်ခုပါ လိုက်ပါလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် မိုင်သန်းနှင့်ချီသော နေရာများအထိ ပျံ့လွင့်သွားခဲ့သည်။

“ လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းလား? “

နဂါးသားရဲကြီးသည် ထိုနေရာဘက်သို့ လှည့်ကြည့်ကာ အတွေးနက်သွားခဲ့သည် “ ဒီအရှိန်အဝါက တကယ်ကြီးကို ခမ်းနားထည်ဝါတာပဲ “

ဂူသင်္ချိုင်းသည် တစ်ခြားလူများ မသိရှိမည်ကို ကြောက်ရွံ့နေသကဲ့သို့ ထိုမျှအားကောင်းသည့် အရှိန်အဝါကို လိုလိုလားလား ထုတ်လွှင့်လာခဲ့သည်။

၎င်းသည် အထဲတွင် လှည့်ကွက်များ ရှိနေမလားဟု နဂါးသားရဲကြီးကို သံသယဖြစ်သွားစေခဲ့သည်။

“ ဒါပင်မဲ့ …….. ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါက အထဲကို ဝင်မှာ မဟုတ်ဘူး “

နဂါးသားရဲကြီးသည် အသာအယာ ပြုံးနေတော့သည်၊ သူသည် ယခင်ကတည်းက ထိုအထဲသို့ မဝင်ရန် စီစဥ်ထားခဲ့ပြီး၊ ယခု၌ အဆိုပါ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာသွားခဲ့သည်။

သို့ရာတွင် သူသည် လက်သည်းရှစ်ခု ရွှေနဂါး ဂူသင်္ချိုင်းအတွင်းတွင် ရှိနေမည့် အကျိုးအမြတ်များကြောင့် အနည်းငယ် ဆွဲဆောင်ခံနေရစဲပင် ဖြစ်သည်။

ထို့ကြောင့် သူသည် အပြင်ဘက်တွင် စောင့်ဆိုင်းရန်သာ စီစဥ်ထားခဲ့သည်၊ တစ်ခြားသော သားရဲမျိုးနွယ်စုများက အထဲသို့ ဝင်ကာ ပြန်ထွက်လာသည့်အချိန်တွင် အကျိုးအမြတ်များ ရိတ်သိမ်းနိုင်မလားဆိုသည်ကို စောင့်ကြည့်မည် ဖြစ်သည်။

All Chapters