← Chapters

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း (၁၄၅၉-၁၄၆၁)

Vol. 98 Ch. 1459-1461

အခန်း(၁၄၅၉) စိန်ခေါ်စာ တစ်စောင်

ကျန်းလန်အာနှင့် ပိုင်ရှန်ကျူးတို့၏ မျက်နှာများတွင် စိတ်ဓာတ်ကျနေသော အမူအရာများ ပေါ်လွင်နေသည်။ ၎င်းတို့သည် တစ်ဖက်လူ၏ အနိုင်ယူခြင်းကို ခံခဲ့ရကာ ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။

"ဒါပေမယ့် တစ်ဖက်လူက ဆေးပညာရှင်ဆိုရင်တော့ ရှုံးတာက အရမ်းပုံမှန်ပါပဲ" ချူးယွင်ဖန်းက သူတို့ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

“အကူလာာက အရမ်းအားကောင်းပေမယ့် သူ့အမှာ အသက်အရွယ်ပဲ အားသာချက်ရှိတာ။ ကျွန်မသာ သူနဲ့ အရွယ်တူဆိုရင် သူ့ကို လုံးဝ ရှုံးမှာမဟုတ်ဘူး” ပိုင်ရှန်ကျူးက ဝမ်းနည်းစွာပြောလိုက်သည်။

သူ့အတွက် ဤသည်မှာ ဒုတိယအကြိမ်မြောက် အကြီးအကျယ်ရှုံးနိမ့်မှုနှင့် တွေ့ဆုံရခြင်းဖြစ်သည်။ ယခင်က ကျန်းလန်အာကို ရှုံးနိမ့်ခဲ့ဖူးသော်လည်း အကြီးအကျယ်ရှုံးနိမ့်မှုမျိုးမဟုတ်ပေ။

၎င်းတို့နှစ်ဦးကြား၌ ကွာဟချက်ရှိခဲ့သော်လည်း မသိသာလှပေ။ သူ့ကို

လုံးဝ အနိုင်ယူနိုင်ခဲ့သည်မှာ ကျန်းလန်အာက သူမ၏အစွမ်းအစအားလုံးကို အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းကကွဲပြားသည်။ ချူးယွင်ဖန်းက သူ့ကို လုံးဝချေမှုန်းပစ်လိုက်သည်။

ထိုစဥ်က ချူးယွင်ဖန်းသည် စီနီယာဆေးပညာရှင်အဖြစ်သာရှိသေးသော်လည်း စိတ်အေးလက်အေးပင်ရှိနေခဲ့သည်။ အချို့လူများသည် အမှတ်ပြည့်ရလောက်သည်အထိ သန်မာလွန်းသောကြောင့် အမှတ်ပြည့်ရကြကာ အချို့ကမူ ကန့်သတ်ချက်က ဤမျှပင်ရှိသောကြောင့် အမှတ်ပြည့်ရကြခြင်းဖြစ်သည်။ ကျန်းလန်အာက ပထမလူဖြစ်ကာ ချူးယွင်ဖန်းသည်မူ ဒုတိယလူဖြစ်ကြောင်းထင်ရှားသည်။

ချူးယွင်ဖန်းအပေါ် ပိုင်ရှန်ကျူးးသည် စိတ်လျှော့ထားလိုက်ပြီဖြစ်သည်။ ဆေးပညာဆိုင်ရာ အောင်မြင်မှုများဖြစ်စေ၊ သိုင်းပညာရှိ သူ၏ အစွမ်းသတ္တိဖြစ်စေ ချူးယွင်ဖန်းက သူနှင့်ယှဥ်နိုင်သူမဟုတ်ပေ။

သို့သော် သူသည် ကျင်းကျန်းဟန်၏

သို့သော်လည်း သူသည် ကျင်းကျန်းဟန်၏ ပါရမီကို မယုံကြည်ခဲ့ပေ။ သူသည် အသက်လေးဆယ်ကျော်တွင် ဆေးပညာရှင် ဖြစ်လာရန် အခွင့်အရေးရှိနိုင်သည်။ သူ့အမြင်အရ တစ်ဖက်လူသည် သူ၏အသက်အရွယ်ကို အခွင့်ကောင်းယူနေခြင်းသာ ဖြစ်သည်။

"အကူလာ ဘယ်လောက်ပဲ ခွန်အားကြီးပါစေ၊ ဆရာချူး၊ ရှင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး" ကျန်းလန်အာက ပြောသည်၊ "သူက လူရွှင်တော်တစ်ယောက်ပါ"

ချူးယွင်ဖန်း၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ သူသည်လည်း အကူလာကို အလေးအနက်မထားပေ။ သို့သော် သူ မည်သို့မျှ မတုံ့ပြန်ရသေးခင်၌ မီးအလင်းဒါဇင်ပေါင်းများစွာ ပျံသန်းသွားသည်။

ချူးယွင်ဖန်းက အနီးကပ်ကြည့်လိုက်သည်။ ကုန်းစွန်းဝူလုံနှင့် အခြားသူများမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

ဤအချိန်တွင် ကုန်းစွန်းဝူလုံနှင့် အခြားသူများသည် အပြေးအလွှားပြန်လာကြသည်။ ကျန်းလန်အာနှင့် ပိုင်ရှန်ကျူးတို့ အဆင်ပြေသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားကြသည်။

ဘော့ဇာသည် တဝေ၏ ပါရမီရှင်နှစ်ဦးကို တိုက်ခိုက်တော့မည်ဟု ကြားသိရသောအခါ ဌာနချုပ်အစည်းအဝေးသို့ တက်ရောက်ရန် အချိန်မရှိခဲ့ပေ။ ၎င်းတို့က ကျင်းကျန်းဟန်အား လမ်းတစ်လျှောက်တွင် ရှက်ရွံ့မှုကင်းမဲ့စွာ အကြိမ်ပေါင်းများစွာ ကျိန်ဆဲခဲ့ကြသည်။

ကံကောင်းထောက်မစွာ၊ သူတို့နှစ်ယောက် အဆင်ပြေနေသည်ကို ၎င်းတို့မြင်ခဲ့ရသဖြင့် ကြီးကြီးမားမားအမှားမလုပ်ခဲ့ကြပေ။ သို့သော် ချူးယွင်ဖန်းကို မြင်သောအခါ ကုန်းဆွန်းဝူလုံက အလျင်အမြန် ရှေ့ကို သွားလိုက်သည်။

"ဆရာချူး ရောက်နေပြီလား”

၎င်းတို့က ချူးယွင်ဖန်းကိုမြင်သောအခါ သေလုမျောပါးဖြစ်နေသည့် ကျန်းလန်အာနှင့်ပိုင်ရှန်ကျူးတို့ အဘယ်ကြောင့် အဆင်ပြေနေသေးသည်ကို ချက်ချင်းနားလည်သွားကြသည်။ ချူးယွင်ဖန်းက တစ်ခုခုလုပ်လိုက်သည့်ပုံပေါ်သည်။

ချူးယွင်ဖန်းသည် တဝေ၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်။ သူနှင့်အတူရှိနေပါက ကျင်းကျန်းဟန်သည် မာနထောင်လွှားစွာပြုမူပါက ပျားအုံကို ကန်နေသည့်နှယ်ဖြစ်ပေလိမ့်မည်။

ကျန်းလန်အာက ကုန်းစွန်းဝူလုံနှင့် အခြားသူများအား ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောသောအခါ ချွေးများစီးကျ၍ ဒေါသထွက်နေကြသည်။ ၎င်းတို့အားလုံးက ကျင်းကျန်းဟန်၏ အရှက်မရှိမှုကို ကျိန်ဆဲကြသည်။ ကျင်းကျန်းဟန် အောင်မြင်ခဲ့လျှင် တဝေ၏ ဆေးပညာရှင်များအားလုံးက ၎င်းတို့၏ ခေါင်းဆောင်ကို သတ်ပစ်ကြလိမ့်မည်။ ယင်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

"ကျေးဇူးတင်ပါတယ်၊ ဆရာချူး မဟုတ်ရင် အကျိုးဆက်တွေက မယုံနိုင်စရာပဲ" ကုန်းဆွန်းဝူလုံက အလျင်အမြန်ပြောလိုက်သည်။

"ကိစ္စသေးသေးလေးပါ။ ကျုပ် ဒီကို နည်းနည်းနောက်ကျမှ ရောက်လာတာ။" ချူးယွင်ဖန်း ပြုံးလိုက်သည်။

"ဆရာချူး လုံးဝနောက်မကျဘူး။ တကယ့်ဆေးဇစ်မြစ်တွေ့ဆုံပွဲက မစသေးဘူး" ကုန်းစွန်းဝူလုံက အလျင်အမြန်ပြောလိုက်သည်။

"ဒီတစ်ခါတော့ ကျင်းကျန်းဟန်က ငါတို့ကို အံ့အားသင့်စေခဲ့တယ်"

"ကျင်းကျန်းဟန်က ပိုပိုပြီး မာနကြီးလာတယ်။ ကျုပ် ဘာမှ မလှုပ်ရှားပါဘူး၊ ဒါပေမယ့် ကျင်းကျန်းဟန်က လူတွေက စည်းမျဉ်းတွေကို မလိုက်နာဘဲ တိုက်ချင်နေတာမို့ ကျုပ်လည်း အားနာမနေတော့ဘူး။ ဥက္ကဋ္ဌ ကုန်းဆွန်း၊ ကျင်းကျန်းဟန်က အကူလာအတွက် တိုက်ပွဲစိန်ခေါ်စာပို့ပေးဖို့ ကျုပ်ကို ကူပါ။ ဆေးပညာမှာ ကျုပ်နဲ့ပြိုင်ရဲလားလို့ မေးကြည့်ပေးပါ” ချူးယွင်ဖန်းက မေးသည်.

သူ့စကားများက လူတိုင်း၏ မျက်လုံးများကို တောက်ပစေခဲ့သည်။ ကျင်းကျန်းဟန်၏ ဖိနှိပ်မှုကို ၎င်းတို့ လုံလုံလောက်လောက်ခံစားခဲ့ကြပြီးဖြစ်သည်။ ထိုစဥ်က ချူးယွင်ဖန်းသည် တစ်ရက်တည်းနှင့် အကြီးတန်း ဆေးပညာရှင်တစ်ဦးဖြစ်လာကြောင်း လူတိုင်းသိခဲ့ကြသည်။ လူအများ၏ အမြင်တွင် သူ့၌ ဆေးပညာရှင်တစ်ဦး၏ အစွမ်းသတ္တိရှိကောင်းရှိနိုင်သည်။

သူ့တွင် ကျင်းကျန်းဟန်၏ အတွေ့အကြုံရင့် ဆေးကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန် အခွင့်အရေးမရှိနိုင်သော်လည်း အကူလာနှင့်ယှဥ်လျှင် အရေးနိမ့်မည်မဟုတ်ပေ။

"ကောင်းပြီ၊ သူတို့ကို သင်ခန်းစာပေးဖို့ အချိန်ရောက်ပြီ။" ကုန်းစွန်းဝူလုံသည် ရုတ်တရက် သူ့ခေါင်းကို မော့ထားနိုင်ပြီဟု ခံစားလိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင်းကျန်းဟန်နှင့် တဝေတို့၏ ပဋိပက္ခသည် ပျံ့နှံ့လာပြီး လူသိများလာခဲ့သည်။ လူတိုင်းက ကျင်းကျန်းဟန် မည်သို့လက်စားချေမည်ကို စောင့်ကြည့်နေစဉ် တဝေသည် အကူလာထံသို့ စိန်ခေါ်စာ‌ တစ်‌စောင်ပေးပို့ခဲ့သည်။ တဝေမှ ဆေးပါရမီရှင်သစ် ချူးယွင်ဖန်းသည် အကူလာကို စိန်ခေါ်ခဲ့သည်။ လူများစွာ အံ့သြတကြီးဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်းက ဘော့ဇာ၏ သိုင်းပညာကို ဖျက်ဆီးခဲ့သည့် ရက်စက်ကြမ်းကြုတ်သူ မဟုတ်ပေလော။

‘အဲ့တာက ဆေးပညာရှင်တစ်ယောက်နဲ့ ဘာဆိုင်လို့လဲ’

အကူလာ၏ တိုက်ပွဲ အောင်မြင်မှဒများသည် အလွန်ထူးချွန်သည်။ အသက်လေးဆယ်တွင် သူသည် ဆေးပညာရှင် တစ်ဦးဖြစ်နေပြီဖြစ်သည်။ ဤမျိုးဆက်၏ လူငယ်ဆေးပညာရှင်များအနက် ဤသို့သော ပုဂ္ဂိုလ်မျိုးသည် ဦးဆောင်သူဖြစ်သည်။

ပြီးတော့ ဒီချူးယွင်ဖန်းက ဘယ်သူလဲ။

သို့သော်လည်း ချူးယွင်ဖန်းအကြောင်းသတင်းသည် တဝေကိုယ်စားလှယ်များထံမှ မကြာမီပျံ့နှံ့သွားပြီး အားလုံးသည် ဆေးအကြောင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ပွဲဦးထွက်စမ်းသပ်မှုသည် တဝေတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။ သူသည် တစ်ရက်အတွင်း အငယ်တန်းဆေးပညာရှင်မှ အကြီးတန်းဆေးပညာရှင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ဆေးပညာရှင်တစ်ဦး၏ အစွမ်းသတ္တိရှိသည်ဟုပင် ဆိုကြသည်။

ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တဝေတွင် အရည်အချင်းအရှိဆုံးသူမှာ ကျန်းလန်အာ သို့မဟုတ် ပိုင်ရှန်ကျူးတို့မဟုတ်ဘဲ ယခင်က မည်သူမျှ မသိခဲ့သည့် ချူးယွင်ဖန်းဖြစ်နေသည်ကို သိလိုက်ရသည်။

လူအမြောက်အမြားက အံ့အားသင့်သွားကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့က ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို မရင်းနှီးကြပေ။ သူ ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူဖြစ်လာသည်ဟူသော အချက်သည်လည်း မကြာသေးမီကမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ တဝေ၏ လူအားလုံးပင် ဤဤကြောင်းမသိကြပေ။ အခြားနေရာမှ နိုင်ငံသားများပင် မသိကြပေ။

တဝေ၏ ကိုယ်စားလှယ်များက အခြားအချက်အလက်များကို မဖော်ပြသော်လည်း ဤအချက်အလက်သည် အလွန် အံ့အားသင့်ဖွယ်ကောင်းလှသည်။ တစ်ရက်တည်းနှင့် သာမန်လူတစ်ဦးမှ အကြီးတန်းဆေးပညာရှင်တစ်ယောက်ဖြစ်လာသည်။

ဒါက ဘယ်လို ထိတ်လန့်စရာကောင်းတဲ့ အရာမျိုးလဲ။ ဒီနောက်မှာ အလားတူ အောင်မြင်မှုမျိုး ရရှိမယ့်သူ ရှိဦးမလားဆိုတာ မသိပေမယ့် ဒါဟာ မကြုံစဖူးပါပဲ။

"တစ်ရက်အတွင်း သာမန်လူတစ်ယောက်ကနေ အကြီးတန်း ဆေးပညာရှင်တစ်ယောက် ဖြစ်လာတယ်။ တကယ်ကို အံ့သြစရာပဲ။"

"ဒီလောက် အားနည်းတဲ့ အခြေအနေမှာ ဒီလောက် ပါရမီရှင်တစ်ယောက် ရှိနေတာ မယုံနိုင်စရာပဲ။"

"ဟုတ်ပါတယ်။ ငါ ဒီအကြောင်း ပထမဆုံးကြားတုန်းက မယုံနိုင်စရာပဲ။ ဒါပေမယ့် တဝေရဲ့ ကိုယ်စားလှယ်တွေက မစဉ်းစားဘဲ မပြောဘူးလို့ ငါယုံကြည်တယ်။ မဟုတ်ရင် သူတို့ပဲ မျက်နှာပျက်သွားလိမ့်မယ်။"

ချူးယွင်ဖန်း၏ စိန်ခေါ်မှုကြောင့် မြို့တွင်း၌ ခဏတာမျှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့သည်။

အခန်း(၁၄၆၀) မုန်တိုင်းလာနေပြီ

မကြာသေးမီက ကျင်းကျန်းဟန်သည် ၎င်းတို့၏ ပါရမီရှင် အကူလာက တဝေနှင့် တချီတို့၏ ပါရမီရှင်များကို ချေမှုန်းခဲ့သည်ဟု ပိုပိုကဲကဲပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အကူလာသည် မရေမတွက်နိုင်အောင်များးပြားလှသော လူများ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ ထို့အပြင် ချူးယွင်ဖန်းသည် တဝေ၏ သမိုင်းတွင် အအစွမ်းထက်ဆုံး ပါရမီရှင်ဖြစ်သည်ဟူသော သတင်းကြောင့် ဤစိန်ခေါ်မှုစာကို မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

နှစ်နိုင်ငံသမိုင်းတွင် အခိုင်မာဆုံး ဆေးပါရမီရှင်များအကြား တိုက်ပွဲသည် လူအများစု အစိုးရိမ်ဆုံးကိစ္စ ဖြစ်လာခဲ့သည်။

ကျင်းကျန်းဟန်ကိုယ်စားလှယ်များ၏ စခန်းတွင် လူတိုင်းသည် တည်ကြည်သောမျက်နှာထားဖြင့် စက်ဝိုင်းတစ်ခုတွင် ထိုင်နေကြသည်။ ဦးဆောင်သူမှာ လူခြောက်ယောက်ရှိသည်။ ဤလူခြောက်ယောက်စီတွင် အလွန်အစွမ်းထက်သော ရောင်ဝါများရှိကြသည်။

၎င်းတို့သည် အခြားသူများထက် အဆင့်တစ်ခုထက်ပို၍ ပိုမိုအားကောင်းကြသည်။

သို့သော်လည်း အသက်ကြီးသူများ သို့မဟုတ် အသက်အရွယ်ကြီးရင့်တော့မည့် အခြားသူများနှင့် နှိုင်းယှဉ်ပါက ခြောက်ဦးတွင် နောက်ဆုံးထိုင်သူမှာ အသက် ၂၈ နှစ် သို့မဟုတ် ၂၉ နှစ်သာရှိပုံရသော လူငယ်တစ်ဦးဖြစ်သည်။

ကျန်သူများထဲတွင် အသက်ကြီးသူများ၊ လူငယ်များ နှင့် အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့အားလုံးသည် ကျင်းကျန်းဟန်၏ ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ သို့သော် ၎င်းတို့၏ အရှိန်အဝါများသည် ဤလူခြောက်ဦးထက် များစွာ နိမ့်ကျသည်။

၎င်းတို့သည် ကျင်းကျန်းဟန်၏ ကိုယ်စားလှယ်များဖြစ်သည်။ ၎င်းတို့ခြောက်ဦးသည် ကျင်းကျန်းဟန်တစ်ခွင်လုံးတွင် ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့သည် စစ်မှန်သော ဆေးပညာရှင်များဖြစ်သည်။ ကျန်သူများမှာ ကျင်းကျန်းဟန်၏ အကြီးတန်းဆေးပညာရှင်များ သို့မဟုတ် ငယ်ရွယ်သော ပါရမီရှင်များဖြစ်သည်။

လူအုပ်အလယ်တွင် ဘော့လ်ဇာ ရှိနေခဲ့သည်။ ဤအချိန်တွင် သူသည် မသန်မစွမ်းဖြစ်နေပြီး ဆယ်စုနှစ်များစွာ တစ်ခဏအတွင်း အိုမင်းသွားသကဲ့သို့ အလွန်စိတ်ဓာတ်ကျနေသည်။

"ဒါက အရမ်းလွန်တာပဲ။ သူဘော့ဇာရဲ့ သိုင်းပညာကို ဘယ်လိုဖျက်ဆီးရဲတာလဲ” ဆေးပညာရှင် ခြောက်ယောက်ထဲက အဘိုးကြီးတစ်ယောက်က သူ့ရဲ့ လက်တင်ခုံကို ရိုက်ရင်း ဒေါသတကြီး ပြောလိုက်သည်။

ကျင်းကျန်းဟန်၏ အခြားဆေးပညာရှင်များလည်း ဒေါသထွက်နေကြသည်။ ပိုင်ရှန်ကျူးနှင့် ကျန်းလန်အာ၏ သိုင်းပညာကို ထိခိုက်စေရန် ကြံစည်ခဲ့သည်ဟူသောအချက်ကို ၎င်းတို့ လုံးဝ မေ့ထားကြသည်။

"ကျွန်တော်တို့ ဌာနချုပ်ကို အယူခံဝင်ပြီး သူတို့ကို အပြစ်ပေးရမယ်!" ငယ်ရွယ်သော ဆေးပညာရှင်တစ်ဦးက ဒေါသတကြီးပြောလိုက်သည်။ ဘော့လ်ဇာသည် သူ့ဆရာဖြစ်ပြီး သူ့ဆရာ၏ သိုင်းပညာပျက်စီးသွားသည်ကို မြင်သောအခါ သူဒေါသထွက်နေသည်။

"ကျွန်တော်တို့ အခု ဌာနချုပ်ကို ဘယ်လိုအယူခံဝင်ရမလဲ။ သူတို့က ကျွန်တော်တို့ ပိုင်ရှန်ကျူးးနဲ့ ကျန်းလန်အာကို တိုက်ခိုက်ဖို့ လွတ်လပ်ခွင့်ယူတဲ့ကိစ္စကို ဆက်လုပ်ကြလိမ့်မယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဘော့ဇာ၏ တပည့်ကို မကျေနပ်ဟန်ဖြင့် ကြည့်လိုက်သည်။

အခြားသူများ အားလုံး တိတ်ဆိတ်သွားကြသည်။ ၎င်းတို့ဘက်မှ တစ်ခုခုမှားသွားခြင်းဖြစ်ကြောင်း အားလုံးသိကြသည်။ ကျင်းကျန်းဟန်က ဆေးပညာရှင်များသည် ဌာနချုပ်၏ အစိတ်အပိုင်းကြီးတစ်ခုဖြစ်သော်လည်း လုံလောက်သည့် သက်သေအထောက်အထားများရှိသောအခါ မည်သူမျှ ၎င်းတို့ကို မကူညီနိုင်ကြပေ။ ကျင်းကျန်းဟန်သာ ယခင်က အောင်မြင်ခဲ့ပါက ပိုင်ရှန်ကျူးနှင့် ကျန်းလန်အာတို့ ယခုအချိန်တွင် အားနည်းသွားနှင့်ပြီဖြစ်သည်။ တဝေ မည်မျှပင် ဒုဏ္ခပေးခဲ့စေကာမူ အသုံးမဝင်ပေ။ ဤခါးသီးသော အသီးကို ၎င်းတို့ မြိုချရုံသာ တတ်နိုင်ခဲ့ကြသည်။ သို့သော် သိုင်းပညာပျက်ဆီးသွားသော လူမှာ မိမိတို့လူဖြစ်နေသဖြင့် ၎င်းတို့ ပြောမပြတတ်လောက်အောင် အကြပ်ရိုက်နေကြသည်။ ၎င်းတို့က ဤနည်းလမ်းကို အကြိမ်ပေါင်းများစွာအသုံးပြု၍ တဝေနှင့် တချီတို့ကို ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ ယနေ့ အားလုံး ဒုက္ခရောက်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဒီလူယုတ်မာ ချူးယွင်ဖန်းက ဘယ်သူလဲ" တစ်စုံတစ်ယောက်က အံကြိတ်ကာ မေးလိုက်သော်လည်း မည်သူမျှ ဘာမှ မပြောနိုင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ တဝေသည် ၎င်းတို့နှင့်ဝေးကြသည်။ ချူးယွင်ဖန်းက ကျင်းကျန်းဟန်၏ လက်ယာဘုရင်ထံပစ်မှတ်ထားခံခဲ့ရသော်လည်း ဤကိစ္စကို နေရာအနှံ့ဖြန့်ကျက်နိုင်ခြင်းမရှိခဲ့ပေ။

"ကိစ္စမရှိပါဘူး။ သူက စိန်ခေါ်မှုစာထုတ်ရဲတဲ့အတွက် သူ့မှာ ယုံကြည်မှုအတိုင်းအတာတစ်ခုတော့ ရှိရမယ်" ဆေးပညာရှင်တစ်ဦးက စိုးရိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။"

ဤအချိန်တွင် အငယ်ဆုံး ဆေးပညာရှင်က နောက်ဆုံးတွင် စကားပြောလိုက်သည်။ သူသည် ဤကိစ္စ၏ အဓိကအချက်ဖြစ်ပြီး ကျင်းကျန်းဟန်၏ သမိုင်းတွင် အငယ်ဆုံး ဆေးပညာရှင် အကူလာဖြစ်သည်။

"ဒီချူးယွင်ဖန်းဟာ တစ်ရက်တည်းနဲ့ အကြီးတန်း ဆေးပညာရှင် ဖြစ်လာတယ်လို့ တဝေက ကြွားဝါပြောကြပေမယ့် အားလုံးက လိမ်ညာမှုတွေပါ။" အကူလာက အေးစက်စက် အပြုံးတစ်ခု ပြုံးလိုက်သည်။ "တဝေရဲ့ ဆေးပညာရှင်အစည်းအရုံးရဲ့ စွမ်းဆောင်ရည်က နှစ်ပေါင်းများစွာ ယိုယွင်းနေခဲ့တယ်။ အခုတော့ ကျဆင်းမှုကို ပြောင်းပြန်လှန်ဖို့ ဒီရယ်စရာကောင်းတဲ့ လှည့်ကွက်ကို သုံးနေကြပြီ!"

"တစ်ရက်အတွင်း အကြီးတန်း ဆေးပညာရှင် ဖြစ်လာနိုင်တာ အံ့သြစရာကောင်းပေမယ့် အမှန်တရားကတော့ ကျွန်တော်မှာ စာမေးပွဲဖြေဖို့ ဆန္ဒမရှိရင် ကျွန်တော်လည်း လုပ်နိုင်ပါတယ်။ တစ်ရက်အတွင်း ဆေးပညာရှင်တောင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလို စိတ်လှုပ်ရှားစရာကိစ္စမျိုးက အဓိပ္ပာယ်မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒါက သူတို့ အပြစ်ရှိတယ်လို့ ခံစားနေရပြီး အသက်ရှူမဝဖြစ်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ သူတို့မှာ တော်တဲ့ ပါရမီရှင်တွေကို မောင်းထုတ်လို့မရတဲ့အတွက် ဒီလိုလုပ်ဖို့ပဲ ရွေးချယ်စရာရှိပါတယ်" အကူလာက ဆက်ပြောသည်။

"ကျန်းလန်အာနဲ့ ပိုင်ရှန်ကျူးတို့က တော်တဲ့ ပါရမီရှင်တွေပါ၊ ဒါပေမယ့် ကျင်းကျန်းဟန်မှာ သူတို့ကို ယှဉ်နိုင်တဲ့ အနည်းဆုံး လူဆယ်ယောက်လောက်တော့ ရှိပါတယ်။ ဆေးဖွံ့ဖြိုးတိုးတက်မှုကို ပါရမီရှင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်က ဆုံးဖြတ်တာ မဟုတ်ပါဘူး။ စုဆောင်းမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ရမယ်။ တဝေရဲ့ ဆေးပညာက နှစ်ပေါင်းများစွာ အဆင့်နိမ့်လာခဲ့တာ ဘယ်လိုလုပ် ရုတ်တရက် ပေါက်ကွဲသွားနိုင်မှာလဲ"

"ဟုတ်တယ်။ ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုကို အတုအယောင်လုပ်လို့မရဘူး။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်လုပ်ရမယ်။"

"ဆေးရဲ့ ခြေလှမ်းတိုင်းမှာ မရေမတွက်နိုင်တဲ့ ဆေးပညာရှင်တွေက တစ်ဆင့်ပြီးတစ်ဆင့် စူးစမ်းလေ့လာဖို့ လိုအပ်ပါတယ်။ ရုတ်တရက် ထိုးထွင်းသိမြင်မှုတစ်ခုက အလျင်အမြန် ထိုးထွင်းသိမြင်မှုကို ရရှိနိုင်တဲ့ သိုင်းပညာလို မဟုတ်ပါဘူး။"

"ဟုတ်တယ်။ တဝေလူမျိုးတွေ အပြစ်ရှိတယ်လို့ ခံစားရပြီး ကြောက်ရွံ့နေကြမှာပဲ။"

ကျင်းကျန်းဟန်မြို့သူမြို့သားများက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။

အကူလာက လှောင်ရယ်ပြီးနောက် ဆက်ပြောသည်။

“ဒါဆို ချူးယွင်ဖန်းရဲ့စိန်ခေါ်မှုအတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ရဲ့ သိုင်းပညာက ကောင်းပြီး ဘော့လ်ဇာကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပေမယ့် သူက ကျွန်တော့်ကို ဆေးပညာနဲ့ စိန်ခေါ်ရဲတယ်"

တခြား ဆေးပညာရှင်များက တစ်ယောက်နှင့်တစ်ယောက်ကြည့်၍ အကူလာ၏စကားများကို သဘောတူကြသည်။ မည်သို့ပင်ဆိုစေကာမူ အကူလာ၏ တကယ့်အဆင့်က ၎င်းတို့ထဲမှ အချို့ထက်ပင် ပိုမို အားကောင်းနိုင်သည်ကို ၎င်းတို့သိကြသည်။ ဆေးပညာရှင်တစ်ယောက်ဖြစ်လာရန် မလွယ်ကူပေ။ မဟုတ်လျှင် သူသည် ကျင်းကျန်းဟန်၏ သမိုင်းတွင်အစွမ်းအထက်ဆုံးပါရမီရှင်ဖြစ်လာမည်မဟုတ်ပေ။

"ဒါပေမယ့် ငါ့ဆရာရဲ့ သိုင်းပညာကို ထိခိုက်စေတဲ့ ချူးယွင်ဖန်းကို လွှတ်ပေးရမှာလား" ဘော့ဇာ၏ တပည့်များက ဝမ်းနည်းကာ စိုးရိမ်တကြီးပြောသည်။

"ဟုတ်တယ်၊ မှန်တယ်။ ငါတို့ ဒါကို လျစ်လျူရှုလို့ မရဘူး။ သူ့သွေးနဲ့ ပြန်ပေးဆပ်ရမယ်" တစ်ယောက်က အော်ပြောလိုက်သည်။

ကျန်တဲ့လူများကလည်း ဤစကားကို ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြကြသည်။

"ဟုတ်ပါတယ်" ဆေးကျွမ်းကျင်သူများထဲမှ အဘိုးကြီးတစ်ဦးက ပြောလိုက်သည်။

"ဒီသတင်းကို ငါ နိုင်ငံတော်ကို ပြန်ပို့ပြီးပါပြီ။ လက်ယာဘုရင်က မရဏကမ္ဘာဂိုဏ်းက ကျွမ်းကျင်သူတွေကို စေလွှတ်မယ်လို့ ကတိပေးထားပါတယ်။ ဆေးဇစ်မြစ်တွေ့ဆုံပွဲ ပြီးဆုံးသွားတဲ့အခါ သူတို့ပြန်လာတဲ့ခရီးတစ်လျှောက် သေဆုံးသွားကြလိမ့်မယ်"

"ဥက္ကဌ ခင်ဗျားက ဉာဏ်ပညာကြီးပါတယ်" လူတိုင်းက ပြောကြသည်။

ဤကျွမ်းကျင်သူမှာ ကျင်းကျန်းဟန် ဆေးပညာအသင်း၏ ဥက္ကဌပင်ဖြစ်ကာ သူ့မျက်လုံးများက လင်းယုန်တစ်ကောင်၏ မျက်လုံးများကဲ့သို့ စူးရှထက်မြက်နေသည်။

"သူတို့ကို ရက်အနည်းငယ်လောက် ကျေနပ်နေပါစေ။ ကျင်းကျန်းဟန်ကို စော်ကားပြီးတဲ့နောက် သူတို့ ဘယ်လိုဆက်အသက်ရှင်နိုင်မှာလဲ။"

အခန်း(၁၅၆၁) ခေါင်းပေါ် နင်းချခြင်း

ချူးယွင်ဖန်း၏စိန်ခေါ်မှုသည် ဆွေးနွေးပွဲကို နှိုးဆွပေးခဲ့သည်။ လူတိုင်း၏အကြည့်များသည် နှစ်နိုင်ငံ၏ ဆေးပညာရှင်ကိုယ်စားလှယ်များထံ အာရုံစိုက်နေကြသည်။ ချူးယွင်ဖန်းသည် ကျင်းကျန်းဟန်၏ လူသိများသော ဆေးပညာရှင်ပါရမီရှင်ကို စိန်ခေါ်ရဲသည့် နောက်ခံအခြေအနေ မည်သို့ရှိသည်ကို လူတိုင်းသိချင်နေကြသည်။

စိန်ခေါ်မှုစာတွင်ဖော်ပြထားသော ဒုတိယနေ့နံနက်တွင် ကျင်းကျန်းဟန်၏ဘူတာရုံကို လူများစွာဝန်းရံထားသည်။ လာနိုင်သူအားလုံး တက်ရောက်ခဲ့ကြသည်။ တဝေ၏ဘူတာရုံကိုလည်း လူတစ်သောင်းကျော် ဝန်းရံထားပြီး ဆူညံနေသည်။

"ချူးယွင်ဖန်း ဒီနေ့တကယ်လာမှာလား"

"သူ ယုံကြည်မှုရှိလောက်တယ်။ မဟုတ်ရင် ဒီလို တိုက်ရိုက်စိန်ခေါ်မှုမျိုး ထုတ်ရဲမှာ မဟုတ်ဘူး။"

"ဒီနေ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့အကြိမ်က ကျန်းလန်အာနဲ့ ပိုင်ရှန်ကျူး အလွယ်တကူ ရှုံးနိမ့်ခဲ့တဲ့အချိန်လို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။"

လူပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြကာ ၎င်းတို့၏ ဆွေးနွေးမှုများ၏ အသံများက ကောင်းကင်ကို ဖြိုခွဲတော့မည့်နှယ်ကျယ်‌လောင်လွန်းလှသည်။ မကြာခင်၌ပင် ၎င်းတို့ လူတစ်စု လူအုပ်ထဲမှ ထွက်လာသည်။ ၎င်းတို့အားလုံး အဆင့်မြင့်ဝတ်ရုံများ ဝတ်ဆင်ထားကြကာ လူအုပ်ရှေ့၌ ရပ်လိုက်ကြသည်။

လူတိုင်းက ဤလူများက မည်သူများဖြစ်သည်ကို တွေးနေကြစဥ် တစ်စုံတစ်‌ယောက်က ၎င်းတို့၏ နာမည်များကို ထုတ်ပြောလိုက်သည်။

“ဒါ…တချီရဲ့ကိုယ်စားပြုတွေ”

"နိုင်ငံတော်နှစ်ခုကြားက ဒီထိပ်တိုက်ရင်ဆိုင်မှုမှာ တချီတောင် ငြိမ်ငြိမ်မနေနိုင်ပုံပဲ။"

"ဟုတ်တယ်၊ သူတို့ပဲ။ မနေ့က အကူလာ လုံးဝအနိုင်ယူခဲ့တဲ့ လူငယ် ထျန်းယီ မဟုတ်ဘူးလား"

"ဒါက စိတ်ဝင်စားစရာကောင်းလိမ့်မယ်!"

လူအများအပြားက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ ဆွေးနွေးမှု၏ အဓိကအချက်မှာ အသက်သုံးဆယ်ခန့်ရှိပုံရသော လူငယ်တစ်ဦးဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိလူများ၏ မှတ်ချက်များကို ကြားသောအခါ "လုံးဝရှုံးနိမ့်သွားပြီ" ဟူသော စကားလုံးများသည် သူ့နားထဲသို့ ဝင်ရောက်လာပြီး သူ့မျက်နှာသည် အစိမ်းရောင်နှင့် အဖြူရောင်သို့ ပြောင်းလဲသွားသည်။

တချီ၌ သူသည် ဤမျိုးဆက်တွင် အကြီးတန်း ဆေးပညာရှင်အဆင့်ကို ရောက်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ထို၌ မည်သူကမျှ သူ ဆေးပညာရှင်ဖြစ်မလာနိုင်ဟု မထင်ကကြပေ။ ယင်းက အချိန်တစ်ခုသာဖြစ်သည်။ သူသည် နာမည်တစ်လုံးရရန်အတွက် ဤပွဲကို တက်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အကူလာ၏ နောက်ခံကစားသမားဖြစ်လာလိမ့်မည်ဟု မည်သူသိမည်နည်း။

အကူလာ၏ ခြေနင်းခုံဖြစ်လာသည်မှာ သူတစ်ဦးတည်းမဟုတ်ပေ။ ထို့အပြင် သူ လက်ခံရန် ဆန္ဒမရှိသော်လည်း အခြားနည်းလမ်းမရှိပေ။ အဆုံးတွ၍် ရလဒ်က အမှန်တရားဖြစ်နေပြီဖြစ်သည်။ အနာဂတ်၌ ဆေးပညာရှင်တစ်ဦးဖြစ်လာရန် အခွင့်အရေးရှိသော်လည်း အကူလာသည်မူ စစ်မှန်သည် ဆေးပညာရှင်တစ်ဦးဖြစ်သည်။

ယနေ့ ချူးယွင်ဖန်းနက အကူလာကို စိန်ခေါ်လိုက်သည်ဟူသော စကားကိုကြားလိုက်ရသောအခါ သူလာကြည့်ရသည်။ ထျန်းယီတွင် ရှုပ်ထွေးသည့် ခံစားချက်များရှိနေသည်။ ချူးယွင်ဖန်းက အကူလာကို သင်ခန်းစာပေးနိုင်ရန် မျှော်လင့်ထားခဲ့သော်လည်း ချူးယွင်ဖန်းတွင် အကူလာကို အနိုင်ယူနိုင်မည့် အစွမ်းသတ္တိရှိမည်ကို သူစိုးသည်။ ထိုသို့ဖြစ်ခဲ့ပါက သူ့ကို အသုံးမဝင်ဟု သတ်မှတ်ကြပေလိမ့်မည်ဖြစ်ကာ ချူးယွင်ဖန်း အကူလာကို ရှံးသွားခြင်းက အကောင်ဆုံးဖြစ်သည်။ ထိုသို့ဖြစ်ပါက သူ၏ ကျရှုံးမှုက မသိသာလှပေ။

မကြာခင်၌ပင် သူ့အတွေးများ ပျံ့လွင့်သွားသောအခါ ကျင်းကျန်းဟန် ဘူတာရုံ၌ လူတစ်စုတံကားဖွင့်၍ ထွက်သွားကြသည်။ ဦးဆောင်သူသည် မကြာသေးခင်ကမှ နာမည်ကကြီးလာသော အကူလာဖြစ်သည်။

သူက ခြေလှမ်းကျဲကျဲနှင့် လူအုပ်ကြားကို အကြည့်လွှဲလိုက်သည်။ ထို့နောက် ထျန်းယီကိုကြည့်လိုက်၏။

"ငါ့ရဲ့ ရှုံးနိမ့်နေတဲ့ ပြိုင်ဘက်က ငါ့ရှေ့မှာ ပေါ်လာရဲသေးလား"

အကူလာ၏ စကားများကိုကြားသောအခါ ထျန်းယီ၏ မျက်နှာက အစိမ်းပုတ်ရောင်ပြောင်းသွားသည်။

"ငါတို့ရဲ့ အလောင်းအစားကို မင်းမမေ့သေးဘူး မဟုတ်လား။ မနေ့က မင်းကိုယ်တိုင်ပြောခဲ့တာလေ။ မင်းရှုံးရင် အနာဂတ်မှာ ငါ့ကိုတွေ့ရင် ငါ့ကိုဦးညွှတ်ရမယ်" အကူလာက လှောင်ပြောင်လိုက်သည်။

"အကူလာ ငါ့ကို ဖိအားမပေးနဲ့!" ထျန်းယီ၏ မျက်နှာက ဒေါသကြောင့် ရဲတွတ်လာသည်။

"လုပ်တော့ဘာဖြစ်လဲ။ မင်းရှုံးသွားပြီဆိုတော့ မင်းရဲ့ကတိကို နာနာခံခံ ဖြည့်ဆည်းပေးရမယ်။”

အကူလာက လှောင်ရယ်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ဖြာထွက်လာသည်။ ထျန်းယီသည် နောက်ဆုံးတွင် ဤကြောက်မက်ဖွယ် ရောင်ဝါ၏ ဖိနှိပ်မှုကို မခံနိုင်တော့ဘဲ ခပ်တိုးတိုးညည်းသံနှင့်အတူ ဒူးထောက်ကျသွားသည်။

ဘမ်း

ထျန်းယီ၏ ခြေ‌ထောက်များက စကျင်ကျောက်ကြမ်းပြင်နှင့်ဆောင့်မိကာ အက်ကွဲကြောင်းကြီးများပေါ်လာသည်။ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"ဘယ်လောက်တောင် အာဏာရှင်ဆန်လိုက်လဲ" လူတစ်ယောက်က အော်လိုက်သည်။

ထျန်းယီနှင့် အကူလာတို့၏ ဆေးကျင့်ကြံမှုက တစ်ခုတည်းသော ကွာခြားချက်မဟုတ်ကြောင်း ၎င်းတို့ မြင်နိုင်ကြသည်။ တစ်ယေက်က အကြီးတန်းဆေးပညာရှင်ဖြစ်ကာ ကျန်တစ်ဦးမှာ ဆေးပညာရှင်ကျွမ်းကျင်သူဖြစ်သည်။ ၎င်းတို့၏ ဆေးကျင့်ကြံမှုအဆင့်က အလွန်ကွာခြားသည်။ ထျန်းယီက နတ်အဆင့်နဝမအဆင့်၌သာရှိနေသးကာ အကူလာသည် ရွှေအမတေအဆင့်၌ ရှိနေပြီဖြစ်သည်။ အကူလာကို ထျန်းယီက တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

"ဒါက အရမ်းလွန်လွန်းတယ်”

လူအုပ်ကြားထဲတွင် တချီမှ လူများစွာရှိသည်။ ဤမြင်ကွင်းကိုမြင်သောအခါ ၎င်းတို့၏ မျက်နှာများ၌ ဒေါသများပေါ်လာသည်။ ယင်းက ၎င်းတို့၏ နိုင်ငံတော်ကို အရှက်ရစေသည်မှာ ထင်ရှားသည်။

သို့သော်လည်း ၎င်းတို့ထဲမှ မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။ ရွှေအမတေဆိုသည်မှာ ဤနေရာတွင် ကြက်များကြားတွင် ကြိုးကြာတစ်ကောင်မျှသာ ဖြစ်သည်။ ယင်းကို ရှောင်ရှားရန်အတွက် သုံးနိုင်ငံမှ ဆေးပညာရှင်များ မပေါ်လာခဲ့ပေ။

ထိုသို့သောအခြေအနေများတွင် အကူလာသည် လုံးဝအောင်နိုင်သူမဟုတ်ပေ။

"အာ!" တျန်းရီ ကျယ်လောင်စွာ အော်လိုက်သော်လည်း သူ့ခြေထောက်များသည် ခဲများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ခဲများသည် အလွန်လေးလံသောကြောင့် သူ ခဲများကို မမနိုင်ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တဖြည်းဖြည်း ကုန်းကွကွဖြင့် တောင်တစ်လုံးကို ကျောပေါ်တွင် ထမ်းထားသကဲ့သို့ ဖိထားခံရပြီး ခေါင်းကိုပင် မမော့နိုင်တော့ပေ။

သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားအားလုံးကို လုံးဝ ပိတ်ဆို့ပစ်လိုက်သည်။ ယင်းကရွှေအမတေအဆင့်စွမ်းအားဖြစ်သည်။ သူသည် အကူလာကဲ့သို့ မသန်မာကြောင်းသိသော်လည်း ဤမျှ ကွာခြားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ငါဒါကိုလက်မခံနိုင်ဘူး။ ငါလက်စားချေချင်တယ်!" ထျန်းယီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့ရင်ထဲက လက်စားချေမည့်အတွေးက မီးတောက်တစ်ခုကဲ့သို့ဖြစ်သည်။

ယင်းထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားသည့် မီးပွားနှယ်ဖြစ်သည်။

သို့သော်လည်း သူမည်မျှပင်ကြိုးစားစေကာမူ အကူလာရှေ့၌ အသုံးမဝင်ပေ။ အကူလာက ထျန်းယီဆီသို့လျှောက်သွားကာ‌ ခေါင်းကိုကန်လိုက်သောကြောင့် ထျန်းယီ မြေပြင်ပေါ်သို့ လဲကျသွားသည်။

"မင်း လက်စားချေချင်လား" သူ တျန်းယီ၏ ဒေါသကို ခံစားမိသော်လည်းစိတ်ထဲမထားခဲ့ပေ။

"မင်းလို အမှိုက်ကောင်က နောက်ထပ် တစ်ရာလောက် ကျင့်ကြံရင်တောင် ငါ့နဲ့ မယှဉ်နိုင်ဘူး!"

သူက ထျန်းယီ၏ ခေါင်းကို ဆောင့်နင်းလိုက်သောအခါ ယုန်က စကျင်ကျောက်ကြမ်းပြင်ထဲ နစ်မြုပ်သွားသကဲ့သို့ ကြီးမားသော အပေါက်တစ်ခုဖြစ်လာသည်။

လူအုပ်က တိတ်ဆိတ်နေသော်လည်းမည်သူမျှ မတားရဲပေ။ ကျင်းကျန်းဟန်သည် ကြောက်စဖွယ် အင်အားစုတစ်ခုဖြစ်ကာ မည်သူမျှ ၎င်းတို့၏ ကိစ္စ၌ ဝင်မစွက်ဖက်ရဲကြပေ။ ဝင်စွက်ဖက်လျှင်ပင် အကူလာနှင့်ယှဥ်နိုင်မည်မဟုတ်ပေ။

အကူလာက ထျန်းယီ၏ မာနကို ချိုးနေခြင်းဖြစ်ကြောင်း အချို့လူများက နားလည်ကြသည်။ အနာဂတ်တွင် သူ့ကို ကြောက်ရမည်ဆိုပါက ထျန်းယီတွင် အနာဂတ်ရှိမည်မဟုတ်ပေ။ ဤအကြောင်းစဥ်းစားမိသောအခါ လူများစွာက ပင့်သက်ရှိုက်လိုက်ကြသည်။

"ဘယ်လောက်ရက်စက်တဲ့လုပ်ရပ်လဲ!"

အကူလာ၏ အစွမ်းထက်သော အရှိန်အဝါကို ခုခံနေစဥ် နောက်ထပ်လူတစ်စု ဝင်လာကြသည်။ ၎င်းတို့သည် လူအုပ်ကိုခွဲကာ လူတိုင်း၏ မြင်ကွင်းထဲဝင်လာ၏။

All Chapters