Chapters

ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း

Vol. 9 Ch. 90

ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း

Vol. 9 Ch. 90

"ငါ့တပည့်ကိုတော့ မင်းဆီ လွှတ်လိုက်ပြီ။ မင်းကတော့ တကယ့် လူအိုကြီးပဲ၊ ကိုယ့်မှာလည်း တပည့်တွေ အများကြီး ရှိရက်နဲ့ ငါ့တပည့်ကိုမှ လာငှားရတယ်လို့"

မင်ယွဲ့ ထွက်သွားပြီးနောက် ပါမောက္ခရန်က ပါမောက္ခလီထံသို့ ဖုန်းဆက်ကာ ရယ်မောရင်း ပြောဆိုလိုက်သည်။

"ငါလည်း အကြပ်ရိုက်နေလို့ပါကွာ။ တခြားတက္ကသိုလ်က ကိုယ်စားလှယ်တွေက ရုပ်ရည်အသားပေးတွေချည်းပဲ။ ငါ့တပည့်တွေက ပညာတတ်ပေမဲ့ ရုပ်ရည်ပိုင်းကျတော့ အားနည်းနေသလို ဖြစ်နေလို့ပါ" ဟု ပါမောက္ခလီက ပြန်

ဖြေသည်။

"မင်းကလည်း ရုပ်ရည်ကို ကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်ရသလား" ပါမောက္ခရန်က ဟန်ဆောင်ပန်ဆောင် ကန့်ကွက်သော်လည်း သူ၏ တပည့်မလေးသည် ရုပ်ရည်ရော ပညာပါ ပြည့်စုံသဖြင့် ဂုဏ်ယူနေမိသည်မှာ အမှန်ပင်။

မင်ယွဲ့သည် ပါမောက္ခလီနှင့်အတူ နိုင်ငံတကာ ကျောင်းသားဖလှယ်ရေး အခမ်းအနားသို့ ရောက်ရှိလာသည်။ သူမ ဝတ်ဆင်ထားသည်မှာ ရိုးရှင်းသော်လည်း ကျော့ရှင်းသော လုပ်ငန်းခွင်

ဝတ်စုံ ဖြစ်သည်။

"မင်ယွဲ့၊ မင်း စိတ်မလှုပ်ရှားနဲ့ဦး။ ဒီနေ့တော့ ငါတို့ ယန်ကျင်းတက္ကသိုလ်ရဲ့ ဂုဏ်ဆောင် မျက်နှာစာအဖြစ်ပဲ နေပေးပါ" ဟု ပါမောက္ခလီက မှာကြားလေသည်။

အခမ်းအနားခန်းမကြီးအတွင်းသို့ ရောက်သောအခါ နိုင်ငံအသီးသီးမှ ကျောင်းသားများနှင့် ဆရာများဖြင့် စည်ကားလျက်ရှိသည်။ ထိုစဉ် အခြားတက္ကသိုလ်တစ်ခုမှ ကျောင်းသားအချို့က ရန်စလိုသော သဘောဖြင့် အနားသို့ ရောက်လာကြသည်။

"ဟော... ဒါ ယန်ကျင်းတက္ကသိုလ်အဖွဲ့ မဟုတ်လား။ ဒီတစ်ခါလည်း သူတို့ပုံစံက သိပ်ပြီး ထူးခြားမနေပါလား" ဟု ၎င်းတို့က လှောင်ပြောင်စွာ ရယ်မောကြသည်။

မင်ယွဲ့သည် ထိုစကားကို ကြားသောအခါ နူးညံ့သော်လည်း ပြတ်သားသော အသံဖြင့် တုံ့ပြန်

လိုက်သည်။

"လူတစ်ယောက်မှာ အလှအပ၊ အသိဉာဏ်နဲ့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ရှိသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အသိဉာဏ်နဲ့ အလှအပ ချို့တဲ့ရင်တောင် ကိုယ်ကျင့်တရားသာ မရှိရင်တော့ တိရစ္ဆာန်နဲ့ ဘာကွာပါတော့မလဲရှင်"

သူမ၏ ထက်မြက်သော စကားကြောင့် ဝန်းရံနေသော စီနီယာကျောင်းသားများမှာ အားရပါးရ ရယ်မောကြတော့သည်။

ပါမောက္ခလီပင်လျှင် သူ၏ တပည့်မလေးမှာ ဤမျှ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လှောင်ပြောင်ခဲ့သူများမှာမူ မျက်နှာပျက်ကာ "ပန်းအိုး (ရုပ်ချောပြီး အနှစ်မရှိသူ)" ဟုသာ ရေရွတ်နိုင်တော့သည်။

ထိုစဉ် ရုရှားနိုင်ငံသူ ကျောင်းသူလေးတစ်ဦးက မင်ယွဲ့အနားသို့ ရောက်လာကာ ရုရှားဘာသာဖြင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ၊ နင့်နာမည် ဘယ်သူလဲ။ ငါတို့ သူငယ်ချင်း ဖြစ်လို့ရမလား”

မင်ယွဲ့သည် တွေဝေခြင်းမရှိဘဲ ကျွမ်းကျင်လှသော ရုရှားလေယူလေသိမ်းဖြင့် ပြန်လည်ဖြေကြားလိုက်ရာ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“ရတာပေါ့၊ ဝေးလံတဲ့ အရပ်က လာတဲ့ သူငယ်ချင်းလေးရယ်”

မင်ယွဲ့သည် ထိုကျောင်းသူလေးအား ဖော်ဖော်ရွေရွေ ဖက်လဲတကင်း နှုတ်ဆက်လိုက်သည်။

ဤသည်မှာ အစသာ ရှိသေးသည်။ ထို့နောက်တွင် အီတလီ၊ စပိန်၊ ဂျာမန်၊ ဂျပန်နှင့် ကိုရီးယား ဘာသာစကားများကို မိခင်ဘာသာစကားကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုကာ နိုင်ငံအသီးသီးမှ ကျောင်းသားများနှင့် ရင်းနှီးစွာ ဆွေးနွေးနေတော့သည်။

ပါမောက္ခလီသည် ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

'ဒီကလေးမလေးက ရတနာတစ်ပါးပဲ၊ ဘာလို့ ပါမောက္ခရန်က လျှို့ဝှက်ထားရတာလဲ' ဟု သူ တွေးနေမိသည်။ မင်ယွဲ့၏ စွမ်းဆောင်ရည်မှာ သံတမန်တစ်ဦး ဖြစ်ရန်ပင် လုံလောက်နေပြီမဟုတ်ပါလား။

"ပါမောက္ခလီ၊ ခင်ဗျားရဲ့ ကျောင်းသားက တကယ့်ကို ထူးချွန်တာပဲ" ဟု အခြားတက္ကသိုလ်မှ ဆရာတစ်ဦးက လာရောက် ချီးကျူးသည်။

မင်ယွဲ့သည် သူမ၏ ဟာသဉာဏ်ရွှင်မှု၊ ဘာသာစကား ကျွမ်းကျင်မှုနှင့် တရုတ်ရိုးရာ ယဉ်ကျေးမှုအပေါ် နက်နဲသော နားလည်မှုတို့ဖြင့် အခမ်းအနားတွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူမသည် တရုတ်ယဉ်ကျေးမှုကို ကမ္ဘာသို့ ဖြန့်ဝေပေးသည့် တံတားတစ်စင်းအလား ထွန်းလင်းနေတော့သည်။

"ဒီလောက်တော်တဲ့ ကျောင်းသားကို ရထားတဲ့ နိုင်ငံခြားဘာသာစကားဌာနက ပါမောက္ခကတော့ ကံကောင်းတာပဲ" ဟု တစ်ဦးက ဆိုသောအခါ ပါမောက္ခလီက အောင်နိုင်သူတစ်ဦး၏ အပြုံးဖြင့် ဗုံးတစ်လုံးကို ဖောက်ခွဲလိုက်လေသည်။

"စိတ်မရှိပါနဲ့၊ သူက နိုင်ငံခြားဘာသာစကား အဓိက ကျောင်းသူမဟုတ်ပါဘူး။ သူက ဘဏ္ဍာရေးအဓိက ကျောင်းသူပါ"