← Chapters

ဆုလာဘ်အဖြစ် ရရှိသော စီးပွားရေးလမ်းမကြီး

Vol. 10 Ch. 91

ဆုလာဘ်အဖြစ် ရရှိသော စီးပွားရေးလမ်းမကြီး

Vol. 10 Ch. 91

မင်ယွဲ့၏ ထူးချွန်ပြောင်မြောက်လှသော စွမ်းဆောင်ရည်သည် ယန်ကျင်းတက္ကသိုလ်အတွက် ကြီးမားသော ဂုဏ်သတင်းကို သယ်ဆောင်လာခဲ့သည်။

မူလက "တက္ကသိုလ်၏ မျက်နှာစာ" ဟု ဆိုရာတွင် ရုပ်ရည်ရူပကာကိုသာ ရည်ညွှန်းခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်၌ ရုပ်ရည်သာမက ပါရမီနှင့် အစွမ်းအစတို့ပါ ပေါင်းစည်းပါဝင်သွားခဲ့ပြီဖြစ်သည်။

ပရော်ဖက်ဆာလီသည် မင်ယွဲ့၏ ရှေ့မှောက်သို့ တိုးကပ်သွားပြီး သူမ၏ အာရုံစူးစိုက်မှုကို မနှောင့်ယှက်ရဲပေ။ မင်ယွဲ့၏ ရှေ့တွင် တစ်ဖွဲဖွဲရောက်ရှိလာလိုက်၊ ပြန်သွားလိုက်နှင့် ရှိနေကြသော နိုင်ငံခြားသား လူငယ်လေးများကိုသာ ငေးမောကြည့်ရှုနေမိသည်။ မင်ယွဲ့သည် ယခုပွဲ၌ လူကြိုက်အများဆုံးနှင့် မျက်စိအကျဆုံး တရုတ်ကျောင်းသူတစ်ဦး ဖြစ်လာခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"တရုတ်ကျောင်းသူလေးက တကယ်ကို ချောမောလှပတာပဲ”

"သူက ငါတို့ဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောနိုင်သေးတယ်၊ သူ့ကို တကယ်ပဲ သဘောကျမိသွားပြီ”

မည်သည့်ဘာသာစကားဖြင့်ပင် ပြောဆိုကြသည်ဖြစ်စေ လူတိုင်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးများမှာ ဝင်းပသော လမင်းပမာ တောက်ပနေသည့် မင်ယွဲ့အပေါ် ချီးကျူးဂုဏ်ပြုစကားများသာ ဖြစ်နေတော့သည်။

အရှေ့တိုင်း နိုင်ငံခြားဘာသာစကား တက္ကသိုလ်သည် ယန်ကျင်းတက္ကသိုလ်က သူတို့၏ အားသာချက်ဖြစ်သော ဘာသာစကားကဏ္ဍတွင် ယခုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးလာလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

ယန်ကျင်းတက္ကသိုလ်သည် အရှေ့တိုင်းတက္ကသိုလ်ထက် ပိုမိုကျော်ကြားပြီး မူလတန်းကျောင်းသားလေးများပင် ကြီးလာလျှင် ယန်ကျင်းသို့ တက်မည်ဟု ရည်မှန်းကြသော်လည်း အရှေ့တိုင်းတက္ကသိုလ်ကိုမူ သိသူနည်းပါးလှသည်။ ယခုအခါတွင် သံတမန်များ မွေးထုတ်ရာတွင် နာမည်ကြီးသော အရှေ့တိုင်းတက္ကသိုလ်သည် မင်ယွဲ့၏ တောက်ပမှုအောက်

တွင် အရောင်မှိန်သွားခဲ့ရလေပြီ။

"ယွဲ့ယွဲ့လေး... မင်းမှာ ဒီလိုလှည့်ကွက်တွေရှိနေတာ ငါတောင် မသိခဲ့ပါလား”

ပရော်ဖက်ဆာလီသည် မင်ယွဲ့အနီးသို့ လျှောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချရင်း ဆိုလိုက်သည်။

မင်ယွဲ့ကို စောင့်ရှောက်ပေးမည်ဟု ဆိုကာ လိုက်ပါလာကြသော စီနီယာကျောင်းသားကြီးများမှာလည်း အံ့အားသင့်ကာ မှင်သက်နေကြတော့သည်။

"ကျွန်မက ကိုယ့်ဘာသာကိုယ် သင်ယူရတာကို အားသန်လို့ပါ ဆရာ”

မင်ယွဲ့က နှိမ့်ချစွာ ပြန်လည်ဖြေကြားသည်။

ဤသည်မှာ ကြွားဝါခြင်းမဟုတ်ပေ။ သူမသည် ငွေကြေးမချမ်းသာသည့်တိုင် ကိုယ်တိုင်လေ့လာသင်ယူရခြင်းကို အလွန်နှစ်သက်သူဖြစ်သည်။

ကျေးလက်တောရွာမှသည် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် ဘေဂျင်းသို့ ရောက်ရှိလာချိန်မှစ၍ သူမတွင် လိုအပ်ချက်များစွာ ရှိနေသည်ကို သတိပြုမိခဲ့သည်။ သူမသည် စတင်ရာလမ်းကြောင်း၌ အခြားသူများထက် နောက်ကျခဲ့သော်လည်း ဘယ်သောအခါမှ လက်မလျှော့ဘဲ အားသွန်ခွန်စိုက် ကြိုးစားလိုက်လံဖမ်းဆုပ်ခဲ့သူ ဖြစ်သည်။

ပရော်ဖက်ဆာလီအနေဖြင့်လည်း ထိုအကြောင်းပြချက်ကိုသာ လက်ခံနိုင်တော့သည်။ ပါရမီရှင်များမှာ မရှားပါးလှသော်လည်း ပညာရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော သူတို့အတွက်ပင် မင်ယွဲ့ကဲ့သို့သော ထူးချွန်သူမျိုးမှာ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။

လူအများ၏ မနာလိုဖွယ်ရာ ငေးမောကြည့်ရှုမှုများကြားမှ ပရော်ဖက်ဆာလီသည် ကျောင်းသားများကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။ မင်ယွဲ့သည် ဝီချက်အကောင့်များစွာကို ရရှိခဲ့သလို နိုင်ငံခြားကျောင်းများမှ ဆရာများကလည်း သူမကို ၎င်းတို့နိုင်ငံသို့ လာရောက်ပညာသင်ကြားရန် ကမ်းလှမ်းရင်း ဆက်သွယ်ရန် လိပ်စာများ ပေးခဲ့ကြသည်။

"အဲ့ဒီအဘိုးကြီးရန်ကတော့ တကယ့်လူလည်ပဲ။ ဒီလိုရတနာကို ငါတို့ဆီက ဝှက်ထားတာပဲ ငါ့ရဲ့ နိုင်ငံခြားဘာသာစကားဌာနက သူ့ကျောင်းသားကို လုယူသွားမှာ ကြောက်နေတာလား မသိဘူး”

ပရော်ဖက်ဆာလီသည် ပရော်ဖက်ဆာရန်၏ ရုံးခန်းအတွင်းသို့ ဝုန်းဒိုင်းကြဲဝင်သွားကာ စိတ်ဆိုးမာန်ဆိုး ပြောဆိုတော့သည်။ လူအများရှေ့တွင် အထင်ကြီးခံရစေရန် မသိနားမလည်သည့်ဟန်ကို ဖုံးကွယ်ခဲ့ရသော်လည်း ယခုအခါတွင်မူ သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

ပရော်ဖက်ဆာရန်မှာ ကြောင်တောင်တောင်ဖြင့် ကွန်ပျူတာမျက်နှာပြင်မှ မျက်လုံးကိုခွာကာ မော့ကြည့်လိုက်ပြီး

"ဘာတွေ ပြောနေတာလဲ... မင်ယွဲ့က ပါရမီရှိတာ မင်းတို့လည်း သိနေတာပဲ မဟုတ်လား"

ဟု ပြန်မေးလိုက်သည်။

"မင်းကတော့ တကယ့်လူအိုကြီးပဲ... ငါပြောတာ အဲ့ဒါမဟုတ်ဘူး။ မင်ယွဲ့မှာ ဘာသာစကားဆိုင်ရာ ပါရမီတွေ အဲ့ဒီလောက် အားကောင်းနေတာကို ဘာလို့ တစ်ခွန်းမှ မဟခဲ့တာလဲ”

ပရော်ဖက်ဆာလီသည် ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။

ပရော်ဖက်ဆာရန်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရသလို ပရော်ဖက်ဆာလီကလည်း လူရူးတစ်ယောက်ပမာ ပြုမူနေတော့သည်။

"မင်ယွဲ့က နိုင်ငံခြားဘာသာစကား အများကြီးကို တတ်မြောက်ထားတာ မင်းမသိဘူးလား”

ပရော်ဖက်ဆာရန်မှာ ထိတ်လန့်တုန်လှုပ်သွားကာ

"ငါ... ငါ တကယ်မသိဘူး"

ဟု ရေရွတ်လိုက်မိသည်။

"မင်းကတော့ တကယ့်ကို... မျက်စိမမြင်တဲ့သူပဲ”

ပရော်ဖက်ဆာလီသည် စကားပြောရင်း ရေငတ်လာသဖြင့် ရေစင်သို့သွားကာ ရေတစ်

ခွက်ကို အငမ်းမရ သောက်လိုက်သည်။

သူ၏ စိတ်ကတော့ အနည်းငယ် ငြိမ်သက်သွားသော်လည်း ပရော်ဖက်ဆာရန်မှာမူ ပို၍ပင် ပျာယာခတ်သွားတော့သည်။

"မင်းပြောတာ တကယ်လား... မင်ယွဲ့က တကယ်ပဲ ဘာသာစကားအမျိုးမျိုး တတ်တာလား”

သူ၏ တပည့်မှာ ယခုကဲ့သို့ အံ့ဩဖွယ် စွမ်းဆောင်နိုင်သည်ကို သူကိုယ်တိုင်ပင် မသိခဲ့ရလေသလော။

"တကယ်ပေါ့... ငါ ဘယ်တုန်းက လိမ်ဖူးလို့လဲ။ မင်ယွဲ့ကို ငါ့ဆီမှာပဲ အပ်လိုက်ပါတော့လား”

"မဖြစ်နိုင်တာ”

ပရော်ဖက်ဆာရန်က စဉ်းစားမနေဘဲ ချက်ချင်း ငြင်းဆန်လိုက်သည်။

"မင်းက ပါရမီရှင်ကို နှိပ်ကွပ်နေတာပဲ”

ပရော်ဖက်ဆာလီက လက်ညှိုးငေါ့ငေါ့ထိုးကာ အော်ဟစ်တော့သည်။

"မင်ယွဲ့က ဘဏ္ဍာရေးကဏ္ဍမှာလည်း ပါရမီရှင်တစ်ယောက်ပဲ၊ သူ့ရဲ့ အနာဂတ်က ဒီမှာပဲ အောင်မြင်မှုတွေ ရှိလာမှာ”

ပရော်ဖက်ဆာရန်ကလည်း အလျှော့မပေးပေ။

"ငါ မင်းကို တောင်းပန်ပါတယ်... မင်းမှာ တပည့်တွေ အများကြီး ရှိနေတာပဲ၊ ငါက အငြိမ်းစားယူတော့မှာမို့ ဒီတပည့်လေးတစ်

ယောက်လောက်ပဲ ပေးပါတော့”

ပရော်ဖက်ဆာလီသည် မာန်မာနကို ဘေးချိတ်ကာ တပည့်တစ်ယောက် ရရှိရေးအတွက် သနားစရာကောင်းအောင်ပင် ပြောဆိုနေတော့သည်။

သို့သော်လည်း ပရော်ဖက်ဆာရန်မှာ ခေါင်းမာမြဲ မာနေဆဲပင်။

"ငါက ငါ့မိန်းမကို ကြောက်ရတယ်ဗျ ငါ့မိန်းမက မင်ယွဲ့ကို သိပ်ချစ်တာ၊ ငါသာ မင်ယွဲ့ကို တခြားသူလက်ထဲ ထည့်ပေးလိုက်ရင် ငါ့အိမ်မှာ စစ်ပွဲတွေ ဖြစ်ကုန်လိမ့်မယ်”

ပရော်ဖက်ဆာရန်၏ ထိုအကြောင်းပြချက်ကြောင့် ပရော်ဖက်ဆာလီမှာ အံ့အားသင့်ကာ စကားပင် မဆိုနိုင်တော့ပေ။

နောက်ဆုံးတွင်မူ ပရော်ဖက်ဆာလီက

“ကောင်းပြီလေ... ငါတို့ တစ်ယောက်တစ်လှမ်းစီ ဆုတ်ကြတာပေါ့၊ သူ ဘွဲ့လွန်တက်တဲ့အခါ ဒီဂရီနှစ်ခု ယူခိုင်းလိုက်မယ်"

ဟု အပေးအယူ လုပ်လိုက်ရတော့သည်။

ဤသို့ဖြင့် ပါရမီရှင်ကျောင်းသူလေး တစ်ဦးကို ပိုင်ဆိုင်လိုသော ပရော်ဖက်ဆာကြီး နှစ်ဦး၏ လုပွဲကြီး ဖြစ်ပွားနေသည်ကို မင်ယွဲ့တစ်ယောက် မသိရှိရှာပေ။

သူမသည် အိမ်သို့ ပြန်ရောက်သောအခါ စတော့ဈေးကွက်အတွင်းမှ အရောင်းအဝယ်များကို စီမံခန့်ခွဲပြီးနောက် သူမ၏ ရှောင်ဟုန်ရှူးအကောင့်

အတွက် အလုပ်စတင်တော့သည်။

သူမသည် ပန်းချီဆွဲခြင်းကို ဝါသနာပါသဖြင့် ပန်းချီပညာကို လေ့လာခဲ့သည်။ လက်ရှိကမ္ဘာ့စံနှုန်းထက် မကျော်လွန်သရွေ့ စနစ် သည် သူမအတွက် ထိပ်တန်းသင်တန်းများကို အခမဲ့ ရှာဖွေပေးနိုင်စွမ်း ရှိသည်။ သူမ၏ အကောင့်အမည်မှာ "လမင်းငယ်" ဖြစ်ပြီး ပန်းချီဆရာမလေး တစ်ဦးအဖြစ် လူသိများလာသည်။

"ဘလော့ဂါလေး... ကျွန်မတို့အတွက် ဗိုက်သားအမြှောင်းလေးတွေနဲ့ ယောကျ်ားပျိုပုံလေး ဆွဲပေးပါဦး။ အဲ့ဒါလေးကို အရမ်းမြင်ချင်လို့ပါ”

ထိုမှတ်ချက်ကို မြင်သောအခါ မင်ယွဲ့သည် ယခုခေတ် အင်တာနက်အသုံးပြုသူများ၏ ပွင့်လင်းမှုကို ကြည့်ကာ ပြုံးမိသွားသည်။

သူမသည် ကင်မရာကို ဖွင့်ကာ သူမ၏ လက်ချောင်းလေးများကိုသာ မြင်ရစေပြီး တက်ဘလက်ပေါ်တွင် စတင်၍ ပန်းချီရေးဆွဲတော့သည်။ လိုင်းကြောင်းများ ဆွဲခြင်း၊ အရောင်ရွေးချယ်ခြင်းနှင့် အလင်းအမှောင် ချယ်လှယ်ခြင်းတို့ကို ကျွမ်းကျင်စွာ ပြုလုပ်နေသည်ကို ပရိသတ်များက အံ့အားသင့်စွာ ကြည့်ရှုနေကြသည်။

"မင်းတို့ သတိထားမိလား... ဘလော့ဂါလေးရဲ့ ပညာက အံ့ဩစရာကောင်းလောက်အောင် မြန်

မြန်ဆန်ဆန် တိုးတက်လာတာပဲ”

ထိုစကားသည် မှန်ကန်လှပါသည်။ စနစ်၏ လေ့ကျင့်ရေးအခန်းအတွင်း မင်ယွဲ့၏ ကြိုးစားအားထုတ်မှုများမှာ အလဟဿ မဖြစ်ခဲ့ပေ။

[ ဒန့် - ဂုဏ်ယူပါတယ် အိမ်ရှင်... သင်၏ ပန်းချီစွမ်းရည်မှာ အဆင့်မြင့်သို့ ရောက်ရှိသွားပါပြီ။ သင်သည် ပိုင်ဆိုင်မှု ဆုလာဘ်တစ်ခုကို ရရှိပါမည်။ ဤဆုလာဘ်သည် ကျပန်းစနစ်ဖြစ်ပြီး သတ်မှတ်၍ မရနိုင်ပါ။ ]

ယွမ်ပေါ့၏ အသိပေးချက်အပြီးတွင် မင်ယွဲ့၏ ရှေ့မှောက်သို့ ပိုင်ဆိုင်မှု သက်သေခံလက်မှတ်များ ရောက်ရှိလာတော့သည်။

[ ဒန့် - ဆုလာဘ်များ ထုတ်ပေးနေပါသည်။ ဂုဏ်ယူပါတယ် အိမ်ရှင်... သင်သည် မြို့အရှေ့ပိုင်းရှိ စီးပွားရေးလမ်းမကြီး တစ်ခုလုံးကို ပိုင်ဆိုင်ခွင့် ရရှိသွားပါပြီ။ ပိုင်ဆိုင်မှု လက်မှတ်ကို ထုတ်ပေးပြီးပါပြီ။ ]

မင်ယွဲ့သည် သူမ၏ ရှေ့တွင် ပုံရက်သားရှိနေသော အိမ်ခြံမြေ ပိုင်ဆိုင်မှုလက်မှတ်များကို ကြည့်ကာ ပျော်ရွှင်မှုများ လွှမ်းမိုးသွားတော့သည်။ အကယ်၍သာ ယွမ်ပေါ့၏ လေ့ကျင့်ပေးမှုများ မရှိခဲ့လျှင် သူမသည် ဤကဲ့သို့သော ကြီးမားလှသော စည်းစိမ်ချမ်းသာများကို မြင်ရရုံနှင့်ပင် ရင်တုန်ပန်းတုန်ဖြစ်ကာ မေ့လဲသွားနိုင်ပေသည်။

All Chapters