ကျက်သရေရှိလှသော အလှတရားကို ထုတ်ဖော်ပြသကြစို့
Vol. 10 Ch. 93
ခဏတာမျှသာ ရှိသေးသည်၊ စောစောကပင် မောက်မာရိုင်းစိုင်းစွာ ပြုမူခဲ့သော အမျိုးသမီးသည် ယခုအခါ မျက်နှာငယ်လေးဖြင့် အသနားခံနေရရှာသည်။
"မန်နေဂျာဝူ... တောင်းပန်ပါတယ်၊ ကျွန်မတို့လည်း ဒါမျိုးဖြစ်လာမယ်လို့ မထင်ထားလို့ပါစီးပွားရေးလုပ်တယ်ဆိုတာ ခက်ခဲပါတယ်ရှင်”
"မင်း စီးပွားရေးလုပ်ရတာ ခက်ခဲသလို ငါလည်း လူဖြစ်ရတာ ခက်ခဲတယ်ဟေ့ စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ဒီစင်တာကနေ ဖယ်ရှားဖို့ သုံးရက်အချိန်ပေးမယ်”
မင်ယွဲ့သည် ထိုအမျိုးသမီး၏ ဟန်ဆောင်ပန်ဆောင် သနားစရာကောင်းအောင် လုပ်ပြနေမှုကို ကြည့်ကာ စိတ်မရှည်နိုင်တော့ပေ။
"အသက် ၅၀ ကျော်ရင် ဝတ်စုံဝတ်ဖို့ မသင့်တော်ဘူး"
ဟု စောစောကပင် ကဲ့ရဲ့ခဲ့သည်မှာ သူမကိုယ်တိုင် မဟုတ်ပါလော အဝတ်အထည် ရောင်းချခြင်းမှ ရရှိလာသော အပေါ်ယံ ဂုဏ်ပကာသနများက သူမအား လူအချင်းချင်း ခွဲခြားဆက်ဆံတတ်သော မာန်မာနများကို မွေးဖွားပေးလိုက်
ခြင်းပင် ဖြစ်သည်။
မင်ယွဲ့သည် ပြတ်သားစွာ ဆုံးဖြတ်ချက်ချသည်ကို မြင်သောအခါ အမျိုးသမီးသည် အခြားတစ်ဦးထံ အကူအညီတောင်းရန် ပြင်
လိုက်သော်လည်း မင်ယွဲ့က ခွင့်မပြုပေ။
"မလာနဲ့... ငါ့အနားကို တိုးမလာနဲ့ ညှိနှိုင်းစရာ အကြောင်းမရှိဘူး”
မင်ယွဲ့သည် သူမနှင့် သုံးလံခန့် ဝေးရာသို့ တစ်လှမ်းချင်း ဆုတ်ခွာလိုက်သဖြင့် ထိုအမျိုးသမီးမှာ အရှက်ရကာ လူရာမဝင်သလို ခံစားလိုက်ရသည်။
မန်နေဂျာဝူကလည်း မင်ယွဲ့၏ ဘေးမှ ကာကွယ်ပေးထားပြီး
"ပြောတဲ့အတိုင်းသာ ထွက်သွားပါ၊ နှစ်ဦးနှစ်ဖက် အကျည်းတန်အောင် မလုပ်ပါနဲ့"
ဟု သတိပေးလိုက်သည်။
"မန်နေဂျာဝူ... တကယ်ပဲ ဒီလိုလုပ်မှာလား
ကျွန်မတို့က တစ်ဖက်တည်းသားတွေလေ၊ သူတို့က ဧည့်သည်တွေပဲ မဟုတ်လား”
အမျိုးသမီးက မန်နေဂျာဝူကို သူမဘက်ပါအောင် ဆွဲဆောင်ရန် ကြိုးစားနေဆဲပင်။
"ငါတို့က မင်းနဲ့ တစ်ဖက်တည်းသား မဟုတ်ဘူး မစ္စ၊ ငါတို့က အမှန်တရားကိုပဲ လေးစားတာ”
မင်ယွဲ့၏ အေးစက်လှသော စကားသံက လေထုထဲ၌ ပဲ့တင်ထပ်သွားသည်။
အမျိုးသမီး၏ မျက်ဝန်းထဲတွင် မကျေနပ်မှုနှင့် အမုန်းတရားရိပ်များ ဖြတ်ပြေးသွားသည်။
"ဟွန်း... မန်နေဂျာဝူ၊ ကျွန်မတို့ စာချုပ်က သက်တမ်းမကုန်သေးဘူးနော် အခုလို မောင်းထုတ်တာအတွက် နစ်နာကြေးပေးနိုင်လို့လား”
"သူ မပေးနိုင်ရင်တောင် ငါပေးနိုင်တယ် အခုချက်ချင်း ထွက်သွား”
မင်ယွဲ့သည် စာရွက်စာတမ်းကို တစ်ချက်ကြည့်လိုက်ရာ ဆိုင်ခန်းငှားရမ်းခ သက်တမ်းမှာ သုံးလသာ ကျန်တော့သည်ကို တွေ့ရသည်။
ဖောက်ဖျက်ကြေးဖြစ်သော ယွမ် သုံးသိန်းမှာ သူမအတွက် ပြောပလောက်သော ပမာဏမဟုတ်ပေ။ သူမ၏ ရည်မှန်းချက်မှာ ဤကဲ့သို့သော လူမျိုးများကြောင့် မိမိပိုင်ဆိုင်သော စင်တာ၏ ဂုဏ်သိက္ခာကို အညှိုးနွမ်းမခံနိုင်ခြင်းပင် ဖြစ်သည်။
အခြေအနေများ ငြိမ်သက်သွားသောအခါ ဝမ်းနည်းပူဆွေးနေသော အမျိုးသမီး၏ မိခင်ဖြစ်သူ ရောက်ရှိလာသည်။ သူမသည် ဂုဏ်သရေရှိသော လက်မှုပညာရှင် တစ်ဦးဖြစ်သော်လည်း သမီးဖြစ်သူ၏ အပြုအမူကြောင့် စိတ်ပျက်
အားလျော့နေရသည်။
"နင်ကတော့ တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ။ ငါ ဒီဆိုင်ကို လေးနှစ်ပတ်လုံး သေချာတည်ဆောက်ခဲ့တာ နင်ကတော့ သုံးရက်အတွင်းမှာ အကုန်ဖျက်ဆီးပစ်လိုက်ပြီ”
အမျိုးသမီးကြီး၏ အသံမှာ တုန်ရီနေသော်လည်း ပြတ်သားလှသည်။
"ဧည့်သည်ဆိုတာ ဘုရင်ပဲ၊ စီးပွားရေးလုပ်ရင် သဟဇာတဖြစ်ဖို့က အဓိက နင်က ဘယ်အချိန်ကစပြီး ဒီလောက် မောက်မာသွားတာလဲ နင် ကြီးပြင်းလာရင် ပိုပြီး သိတတ်လာလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ အခုတော့ ငါ့အမှားတွေပဲ ဒီနေ့ကစပြီး နင့်ကို တစ်ပြားမှ မပေးတော့ဘူး နင့်ဘာသာနင် ရုန်းကန်ပေတော့”
မင်ယွဲ့သည် ထိုမိခင်နှင့် သမီး၏ အခြေအနေကို ကြည့်ကာ လူ့လောက၏ ဖြစ်တည်မှု သဘောတရားများကို ဆင်ခြင်နေမိသည်။
သူမသည် မန်နေဂျာဝူနှင့်အတူ အခြားအဆောက်အဦးများကို ဆက်လက်စစ်ဆေးခဲ့သည်။ ဤစီးပွားရေးလမ်းမကြီးပေါ်တွင် ဆိုင်ခန်းလေးများသာမက အဆောက်အဦးပေါင်း ၂၀ ကျော် ရှိနေသဖြင့် တစ်ရက်တည်းနှင့် အကုန်
ကြည့်ရန် မဖြစ်နိုင်ပေ။
ရက်အနည်းငယ် ကြာသောအခါ—
[ ဒန့် - အိမ်ရှင်ထံသို့ ငွေပေးချေမှုအသစ် ရောက်ရှိလာပါပြီ။
လက်ရှိရန်ပုံငွေ - ၁၀၆,၄၆၉,၉၀၀,၀၀၀ (တစ်ထောင်ခြောက်ရာ လေးဆယ့်ခြောက် ကုဋေ ကိုးသန်း ကိုးသိန်း) ]
မင်ယွဲ့သည် ဖုန်းမျက်နှာပြင်ပေါ်ရှိ သုည အစီအရီကို ကြည့်ကာ မျက်လုံးများပင် ဝေဝါးသွားရသည်။ ဤသည်မှာ စီးပွားရေးလမ်းမကြီးမှ ရရှိသော ငှားရမ်းခများ ဖြစ်သည်။
[ ဒန့် - စနစ်အဆင့်မြှင့်တင်ခြင်းကို ၂၄ နာရီအတွင်း အပြီးသတ်ပါမည်။ ]
ယွမ်ပေါ့၏ အသံ တိတ်ဆိတ်သွားပြီးနောက် မင်ယွဲ့သည် အားလပ်ချိန်တွင် အိမ်အနီးရှိ စူပါမားကတ်သို့သွားကာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဝယ်ယူ၍ သူမ၏ သီးသန့် အာကာသဟင်းလင်းပြင်အခန်းထဲတွင် သိမ်းဆည်းလိုက်သည်။
ထိုနေရာတွင် အချိန်သည် ရပ်တန့်နေသကဲ့သို့ ရှိသဖြင့် အစားအသောက်များမှာ အမြဲတမ်း လတ်ဆတ်နေမည်ဖြစ်သည်။
ရာသီဥတုက အေးမြစပြုလာသဖြင့် မင်ယွဲ့သည် ဝမ်ကျန်းကို ဈေးဝယ်ထွက်ရန် ဖိတ်ခေါ်လိုက်
သည်။
"သွားချင်ရင်လည်း သွားပါဟာ... ငါ့ကို ဘာလို့ လာကြည့်နေတာလဲ”
ကျန်ဟင်က ဝမ်ကျန်း၏ အသနားခံနေသော မျက်နှာလေးကို ကြည့်ကာ ရယ်မောရင်း ဆိုလိုက်သည်။
"နင်က အလုပ်လုပ်နေရတာလေ ငါက အပြင်
ထွက် ပျော်ပါးနေရင် နင် စိတ်ဆိုးမှာ စိုးလို့ပါ”
ဝမ်ကျန်းက ပုခုံးလေးတွန့်ကာ ပြောလိုက်
သော်လည်း မျက်နှာကတော့ ပြုံးဖြီးနေသည်။
"မင်ယွဲ့နဲ့ ဈေးဝယ်ထွက်တာလည်း အလုပ်ပဲလေ။ အလုပ်ရှင်ကို လိုက်ပို့တာပဲ မဟုတ်လား”
ကျန်ဟင်က သူမအတွက် ဆင်ခြေကောင်းကောင်း ပေးလိုက်သည်။
"အိုခေ... ဒါဆိုရင် လစာရတဲ့ အားလပ်ရက်အဖြစ် ငါသွားပြီနော် နင်ကတော့ ဒီမှာပဲ ပျော်ပျော်ကြီး အလုပ်လုပ်ကျန်ခဲ့ပေတော့”
ဝမ်ကျန်းသည် ကုမ္ပဏီအောက်တွင် ရိုးလ်ရွိုက်စ် ကားကြီးဖြင့် စောင့်နေသော မင်ယွဲ့ထံသို့ အပြေးအလွှား သွားလိုက်သည်။
"ဝါး... ငါတကယ်ကို ကံကောင်းတာပဲ၊ ရိုးလ်ရွိုက်စ်နဲ့ ဈေးဝယ်ထွက်ရတော့မယ်”
ဝမ်ကျန်းသည် ကားပေါ်သို့ တက်လိုက်သည်နှင့် သားရေထိုင်ခုံများကို ပွတ်သပ်ရင်း ကျေနပ်စွာဖြင့် ဓာတ်ပုံများ ဆက်တိုက်ရိုက်တော့သည်။
"နင်က အရင်တုန်းက ဓာတ်ပုံရိုက်ရတာ မကြိုက်ပါဘူး”
မင်ယွဲ့က ရယ်မောရင်း ဆိုသည်။
"ဟဲ့... အလှအပဆိုတာ နတ်ဘုရားက ပေးတဲ့ လက်ဆောင်လေ ငါတို့မှာ ရှိတဲ့ ကျက်သရေကို လူတွေ မြင်အောင် ပြသရမှာပေါ့ ဒါကြောင့် သတ္တိရှိရှိနဲ့ ကိုယ့်အလှကို ထုတ်ဖော်ကြစို့ ချစ်လေး”
ဝမ်ကျန်း၏ ထူးဆန်းလှသော အတွေးအခေါ်များကို နားထောင်ရင်း မင်ယွဲ့တစ်ယောက် ရယ်မောရင်း ကားလေးကို မောင်းထွက်လာခဲ့တော့သည်။