← Chapters

ခန္ဓာကိုယ်ကြံ့ခိုင်မှု အတတ်ပညာ

Vol. 10 Ch. 95

ခန္ဓာကိုယ်ကြံ့ခိုင်မှု အတတ်ပညာ

Vol. 10 Ch. 95

"ချစ်လေးရယ်... တို့တွေ ပြန်စဉ်းစားကြရအောင်နော် မြေခွေးလေးက တကယ်ကို ချစ်ဖို့ကောင်းတာ၊ အဲ့ဒါလေးပဲ ဝယ်ကြရင် မကောင်းဘူးလား”

မင်ယွဲ့သည် ကလေးချော့သလိုမျိုး အသံလေးဖြင့် ယွမ်ပေါ့ကို ဖျောင်းဖျနေရသည်။

"အဓိက ပြဿနာက တို့ဆီမှာ အခုလောလောဆယ် ယွမ် ၁၀ ဘီလီယံပဲ ရှိတာလေတကယ်လို့ ပန်ဒါကိုယ်ထည်ကြီး ဝယ်လိုက်လို့ ပိုက်ဆံတွေ အကုန်ကုန်သွားပြီး အရေးပေါ် ငွေလိုလာရင် ဘယ်လိုလုပ်မလဲ”

"မရဘူး... ငါက ပန်ဒါဝက်ဝံကြီးပဲ ဖြစ်ချင်တာနိုင်ငံတော်ရဲ့ ရတနာ... အမျိုးသားအဆင့် ရတနာပဲ ဖြစ်ချင်တာ”

ကောင်းပါပြီ... ဤကလေးငယ် မည်သည်ကို စွဲလမ်းနေသည်ကို မင်ယွဲ့ သိရှိသွားရပါပြီ။

"နင်က ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ရတနာလေးပါပဲဒါပေမဲ့ နားထောင်ဦး... နိုင်ငံတော်ရတနာတွေကို အိမ်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားခွင့်မရှိဘူးလေ နင်သာ အဆင့် ၅ ရောက်လို့ ပန်ဒါကြီး ဖြစ်လာရင်တောင် ငါ နင့်ကို အပြင်ခေါ်သွားလို့ မရဘူး လူတွေ မြင်သွားရင် နင့်ကို ဖမ်းပြီး တိရစ္ဆာန်ရုံထဲ ထည့်ထားကြလိမ့်မယ်”

မင်ယွဲ့က ခြောက်လှန့်နေခြင်းမဟုတ်ပေ။ ပန်ဒါဝက်ဝံကြီးများသည် တရုတ်နိုင်ငံ၏ အဖိုးတန်ရတနာများ ဖြစ်ကြပြီး ပုဂ္ဂလိက မွေးမြူခွင့်ကို တင်းကျပ်စွာ တားမြစ်ထားသည်။

"ငါ အဲ့ဒါတွေ ဂရုမစိုက်ဘူး... ငါက ဝဝကုတ်

ကုတ်နဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံပဲ လိုချင်တာ”

ယွမ်ပေါ့က ဇွတ်အတင်း ပူဆာနေသဖြင့် မင်ယွဲ့လည်း မတတ်နိုင်တော့ပေ။ သူမသည် သွားကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

“အဆင့်တက်တာနဲ့ ဝယ်ပေးမယ်၊ အခုတော့ ပိုက်ဆံများများရအောင် ပိုကြိုးစားရမှာပေါ့”

အိမ်ထောင်မရှိသေးသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း မိမိသားလေးအတွက် အိမ်ဝယ်ပေးရန် ရုန်းကန်နေရသည့် မိခင်တစ်ဦးကဲ့သို့ သူမ ခံစားလိုက်ရသည်။

"ကောင်းပြီ... ဝယ်ပေးမယ် ဒါပေမဲ့ လူတွေရှေ့မှာတော့ ကိုယ်ထည်ကို ပေါ်မပြရဘူးနော်”

မင်ယွဲ့က စည်းကမ်းချက်အချို့ ထုတ်ပြန်လိုက်

သည်။

ယွမ်ပေါ့ကလည်း ဝမ်းသာအားရဖြင့်

"ယွဲ့ယွဲ့က အကောင်းဆုံးပဲ ငါက ပုံရိပ်ယောင်ကို ဖျောက်ပစ်လို့ရတယ် ဘယ်သူမှ ငါ့ကို ရှာမတွေ့စေရဘူး"

ဟု ကတိပေးလိုက်သည်။

ယွမ်ပေါ့သည် ချက်ချင်းပင် ပန်ဒါဝက်ဝံလေးအသွင်သို့ ပြောင်းလဲလိုက်သည်။ မင်ယွဲ့သည် သူမ၏ ရှေ့တွင် ပေါ်လာသော အဖြူအမဲရောင် အလုံးလေးကို ကြည့်ကာ အသည်းယားလွန်းသဖြင့် ပြေးဖက်လိုက်သော်လည်း ပုံရိပ်

ယောင်သာ ဖြစ်နေသဖြင့် ဘာကိုမျှ မဆုပ်ကိုင်

နိုင်ခဲ့ပေ။

မင်ယွဲ့သည် ထိုချစ်စဖွယ် ပန်ဒါလေးကို အမြန်ဆုံး ဖက်နိုင်ရန်အတွက် ငွေရှာလိုစိတ်နှင့် အဆင့်မြှင့်တင်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာတော့သည်။

စနစ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသဖြင့် ပုံရိပ်ယောင် လေ့ကျင့်ရေးအခန်း ပြန်ပွင့်လာသည်။

"ယွဲ့ယွဲ့... အခု အဆင့် ၄ ရောက်ပြီဆိုတော့ စနစ်ရဲ့ အစွမ်းအချို့ကို အိမ်ရှင်နဲ့ ဝေမျှလို့ရပြီ။

အခုကစပြီး လေ့ကျင့်ရေးခန်းမကို စိတ်နဲ့ ထိန်းချုပ်တာကို သင်ယူရမယ်”

ယွမ်ပေါ့၏ လမ်းညွှန်မှုဖြင့် မင်ယွဲ့သည် အာရုံစူးစိုက်ကာ လေ့ကျင့်ခန်းမ၏ တည်ရှိမှုကို စတင်ခံစားကြည့်သည်။ အကြိမ်ကြိမ် ကျရှုံးသော်လည်း မင်ယွဲ့သည် မနားမနေ ကြိုးစားခဲ့သည်။ နောက်ဆုံးတွင်မူ

"အောင်မြင်ပြီ ငါ ခံစားလို့ ရနေပြီ”

ဟု ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။

သူမသည် စိတ်ကူးဖြင့် စားပွဲတစ်လုံးကို ဖန်တီးကြည့်ရာ သူမ၏ ရှေ့မှောက်၌ စားပွဲတစ်လုံး ပေါ်လာသော်လည်း ခဏအကြာတွင် ကွယ်ပျောက်သွားသည်။

"ပိုပြီး လေ့ကျင့်ဖို့ လိုသေးတာပေါ့"

ဟု သူမ ကိုယ်ကိုကိုယ် အားပေးလိုက်သည်။

နောက်ထပ် အရေးကြီးသော အလုပ်တစ်ခုမှာ သိုင်းပညာ လေ့ကျင့်ခြင်းပင် ဖြစ်သည်။ လေ့ကျင့်ရေးခန်းမအတွင်း၌ သီးသန့်ဆရာတစ်ဦးက သူမအား ထိုက်ကျိ တိုက်ကွက်များကို တစ်ကွက်ချင်း သင်ကြားပေးသည်။

ပန်းခြံထဲမှ အဘိုးကြီးများ ကစားသကဲ့သို့ လွယ်ကူမည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ် လေ့ကျင့်သောအခါတွင်မူ အလွန်ပင် ပင်ပန်းနွမ်းနယ်လှသည်။

နောက်တစ်နေ့ နံနက်တွင် ဓာတ်ခွဲခန်းသို့ ရောက်သောအခါ မင်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်ကိုက်ခဲနေသည်။

"ဂျူနီယာလေး..."

စီနီယာကျောက်က အနောက်မှ လှမ်း၍ သူမ၏ ပုခုံးကို ပုတ်ရန် ပြင်လိုက်သည်။ ထိုစဉ် မင်ယွဲ့၏ ခန္ဓာကိုယ်သည် အလိုအလျောက် တုံ့ပြန်သွားပြီး စီနီယာကျောက်၏ လက်ကို ဖမ်းကာ လိမ်ချိုးလိုက်တော့သည်။

"အား... နာတယ်၊ နာတယ်”

"ဆောရီး... စီနီယာ၊ ဒါက အမှတ်မထင် တုံ့ပြန်မိသွားတာပါ”

မင်ယွဲ့က အားနာစွာဖြင့် တောင်းပန်လိုက်သည်။

"သိုင်းကျင့်တာ များသွားလို့ ဇဝေဇဝါ ဖြစ်သွားတာ”

"ဂျူနီယာလေး... မင်း ငါ့လက်ကောက်ဝတ်ကို ချိုးတော့မလို့ပဲ မင်း ဘယ်တုန်းက ရှောင်

လင်ကျောင်း သွားတက်နေတာလဲ”

စီနီယာကျောက်က ဟာသလုပ်ကာ မေးလိုက်သော်လည်း မင်ယွဲ့က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သဖြင့် သူ အံ့ဩသွားရသည်။

ထိုစဉ် ပရော်ဖက်ဆာရန် ဝင်ရောက်လာပြီး မင်ယွဲ့ကို သီးသန့်ခေါ်ထုတ်သွားသည်။

"ပရော်ဖက်ဆာလီ မင်းကို ဆက်သွယ်သေးလား"

ဟု သူက တိုက်ရိုက်ပင် မေးလိုက်သည်။

"မဆက်သွယ်သေးပါဘူး ဆရာ”

"ပရော်ဖက်ဆာလီက မင်းကို နိုင်ငံခြားဘာသာစကားဌာနမှာ ဘာသာတွဲအနေနဲ့ တက်စေချင်နေတာ ငါ အဲ့ဒါကို ကန့်ကွက်မှာမဟုတ်ပေမဲ့ မင်းက ငါ... ရန်ဟွာရုံ ရဲ့ တပည့်ဆိုတာကိုတော့ မမေ့နဲ့ဦး”

ပရော်ဖက်ဆာရန်က သူ၏ တပည့်အပေါ် ထားရှိသော စွဲလမ်းမှုကို ရိုးသားစွာပင် ဖော်ပြလိုက်သည်။

"ဆရာက ကျွန်မရဲ့ တစ်ဦးတည်းသော ဆရာပါကျွန်မ သိပါတယ် ဆရာ”

မင်ယွဲ့က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။

"ကောင်းပြီ... ဒီနေ့ ဆရာ့မိန်းမက မင်းကို သတိရနေလို့ ကြက်စွပ်ပြုတ် လုပ်ထားတယ် အလုပ်ပြီးရင် ဆရာနဲ့အတူ အိမ်လိုက်ခဲ့ဦး”

ပရော်ဖက်ဆာရန် ပြန်သွားပြီး မကြာမီမှာပင် ပရော်ဖက်ဆာလီ ရောက်ရှိလာခဲ့သည်။

သူသည် နိုင်ငံခြားဘာသာစကားဌာန၏ ဌာနမှူးကိုယ်တိုင်က မင်ယွဲ့ကို လိုချင်နေကြောင်း အားတက်သရော ပြောဆိုတော့သည်။

ပရော်ဖက်ဆာရန်က ကြိုတင်ပြောပြထားသဖြင့်

မင်ယွဲ့သည် မအံ့ဩတော့ဘဲ

“ရပါတယ် ဆရာ၊ ကျွန်မ သင်ယူပါ့မယ်"

ဟု လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

ပရော်ဖက်ဆာလီမှာမူ များစွာ ဖျောင်းဖျရမည်ဟု ထင်မှတ်ထားသော်လည်း မင်ယွဲ့က ချက်ချင်း သဘောတူလိုက်သဖြင့် ဝမ်းသာအားရဖြင့် ပြုံးပျော်ကာ ထွက်ခွာသွားတော့သည်။

All Chapters