← Chapters

ထူးချွန်ထက်မြက်သော ကျောင်းသားကိုယ်စားလှယ်များ

Vol. 10 Ch. 96

ထူးချွန်ထက်မြက်သော ကျောင်းသားကိုယ်စားလှယ်များ

Vol. 10 Ch. 96

မင်ယွဲ့သည် နိုင်ငံခြားဘာသာစကားဌာန၏ စာသင်ခန်းအတွင်းသို့ စတင်ဝင်ရောက်လာချိန်၌ သူမ၏ ပြိုင်ဘက်ကင်းလှသော အလှတရားသည် တက္ကသိုလ်တစ်ခုလုံး၏ ကွန်ရက်စာမျက်နှာများပေါ်တွင် လှိုင်းလုံးကြီးတစ်ခုပမာ ရိုက်ခတ်သွားခဲ့သည်။

နိုင်ငံခြားဘာသာစကားဌာနသည် အစဉ်အလာအရ အလှမယ်များ ပေါများရာနေရာဖြစ်သော်လည်း မင်ယွဲ့၏ ပေါ်ထွက်လာမှုသည် အခြားသော ကြယ်ပွင့်များကြားတွင် ထွန်းလင်းတောက်ပနေသော လမင်းကြီးပမာ ဖြစ်နေတော့သည်။

သူမသည် မည်သူနှင့်မျှ အလှချင်းပြိုင်ရန် ရည်ရွယ်ချက်မရှိသော်လည်း လူအများ၏ အကြည့်များကို ဆွဲဆောင်နိုင်စွမ်းရှိနေဆဲပင် ဖြစ်သည်။

"နိုင်ငံခြားဘာသာစကားဌာနက လူတွေကတော့ တကယ်ပဲ အရှက်မရှိဘူး ဒါ ငါတို့ ဘဏ္ဍာရေးဌာနက ကျောင်းသူလေးလေ”

"ဟုတ်တယ်... မင်ယွဲ့က ပရော်ဖက်ဆာရန်ရဲ့ တပည့်ပဲ သူက ပထမနှစ်မှာတင် ဆရာ့ရဲ့ ဓာတ်ခွဲခန်းထဲဝင်ပြီး ပရောဂျက်တွေမှာ ပါဝင်နေတဲ့သူ”

ဘဏ္ဍာရေးဌာနမှ ကျောင်းသားများသည် မိမိတို့ဌာန၏ ဂုဏ်ဆောင်ကျောင်းသူလေးကို အခြားဌာနတစ်ခုသို့ ပေးလိုက်ရသကဲ့သို့ ခံစားနေရသဖြင့် အွန်လိုင်းပေါ်တွင် အချေအတင် ငြင်းခုံမှုများ ဖြစ်ပွားလာတော့သည်။

သို့သော်လည်း မကြာမီမှာပင် မင်ယွဲ့သည် ဘာသာရပ်နှစ်ခုကို တွဲဖက်ယူထားသော "ဒယ်ဘယ်ဒီဂရီ" ကျောင်းသူဖြစ်ကြောင်း သတင်းထွက်ပေါ်လာသဖြင့် နှစ်ဖက်စလုံး ငြိမ်သက်သွားကြကာ မင်ယွဲ့အား ဌာနနှစ်ခုလုံး၏ ကိုယ်စားပြု အလှမယ်အဖြစ် သတ်မှတ်လိုက်ကြတော့သည်။

မင်ယွဲ့သည် နေ့စဉ်နှင့်အမျှ ပုံရိပ်ယောင် လေ့ကျင့်ရေးခန်းမအတွင်း၌ အားသွန်ခွန်စိုက် ကြိုးစားနေခဲ့သည်။ သူမ၏ သိုင်းပညာသည်လည်း သိသိသာသာ တိုးတက်လာပြီး ယခုအခါတွင်မူ သိုင်းဆရာနှင့် လက်ရည်စမ်းရာတွင် အချက်အချို့ ပြန်လည်ခုခံနိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

"ကျောင်းကနေပြီး အရင်နှစ်တွေက ထူးချွန်ကျောင်းဆင်းတွေကို ဟောပြောပွဲလုပ်ဖို့ ဖိတ်ထားတယ်တဲ့”

"အားလုံးက အထက်တန်းလွှာတွေချည်းပဲ ဖြစ်မှာပေါ့”

ယန်ကျင်းတက္ကသိုလ်၏ ဝင်းအတွင်း၌ ထိုသတင်းစကားများက ပျံ့နှံ့နေသည်။

ပရော်ဖက်ဆာရန်က မင်ယွဲ့အား ဘဏ္ဍာရေးဌာနမှ ဖိတ်ကြားထားသော စီနီယာများအား ကြိုဆိုရန် တာဝန်ပေးလိုက်သည်။ နိုင်ငံခြားဘာသာစကားဌာနကလည်း သူမကို လိုချင်နေသော်လည်း ပရော်ဖက်ဆာရန်က ဦးသူဖြစ်သွားခဲ့သည်။

တက္ကသိုလ်၏ အဝင်ဝတွင် ဇိမ်ခံကားကြီးများ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာကြသည်။ ကျောင်းသားများ၏ အာရုံစိုက်မှုမှာ ထိုကားများပေါ်တွင်သာ ရှိနေတော့သည်။ ကားတံခါးများ ပွင့်လာသောအခါ ပထမဆုံး ထွက်ပေါ်လာသူမှာ အဖြူရောင် ဝတ်စုံဖြင့် ခန့်ညားလှသော အမျိုးသားတစ်ဦး ဖြစ်သည်။

မင်ယွဲ့သည် ထိုသူကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူသည် သူမ သိကျွမ်းထားသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။ ထိုအမျိုးသားကလည်း မင်ယွဲ့ကို မြင်သောအခါ နှုတ်ခမ်းဖျားတွင် အပြုံးနုနုတစ်ခု ဖန်တီးလိုက်သည်။

ဒုတိယတစ်ဦးမှာ နိုင်ငံတကာ ဘာသာပြန်ဌာနတွင် အလုပ်လုပ်နေသော ထူးချွန်သည့် အမျိုးသမီးဖြစ်ပြီး တတိယတစ်ဦးမှာ ရွှေရောင်မျက်မှန်ဖြင့် အလွန်ယဉ်ကျေးသိမ်မွေ့သော ပညာတတ်တစ်ဦး ဖြစ်သည်။

နောက်ဆုံးတစ်ဦး ထွက်ပေါ်လာချိန်တွင်မူ ကျောင်းသားများသာမက ဆရာများပင် အသက်ရှူမှားမတတ် ဖြစ်သွားရသည်။ အနက်ရောင် ဝတ်စုံဖြင့် အရပ်ရှည်ရှည်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော အမျိုးသားကြီး တစ်ဦးပင် ဖြစ်သည်။

သူ၏ စူးရှသော အကြည့်များမှာ လူအုပ်ကြီးကို ဖြတ်ကျော်ကြည့်လိုက်ရာ တည်ရှိမှုတစ်ခုလုံးကို လွှမ်းမိုးထားသကဲ့သို့ ရှိနေတော့သည်။

"မင်ယွဲ့... ငါ မင်းကို ပြောဖို့ မေ့သွားတယ်ဘဏ္ဍာရေးဌာနက ဖိတ်ထားတဲ့သူက မင်းသိတဲ့ မိုဟန်ကျီ ပဲ သူကလည်း မင်းလိုပဲ ဘာသာရပ်နှစ်ခု တွဲယူခဲ့တဲ့သူပေါ့”

ပရော်ဖက်ဆာရန်က တိုးတိုးလေး ကပ်ပြောလိုက်သည်။

မိုဟန်ကျီသည် ယန်ကျင်းတက္ကသိုလ်၏ ဖိတ်ကြားမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ အဘယ်ကြောင့်မှန်းမသိ လက်ခံခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ထောက် လင်ကျင်း ကတော့ မင်ယွဲ့ကို မြင်လိုက်ရသည်နှင့် အဖြေကို ချက်ချင်း သိရှိသွားတော့သည်။

"ဥက္ကဋ္ဌမို..."

မင်ယွဲ့သည် ရှေ့သို့ တိုးကာ နှုတ်ဆက်လိုက်

သည်။

“ပွဲမစခင် ကျွန်မက ရှင့်ရဲ့ အစီအစဉ်တွေကို လိုက်ပါ ကူညီပေးသွားမှာပါ”

ထုံးစံအတိုင်း မင်ယွဲ့သည် မိုဟန်ကျီအား ကျောင်းဝင်းအတွင်း လိုက်လံပြသရမည် ဖြစ်သည်။

မိုဟန်ကျီသည် ပုံမှန်ထက် ပိုမိုနူးညံ့သိမ်မွေ့နေသဖြင့် လက်ထောက်လင်မှာ အံ့ဩခြင်းကြီးစွာဖြင့် "ငါ့ဆရာကတော့ ထူးခြားနေပြန်ပြီ" ဟု တွေးနေမိသည်။

"မစ္စမင်ယွဲ့နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

မိုဟန်ကျီက တိုးညင်းသော အသံဖြင့် ဆိုလိုက်

သည်။

သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်စဉ် မင်ယွဲ့သည် သူ၏ စူးရှသော မျက်ဝန်းများကို ရင်ဆိုင်ရသဖြင့် အကြည့်လွှဲမိမတတ် ဖြစ်သွားရသည်။ ထိုစဉ် အသံတစ်ခုက သူတို့၏ စကားဝိုင်းကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။

"မင်ယွဲ့..."

မင်ယွဲ့သည် သူမ၏လက်ကို အမြန်ရုပ်သိမ်းကာ လှည့်ကြည့်လိုက်သည်။

"အစ်ကို ကျိုးယင်း… အစ်ကိုကလည်း ယန်ကျင်းတက္ကသိုလ်က ဆင်းတာပဲလား”

"ဟုတ်တယ်... ကိုယ်က ဒီဇိုင်းမေဂျာကလေ ဒီမှာ ဘွဲ့ရပြီးမှ နိုင်ငံခြားသွားခဲ့တာ”

ကျိုးယင်း က ပြုံးလျက် ပြန်ဖြေရင်း မိုဟန်ကျီကို ကြည့်လိုက်သည်။

ကျိုးယင်းသည် မင်ယွဲ့၏ လှပမှုကြောင့် အောင်မြင်ကျော်ကြားသော အမျိုးသားများ၏ ပစ်မှတ်ဖြစ်လာမည်ကို သိရှိထားသည်။

ထို့အပြင် မင်ယွဲ့မှာ သူ၏ အဘွားဖြစ်သူ အလွန်ချစ်မြတ်နိုးရသော မြေးမလေးသဖွယ် ဖြစ်နေသဖြင့် သူမအား တစ်စုံတစ်ဦးက အနိုင်ကျင့်မည်ကို မလိုလားပေ။

သူသည် မင်ယွဲ့၏ နောက်ကွယ်တွင် ခိုင်မာသော အဆက်အသွယ်များ ရှိကြောင်း ပြသရန်အတွက် ယခုကဲ့သို့ ပေါ်ထွက်လာခြင်း ဖြစ်သည်။

"အဘွားက နေ့တိုင်း နင့်အကြောင်းပဲ ပြောနေတာနော်”

ထိုစကားကို ကြားသောအခါ လက်ထောက်လင်၏ ရင်ထဲတွင် စိုးရိမ်စိတ်များ မြင့်တက်လာတော့သည်။

သူ၏ သူဌေးဖြစ်သူ မိုဟန်ကျီ၏ မျက်နှာမှာ ပို၍ပင် အေးစက်ခက်ထန်လာသည်ကို သတိပြုမိလိုက်သောကြောင့်ပင် ဖြစ်တော့သည်။

All Chapters