← Chapters

ငါ့အတွက် ချက်ကျွေးဖို့ မမေ့နဲ့ဦး

Vol. 11 Ch. 106

ငါ့အတွက် ချက်ကျွေးဖို့ မမေ့နဲ့ဦး

Vol. 11 Ch. 106

မင်ယွဲ့သည် သီချင်းတစ်ပုဒ် ဖန်တီးပြီးရုံမျှဖြင့် မရပ်တန့်ဘဲ မိမိကိုယ်ပိုင် ဂီတကမ္ဘာသစ်တစ်ခုကို ဆက်လက်တည်ဆောက်နေသည်။

သူမ၏ စိတ်ကူးစိတ်သန်းများသည် သဘာဝတရား၏ အလှတရားများထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

စမ်းချောင်းစီးသံ တသွင်သွင်၊ ငှက်ကျေးတို့၏ တေးဆိုသံ၊ လေတိုးသံနှင့် သစ်ရွက်လှုပ်ခတ်သံတို့မှာ သူမ တီးခတ်လိုက်သော တူရိယာသံစဉ်များကြားတွင် အသက်ဝင်နေ၏။

သူမသည် ရှေးဟောင်းတူရိယာများဖြင့် စမ်းသပ်တီးခတ်ပြီးနောက် သင်ယူရေးခန်းမထဲမှ ထွက်လာခဲ့သည်။

နံနက်စာ စားသောက်ပြီးနောက် မိဘများနှင့်အတူ အဘွားဖြစ်သူအိမ်သို့ သွားရောက်ကာ လက်ဆောင်များ ပေးကမ်းခဲ့သည်။

ထို့နောက် မင်ယွဲ့သည် ခရိုင်မြို့လေးဆီသို့ ကားမောင်းထွက်ခဲ့သည်။ မြို့ထဲရှိ သူမ တည်ဆောက်နေသော မူကြိုကျောင်းမှာ အဆောက်အဦပိုင်း ပြီးစီးနေပြီဖြစ်ရာ ယခုအခါ အတွင်းပိုင်း အလှဆင်ခြင်းနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ဒီဇိုင်းပုံစံအတိုင်း စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

မင်မင်းသည် ဤရက်ပိုင်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ပင် အချိန်ပြည့် ကြီးကြပ်နေရသည်။ ကလေးငယ်များနှင့် သက်ဆိုင်သည့် နေရာဖြစ်သဖြင့် အသုံးပြုသည့် ပစ္စည်းများ၏ အရည်အသွေး၊ အကြမ်းခံမှုနှင့် အန္တရာယ်ကင်းရှင်းမှုတို့မှာ အလွန်ပင် အရေးကြီးလှသည်။

မင်ယွဲ့ ရောက်ရှိသွားသောအခါ လျှပ်စစ်လွန်ပူသံများနှင့် အလုပ်သမားများ၏ လှုပ်ရှားသံများမှာ ကျောင်းဝင်းအတွင်း ဆူညံလျက် ရှိသည်။

"ဟေ့... ညီမလေး၊ အတွင်းထဲမှာ အလုပ်လုပ်နေကြတယ်၊ မဝင်နဲ့ဦး"

အလုပ်သမားကြီးတစ်ဦးက မင်ယွဲ့ကို တားဆီးလိုက်သည်။

"ဦးလေး... သမီးက ဒီကျောင်းရဲ့ ပိုင်ရှင်ပါ၊ လာကြည့်တာပါ"

ထိုစဉ် မင်မင်း ရောက်လာပြီး ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ဦးလေး... သူက သမီးရဲ့ ညီမ၊ ကျောင်းရဲ့ အဓိက တာဝန်ရှိသူပါ"

"အော်... ဒါဆိုရင်တော့ ဝင်ခဲ့လေ။ ဒီဦးထုပ်လေး ဆောင်းထားဦး၊ အတွင်းထဲမှာက မရှင်းရသေးတာတွေ အများကြီးပဲ"

မင်မင်းက မင်ယွဲ့အား ဘေးကင်းလုံခြုံရေး ဦးထုပ်လေး ကမ်းပေးလိုက်သည်။

ညီအစ်မနှစ်ဦး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုရင်း နောင်နှစ် ကျောင်းသားခေါ်ယူမည့် ကိစ္စများကို တိုင်ပင်ကြသည်။

အဆောက်အဦမှာ မကြာမီ ပြီးစီးမည် ဖြစ်သော်လည်း ဆေးနံ့နှင့် အခြား အနံ့အသက်များ ပျောက်ကွယ်သွားရန် လေဝင်လေထွက် ကောင်းကောင်းဖြင့် အချိန်ပေးရန် လိုအပ်သဖြင့် ရှေ့နှစ် ပထမနှစ်ဝက်တွင် ကျောင်းဖွင့်ရန်မှာ မဖြစ်နိုင်သေးပေ။

"ဒေသခံတွေ အသုံးများတဲ့ ဝီချက် အကောင့်တွေမှာ ငါတို့ကျောင်းအကြောင်း ဆောင်းပါးတွေ ရေးတင်ရအောင်"

မင်ယွဲ့က အကြံပြုသည်။

ယနေ့ခေတ်တွင် ဖုန်းမပါဘဲ မနေနိုင်ကြသဖြင့် မိဘများ၏ အာရုံကို ဖမ်းစားရန် ဆိုရှယ်မီဒီယာကို အသုံးချခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

ကျောင်းအမည်ကိုလည်း "အန်းရှင်း (ငြိမ်းချမ်းသောစိတ်) မူကြိုကျောင်း" ဟု သဘောတူ သတ်မှတ်လိုက်ကြသည်။

"ကျောင်းသားတွေ မခေါ်ခင်မှာ အရည်အချင်းရှိတဲ့ ဆရာမတွေကို အရင်စုစည်းရမယ် ကလေးတွေရဲ့ အကျင့်စာရိတ္တနဲ့ တန်ဖိုးထားမှုတွေ စတင်ဖြစ်ပေါ်တဲ့ အရွယ်ဖြစ်လို့ ဆရာမတွေရဲ့ စိတ်ဓာတ်က အဓိကပဲ"

မင်ယွဲ့သည် ကျောင်းပတ်ဝန်းကျင်ကို ကြည့်ရင်း ကောင်းကင်ယံကို ငေးကြည့်လိုက်ရာ အချိန်မှာ ညနေစောင်းသို့ ရောက်နေပြီ ဖြစ်သည်။

"ဒီနေ့တော့ အလုပ်သမားတွေကို အစောကြီး အနားပေးလိုက်ပါ သမီး ညစာ ကျွေးချင်လို့"

မင်ယွဲ့၏ စကားကြောင့် အလုပ်သမားများမှာ ဝမ်းသာအားရဖြင့် ကိရိယာများကို သိမ်းဆည်းကာ လက်ဆေးပြီး နောက်မှ လိုက်လာကြသည်။

လမ်းသွားလမ်းလာများမှာ စတိုင်ကျလှပသော အမျိုးသမီးငယ် နှစ်ဦးက ဖုန်တောထဲမှ ထွက်လာသည့် အလုပ်သမားတစ်စုကို စားသောက်ဆိုင်ကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်ကို အံ့ဩတကြီး ငေးကြည့်နေကြ၏။

"ဒီဆိုင်က အတော်ဈေးကြီးမှာပဲ၊ ဟိုဘက်က ဆိုင်လေးမှာပဲ စားကြရင် မကောင်းဘူးလား"

အလုပ်သမားများက အားနာသဖြင့် မေးမြန်းကြသော်လည်း မင်မင်းက ပြုံးလျက် ငြင်းပယ်

လိုက်သည်။

မင်ယွဲ့သည် သီးသန့်ခန်းကြီးတစ်ခုကို ကြိုတင်မှာယူထားပြီး စားပွဲနှစ်လုံးပေါ်တွင် အကောင်းဆုံးဟင်းလျာများကို စီစဉ်လိုက်သည်။

အလုပ်သမားများမှာ အားနာသဖြင့် ဈေးသက်သာသော ဟင်းများကိုသာ မှာယူကြသော်လည်း မင်ယွဲ့က ဆိုင်၏ နာမည်ကြီး ဟင်းလျာ အားလုံးကို မဆိုင်းမတွပင် ထပ်မံမှာကြားပေးလိုက်သည်။

ဟင်းပွဲများ တစ်ခုပြီးတစ်ခု ရောက်လာသောအခါ အလုပ်သမားများမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြတော့သည်။ သူတို့၏ စိတ်ထဲတွင် ကျောင်းပိုင်ရှင်လေး၏ ရက်ရောမှုကို ချီးကျူးမဆုံး ဖြစ်နေကြ၏။

အားလုံး ပျော်ရွှင်စွာ စားသောက်နေကြသော်လည်း ယွမ်ပေါ့တစ်ယောက်သာ မင်ယွဲ့၏ ပုခုံးပေါ်တွင် ထိုင်ကာ တံတွေး တမြုံ့မြုံ့ မျိုချနေရရှာသည်။

"ယွဲ့ယွဲ့... နောက်ကျရင် ငါ့အတွက် ဒီလို ပြည်ကြီးငါးကြော်လေး ချက်ကျွေးရမယ်နော်"

"ကောင်းပါပြီရှင်"

မင်ယွဲ့က သူမ၏ ပုခုံးပေါ်မှ အမွေးပွ ပန်ဒါလေးကို ကြင်နာစွာ ကြည့်ရင်း တိုးတိုးလေး ကတိပေးလိုက်လေတော့သည်။

All Chapters