ပြပွဲ
Vol. 11 Ch. 107
မင်ယွဲ့သည် သူတို့၏အချိန်ကို များများစားစား မယူခဲ့ပေ။ ထမင်းစားသောက်ပြီးနောက် သူမသည် မင်မင်ကို ကျေးရွာသို့ ပြန်ပို့ပေးခဲ့သည်။
"မင်းအဖေ မနက်ဖြန်မနက် လာကြိုမှာလား"
သူ့အတန်းဖော်တစ်ဦးက တံခါးဝတွင် ရပ်နေသော မင်ချန်ကို မြင်သောအခါ လှမ်းမေးလိုက်
သည်။
ထိုစဉ် မင်ကျောက်သည်လည်း စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ သူတို့နှစ်ဦးမှာ ယခုအခါ အလယ်တန်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အတန်းချင်းတော့ မတူကြပေ။
"ငါ့အစ်မ လာကြိုတာ" မင်ချန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် ကျောင်းဂိတ်ဝ၌ ထင်ရှားပေါ်လွင်သော ကားတစ်စီး ဆိုက်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကျောင်းဝတ်စုံဝတ်ထားသော ကျောင်းသား၊ ကျောင်းသူများကြားတွင် ကားပေါ်မှ ဆင်းလာသော အမျိုးသမီးတစ်ဦးမှာ ပန်းများကြားမှ ရတနာတစ်ပါးကဲ့သို့ ထင်ထင်ရှားရှား ရှိနေတော့သည်။
"အစ်မ”
ကောင်လေးနှစ်ယောက်စလုံး ပြုံးရွှင်သော မျက်နှာများဖြင့် အရှေ့သို့ ပြေးသွားကြသည်။
ကားပေါ်မှ ဆင်းလာသော လှပချောမောသည့် အမျိုးသမီးမှာ လူငယ်လေးနှစ်ဦးနှင့် ရယ်မောမြူးထူးစွာ စကားပြောနေသည်ကို ဘေးပတ်ဝန်းကျင်မှ လူအားလုံး ငေးမောကြည့်နေကြရသည်။
"မင်ချန်ရဲ့ အစ်မက ဒီလောက်တောင် လှလိမ့်
မယ်လို့ ဘယ်သူမှ မပြောဖူးဘူးနော်"
"မင်ချန်ကိုယ်တိုင်ကလည်း ခန့်တာပဲလေ၊ သူ့အစ်မ ဒီလောက်လှတာ မဆန်းပါဘူး"
ကောင်လေးများက မင်ချန်နှင့် မင်ကျောက်တို့တွင် သူတို့ကို အလိုလိုက်ပြီး ချစ်တတ်သည့် ချောမောသော အစ်မတစ်ဦးရှိသည်ကို အားကျနေကြသလို၊ မိန်းကလေးများကလည်း မင်ယွဲ့၏ လွတ်လပ်ပြီး ခိုင်မာပြတ်သားသော အရှိန်အဝါကို ငေးမောအားကျနေကြသည်။
သူတို့သည် ပညာသင်နေရသော လောကထဲတွင် ရုန်းကန်နေရဆဲဖြစ်ပြီး ပညာတက်မြောက်ပြီးဖြစ်သော မင်ယွဲ့ကို ကြည့်ကာ သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်များ ထားရှိနေကြသည်။
မောင်နှမ သုံးဦးသား ကားထဲသို့ ဝင်ထိုင်လိုက်ကြသည်။
"အစ်မ... ဘယ်တော့ ပြန်မှာလဲ"
မင်ချန်က သူ့အစ်မ ပြန်လာသည်ကို သိရသဖြင့် အလွန်ဝမ်းသာနေမိသည်။
"ဒီတစ်ပတ် ပိတ်ရက်မှာ မင်းတို့ကို ကျောင်းပြန်ပို့ပြီးရင် အစ်မ ပြန်ရတော့မယ်"
သူတို့က အဆောင်နေကျောင်းသားများ ဖြစ်သဖြင့် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကျောင်းပြန်တက်ကြရသည်။
"မြန်လှချည်လား"
မင်ချန် စိတ်ပျက်သွားသည်။
အစ်မ တက္ကသိုလ်တက်ပြီးကတည်းက သူတို့ဆုံရသည့် အချိန်က နည်းပါးလာခဲ့သည်။
"ယန်ကျင်းမှာ အလုပ်လေးတွေ ရှိနေလို့ပါ ဒါနဲ့ မင်းတို့ စာမေးပွဲ ရလဒ်တွေ ဘယ်လိုလဲ"
သူတို့နှစ်ဦးစလုံး စာကြိုးစားကြသည်ကို သိသဖြင့် မင်ယွဲ့က ကျေနပ်စွာ ပြုံးလျက်—
"အထက်တန်းဝင်ခွင့် စာမေးပွဲမှာ ထိပ်တန်းကျောင်းတွေကို အောင်မြင်ခဲ့ရင် အစ်မ မင်းတို့ကို ဆုချမယ်"
"ကျေးဇူးပါ အစ်မ"
လူငယ်လေးများသည် ရောင့်ရဲလွယ်ကြသူများ ဖြစ်သည်။ မိမိကိုယ်တိုင် ငွေကြေးမရှာနိုင်သေးသည့် အချိန်တွင် အရည်အချင်းရှိပြီး မိမိကို ဂရုစိုက်သော အစ်မတစ်ဦးရှိနေခြင်းမှာ အလွန်
ပင် ပျော်ရွှင်စရာ ကောင်းလှသည်။
သူတို့သုံးဦး အိမ်သို့ပြန်လာသောအခါ မင်ကျောက်၏ မိခင်ဖြစ်သူ (မင်ယွဲ့၏ အဒေါ်) လည်း ပြန်ရောက်နေပြီ ဖြစ်သည်။
အိမ်တွင် ရှိနေစဉ်အတွင်း မင်ယွဲ့သည် သူတို့မိသားစုပိုင် စူပါမားကတ်၏ ဝင်ငွေများကို စစ်ဆေးကြည့်ရာ အခြေအနေ အလွန်
ကောင်းမွန်နေသည်ကို တွေ့ရသည်။
အခုဆိုလျှင် သူမ၏ မိဘများသည် စီးပွားရေး အောင်မြင်နေပြီဖြစ်၍ မင်ယွဲ့အနေဖြင့် သူတို့၏ နေထိုင်မှုဘဝအတွက် စိတ်ပူနေစရာ မလိုတော့ပေ။
မင်မိသားစု၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ သိသိသာသာ တိုးတက်လာခဲ့သည်။ လူတစ်ယောက်သည် အခြားသူများထက် အနည်းငယ်မျှသာ သာလွန်နေပါက ကဲ့ရဲ့ရှုံ့ချခြင်း၊ မနာလိုခြင်းနှင့် ရန်ငြိုးထားခြင်းတို့ကို ခံရတတ်သည်။
သို့သော် သင်၏ စီးပွားရေးအခြေခံအုတ်မြစ်သည် အခြားသူများ လိုက်မမီနိုင်အောင် မြင့်မားသွားသောအခါတွင်မူ သူတို့သည် သင့်ကို မော့ရုံသာ မော့ကြည့်နိုင်တော့မည်ဖြစ်သည်။
ယခုအခါ မင်ယွဲ့၏ မိသားစုသည် လီအော့ကျေးရွာတွင် အချမ်းသာဆုံး မိသားစု ဖြစ်နေပြီဖြစ်သည်။ တနင်္ဂနွေနေ့တွင် မောင်လေးနှင့် ဝမ်းကွဲမောင်လေးကို ကျောင်းပြန်ပို့ပြီးနောက် မင်ယွဲ့သည် ယန်ကျင်းသို့ ပြန်ရန် ထွက်ခွာခဲ့သည်။
ယန်ကျင်းသို့ ပြန်ရောက်သောအခါ မင်ယွဲ့သည် ပြင်ဆင်ပြီးသား သီချင်းစာသားနှင့် တေးသံကို ကျန်းမင်ထံသို့ ပေးပို့လိုက်ရာ သူက အလွန်ပင် ကျေနပ်အားရသွားခဲ့သည်။
"မင်ယွဲ့... တကယ်ပဲ ကျေးဇူးတင်ပါတယ် ငါလိုချင်တဲ့ ခံစားချက်အတိုင်း အတိအကျပါပဲ"
ကျန်းမင်၏ ယခုအကြိမ် ဖျော်ဖြေပွဲတွင် ပါဝင်မည့် သီချင်းတစ်ပုဒ်မှာ ငယ်ဘဝကို လွမ်းဆွတ်တမ်းတခြင်းအကြောင်းဖြစ်ပြီး မင်ယွဲ့၏ "လွတ်လပ်ခြင်းတေး" ဖန်တီးမှုမှာ ထိုလေသံနှင့် အပြည့်အဝ ကိုက်ညီနေသည်။
"တေးဂီတ စီစဉ်မှု ကတော့ မပြီးသေးဘူး၊ နောက်ထပ် ရက်အနည်းငယ်တော့ စောင့်ရလိမ့်
မယ်"
စာသားနှင့် တေးသွား ပြီးမြောက်သွားပြီ ဖြစ်သော်လည်း နောက်ခံဂီတ ဖန်တီးမှုမှာ တူရိယာများ ရွေးချယ်မှုနှင့် ပတ်သက်၍ အသေးစိတ် လုပ်ဆောင်ရဦးမည် ဖြစ်သည်။
"မင်ယွဲ့... စိတ်မပူပါနဲ့၊ ငါ စောင့်နိုင်ပါတယ်"
မင်ယွဲ့၏ သီချင်းစာသားနှင့် တေးသံကို ကြည့်ရုံဖြင့် သူမ၏ ပါရမီကို အထင်အရှား မြင်နိုင်ပါသည်။ ထိုသီချင်းကို နောက်ခံဂီတ ဖန်တီးရန် သူမထက် ပိုမိုသင့်တော်သူ မရှိနိုင်ပေ။
ကောင်းမွန်သော တေးဂီတစီစဉ်မှုသည် သီချင်းတစ်ပုဒ်ကို အသက်ဝင်စေပြီး အဆင့်အတန်း မြင့်မားသွားစေနိုင်သည်။ ကျန်းမင်သည် ယခုအခါ အံ့ဖွယ်ဖန်တီးမှုတစ်ခုကို စောင့်မျှော်နေတော့သည်။
မင်ယွဲ့သည် ထိုအခြေအနေအတွက် အံ့ဩမနေပေ။ သူမသည် တရုတ်ရိုးရာ တူရိယာများနှင့် အနောက်တိုင်း တူရိယာများကို ပေါင်းစပ်လိုသည့် ရည်မှန်းချက် ရှိသည်။ သူမသည် သင်ယူမှုအခန်းထဲတွင် ရိုးရာတူရိယာ အပိုင်းကို အောင်မြင်စွာ ပြီးမြောက်ထားသော်လည်း အနောက်တိုင်း တူရိယာများကိုမူ မစတင်ရသေးပေ။
ကတိပေးထားသည့်အတိုင်း သူမသည် အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်သည်။ နောက်တစ်နေ့တွင် သူမသည် တူရိယာပစ္စည်းအရောင်းဆိုင်သို့ သွားခဲ့သည်။ တူရိယာ အမြောက်အမြား လိုအပ်သဖြင့် အနီးနားရှိ အကြီးဆုံးဆိုင်သို့ တိုက်ရိုက်သွားခဲ့ခြင်း ဖြစ်သည်။
မင်ယွဲ့ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဆိုင်၏အလည်တွင် ရှိနေသော စန္ဒရားကို ချက်ချင်း မြင်လိုက်ရသည်။ ၎င်းမှာ ဖန်သားစန္ဒရားဖြစ်ပြီး မီးရောင်အောက်တွင် တလက်လက် တောက်ပလျက် ရှိသည်။
မင်ယွဲ့သာမက ဆိုင်ထဲသို့ ရောက်လာသူတိုင်းသည် ထိုစန္ဒရားကို ငေးကြည့်နေကြရသည်။
"မမ... ဘာများ အော်ဒါမှာချင်လို့လဲရှင်"
ဝန်ထမ်းမိန်းကလေးက ချက်ချင်းပင် လာရောက် ဝန်ဆောင်မှု ပေးသည်။
"ခဏ ကြည့်ပါရစေဦး"
မင်ယွဲ့က ခေါင်းညိတ်ပြပြီး ဆိုင်အတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။
ထိုစဉ် လူတစ်ယောက်သည် စန္ဒရားရှေ့တွင် ရပ်တန့်သွားသည်။ ဝန်ထမ်းက မင်ယွဲ့ ကြည့်နေသော လားရာကို မြင်သဖြင့် ရှင်းပြလိုက်သည်။
"အဲဒါ ကျွန်မတို့ ဂီတကျောင်းက ဂီတပညာရှင် တစ်ယောက်ပါ၊ သူ ဒီမှာ ရံဖန်ရံခါ လာတီးလေ့ရှိပါတယ်"
ဤသည်မှာ ဖောက်သည်များကို ဆွဲဆောင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့သော် သူတို့ငှားရမ်းထားသော ပညာရှင်များသည် လုပ်ငန်းနယ်ပယ်တွင် အမည်ရပြီးသားသူများ ဖြစ်ကြသည်။
ထိုသူသည် စန္ဒရားရှေ့တွင် ထိုင်လိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ အဖြူအမည်း ကီးခလုတ်များပေါ်သို့ လက်ချလိုက်သည်။ စန္ဒရားပညာရှင် တစ်ဦး၏ လက်ချောင်းများသည် အမှန်တကယ်ပင် လှပလွန်းလှသည်။
အမျိုးသားတစ်ဦး ဖြစ်သော်လည်း မင်ယွဲ့၏ အမြင်တွင် "ကျောက်စိမ်းကဲ့သို့ နုနယ်သော လက်များ" ဟု တင်စားနိုင်သည်။ အမျိုးသမီးများထက် ပိုမိုသွယ်လျပြီး ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်။
သံစဉ်များ စတင်ထွက်ပေါ်လာပြီး သာယာငြိမ့်ညောင်းသော နုတ်စ်သံများက ဂီတခန်းမအတွင်း ပျံ့လွင့်သွားသည်။ အေးမြသော လေပြေတစ်ချက် ဝေ့တိုက်လာသည်မှာ ထိုဂီတသံကို လာရောက်အားပေးနေသကဲ့သို့ပင်။
ထိုသူ၏ အနည်းငယ် ရှည်လျားပြီး လှိုင်းတွန့်နေသော ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေသည်။ ထိုပုံစံမှာ ဖရိုဖရဲ ဖြစ်နေသည်ဟု ထင်ရသော်လည်း ယခုအခါတွင်မူ လွတ်လပ်မှုနှင့် ရိုင်းစိုင်းသော အလှတရား ကို ကိုယ်စားပြုနေသကဲ့သို့ပင်။
သီချင်းအဆုံးသတ်သွားသောအခါ ဆိုင်တစ်ဆိုင်လုံးတွင် သောင်းသောင်းဖျဖျ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ မင်ယွဲ့သည်လည်း လေးစားမှုဖြင့် လက်ခုပ်တီးလိုက်သည်။ ဂီတလောကတွင် သူမ အောင်မြင်နေခြင်းမှာ စနစ်၏ အကူအညီကြောင့်ဖြစ်ပြီး သင်ယူမှုအခန်းထဲတွင် အခြားသူများထက် နှစ်ပေါင်းများစွာ ပိုမိုလေ့ကျင့်ခွင့် ရခဲ့သည်ကို သူမ သိသည်။
ထို့ကြောင့် မိမိဘာသာ ကြိုးစားပြီး ဤနယ်ပယ်တွင် တောက်ပနေသူများကို သူမ အမှန်တကယ် လေးစားမိသည်။
ထိုအမျိုးသားသည် ပြင်းထန်သော အကြည့်တစ်ချက်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရပ်နေသော အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမသည် ဂီတအကြောင်း ကောင်းကောင်း နားလည်သူ ဖြစ်ရမည်ဟု သူ ခံစားလိုက်ရသည်။
ဤသည်မှာ ဂီတသမားအချင်းချင်း နားလည်သော သဘာဝ ဆက်နွှယ်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။
ထိုအမျိုးသားသည် လျှောက်လာခဲ့ပြီး—
"မင်္ဂလာပါ... ဝူရှောင်ပါ"
သူက ယဉ်ကျေးစွာ လက်ကမ်းလျက် မိတ်
ဆက်လိုက်သည်။
"မင်္ဂလာပါ... မင်ယွဲ့ပါ"
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ခဏအကြာတွင် ပြန်လွှတ်လိုက်သည်။
ဝန်ထမ်းများသည် ဝူရှောင်က ဧည့်သည်နှင့် စကားပြောနေသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။ သူသည် များသောအားဖြင့် သီချင်းအနည်းငယ် တီးခတ်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေ့ရှိသူ ဖြစ်သည်။
"မင်း တစ်ပုဒ်လောက် တီးကြည့်ချင်လား"
ထိုအမျိုးသားက ဘေးသို့ တိုးပေးလိုက်ပြီး သူမကို စန္ဒရားတီးရန် ဖိတ်ခေါ်သည့်ဟန်ဖြင့် အရှေ့သို့ လက်ဟန်ပြလိုက်သည်။