← Chapters

ဂျူနီယာညီမလေး

Vol. 12 Ch. 113

ဂျူနီယာညီမလေး

Vol. 12 Ch. 113

"ဂီတပညာကို သင်ကြားဖူးတာတော့ ရှိပါတယ်၊ ဒါပေမဲ့ တရားဝင် ဆရာတင်ပြီး သင်ယူခဲ့တာမျိုးတော့ မရှိပါဘူး"

မင်ယွဲ့၏ စကားသည် အကြောင်းမဲ့ ပြောဆိုခြင်း မဟုတ်ပေ။

သူမ၏ ပညာသင်ယူခဲ့မှု အတွေ့အကြုံများကို လုပ်ကြံဖန်တီး၍ ရနိုင်သလို ယွမ်ပေါ့ကလည်း ထိုပြဿနာများကို ဖြေရှင်းပေးနိုင်သော်လည်း၊ သူမကို သင်ကြားပေးခဲ့သော ဆရာများမှာ စနစ်မှ ပေးအပ်ထားသူများဖြစ်ပြီး အချို့မှာလည်း ကိုယ်တိုင်လေ့လာခဲ့ခြင်း ဖြစ်ရာ လူပုံအလယ်

တွင် ထုတ်ဖော်ပြသရန် ခဲယဉ်းလှသည်။

ထို့ကြောင့်ပင် သူမကို ကျောထောက်နောက်ခံပြုပေးမည့်၊ လေးစားကြည်ညိုဖွယ်ကောင်းသော ဆရာတစ်ဦး သူမအတွက် အမှန်တကယ် လိုအပ်နေခြင်း ဖြစ်သည်။

မင်ယွဲ့၏ စကားကို ကြားလိုက်ရသောအခါ မစ္စတာပိုင်၏ စိတ်ထဲတွင် ဝမ်းသာလွန်းသဖြင့် လှုပ်ခတ်သွားခဲ့သည်။ ဤသည်မှာ သူမကို တပည့်အဖြစ် လက်ခံရန် အခွင့်အရေးရှိသေးသည်ဟု ဆိုလိုခြင်းပဲဖြစ်သည်။

ဤကလေးမလေး၏ ပါရမီနှင့် စွမ်းဆောင်ရည်မှာ အလွန်ပင် မြင့်မားလှရာ သူမက ပညာရပ်အမျိုးမျိုး၏ အနှစ်သာရများကို စုဆောင်းဆည်းပူးကာ ကြီးပြင်းလာခဲ့သူ ဖြစ်ရပေမည်။

သူမကို ပညာသင်ကြားပေးခဲ့သူမှာ အလွန်ပင် အဆင့်အတန်း မြင့်မားသူ ဖြစ်ရမည်ဖြစ်သည်။

“ငါကကော သူမရဲ့ ဆရာဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါ့မလား”

မည်သို့ပင်ဖြစ်စေ၊ ကြိုးစားကြည့်တာ အရှုံးမရှိဟု သူ ဆုံးဖြတ်လိုက်သည်။

"ငါ့ကို မင်းရဲ့ ဆရာအဖြစ် လက်ခံရင် ဘယ်လိုလဲ ငါ့ရဲ့ ဂုဏ်ပုဒ်၊ အရည်အချင်းနဲ့ အသိုင်းအဝိုင်းကတော့ တော်တော်လေး ကောင်းမွန်ပါတယ်"

မိမိကိုယ်မိမိ ပြန်လည်ကြော်ငြာနေသော ဖခင်

ဖြစ်သူ၏ ပုံစံကို ကြည့်ကာ ပိုင်ကျင်းတစ်ယောက် မပြုံးဘဲ မနေနိုင်တော့ပေ။

"ဆရာကြီးပိုင်ကသာ လိုလိုလားလား ရှိမယ်ဆိုရင် ကျွန်မကတော့ ကြည်ကြည်ဖြူဖြူ လက်ခံရမှာပေါ့"

မင်ယွဲ့၏စကားကိုကြားသည်နှင့် မစ္စတာပိုင်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်လာခဲ့သည်။

"သူက ငါ့ကို 'ဆရာ' လို့တောင် ခေါ်နေပြီဆိုတော့ ဒီကိစ္စက အတည်ဖြစ်သွားပြီပေါ့"

"ဟူး..."

သူက ဤကမ်းလှမ်းမှုကို လက်ခံလိုက်ရသဖြင့် အလွန်ပင် စိတ်လက်ပေါ့ပါးသွားခဲ့သည်။

ပိုင်ရှီတစ်ယောက် ဤမျှ ထူးချွန်သော မိန်းကလေးကို တပည့်အဖြစ် ရရှိလိုက်ခြင်းမှာ တကယ့်ကို ရတနာသိုက်ကြီးကို ပိုင်ဆိုင်လိုက်ရသလိုပင်။

"ဒါဆို ငါကလည်း 'ညီမလေး' လို့ပဲ ခေါ်ရတော့မှာပေါ့"

ပိုင်ကျင်းက ပြုံးလျက် ပြောလိုက်ပြီး အိတ်ကပ်အတွင်းမှ လက်ဆောင်တစ်ခုကို ထုတ်လိုက်သည်။

"ဒါက 'ဟဲထျန်း' ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ ဘေးကင်းလုံခြုံခြင်း သင်္ကေတလေးပါ အစ်ကိုကြီးက ညီမလေးအတွက် အမှတ်တရ ပေးတဲ့ လက်ဆောင်ပေါ့"

ပိုင်ကျင်းက သစ်သားသေတ္တာငယ်လေးကို ကုတ်အင်္ကျီအိတ်ထဲမှ ထုတ်ပေးလိုက်သည်။

ဤသည်မှာ သူ ကြိုတင်ပြင်ဆင်ထားခြင်း မဟုတ်ဘဲ သူငယ်ချင်းတစ်ဦးထံမှ ဟဲထျန်းကျောက်စိမ်းတစ်တုံး လက်ဆောင်ရသဖြင့် မိခင်ဖြစ်သူအတွက် လက်ကောက်တစ်ကွင်း ပြုလုပ်ပေးကာ ကျန်ရှိသော အပိုင်းအစများဖြင့် ဤသင်္ကေတလေး နှစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့မှ အပြီးသတ်ရရှိသဖြင့် မိခင်ထံ ပေးရန် ယူလာခဲ့ခြင်းသာ ဖြစ်သည်။

ထိုသင်္ကေတလေးနှစ်ခုကို မည်သူ့အား ပေးရမည်ဟု မစဉ်းစားထားသော်လည်း ယခုအခါတွင်မူ အချိန်ကိုက်ပင် အသုံးတည့်သွားခဲ့သည်။

မစ္စတာပိုင်ကတော့ ပိုင်ကျင်းကို အံ့ဩတကြီး ကြည့်နေမိသည်။ ပထမဆုံး တွေ့ဆုံမှုအတွက် လက်ဆောင်ပြင်ဆင်ရန် သူ တစ်ခွန်းမှ မပြောခဲ့ရသေးချေ။

“ငါ့ရဲ့ အကျင့်မကောင်းတဲ့ သားလေးကတော့ သူ့ဖခင်ကို အကျပ်ရိုက်အောင် လုပ်နေပြန်ပြီ”

ပထမဆုံး တွေ့ဆုံချိန်မှာ လက်ဆောင် မပြင်ဆင်ထားမိသည့်အတွက် မစ္စတာပိုင်မှာ အားနာစွာဖြင့် လက်ဝါးချင်း ပွတ်နေမိသည်။

"ဆရာနဲ့ အစ်ကိုကြီးတို့က ကျွန်မအတွက် ဒီလို လက်ဆောင်လေး ပြင်ဆင်ပေးထားလို့ ကျေးဇူးအများကြီး တင်ပါတယ်"

မင်ယွဲ့က ထိုကျောက်စိမ်းလေးမှာ ဆရာနှင့် အစ်ကိုကြီးတို့ နှစ်ဦးလုံးမှ ပူးတွဲပေးအပ်သော လက်ဆောင်ဖြစ်သည်ဟု ဆိုကာ မစ္စတာပိုင်၏ အခက်အခဲကို ပါးနပ်စွာ ဖြေရှင်းပေးလိုက်သည်။

"မဟုတ်တာ... မဟုတ်တာ အားမနာပါနဲ့နောက်ပိုင်းကျရင် ဆရာက မင်းအတွက် ပိုပြီး ခမ်းနားတဲ့ တပည့်ခံလက်ဆောင်ကို ပြင်ဆင်ပေးဦးမှာပါ"

မစ္စတာပိုင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

မင်ယွဲ့ ခဏမျှ တွေးတောလိုက်သည်။

တစ်ဖက်မှ လက်ဆောင်ပေးလာသည့်အတွက် သူမဘက်မှလည်း တစ်ခုခု ပြန်လည်ပေးအပ်ဖို့ လိုပေမည်။ ထို့ကြောင့် သူမက ယနေ့ ယူလာသော ပုခုံးလွယ်အိတ်ကြီးထဲမှ လက်ဖက်ခြောက်ထုပ်လေး တစ်ထုပ်ကို ထုတ်လိုက်သည်။

အမှန်စင်စစ်မှာမူ သူမ၏ ကိုယ်ပိုင်သိုလှောင်မှု အာကာသထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ ထိုနေရာက အရာဝတ္ထုများကို လတ်ဆတ်စွာ သိမ်းဆည်းလို့ရကာ ရေခဲသေတ္တာထက်ပင် ပိုမိုကောင်းမွန်သေးသည်။

"ဆရာ... ဒါက ကျွန်မ ဆရာ့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ အိမ်ပြန်ရောက်တဲ့အခါ မြည်းစမ်းကြည့်ပါဦး"

မင်ယွဲ့က ပြုံးလျက် မစ္စတာပိုင်၏ ရှေ့တွင် ချပေးလိုက်သည်။

"ကောင်းပြီ... ကောင်းပြီ"

သူသည် လူငယ်များထံမှ ဘာကိုမျှ မတောင်းဆိုလိုသော်လည်း မိမိကို ယခုကဲ့သို့ အလေးအနက်ထားခြင်းအတွက်မူ အလွန်ပင် ဝမ်းသာမိသည်။

မင်ယွဲ့ကို တစ်လှည့်၊ ပိုင်ကျင်းကို တစ်လှည့် ကြည့်လိုက်ရင်း "မိန်းကလေးတွေက ပိုတော်တာပဲ၊ တကယ့်ကို အေးချမ်းတဲ့ ရတနာလေးတွေ" ဟု သူ တွေးနေမိသည်။

ပိုင်ကျင်းသာ ဖခင်ဖြစ်သူ၏ အတွေးကို သိခဲ့လျှင် မိမိ နှစ်ပေါင်းများစွာ လုပ်ကျွေးပြုစုခဲ့သမျှ အချည်းနှီး ဖြစ်သွားပြီဟု ညည်းတွားမိမည်မှာ သေချာသည်။

"မင်းရဲ့ သီချင်းစာသားနဲ့ ဖန်တီးမှုတွေကို ဆရာ ကြည့်ပြီးပြီ မင်းရဲ့ အရည်အချင်းက တကယ်ကို အံ့ဩစရာပဲ"

မစ္စတာပိုင်က ယခုအခါ မင်ယွဲ့ဧ။ါ ဆရာဖြစ်သွားပြီဖြစ်ရာ သူမကို စနစ်တကျ သင်ကြားပေးရန် စတင်

တော့သည်။

သူသည် သီချင်းအတွင်းရှိ အပြစ်အနာအဆာဖြစ်နေသော အကူးအပြောင်းအချို့ကို ထောက်ပြလိုက်သည်။

ဤသည်မှာ ဝါရင့်အနုပညာရှင်ကြီးများ၏ ထူးခြားချက်ပင်—နားထောင်ရုံမျှဖြင့် အားနည်းချက်ကို ယွမ်ပေါ့စနစ်ကဲ့သို့ တိကျစွာ သိမြင်နိုင်ခြင်း ဖြစ်သည်။

ဟုတ်ပါသည်။ မစ္စတာပိုင် ထောက်ပြလိုက်သော အချက်အလက်အတော်များများကို ယွမ်ပေါ့က ပြုပြင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယွမ်ပေါ့၏ ပြုပြင်မှုများမှာ နည်းပညာအရ ပြည့်စုံသော်လည်း မင်ယွဲ့ကို မည်သည့် လမ်းညွှန်ချက် သို့မဟုတ် ရှင်းပြချက်မှ ပေးခဲ့ခြင်း မရှိပေ။ ယခု မစ္စတာပိုင် ရှိနေသည့်အတွက် ထိုကွက်လပ်များမှာ လုံး၀ပြည့်စုံသွားခဲ့သည်။

"ဒါကြောင့် ဒီတတိယအပိုင်းမှာ ငါတို့ရဲ့ Chord တွေက..."

ပိုင်ကျင်းက လက်ဖက်ရည်ကို သောက်ရင်း လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့၏ စိတ်ဝင်စားဖွယ် ဆွေးနွေးခန်းကို ငေးကြည့်နေမိသည်။

တစ်ဦးက စိတ်အားထက်သန်စွာ သင်ကြားပေးနေပြီး နောက်တစ်ဦးကလည်း အာရုံစိုက်ကာ နားထောင်နေသည်။

ဖခင်ဖြစ်သူအတွက် လုပ်စရာ အလုပ်တစ်ခု ရှာပေးလိုက်နိုင်သည်မှာ ကောင်းပါသည်။ သို့မှသာ မိမိအပေါ်တွင် အမြဲ စောင့်ကြည့်နေခြင်းမှ ကင်းဝေးမည် မဟုတ်ပါလား။

သူ၏ စီနီယာအစ်ကိုကြီးများမှာလည်း ကိုယ်စီအောင်မြင်မှုများ ရရှိထားကြသဖြင့် ဖခင်ဖြစ်သူအတွက် ပူပန်စရာ မလိုတော့ပေ။ ထို့ကြောင့်ပင် ဖခင်၏ မျက်လုံးများမှာ သားဖြစ်သလို တပည့်လည်းဖြစ်သော မိမိအပေါ်သို့သာ ကျရောက်နေခြင်း ဖြစ်သည်။

ယခု ဂျူနီယာညီမလေးတစ်ယောက် ရောက်လာပြီဖြစ်ရာ မိမိ၏ ဝန်ထုပ်ဝန်ပိုးများကို သူမဘက်သို့ ခွဲဝေပေးနိုင်တော့မည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

မင်ယွဲ့သည် ရိုသေစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဝါရင့်ပညာရှင်ကြီးတစ်ဦးနှင့် အမြင်ချင်း ဖလှယ်ခွင့်ရခြင်းမှာ သူမအတွက် များစွာ အကျိုးရှိလှသည်။

"ဒီနေ့တော့ ဒီလောက်ပါပဲ အချိန်ရတဲ့အခါကျရင် မင်းရဲ့ အစ်ကိုကြီးကို မင်းကို ငါတို့အိမ် ခေါ်လာခိုင်းလိုက်မယ် အဲ့ဒီကျရင် ဆရာ့ကတော်က မင်းအတွက် အရသာရှိတဲ့ ဟင်းတွေ ပြင်ဆင်ပေးလိမ့်မယ်"

မစ္စတာပိုင်က ကြည်နူးစွာ ပြောလိုက်သည်။

ပိုင်ကျင်းသည် ဘေးတွင် ရပ်နေရင်း ဖခင်ဖြစ်သူကို မတိုက်တွန်းရဲပေ။ ဖခင်သည် ဂျူနီယာညီမလေးအပေါ် နူးညံ့သိမ်မွေ့နေသော်လည်း မိမိကသာ တစ်ခုခု ဝင်ပြောလိုက်လျှင် ခက်ထန်သော အကြည့်များဖြင့် တုံ့ပြန်မည်မှာ သေချာသည်။

သူတို့သည် မင်ယွဲ့ကို သူမ နေထိုင်ရာ ရပ်ကွက်

ဂိတ်ဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

ပိုင်ကျင်း၏ မိခင်သည် ခင်ပွန်းဖြစ်သူ၏ ပြုံးပျော်နေသော မျက်နှာကို မြင်သည်နှင့် တစ်ခုခု ထူးခြားနေပြီဖြစ်ကြောင်း သိလိုက်သည်။

"ဘာတွေဖြစ်လာတာလဲ"

သူမက နောက်မှ လိုက်ဝင်လာသော ပိုင်ကျင်းကို မေးလိုက်သည်။

"ဒီနေ့ဘာသတင်းကောင်းရှိတာလဲပြောပါဦး ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"

မိမိ၏ ခင်ပွန်းအကြောင်းကို သူမ အသိဆုံး ဖြစ်သည်။

သူသည် အမြဲတမ်း တည်ကြည်အေးစက်သော မျက်နှာထားရှိသူ ဖြစ်ရာ ယနေ့ကဲ့သို့ ပျော်ရွှင်နေသည်မှာ ထူးဆန်းလှသည်။

"ကျွန်တော် ဂျူနီယာညီမလေးတစ်ယောက် ရလိုက်ပြီလေ တကယ်ကို သဘောကျဖို့ကောင်းတယ်"

ပိုင်ကျင်းက မိခင်၏အနားသို့ လာကာ တိုးတိုးလေး ပြောလိုက်သည်။

"တကယ်လား"

ပိုင်ကျင်း၏ မိခင်သည် ရုတ်တရက် စိတ်

လှုပ်ရှားသွားခဲ့သည်။

"မနေ့က ပြောနေတဲ့ အဲ့ဒီ ပါရမီရှင်ကလေးမလေး မင်ယွဲ့လား"

သူမက ပြုံးလျက် မေးလိုက်သည်။

"ငါ့မှာ သမီးမရှိတော့လည်း တပည့်ရှိတာပေါ့ခင်ပွန်းရဲ့ တပည့်တွေကလည်း ငါ့ကို 'ဆရာ့ကတော်' လို့ ခေါ်ရတာပဲ၊ ဆရာ့ကတော်ဆိုတာလည်း မိခင်တစ်ယောက်လိုပါပဲ"

သူမ တွေးလေလေ၊ ပို၍ ပျော်ရွှင်လေလေ ဖြစ်

နေသည်။

"ရှင် ကြိုးစားကြည့်ပါလို့ ငါပြောသားပဲ အဲ့ဒီကလေးမှာ ဆရာရှိမှာ မဟုတ်ဘူး၊ ရှိရင် ဘဏ္ဍာရေးမေဂျာကို တက်နေမှာ မဟုတ်ဘူးလေကျွန်မပြောတာ မှန်တယ်မလား... မဟုတ်ရင် ရှင် ဒီလို အခွင့်အရေးမျိုး လက်လွတ်သွားလိမ့်မယ်"

ပိုင်ကျင်း၏ မိခင်က ပျော်ရွှင်နေသဖြင့် စကားများ ပို၍ များလာသည်။ ပိုင်ကျင်းမှာမူ မိဘနှစ်ပါး မင်ယွဲ့အကြောင်း ဝမ်းသာအားရစကားပြောနေကြသည်ကို ကြည့်ရင်း အနှောင့်အယှက် မပေးလိုသဖြင့် တစ်ဖက်သို့ ရှောင်ထွက်ခဲ့လိုက်သည်။

"ဆရာကြီးက တပည့်အသစ် လက်ခံလိုက်တယ်လို့ ကြားတယ်၊ မင်ယွဲ့က ငါတို့ရဲ့ ဂျူနီယာညီမလေး ဖြစ်သွားပြီပေါ့"

ပိုင်ကျင်းသည် ဖုန်းဖွင့်ကြည့်လိုက်ရာ ဝူရှောင်

ထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။

"မင်း ဘယ်လို သိတာလဲ"

ပိုင်ကျင်းက နားမလည်နိုင်စွာ မေးလိုက်သည်။

တပည့်ခံပွဲ ပြီးဆုံးသည်မှာ တစ်နာရီပင် မရှိသေးဘဲ ဝူရှောင်ဆီ သတင်းက မည်သို့ ရောက်သွားသနည်း။

"ဆရာကိုယ်တိုင် ကျွန်တော့်ကို အသိပေးတာလေ ညီမလေးအတွက် လက်ဆောင်ပြင်ထားဖို့တောင် မှာလိုက်သေးတယ် တခြား စီနီယာ အစ်ကိုကြီးတွေလည်း သိကုန်ကြပြီ ထင်တယ်"

ပိုင်ကျင်းက သက်ပြင်းချကာ မိမိနဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။ ဖခင်ဖြစ်သူသည် သူ၏ တပည့်အသစ်အကြောင်းကို ပုံစံတစ်မျိုးဖြင့် ကြွားဝါနေခြင်းသာ ဖြစ်သည်။

ဂီတလောကမှ သန်မာသော အမျိုးသား ၅ ဦး ဂရုချက်ထဲတွင် -

ဟယ်ဝမ် - "ဆရာ တပည့်သစ် လက်ခံလိုက်

တယ်လို့ ကြားတယ်"

စုန့်ချီ - "ဂျူနီယာညီမလေးတစ်ယောက်တဲ့"

ချန်ကျွင်း - "ဆရာက ဒါဟာ သူ့ရဲ့ နောက်ဆုံးတပည့်ပဲလို့ ပြောတယ်"

ပိုင်ကျင်းက ဂရုထဲမှ စာများကို မြင်သောအခါ သူ၏ဆရာ၊ ဖခင်ဖြစ်သူက လူတိုင်းကို တကယ်ပင် အသိပေးလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဤဂရုကို ဝူရှောင်က ဖွဲ့စည်းထားခြင်း ဖြစ်ပြီး "ဂီတလောကမှ သန်မာသော အမျိုးသား ၅ ဦး" ဟူသော ဆန်းကြယ်သည့် နာမည်ကိုလည်း သူကပင် ပေးခဲ့ခြင်း ဖြစ်သည်။

ဝူရှောင် - "အားလုံးပဲ ဘာလက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားကြလဲ လက်ဆောင်မပြင်ထားရင် ဂိုဏ်းကနေ ထုတ်ပစ်မယ်လို့ ဆရာက ထပ်ခါတလဲလဲ သတိပေးနေတယ်" (ခွေးခေါင်းပုံ Emoji ဖြင့် ပေါ်လာသည်)

ပိုင်ကျင်း - "ကျွန်တော်ကတော့ ပေးပြီးပြီ" (ပြုံးနေသော Emoji)

ဝူရှောင် - "တောက်... မင်းကတော့ သစ္စာမရှိလိုက်တာ လက်ဆောင်ပေးတဲ့အချိန် ငါ့ကိုတောင် မခေါ်ဘူး အားလုံးပဲ... သူ့ကို ဝိုင်းပြီး ပညာပေးကြရအောင်"

၎င်းတို့သည် အနုပညာရသ ပြည့်ဝသော၊ အထက်တန်းကျသော ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဝူရှောင်ကဲ့သို့ လူကြောင့် "သန်မာသော အမျိုးသားများ" ဟု အခေါ်ခံနေရခြင်း ဖြစ်သည်။

အကယ်၍ လူအများက သူတို့အား ဤကဲ့သို့ ခေါ်ဝေါ်နေသည်ကို သိသွားပါက မည်မျှ အံ့ဩသွားကြမည်နည်း။

ချန်ကျွန်း - "ကြည့်ရတာ ပိုင်ကျင်းက ညီမလေးကို တော်တော်သဘောကျပုံပဲ၊ လက်ဆောင်ကို ဒီလောက်အမြန် ပေးလိုက်တယ်ဆိုတော့"

ပိုင်ကျင်းသည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သော်လည်း အမှန်စင်စစ်မှာမူ တစ်စုံတစ်ဦးနှင့် ရင်းနှီးရန် အလွန်ခက်ခဲသူ ဖြစ်သည်။ပထမအချက်မှာ ထိုသူက အရည်အချင်းရှိရမည်ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူ၏ မျက်စိထဲတွင် ကြည့်ကောင်းသူ ဖြစ်ရမည်။ မဟုတ်လျှင် သူသည် မည်သည့်အရာကိုမျှ ဂရုစိုက်မည် မဟုတ်ပေ။

ဝူရှောင် - "ဒါပေါ့... ညီမလေးရဲ့ ပါရမီကို ကျွန်တော်တောင် မမီဘူး"

ဝူရှောင်က မဆိုင်းမတွပင် ဝန်ခံလိုက်သည်။

"ငါတို့အားလုံးက ညီအစ်ကိုတွေပဲ၊ ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး"

ညီအစ်ကို ငါးယောက်ထဲတွင် ဝူရှောင်သည် အရည်အချင်း အနည်းဆုံး ဖြစ်သည်။

ဤသည်မှာ သူ၏ စရိုက်နှင့်လည်း သက်ဆိုင်သည်။ သူသည် စင်ပေါ်တွင် တည်ငြိမ်သော်လည်း ပြင်ပတွင်မူ အနည်းငယ် ပေါ့ပျက်ပျက် နိုင်လှသည်။ သူသည် အခြားသူများကဲ့သို့ စာကြည့်တိုက်တွင် အချိန်ကုန်ခံ လေ့လာသူ မဟုတ်သော်လည်း ဂီတတွင်တော့ သဘာဝပါရမီ ပါလာသူ ဖြစ်သည်။

ချန်ကျွင်း - "မင်းကိုတောင် အထင်ကြီးအောင် လုပ်နိုင်တယ်ဆိုတော့... သူ့ရဲ့ ဂီတပါရမီက တကယ့်ကို အံ့မခန်း ဖြစ်ရမယ်"

ဟယ်ဝမ် - "ဒါဆိုရင် အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါလည်း ထိုက်ထိုက်တန်တန် လက်ဆောင်တစ်ခု ပြင်ဆင်ရတော့မှာပေါ့"

စုန့်ချီ - "ဒါကို သေချာစဉ်းစားရမယ် ညီမလေးက မိန်းကလေးဆိုတော့ ဘာကို ကြိုက်မလဲ"

၎င်းတို့အားလုံးသည် မင်ယွဲ့ကို မြင်ဖူးသည့် ပိုင်ကျင်းနှင့် ဝူရှောင်ကို မေးမြန်းကြသည်။

"တူရိယာတစ်ခုခု ပေးရင်ကော မကောင်းဘူးလား"

ဟု ဝူရှောင်က အကြံပြုသည်။

"မလိုပါဘူး၊ ငါ့ရဲ့ စတူဒီယိုထဲက ဘာကိုမဆို သူ သုံးလို့ရတယ်"

ပိုင်ကျင်းက တိုက်ရိုက်ပင် ပြောလိုက်သည်။

"သူ အဓိက တီးခတ်တဲ့ တူရိယာက ဘာလဲ၊ အဲ့ဒါကိုပဲ ငါ သီးသန့် မှာယူပေးလိုက်မယ်"

စုန့်ချီက ပြောသည်။

ဝူရှောင်က ရယ်လျက် ပြန်ပြောသည် -

“ဟားဟား... ဒုတိယအစ်ကိုကြီး၊ ဒါက ခင်ဗျားအတွက် ရွေးရခက်တဲ့ လက်ဆောင် ဖြစ်လိမ့်

မယ်"

စုန့်ချီက နားမလည်သဖြင့်

"ဘာဖြစ်လို့လဲ"

ဟု မေးလိုက်သည်။

"ညီမလေးမင်ယွဲ့က တူရိယာ တော်တော်များများကို ကျွမ်းကျင်တာ ပြောရရင် တူရိယာပိုင်းမှာ သူက ဘက်စုံတတ်တဲ့လူပဲ"

ဝူရှောင်သည် မိမိ၏ ပြောစကားမှာ အပိုမပါကြောင်း ယုံကြည်သည်။

ညီမလေး၏ စွမ်းဆောင်ရည်ကို မြင်ဖူးသူတိုင်း ဤကဲ့သို့ပင် ခံစားရမည်မှာ သေချာသည်။

"မင်း သေချာရဲ့လား... တကယ်ပဲ ဘက်စုံတော်တာလား"

ဂီတလောကတွင် မိမိကိုယ်မိမိ ဘက်စုံတော်သည်ဟု ကြော်ငြာသူ များပြားသော်လည်း အမှန်စင်စစ်တွင် နှစ်မျိုး၊ သုံးမျိုးခန့်သာ ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ကျန်ရှိသည်များကိုမူ အခြေခံအဆင့်လောက်သာ တတ်မြောက်ကြပြီး ဆရာကြီးအဆင့်ဟု ခေါ်ရန်မှာ မဖြစ်နိုင်ပေ။

"ဘက်စုံတော်တယ်လို့ ပြောတာထက်... ကျွန်တော်တို့ မြင်ခဲ့ရသလောက်တော့ သူက ရှေးဟောင်းရိုးရာရော၊ အနောက်တိုင်း တူရိယာတွေကိုပါ အနည်းဆုံး ၁၀ မျိုးကျော်လောက် တီးခတ်နိုင်တယ် အားလုံးကလည်း ဖျော်ဖြေရေးအဆင့်မှာ ရှိနေတာ အထူးသဖြင့် ရိုးရာတူရိယာတွေမှာဆိုရင် ဆရာကြီးအဆင့်ထက်တောင် သာလွန်နေမလားလို့ ကျွန်တော် သံသယဖြစ်မိတယ်"

ပိုင်ကျင်းက ဖြည့်စွက်ပြောလိုက်သည်။

သူတို့က ကွန်ပျူတာမှတစ်ဆင့်သာ ကြားခဲ့ရသဖြင့် တိုက်ရိုက်ဖျော်ဖြေမှုကို မကြားရသေးသောကြောင့် အဆုံးအဖြတ်ပေးရန် ခက်ခဲနေခြင်း ဖြစ်သည်။

ဝူရှောင်၏ စကားမှာ အနည်းငယ် ပိုကောင်း ပိုနိုင်သော်လည်း ပိုင်ကျင်း၏ စကားမှာမူ အမှန်တရားနှင့် နီးစပ်လှသည်။ ၎င်းတို့ ညီအစ်ကိုများသည် တစ်ဦး၏ စရိုက်ကို တစ်ဦး ကောင်းစွာ သိရှိကြသည်။

ဟယ်ဝမ် - “ဒီတစ်ခါတော့ ဆရာက တကယ့်ကို အစွမ်းထက်တဲ့ ညီမလေးတစ်ယောက် ရှာပေးလိုက်ပြီထင်တယ်"

သူတို့က ကနဦးတွင် ဂရုစိုက်ယုယရမည့် ညီမလေးတစ်ယောက် ရပြီဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါ မိမိတို့နှင့် ရင်ပေါင်တန်းနိုင်သော ပါရမီရှင်တစ်ဦး ရောက်လာသည့်အတွက် ၎င်းတို့၏ ယှဉ်ပြိုင်လိုစိတ်များလည်း တဖွားဖွား နိုးထလာခဲ့လေသည်။

All Chapters