← Chapters

ကျွန်မဆီမှာ လက်မှတ်ရှိတယ်၊ ရှင်လိုချင်လား?

Vol. 12 Ch. 114

ကျွန်မဆီမှာ လက်မှတ်ရှိတယ်၊ ရှင်လိုချင်လား?

Vol. 12 Ch. 114

မင်ယွဲ့သည် ယခုအခါ အလိုလိုက်ခံရုံသက်သက်သာသိသော ညီမလေးတစ်ယောက်မဟုတ်တော့ဘဲ လေးစားဖွယ်ကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့လေပြီ။

အဖွဲ့လိုက်စာတိုပေးပို့သည့် ဂရုချက် ထဲတွင် စိတ်လှုပ်ရှားမှုများ များပြားနေသည်။ ပိုင်ကျင်းသည် ဖုန်းမျက်နှာပြင်မှ မျက်လုံးကိုခွာလိုက်ပြီး အားတက်သရော စကားပြောနေကြသော မိဘနှစ်ပါးကို လှမ်းကြည့်လိုက်သည်။

သူတို့ မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြနေသနည်းဟု သူ အာရုံစိုက်ကာ နားစွင့်မိသည်။

"ဟိုဘက်က ဧည့်သည်နားနေခန်းကို ပြန်ပြင်ပြီး ယွဲ့ယွဲ့အတွက် အိပ်ခန်းအဖြစ် ပြောင်းပေးလိုက်ရင် ဘယ်လိုနေမလဲ..."

မိခင်ဖြစ်သူ၏ အတွေးအမြင်မှာ ဤမျှအထိ အလှမ်းကျယ်သွားလိမ့်မည်ဟု ပိုင်ကျင်း မထင်မှတ်ထားခဲ့ပေ။ ထို့ပြင် ယခုပင် 'ယွဲ့ယွဲ့' ဟု ရင်းနှီးစွာ ခေါ်ဝေါ်နေပြီ ဖြစ်သည်။

"မေမေ... ညီမလေးအတွက်ပဲ အခန်းပြင်ပေးနေရင် သားရဲ့ စီနီယာအစ်ကိုတွေ မနာလိုဖြစ်ကုန်ဦးမယ်"

"ဟဲ့... နင်ကတော့လား အဲ့ဒီစကားမျိုး နောက်တစ်ခါ ထပ်ပြောကြည့်ဦး၊ နင့်အခန်းကိုပါ ယွဲ့ယွဲ့အတွက် အဝတ်အစားလဲခန်းအဖြစ် ပြောင်းပစ်လိုက်မယ် နင်ကလည်း အိမ်ပြန်လာနေမှာမှ မဟုတ်တာ"

မစ္စတာပိုင်၏ ဇနီးဖြစ်သူက ပိုင်ကျင်း၏ စကားကို ချက်ချင်းပင် အဆုံးသတ်လိုက်သည်။

ပိုင်ကျင်းမှာ ပြန်ပြောစရာစကား မရှိတော့သဖြင့် ဖုန်းကိုသာ ပြန်ကြည့်ကာ Group Chat ထဲတွင် စာဆက်ရိုက်နေတော့သည်။

ပိုင်ကျင်း : "ကျွန်တော့်မေမေက ဧည့်သည်ခန်းကို ညီမလေးအခန်းအဖြစ် ပြောင်းမယ်တဲ့ဗျာ"

ဟယ်ဝမ် : "ကောင်းတာပေါ့"

စုန့်ချီ : "+၁"

ချန်ကျွင်း : "+၁"

ဝူရှောင် : "မင်းအခန်းကို ပြောင်းတာမှမဟုတ်တာ၊ ဘာတွေ စိုးရိမ်နေတာလဲ”

ချန်ကျွင်း : "မင်းကတော့ အမြဲတမ်း လူမှုရေးမရှိဘူး၊ စာသားတွေကို လာဖျက်ဆီးနေတာပဲထွက်သွားစမ်း"

ပိုင်ကျင်း : "ကျေးဇူးပဲ ကျွန်တော့်မေမေက ကျွန်တော့်အခန်းကိုပါ ညီမလေးအတွက် အဝတ်အစားခန်း လုပ်ပစ်မယ်တဲ့" @ဝူရှောင်

"ဟား ဟား ဟား ဟား"

ဝူရှောင်မှာ ရယ်ရလွန်း၍ ရင်ဘက်များပင်အောင့်လာခဲ့သည်။

ဝူရှောင် : "တကယ့်ကို ကြေကွဲစရာ အဖြစ်အပျက်ပါပဲလား လာခဲ့ပါ ညီလေးရာ၊ အစ်ကိုကြီးကပဲ မင်းကို စောင့်ရှောက်ပေးပါ့မယ်"

ပိုင်ကျင်း : "သွားသေလိုက်”

ဟယ်ဝမ် : "မင်းက အိမ်မှာပဲ အမြဲနေနေတာ မဟုတ်ဘူးမလား”

ပိုင်ကျင်း : "ကျွန်တော် အမြဲမနေပေမဲ့ အိမ်မှာ ကျွန်တော့်အခန်း မရှိလို့တော့ မဖြစ်ဘူးလေ"

စုန့်ချီ : "ဆရာကတော်က အပျော်ပြောလိုက်တာနေမှာပါ မင်းက အတည်ပေါက်ကြီး လျှောက်တွေးနေတာ"

ပိုင်ကျင်း : "ကျွန်တော်လည်း အပျော်ပြောတာပါပဲ"

ဝူရှောင် : "ဒါဆို ငါက အလကား ဝမ်းသာသွားတာပေါ့"

စင်စစ်တွင် မစ္စတာပိုင်၏ ဇနီးမှာ စနောက်ရုံသက်သက်သာ ဖြစ်သည်။

သူတို့အိမ်ရှိ ဧည့်သည်ခန်းမှာ များသောအားဖြင့် အလွတ်ဖြစ်နေတတ်ပြီး အခြားတပည့်များ ရံဖန်ရံခါ လာရောက်တည်းခိုလေ့ရှိသည်။

ယခုမူ သမီးလေးတစ်ယောက် ရလာသကဲ့သို့ ခံစားနေရသဖြင့် ထိုအခန်းကို ယောကျ်ားကြီးများ အိပ်စက်သည့်နေရာအဖြစ် မထားရှိလိုတော့ခြင်း ဖြစ်သည်။

လိုအပ်ပါက သားဖြစ်သူ၏ အခန်းတွင်သာ စုပြုံအိပ်ခိုင်းရန် သို့မဟုတ် သားဖြစ်သူကို သူ၏ ကိုယ်ပိုင်အိမ်သို့သာ လွှတ်ရန်ပင် စဉ်းစားထားပြီး ဖြစ်သည်။ မိမိကို စတေးလိုက်ပြီဖြစ်ကြောင်း ပိုင်ကျင်းမှာမူ ရိပ်မိခြင်း မရှိသေးပေ။

နောက်တစ်နေ့တွင် ကျန်းမင်းသည် သီချင်းအပြည့်အစုံကို ကုမ္ပဏီသို့ ပေးပို့လိုက်ရာ ယွဲ့ဟွာ၏ ထိပ်တန်းတေးရေးဆရာများမှာ အံ့အားသင့်သွားကြသည်။

အတွင်းရေးကို သိရှိထားသူများဖြစ်သဖြင့် ထိုမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤမျှ ထူးချွန်သော ပါရမီရှင် မင်ယွဲ့ကို ၎င်းတို့ များစွာ လေးစားမိကြသည်။

လက်ရှိတွင် သူမ၏ အမည်မှာ လူသိမများသေးသော်လည်း မကြာမီ အနာဂတ်တွင် သူမ၏ အောင်မြင်မှုမှာ ရှေ့ဆောင်လမ်းပြသူများကိုပင် ကျော်လွန်သွားတော့မည်ဟု ၎င်းတို့ ယုံကြည်နေကြသည်။

ကျန်းမင်း၏ ကုမ္ပဏီသည် သူမ၏ ဖျော်ဖြေပွဲအတွက် အထူးစီစဉ်နေပြီဖြစ်ကာ 'သဘာဝ၏ ဧည့်ခံတေး' သီချင်းကို ပွဲသိမ်းသီချင်းအဖြစ် သတ်မှတ်ထားသည်။ ထိုသတင်းကို လျှို့ဝှက်စွာ ထိန်းသိမ်းထားသဖြင့် အပြင်လောကတွင် မည်

သည့်သတင်းမျှ ပေါက်ကြားခြင်း မရှိသေးပေ။

ကျန်းမင်းသည် မင်ယွဲ့နှင့် ဟူကျင်းတို့ကို ညစာအတူစားရန် ဖိတ်ကြားခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ် မမကျင်းရယ်မမသာ မရှိရင် ကျွန်မ မင်ယွဲ့နဲ့ ဆက်သွယ်မိမှာ မဟုတ်ဘူး"

ကျန်းမင်းက ပြုံးရွှင်စွာဖြင့် ဟူကျင်းကို ကျေးဇူးတင်စကား ဆိုသည်။ မိမိတို့နှစ်ဦးကို ဆုံစည်းပေးသူမှာ ဟူကျင်းဖြစ်သဖြင့် ကျေးဇူးတင်ထိုက်သည်ဟု သူမ ခံစားရသည်။

"အားနာစရာတွေပါရှင်"

ဟူကျင်းက သူမရှေ့ရှိ ဖျော်ရည်ခွက်ကို လှမ်းကိုင်လိုက်သည်။

သူတို့အားလုံးမှာ အဆိုတော်များ ဖြစ်ကြသဖြင့် အသံကို ထိန်းသိမ်းရန် အရက်သေစာ ရှောင်ကြဉ်ကြရသည်။

"ကျွန်မအတွက် သီချင်းစာသားရော၊ တေးသွားပါ ရေးပေးတဲ့အတွက် မစ္စမင်ကိုလည်း ကျေးဇူးတင်ပါတယ် သီချင်းက တကယ့်ကို နားထောင်လို့ ကောင်းလွန်းတယ် မစ္စမင်ရဲ့ ပါရမီနဲ့ စွမ်းဆောင်ရည်ကို အားလုံး သိကြပြီးသားဆိုတော့ ကျွန်မ အထူးတလည် ချီးကျူးမနေတော့ပါဘူး"

မင်ယွဲ့ကလည်း သူမ၏ ဖျော်ရည်ခွက်ကို မြှောက်ကာ ကျန်းမင်း၏ ခွက်နှင့် တိုက်လိုက်

သည်။

"ကျွန်မကို မင်ယွဲ့လို့ပဲ ခေါ်လို့ရပါတယ်"

ခဏခဏ ဆက်သွယ်နေရသည့်ကြားမှ 'မစ္စမင်' ဟု ခေါ်နေသည်မှာ သူမအတွက် အနည်းငယ် စိမ်းသက်နေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။

"ကောင်းပါပြီ အစ်မမင်ယွဲ့ ဒါဆိုရင်လည်း အစ်မကိုအစ်မမင်လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ပါတော့မယ်"

ဧည့်သည်နှင့် အိမ်ရှင် အပေးအယူ တည့်စွာဖြင့်

ဆုံဆည်းမှုမှာ ချောမွေ့နေသည်။

မစ္စတာပိုင်က ဂီတအစည်းအရုံး၏ အကဲဖြတ်စစ်ဆေးမှု လျှောက်လွှာကို သူမထံ ပေးပို့ထားသဖြင့် မင်ယွဲ့မှာ ယခုတလော အလွန်အလုပ်များနေခဲ့သည်။

ထိုစစ်ဆေးမှုတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပထမအပိုင်းမှာ ဂီတအစည်းအရုံးမှ သတ်မှတ်ပေးထားသည့် တေးသီချင်းတစ်ပုဒ်ကို တီးခတ်ပြရန်ဖြစ်ပြီး၊ ဒုတိယအပိုင်းမှာ ကျောင်းသားကိုယ်တိုင် နှစ်သက်ရာ တေးတစ်

ပုဒ်ကို ရွေးချယ်တီးခတ်ရန် ဖြစ်သည်။

ပထမပိုင်းအတွက် လေ့ကျင့်ရန် စာရင်းသွင်းထားသည့် တေးသီချင်းပေါင်း ရှစ်ဆယ်ခန့် ရှိသည်။ ငယ်စဉ်ကတည်းက ဂီတကို အခြေခံခဲ့သူများအတွက်မူ နိုင်ငံပေါင်းစုံမှ ကောင်းနုတ်ထားသော ထိုသီချင်း ရှစ်ဆယ်မှာ မခက်ခဲသော်လည်း၊ နောက်မှ စတင်လေ့လာရသည့် မင်ယွဲ့အတွက်မူ အနည်းငယ် စိန်ခေါ်မှု ရှိနေသည်။

သူမ၏ အတတ်ပညာမှာ စနစ်က သင်ကြားပေးထားခြင်းဖြစ်ပြီး အခြေခံပညာခြောက်ရပ်တွင် ပါဝင်သည့် ဂီတပညာမှာ များသောအားဖြင့် ရှေးဟောင်းတေးဂီတနှင့် ကခုန်ခြင်းကိုသာ အဓိကထားခဲ့သောကြောင့် ဖြစ်သည်။

ခေတ်သစ်နှင့် ရှေးဟောင်း ဂီတသီအိုရီများကို စနစ်တကျ လေ့လာထားသော်လည်း သူမ၏ ကျွမ်းကျင်မှုမှာ တစ်လောကလုံးရှိ တေးသွားများကို အကုန်ခြုံငုံမိခြင်း မရှိသေးပေ။

စနစ်အနေဖြင့် ကမ္ဘာပေါ် ရှိ ဂီတအားလုံးကို သူမထံ ထည့်သွင်းပေးရန် မဖြစ်နိုင်ပေ။ သို့သော် ၎င်းမှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပါ။

လေ့ကျင့်မှု အားနည်းနေပါက အချိန်ပိုပေး၍ အစားထိုးနိုင်ပေသည်။ ထို့ကြောင့် မင်ယွဲ့သည် အားလပ်သည့် အချိန်တိုင်းတွင် သူမ၏ လေ့လာရေးအခန်းထဲသို့ ဝင်ရောက်ကာ အကဲဖြတ်ပွဲအတွက် သီချင်းများကို စွဲမြဲစွာ လေ့ကျင့်နေခဲ့သည်။

"မင်ယွဲ့ရေ... နောက်အပတ် စနေ၊ တနင်္ဂနွေ အားကစားကွင်းကြီးထဲမှာ အစ်မရဲ့ ဖျော်ဖြေပွဲ ရှိတယ် အစ်မ လက်မှတ်တွေ ပေးထားမယ်နော်၊ အားရင် လာကြည့်လှည့်ဦး"

ကုမ္ပဏီက ပွဲနေရာကို စီစဉ်ပေးထားပြီး အွန်လိုင်းမှ လက်မှတ်ရောင်းချမှုများ စတင်နေပြီဖြစ်သည်။ ကျန်းမင်းက ရှေ့ဆုံးတန်းမှ VIP လက်မှတ်အချို့ကို ချန်ထားပြီး မင်ယွဲ့ထံ ချက်ချင်း ဆက်သွယ်လိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ အစ်မ"

မကြာမီပင် ကျန်းမင်းသည် ပီအိုင်ပီ လက်မှတ် ငါးစောင်ကို မင်ယွဲ့ထံ ပို့ပေးလိုက်သည်။

"စီနီယာကျောက်... နောက်အပတ် ပိတ်ရက်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”

မင်ယွဲ့က လက်ထဲရှိ လက်မှတ်ကို ကြည့်ကာ ဖုန်းဆက်မေးလိုက်သည်။

"ဘာမှတော့ မရှိပါဘူး ကျန်ကျွင်း အားကစားကွင်းမှာ ကျန်းမင်းရဲ့ ဖျော်ဖြေပွဲ ရှိတယ်လို့ ကြားတယ် လက်မှတ်မရတာနဲ့ပဲ စိတ်ပျက်နေတာ"

တစ်ဖက်မှ စိတ်လှုပ်ရှားနေသည့် အသံကို ကြားရသောအခါ မင်ယွဲ့က တိုက်ဆိုင်လှသည်ဟု တွေးမိသည်။ သူမကလည်း ထိုလက်မှတ်အကြောင်း မေးမြန်းရန် ပြင်နေခြင်း ဖြစ်သည်။

"စီနီယာကျောက်က ကျန်းမင်းကို တကယ်

သဘောကျတာပဲနော်"

မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။

"မဟုတ်ပါဘူး စီနီယာအစ်မလျူးက သဘောကျလို့ပါ သူက နေ့တိုင်း တည်ငြိမ်နေပေမဲ့ သူ့ဖုန်းနှိုးစက်နဲ့ ဖုန်းမြည်သံက ကျန်းမင်းရဲ့ သီချင်းတွေချည်းပဲ"

မိမိချစ်ရသူအကြောင်း ပြောဆိုရာတွင် စီနီယာကျောက်၏ အသံမှာ ချိုမြိန်နူးညံ့သွားရသည်။

"ရှင်က တော်တော်လေး အကဲခတ်တော်တာပဲနော်"

မင်ယွဲ့က စနောက်လိုက်လေသည်။

All Chapters