← Chapters

စနစ်အဆင့်မြှင့်တင်ခြင်း

Vol. 12 Ch. 117

စနစ်အဆင့်မြှင့်တင်ခြင်း

Vol. 12 Ch. 117

"ဒီနေ့ရဲ့ နောက်ဆုံးသီချင်းကို အားလုံးပဲ မျှော်လင့်နေကြပြီလားရှင်”

ကျန်းမင်းသည် စင်ပေါ်သို့ ပြန်မတက်မီ အဝတ်အစားလဲလှယ်လိုက်သည်။

သူမ၏ ဆံနွယ်ရှည်များကို ပခုံးပေါ်သို့ ပေါ့ပါးစွာ ချထားပြီး၊ အနားသတ်တွင် သစ်ရွက်စိမ်းကလေးများ ပန်းထိုးထားသည့် ကော်ဖီနုရောင်ဂါဝန်ရှည်ကို ဆင်မြန်းထားသည်။ သူမ၏ ခါးတွင် ပန်းဝါကလေးများဖြင့် အလှဆင်ထားရာ လေထဲတွင် ဝေ့ဝဲနေသော ပန်းပွင့်ဖတ်ကလေးများနှယ် လှပလွန်းလှသည်။

"မျှော်လင့်ပါတယ်…….”

ပရိသတ်များ၏ အော်ဟစ်သံမှာ အားကစားကွင်းကြီးတစ်ခုလုံးကို တုန်ဟည်းသွားစေသည်။

"နောက်ထပ် တင်ဆက်ပေးမှာကတော့ ကျွန်မရဲ့ သီချင်းသစ် 'လွတ်လပ်ခြင်းတေး' ပဲ ဖြစ်ပါတယ် ဒီသီချင်းကို ရေးသားပေးတဲ့ တေးရေးဆရာမ မင်ယွဲ့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် သူကိုယ်တိုင်လည်း ဒီနေ့ပွဲကို တက်ရောက်နေတာမို့ ကျွန်မအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ..."

ကျန်းမင်းက စင်မြင့်ထက်မှနေ၍ လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်ရာ မင်ယွဲ့နှင့်အတူ ပါလာသူများမှာ နောက်တစ်ကြိမ် အံ့အားသင့်ကာ မှင်သက်သွားရပြန်သည်။

ဝမ်ကျန်းမှာမူ လုံးဝ ထုံထိုင်းသွားသည့်အလား ဖြစ်နေရပြီ။ သူမ၏ သူငယ်ချင်း မင်ယွဲ့သည် ဂြိုဟ်သားများ၏ ပြုပြင်ခြင်းကို ခံထားရသလားဟုပင် သံသယဝင်မိတော့သည်။

စီနီယာကျောက်၏ မျက်လုံးများမှာလည်း မျက်ခွံထဲမှ ထွက်ကျမတတ် ဖြစ်သွားရသည်။ ကျောင်းတွင် စာကိုသာ ဖိဖိစီးစီး လုပ်နေသော မင်ယွဲ့တွင် ဤကဲ့သို့ အရည်အချင်းမျိုး ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

သီချင်းရေးသည်မှာ တစ်ကြောင်း၊ နာမည်ကျော် ကြယ်ပွင့်များအတွက် ရေးပေးနိုင်သည်မှာ တစ်ကြောင်း ဖြစ်သဖြင့် သူသည် မိမိကိုယ်ကို အားမလိုအားမရ ဖြစ်လာသည်။

ယန်ကျင်းတက္ကသိုလ်တွင် ဘွဲ့လွန်တက်ခွင့်ရရုံဖြင့် ကျေနပ်မနေသင့်ဘဲ ပိုမိုကြိုးစားရန် မိမိကိုယ်ကို ဆုံးမမိသွားသည်။ ထိုအဖြစ်အပျက်သည် သူ၏ နောင်အနာဂတ် ဘဏ္ဍာရေးလောကတွင် အောင်မြင်မှုရရှိရန် အုတ်မြစ်ချပေးလိုက်

ခြင်းပင် ဖြစ်သည်။

မင်ယွဲ့သည် ကျောင်းတက်နေဆဲဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို မလိုလားနိုင်ကြောင်း ကျန်းမင်းက ရိပ်မိသဖြင့် ကင်မရာကို မင်ယွဲ့ထံသို့ လှည့်ခြင်း မပြုခဲ့ပေ။

စင်မြင့်ထက်ရှိ လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ တေးသွားအစမှာ စမ်းချောင်းလေးတစ်ခု စီးဆင်းနေသကဲ့သို့ အေးမြဆိတ်ငြိမ်လှသည်။ ဆူညံနေသော အားကစားကွင်းကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး လူတိုင်းမှာ မိမိတို့၏ ဝိညာဉ်ကို ဆေးကြောသန့်စင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တေးသွားမှာ တဖြည်းဖြည်း မြန်ဆန်လာပြီးနောက် ကျန်းမင်း၏ သီဆိုသံ ထွက်ပေါ်လာသည်။

လှပသော စာသား၊ နားဝင်ချိုသော တေးသွားနှင့် တူရိယာအဖုံဖုံတို့ ပေါင်းစပ်လိုက်သောအခါ အရာအားလုံးမှာ ကွက်တိကျနေတော့သည်။

ပရိသတ်များမှာ ထိုသီချင်းအတွင်းသို့ စီးမျောသွားပြီး မြင်ကွင်းထဲ၌ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။ သီချင်းပြီးဆုံးသွားချိန်တွင် ပရိသတ်များမှာ ချက်ချင်း တုံ့ပြန်ခြင်းမပြုနိုင်ဘဲ ခေတ္တမျှ ငြိမ်သက်နေပြီးမှသာ -

"နောက်တစ်ခေါက် ထပ်ဆိုပေးပါ”

တစ်စုံတစ်ဦးမှာ ငယ်စဉ်က ခြံထဲတွင် ပြေးလွှားဆော့ကစားခဲ့သည့် ပုံရိပ်များကို ပြန်လည် မြင်ယောင်နေမိသည်။

"နောက်တစ်ခေါက် ထပ်ဆိုပေးပါ”

အခြားတစ်ဦးမှာလည်း ဖခင်ဖြစ်သူက မြင်းပေါ်တင်၍ ချီပိုးထားသည့် နွေးထွေးမှုကို ပြန်လည် ခံစားနေမိသည်။

မရေမတွက်နိုင်သော ပရိသတ်များမှာ မတ်တပ်ရပ်၍ ထိုသီချင်းကို နောက်တစ်ကြိမ် ထပ်မံသီဆိုပေးရန် တောင်းဆိုကြတော့သည်။

"ညီမလေး မင်ယွဲ့... မင်း တကယ်ကို တော်လွန်းတယ်”

စီနီယာကျောက်သည် သူမကို မည်သို့ ချီးမွမ်းရမှန်းပင် စကားလုံး ရှာမတွေ့တော့ပေ။ စီနီယာအစ်မ လျူးယွဲ့မှာလည်း မင်ယွဲ့ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ မိမိ၏ အိုင်ဒေါ အတွက် သီချင်းရေးပေးနိုင်သော ဂျူနီယာမှာ မည်မျှအထိ ထူးချွန်သည့် လူသားမျိုး ဖြစ်နေကြောင်း စဉ်းစားမိနေ၏။

"မင်ယွဲ့... ငါ သိချင်တာက နင့်သီချင်းတစ်ပုဒ်ကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ”

စီးပွားရေးသမား စိတ်ဓာတ်ရှိသော ကျန်ဟင်က ချက်ချင်းပင် မေးလိုက်သည်။

"စာသား၊ တေးသွားနဲ့ တူရိယာ အစီအစဉ်

အပါအဝင် ရှစ်သန်း (၈,၀၀၀,၀၀၀)"

မင်ယွဲ့က အေးအေးဆေးဆေးပင် ဖြေလိုက်

သည်။

ထိုစကားကြောင့် သူငယ်ချင်း လေးဦးစလုံး နှုတ်ဆိတ်သွားကြသည်။ ရှစ်သန်းဆိုသော ပမာဏမှာ ၎င်းတို့အတွက်မူ အလွန်များပြားလှသော ပမာဏ ဖြစ်သည်။

"ပြီးတော့ အယ်လ်ဘမ် ထွက်လာရင်လည်း အမြတ်ငွေ ရာခိုင်နှုန်း ရဦးမှာပါ"

မင်ယွဲ့၏ နောက်ထပ်စကားကြောင့် ၎င်းတို့မှာ ပို၍ပင် အံ့အားသင့်သွားရသည်။

"တကယ့်ကို ထိပ်တန်းပဲ"

စီနီယာကျောက်မှာ ချီးမွမ်းစကားများ ပြောလွန်း၍ အသံပင် ဝင်ချင်လာသည်။ ကျန်ဟင်မှာမူ မင်ယွဲ့၏ ငွေရှာနိုင်စွမ်းကို လိုက်မီရန် မလွယ်ကူတော့သဖြင့် သူမ၏ လက်အောက်တွင်သာ အေးအေးဆေးဆေး အလုပ်လုပ်ရန် ဆုံးဖြတ်

လိုက်တော့သည်။

ဖျော်ဖြေပွဲပြီးနောက် မင်ယွဲ့သည် ကျန်းမင်းကို စာတိုပေးပို့၍ နှုတ်ဆက်ကာ သူငယ်ချင်းများနှင့်အတူ ပြန်လာခဲ့သည်။ ဝမ်ကျန်းကမူ သူမ၏ လူမှုကွန်ရက်ပေါ်တွင် "သူငယ်ချင်းကောင်းက ဖျော်ဖြေပွဲ လိုက်ပို့တယ်" ဟု ပုံတင်ကာ ကြွားဝါနေတော့သည်။

မင်ယွဲ့ အိမ်ပြန်ရောက်ပြီးနောက် ထူးခြားစွာပင် လေ့လာရေးအခန်း သို့ မဝင်ဘဲ ဝမ်ကျန်းနှင့်အတူ အိပ်ရာဝင်ကာ စကားပြောရင်း အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် -

"ဒင်! - ဂုဏ်ယူပါတယ် အိမ်ရှင်... ကဏ္ဍသစ်

တစ်ခု ပွင့်သွားပါပြီ။

ကျော်ကြားမှုတန်ဖိုး : ၁၀၀,၀၀၀"

မင်ယွဲ့၏ ရှေ့တွင် ယွမ်ပေါ့သည် ပန်ဒါပေါက်

ကလေးအသွင်ဖြင့် ပေါ်လာကာ လည်ပတ်

နေသည်။

"ယွဲ့ယွဲ့... မင်းရဲ့ အောင်မြင်မှုတွေနဲ့ တခြားသူတွေရဲ့ အသိအမှတ်ပြုမှု၊ လေးစားမှုတွေကနေ ကျော်ကြားမှု အမှတ်တွေ ဖြစ်လာတာပါ ဒီအမှတ် ၁၀၀,၀၀၀ ပြည့်မှ ကဏ္ဍသစ်ကို ဖွင့်နိုင်တာဖြစ်

တယ်"

မင်ယွဲ့က စဉ်းစားကြည့်ရာ မနေ့ညက ဖျော်ဖြေပွဲကြောင့် ထိုအမှတ်များ ရလာခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။

"ဒင်! - စနစ်ကို အဆင့်မြှင့်တင်ပါတော့မည်။

အဆင့်မြှင့်နေစဉ်အတွင်း ကိုယ်ပိုင်အာကာသအခန်းမှလွဲ၍ ကျန်လုပ်ဆောင်ချက်များ ခေတ္တ ရပ်ဆိုင်းထားပါမည်"

မင်ယွဲ့မှာ ဝမ်းသာသွားသည်။

သူမ၏ ပိုင်ဆိုင်မှုများမှာ ယခုအခါ ငွေကျပ် ၄၈၆ ဘီလီယံကျော်အထိ ရှိနေပြီဖြစ်သည်။

စနစ်သည် အဆင့် ၅ သို့ အောင်မြင်စွာ ရောက်ရှိသွားပြီးနောက် မင်ယွဲ့သည် ပန်ဒါပေါက်ကလေး ယွမ်ပေါ့အတွက် ခန္ဓာကိုယ်ဝယ်ယူရန်

"သဘောတူသည်" ကို နှိပ်လိုက်သည်။

"ငွေကျပ် ၈.၈ ဘီလီယံ နုတ်ယူပြီးပါပြီ"

မင်ယွဲ့၏ ပခုံးပေါ်သို့ ပန်ဒါပေါက်ကလေး တစ်ကောင် ခုန်တက်လာသည်။

အထိအတွေ့မှာ အစစ်အမှန်အတိုင်း နူးညံ့လှသဖြင့် မင်ယွဲ့မှာ ပျော်ရွှင်စွာဖြင့် ယွမ်ပေါ့ကို ပွေ့ချီကာ ပွတ်သပ်နေတော့သည်။

"ဒင်! - အထူးဆုလာဘ်အဖြစ် အလိုအလျောက် ပုံရိပ်ဖမ်းကင်မရာကို ပေးအပ်ပါသည်။

၎င်းသည် အိမ်ရှင်၏ ဘေးကင်းလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အသံနှင့် ဗီဒီယို မှတ်တမ်းတင်ပေးသွားမည် ဖြစ်

ပါသည်"

ယခုအခါ မင်ယွဲ့၏ စနစ်အခြေအနေမှာ အောက်ပါအတိုင်း ပြောင်းလဲသွားသည် -

* ဆွဲဆောင်မှု: ၈၈ (၁၀၀) 【အံ့မခန်းအလှတရား】

* လုပ်ငန်း: ၆၀ (၁၀၀) 【အောင်မြင်သော လုပ်ငန်းရှင်】

* ပိုင်ဆိုင်မှု: ၃၁၉,၅၆၁,၂၀၀,၀၀၀ (၃၁၉ ဘီလီယံကျော်)

* (ယွဲ့ဟွာနည်းပညာ ၇၅%၊ ဝေကွမ်လုပ်ငန်းစု ၅၀%၊ ရှင်းယောင်လုပ်ငန်းစုရှိ ဟိုက်ဖုအဆောက်အဦ စသည်ဖြင့်

* ကျော်ကြားမှုအမှတ်: ၁၀၀,၀၀၀

* ကျွမ်းကျင်မှု:

* အဆင့်မြင့် : ချက်ပြုတ်ခြင်း၊ ပန်းချီ၊ ဂီတ

* အလတ်တန်း : ဘဏ္ဍာရေး၊ နိုင်ငံခြားဘာသာစကား

* စနစ်အဆင့်: ၅

မင်ယွဲ့သည် မိမိ၏ ရည်မှန်းချက်များဆီသို့ တစ်လှမ်းချင်း တိုးကပ်နေရင်း ပိုမိုတောက်ပသော အနာဂတ်ကို မျှော်လင့်နေတော့သည်။

All Chapters