← Chapters

ဝါရင့်အဖွဲ့ဝင်ဟူသော ဂုဏ်ပုဒ်

Vol. 13 Ch. 123

ဝါရင့်အဖွဲ့ဝင်ဟူသော ဂုဏ်ပုဒ်

Vol. 13 Ch. 123

"မင်ယွဲ့..."

သူမတို့နှစ်ဦး အနားသို့ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ကျန်ဟင် သည် ကားပေါ်မှ အပြေးအလွှားဆင်း၍ တံခါးကို အလိုက်တသိ ဖွင့်ပေးလိုက်သည်။

ဝမ်ကျန်းက မင်ယွဲ့ နှင့်အတူ နောက်ခန်းတွင်

ဝင်ထိုင်လိုက်သည်။

ကျန်ဟင် သည် ချစ်သူဖြစ်သူ၏ လက်ထဲတွင် အစောပိုင်းက ပါမသွားသော အိတ်အသစ်တစ်လုံးကို မြင်လိုက်ရုံဖြင့် ဤသည်မှာ မင်ယွဲ့ ပေးသော လက်ဆောင်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

ယခုအခါတွင် သူသည် မင်ယွဲ့ အပေါ် ထားရှိသော အမြင်များကို တက္ကသိုလ်ကျောင်းသားဘဝကဲ့သို့ မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့်စွာ နားလည်ထားပြီးဖြစ်သည်။

သူမသည် ချမ်းသာရုံမျှမက အစွမ်းအစနှင့်လည်း ပြည့်စုံလွန်းလှသည်။ သူမ ပိုင်ဆိုင်သော ကြွယ်ဝမှုမှာ သူ တစ်သက်လုံး ကြိုးစားလျှင်ပင် မမီနိုင်သည့်အပြင် အိပ်မက်ပင် မမက်ရဲသော အဆင့်အတန်းတစ်ခု ဖြစ်နေပေပြီ။

သူကိုယ်တိုင်လည်း သူမ၏ အကူအညီများကို ရရှိထားသလို၊ သူ၏ချစ်သူမှာလည်း သူမ၏ အခင်ဆုံးသူငယ်ချင်း ဖြစ်နေပြန်သည်။ သူတို့နှစ်ဦးစလုံးမှာ တကယ့်ကို အားကိုးထိုက်သော ကျောထောက်နောက်ခံကောင်းတစ်ခုကို ခိုင်

ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ခဲ့ခြင်းပင်။

'ဒီအိတ်က တန်ဖိုးအတော်ကြီးမှာဘဲ ငါလည်း နောင်ကျရင် ဝမ်ကျန်းကို ဒီလိုအိတ်မျိုးတွေ

ဝယ်ပေးနိုင်အောင် ပိုကြိုးစားရမယ်'

ဟု ကျန်ဟင် တစ်ယောက် စိတ်ထဲမှ ကြုံးဝါးနေမိသည်။

ထိုအတွေးသည်ပင် အနာဂတ်တွင် မင်ယွဲ့ ၏ လုပ်ငန်းများအတွက် သူ အားသွန်ခွန်စိုက် ကြိုးစားပေးမည့် စိတ်ဓာတ်ခွန်အား၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။

သူ့စိတ်ထဲတွင် အတွေးများစွာ နယ်ချဲ့နေသည်ကို မင်ယွဲ့ ကမူ မသိရှာဘဲ နောက်ခန်းတွင် ဝမ်ကျန်း နှင့်အတူ တသောသော ရယ်မောကာ စကားပြောနေလေသည်။

ဟော့ပေါ့ဆိုင်သို့ ရောက်ရှိသောအခါ သူတို့ သုံးဦးစလုံး သီးသန့်အခန်းတစ်ခုအတွင်းသို့ ဝင်

ရောက်လိုက်ကြသည်။

"ဒီနေ့တော့ အားနာမနေနဲ့ ပထမဆုံးအနေနဲ့ နင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြတာပေါ့။ ငါကတော့ ကားမောင်းရမှာဆိုတော့ အရက်အစား အအေးပဲ သောက်တော့မယ်"

ကျန်ဟင်က ဖျော်ရည်ဖန်ခွက်ကို မြှောက်ကာ ဝမ်ကျန်း ကိုပါ ဆွဲထူလိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးပါပဲ ယွဲ့ယွဲ့ရယ်... နင့်ရဲ့ အကူအညီတွေအတွက် တကယ် ကျေးဇူးတင်ပါတယ်"

ဝမ်ကျန်း ကလည်း သူမ၏ ဖန်ခွက်ကို မြှောက်လျက် ဆိုလိုက်သည်။ အမြဲတမ်း ရယ်မောနောက်ပြောင်တတ်သော ထိုမိန်းကလေးသည် ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်လေးနက်စွာဖြင့် စကားဆိုလာခြင်းဖြစ်သည်။

"ငါတို့တွေက သူငယ်ချင်းတွေပဲလေ... ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး"

ဟု မင်ယွဲ့ က ပြုံးလျက် ပြန်ပြောလိုက်သည်။

သူမသည် တစ်ကိုယ်တည်း ချမ်းသာကြွယ်ဝပြီး အထီးကျန်သူတစ်ဦး မဖြစ်လိုသကဲ့သို့၊ သူမ၏ မိတ်ဆွေများကိုလည်း ပေးကမ်းစွန့်ကြဲမှုသက်သက်ဖြင့် တစ်သက်လုံး ခေါ်ထားရန် ဆန္ဒမရှိပေ။

ထို့ကြောင့် မိမိနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိ သူများကိုပါ တိုးတက်အောင် မြှင့်တင်ပေးခြင်းသည်သာ အကောင်းဆုံးသော လမ်းစဉ်ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။ သို့မှသာ အနာဂတ်တွင် သူတို့အားလုံးသည် တူညီသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း၌ ဟန်ချက်ညီညီ လက်တွဲသွားနိုင်ကြမည်ဖြစ်သည်။

"လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်ရက်စာပဲ ဝပေမဲ့၊ ငါးဖမ်းနည်း သင်ပေးရင်တော့ တစ်သက်လုံး ဖူလုံစေတယ်" ဆိုသော စကားအတိုင်း ယခုအခါတွင် သူတို့ သုံးဦးစလုံးက အောင်မြင်မှုလမ်းစပေါ်သို့ အတူတူ လျှောက်

လှမ်းနေကြပြီဖြစ်သည်။

"မင်ယွဲ့... ငါတို့ ကုမ္ပဏီကို အခု ထပ်ချဲ့လို့ရပြီလုပ်ငန်းတွေ များလာတာနဲ့အမျှ ဝန်ထမ်းတွေလည်း ထပ်ခေါ်ရမယ်"

ဟု ကျန်ဟင် က အလုပ်ကိစ္စကို စကားဦးသန်းလိုက်သည်။

မင်ယွဲ့ ခဏမျှ စဉ်းစားပြီးနောက် လက်ကို ဝေ့ယမ်းကာ ပြတ်သားစွာ ပြောလိုက်သည်။

"ဒါဆိုရင် (၈) ထပ်နဲ့ (၉) ထပ် တစ်ခုလုံးကို ငါတို့ ရုံးခန်းအဖြစ် သုံးကြတာပေါ့"

သူတို့နှစ်ဦး၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ကာ သူမက ဆက်ပြောသည်။

"ဟိုက်ဖုအဆောက်အဦက ငါ့ပိုင်နက်ပါလို့ ပြောတာကို နင်တို့က နောက်ပြောင်နေတယ်လို့ ထင်နေတာလား ကုမ္ပဏီကို နင်တို့ စိတ်ကြိုက်ချဲ့၊ ဝန်ထမ်းတွေကိုလည်း လိုသလောက်ခေါ်... နေရာအတွက်တော့ လုံးဝ ပူစရာမလိုဘူး"

သူမ၏ စကားများကြောင့် ကျန်ဟင် ၏ စိတ်ထဲတွင် ယုံကြည်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာရသည်။

"ဒါနဲ့... ကျိုးကျွမ်း အခြေအနေ ဘယ်လိုရှိလဲ"

ဟု မင်ယွဲ့ က မေးလိုက်သည်။

သူမသည် ယခင်က ကျိုးကျွမ်း ဆီမှ ကားတစ်စီး ဝယ်ယူခဲ့ဖူးသည်။ သူမ၏ မိသားစုဝင် နေမကောင်းသဖြင့် ငွေရေးကြေးရေး အရေးပေါ်လိုအပ်နေသောကြောင့် အရောင်းဝန်ထမ်းအဖြစ် ကြိုးစားနေရခြင်းကိုလည်း သိရှိထားသည်။

"သူ အဆင်ပြေပါတယ် တစ်လကို ဝင်ငွေ တစ်သောင်းကျော်လောက်တော့ ရနေတယ်"

ဟု ဝမ်ကျန်း က ပြန်ဖြေသည်။

"သူ့ကို ငါတို့ ကုမ္ပဏီကို ခေါ်ချင်လို့လား"

ဟု ကျန်ဟင် က မင်ယွဲ့ ၏ စိတ်ကူးကို ချက်ချင်း ရိပ်မိသွားသည်။

"ဟုတ်တယ် သူက ကားအရောင်းလောကမှာ တစ်သောင်းကျော် ရအောင် စွမ်းဆောင်နိုင်တယ်ဆိုရင် အရည်အချင်းရှိတဲ့သူပဲ ငါတို့ ယွဲ့ဟွာ ရဲ့ စီးပွားရေးဌာနမှာဆိုရင် သူ ပိုပြီး စွမ်းဆောင်နိုင်မှာပါ နောက်ပြီး သူက ငါတို့ရဲ့ သူငယ်ချင်းဟောင်းလည်း ဖြစ်နေတော့ ပိုပြီး စိတ်ချရတာပေါ့"

နောက်ရက်များတွင် မင်ယွဲ့က တိတ်ဆိတ်အေးချမ်းသော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိသွားသော်လည်း သူမ ဖန်တီးထားသော "လွတ်လပ်ခြင်းတေးသံ” မှာမူ တေးသီချင်းဇယားများ၏ ထိပ်ဆုံးတွင် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။

အင်တာနက်အသုံးပြုသူများသည် ထိုသီချင်းနှင့် "သေလူ” သီချင်းတို့မှာ တေးရေးသူ တစ်ဦးတည်းဖြစ်ကြောင်း သိရှိသွားသောအခါ အံ့ဩမှင်သက်သွားကြသည်။ မတူညီသော ဟန်ပန်နှစ်ခုကို ပိုင်နိုင်စွာ ဖန်တီးနိုင်သည့် သူမ၏ အရည်အချင်းမှာ ချီးကျူးစရာပင်။

ယွမ်ပေါ့ ၏ အကာအကွယ်ကြောင့် သူမ၏

ကိုယ်ရေးကိုယ်တာ အချက်အလက်များမှာမူ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေဆဲဖြစ်သည်။

"ဒေါင်... ကျော်ကြားမှုရမှတ် +၁၀၀,၀၀၀။ လက်ရှိ စုစုပေါင်း ၂၀၀,၀၀၀"

စနစ်၏ အသိပေးသံကြောင့် မင်ယွဲ့ စိတ်ကျေနပ်သွားကာ သင်ယူရေးအခန်းထဲတွင် အနားယူနေသော ယွမ်ပေါ့ ကို ခေါ်ထုတ်လိုက်သည်။

ယွမ်ပေါ့က အသွင်သဏ္ဌာန် ရရှိပြီးကတည်းက စိတ်ထဲတွင် မနေတော့ဘဲ ပုခက်များ၊ ပန်းခင်းများရှိသော နေရာတွင်သာ နေထိုင်ရသည်ကို ပိုမို နှစ်သက်လာသည်။

"ယွမ်ပေါ့... ကြက်ကြော်စားမလား"

"စားမယ်”

ယွမ်ပေါ့ သည် ချက်ချင်းပင် မျက်လုံးဝိုင်းလေးများ ပွင့်လာကာ သူမ အတင်းပူဆာ၍ ဝယ်ခိုင်းထားသော ရင်ဖုံးပုဝါလေးကို ပတ်လိုက်သည်။

မင်ယွဲ့ က ကြက်တောင်ပံဘူးကို ထုတ်ပေးလိုက်ရာ ယွမ်ပေါ့ က (၈) ခုအထိ အားပါးတရ စားပစ်လိုက်သည်။

"ယွဲ့ယွဲ့... ဘာလို့ ဒီလောက် နည်းတာလဲ ဗိုက်မဝသေးဘူး"

"ဒါက ကြက်တောင်ပံဘူးလေ... မိသားစုလိုက် စားတဲ့ဘူး မဟုတ်ဘူး"

"မယုံပါဘူး... ငါ့ကို ပြ"

ယွမ်ပေါ့ ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မျက်နှာလေးကြောင့် မင်ယွဲ့ ရယ်မောကာ သူ၏ ခေါင်းလေးကို တို့လိုက်သည်။ ထိုအခါ ဝဝကတုတ် ကလေးလေးမှာ ကော်ဇောပေါ်သို့ နောက်ပြန် လဲကျသွားတော့သည်။

"ငါ ဒဏ်ရာရသွားပြီ... မိသားစုလိုက်စားတဲ့ဘူး နဲ့ နှစ်သိမ့်မှပဲ ထနိုင်တော့မယ်"

သူ့အမူအရာမှာ ကစားစရာ ပူဆာနေသော သုံးနှစ်သားလေးနှင့်ပင် တူလှသည်။ မင်ယွဲ့ လည်း စိတ်မရှည်သလိုလိုဖြင့်ပင် အာငွေ့တထောင်းထောင်း ထနေသော အစားအစာဘူးကြီးကို ထုတ်ပေးလိုက်ရတော့သည်။

သို့သော်လည်း ဘူးအရွယ်အစားကို မြင်သောအခါ ယွမ်ပေါ့ က စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုပြန်သည်။

"ဒါပဲလား... ဒါကို ဘာလို့ မိသားစုဘူးလို့ ခေါ်တာလဲ ငါတစ်ယောက်တည်း စားတာတောင် ကုန်မှာကို... မိသားစုတစ်စုလုံးအတွက် ဘယ်လိုလုပ် လောက်မှာလဲ"

"အဲဒါ ကြက်မိသားစုတစ်စုလုံး ပါဝင်နေလို့လေ... ငါတို့ မိသားစုအတွက် မဟုတ်ဘူး ကဲ... နင်ပဲ အကုန်စားတော့၊ ငါ စာကြည့်ခန်းသွားပြီ"

စာကြည့်ခန်းသို့ ရောက်သည်နှင့် မစ္စတာ ပိုင် ထံမှ ဖုန်းဝင်လာသည်။

"ယွဲ့ယွဲ့... စစ်ဆေးမှုရလဒ် ထွက်လာပြီ သမီးက အဆင့် (၄) ဝါရင့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရတယ် လက်မှတ်ကို သမီးဆီ လာပို့ပေးရင်း ထမင်းအတူစားကြတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

ထိုအချိန်တွင်ပင် စနစ်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဒေါင်... အိမ်ရှင်သည် ဂီတအသင်း၏ ဝါရင့်အဖွဲ့ဝင်ဂုဏ်ပုဒ်ကို ရရှိသည့်အတွက် စနစ်၏ ဆုလာဘ်ကို ချီးမြှင့်လိုက်သည်"

All Chapters