ချွမ်းဟယ် လူနေရပ်ကွက်
Vol. 13 Ch. 124
မင်ယွဲ့ သည် သူမလုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ပြီး စနစ်၏ ဆုလာဘ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေမိသည်။
"ဒေါင်... ဆုလာဘ် - ချွမ်းဟယ် အိမ်ခြံမြေ လုပ်ငန်းစု"
"အထပ်တစ်ထပ်စာလား... ဒါမှမဟုတ် အဆောက်အဦ တစ်ခုလုံးလား"
ဟု မင်ယွဲ့ က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ယွဲ့ယွဲ့ရယ်... ငါနဲ့ အတူရှိနေတာ ဒီလောက်ကြာပြီကို နင့်ရဲ့ အမြင်က ဘာလို့ ဒီလောက် ကျဉ်းမြောင်းနေရတာလဲ အဆောက်အဦ (၁၃) လုံး၊ တစ်လုံးကို အခန်းတွဲ (၂) ခုစီ ပါဝင်တဲ့ ချွမ်းဟယ် လူနေရပ်ကွက်တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုကို ဆုအဖြစ် ပေးအပ်လိုက်တာပါ"
မင်ယွဲ့၏ စိတ်ကူးထဲတွင် တစ်လချင်းစီရမည့် အိမ်လခများနှင့် အိမ်ခြံမြေ ပြန်လည်ရောင်းချပါက ရရှိမည့် ငွေပမာဏတို့ကို အသည်းအသန် တွက်ချက်နေမိတော့သည်။
ရလဒ်မှာမူ လက်ချောင်းများဖြင့် ရေတွက်၍ မကုန်နိုင်လောက်အောင်ပင် များပြားလှပေသည်။
"ယွဲ့ယွဲ့... ဒီလအတွက် အိမ်လခတွေကို အခုပဲ စတင်သိမ်းဆည်းလို့ ရပါပြီ"
ဧည့်ခန်းရှိ စားပွဲပေါ်တွင် ရုတ်ခြည်းပေါ်လာသော သော့တွဲများနှင့် စာရွက်စာတမ်းများကို ကြည့်ကာ သူမ၏ ရင်ထဲတွင် အိမ်ရှင်မကြီးတစ်ဦး၏ ဂုဏ်ယူဝင့်ကြွားမှု အရှိန်အဝါတို့ ကိန်းအောင်းလာခဲ့သည်။
"ကဲ... အိမ်လခ သွားသိမ်းကြစို့”
သူမသည် ယွမ်ပေါ့ ကို ချီမကာ မာန်ပါပါဖြင့် အိမ်ပြင်သို့ လှမ်းထွက်ခဲ့သည်။
တောက်ပြောင်လှပသော ပြိုင်ကားလေးကို ကျွမ်းကျင်စွာ မောင်းနှင်ရင်း၊ လေတိုးသံနှင့်အတူ ဝေ့ယမ်းနေသော ဆံနွယ်များကို ခံစားရသည်မှာ တကယ့်ကို စိတ်ကျေနပ်စရာပင်။
မကြာမီ ချွမ်းဟယ် လူနေရပ်ကွက်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ မင်ယွဲ့ ကားရပ်ရန် ပြင်
လိုက်စဉ် ယွမ်ပေါ့ က ပြောလိုက်သည်။
"တိုက်ရိုက်ပဲ မောင်းဝင်လိုက်ပါ နင့်ရဲ့ ကားနံပါတ်ကို စနစ်ထဲမှာ ငါ ထည့်သွင်းပေးထားပြီးသား"
"ကျေးဇူးပဲ ယွမ်ပေါ့ ရေ"
ကားလေးသည် အဝင်ဂိတ်ကို ချောမွေ့စွာ ဖြတ်ကျော်ဝင်ရောက်သွားသည်။ လုံခြုံရေးဝန်ထမ်းများမှာမူ ကုဋေကုဋာတန်ဖိုးရှိသော ထိုဇိမ်ခံကားကြီးကို ကြည့်ကာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့သည်။
ချွမ်းဟယ် လူနေရပ်ကွက်ရှိ အဆောက်အဦ (၁) မှ (၆) အထိမှာ အိမ်ငှားများဖြင့် ပြည့်နှက်နေပြီး၊ (၇) မှ (၁၃) အထိမှာမူ ရောင်းချရန် သတ်မှတ်ထားသော အဆောက်အဦများ ဖြစ်သည်။ အဆောက်အဦ (၁၃) ရှိ အခန်းများမှာ ခေတ်မီလူငယ်တို့၏ အကြိုက်နှင့်အညီ ပြင်ဆင်ထားသော ပရိဘောဂအပြည့်အစုံဖြင့် အလွန်လှပလှသည်။
'ဒီနှစ် ဝန်ထမ်းတွေကို နှစ်သစ်ကူး ဘောနပ်စ်အပြင် တခြား ထူးခြားတဲ့ ဆုလာဘ်တွေ ပေးရင် ကောင်းမလား'
ဟု မင်ယွဲ့ က မေးစေ့ကို အသာပွတ်ကာ စဉ်းစားနေမိသည်။
သူမသည် အခန်းဓာတ်ပုံအချို့ကို ရိုက်ကာ သူငယ်ချင်း သုံးဦးဂရုထဲသို့ ပို့လိုက်သည်။
"ရန်ကျင်းမှာ အိမ်ဝယ်ဖို့ စိတ်ကူးရှိလား"
ဝမ်ကျန်း: "ရှိတာပေါ့ဟာ... ဒါပေမဲ့ ရန်ကျင်းက အိမ်စျေးတွေက သိပ်ကြီးတာ ငါ့မှာ ပိုက်ဆံစုဖို့ နှစ်တွေအများကြီး လိုဦးမှာ"
ကျန်ဟင်: "ငါလည်း ရန်ကျင်းမှာပဲ အခြေချမှာဝမ်ကျန်းအတွက်ရော အိမ်တစ်လုံး ဝယ်ပေးရမယ်လေ"
သူတို့၏ ဆန္ဒကို သိရသောအခါ မင်ယွဲ့ က ပြတ်သားစွာ ပြောလိုက်သည်။
"အိုကေ... နင်တို့အတွက် ရွေးချယ်စရာ နှစ်ခုပေးမယ်။ တစ်ခုက နှစ်ကုန်ဘောနပ်စ် ယွမ် (၃) သန်းစီ ယူမလား၊ ဒါမှမဟုတ် ချွမ်းဟယ်က အခန်းတစ်ခန်းစီ ယူမလား"
ထိုစကားကြောင့် တည်ငြိမ်လှသော ကျန်ဟင် ပင်လျှင် ဆွံ့အသွားရသည်။
ဝမ်ကျန်း ကမူ အားနာမနေတော့ဘဲ ဂရုထဲတွင် အော်ဟစ်တော့သည်။
"ယွဲ့ယွဲ့... နင်က ငါ့ရဲ့ ဒုတိယ မိဘပဲ။ ဒီနေ့ကစပြီး နင်က ငါ့ရဲ့ မိခင်ကြီးပဲ”
"သိပ်မပျော်နဲ့ဦး... ဒီအိမ်က နင်တို့ပိုင်ဖြစ်ဖို့ဆိုရင် သုံးနှစ်အတွင်း ငါ့ကုမ္ပဏီအတွက် ဝင်ငွေ ယွမ်
သန်း (၁၀၀) ထက်မနည်း ရှာပေးရမယ် မဟုတ်
ရင်တော့ အလကား ငှားနေတာလို့ပဲ သတ်မှတ်မယ်"
မင်ယွဲ့ သည် သူတို့၏ နေထိုင်မှုဘဝ တည်ငြိမ်စေရန်နှင့် ကုမ္ပဏီ၏ အနာဂတ်အတွက် ဤကဲ့သို့ စနစ်တကျ စီစဉ်ပေးခြင်းဖြစ်သည်။
ဝန်ထမ်းများအတွက်လည်း ကုမ္ပဏီအနီးတွင် သက်သာသော နှုန်းထားဖြင့် အိမ်ငှားရမ်းနိုင်မည့် မူဝါဒကို ချမှတ်ပေးလိုက်ရာ ကုမ္ပဏီတစ်ခုလုံး ဝမ်းသာအားရ ဖြစ်သွားကြလေသည်။
အလုပ်ကိစ္စများ စီစဉ်ပြီးနောက် တစ်နေ့တွင် ပါမောက္ခ ရန် ထံမှ ဖုန်းဝင်လာသည်။ မင်ယွဲ့ လည်း ချက်ချင်းပင် ရန်ကျင်းတက္ကသိုလ်သို့ ထွက်လာခဲ့သည်။
"ဆရာ... ဘာကိစ္စရှိလို့လဲရှင်"
"ငါ့ကိစ္စမဟုတ်ဘူး... မင်းရဲ့ ဆရာမလီ က မင်းကို တွေ့ချင်လို့"
ဆရာမလီသည် ယခုနှစ်တွင် လာရောက်မည့် နိုင်ငံတကာ လေ့လာရေးကျောင်းသားများကို ကူညီလမ်းပြပေးရန် မင်ယွဲ့ ကို တောင်းဆိုလာခြင်းဖြစ်သည်။
"ကျွန်မ တစ်ယောက်တည်းလားရှင်"
"မင်းနဲ့ ငါ့တပည့် ကောင်းရှောင်း က အဓိက တာဝန်ယူရမယ်။ နိုင်ငံခြားဘာသာစကားဌာနက ကျောင်းသား (၁၀) ယောက်လည်း နင်တို့နဲ့အတူ ပါလိမ့်မယ်" ဟု ဆရာမ လီ က ရှင်းပြလိုက်သည်။
နိုင်ငံတကာ ကျောင်းသားများရှေ့တွင် မိမိတို့နိုင်ငံ၏ ယဉ်ကျေးပျူငှာမှုနှင့် မြင့်မားသော အသိပညာ ဗဟုသုတများကို ပြသနိုင်ရန်အတွက် မင်ယွဲ့ ကဲ့သို့သော အရည်အချင်းရှိသူကို ရွေးချယ်ခဲ့ခြင်းပင် ဖြစ်သည်။