ဖိတ်ကြားလွှာ
Vol. 13 Ch. 129
ရွှီခယ်က ပရဟိတဖောင်ဒေးရှင်း၏ အစီအစဉ်များကို ဖတ်ရှုပြီးနောက် မင်ယွဲ့ ၏ ပြတ်သားသော စိတ်ထားကို ကောင်းကောင်း နားလည်သွားခဲ့သည်။
ဤလုပ်ငန်းအတွက် ရန်ပုံငွေအားလုံးမှာ သူမ၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်သဖြင့် သူမက စစ်မှန်သော စေတနာဖြင့် ကူညီလိုခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
"မစ္စ မင်... ကျွန်တော့်နာမည် ရွှီခယ်ပါ မင်ယွဲ့ ပရဟိတဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရတာ တကယ်ပဲ ဝမ်းသာမိပါတယ်"
သူက စာရွက်စာတမ်းများကို ပိတ်ကာ တည်ငြိမ်လေးနက်စွာ မတ်တတ်ရပ်လျက် သူမထံသို့ လက်ကမ်းလိုက်သည်။ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်သော ထိုအခိုက်အတန့်သည်ပင် အိပ်မက်သစ်တစ်ခုအတွက် ရွက်လွှင့်လိုက်သည့် အချိန်ပင် ဖြစ်တော့သည်။
ရွှီခယ် ၏ မိခင်ဖြစ်သူ စျေးမှ ပြန်လာချိန်တွင် မင်ယွဲ့ မှာ ထွက်ခွာသွားပြီ ဖြစ်သည်။ သူမသည် သားဖြစ်သူ၏ မျက်ဝန်းတွင် မတွေ့ရသည်ကြာပြီဖြစ်သော အပြုံးရိပ်များကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ မေးမြန်းတော့သည်။
"သား... အဲဒီမိန်းကလေးက ဘာပြောသွားလဲအလုပ်ကိစ္စလား"
"ဟုတ်တယ် အမေ... သူက ကျွန်တော့်ရဲ့ သူဌေးအသစ်ပဲ အမေတို့ အဖေတို့ နောက်ဆို ပူစရာမလိုတော့ဘူး၊ ကျွန်တော် အလုပ်ရပြီ"
အဒေါ်ရွှီ မှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲလာရသည်။ သားဖြစ်သူ အလုပ်လက်မဲ့ဖြစ်နေစဉ်အတွင်း ဘေးပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုံ့ချမှုများကို ကြိတ်မှိတ်ခံစားခဲ့ရသမျှ ယနေ့တွင်မှ အားလုံး ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"အလုပ်ရရင် ပြီးတာပဲ သားရယ် အရင်တစ်ခါလိုမျိုး ထပ်မဖြစ်ပါစေနဲ့တော့"
သူမက စိတ်ထဲက အဆင်ပြေဖို့ရာ ဆုတောင်းနေမိသည်။
ရွှီခယ်က အိုမင်းစပြုနေပြီဖြစ်သော မိခင်
ဖြစ်သူကို ခိုင်မြဲစွာ ဖက်ထားလိုက်သည်။
သူ အမှားလုပ်ခဲ့သည်ဟု လူအများက ကဲ့ရဲ့နေချိန်တွင် မိဘများကသာ သူ့ဘက်မှ အမြဲရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုရိုးသားဖြူစင်သော မိဘများ၏ မေတ္တာသည်ပင် သူ့ကို ဥပဒေလောကသို့ ခြေစုံပစ်ဝင်စေခဲ့ပြီး အမှန်တရားကို မြတ်နိုးသူတစ်ဦးဖြစ်အောင် ပုံသွင်းပေးခဲ့ခြင်းပင်။
ဖခင်ဖြစ်သူ ဦီးရွှီ ကြီး ပြန်ရောက်လာသောအခါ မိသားစုတစ်ခုလုံး ပျော်ရွှင်စွာဖြင့် အနာဂတ်
အတွက် ဆွေးနွေးကြသည်။
မင်ယွဲ့ ကမ်းလှမ်းထားသော လစာ ယွမ် (၂၀,၀၀၀) နှင့် ဝန်ထမ်းအကျိုးခံစားခွင့်များကို ကြားရသောအခါ သူတို့ ဇနီးမောင်နှံမှာ အံ့ဩမဆုံး ဖြစ်ကြရသည်။
"သား... သူဌေးကို ကျေးဇူးဆပ်ရမယ်နော် သူက တကယ့်လူကောင်းပဲ"
ဟု အဒေါ်ရွှီ က ခဏခဏ မှာကြားနေတော့သည်။
တစ်ဖက်တွင်မူ မိုဟန်ကျီက သူ၏ စာကြည့်ခန်းအတွင်း၌ အလုပ်ရှုပ်နေသည်။ သူသည် ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းများကို အနားပေးရန် ပြတင်းပေါက်မှတစ်ဆင့် ပြင်ပညရှုခင်းကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်ယံ၌ လခြမ်းကွေးလေး သာနေသည်မှာ အမြဲတမ်း ပြုံးရွှင်တတ်ပြီး လခြမ်းကွေးနှင့်တူသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် မိန်းကလေးငယ်ကို သတိရစေသည်။
"သူက ငါ့ကို ထမင်းကျွေးမယ်လို့ ပြောပြီး ပျောက်နေတာပဲ လူဆိုးမလေး”
သူက တိုးတိုးလေး ရေရွတ်ရင်း ဖုန်းကို ထုတ်ကြည့်လိုက်သည်။
ထိုအချိန်တွင် မင်ယွဲ့ မှာမူ အိမ်တွင် ဆံပင်အခြောက်ခံရင်း နှာနှစ်ချက် ဆက်တိုက် ချေလိုက်မိသည်။
"ဘယ်သူ ငါ့ကို အတင်းပြောနေတာလဲ မသိဘူး"
"တစ်ယောက်ယောက်က နင့်ကို ဆဲနေတာ ဖြစ်မှာပေါ့"
ယွမ်ပေါ့ က ဘေးမှနေ၍ ဘိုင်ဒူးပေါ်ရှိ နှာချေခြင်းဆိုင်ရာ အယူအဆများကို ဖတ်ပြကာ နောက်ပြောင်နေသည်။
"ယွမ်ပေါ့... ဘယ်လို ဦးနှောက်မျိုးက ဒါတွေကို ရေးထားတာလဲ ဒါတွေက အဓိပ္ပာယ်မရှိတာတွေပါ"
ဟု ပြောရင်း သူမ နောက်ထပ် နှစ်ချက် ထပ်မံ နှာချေလိုက်ပြန်သည်။
"ကြည့်ရတာ ငါ တကယ်ပဲ အအေးမိနေပြီ ထင်တယ် အိပ်တာပဲ ကောင်းမယ်"
သူမသည် အိပ်ယာထဲသို့ ဝင်လိုက်သော်လည်း တစ်စုံတစ်ခုကို မေ့နေသကဲ့သို့ ခံစားနေရသည်။
နောက်တစ်နေ့ ဓာတ်ခွဲခန်းသို့ ရောက်မှသာ မိုဟန်ကျီ ကို ထမင်းကျွေးရန် ကတိပေးထားသည်ကို သတိရတော့သည်။
သူမ ဖုန်းထုတ်၍ ဆက်သွယ်ရန် ပြင်စဉ်တွင် "လူပုလေးများနှင့် မင်းသမီးလေး" ဟု အမည်ပေးထားသော အစ်ကိုကြီးများ၏ ဂရုထဲတွင် မက်ဆေ့ခ်ျများ ဝင်လာသည်။ အစ်ကိုကြီး ဟယ်ဝမ်ပြန်ရောက်လာခြင်း ဖြစ်သည်။
ဟယ်ဝမ့: "ညီမလေး... ထမင်းအတူစားဖို့ အချိန်ရလား" @မင်ယွဲ့
ဝူရှောင်: "အိုး... အားလုံး ရှိနေကြတာလား စားပွဲရှိရင် ငါလည်း လာမယ် စီနီယာ ပြန်ရောက်လာတာလား"
မင်ယွဲ့ စဉ်းစားလိုက်သည်။
သူမသည် မိုဟန်ကျီ နှင့် ချိန်းဆိုရန် မလုပ်ရသေးသဖြင့် အစ်ကိုကြီးများနှင့် အရင်တွေ့ရန် ဆုံးဖြတ်လိုက်သည်။
မင်ယွဲ့: "ကျွန်မ အချိန်မရွေး အားပါတယ်" @ဟယ်ဝမ်
ဟယ်ဝမ်: "ကောင်းပြီ... ဒီနေ့ ညနေ ၆ နာရီမှာ ငါ လာကြိုမယ်"
အစ်ကိုကြီး ဟယ်ဝမ် သည် သူ၏ စကားများလွန်းသော တပည့်ညီအစ်ကိုများကို လျစ်လျူရှုကာ၊ သူ၏ ချစ်လှစွာသော ညီမလေးကိုသာ ကားဖြင့် လာရောက်ကြိုဆိုရန် အခွင့်အထူး ပေးလိုက်လေတော့သည်။