← Chapters

အခန်း (၃၁၆)

Vol. 22 Ch. 316

အခန်း (၃၁၆)

Vol. 22 Ch. 316

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၁၆

ရှောင်းကောက ထိုင်ဖို့ငြင်းလိုက်သည်။ သူ မြင်နိုင်စေရန် သူမ၏ တင်ပါးများကို အားကြိုးမာန်တက် လှုပ်လိုက်သည်။ "ကြည့်၊ ရပါတယ်၊ တကယ်အဆင်ပြေတယ်။"

ချင်းအန့်မင် ၎င်းကိုမြင်သော်လည်း သူမ၏ တောင်းဆိုချက်ကို သဘောမတူသေးပေ။ ရှောင်းကောဆီမှ များစွာသော ဖြားယောင်းသွေးဆောင်မှုခံရပြီးနောက်တွင် သူ တုံ့ဆိုင်းစွာ အလျှော့ပေးကာ အစေ့များကို စိုက်ခွင့်ပေးရန် သဘောတူလိုက်သည်။ ဒါပေမယ့်လည်း သူမသည် ထိုသို့လုပ်ဆောင်ပြီးနောက် ခဏ အနားယူရမည်။သူမ သဘောမတူနိုင်ရင် ပြန်ထိုင်လို့ရသည်။

"သဘောတူတယ်" ရှောင်းကော ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူမက သိမ်မွေ့တဲ့ ကလေးမဟုတ်ပေ။ သူမသည် ကုစားနိုင်စွမ်းရှိသော ကံတရား၏ နတ်ဘုရားမဖြစ်သည်။ သူမသည် တစ်ညအတွင်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ၏ ကုသနိုင်စွမ်းက ဟာသမဟုတ်ပေ။

သူမသည် အလွန်ခေါင်းမာနေသော်လည်း နာခံမှုဖြင့် သဘောတူဆဲပင်။ သူမမှာ ရွေးချယ်စရာမရှိချေ။ ချင်းအန့်မင်၏ ပွစိပွစိရွတ်တာက သူမအား တကယ်ကို ခေါင်းကိုက်စေသည်။

ချင်းအန့်မင်က သာမန်အမူအရာ ဆင်မြန်ထားသည့် ရှောင်းကောကို ကြည့်ပြီး စိတ်သက်သာရာ ရသွားသည်။ ထယ်ထွန်ခြင်းကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ပြန်သွားခဲ့သည်။

စီစဉ်ထားသည့်အတိုင်း သူတို့နှစ်ဦးသည် နေ့တစ်ဝက်မပြည့်မီတွင် စိုက်ပျိုးလို့ ပြီးစီးသွားခဲ့သည်။ အပြန်ခရီးတွင် လူတိုင်း၏ အားကျနေသော အကြည့်ကို ခံရသည်။

မြေနည်းခြင်းအတွက် အကျိုးကျေးဇူးတစ်ခုသာ ရှိသည်။ စိုက်ပျိုးခြင်းကို အလွန်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

နေ့လယ်စာစားပြီးနောက် ချင်းအန့်မင်က ခေါက်ဆွဲဆိုင်သို့ ပြန်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အစောပိုင်းက နောက်ရက်မှ သွားဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ ခရိုင်ဂိတ်များကို ဖြတ်ကျော်ဖို့ ခက်ခဲသည်။ အားလုံး စာရင်းသွင်းဖို့ တန်းစီရမှာဖြစ်လို့ အားလုံးပြီးအောင်လုပ်ဖို့ အချိန်အတော်ကြာသည်။ မနက်ဖြန်မှ ပြန်ရမယ်ဆိုရင် ဂိတ်တွေကို ရှင်းဖို့ နေ့တစ်ဝက်လောက် ကြာမည်။ သူဒီနေ့လည်ပြန်သွားတာ ပိုကောင်းလိမ့်မည်။

"ညီမလေး အစ်ကို့ကို လိုက်ပို့ပေးမယ်"

ရှောင်းကောက သူ့ကို ခရိုင်ကိုသွားမည့် မြင်းရထားကို စောင့်ဖို့အတွက် ရွာဝင်ပေါက်ထိ လမ်းလျှောက်မသွားခိုင်းစေချင်ပေ။ အဲ့တာက သူ့အတွက် အရမ်းပင်ပန်းလိမ့်မည်။

ချင်းအန့်မင်က သူမကို မတားနိုင်သဖြင့် ခေါင်းညိတ်ပြီး သဘောတူရုံသာ တတ်နိုင်ခဲ့သည်။ "ညီမလေးရဲ့ခါးက တကယ်အဆင်ပြေရဲ့လား"

"ပြေတယ်!" ရှောင်းကော စိတ်ဆိုးလွန်းလို့ ရယ်မိလုနီးပါးဖြစ်သွားသည်။ ကြိမ်ဖန်များစွာ သူ သူမကို မေးထားသည်မို့ နားမထောင်ချင်တော့ပေ။

မကြာမီ သူတို့နှစ်ဦး ခရိုင်ဂိတ်သို့ ရောက်ရှိလာသည်။ ရှောင်းကော ဝင်ဖို့တန်းစီချင်သော်လည်း ချင်းအန့်မင် က သူမကို တားခဲ့သည်။

"ဒီမှာပဲကောင်းကောင်းနေ။ တန်းစီဖို့ စိတ်မ၀င်စားနဲ့။ နောက်မှထွက်လာရင် ထပ်ပြီးတန်းစီနေရလိမ့်မယ်။ အရမ်းဒုက္ခများတယ်။"

ရှောင်းကောက သူမရှေ့မှ လူအုပ်ကို အကဲခတ်လိုက်ပြီး ခေါင်းညိတ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ခေါက်ဆွဲဆိုင်က မဝေးလှပေ။ ခရိုင်ဂိတ်ပေါက်ဝသို့ ရောက်လျှင် လမ်းလျှောက်ပြီးနောက် ဆိုင်သို့ရောက်သွားသည်။

" အခုပြန်သွားလိုက်တော့"

ချင်းအန့်မင်က သူ့အိတ်ကို ကိုင်ကာ ဆင်းလာပြီး သူမကို လက်ပြနှုတ်ဆက်လိုက်သည်။

"သိပါပြီ။" ရှောင်းကော ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားခဲ့သည်။

ရထားလုံးနှင့်တိုက်မိခါနီးတွင် ရွာသို့ပြန်သောလမ်းဆုံသို့ သူမရောက်ရှိခဲ့လေသည်။ ရှောင်းကောက ကြိုးကို အလျင်အမြန် တင်းလိုက်ပြီး လှည့်လိုက်သည်။

တစ်ဖက်က ကြိုးကိုဆွဲကာ ဆန့်ကျင်ဘက်သို့ ရွှေ့လိုက်သည်။ ရထားလုံးတိုက်မှုကို ရှောင်ရှားပြီးနောက်တွင် သူ မော့ကြည့်လိုက်တော့ အဲ့တာက သူ သိတဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။

"သခင်မကျန်း?!"

စာဆက်သား၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာသည်။ ရှောင်းကော ထိုလူကို မော့ကြည့်လိုက်သည်။ "ရှင်ပဲ!"

တစ်ဖက်က ရှောင်းကောကိုတွေ့တာနဲ့ သူ့ရင်ဘက်က တစ်ခုခုကို ထုတ်ယူခဲ့သည်။

ရှောင်းကောက သူမအတွက် စာတစ်စောင်ရှိနေတာကို တစ်ချက်ကြည့်လိုက်သည်။ ထို့ကြောင့် သူထုတ်ယူလာသောအခါတွင် သူမ မသိစိတ်မှ လက်လှမ်းခဲ့မိသည်။

စာဆက်သားက စာကို တိတ်တဆိတ် ပေးလိုက်သည်။ ပြီးတော့ သူက ရှက်ရွ့စွာပြောခဲ့သည်။ “ကျွန်တော် ဒီကို သခင်မဆီ စာလာပေးဖို့သွားနေတာ ဒီတော့အခု သခင်မအိမ်ကို မသွားဘူးနော်”

"ကံတရားပဲ!"

ရှောင်းကော ပြုံးပြီးပြောလိုက်သည်။ တိုက်ဆိုင်မှုတစ်ခုပါပင်။

စာဆက်သားက ပြုံးပြီး ခေါင်းညိတ်ခဲ့သည်။ တခြားဘာမှ မရှိတော့တဲ့အတွက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ခဲ့ကြသည်။

သူမအိမ်ရောက်ခါနီးနေပြီဆိုတော့ ရှောင်းကောက စာကိုဖယ်ပြီး ပြန်ရောက်မှ ဖတ်ဖို့ပြင်ဆင်လိုက်သည်။

သူမ မေ့သွားမှာကို ကြောက်လို့ အိမ်ပြန်ရောက်ချိန်မှာ ပထမဆုံးလုပ်ခဲ့တာက စာအိတ်ကိုဖွင့်ဖို့ပင်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းတန်းဟယ် ရေးထားတာဖြစ်ခဲ့သည်။ ပြန်စဉ်းစားကြည့်တော့ သူ ထွက်သွားတာ တော်တော်ကြာနေပြီ။ ဒါက သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပထမဦးဆုံး ဆက်သွယ်တာ ဖြစ်သည်။

ဂရုတစိုက်ဖတ်ပြီးနောက် သူမ အလွန်စိတ်လှုပ်ရှားသွားပြီး စာကို တစ်စစီ ဆွဖြဲလုမတတ် ဖြစ်သွားသည်။

"နွေရာသီအပန်းဖြေစခန်း၊ နွေရာသီအပန်းဖြေစခန်း၊ နွေရာသီအပန်းဖြေစခန်း!" ရှောင်းကော အရမ်းပျော်လွန်းလို့ ထခုန်တော့မည်ပင်။ သူမ ရောက်ရှိလာကတည်းက ခရီးထွက်တာက ဒါပထမဆုံးအကြိမ်ပဲ။

နွေရာသီကို ဘယ်လိုဖြတ်သန်းမလဲ။ ဧကရာဇ်မင်း၏ ခြေရာအတိုင်းလိုက်၍ နွေရာသီအပန်းဖြေစခန်းသို့ သွားရမည်မှာ သေချာသည်။

ကျန်းတန်းဟယ်၏စာတွင် ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးအနည်းငယ်၏ မိသားစုတွေ နွေရာသီ အပန်းဖြေခရီးမထွက်မီ မြို့တော်မှ ထွက်ခွာကြမည်ဟု ဆိုထားသည်။ နွေရာသီအပန်းဖြေစခန်းသည် မက်မွန်ပွင့်ရွာနှင့် သိပ်မဝေးသောကြောင့် ထိုနေရာသို့ရောက်ရန် တစ်ရက်ခန့်ကြာသည်။

အပန်းဖြေခရီးအတွက် သူမနှင့် ကျွမ်းကျွမ်းတို့ကိုလာခေါ်ဖို့ တစ်စုံတစ်ဦးကို သူ ပို့ပေးမည်ဖြစ်သည်။ စာကိုလက်ခံရရှိပြီး ဆယ့်ငါးရက်ခန့်အကြာတွင် သူက သူမအား လာခေါ်မည်ဖြစ်သည်။ သူက သူမရဲ့ခရီးဆောင်အိတ်တွေကို ထုပ်ပိုးထားပြီး ကျွမ်းကျွမ်းနဲ့ အိမ်မှာ စောင့်ခိုင်းထားသည်။

ဒါက လက်လွှတ်မခံနိုင်တဲ့ ရွှေအခွင့်အရေးပဲ။ သူမ အပူဒဏ်ကို ရှောင်နိုင်ရုံသာမက လည်ပတ်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဧကရာဇ်မင်းသွားတဲ့ နွေရာသီအပန်းဖြေစခန်းက အံ့ဩစရာကောင်းနေရမည်။ သူမသည် သူ၏မိုးကုတ်စက်ဝိုင်းကို ကျယ်ပြန့်စေရန် ကျွမ်းကျွမ်း ကို ခေါ်ဆောင်သွားရမည်။

ရှောင်းကော ပြက္ခဒိန်ကို ထုတ်ယူပြီး ရက်စွဲကို တမင် အမှတ်အသားပြုကာ သူမစိတ်ထဲ မေ့သွားမှာကို ကြောက်မိသည်။ ဒီအချိန်မှာ သူမရဲ့အိတ်တွေကို ထုပ်ပို့ဖို့ မစောင့်နိုင်တော့ပေ။ ဒါပေမယ့် သူမ အရေးကြီးသောအရာကို မေ့လုနီးပါးဖြစ်ခဲ့သည်။ အပြင်ထွက်ရင် အိမ်မှာရှိတဲ့ တိရစ္ဆာန်တွေကို ဘယ်လိုလုပ်မလဲ။

ထိုအချိန်တွင် သူမ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ရှောင်းကော ဝမ်းသာသွားသည်။ ပြက္ခဒိန်ကို ချပြီး အပြင်ထွက်လာခဲ့သည်။

"ယောက်မ၊ယန်ကျား အိမ်မှာရှိလား"

"မရှိဘူး၊ သူ အဖိုးကြီးယန်နဲ့ ထွက်သွားတယ်။ ဘာဖြစ်လို့လဲ၊ ငါ နင့်ကို ကူညီပေးလို့ရနိုင်တာ တစ်ခုခုရှိလား။"

ရှောင်းကော၏ မျက်နှာမှာ ထင်ရှားနေသော ပျော်ရွှင်မှုဖြင့် ပြည့်နေသည်။ သူမရဲ့မေးခွန်းကိုကြားတော့ လက်ကိုဆွဲပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ယောက်မ ကျွန်မ နွေရာသီအပန်းဖြေစခန်း ထွက်ရတော့မယ်!"

"နွေရာသီအပန်းဖြေစခန်းလား?! နင် တကယ်ပြောတာလား။" သခင်မယန်က ရှောင်းကောထက်ပင် ပျော်ရွှင်နေခဲ့သည်။ သူမကို ထိုင်ခိုင်းဖို့ ဆွဲခေါ်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ပြောပြဖို့ စိတ်အားထက်သန်စွာ မေးလိုက်သည်။

“ဒီလိုလေ…”

ရှောင်းကောက သူမနှင့် စကားပြောပြီးသွားသောအခါတွင် သခင်မယန်က အလွန်စိတ်လှုပ်ရှားနေပြီး သူမလဲကျတော့မည်ကို မြင်လိုက်ရသည်။ သူမကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။ “ယောက်မ ဘာဖြစ်တာလဲ”

“အို ဘုရားရေ၊ ဒီနွေရာသီမှာ နင်ကတော့ ကယ်တင်ခံလိုက်ရပြီ” သူမရဲ့လေသံမှာ မနာလိုအားကျစိတ်နှင့် ပြည့်နေသည်။

ရှောင်းကော အနည်းငယ် ဝမ်းနည်းသွားသည်။ သူမသာ သခင်မယန်နှင့် အခြားလူများကို ခေါ်သွားလို့ရရင်ကောင်းမှာပဲ။

"ငါသာ နင့်နေရာမှာဆိုရင် ငါ တစ်ချိန်တည်းမှာ ပျော်ရွှင်မှုတွေနဲ့ စိတ်လှုပ်ရှားနေလိမ့်မယ်။"

သခင်မယန်၏ စကားကိုကြားတော့ ရှောင်းကော အနည်းငယ် အံ့ဩသွားသည်။ ပျော်ရွှင်တယ်ဆိုတဲ့အပိုင်းကို သူမ နားလည်သော်လည်း သူမဘာကြောင့် စိတ်လှုပ်ရှားနေရမှာလဲ။

ထိုအတွေးဖြင့် သူမမေးလိုက်သည်။ ဒါကို သခင်မယန်က ကြားတော့ သူမကို တစ်ချက်ကြည့်လိုက်သည်။ "စဉ်းစားကြည့်လေ။ နင် ဧကရာဇ်မင်းနဲ့ ခရီးသွားရမှာလေ"

ဧကရာဇ်မင်းလို့ပြောလိုက်သောအခါ သူမရဲ့လေသံကိုပင်မမြင့်ရဲပေ။

ရှောင်းကော ခဏတုံ့ဆိုင်းသွားသော်လည်း အဲ့တာက ပျောက်ကွယ်သွားသည်။ သူမ လုံခြုံတဲ့ခံစားမှုနဲ့ပြောလိုက်သည် "ကျန်းတန်းဟယ် ကျွန်မအနားမှာ ရှိတာပဲ။ အဲ့တာကအဆင်ပြေပါတယ်!"

“ယို…” သခင်မယန်က သူမကို စနောက်ကာကြည့်လာသည်။ "အဆင်ပြေပါတယ်... တန်းဟယ် က ကျွန်မအနားမှာ ရှိတာပဲတဲ့..."

သခင်မယန်က သူမ၏လေသံကို တုပခဲ့ပြီး ရှောင်းကောကို သူမ၏မျက်နှာကို ရှက်ရွံ့စွာ အုပ်ထားစေခဲ့သည်။ “အဲလို မပြောပါဘူး၊ ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်လဲ။”

“ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်လဲ…”

...

သခင်မယန်က ရယ်မောကာ ချဲ့ကားသည့်လေသံဖြင့် သူမကို ဆက်တုပခဲ့သည်။ ထိုသည်က ရှောင်းကောကို ကျယ်လောင်စွာရယ်မောစေခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယန်ညီအကိုနှစ်ယောက် အပြင်ကနေ ပြန်လာကြသည်။ ရှောင်းကောသည် ယန်ကျားကို တားလိုက်ပြီး သူမ၏ တောင်းဆိုမှုအကြောင်း ပြောပြခဲ့သည်။ တစ်ဖက်က လွယ်လွယ်နဲ့ တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့သည်။

ရှောင်းကောက သူ့ကို အလျင်အမြန် ကျေးဇူးတင်စကားဆိုခဲ့ပြီး ပြန်လာတဲ့အခါကျရင် စာအုပ်ကောင်းလေးတွေ ရှာပေးမယ်လို့ ကတိပေးခဲ့သည်။

ခုတော့ အိမ်မှုကိစ္စတွေပြီးသွားတော့ သူမစိတ် သက်သာရာရသွားသည်။ သူမရဲ့ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး ကျွမ်းကျွမ်းကို ပြန်ခေါ်လာဖို့ပဲ လိုတော့သည်။ ထို့နောက် သူမ ထိုနေ့ကို စောင့်မျှော်နေပေလိမ့်မည်။

အချိန်တွေကုန်တာမြန်သည်။ ဆယ့်နှစ်ရက်ခန့်ကြာသောအခါ၊ သူမ ကျွမ်းကျွမ်းကို ပြန်ခေါ်လာခဲ့သည်။ ဆယ့်ငါးရက်လောက်ကြာမယ်လို့ စာထဲမှာပြောထားပေမယ့် စောစောပြင်ဆင်တာက ပိုကောင်းသည်။

"ခဏတော့ပျော်ပျော်နေခဲ့ ဒါပေမယ့် စာဖတ်ဖို့မမေ့နဲ့နော်။ နေ့တိုင်း ဒိုင်ယာရီရေးဖို့လည်း မမေ့နဲ့။ မင်းပြန်လာတဲ့အခါကျရင် ငါစစ်ဆေးမှာ။ အလုပ်တွေကို ပြီးအောင်မလုပ်ရင် ပြစ်ဒဏ်ပေးခံရမယ်။ နားလည်လား"

ဆရာခုံးက ကျွမ်းကျွမ်း မပြန်ခင်မှာ စိုးရိမ်တကြီး သတိပေးခဲ့သည်။

"နားလည်ပါတယ် ဆရာကြီး!"

ကျွမ်းကျွမ်း၏ နှလုံးသားက နွေရာသီအပန်းဖြေစခန်းသို့ အချိန်အတော်ကြာ ပျံသန်းသွားခဲ့သော်လည်း ဆရာခုံး၏ စကားကို သေချာစွာမှတ်ထားသေးသည်။

“ကောင်းပြီ၊ အခုသွားလို့ရပြီ” ဆရာခုံးက ခေါင်းညိတ်ကာ စိတ်သက်သာရာရစွာပြောလိုက်သည်။

ရှောင်းကောက မြည်းလှည်းကို မမောင်းမီ ဆရာနှင့် ဆရာမခုံးကို ခေါင်းညိတ်ပြခဲ့သည်။

ကျွမ်းကျွမ်းက ခေါင်းထွက်ပြီး လက်ပြနှုတ်ဆက်ဖို့ မမေ့ပေ။ "ဆရာကြီး၊ ဆရာမ၊ ပြန်လာရင် သား လက်ဆောင် ယူလာခဲ့မယ်!!"

“ကောင်းပြီ!” ဒါကို ဆရာခုံးကကြားတော့ ကျယ်လောင်စွာ ပြန်ဖြေခဲ့သည်။ ဆရာမခုံးပင်လျှင် ပါးစပ်ကို ကျယ်ကျယ်ဟကာ ရယ်ခဲ့သည်။

ရှောင်းကော ပြုံးပြီး ပြန်ကြည့်လိုက်သည်။ “ငြိမ်ငြိမ်ထိုင်နေ” ဟု ညင်သာစွာပြောလိုက်သည်။ “မပြုတ်ကျစေနဲ့။”

ကျွမ်းကျွမ်းက သူ့ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး ရှောင်းကော အနားတွင် ထိုင်လိုက်သည်။ "မေမေ... နွေရာသီအပန်းဖြေစခန်းက ပျော်စရာကောင်းလား"

"မေမေ မသိဘူး"

ရှောင်းကောက သူ့ကို ရိုးရိုးသားသား ပြောခဲ့သည်။ သူမသည် ယခင်က ထိုနေရာသို့ မရောက်ဖူးပေ။ "ဒါပေမယ့် နွေရာသီအပန်းဖြေစခန်းက သာယာပြီး အေးမြနေသင့်တယ်"

နွေရာသီ အားလပ်ရက်များအတွက် အပန်းဖြေစခန်းဖြစ်သောကြောင့် အေးမြသောနေရာဖြစ်သင့်သည်။

ကျွမ်းကျွမ်းက သူလိုချင်တဲ့ အဖြေကို မရခဲ့ပေမယ့် စိတ်ဓာတ်မကျပါပေ။ သူ ရှောက်ယိ အကြောင်းတွေးပြီး ရက်အနည်းငယ်သာဝေးတော့တဲ့ ခရီးကို စောင့်မျှော်နေခဲ့သည်။

All Chapters