← Chapters

အခန်း (၃၁၉)

Vol. 22 Ch. 319

အခန်း (၃၁၉)

Vol. 22 Ch. 319

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၁၉

သူမစိတ်ထဲက သံသယတွေကို ကျန်းတန်းဟယ်က နောက်ပိုင်းတွင် အဖြေပေးနိုင်သည်။

သိပ်မကြာခင်မှာပဲ ရှောင်းကောက ရထားလုံး ပြန်လှုပ်ရှားလာတာကို ခံစားလိုက်ရသည်။ ကျန်းတန်းဟယ်လည်း ပြန်ရောက်လာသည်။ ဒီတစ်ခါတော့ သူ မြင်းမစီးပေ။ အဲဒီအစား သူမနဲ့အတူ ရထားလုံးစီးခဲ့သည်။

သူ့နဖူးပေါ်က ချွေးတွေကို မြင်တော့ ရှောင်းကောက လက်ကိုင်ပုဝါကို အလိုအလျောက် ထုတ်ယူပြီး သုတ်ပေးခဲ့သည်။ "ဘာလို့ ချွေးတွေ အရမ်းထွက်နေတာလဲ"

သူမ စိတ်ကူးယဉ်နေတာလားတော့ မသိပေမယ့် သူ့ပုံစံက နေမကောင်းဖြစ်နေပုံရသည်။

ကျန်းတန်းဟယ်က သူမ၏ ရင်းနှီးသော အပြုအမူကို ကျင့်သားရနေပြီး သူမကိုယ်ပေါ် တမင်မှီနေလိုက်သည်။ သူမရဲ့အမေးကို ကြားတော့ သူမစဥ်းစားဘဲ ပြောလိုက်သည်။ “အပြင်မှာ နည်းနည်းပူနေလို့ပါ”

ရှောင်းကော သစ်ရွက်တွေတိုက်ခတ်နေသည့် လေတိုက်သံကို နားထောင်ပြီး ကြောင်တက်တက်ဖြင့် ခေါင်းညိတ်လိုက်သည်။ "လေတွေအရမ်းတိုက်ပြီး ပူနေတာလား"

"ကျွန်မတို့ဘာလို့ တံငါရွာလေးမှာနေကြမှာလဲ"

"ဘာလို့လဲဆိုတော့ ဒီရွာမှာ သင်္ဘောပေါ်တက်တယ်လေ။ ဒီနေ့လေက ပြင်းတယ်၊ ပင်လယ်က မငြိမ်ဘူး။ မကြာခင် မိုးသည်းထန်တော့မယ်လို့ ဧကရာဇ်မင်းရဲ့ နက္ခတ္တဗေဒပညာရှင်က ပြောတယ်၊ ဒါကြောင့် ဒီမှာပဲ တစ်ညလုံး အနားယူရမှာ"

ကျန်းတန်းဟယ်က သူမကို ရှင်းပြခဲ့ပေမယ့် ရှောင်းကော အနည်းငယ် သိချင်နေခဲ့သည်။ အပြင်မှာ လေတိုက်နေပေမယ့် မိုင်ထောင်ချီတဲ့ တိမ်တွေ မရှိပါဘူး။ နေမင်းကြီးက တောက်ပနေပြီး ကောင်းကင်က ကြည်လင်နေသည်။ ရာသီဥတုက ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားနိုင်လား။

ပဟေဠိဖြစ်နေသည့်ခံစားချက်ဖြင့် သူမ ဆက်မေးဖို့လုပ်လိုက်သည်။“တံငါရွာလေးမှာ လှေစီးမယ်ဆိုတော့ ရှင်က ဘာလို့ ကျွန်မကို ရွာမှာစောင့်ခိုင်းတာလဲ။ ပြီးတော့ ရွာနီးချုပ်စပ်နဲ့ နီးနေပြီလေ”

မမျှော်လင့်ဘဲ ရှောင်းကော စကားပြီးဆုံးပြီးနောက် ကျန်းတန်းဟယ် ရယ်လိုက်သည်။ သူ သူမ၏ပါးကို ချစ်မြတ်နိုးစွာ နမ်းလိုက်သည်။ "နီးနီးလေးလို့ ဘယ်သူပြောလဲ"

"သူတို့ပြောတာလေ!"

ရှောင်းကော သူ့လက်ကို ဒေါသတကြီး ရိုက်လိုက်သည်။

ကျန်းတန်းဟယ် ရယ်နေရတာနဲ့တင်ပြီးနေပြီ။ သူမ၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ပြီး သူ အမြန်ရှင်းပြခဲ့သည်။ “ရွာနှစ်ရွာက တောင်နဲ့ နီးတော့ ရွာနီးချုပ်စပ် ရွာလို့ ခေါ်ကြပေမယ့် တံငါရွာကို ရောက်ဖို့ အကွာအဝေးတစ်ခုတော့ လိုသေးတယ်။ အဲဒီကြားထဲမှာ မရေမတွက်နိုင်တဲ့ ရွာငယ်လေးတွေ ရှိတယ်။ လူတစ်ယောက်က မက်မွန်ပွင့်ရွာကနေ တံငါရွာလေးကို ရထားလုံးနဲ့ သွားရင် တစ်ရက်လောက် အချိန်ယူရလိမ့်မယ်။ သူတို့တောင်တွေကို ဖြတ်သွားနိုင်ရင် အဲ့တာကမြန်လိမ့်မယ် ဒါပေမယ့် သူတို့ခြေလျင်ပဲ သွားလို့ရမှာ။ ရထားလုံးက အကွာအဝေး တိုတိုလေးလောက်ပဲ သွားလာနိုင်တာ။ အဲ့အလွန်ကို ရောက်ဖို့အတွက်ကကျတော့ မဖြစ်နိုင်ဘူး။ လမ်းလျှောက်သွားရင်တော့ တံငါရွာလေးရဲ့ နောက်ဘက်ကိုရောက်ဖို့ တရက်ခွဲထက်ပိုကြာမယ်"

"အဲ့ဒါကြောင့် မင်းနဲ့ ကျွမ်းကျွမ်းကို ကိုယ် အမြန်ဆုံးတွေ့ချင်ခဲ့တာ။"

ရှောင်းကောသည် အစပိုင်းတွင် ဂရုတစိုက်နားထောင်နေခဲ့သော်လည်း နောက်ဆုံးစကားကြားသောအခါတွင် သူမ၏ မျက်နှာက နီရဲလာသည်။

" ရုတ်တရက်ကြီးလား"

ရှောင်းကော မျက်မှောင်ကြုတ်ပြီး တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

ကျန်းတန်းဟယ်က ထပ်တူထပ်မျှ ရှက်နေပေမယ့် သူ ဆက်ပြောခဲ့သည်။ "ကိုယ် မင်းကို စောစောတွေ့ချင်နေတာ၊ အကွာအဝေးက အတူတူပါပဲ၊ ဒါကြောင့် မင်းနဲ့တွေ့ဖို့ ကိုယ်ရွေးချယ်ခဲ့တာ"

ရှောင်းကော အဝေးကိုကြည့်ကာ အသိအမှတ်ပြုပြီး ခေါင်းညိတ်လိုက်သည်။

“စကားမစပ်၊ ဆယ့်ငါးရက်လောက်နေမှ ကျွန်မတို့ကို လာခေါ်မယ်လို့ ရှင်ရဲ့စာထဲမှာ ပြောထားတာလေ။ ရှင် နှစ်ရက်နောက်ကျပြီး ဆယ့်ခုနစ်ရက်မြောက်တဲ့နေ့မှာ ကျွန်မတို့ အဆင်သင့်မဖြစ်နေမှာကို ရှင် မစိုးရိမ်ဘူးလား၊ ဒါမှမဟုတ် ကျွန်မမှာ ကျွမ်းကျွမ်းကို သွားခေါ်ဖို့ အချိန်မရှိနေရင်ကော"

ရှောင်းကောသည် မနေ့က သူ့ကို မေးချင်ခဲ့သော်လည်း သူမမှာ အခွင့်အရေး မရခဲ့ပေ။

"မင်းက ဂဏန်းဖတ်နည်းကို သိတဲ့သူတစ်ယောက်လား"

ကျန်းတန်းဟယ်က သူမရဲ့မေးခွန်းကို မဖြေဘဲ အဲ့အစားပြန်မေးခဲ့သည်။

ရှောင်းကော ချက်ချင်းနားလည်သွားပြီး ရယ်မောလိုက်သည်။ "ဘယ်ဟုတ်မလဲ"

"မင်း မဟုတ်ဘူးဆိုတာ ကိုယ် သိပါတယ်။"

ကျန်းတန်းဟယ်လည်း အလားတူပါပဲ။

ထိုသို့ပြောပြီးနောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့ကြားထဲမှာ အပြန်အလှန် နားလည်မှုတွေ ရှိကြသည်။

ကျန်းတန်းဟယ်က ရက်အရေအတွက်ကို ချရေးရခြင်း၏ အကြောင်းရင်းမှာ ရှောင်းကော၏ ရက်အရေအတွက်ကို အကြမ်းဖျင်း အကြံဥာဏ်ပေးရန်သာ ဖြစ်သည်။ ကျန်တဲ့စကားလုံးတွေက ရှောင်းကောကို ရက်အရေအတွက်က မသေချာဘူးလို့ ပြောထားသည်။ အနှေးနဲ့အမြန် ဖြစ်လာမလားဆိုတာတော့ ပြောဖို့ခက်သည်။

ရှောင်းကောသည် သူ၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် သူမ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ နောက်ကျရင်က ကိစ္စမရှိဘူး။ သူမ စောစော ပြင်ဆင်ထားသည်။

သူမသည် ဖြစ်ပျက်လာမည့်ကိစ္စများကို ထိုင်စောင့်နေမည့်သူမဟုတ်ကြောင်းကို သူသိသည်။ သူမကို သူနားလည်တယ်ဆိုတဲ့ အကြောင်းကိုလည်း သူမ သိသည်။

သူတို့ နှစ်ယောက် အတူတူ အချိန်သိပ်မကုန်ဆုံးခဲ့ပေမယ့် သူတို့မှာ လေးနှစ်အရွယ် ကလေးတစ်ယောက်ရှိပေမဲ့ သူတို့ကဘတစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးကြသေးပေ။

ဒါပေမယ့် ဤအရာက နှလုံးသားနှစ်ခု အချင်းချင်း နီးကပ်လာမှုကို မတားဆီးနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်လုံး ကတိကဝတ်ပြုဖို့ ဆုံးဖြတ်ပြီးတာနဲ့ တစ်ယောက်ကိုတစ်ယောက် တာဝန်ယူရမယ့် ပုဂ္ဂိုလ်တွေပင်။

ဒီအချိန်မှာ ရထားလုံးက ရပ်သွားခဲ့သည်။ ကျန်းတန်းဟယ်က ရထားလုံးပေါ်က မဆင်းခင် ရှောင်းကောအား အထဲမှာပဲနေပြီး သူ့ကို စောင့်နေဖို့ ပြောခဲ့သည်။ ဒါပေမယ့်လည်း ရှောင်းကောက သူမ၏ စိတ်ကူးယဥ်နေတာ ဟုတ်မဟုတ်ဆိုတာ မသေချာသော်လည်း သူ ရထားလုံးပေါ်မှ ဆင်းသွားစဉ် သူ၏ ပခုံးတွေ တုန်ရီနေသည်ကို တွေ့လိုက်ရသည်။

သူမ အနီးကပ် မကြည့်ရသေးခင်မှာ အဲဒီလူက ထွက်သွားခဲ့သည်။

ရှောင်းကော သူ့ကို လှမ်းကြည့်ရင်း မျက်တောင်ခတ်လိုက်သည်။ သူမ အမြင်မှားနေတာလား။

မကြာခင်မှာပဲ ကျန်းတန်းဟယ်က အောက်ကနေ သူမကိုမီးကူပြပေးရင်း ရှောင်းကောအိတ်ကို ကိုင်ကာ ရထားလုံးပေါ်ကဆင်းခဲ့သည်။

ဤရွာသည် တံငါရွာဖြစ်သည်၊ ဒါပေမယ့် သူမ စိတ်ကူးထဲကလို လုံးဝမဟုတ်ခဲ့ပေ။ ပင်လယ်မရှိ၊ ကမ်းခြေမရှိ—ရံဖန်ရံခါ ဆားငန်သော ပင်လယ်လေကသာ သူမကို ယခုပင်လယ်ကမ်းစပ်တွင် ရှိနေကြောင်း သတိရစေသည်။

ကျန်းတန်းဟယ်က အိတ်ကိုယူကာ ညအိပ်ဖို့နေရာသို့ ခေါ်သွားခဲ့သည်ယ

ပင်လယ်လေက အေးမြပြီး သက်တောင့်သက်သာရှိလှသည်။ သူမပတ်ဝန်းကျင်က လူတွေလည်း ခရီးဆောင်အိတ်တွေ သယ်ပြီး တွန်းလှည်းတွေ သယ်ရင်း အလုပ်ရှုပ်နေကြသည်။ လူစုလူဝေးကို လှမ်းခေါ်နေသော သာမန်လူများကဲ့သို့ ၀တ်ဆင်ထားသူများလည်း ရှိသေးသည်။ ခဏတာ လှုပ်ရှားမှုတွေနဲ့ စည်ကားနေသည်။

လှေပေါ်တက်ရတာ အဆင်ပြေတဲ့အပြင် တံငါရွာလေးတစ်ရွာမှာ နေဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းလည်း ရှိပါသေးသည်။ အိမ်အလွတ်တွေ အများကြီးရှိပြီး ဒီမှာက လူနည်းသည်။ တံငါသည်အများစုသည် အိမ်နှင့် ခုနစ်ရက်မှ ရှစ်ရက်အထိ ဝေးကွာနေတတ်သည်။ ညအိပ်ဖို့ သူတို့အတွက် အခန်းအလုံအလောက်ရှိသည်။

ဒီည မိုးသည်းထန်စွာရွာရင် ပင်လယ်ရေတွေ လှိုင်းထနေမှာ သေချာသည်။ စခန်းချချင်ရင်တောင် ကမ်းခြေနားမှာပဲ နေလို့ရသည်။ မဟုတ်ရင် ပတ်ပတ်လည်မှာ မြေပြန့်နဲ့ တခြားနေရာတွေ မရှိပေ။ သို့ရာတွင် မိုးသည်းထန်စွာ ရွာသောအခါ ပင်လယ်ရေ မြင့်တက်လာမည်ဖြစ်သဖြင့် ကမ်းခြေတွင် တဲတွေ ဆောက်တာက အန္တရာယ်များလွန်းသည်။ တဲတွေ အချိန်မရွေး မျောပါသွားနိုင်သည်။

ကျန်းတန်းဟယ်နဲ့ ရှောင်းကောတို့ အိမ်သို့ရောက်လာသည်။ သူ့ရဲ့မိတ်ဆက်ပေးမှု အရ၊ ဒီ မှာ နေထိုင်တဲ့ မိန်းမပျိုတစ်ယောက် ရှိသည်။ မိသားစုထဲက လူကြီးတွေကတော့ အပြင်ထွက်သွားကြသည်။

"ရှင်က ဘာလို့ဒီနေရာကို ဒီလောက်သိနေရတာလဲ" ရှောင်းကော စိတ်ဝင်တစား မေးလိုက်သည်။

"ကိုယ်အရင်က နေရာကို လာစစ်ဆေးဖူးလို့။ ကျန်းတန်းဟယ် တံခါးခေါက်လိုက်ပြီး သူမကို ပြုံးပြခဲ့သည်။ “ပတ်ဝန်းကျင်ကို မသိဘဲ ဒီကို လာလို့မရဘူး”

ရှောင်းကောက ဘာမှ မပြောပါပေ။ သူမ ရှက်ရွံ့စွာ ရယ်လိုက်ရုံပင်။ သူမ မေ့လုနီးပါးဖြစ်ခဲ့သည်။ ဤသည်မှာ ဧကရာဇ်မင်း၏ ခရီးစဉ်ဖြစ်သည်။ လမ်းတလျှောက် သူတို့ဖြတ်သန်းရမယ့် နေရာအားလုံးကို သေချာကြည့်ရမည်။ အရေးပေါ် အစီအစဥ်များစွာလည်း ရှိသင့်သည်။ သူမ ခေါင်းကို ခဏလောက် ပတ်ထားလို့ မရဘူး။

ထိုအချိန်တွင် အိမ်အတွင်းမှ ပြေးလာသော ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် ငယ်ရွယ်နုပျိုသည့် အသားအရည်ညိုသော မိန်းကလေးတစ်ဦး တံခါးဝတွင် ပေါ်လာသည်။

တံခါးအပြင်ဘက်ရှိ လူစိမ်းနှစ်ယောက်ကို ကြည့်ကာ သူမက သတိကြီးကြီးနှင့် ပြောခဲ့သည်။"မင်္ဂလာပါ၊ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ"

"မင်္ဂလာပါ စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"

ကလေးမလေးက မျက်နှာနီမြန်းသွားကာ ခဏတာ ထိတ်လန့်သွားသည်။ သူမက ရှောင်းကောကို ရှက်ကိုးရှက်ကန်းနဲ့ ကြည့်နေသည်။ လှပနေသော်လည်း ချောမောပြီးလှပနေမည်ဟု သူမမျှော်လင့်ထားပေ။

ရှောင်းကောသည် သူမရှေ့ရှိ ကလေးမလေးအပေါ် ထင်မြင်ချက် ကောင်းကောင်းရှိနေသည်။ သူမက အသားညိုသော်လည်း သူမ၏ မျက်လုံးကြီးကြီးလေးတွေက အလွန်နှစ်သက်ဖွယ်ကောင်းသည်။

ယခုတစ်ကြိမ်သည် ရှောင်းကော နောက်သို့လိုက်ဖို့ ကျန်းတန်းဟယ်၏ အလှည့်ဖြစ်သည်။ သူ့ရှေ့က လူနှစ်ယောက်ကို သူ ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ သူ အလွန်အမင်း မနာလိုဖြစ်ခဲ့သည်။ ဒီအမျိုးသမီးက သူ့ကို မြန်မြန် စွန့်ပစ်သွားခဲ့သည်။ သူမကဘာလို့ ကောင်မလေးကို သူမနဲ့စကားပြောဖို့ မရပ်မနား နှောင့်ယှက်နေတာလဲ။

ကလေးမလေးရဲ့ နာမည်ကတော့ ရှောင်ကျူးပင်။ သူမက ယခုနှစ်တွင် ၁၂ နှစ်သာရှိသေးသည်။ အရင်က ရွာသူကြီးဆီကနေ ဒီတစ်ခါလာမယ့်လူတွေက ထူးခြားတယ်ဆိုတာကို သူမ ကြားထားသည်။ ရွာသူ/သားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးစကားပြောဖို့ ဒေါသမထွက်မိကြဖို့ ပြောထားသည်။ သူတို့အခန်းတွေကို ပြင်ဆင်ခိုင်းတာကြာပြီ။ ဧည့်သည်တွေ လာရင် တည်းခိုဖို့ အကောင်းဆုံး အခြေအနေတွေ ပေးလိမ့်မည်။ သူတို့ မလာခဲ့ရင်တော့ ကောင်းတာပေါ့။

အချိန်အတော်ကြာပြီးနောက် ဧည့်သည်တွေ မလာကြပေ။ သူတို့ လာမှာမဟုတ်ဘူးလို့ သူမ ထင်ခဲ့ပေမဲ့ ဒီမှာရောက်နေကြပြီ။ စောစောက တံခါးဖွင့်လိုက်တော့ သူမ အရမ်းကြောက်သွားသည်။ ဧည့်သည်များ၏ အသွင်အပြင်နှင့် စိတ်သဘောထားကွဲလွဲသွားမည်ကို သူမကြောက်သည်။

လေးစားရတဲ့ ဧည့်သည်တွေကို သူမ မထီမဲ့မြင်ပြုလိုက်မိမှာကိုလည်း သူမကြောက်သည်။ ဒါပေမယ့် လက်တွေ့ဘဝက သူမစိတ်ကူးနှင့် လုံးဝ ခြားနားသည်။ ကြောင်တက်တက်ဖြင့် နှစ်ယောက်သားကို အခန်းထဲသို့ ဝင်ရန် စီစဉ်ပြီးနောက် လက်တွေကို ဖြေလျှော့လိုက်ကာ တုန်လှုပ်ချောက်ချားနေသည့် လက်ဖဝါးများ နီရဲနေသည့် လက်ဖဝါးများကို ပေါ်လွင်စေခဲ့သည်။

ရှောင်းကောက သန့်ရှင်းသော ကုတင်ပေါ်တွင် ထိုင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမ အရမ်းကျေနပ်သွားသည်။ သစ်သားတဲက အရမ်းသန့်သည်။

"စကားမစပ်၊ ကျွမ်းကျွမ်းကော "

"သူ ရှောက်ယိနဲ့ အတူရှိနေတယ်၊ သူ ဒီည သူနဲ့ အတူ အိပ်လိမ့်မယ်။ ရှောက်ယိက သူ့ကို မလွှတ်ဘူး"

ကျန်းတန်းဟယ်က ရှောင်းကောကို မခေါ်ခင်မှာ ကျွမ်းကျွမ်းကို ရှာဖို့ သွားခဲ့သည်။ ကောင်လေးက ရှောက်ယိနဲ့ နောက်ထပ် ကျယ်ဝန်းတဲ့ အိမ်တစ်လုံးဆီ ရွှေ့ပြီးသွားပြီ။ ကျွမ်းကျွမ်းက ကျန်းတန်းဟယ်ရဲ့နောက်ကို လိုက်ချင်ပေမယ့် ရှောက်ယိက သူ့ကို လွှတ်မပေးခဲ့ပေ။ ကူကယ်ရာမဲ့နေသူက အရှုံးသာပေးလိုက်ပြီး သူ့ဘာသာပဲ ပြန်လာလိုက်ရသည်။

All Chapters