အခန်း (၃၂၀)
Vol. 22 Ch. 320
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၂၀
"ပြီးပြည့်စုံတယ်။ နှစ်ယောက်တည်းနေရမယ့်အချိန်ပဲ"
ကျန်းတန်းဟယ် ထိုစကားကို ပြောပြီးနောက် ရယ်လိုက်သည်။ ရုတ်တရက် သူ့ပခုံးအောင့်သွားသည်။ သူ့ရဲ့အသက်ရှုသံရပ်သွားပြီး ငြိမ်သက်စွာ ပွတ်သပ်လိုက်သည်။
ရှောင်းကောက သူ့လုပ်ရပ်ကို ရုတ်တရက်မြင်လိုက်သောအခါ သူ့ကို စနောက်လုဆဲဆဲပင်။သူမ တည်ကြည်စွာ ပြောလိုက်သည်။ “ရှင့်ရဲ့အဝတ်အစားတွေကို ချွတ်လိုက်!
မနေ့ညက မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရပေမယ့် မနက်ခင်းမှာ တစ်ခုခုလွဲနေတယ်ဆိိုတာ သူမ ခံစားမိသည်။ သူ့မျက်နှာက နီရဲနေပြီး ဖျားနေပုံရသည်။ သူမ ဘာကိုမှ သတိမထားမိခင်မှာ တစ်ဖက်က ဖုံးကွယ်ထားခဲ့သည်။
"အဲ့တာက နည်းနည်းစောနေသေးတယ် မဟုတ်လား" ကျန်းတန်းဟယ် တမင် အနှောင့်အယှက်ပေးခဲ့သည်။
သူ မလှုပ်ရှားတာကိုမြင်တော့ ရှောင်းကောက ထပြီး သူ့အဝတ်တွေကို ဆောင့်ဆွဲဖို့ သူ့ဘေးနားကို သွားလိုက်သည်။
" ရှောင်းကော ရှောင်းကော ကိုယ်ပြောတာကိုနားထောင်။အဲ့တာက မကောင်းဘူး၊ တကယ်မကောင်းဘူး။ နေ့ခင်းကြောင်တောင်ကြီး ရယ်စရာဖြစ်နေတယ်။ ရှောင်းကော..."
"ပါးစပ်ပိတ်ထား!"
ကျန်းတန်းဟယ်က သူ့ကျောပြင်အခြေအနေကို လုံးဝမမြင်စေချင်တာကြောင့် သူမကို ဒီလောက်လွယ်လွယ်နဲ့ တွေ့သွားခွင့်မပေးခဲ့ပေ။ ရှောင်းကော အရမ်းမောပန်းသွားပြီး အသက်ရှူမဝဖြစ်သွားသည်။
ဒါပေမယ့် သူမက ရန်ပွဲမရှိဘဲ အရှုံးပေးမည့်သူမဟုတ်ပေ။ သူမ ကြည့်ဖို့ကို သူငြင်းဆိုလေလေ၊ သူမကို သံသယတွေ ပိုရှိလာစေလေပင်။
သူတို့ နှစ်ယောက် အိမ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖမ်းနေတော့သည်။ ကျန်းတန်းဟယ်သည် ရှောင်းကောဆီမှ လွတ်မြောက်ရန် သူ၏ ရှည်လျားသော ခြေတံနှင့် လက်များကို အားကိုးခဲ့သည်။
"ကျန်းတန်းဟယ်!"
ရှောင်းကော အလွန် ပင်ပန်းနွမ်းနယ်သွားသဖြင့် သူမမှာ ခွန်အားမရှိတော့ပေ။ သူမ မထိန်းနိုင်ဘဲ အော်လိုက်မိသည်။ သူမ စိတ်ပူပြီး ဒေါသဖြစ်ခဲ့သည်။ သူမကို ဒီလိုမျိုး တားနေတာ တစ်ခုခုတော့ ဖြစ်နေလိမ့်မည်။
“ဒေါသမထွက်ပါနဲ့။” ကျန်းတန်းဟယ်က ရှောင်းကော ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ စိတ်မချမ်းသာပေ။ သူလမ်းလျှောက်လာပြီး သူမကိုနှစ်သိမ့်ပေးဖို့လုပ်တော့မယ့်အချိန်မှာ သူမက သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ကုတင်ပေါ်တွန်းချလိုက်သည်။
"ဟားဟား၊ ကျန်းတန်းဟယ်၊ ရှင် ဖုံးကွယ်ထားလို့ မရတော့ဘူး။" ရှောင်းကော ကိုယ့်ကိုယ်ကို ဘဝင်ခိုက်စွာ ရယ်လိုက်သည်။ သူရုန်းကန်တော့မည်ကို မြင်တော့ သူမက သူ မထနိုင်အောင် သူ့အပေါ်ထိုင်ဖို့ အခွင့်အရေးယူလိုက်သည်။
"ကောင်းကောင်းနေ!" ရှောင်းကောက သူ့လက်နှစ်ဖက်လုံးကို သူမရဲ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး နောက်ကျောဘက်ကို ပို့လိုက်သည်။ ဒါပေမယ့်လည်း သူမက သူ့ကို နာကျင်စေမည်ကို ကြောက်သောကြောင့် သူမ တင်းတင်းမာမာဖြင့်သာ သူ့ကို ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအချိန်တွင်၊ ကျန်းတန်းဟယ်က လှုပ်ရမလား မလှုပ်ရဘူးလားဆိုတာ မသိနေပေ။ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က ထင်ရှားနေသည်။ "ရှောင်းကော၊ လိမ္မာတယ် ဆင်းတော့။ ကိုယ် မင်းကို ဖြည်းဖြည်းချင်းရှင်းပြမယ်။"
"မရဘူး၊ ရှင်ဘာလို့ စကားနားမထောင်တာလဲ။ မလှုပ်နဲ့!"
သူ့အမူအရာ မပြသေးတာကိုမြင်တော့ ရှောင်းကောက သူနဲ့စကားပြောတာကို ရပ်လိုက်သည်။ သူမ သူ့နဖူးပေါ်က ဆံပင်တွေကို သပ်ပေးလိုက်ပြီး သူ့အဝတ်စားတွေကို အမြန်ချောင်အောင် လုပ်လိုက်သည်။ ကံကောင်းထောက်မစွာ တစ်ဖက်က ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသည်။ မဟုတ်ရင် သူမ သူ့ကို ဒီလောက် လွယ်လွယ် ချွတ်နိုင်မှာ မဟုတ်ပေ။
ကျန်းတန်းဟယ်က ထပ်ပြီးရုန်းကန်ချင်ပေမယ့် အသုံးမဝင်ပေ။ ဆန္ဒမရှိစွာဖြင့် ကုတင်ပေါ်တွင်သာ လှဲပြီး ခေါင်းကို စောင်အောက်တွင် မြှုပ်ထားနိုင်သည်။ ကံကောင်းထောက်မစွာ၊ ဤနေရာတွင် သက်သေခံရန် မည်သူမျှ မရှိခဲ့ပေ။ ဒီလိုမှမဟုတ်ရင် သူ ဒီလို ၀တ်စားထားတယ်ဆိုတဲ့ စကားထွက်လာရင် ဘယ်သူ့ကိုမှ မျက်နှာမပြရဲလောက်အောင် ရှက်မိလိမ့်မည်။
ရှောင်းကောက ဒေါသတကြီးဖြင့် သူ့အဝတ်အစားတွေကို ဖွင့်ထုတ်လိုက်ပြီး ခဏလောက် ကြက်သေသေသွားခဲ့သည်။ သူမ မယုံကြည့်နိုင်စွာဖြင့် သူ့ကျောကို ကြည့်လိုက်သည်။ သူ့နောက်ကျောတစ်ဝက်လောက်ကို ပိတ်စနဲ့ ပတ်ထားပြီး ပိတ်စမှာ သွေးစ ဖျော့ဖျော့လေးတွေ ရှိနေသည်။
ပိတ်စနဲ့ဖုံးထားတဲ့ သူ့နောက်ကျောကို ပွတ်သပ်ရင်း သူမနှလုံးသား နာကျင်သွားရသည်။ “ဘာဖြစ်တာလဲ” ဟု သူမ တုန်ယင်နေတဲ့အသံဖြင့် မေးလိုက်သည်။
"ဒါက အသေးအမွှားကိစ္စပါပဲ၊ မတော်တဆ သွေးထွက်သွားလို့ ပတ်တီး ပတ်ထားတာ..."
ကျန်းတန်းဟယ် အပြစ်ရှိသလို ခံစားလာရပြီး သူမကို မကြည့်ရဲပေ။ သူ့နားရွက်တွေက သူ့ကိုချက်ချင်းသစ္စာဖောက်သွားသည်။
ရှောင်းကော သူမရဲ့အကြည့်ကို ရုတ်လိုက်ပြီး သူ့နောက်ကျောကို ပြန်ကြည့်ခဲ့သည်။ ဒဏ်ရာကြီးကြီးမားမားရထားတာ။ သူဒဏ်ရာက ဘယ်လောက် ပြင်းထန်နေတာလဲ။
ဒါကိုတွေးပြီး ရှောင်းကော ပြန်ထိုင်ချလိုက်ပြီး ငြိမ်ကျသွားခဲ့သည်။
ကျန်းတန်းဟယ်က သူ့နောက်ကျောပေါ်က ကိုယ်အလေးချိန်ကျသွားသည်ကို ခံစားလိုက်ရသဖြင့် သူ့အဝတ်ကို ပြန်ဝတ်ကာ ထထိုင်လိုက်သည်။ "ကိုယ်အဆင်ပြေတယ်၊ မနာဘူး။ ငါပြန်ကောင်းသွားတာကြာပြီ"
သူက ဒဏ်ရာထားတဲ့သူဖြစ်ပေမယ့် သူမကို နှစ်သိမ့်ပေးနေခဲ့သည်။ ရှောင်းကော မထိန်းနိုင်ဘဲ ရယ်လိုက်သည်။
ကျန်းတန်းဟယ်က ပြုံးပြီး သူမ၏ မျက်နှာဖောင်းဖောင်းလေးကို ပွတ်သပ်လိုက်သည်။ "ဘယ်လိုလဲ။ မင်းဝမ်းမနည်းတော့ဘူးမလား။"
"ကျွန်မ ဝမ်းမနည်းပါဘူး" ရှောင်းကော စိတ်ကောက်ကောက်နဲ့ ပြောလိုက်သည်။ "ရှင် ဒီလိုဒဏ်ရာရထားတာတောင် ကျွန်မ ဝမ်းမနည်းဘူး။ ကျွန်မက ဘာလို့ဝမ်းနည်းရမှာလဲ"
"ကိုယ် မှားသွားပါတယ်။ ကိုယ် တကယ်မှားသွားပါတယ်"
ကျန်းတန်းဟယ်က သူဘာမှားခဲ့လဲဆိုတာ မသိပေမယ့် သူ့အမှားကို ဝန်ခံဖို့ လိုသေးသည်။ ဒါကစိတ် သဘောထားနဲ့ဆိုင်တဲ့ကိစ္စ။
ရှောင်းကောက သူ့ကိုသူ ဘာကြောင့် မှားတာလဲလို့ ဆက်မမေးတော့ပေ။ အဲဒီအစား ခေါင်းစဉ်ပြောင်းလိုက်သည်။
"ကျွန်မကို ရိုးရိုးသားသားဖြေ ရှင်ဘယ်လိုဒဏ်ရာရထားတာလဲ"
“ဟင့်အင်း…” ကျန်းတန်းဟယ် ပိုပြောချင်ပေမယ့် တစ်ဖက်သားရဲ့ ဖုံးကွယ်မထားတဲ့ စိုးရိမ်မှုတွေကို သူမြင်လိုက်တဲ့အခါ သူ့ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။ "ကိုယ် ပြီးခဲ့တုန်းက မြို့တော်ကို ပြန်ရောက်တော့ လျို့ဝှက်အထောက်တော်ဆီက အမိန့်ကို လက်ခံဖို့သွားရတယ်။ ဒါပေမယ့်တစ်ဖက်က ယုတ်ညံ့တဲ့ စေ့ဆော်မှုတွေနဲ့ သူ့အင်္ကျီလက်နဲ့ လှည့်စားခဲ့တယ်။ လမ်းတစ်လျှောက်မှာ မတော်တဆ သေးသေးလေးပဲ ဖြစ်ခဲ့တာ။ ပြီးတော့ ကိုယ် ကိုယ့်ဘာသာကိုယ် မတော်တဆ ခြစ်မိခဲ့တာ"
"မတော်တဆ ခြစ်မိတာလား" ရှောင်းကောက စိတ်ထဲကနေ မျက်ဖြူလှန်ပြခဲ့ပေမယ့် သူဘာကိုဆိုလိုသည်ကို သူမ သိသည်။ ဆက်စုံစမ်းရန် သူမအတွက် မသင့်လျော်ပေ။
"ဒီည ကျွန်မ ရှင့်အ၀တ်အစားကို လဲပေးရမလား"
ရှောင်းကောက သူမ၏ အိတ်ထဲတွင် ဆေးများစွာ ပါလာကြောင်းကို သတိရမိသည်။ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းနှင့် အခြားဒဏ်ရာတစ်ခုခုအတွက် သူမ ၎င်းတို့ကို ယူဆောင်လာခဲ့သည်။
“အခုပဲ လုပ်လိုက်ကြရအောင်၊ ဘာပဲဖြစ်ဖြစ် ကိုယ်အဝတ်တွေက ကျွတ်နေပြီပဲ”
ကျန်းတန်းဟယ်က သူ့အဝတ်အစားတွေကို ချွတ်ဖို့ကြိုးစားနေသည်။
ရှောင်းကောက သူ သူမကို စနေမှန်း သိသောကြောင့် သူမ အလေးအနက် မထားခဲ့ပေ။ သူမ သူ့လက်ကို ညင်ညင်သာသာ လိမ်လိုက်ပြီး သူနာသွားလို့ ပြုမူလိုက်တဲ့ပုံစံကိုမြင်လိုက်ရတော့ သူမ ကျေနပ်စွာ နှာမှုတ်လိုက်သည်။
ကျန်းတန်းဟယ်က အကြာကြီးမနေပေ။ နောက်ဆုံးတော့ သူ့မှာ တရားဝင် တာဝန်တွေ ရှိပြီး လည်ပတ်ကြည့်ရှုဖို့ ဒီမှာနေလို့မဖြစ်ပေ။
သူထွက်သွားပြီးနောက် ရှောင်းကောက အိမ်ထဲတွင် တစ်ယောက်တည်း လှည့်ပတ်ကြည့်ရှုခဲ့သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှောင်ကျူးကို မတွေ့ခဲ့ပေ။
အိမ်ကြီးက နှစ်ခန်းသာရှိသော်လည်း ဒုတိယလူတစ်ယောက်ရှိနေခြင်းကို သူမ မခံစားနိုင်ပေ။
"ရှောင်ကျူး၊ ရှောင်ကျူး "
ရှောင်းကော နှစ်ကြိမ်တိုင်တိုင် ခေါ်ဖို့ ကြိုးစားခဲ့သည်။
“ဟုတ်!”
ကြည်ကြည်လင်လင်နှင့် သာယာသော အသံက သူမအထက်မှ ထွက်ပေါ်လာသည်။
ရှောင်းကော အံ့အားသင့်သွားသည် ရှောင်ကျူးက သူမကို ကြောက်ရွံ့စွာ ကြည့်နေခဲ့သည်။ "တောင်းပန်ပါတယ် ကြောက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။"
“ရပါတယ်၊ ရပါတယ်…” ရှောင်းကောက သူမရဲ့ တုံ့ပြန်မှုက ရှောင်းကျူကို ကြောက်သွားစေတယ်လို့ ခံစားမိတာကြောင့် ချက်ချင်း ခေါင်းခါပြပြီး နှစ်သိမ့်ပေးခဲ့သည်။ တစ်ဖက်က ငြိမ်သက်သွားပုံရပြီး ရှောင်းကောက သူမ ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။ "မင်းက ဘာလို့အဲဒီမှာရှိနေတာလဲ"
"ဒါက သမီး နေနေတဲ့ ထပ်ခိုးလေ"
ရှောင်းကျူးက ခေါင်းထုတ်ပြီး ပြောခဲ့သည်။ သူမရဲ့ပုံစံက အရမ်းပျင်းနေတဲ့ပုံပေါ်တော့ သူမ ချီတုံချတုံနဲ့ ပြောလိုက်သည်။ "အပေါ်မှာ လာထိုင်ချင်လား"
ဒီလိုပြောပြီးနောက် သူမ နောင်တရမိသည်။ သူမ မြင့်မြတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမရဲ့ ထပ်ခိုးသေးသေးလေးဆီကို သူမ ဘယ်လိုလုပ်တက်နိုင်မှာလဲ။
ရှောင်းကော၏ စိတ်ဝင်စားမှု တုန်လှုပ်သွားသည်။ "တက်လို့ရလား" သူမက ဝမ်းသာအားရ မေးလိုက်သည်။
"ရတာပေါ့!" ရှောင်ကျူး ဝမ်းသာသွားသည်။ တစ်ဖက်က သူမကို မငြင်းခဲ့တာနဲ့တင် အံ့သြစရာကောင်းနေပြီ။
ရှောင်းကော ပတ်ပတ်လည်ကို ကြည့်လိုက်တော့ နံရံပေါ်က လှေကားကို တွေ့လိုက်သည်။ သူမရဲ့အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး အဆင်သင့်ဖြစ်နေပြီပင်။
ရှောင်ကျူးသည် တစ်ဖက်လူက အလွန်ကျွမ်းကျင်သည်ကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။ သူမ ပြုတ်ကျမှာကို သူမ ကြောက်သည်။ သူမက သူမထက် အဆင့်အတန်းနိမ့်သည်ဟု လုံးဝမထင်ပေ။
"သခင်မ၊ သခင်မက အံ့သြစရာကောင်းလိုက်တာ!"
ရှောင်ကျူးက ရှောင်းကောကို နှလုံးသားအောက်ခြေကနေ သဘောကျသွားခဲ့သည်။ သူမက လှပပြီးသွက်လက်သည်။
ရှောင်းကော ထပ်ခိုးဆီသို့ ရောက်လာပြီး သူမရဲ့လက်တွေကိုခါလိုက်သည်။ သူမ အေးစက်စက်နဲ့ပြောလိုက်သည်။ "ဒါက ကိတ်မုန့်တစ်လုံး....."
ရှောင်းကျူက ရှောင်းကော၏ ကျွမ်းကျင်မှုကို အလွန်သဘောကျခဲ့သည်။ ရှောင်းကော လုပ်တဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်တိုင်းအတွက် ရှောင်ကျူးက ဒါကို ရွှန်းရွှန်းဝေအောင်ပြောဖို့ အချက်ပြလိမ့်မည်။ အချက်ပြမီးကနေဖြတ်ပြီး သူမကို ကြည့်နေသလိုမျိုးပေါ့။
ရှောင်းကော ကသိကအောက်ဖြစ်စွာ ချောင်းဟန့်လိုက်ပြီး တစ်ဖက်သား၏ အကြည့်ကြောင့် အနည်းငယ် ရှက်သွားသည်။ သူမ အမြန်လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထပ်ခိုးက အရမ်းသန့်သည်။ နေရာက မကြီးပေမယ့် ကုတင်နဲ့ စားပွဲတစ်လုံးရှိသည်။ စောင်နှင့် အိပ်ရာခင်းက အနည်းငယ် စုတ်ပြဲနေသော်လည်း သန့်ရှင်းသပ်ရပ်နေပုံရသည်။ ပိုင်ရှင်သည် အခု စာဖတ်နေသကဲ့သို့ စားပွဲပေါ်တွင် စာအုပ်အနည်းငယ်က ပြန့်ကျဲနေသည်။ အကြည့်ကိုအဖမ်းစားသွားဆုံးအရာမှာ ကုတင်ကို မျက်နှာမူထားသော ပြတင်းပေါက်ကျယ်ကြီးဖြစ်သည်။
ရှောင်းကောသည် သူမ၏ ဗီဇအတိုင်း လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့သည်။
"ဝိုး…"
ပင်လယ်လေက ပြတင်းပေါက်ကတစ်ဆင့် ထပ်ခိုးဆီ တိုက်ခတ်လာသည်။ ဤနေရာမှ ပင်လယ်ကိုမြင်နိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
အခုအချိန်က နည်းနည်းမှောင်နေပေမယ့် ပင်လယ်ရဲ့အလှကို ရှုစားဖို့ မတားဆီးနိုင်ခဲ့ပါပေ။
ရှောင်းကော ပင်လယ်လေကို အသက်ပြင်းပြင်းရှူလိုက်သည်။ ချက်ချင်း သူမ၏ တစ်ကိုယ်လုံး ပြန်လန်းဆန်းလာခဲ့သည်။
ပင်လယ်ကိုကြည့်ရတာ တကယ်ကို သဘောကျနေတာကို မြင်လိုက်ရတော့ ရှောင်ကျူးက ဝမ်းသာအားရနဲ့ ခါး ကိုင်းလိုက်သည်။ "ပင်လယ်ကိုကြည့်ရတာ ကြိုက်တာလား"
“ကြိုက်တယ် ကြိုက်တယ်”
သူမရဲ့လေသံကိုကြားတော့ ရှောင်းကောက ခေါင်းကို စောင်းပြီးစပ်စုကာ မေးလိုက်သည်။ "မင်းလည်း ဒီလိုလုပ်ရတာကို ကြိုက်တာလား"
"ချစ်တာ။ အရမ်း အရမ်း အရမ်း အရမ်းချစ်တယ်!"
ရှောင်ကျူးက ပင်လယ်ကို ချစ်ကြောင်းဖော်ပြပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်ခဲ့သည်။