အခန်း (၃၂၂)
Vol. 22 Ch. 322
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၂၂
ရှောင်းကောက သူဝမ်းလျားမှောက်နိုင်စေရန် စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုအိပ်ရာပေါ်သို့ ကူညီပေးခဲ့သည်။ သူမ ကတ်ကြေးတစ်လတ်ကိုယူကာ သူ့နောက်ကျောပေါ်ရှိ ပိတ်စကိုဟပြီး ဖြတ်လိုက်သည်။
“…....”
သူ့ကျောကိုမြင်တော့ ရှောင်းကော သူ့ကို ဒေါသမထွက်နိုင်တော့ပေ။ သူမ နှလုံးသားထဲမှာ နာကျင်ခြင်းတွေပဲ ရှိနေသည်။ သူ့ဒဏ်ရာတွေက သူမထင်ထားတာထက် ပိုဆိုးနေသည်။
သူ့နောက်ကျောမှာ ဒဏ်ရာမရှိတဲ့နေရာ မရှိပေ။ အချို့သော ဒဏ်ရာများမှာ ပေါက်ပြဲနေကာ အချို့မှာ အရည်နွေထွက်နေသေးသည်။ သူ့နောက်ကျောအများစုမှာ ရောင်နေသေးသည်။ ဒဏ်ရာက သွေးတွေက သူ့အရေပြားပေါ် ကပ်နေစေသည်။ ပိတ်စကို ဖယ်လိုက်သောအခါ ဒဏ်ရာက စိုစွတ်လာပြန်သည်။
ရှောင်းကောက သူရည်ညွှန်းထားတဲ့ "ဒဏ်ရာသေးသေးလေး" ဆိုတာကိုကြည့်ပြီး သူမအတွက် နှလုံးသားက နာကျင်နေသည်။ ဆေးလိမ်းလိုက်သည်နှင့် နာကျင်မှုကို မခံစားရစေရန် သူမရဲ့လက်များကို ညင်သာစွာ လှုပ်ရှားခဲ့သည်။
သူမ အဲ့တာကို တွေးလေလေ ဒေါသပိုထွက်လာလေလေပဲ။ “သမီးက လိုချင်သေးတာလား” ဟု တမင် မေးလိုက်သည်။
“ဒါပေါ့!… နောက်ခါရင် ကိုယ်ကြိုးစားပါ့မယ်။ ကိုယ်နုတ်ထွက်ပြီးရင် အဲ့ကိစ္စကို အကောင်အထည်ဖော်မယ်။”
ရှောင်းကောက သူမကြားလိုက်ရတာကို ကျေနပ်သွားသည်။ သူမလက်ထဲက ပိတ်စကို အနည်းငယ်ဖြေလျှော့ပြီး သက်တောင့်သက်သာရှိစေရန် ချိန်ညှိပေးလိုက်သည်။ "ဒီလိုအချိန်မျိုးမှာ သူက သမီးတစ်ယောက်မွေးဖို့ တွေးနေတုန်းပဲ။ သူရိုက်ခံရဖို့ တကယ်တန်တယ်"
"ခဏတော့နေလိုက်ဦး။"
“အွန်း”
ရှောင်းကောက ထပြီး ပိတ်စနဲ့ ဆေးမှုန့်တွေကို ဖယ်လိုက်သည်။ ထို့နောက် ပြန်လာပြီး သူ့ဘေးတွင် လှဲနေလိုက်သည်။ သူမသည် ယောက်ျားတစ်ယောက်အတွက် အလွန်လက်ရာမြောက်ပုံပေါက်သည့် သူ၏ ဘေးတိုက်မျက်နှာကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"အငြိမ်းစားယူပြီးတဲ့အထိ ဘာလို့စောင့်တာလဲ"
"အငြိမ်းစားယူတယ်?"
"အိုး၊ နှုတ်ထွက်ပြီးရင်လို့ ရှင်ပြောလို့လေ" ရှောင်းကော က သူမဂရဲ့ခေါင်းကို ကိုင်ပြီး သူ့ကို ရှင်းပြဖို့ လှည့်လိုက်သည်။
"ဒီလိုဆိုရင် မင်းနဲ့အတူ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အချိန်ရလိမ့်မယ်။ မင်း ကျွမ်းကျွမ်းကို မင်းကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တယ်။ ကိုယ့်တာဝန်ပျက်ကွက်ပြီး မင်းဘေးမှာ နေပေးရမှာကို ပျက်ကွက်ခဲ့မိတယ်၊ ဒါက ကိုယ့်အတွက် အကြီးမားဆုံးနောင်တပဲ"
ကျန်းတန်းဟယ်က ရှောင်းကောကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့သည်။
ရှောင်းကောက သူ့မျက်လုံးထဲက ရိုးသားမှုကြောင့် ရုတ်တရက် တောက်လောင်သွားသည်။ "ဒါဆို ရှင် ကျွန်မကို ဒုတိယရင်သွေးယူဖို့ သဘောတူညီချက်ကို ဘာလို့လက်မှတ်ထိုးခိုင်းတာလဲ!"
အကယ်၍ သူ အလျင်လိုခြင်း မရှိခဲ့ပါက သူမကို ဘာကြောင့် လက်မှတ် ထိုးခိုင်းလိုက်တာလဲ။
"ကိုယ် မင်းဆီက ကတိတစ်ခု လိုချင်တာ" ထိုသို့ပြောပြီးနောက် အချိန်အတော်ကြာ ခေတ္တနားပြီးနောက် ကျန်းတန်းဟယ်က သူမအား လေးနက်စွာကြည့်ကာမေးလိုက်သည်။ "မင်း ကိုယ့်ကို ထားခဲ့မှာလား"
“…......” ကျန်းတန်းဟယ်က သူ့မျက်လုံးများထဲရှိ စိုးရိမ်မှုကို ဖုံးကွယ်မထားခဲ့ပေ။ ရှောင်းကော မကူညီနိုင်ဘဲ အချိန်အကြာကြီး ငြိမ်သက်နေခဲ့သည်
မသိလ်ိုက်တဲ့ အချိန်ကာလတစ်ခုကြာပြီးနောက် ကျန်းတန်းဟယ်သည် မသေချာမရေရာမှုများနှင့် သူ့ကိုယ်သူ သံသယဝင်လာတော့သည်၊ ရှောင်းကောက တရယ်ပြီး ထပ်တူထပ်မျှလေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"သေချာပေါက် ဘယ်ထားခဲ့မှာလဲ!"
သူမ၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း သူမ၏ အသံထဲက ဆုံးဖြတ်ချက်က ကျန်းတန်းဟယ် ကို စိတ်ချနိုင်လောက်အောင်ပင်။
အချိန်အတော်ကြာပြီးနောက် ကျန်းတန်းဟယ် မကူညီနိုင်ဘဲ ရယ်လိုက်သည်။ “ကိုယ်လည်း မထားခဲ့ဘူး” ဟု သူ အခိုင်အမာ ပြောလိုက်သည်။
သူမနှင့် ပေါင်းပြီးကတည်းက သူ သူမကို စွဲလမ်းနေခဲ့သည်။ အစတုန်းကတော့ သူက သူမရဲ့အသွင်အပြင်ကိုပဲ သဘောကျတာ။ သူမနှင့် အချိန်ပိုကြာကြာနေလာပြီးနောက်တွင် သူမ မရှိလျှင် သူ မအသက်မရှင်နိုင်တော့ကြောင်း ပိုသေချာလာခဲ့သည်။ သူမ၏ နှလုံးသားက သူမ၏ အသွင်အပြင်ထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေသည်။
ရှောင်းကော၏ ခံစားချက်ကို သူ အချိန်အတော်ကြာအောင် သေချာမသိခဲ့ပေ။ သူမကို ဆုံးရှုံးရမှာကို သူ အမြဲစိုးရိမ်နေတာကြောင့် သူမဆီက ကတိတစ်ခုယူခဲ့တာ။ သူမရဲ့ခံစားချက်တွေကို အခုသူ သိလိုက်ရတော့ ပီတိဖြစ်သွားသည်။
" ရှောင်းကော ကိုယ် မင်းကို တကယ်ချစ်တယ်။ မင်းထင်ထားတာထက် ပိုချစ်တယ်"
—-
ညမိုးချုပ်လာသည်နှင့်အမျှ ပင်လယ်သည် ထူးထူးခြားခြား အေးချမ်းသောလေထုကို လွှမ်းခြုံထားခဲ့သည်။ မှောင်နေတာက သနားစရာပင်။ မဟုတ်ရင် ရှောင်းကော လမ်းလျှောက်ထွက်လိမ့်မည်။
ညဉ့်နက်သန်းခေါင်တွင် မိုးခြိမ်းသံက တဟုန်ထိုး ထွက်ပေါ်လာပြီး အုံ့မှိုင်းနေသော ကောင်းကင်ယံမှ ချက်ချင်း လင်းလက်လာသည်။
ရှောင်းကော ရုတ်တရက် မျက်စိမှိတ်လိုက်သည်။ သူမ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် ပြတင်းပေါက်ပိတ်နေသည့် အနက်ရောင်အသွင်ကို တွေ့လိုက်ရသည်။
"မိုးရွာတော့မှာလား"
ရှောင်းကော အားနည်းနေသည့်လေသံဖြင့် မေးလိုက်သည်။
"မိုးရွာနေတာ" ကျန်းတန်းဟယ် ပြတင်းပေါက်ကိုပိတ်ပြီးနောက် သူပြန်လာပြီး လှဲလိုက်သည်။ "အိပ်တော့လေ"
ရှောင်းကောက တိတ်တဆိတ် အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သူမ အိပ်ပျော်သွားပြန်သည်။
အိမ်အပြင်ဘက်တွင် လျှပ်စီးတွေနဲ့ မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။ အိမ်ရဲ့ အသံလုံတာက တော်တော်ကောင်းသည်။ အိမ်ထဲကို အသံတွေ ဝင်လာရင်တောင် သူတို့က အမှတ်မှားသလို လုပ်လို့ရသည်။
ရှောင်းကော ကောင်းကောင်းအိပ်ပျော်နေတာကိုမြင်တော့ ကျန်းတန်းဟယ်က သူ့လက်ကို မြှောက်လိုက်ပြီး စောင်နဲ့ ညင်သာစွာ ခြုံပေးခဲ့သည်။ မကြာသေးမီက ရာသီဥတု ပူလာသော်လည်း မိုးက လေအေးကိုသယ်ဆောင်လာပြီး ညဘက်တွင် အနည်းငယ် အေးနိုင်သည်။
ဒါတွေအားလုံးလုပ်ပြီးတာနဲ့ သူ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကျန်းတန်းဟယ်က ပထမဆုံးနိုးလာခဲ့သည်။ အဝတ်စားဝတ်ပြီးတာနဲ့ လဲလျောင်းနေဆဲဖြစ်တဲ့ ရှောင်းကောကို အကြောင်းကြားပြီး သူ ထွက်သွားခဲ့သည်။
အခုတစ်ယောက်တည်းရှိနေတဲ့ ရှောင်းကောက အကြောတွေဆန့်ပြီး အိပ်ယာမှထခဲ့သည်။ ပြတင်းပေါက်ဆီ သွားပြီး ဖွင့်လိုက်သည်။ မိုးဖွဲဖွဲလေးရွာနေပြီး မိုးတိတ်မည့် အရိပ်အယောင်မရှိပေ။
ဧကရာဇ်မင်းရဲ့ နက္ခတ္တဗေဒပညာရှင်က တစ်ညပဲမိုးရွာမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ မုန်တိုင်းသည် အချိန်တိုသည်ဟု ဆိုကြပြီး မိုးဖွဲဖွဲကျပါက အချိန်ကြာမြင့်နိုင်သည်ဟု ဆိုသည်။ သူတို့ ဒီနေ့ လှေပေါ်တက်နိုင်တော့မှာ မဟုတ်ဘူး။
ရှောင်းကော အသက်ပြင်းပြင်းရှူလိုက်သည်။ လေလေးက လတ်ဆက်နေတာပဲ။ အနည်းငယ် စိုစွတ်နေသော်လည်း အတော်လေး သက်တောင့်သက်သာရှိတာကို ခံစားရသည်။
သူမ၏ အတွင်းခံ ၀တ်ရုံနဲ့ အချိန်အတော်ကြာ မတ်တပ်ရပ်ပြီးနောက်တွင် သူမ အေးလာသည်။ ပြတင်းပေါက်ကို အမြန်ပိတ်ပြီး အိပ်ယာပေါ်ပြန်တက်ခဲ့သော်လည်း အကြာကြီး မလှဲခဲ့ပေ။ သူမခန္ဓာကိုယ် နွေးလာသောအခါ အိပ်ရာမှ ထလိုက်သည်။
အိမ်အပြင်သို့ရောက်သည်နှင့် ရှောင်ကျူးက ရေယူလာပေးပြီးနေပြီ။ သူမ ရှောင်းကောကို တွေ့သောအခါ အဲ့တာကို ယူဆောင်လာခဲ့သည်။
"မမ ရှောင်းကော ကျေးဇူးပြုပြီး မျက်နှာသစ်လိုက်။ ရေက နွေးတယ်။"
မနေ့ကကတည်းက သူတို့တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြပြီ။ ရှောင်းကောက ရှောင်ကျူးအား သူမကို သခင်မ လို့ မခေါ်စေချင်ဘူး "မမ" ဆိုတဲ့ အသုံးအနှုန်းက ပိုပြီး ချစ်စရာကောင်းတယ်လို့ ခံစားရသည်။ ရှောင်ကျူးကလည်း သူမကို ဒီလိုခေါ်ရတာကို ဝမ်းသာမိသည်။ သူမက အပူမပေးထားတဲ့ရေသည် သူမအတွက် အလွန်အေးနေမည်ကို စိုးရိမ်သောကြောင့် ဒီနေ့နံနက်မှာ ရှောင်းကောအတွက် အထူးတလည်ရေနွေးတည်ပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ် ရှောင်ကျူး "
ရှောင်းကော လမ်းလျှောက်လာပြီး ရေအပူချိန်ကို စမ်းသပ်လိုက်သည်။ မှန်တယ်။
မျက်နှာသစ်ပြီးနောက် ရှောင်ကျူး မတ်တပ်ထရပ်ပြီး ရေကိုယူလိုက်သည်။ ရှောင်းကောက ဒါကို သဘောမတူပေ။ ရှောင်ကျူးက သူမမျက်နှာသစ်ဖို့အတွက် ရေယူပေးခဲ့သည့်အတွက် ကျေးဇူးတင်နေပြီဖြစ်သည်။ သူမအတွက် ရေကို ဘယ်လိုလုပ် သွန်ခိုင်းရမှာလဲ။
ထို့ကြောင့် ရှောင်းကောသည် ရေကို အပြင်ဘက်သို့ ယူဆောင်သွားပြီး ကျပန်း နေရာတွင် သွန်ချလိုက်သည်။
ကျန်းတန်းဟယ်က သူ့လက်ထဲမှာ မနက်စာနဲ့အတူ အမြန်ပြန်လာခဲ့သည်။
ပူနွေးသောဆန်ပြုတ်၊ လတ်ဆတ်သော အသီးအရွက်အချဉ်တည်ထားတာတွေနှင့် အဖြူရောင် သက်သတ်လွတ် ပေါက်စီတွေက ရိုးရှင်းသော်လည်း အလွန်စားချင်စရာကောင်းသည်။
ရှောင်ကျူး ရှက်ကိုးရှက်ကန်းနဲ့ ထိုင်ချလိုက်သည်။ သူမသည် သူတို့အား ဧည့်ခံပေးရန်လိုသော်လည်း အိမ်တွင် ဆန်တစ်စေ့ သို့မဟုတ် ဆီတစ်စက်မျှ မရှိပေ။ အဲဒီအစား ဧည့်သည်တွေက သူမကိုဧည့်ခံနေသည်။
"ဧကရာဇ်မင်းရဲ့ နက္ခတ္တဗေဒပညာရှင်က နောက်ထပ်တစ်ရက် မိုးရွာဦးမယ်လို့ပြောတယ်။ အဲ့တော့ မနက်ဖြန်မှ လှေပေါ်တက်ရမယ်"
ထမင်းစားပွဲ၌ ကျန်းတန်းဟယ် စားရင်းနဲ့ ပြောခဲ့သည်။
ရှောင်းကောက စိတ်ထဲမထားပေ။ ဒီနေရာက တော်တော်လေးကောင်းသည်။ နောက်တစ်ရက်ဆက်နေဖို့ သူမမှာ ဆိုးရွားတဲ့စိတ်ကူးမရှိပေ။ သူမ ရှောင်ကျူးနှင့် နောက်ထပ်တစ်ရက် ကစားနိုင်သည်။
ရှောင်ကျူးလည်း အရမ်းပျော်သွားသည်။ သူမသည် မမ ရှောင်းကောကို သဘောကျပြီး သူမကို ဘယ်တော့မှ ထပ်တွေ့လို့ရနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူမရဲ့နေထိုင်မှုကို နောက်ထပ်တစ်ရက် ထပ်တိုးလာကြောင်း ကြားသိရသည့်အတွက် အလွန်ဝမ်းသာသွားခဲ့သည်။
"ဒီနေ့ ကျွမ်းကျွမ်းက ရှောက်ယိနဲ့ နေဦးမှာလား"
ကျန်းတန်းဟယ်က နံနက်စောစော ကျွမ်းကျွမ်းဆီ သွားမည်ကို ရှောင်းကော သိထားသည်။ သူ့နေရာကို သူမ သွားဖို့က အဆင်မပြေပေ။ ရှောက်ယိနဲ့ ရှောက်ကျန့်တို့က ခြံဝင်းတစ်ခုထဲတွင် ရှိနေကြသည်။ ဝန်ကြီးရဲ့ မိသားစုအနေနဲ့ အဲဒီနေရာကို သွားတာက မသင့်တော်ပေ။
"သူ့ကိုလွမ်းလို့လား။ ကိုယ် သူ့ကိုပြန်ခေါ်လာလိုက်မယ်"
သူပြောချင်တာက ရှောက်ယိက သူ့ကို ပြန်မလွှတ်သေးလို့ပဲ။ "ဒါပေမယ့် မင်း သူ့ကို လွမ်းနေရင် ကိုယ် သူ့ကိုဖိအားပေးပြီး ပြန်လာခိုင်းလိုက်မယ်"
ရှောင်းကော နားလည်သွားပြီး ခေါင်းခါလိုက်သည်။ "ရပါတယ်။ သူ့ကို ရှောက်ယိနဲ့ နေခွင့်ပေးထားလိုက် "
ယောက်ျားလေးနှစ်ယောက် အတူတူ အချိန်ဖြုန်းဖို့ဆိုတာ ရှားရှားပါးပါး အခွင့်အရေးမို့လို့ သူမက သူတို့နှစ်ယောက်ကို မခွဲဖို့ ဆုံးဖြတ်လိုက်သည်။
ကျန်းတန်းဟယ်က ခေါင်းညိတ်လိုက်ပြီး သူမအတွက် အချဉ်တည်ထားတဲ့ အသီးအရွက်တွေကို ကောက်ယူလိုက်သည်။ “စားကြည့်၊ မဆိုးဘူး”
ရှောင်းကောက အချဉ်တည်ထားသောအသီးအရွက်များနှင့်အတူ ဆန်ပြုတ်ကို စားလိုက်သည်။ အပေါ့အငန် အစပ်အရသာက အရမ်းကောင်းသည်။
" ရှောင်ကျူး၊ ပင်လယ်စာလုပ်ဖို့ ဘယ်နားမှာ ငါးရှာရမလဲဆိုတာသိလား"
ရှောင်းကောသည် ဘေးနားတွင် ငြိမ်သက်စွာ စားသောက်နေသော ကလေးမလေးကို မေးလိုက်သည်။ ပင်လယ်စာက အရသာရှိသည်။ ဖမ်းရမဲ့နေရာကို သူမသာသိရင်ပေါ့။ သူမ အိမ်မပြန်ခင်မှာ သူမ များများဖမ်းပြီး သူမမိသားစုကို လုပ်မကျွေးခင် အဲ့တာတွေကိုအရသာတွေနဲ့ နှပ်သွားလို့ရသည်။
"သိတယ်၊ သိတယ်။ ပင်လယ်ရေကျပြီးတာနဲ့ ငါးတွေက အပေါ်မှာ ပေါ်နေလိမ့်မယ်။ နေ့တိုင်း အများကြီးရှိတယ်"
သူမရဲ့မေးခွန်းကိုကြားတော့ ရှောင်ကျူးက စိတ်အားထက်သန်စွာဖြေပြီး တောက်ပတဲ့မျက်လုံးတွေနဲ့ သူမကိုကြည့်ခဲ့သည်။
"အဲဒါအရမ်းကောင်းတယ်!" ရှောင်းကော၏ မျက်လုံးများမှာလည်း တောက်ပနေသော်လည်း ပင်လယ်ရေမှော်ကို ဦးတည်သွားခဲ့သည်။ "ဒါဆို မမကို အဲဒီကို ခေါ်သွားပေးနိုင်မလား"
"ရတာပေါ့ သေချာပေါက်ရတယ်!" ရှောင်ကျူးက အပြင်ဘက်က မိုးဖွဲဖွဲလေးကို ညွှန်ပြလိုက်သည်။ "ညီမလေးတို့ အိမ်မှာ မိုးကာအင်္ကျီနှစ်ထည်ရှိလို့ တစ်ယောက်တစ်ထည်စီ ဝတ်လို့ရတယ်။ အပြင်ဘက်က မိုးက ညီမလေးတို့ကို ရွှဲရွှဲစိုသွားစေမှာ "
“ဟုတ်တယ်!”
ရှောင်းကောသည် သူမ၏ စကားများကို ကြားလိုက်သောအခါ သူမ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမ မြန်မြန်စားလိုက်သည်။ ပင်လယ်စာတွေကို အခုပြန်ယူမသွားနိုင်ပေမယ့် ပင်လယ်ကမ်းစပ်ကို ကြည့်ရတာတော့ မဆိုးပါပေ။ သူမ မျက်လုံးအတွက် ကုစားမှုတစ်ခု ဖြစ်လိမ့်မည်။ ကျွန်းကပြန်လာတဲ့အခါ ပင်လယ်စာတွေနဲ့ ပြည့်နေတဲ့ တောင်းတစ်လုံးနဲ့ ဗိုက်ဖြည့်မည်။
ရှောင်ကျူးက သူမ၏အရှိန်ကို လိုက်မမီနိုင်တော့မည်ကို ကြောက်သောကြောင့် သူမလည်း မြန်မြန်စားလိုက်သည်။
ကျန်းတန်းဟယ်က ရှောင်းကောကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူ့မိန်းမမှာ တခြားဝါသနာရှိတာလား။ သူမ ပင်လယ်၊ လှေတွေကို ကြိုက်တယ်၊ ငါးဖမ်းရတာနဲ့ ကမ်းခြေသွားရတာ ကြိုက်တယ်။ သူ အနားယူပြီးရင် သူမကို ပင်လယ်ကမ်းစပ်ကို ခေါ်သွားသင့်လား။