← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၂၃

သူတို့နှစ်ယောက် စားသောက်ပြီးတာနဲ့ ထွက်သွားတော့မှာကို ကျန်းတန်းဟယ်က တားလိုက်သည်။

" အစာကြေပြီးမှသွားကြ မဟုတ်ရင် အအေးပတ်လိမ့်မယ်"

"ရပါတယ်။ အင်း၊ မဟုတ်ဘူး၊ ခဏစောင့်ရအောင်"

ရှောင်းကောသည် ရှောင်ကျူးက ကလေးသာဖြစ်သေးကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်က လူကြီးတစ်ယောက်လောက် မသန်မာတာတော့ သေချာသည်။ ထို့အပြင် သူမ အများကြီးစားထားသည်။ အပြင်ထွက်ပြီးတာနဲ့ အအေးပတ်သွားရင်တော့ ကြောက်စရာပဲ။

ရှောင်ကျူးက ခွေးခြေခုံပေါ်တွင်ထိုင်ကာ အစာကြေသွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာ၊ မထွက်ခွာမီ ကျန်းတန်းဟယ်က သူတို့နှစ်ဦးကို အပြင်မထွက်မီ အချိန်အနည်းငယ်ပဲနေဖို့ သတိပေးခဲ့သည်။

ရှောင်းကောနဲ့ ရှောင်ကျူးတို့ ခေါင်းညိတ်ကာ သဘောတူခဲ့ကြသည်။ ဒါပေမယ့် ထိုအမျိုးသား လှည့်ထွက်သွားသည်နှင့် နှစ်ယောက်သား ဝတ်စုံပြည့်ဝတ်ထားပြီးပြီ။ မိုးကာအင်္ကျီနဲ့ ဝါးခမောက်တွေ ဆောင်းပြီး အမြန်ထွက်ပြေးခဲ့ကြသည်။

"မမ ရှောင်းကော လဲဖို့ မလိုဘူးဆိုတာ သေချာလား"

ရှောင်ကျူးက ရှောင်းကော၏အဝတ်အစားတွေကို ဝမ်းနည်းစွာကြည့်နေသည်။ တစ်ချက်ကြည့်လိုက်တော့ သူမရဲ့ ၀တ်စုံမှာသုံးထားတဲ့ ပစ္စည်းက ဈေးကြီးတယ်လို့ ပြောနိုင်သည်။

"ရပါတယ်။ မလဲတော့ဘူး။"

ရှောင်းကောက ကမ်းခြေသို့သွားရန် အလျင်လိုနေသောကြောင့် လဲဖို့ အချိန်မရှိပေ။ ဟုတ်ပါတယ် အဓိကအကြောင်းရင်းကတော့ သူမ ဝတ်ထားတဲ့ အဝတ်အစားတွေက သူမ ယူလာသမျှ အဝတ်တွေထက် အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးစတိုင်ဖြစ်တာကြောင့်ပင်။

ရှောင်ကျူးသည် ထိုစကားကိုကြားသောအခါတွင် သူမအား သွေးဆောင်ရန် ကြိုးစားခြင်းကို စွန့်လွှတ်လိုက်ပြီး ရှောင်းကောကို ကမ်းခြေသို့ ခေါ်ဆောင်သွားခဲ့သည်။

တံငါရွာသည် ပင်လယ်နှင့် နီးသော်လည်း လူနေရပ်ကွက်သည် ကမ်းခြေနှင့် သီးခြားစီဖြစ်ကြောင်း တွေ့ရှိရသည်။ ရှောင်ကျူး၏ မိသားစုက ရွာအစွန်တွင် နေထိုင်ကြသည်။ အိမ်ကထွက်လာပြီးနောက် မိန်းကလေးနှစ်ယောက်က လမ်းကျဥ်းကျဥ်းလေးတွေကို ပတ်သွားရပြီး ပင်လယ်ကမ်းစပ်ကို ရောက်သည်။ ရှောင်ကျူး၏ ထပ်ခိုးမှပင်လယ်ကို မြင်ရသည့်အကြောင်းရင်းမှာအိမ်သည် ပိုမြင့်မားသော မြေပြင်ပေါ်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ တစ်ရွာလုံးတွင် မိသားစု တစ်စု သို့မဟုတ် မိသားစုနှစ်ခုမှာပဲ နှစ်ထပ်အိမ် ရှိသည်။ အခြားအိမ်တွေက အများအားဖြင့် တစ်ထပ်တည်းဖြစ်သည်။

သူမ ကမ်းခြေကို ခြေချလိုက်တာနဲ့ ရှောင်းကောက သူမရဲ့ ခြေဖဝါးအောက်က ခံစားချက် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

မိုးကလည်း တဖွဲဖွဲကျနေသည်။ မြူခိုးများက သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားသော်လည်း ပင်လယ်ပြင်၏ အုံ့ဆိုင်းနေသော အလှကိုလည်း တိုးစေသည်။

ရှောင်ကျူးက သူမကို ရင်းနှီးသော ခြေလှမ်းများဖြင့် ပင်လယ်သတ္တဝါများအား တွေ့နိုင်သည့်နေရာဆီသို့ ပို့ဆောင်ခဲ့သည်။

ရှောင်းကော သူမနောက်သို့ အနီးကပ်လိုက်ကာ သူမ၏ ခြေဖဝါးအောက်ရှိ သဲများကို ခံစားနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ မိုးရွာမှုကြောင့် မြေပြင်က အနည်းငယ် ခဲနေသော်လည်း သဲ၏ ထူးခြားသော အသွင်အပြင်ကို သူမ ခံစားနိုင်သေးသည်။

ကောင်းကင်ယံမှ မိုးစက်များသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လှိုင်းတံပိုးများကို မြင်တွေ့နိုင်သည်။ မနေ့ညက မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒီရေနည်းမှုကြောင့် ပင်လယ်ရေမှော်များ ကမ်းခြေမှာ သောင်တင်နေခဲ့သည်။

ရှောင်းကော သူတို့ကို တွေ့တုန်းက ပထမဆုံး တုံ့ပြန်မှုက သူတို့ကို ကောက်ယူဖို့ ဖြစ်ပေမယ့် သူမနဲ့အတူ ခြင်းတောင်းတစ်ခုမှ ယူလာခြင်းမရှိတာကြောင့် သူမ တကယ်ကို နောင်တရခဲ့သည်။

မိုးရွာနေပေမယ့် ရွာသူရွာသားတွေက ကမ်းခြေကို အပြေးအလွှား သွားနေတာကို မရပ်တန့်ခဲ့ပေ။ မိုးကာအင်္ကျီနှင့် ဝါးခမောက်များ ဆောင်းထားသည့် လူအများအပြားသည် ပင်လယ်ထဲမှ လက်ဆောင်များကို ကောက်ယူရန်ခါးကုန်းနေကြသည်။

ရှောင်းကော၏ မျက်နှာအမူအရာက သူမ၏ စိတ်လှုပ်ရှားမှုကို ကောင်းစွာ ဖုံးကွယ်ထားသည်။ ခြင်းတောင်းကို ယူဆောင်မလာသည့်အတွက် သူမ ဝမ်းနည်းကြေကွဲခဲ့ရသည်။

"မမရှောင်းကော။ ကြည့်ကြည့်!"

သူမ မိန်းမောနေသည်ကို မြင်လိုက်ရသဖြင့် ရှောင်ကျူးက သူမ ပင်လယ်ရေမှော်များကို ရှာနေကြောင်းကို တွေးကာ ခေါင်းငုံ့လျက် ပတ်ပတ်လည်ကို စတင်ကြည့်ခဲ့သည်။ သူမ တစ်ပင်ကို အမြန်ရှာတွေ့ပြီး ပင်လယ်ရေမှော်အကြီးကြီးတစ်ပင်ကို သူမထံ ပေးလိုက်သည်။

သူမ အဲလိုလုပ်လိုက်တာနဲ့ ရှောင်းကော မခံနိုင်တော့ပေ။ "ရှောင်ကျူး၊ အိမ်ပြန်ပြီး ခြင်းတောင်းသွားယူလိုက်။ ပင်လယ်စာကောက်ဖို့ မမ ဒီမှာနေခဲ့မယ်။ မြန်မြန်သွား မဟုတ်ရင် တခြားသူတွေ မမတို့ထက် အရင်ရသွားလိမ့်မယ်!"

"ဟင်? အိုး!"

ရှောင်ကျူး ကြောင်တက်တက်နဲ့ ပြန်ဖြေခဲ့သည်။ ထို့နောက် သူမလက်ထဲက ပင်လယ်ရေမှော်တစ်ပင်ကို ပစ်ချပြီး ခြင်းတောင်းယူရန် ပြန်ပြေးသွားခဲ့သည်။ သူမ လမ်းတစ်လျှောက်လုံး အံ့သြနေမိသည်။ "မမ ရှောင်းကောက လာကြည့်ဖို့ပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး အရမ်းစိတ်လှုပ်ရှားသွားရတာလဲ"

ရှောင်းကောက ကလေးတစ်ယောက်လို ပစ်ချသွားတဲ့ ရှောင်ကျူး၏ ပင်လယ်ရေမှော်ကို ကောက်ယူလိုက်သည်။ “ဒီကလေးကတော့…”

“ဒီအတိုင်း ဘယ်လိုလုပ် လွှင့်ပစ်ခဲ့တာလဲ၊ ပင်လယ်ရေမှော်က လှိုင်းလုံးကြီးနဲ့ မျောပါလုနီးနီးပဲ”

ဒီအချိန်မှာ ဖိနပ်တွေ စိုသွားမှာကို သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမ ဝတ်ထားသော ဝတ်စုံရဲ့အနားကွပ်ကိုလိပ်တင်ကာ ရေထဲသို့ ဆင်းသွားသည်။ မိုးရွာသွန်းမှုကြောင့် ရာသီဥတုအေးလာပြီး ပင်လယ်ရေက အေးခဲသွားခဲ့သည်။ ရေထဲဆင်းလိုက်သည်နှင့် အလွန်အေးလွန်းသဖြင့် အသက်ထွက်လုနီးပါး ဖြစ်သွားသည်။

"ငါ အကုန်ဖမ်းပစ်မယ်!"

ရှောင်းကောသည် သူမရှေ့ရှိ ပင်လယ်စာများအား စွဲလန်းနေပြီဖြစ်သည်။ ကောက်ကိုင်လိုက်သည်နှင့် သူမ၏ လက်တွေမှာ လျင်မြန်စွာ ပြည့်လာခဲ့သည်။ သူမအနီးနားကို လူတွေ တဖြည်းဖြည်း ချဉ်းကပ်လာနေတာကို မြင်လိုက်ရတော့ သူမ အရမ်းစိုးရိမ်သွားသည်။ ထို့နောက် သူမ အကူအညီမဲ့စွာ ဘေးနားကို လှည့်ပတ်ကြည့်လိုက်သည် ရှောင်ကျူး ခုထိ ပေါ်မလာသေးပေ။ ပင်လယ်စာများများ ကောက်ဖို့အတွက် သူမရဲ့ စကတ်ကို မပြီး ယာယီခြင်းတောင်းအဖြစ် အသုံးပြုဖို့ သူမကိုယ်သူမ ပတ်ရစ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

ကံကောင်းထောက်မစွာ၊ သူမသည် သူမ၏ အဝတ်အောက်တွင် အခြားအလွှာတစ်ခုကို ၀တ်ထားသောကြောင့် အနည်းဆုံး သူမနှင့် ထိတွေ့ခြင်းမခံရပေ။ ဂရုတစိုက်နဲ့ မကြည့်မိရင် သူမလက်ထဲမှာ စကတ်ကိုကိုင်ထားတယ်ဆိုတာ သူတို့ပြောနိုင်မှာမဟုတ်ဘူး။ အဲ့အစား သူမ အဝတ်ထုပ်တစ်မျိုးမျိုးကို ကိုင်ထားပုံရသည်။

ရှောင်းကော ပျော်နေချိန်မှာ ရှောင်ကျူးက သူမနောက်ကနေ လိုက်လာတဲ့ ချောမောတဲ့ အမျိုးသားတစ်ယောက်နဲ့ အတူ နောက်ကျမှ ရောက်လာခဲ့သည်။

“….....”

ရှောင်းကော၏ မျက်နှာပေါ်ရှိ အပြုံးက ထိုလူကို သူမမြင်လိုက်ချင်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူမ အပြစ်ရှိပုံပေါ်နေသည့် ရှောင်ကျူးကို တစ်ချက် ခိုးကြည့်လိုက်သည်။

“မမ ရှောင်းကော၊ ဒီမှာခြင်းတောင်း …” ရှောင်ကျူး သနားစရာကောင်းစွာ ပြောလိုက်သည်။ သူမ စကားမဆုံးသေးပေ။ "ဒီမှာခြင်းတောင်းပါလာတယ်၊ ဒါပေမယ့် အစ်ကိုကျန်းလည်း ပါလာတယ်။"

ရှောင်းကော ခြင်းတောင်းကို တိတ်တဆိတ်ယူလိုက်ကာ သူမ၏ စကတ်ထဲမှ ပင်လယ်စာများကို ဂရုတစိုက် လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူမ၏ သတ္တိကို စုဆောင်းပြီး ကျန်းတန်းဟယ်၏ မည်းမှောင်နေတဲ့ မျက်နှာကို ကြည့်လိုက်သည်။

“ကျွန်မ…....”

"လောက်ပြီလား"

ကျန်းတန်းဟယ်က ရှောင်းကော၏ ရှင်းလင်းချက်ကို ကြားဖြတ်ဝင်ပြောလိုက်သည်။

"ထင်တာပဲ။" ရှောင်းကော တံတွေး မျိုချလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမ နောက်ထပ် ထပ်ကောက်ချင်နေခဲ့သည်။

“…....” ကျန်းတန်းဟယ် အသက်ပြင်းပြင်းရှူလိုက်ပြီး ရှောင်ကျူးကို နူးညံ့စွာပြောလိုက်သည်။ “အရင်ပြန်သွားလိုက်။ ခဏနေ ညီမအတွက် ချင်းပြုတ်ပေးဖို့အတွက် အစ်မရှောင်းကောကို ပြန်ခေါ်လာပေးမယ်။”

သူအဲ့တာကိုပြောပြီးတာနဲ့ ရှောင်းကောက ရှောင်ကျူး နေလို့ မကောင်းနေဘူးဆိုတာကို သိလိုက်ရသည်။ " ရှောင်ကျူး၊ အဆင်ပြေရဲ့လား"

“ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး။ ပြန်ပြေးသွားရင်းနဲ့ အအေးမိသွားတာဖြစ်မယ်။”

ရှောင်ကျူးက ပြဿနာ ကြီးကြီးမားမားမဟုတ်ကြောင်း ပြသရန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို အမြန်ခါလိုက်သည်။ သူမကို ဂရုစိုက်တဲ့ လူတွေ ရှိနေရတာ တကယ်ကို ကြည်နူးဖို့ကောင်းသည်။

ရှောင်းကောက သူမ နေကောင်းတဲ့အကြောင်းကိုကြားတော့ စိတ်သက်သာရာရသွားသည်။ "မြန်မြန်ပြန်လိုက်တော့။ မင်းအတွက် ချင်း သွားရှာလိုက်ဦးမယ်။ မင်းပြန်ရောက်ရင်စောင်အောက်ထဲ မြန်မြန်ဝင်နေ။ နားလည်လား မမတို့ မကြာခင် ပြန်လာခဲ့မယ်"

ရှောင်ကျူးက သူမရဲ့စကားတွေကို ကြောင်တက်တက်နဲ့ နားထောင်ခဲ့သည်။ သူမ နာခံစွာဖြင့် အိမ်သို့ပြန်လာပြီး စောင်အောက်မှာ လှဲနေခဲ့သည်—သူမ၏ နှလုံးသားတစ်ခုလုံး နွေးထွေးမှုအပြည့်ရှိနေသည်။ သူမ မမရှောင်းကောကို အရမ်းသဘောကျသည်။

တစ်ဖက်တွင် ရှောင်းကောက သူမ၏ ရေစိုထားသော အဝတ်တွေကို ပွတ်သပ်ကာ မြေပြင်ဆီသို့ ပြေးသွားခဲ့သည်။

"တော်ပြီလား"

ကျန်းတန်းဟယ်က သူမလက်ထဲက ခြင်းတောင်းကိုယူလိုက်ပြီး အထဲကဟာတွေကို ကြည့်လိုက်သည်။ ရလဒ်တွေက အတော်လေး အထင်ကြီးစရာပင်။ သူမမှာ ဘာကိရိယာမှ မရှိပေမယ့် ပင်လယ်စာတွေ အများကြီး စုဆောင်းနိုင်ခဲ့သည်။

"လောက် လောက်ပါတယ်။ အမြန်ပြန်ပြီး ရှောင်ကျူး အတွက် ချင်းပြုတ်လုပ်ပေးရအောင်။"

ရှောင်းကော စကားမဆုံးခင် ကျန်းတန်းဟယ်က သူမကို လျင်မြန်စွာ ကောက်ချီလိုက်ပြီး သူ့နောက်ကျောကို တင်းတင်းကြပ်ကြပ် ထားလိုက်သည်။ သူမရဲ့ဖိနပ်ကိုချွတ်ပြီး အေးခဲနေသော ခြေဖဝါးများကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သောအခါမှ သူမ အာရုံပြန်ဝင်လာသည်။

ရှောင်းကော သူမ၏ ခြေဖဝါးကို တုန်လှုပ်ချောက်ချားစွာ လှုပ်ရှားလိုက်သည်။ တစ်ယောက်ယောက် မြင်သွားရင် မကောင်းဘူး။ သူမ မျက်မှောင်ကြုတ်ကာ သူတို့ပတ်ဝန်းကျင်ရှိ လူများကို ကြည့်နေသည်။ နှစ်ယောက်သား ဆူညံသံတွေ သိပ်မကြားရပေမယ့် သူတို့ရဲ့ အပြုအမူတွေက မျက်လုံးတစ်စုံ ဒါမှမဟုတ် နှစ်စုံလောက်ကို ဆွဲဆောင်နိုင်လောက်အောင်ပင်။ မြင်တဲ့သူတွေ အချင်းချင်း တီးတိုးပြောနေကြသည်။ ရှောင်းကော ဒါကိုမြင်လိုက်သောအခါ သူမ ပို၍ ပြင်းပြင်းထန်ထန် ရုန်းကန်လာခဲ့သည်။

“မလှုပ်နဲ့၊ နောက်ဆိုရင် ကိုယ်တို့ကို ကြည့်နေတဲ့လူတွေ ပိုများလာလိမ့်မယ်။”

ကျန်းတန်းဟယ် ပြောပြီးသည်နှင့် ရှောင်းကော ချက်ချင်း နာခံလိုက်သည်။ သူမသည် ငုံးတစ်ကောင်လို သူ့ကျောကို ဖိကပ်ထားပြီး မျက်နှာကို သူ့လည်ပင်းမှာ ကွယ်ထားလိုက်သည်။

ကျန်းတန်းဟယ်က သူမကို တစ်ချက်ခိုးကြည့်ကာ သူမ၏ ချစ်စဖွယ်အပြုအမူကြောင့် ရယ်မောနေခဲ့သည်။ သူ ရယ်ပြီးလေးနက်စွာ ပြောလိုက်သည်။ “မင်းရဲ့ ခြေဖျားတွေကို ကြည့်ဦး။ ဖျားမှာ မကြောက်ဘူးလား”

ရှောင်းကောက သူမ မကြောက်ကြောင်း ပြောတော့မည်ပင်။ သူမမှာ ကုသနိုင်တဲ့ စွမ်းအားတွေ ရှိသည်။ ဘာကိုကြောက်ရမှာလဲ? ဒါပေမယ့် သူမ စိတ်ပူနေတဲ့ သူ့ရဲ့မျက်နှာကို မြင်လိုက်ရတော့ စိတ်ပျော့သွားခဲ့သည်။ သူမက အားနည်းသလို ဟန်ဆောင်ပြီး ပြောလိုက်သည်။ “ကြောက်တယ်…”

"မင်းကြောက်တယ်ဆိုလို့ တော်သေးတာပေါ့!" ကျန်းတန်းဟယ်က ခေါင်းမာသော်လည်း နှလုံးသားကနူးညံ့သည်။ သူမရဲ့ခြေထောက်ကို မလွှတ်ခဲ့ပေ။ သူ့လက်ဖမိုးက နီရဲနေပေမယ့် သူ့လက်ဖဝါးပေါ်ကနေ နွေးထွေးမှုက အရင်ကထက်ပူနေသေးသည်။ ၎င်းသည် သူ့လက်ဖဝါးမှတဆင့် ရှောင်းကော၏ ခြေရင်းဆီသို့ ရောက်သွားသည်။

ရှောင်းကော သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်ထားကာ သူ့နောက်ကျောကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားသည်။ သူမ၏ နှလုံးသားက ရွှင်လန်းမှုအပြည့်နှင့်ပင်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် သူတို့နှင့် သိပ်မဝေးသောနေရာ၌ မိန်းကလေးတစ်ဦးသည် သူမ၏ ဝါးခမောက်ကို ချွတ်ကာ မျက်ရည်များဝဲနေသော မျက်လုံးများကို ပေါ်လွင်စေခဲ့သည်။ သူမ အဝေးက ထွက်သွားတဲ့ စုံတွဲကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုက မျက်ရည်များအဖြစ်သို့ ပြောင်းလဲသွားကာ ပါးပြင်ပေါ်သို့ စီးကျလာသည်။ မျက်ရည်လား မိုးရေလားဆိုတာ မပြောနိုင်ခဲ့ပေ။

အရိပ်နှစ်ခု ပျောက်ကွယ်သွားသည်အထိ သူမ အဝေးကို အကြည့်မလွှဲခဲ့ပေ။ သူမ စိတ်ထဲမှာ အမျိုးသား၏ နောက်ကျောကို သူမ မေ့မရနိုင်ခဲ့ပေ။ “သူ့ကျောပေါ်မှာရှိတဲ့ အမျိုးသမီးက ငါသာဆိုရင်…” ကောင်မလေးက သူ့ကိုယ်သူ ရေရွတ်ခဲ့သည်။

All Chapters