← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၂၄

ဤအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦးက သူမ ရုတ်တရက် လှမ်းခေါ်ကာ ကြင်နာစွာ သတိပေးခဲ့သည်။ “ကျစ်ကျစ်၊ နင့်ရဲ့ ပင်လယ်ရေမှော်တွေ ကျကုန်ပြီ”

ယွီကျစ်ကျစ်သည် သူမ၏ အာရုံများဆီသို့ ပြန်ရောက်လာပြီး အမူအရာမရှိဘဲ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ ပင်လယ်ရေမှော်များကို ဖြည်းညှင်းစွာ ကောက်ယူပြီး တိတ်ဆိတ်ွူာ အိမ်ပြန်ခဲ့သည်။

"ဟေ့ ပင်လယ်စာတွေ ထပ်မစုတော့ဘူးလား။"

အဒေါ်က သူမကို ဘယ်လိုပဲ အော်ခေါ်နေပါစေ သူမရဲ့ဝိညာဥ်လွင့်သွားသလိုပဲ တိတ်ဆိတ်နေခဲ့သည်။

ကမ်းပေါ်ရောက်ပြီးနောက် ပင်လယ်လေက တိုက်ခတ်လာကာ အအေးဓာတ်က သူမကို တိုက်ခတ်လာခဲ့သည်။ ကောင်မလေးက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။ ထို့နောက် သူမသည် ရွှဲနစ်နေသော သူမ၏ ခြေဖဝါးများကို ကြောင်တက်တက်ဖြင့် ငုံ့ကြည့်ကာ “အဲ့တာက ငါသာဆိုရင်…” ဟု ကိုယ့်ကိုယ်ကို ပြန်၍ ရေရွတ်မိသည်။

မဝေးလှသောနေရာမှ အဒေါ်ဖြစ်သူက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။ "ဘယ်လောက်တောင် တော်လိုက်တဲ့ ကောင်မလေးလဲ၊ ဒါပေမယ့် မကြာသေးခင်ကမှ သူ့စိတ်ဝိညာဉ်လွင့်သွားပုံရတယ်။ ဘယ်လောက်သနားစရာကောင်းလိုက်လဲ..."

တစ်ဖက်မှာတော့ ကျန်းတန်းဟယ်က ရှောင်းကောကို သူ့နောက်ကျောပေါ်မှာပိုးထားပြီး ရှောင်ကျူးရဲ့အိမ်ကို အမြန်ဆုံးပြန်သွားခဲ့သည်။ သူမကို ကုတင်ပေါ်တင်ပြီး စောင်နဲ့ သေချာခြုံပေးလိုက်သည်။ သူမကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးပေးပြီးကြောင်း သေချာပြီးနောက်၊ သူ သူမကို သတိပေးလိုက်သည်။ "ဒီမှာပဲနေ မလှုပ်နဲ့။ မင်းနဲ့ ရှောင်ကျူး အတွက် ကိုယ် ချင်းပြုတ်ရည် လုပ်ပေးမယ်"

ရှောင်းကော နာခံစွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”

သူမ ခေါင်းညိတ်တာကိုမြင်တော့ ကျန်းတန်းဟယ်သည် စိတ်သက်သာရာရစွာဖြင့် အိမ်ထဲကနေ ထွက်သွားခဲ့သည်။

သူထွက်သွားပြီးနောက် ရှောင်းကောသည် စောင်ကိုပွေ့ဖက်ကာ ပျော်ရွှင်စွာ လှည့်ပတ်လိုက်သည်။ ဘောလုံးလို ထုပ်ပိုးခံရသည်အထိ သူမ မရပ်ခဲ့ပေ။

သူမ ချင်းပြုတ်ရည်သောက်ပြီးနောက် ကျန်းတန်းဟယ်က သူမကို စောင်ထဲမှာ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားပြီး သူ့ကိုယ်သူ ပြန်မဖြည်ခင် ချွေးထွက်အောင် နေခိုင်းထားသည်။

ရှောင်းကော ခေါင်းညိတ်သဘောတူခဲ့သည်။ သူမသည် သူ့မျက်လုံးများရှေ့တွင် စောင်နဲ့ပတ်ထားပြီး သူမ၏ မျက်နှာကိုသာ ဖော်ထားသည်။ သူမက ပိုးကောင်လေးကဲ့သို့ ချစ်စရာကောင်းသည်။

ကျန်းတန်းဟယ် မထိန်းထားနိုင်တော့ဘူးလို့ ခံစားရတဲ့အတွက် ရယ်မောခြင်းကို အမြန်ထိန်းပြီး ထွက်သွားခဲ့သည်။

ချင်းပြုတ်ရည်ကို ချက်ပြုတ်နေစဉ်တွင် အိုးကြီးတစ်လုံးနှင့် ထင်းတစ်စည်းကို တွေ့ရှိခဲ့သည်။ ရှောင်ကျူးကို အဲ့အကြောင်း မေးပြီးနောက် ရှောင်းကော ရေနွေးဖြင့် ရေချိုးဖို့ရန်အတွက် ရေအနည်းငယ်ကို တည်ထားခဲ့သည်။ ပင်လယ်ရေထဲမှာ စိမ်နေခဲ့တာကြောင့်မို့ ချင်းပြုတ်ရည်တစ်ခွက်သောက်ပြီး အအေးဒဏ်ကို ကာကွယ်ဖို့ ရေနွေးနဲ့ ရေချိုးသင့်သည်။

ရေနွေးအိုးကြီးနှစ်လုံး ပွက်ပွက်ဆူလာပြီးနောက် ကျန်းတန်းဟယ်က ရေနွေးအားလုံးကို ရေချိုးကန်ထဲသို့ လောင်းထည့်ပြီး ရှောင်းကောကို သွားခေါ်ခဲ့သည်။

"ရေချိုးရမှာလား။ ရေချိုးကန်ရှိတာလား"

ရှောင်းကော စောင်ထဲကနေချောင်းကြည့်ကာ ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။

" ထောင့်တစ်နေရာမှာ အမှိုက်တွေနဲ့ ပြည့်နေတဲ့ မသုံးတော့တဲ့ ရေစည်ပိုင်းကို တွေ့လို့။ အဲဒါက မထင်ပေါ်ဘူး"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ သူမကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားတာကြောင့် အနည်းငယ် ငိုက်မျဉ်းစပြုလာသည်။ ထထိုင်ဖို့ ပြဿနာရှိသဖြင့် ရယ်စရာကောင်းတဲ့ လှည့်ပတ်မှုမျိုးနဲ့ ထဖို့ ကြိုးစားခဲ့သည်။ ကျန်းတန်းဟယ် အကျယ်ကြီးအော်ရယ်ခဲ့သည်။

“မရယ်နဲ့ ကျွန်မကို ကူဦး…”

အကြောင်းတစ်ခုခုကြောင့် စောင်က သူမခန္ဓာကိုယ်မှာ ကပ်နေပုံရသည်။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ လွတ်မြောက်အောင် ကြိုးစားခဲ့ပါစေ စောင်ထဲက ထွက်လို့ မရပေ။ ထိုအချိန်တွင် ကျန်းတန်းဟယ်က ဘေးကနေ ရယ်မောနေသေးသည်။ ရှောင်းကော အလွန်စိုးရိမ်သွားသောကြောင့် မျက်နှာနီရဲသွားပြီး ဒေါသတကြီးဖြင့်အော်ဖို့သာ တတ်နိုင်ခဲ့သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ။” ကျန်းတန်းဟယ်က ပြုံးနေတာကို ရပ်ပြီး စောင်ထဲကနေ သူမကို ကယ်ထုတ်ဖို့ ကူညီပေးရင်း သူ့နှုတ်ခမ်းတွေကို ဖိထားသည်။

“အင့်… အင့်…” ရှောင်းကော အလွန်ပင် မောပန်းသွားပြီး နောက်ဆုံးတွင် သူမ လွတ်မြောက်လာခဲ့သည် ။ တစ်ဖက်လူရဲ့ ချောမောတဲ့ မျက်နှာကို ကြည့်ပြီး သူမ မကျေမနပ်နဲ့ပြောလိုက်သည်။ "ရှင် ရယ်ချင်ရင် ရယ်လိုက်။ ဘာလို့ ထိန်းထားတာလဲ"

ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထောင့်များ တွန့်ကွေးသွားသည်။ သူက သူမ နဖူးပေါ်က ရှုပ်ပွနေတဲ့ ဆံပင်တွေကို ညင်သာစွာသပ်ပေးပြီး ချိုသာစွာ ပြောလိုက်သည်။ "မြန်မြန် ရေသွားချိုးတော့။ ရေက မကြာခင် အေးသွားတော့မှာ"

“ကောင်းပြီ!”

ရှောင်းကောက အားသွန်ခွန်စိုက် အိပ်ရာမှထကာ အဝတ်အစားလဲပြီး ထွက်လာခဲ့သည်။

ကျန်းတန်းဟယ်က သူမနောက်ကျောကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ "မင်း ကျောကို တိုက်ပေးဖို့ အကူအညီလိုရင် ကိုယ့်ကိုခေါ်လိုက်"

ရှောင်းကော သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်မကြည့်ဘဲ စကားနှစ်လုံး ပြောလိုက်သည်။

"ထွက်သွား…"

သူမ တံခါးကိုပိတ်ပြီး ရေချိုးကန်ထဲမှာ သက်တောင့်သက်သာ ထိုင်နေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် သူမရဲ့ရနံ့ဆပ်ပြာကို ယူဆောင်လာခဲ့သည်။ မနက်ဖြန် လှေပေါ်တက်တဲ့အခါ သူမ ကောင်းကောင်းမွန်မွန် သန့်ရှင်းရေးလုပ်ထားရင် သူမအတွက် ကျန်းတန်းဟယ် ဂုဏ်ယူနေမှာ။

သူမ လက်ကို မြှောက်လိုက်ပြီး ပန်းနုရောင်ဆပ်ပြာကို အရေပြားပေါ် ပွတ်တိုက်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ရေလောင်းချလိုက်သည်။ အမြှုပ်တွေ လွင့်စင်သွားပြီး သူမရဲ့နို့လို ဖြူဖွေးတဲ့ အသားအရေ ပေါ်လွင်လာခဲ့သည်။ သူမ အနားကပ်လိုက်ပြီး သူ့ကိုယ်သူ အနံ့ခံဖို့ မနေနိုင်တော့ပေ။ “မွှေးလိုက်တဲ့အနံ့…”

"ကျစ် ကျစ် ကျစ်။ အရမ်းလှတဲ့ ခန္ဓာကိုယ်ပဲ။ ကျန်းတန်းဟယ် အဲ့တာအတွက် နောက်ထပ်ဆယ်စုနှစ်အနည်းငယ်လောက် စောင့်ရဦးမယ်!"

ရှောင်းကော ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ သူမ ကြွားလုံးထုတ်တာ မဟုတ်ပေမယ့် သူမ တစ်နှစ်ပတ်လုံး နေပူထဲမှာ နေခဲ့ရသည်။ ရလဒ်ကတော့ သူမရဲ့ ဖြူဖွေးတဲ့ အသားအရေက ပိုလို့တောင် တောက်ပလာခဲ့သည်။ သူမ ကျန်းတန်းဟယ်ကို အနည်းငယ် မနာလိုဖြစ်ခဲ့သည်- သူ ကိုယ်တိုင် နူးညံ့သိမ်မွေ့တဲ့ ဇနီးမယားတစ်ယောက် ရခဲ့တဲ့အတွက် ကံကောင်းသည်...

"ကျွန်မရဲ့ပင်လယ်စာကော၊ ပင်လယ်စာဘယ်မှာလဲ"

ရေချိုးပြီးနောက် သူမ ပင်လယ်စာအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ ပြီးတော့ ရှောင်ကျူးကို ဘယ်မှာမှ မတွေ့ပေ။ ထပ်ခိုးပေါ်မှာလည်း သူမကို ရှာမတွေ့ပေ။

"ကျန်းတန်းဟယ်၊ ပင်လယ်စာကောလို့"

ကျန်းတန်းဟယ်က သူမကို နောက်ထပ် လက်ဖက်ရည်ပူပူတစ်ခွက်ကို ပေးကာ သူမကို အကူအညီမဲ့စွာဆူလိုက်သည်။ "မင်းဆံပင်တွေ စိုနေတယ်၊ မင်းနေမကောင်းဖြစ်မှာကို စိတ်မပူဘူးလား"

သူစကားပြောရင်းနဲ့ သူမရဲ့ဆံပင်တွေကိုခြောက်အောင် ကူသုတ်ပေးလိုက်သည်။

"ပူတယ်လေ ကျွန်မ.... ပင်လယ်စာ ကော"

ရှောင်းကော သူ့ကြောင့် ခွေးခြေခုံပေါ် ဆွဲတင်ခံလိုက်ရသည်။ သူမက ပင်လယ်စာအကြောင်း တွေးနေတုန်းပင်။ ပင်လယ်စာတွေ ပြည့်နေတဲ့ ခြင်းတောင်းတစ်ခုလုံးကို သူမ ကောက်ထားခဲ့တာ။ အဲ့တာက ပင်လယ်စာ စားသောက်ပွဲပြင်ဆင်ရန် သူမအတွက် လုံလောက်သည်။

ကျန်းတန်းဟယ်က သူ့လက်က ခွန်အားကို အစွမ်းကုန်ထုတ်လိုက်ပြီး သူမ ဆံပင်တွေကို ဆွဲမိလုနီးပါးပင်။ ရှောင်းကော မကျေနပ်သဖြင့် နှာမှုတ်လိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။

“....မလှုပ်နဲ့၊ ကိုယ် ညင်သာပေးမယ်”

ကျန်းတန်းဟယ် သက်ပြင်းကိုချကာ တည်ငြိမ်မှုပြန်ရလာသည်။

"ရှင့်ကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။"

ရှောင်းကောသည် ကျန်းတန်းဟယ်နှင့် အတူရှိတိုင်း စိတ်ကောက်တဲ့ အပြုအမူများ စလုပ်ခဲ့သည်။ ခါတိုင်းလို သူမပုံစံနဲ့ လုံးဝမတူပေ။

“သိပါပြီ သခင်မ…”

ကျန်းတန်းဟယ်က ပူးပေါင်းဆောင်ရွက်မှုဖြင့် တုံ့ပြန်ခဲ့ပြီး သူမကို အနောက်ကနေ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။ တကယ့် မကောင်းဆိုးဝါးလေး။ သူမမျက်လုံးတွေက ထိုပင်လယ်စာအိတ်ပေါ်မှာပဲရှိသည်။

သူ့စိတ်ထဲတွင် သက်ပြင်းချမိသော်လည်း သူ့လက်တွေက မရပ်တန့်သွားပေ။ သူမ အအေးမိသွားမှာကို သူတကယ်ကြောက်သည်။ သူမလို အရွယ်ရောက်ပြီးသူ တစ်ယောက်က သူ့ကိုယ်သူ ဘယ်လို ဂရုစိုက်ရမှန်းမသိဘူး။ ဒါပေမယ့် သူမက တခြားသူတွေကိုပဲ အမြဲတမ်း စိတ်ပူနေခဲ့တာ။

"ကျွန်မ ပင်လယ်စာကော"

ဆယ့်တစ်ကြိမ်မြောက်အတွက် ရှောင်းကောက ပင်လယ်စာအကြောင်း မေးခဲ့သည်။ ကျန်းတန်းဟယ် ဘာမှပြန်မပြောလာတဲ့အတွက် သူမ အံ့သြသွားသည်။ သူ အဲ့တာကိုလွှင့်ပစ်လိုက်ပြီဟု သူမ တွေးစပြုလာသည်။

" ရှောင်ကျူးက အဲ့တာတွေကို ရွာသူကြီးအိမ် ယူသွားတယ် သူတို့ကို ချက်ပြုတ်ပေးဖို့ တစ်ယောက်ယောက်ကို သွားရှာတာ"

ကျန်းတန်းဟယ်က သဘက်ချပြီး သူမကို ရှင်းပြခဲ့သည်။

"နေ့လည်စာအတွက်လား"

"နေ့လည်စာအတွက်။"

"ကောင်းလိုက်တာ! ဟားဟား.. ..ကျွန်မကိုယ်တိုင်ကောက်ထားတဲ့ ပင်လယ်စာတွေ မြည်းစမ်းလို့ရပြီ..."

"အဲ့တာတွေက အထူးတလည် အရသာကောင်းမှာလား။"

ကျန်းတန်းဟယ်က ပြုံးနေသော အမျိုးသမီးကို ပြုံးပြလိုက်သည်။ သူသာကောင်းကောင်း မသိခဲ့ရင် ပင်လယ်စာတွေကို သူမကိုယ်တိုင် ဖမ်းထားတာလို့ သူထင်သွားလိမ့်မည်။

“ဒါပေါ့၊ အလုပ်သမားတစ်ယောက်ရဲ့အသီးအနှံတွေက အချိုဆုံးပဲ…”

ရှောင်းကော အမှန်အတိုင်းပြောလိုက်သည်။ သူမသည် ၎င်းတို့ကို ကမ်းခြေမှသာ ကောက်ယူခဲ့သော်လည်း သူမသည် ၎င်းတို့အား အပြီးတိုင် ပြန်သယ်လာသူဖြစ်သည်။ ထူးခြားမှုမရှိခဲ့ပေ။

"မမ ရှောင်းကော စားဖို့အချိန်ရောက်ပြီ..."

အံ့သြဖွယ်ရနံ့များ ပျံ့လွင့်လာသောအခါတွင် ရှောင်ကျူးက နေ့လည်စာဖြင့် ပြန်ရောက်လာခဲ့သည်။ ရှောင်းကော အနံ့အသက် ခပ်ပြင်းပြင်းလေးရှူရှိုက်လိုက်ပြီး ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။ "ပြန်လာပြီလား..."

သူတို့နှစ်ယောက် ထမင်းစားပွဲဆီသို့ လျှောက်လာသောအခါ ရှောင်ကျူးက ပန်းကန်များကို စားပွဲပေါ်တွင် တင်ထားပြီးပြီပင်။ ဟင်းသုံးမျိုး၊ စွပ်ပြုတ်တစ်ပွဲ၊ ခေါက်ဆွဲတစ်ပန်းကန်၊ ဟင်းလျာများအားလုံးကို ရှောင်းကော ကောက်ထားတဲ့ ပင်လယ်စာများမှ ပြုလုပ်ထားခြင်းဖြစ်သည်။

ပင်လယ်ရေမှော်သုပ်၊ ဆောစ့်နဲ့ ပင်လယ်ရေခူကြော်၊ ငရုတ်ပွသီးနဲ့ ရေဘဝဲ၊ ပင်လယ်ငါးဟင်းချိုတွေပါသည်။

“အရသာရှိလိုက်တာ၊ အရသာရှိလိုက်တာ…”

ရှောင်းကော ကောင်းကောင်းကြည့်လိုက်သည်။ သူတို့က အနံ့အရမ်းကောင်းသည်။ ချက်ပြုတ်သူက မာစတာစားဖိုမှူးဖြစ်ရမည်။

ကျန်းတန်းဟယ်သည် သူမ၏ ချစ်စစရာကောင်းမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြန်သည်။ ဟင်းလျာတွေကို သူမမျက်လုံးနဲ့ ထပ်စားနေပြန်ပြီလား။

"စားတော်ကဲက ဘယ်သူလဲ"

ရှောင်ကျူး ခေါင်းခါလိုက်သည်။ “ညီမလေး သူ့ကို မသိဘူး။ ရွာသူကြီးအိမ်မှာနေတဲ့ ဆရာကြီးက သူ့ကို ဒီကိုခေါ်လာတာ”

ရှောင်းကော ကျန်းတန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဆရာကြီး ဆိုတာက ရှောက်ကျန့်ကို ရည်ညွှန်းတာနေမယ်။ ဧကရာဇ်မင်းခေါ်လာတဲ့ ဧကရာဇ်စားတော်ကဲလား"

ကျန်းတန်းဟယ်က သူမ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သကဲ့သို့ တိတ်တဆိတ် ခေါင်းညိတ်ပြခဲ့သည်။

ရွာသားတွေက သူတို့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ကို အတိအကျ မသိကြပေ။ သူတို့သည် မြို့တော်မှ ချမ်းသာသော အရာရှိများဖြစ်ကြောင်းသာ သူတို့ သိကြသည်။ ရွာသူကြီးမှလွဲ၍ တခြားဘယ်သူမှ မသိကြပေ။

ရှောင်းကောသည် ဟင်းပွဲများကို ဧကရာဇ်စားတော်ကဲမှ ပြုလုပ်ထားကြောင်းကို သိသောကြောင့် သူမ အများကြီးစားခဲ့သည်။ သူမ ဟင်းချက်အတတ်ပညာ အနည်းငယ်ကို သင်ယူဖို့ ပြင်ဆင်နေချိန်ပင်။ ဧကရာဇ်စားတော်ကဲတစ်ယောက်က မျှော်လင့်ထားသည့်အတိုင်း သူလုပ်ထားသည့် ဟင်းပွဲတွေက လှပသည်၊ မွှေးကြိုင်ပြီး အရသာရှိသည်။ ရိုးရှင်းသော သက်သတ်လွတ်ဟင်းကိုပင် မှော်ဆန်သည့်အရာအဖြစ် ပြောင်းလဲနိုင်သည်။

ကျွမ်းကျွမ်းက သူ့မျက်နှာကို မပြသေးပေ။ ကံကောင်းထောက်မစွာ၊ သူသည် ရှောက်ယိနှင့် အတူရှိနေကြောင်း သူမ သိထားသည်။ မဟုတ်ရင် နေမကောင်းဖြစ်မှာကို သူမ စိုးရိမ်နေရလိမ့်မည်။

ဧကရာဇ်မင်းရဲ့ နက္ခတ္တဗေဒပညာရှင်၏ ခန့်မှန်းချက်ထက်စောပြီး မိုးစဲသွားသည်—ညနေပိုင်းတွင် ရပ်သွားခဲ့သည်။ ထို့အပြင်၊ အလွန်ကြီးမားသော သက်တံ့ကြီးသည် ပင်လယ်ပြင်ကို ဖြတ်သန်းပြီးနောက် အလွန်လှပနေပုံပေါ်သည်။

ရှောင်ကျူးက ထိုမြင်ကွင်းကို အကြိမ်ကြိမ်မြင်ဖူးသည်။ မိုးရွာပြီးနောက် သက်တံ့တွေ ပေါ်လာတာ အံ့သြစရာတော့ မဟုတ်ပါချေ။

ဒါပေမယ့် ရှောင်းကောသည် ဤကဲ့သို့ ပြိုးပြိုးပြက်ပြက်ရှိနေသော သက်တံ့ကို မမြင်ရတာ အချိန်အတော်ကြာခဲ့ပြီပင်။ အစာစားဖို့ အနှောင့်အယှက်မရှိဘဲ သူမ သက်တံ့ကို ကြည့်ဖို့ ကျန်းတန်းဟယ်ကို ကမ်းခြေသို့ ဆွဲခေါ်သွားခဲ့သည်။

"ဖြေးဖြေးပြေး၊ လဲမကျစေနဲ့။"

ကျန်းတန်းဟယ်က စိတ်ပူနေတဲ့ အဒေါ်ကြီးတစ်ယောက်လိုပင်။ ရှောင်းကော လဲကျသွားမှာ ကြောက်လို့ သူ သူမဘေးမှာ ရှိနေခဲ့သည်။

“ရပါတယ်… သက်တံ့က အရမ်းလှတာပဲ…”

All Chapters