← Chapters

အခန်း (၃၃၀)

Vol. 22 Ch. 330

အခန်း (၃၃၀)

Vol. 22 Ch. 330

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၃၀

သူတို့အနည်းစုက လုံလောက်တဲ့အထိ ပျော်ရွှင်ခဲ့ကြပြီးနောက် နေ့လည်စာစားချိန် ရောက်လာပြီပင်။ ကျန်းတန်းဟယ်သည် နေ့လယ်စာအတွက် နောက်ထပ်အနည်းငယ်ယူလာရန် ပို့ဆောင်သူနှင့် စီစဉ်ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် မြေပြင်ပေါ်တွင် ထိုင်ကာ နေ့လည်ခင်းတွင် ပန်းပင်လယ်ပြင်တွင် ပျော်ပွဲစားထွက်ကြသည်။

"လမ်းပန်းဆက်သွယ်ရေးမရှိဘူးလို့ ရှင်ပြောခဲ့တယ်နော်။ ရထားလုံးကိုကျတော့ ရှင် ဘယ်လိုရှင်းပြမလဲ"

ရှောင်းကောသည် ထွက်မည့်ရထားလုံးကို ညွှန်ပြပြီး ကျန်းတန်းယ်အား ပြုံးပြုံးလေး မေးလိုက်သည်။

ကျန်းတန်းဟယ်က မျက်တောင်တစ်ချက်မခတ်ဘဲ ရှင်းပြခဲ့သည်။ “အပန်းဖြေဖို့အတွက် ရထားလုံးတွေ၊ ဝေါယာဥ်တွေ မရှိဘူး။ ဒါပေမယ့် ကျွန်းပေါ်မှာ စာပို့ဖို့နဲ့ အစားအသောက်တွေ ပေးပို့ရာမှာ အသုံးပြုနေတဲ့ တစ်ချို့တော့ ရှိတယ်။ ဒါမှမဟုတ် အရေးပေါ်အခြေအနေ တစ်ခုခုရှိလာရင် ခြေလျင်ခရီးထွက်ရင် အချိန်ကြာမယ်လေ”

!!

"အိုး၊ အဲဒါက နိုင်ငံတော်ပိုင်ပဲ။ ပြင်ပလူတွေကို မသုံးဖို့ တားမြစ်ထားတယ်ပေါ့" ရှောင်းကောက သူ့စကားတွေကို တိုတိုတုတ်တုတ်ပဲ အကျဉ်းချုံးလိုက်သည်။

“မှန်တယ်။ ငါ့မိန်းမက တော်လိုက်တာ!”

ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်း၏ ပညာရေးဆီသို့ ရှောင်းကော၏ ချဉ်းကပ်မှုကြောင့် စိတ်အားထက်သန်ပုံရပြီး သူ၏ ချီးကျူးစကားဖြင့် ရက်ရောခဲ့သည်။ တစ်ချိန်ချိန်တွင် သူသည် ရှောင်းကော အပေါ် သူ၏ အားပေးချစ်ခင်မှုပုံစံကို စတင်လေ့ကျင့်ခဲ့သည်။ အကြောင်းပြချက်မရှိဘဲ သူမကို အဆက်မပြတ် ချီးကျူးနေခဲ့သည်။ ဥပမာ- "ဒီနေ့ မင်းအရမ်းလှတယ်၊ ဒီနေ့ မင်းအရမ်းချစ်စရာကောင်းတယ်၊ ကိုယ် မင်းကိုအရမ်းချစ်တယ်၊ မင်းအရမ်းတော်တယ်..."

ရှောင်းကော ရှက်ကိုးရှက်ကန်းဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။ ရိုးရိုးသားသားပြောရရင် သူ့ရဲ့ ချိုမြိန်ပြီး ကလေးဆန်တဲ့ ချီးကျူးမှုတွေက သူမအတွက် တကယ်ကို ကောင်းမွန်သည်။

ကျွမ်းကျွမ်းနဲ့ ဝမ်ရှောက်ယိတို့သည် သံသယများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့ကြသည်။ သူတို့စုံတွဲက ဘယ်တုန်းက အရမ်းသံယောဇဥ်ကြီးလာတာလဲ။ သူတို့ နောက်ဆုံးတွေ့ခဲ့တာ ရက်ပိုင်းပဲ ရှိသေးသည်။

“ဟေး ဟေး ဟေး…” လီရှို့ကျီက သူ့ပန်းကန်လုံးနှင့် တူတွေကို ချလိုက်ပြီး သူ့လက်နှစ်ဖက်ကို ချဲ့ကားကာ လှုပ်ခါခဲ့သည်။ "ငါ ကြက်သီးတွေထလာပြီ။ မင်းတို့ကအရမ်းမုန်းစရာကောင်းလိုက်တာ။ မင်း အခုမစားရင် အေးသွားလိမ့်မယ်။ မစားချင်ရင် ငါ့ကို ကျွေးလိုက်!"

သူစကားပြောရင်းနဲ့ ကျန်းတန်းဟယ်ရဲ့ပန်းကန်ထဲက ကြက်ပေါင်ကို ကောက်ယူပြီး စတင်စားသောက်ခဲ့သည်။ ကျန်းတန်းဟယ်က ဒီကိစ္စကို ဘာမှ မပြောခဲ့ပေ။ "စားပေါ့။ မင်းကို ဘယ်သူက ဂရုစိုက်မှာလဲ"

ဒါကိုမြင်တော့ ရှောင်းကော နည်းနည်းစိတ်ဆိုးသွားသည်။ သူမ လီရှို့ကျီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းတန်းဟယ်ကို နူးည့စွာပြောလိုက်သည်။ "ရှင့်ကိုကျွန်မဟာပေးမယ်"

ကျန်းတန်းဟယ်၏ မျက်လုံးတွေ နူးညံ့လာပြီး ညင်သာစွာ ပြုံးလိုက်သည်။ “မင်း စားပါ ”

"မစားချင်ဘူး။ ရှင်စား"

ရှောင်းကောက ကြက်ပေါင်ကို ကောက်ယူပြီး သူ့အား ပေးလိုက်သည်။

"ယူလိုက်"

“မင်းစားပါ…”

"ဟင့်အင်း ရှင်စား..."

အကြိမ်အနည်းငယ် အပြန်ပြန်အလှန်လှန်ပေးနေကြပြီးနောက် ကလေးနှစ်ယောက်က ဘယ်ကိုကြည့်ရမှန်းမသိတော့ပေ။

“တော်လောက်ပြီ ရပ်လိုက်တော့။ ငါ အခု ကြက်ပေါင်ကိုပြန်ထွေးပြီး မင်းဆီ ပြန်ပေးမယ်။ အော့…”

သူစကားပြောနေစဉ်တွင် သူသည် လက်ချောင်းကို လည်ချောင်းထဲထည့်ဟန် ဆောင်ခဲ့ကာ ကျန်းတန်းဟယ်ထံမှ ရိုက်ခံခြင်းကို အောင်မြင်စွာ ရရှိခဲ့သည်။ ထို့နောက် နာကျင်နေပုံရပြီး သူ့လက်မောင်းကို အုပ်ကာ တွန့်လိမ်နေတော့သည်။ သူ ရှုပ်ထွေးနေပြီး ကျန်းတန်းဟယ်အား သူ့လုပ်ရပ်အတွက် တာဝန်ယူပေးဖို့ တောင်းဆိုလိုက်သည်။ ကြက်ပေါင်နှစ်ချောင်းမကုန်မချင်း ရပ်မှာမဟုတ်ဘူးဟုပင် ပြောခဲ့သည်။

လီရှို့ကျီ၏ အမူအရာများက သူတို့ထဲမှ အနည်းငယ်ကို ကျယ်လောင်စွာ ရယ်မောစေခဲ့သည်။

ညဘက်တွင် ကျန်းတန်းဟယ်က ရှောင်းကော၏ ခြေထောက်တွေ ညင်သာစွာ ဆေးကြောပေးနေစဉ် သူမက ကုတင်ပေါ်မှာ ထိုင်နေခဲ့သည်။ တစ်နေ့လုံး လမ်းလျှောက်ထားတာကြောင့် ခြေထောက်တွေ ရောင်လာသည်။ ဒီလိုအခြေအနေမျိုးမှာ သူမကိုတွေ့လိုက်ရလို့ သူ စိတ်မကောင်းဖြစ်ရသည်။

"ကျွန်မ အဆင်ပြေပါတယ်။" ရှောင်းကော သူမအတွက် စိတ်ပူပေးနေတာကိုမြင်ရလို့ အရမ်းပျော်နေပေမယ့် သူ အရမ်းစိတ်ပူနေတာကို သူမ မခံစားနိုင်ပေ။

"ညောင်းနေတာကို သက်သာစေဖို့ ကိုယ် မင်းကို ခဏလောက် နှိပ်ပေးမယ်။" ကျန်းတန်းဟယ်၏ ကြီးမားသောလက်တွေက အလွန်သန်မာသည်။ သူက အပ်စိုက်နေရာတိုင်းကို နှိပ်နယ်ပေးတာကြောင့် သူမကို အရမ်းသက်တောင့်သက်သာဖြစ်စေသည်။

"ဒီနေ့ မင်းဘာဖြစ်ခဲ့တာလဲ"

တစ်ဖက်လူက စိတ်အေးလက်အေးရှိနေတာကိုတွေ့တော့ ကျန်းတန်းဟယ်က ပန်းခင်းကိုသွားရင်း လမ်းမှာ သူမကို ဘယ်လောက်ထိ ထိတ်လန့်စေခဲ့လဲဆိုတာကို မေးဖို့ ကြိုးစားခဲ့သည်။ သူမထံမှ အဖြေရရန် မျှော်လင့်နေခဲ့သည်။

မမျှော်လင့်ဘဲ ရှောင်းကောသည် ထိုစကားကိုကြားသောအခါ သူမ၏ ခန္ဓာကိုယ်က တောင့်သွားခဲ့သည်။ ကျန်းတန်းဟယ်သည် သူမ၏ အဆင်မပြေမှုကို ခဏတာ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ဒါက သူ့ကို ပိုလို့တောင် သိချင်လာစေသည်။ "ဒီလိုတုံ့ပြန်တာ သူမဘာမြင်ခဲ့လို့လဲ။ ရှောင်းကောက ကြောက်တတ်တဲ့သူမဟုတ်ဘူး။ သူ့မကိုဒီလိုကြောက်သွားစေတာက ဘာများဖြစ်နိုင်မလဲ"

ရှောင်းကော အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူမ သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ “ဒီအကြောင်းပြောသင့်သလားတော့ မသိဘူး။ ဒါက မမှန်နိုင်ဘူး၊ အတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…”

"ဘာဖြစ်တာလဲဆိုတာ အရင်ပြောပြ"

ကျန်းတန်းဟယ်သည် သူမပြောတဲ့စကားကို နားထောင်နေစဉ် စိတ်ပြေလျော့စေမည့် သူမ၏ခြေဖဝါးပေါ်ရှိ အမှတ်အသားများကို နှိပ်နယ်ပေးခဲ့သည်။

ရှောင်းကော အသက်ပြင်းပြင်းရှူလိုက်သည်။ "အဲ့တာက ဒီလိုပါ။ ကျွမ်းကျွမ်းနဲ့ ရှောက်ယိက ဒီနေ့ ကျွန်မကို ပုံပြင်တစ်ပုဒ်ပြောပြတယ်..."

ရှောင်းကောသည် သူမကြားသိခဲ့ရသမျှကို ပြောပြခဲ့သည်။ ကျန်းတန်းဟယ် နားထောင်ပြီး သူ့ မျက်လုံးတွေမည်းမှောင်သွားသည်။ ပြီးသွားသောအခါတွင် သူ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။

သူမရဲ့ခြေထောက်တွေကို သန့်စင်အောင်သုတ်ပေးပြီး ပြုံးကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ ပြီးတော့ သူပြောလိုက်သည်။ “မင်းမြင်တာ မမှားဘူး။ အဲဒီမှာ တကယ် တယောက်ယောက် ရှိတယ်။ အဲဒါက အဖြူရောင် ၀တ်စုံ ဝတ်ထားတဲ့ မိန်းကလေး၊သူမက ဝန်ကြီးချုပ်ရဲ့ ဇနီး တံငါရွာက ခေါ်လာတဲ့ သမားတော်ပဲ။ သူမ ခေါ်လာမယ့် သမားတော်က ဖျားနေတော့ တံငါရွာက အစားထိုးတစ်ယောက်ပဲ ရှာလိုက်ရတယ်။ အဲဒီနေ့က သမားတော်က အဲဒီနားမှာ လမ်းလျှောက်သွားနေတာ မင်းအဲ့တာကို တွေ့လိုက်တာဖြစ်မယ်”

"ကျွန်မ သိပြီ။ ဒီလိုကြားရတော့ စိတ်သက်သာသွားပြီ"

ရှောင်းကော သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ တကယ်တော့ သူမက သရဲတစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေကို မယုံပေမယ့် သူမပတ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မယုံဖို့ဆိုတာက ခက်သည်။ ဇွန်ဘီးတွေ၊ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် အခြားသော နိမိတ်လက္ခဏာ အမျိုးမျိုးတို့က သူမအား အပြိုင်ကမ္ဘာအတွင်းရှိ သတ္တဝါများအကြောင်း တွေးတောစေခဲ့သည်။ သူ့ရှင်းပြချက်ကို ကြားလိုက်ရတော့ နောက်ဆုံးတော့ ပိုသက်တောင့်သက်သာဖြစ်သွားတာကို သူ ခံစားရသည်။ သူမမြင်လိုက်ရတဲ့လူက လူသားတစ်ယောက်ဆိုတာ သိလိုက်ရတော့ ကောင်းပါသည်။

"ဒါဆို မင်းက...... သရဲတစ္ဆေတွေကို ကြောက်တယ်ပေါ့ "

ကျန်းတန်းဟယ် မျက်နှာပြောင်ရန် ကြိုးစားနေပြီး ရှောင်းကောကို ခြောက်ဖို့ တမင် နီးကပ်လာခဲ့သည်။

ဒါပေမယ့် ရှောင်းကောက ဘယ်သူလဲ။ သူမသည် ယခင်က ဇွန်ဘီးတစ်ကောင်ကို တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။ သူမ မမြင်နိုင်တာ သို့မဟုတ် မထိနိုင်သော အရာတစ်ခုခုကို သူမ ဘာကြောင့် ကြောက်နေရမှာလဲ။ ကျန်းတန်းဟယ်က သူမကို ခြောက်ဖို့ သတ္တိရှိခဲ့သည်။ သေချာတာက သူမ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးရမှာပေါ့။

သူမ ရုတ်တရက် ကျန်းတန်းဟယ်ကို ခုန်အုပ်က်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကလိထိုးလိုက်သည်။ နောက်ဆုံးအကြိမ်မှာတော့ သူ့နံရိုးအောက်မှာရှိတဲ့ ကလိထိုးရမယ့်နေရာတွေကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာ၌ သူမသည် သူ့ကိုထိမိသောအခါတွင် သူက ရုန်းကန်ခြင်းဖြင့် ပြင်းပြင်းထန်ထန် ရှက်ရွံ့ကာ တုံ့ပြန်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမက သူ့ရဲ့ဆန္ဒအားလုံးကို စုဆောင်းပြီး သူ့ရဲ့နံရိုးတွေကို တိုက်ခိုက်ခဲ့သည်။

ကျန်းတန်းဟယ်ကို လက်ပူးလက်ကြပ်ဖမ်းပြီး ရှောင်းကောက ကြမ်းပြင်ပေါ်သို့ တွန်းချခဲ့သည်။ သူမ သူ့နံရိုးကို ထိလိုက်တာနဲ့ သူမ ဘာလုပ်တော့မယ်ဆိုတာ သူသိနေသည်။

အချိန်မီ မတုံ့ပြန်နိုင်သဖြင့် သူမကို နှိမ်နင်းရန် အင်အားအနည်းငယ်ကို အသုံးပြုရန်မှတပါး ရွေးချယ်စရာမရှိပေ။ ယခင်က သူမကို နာကျင်စေမိမှာကို ကြောက်သောကြောင့် သူမကို သည်းခံဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့် ကြီးကြီးမားမား ဖြစ်ပျက်တော့မည်ကို သူ ခံစားလိုက်ရသောအခါတွင် သူမကို တားလိုက်သည်။ ဆက်ပြီး ကလိထိုးရင် သူ ဘာလုပ်မိမှန်း မသိတော့ပေ။

အချိန်တိုတိုလေးအတွင်းမှာပဲ သူသည် သူမ၏ ဘဝင်ခိုက်နေသော အမူအရာကိုကြည့်ရင်း သူ့မျက်နှာက နီရဲနေပြီး မောဟိုက်နေပြီဖြစ်သည်။ နောက်ဆုံးတော့ သူ မခံနိုင်တော့ဘဲ ဇလုံနဲ့ အမြန် ထွက်မသွားခင် သူမရဲ့ပါးတွေကို ညှစ်သွားခဲ့သည်။

ကျန်းတန်းဟယ် အခန်းထဲမှ ထွက်သွားပြီးနောက်၊ သူ ဇလုံကိုချလိုက်ပြီး ဒေါသတကြီး ထိုင်ချလိုက်သည်။ သူ့မှာ ကလိထိုးလို့ယားမယ့်နေရာတွေဆိုတာ လုံးဝမရှိပါဘူး။ သူ ရုန်းကန်ပြီး မျက်နှာနီရဲလာရတဲ့ အကြောင်းရင်းက သူ့ရဲ့… ထိလွယ်ရှလွယ် နေရာက သူ့နံရိုးအောက်မှာ ရှိနေလို့ပဲ။

ဤမိုက်မဲသော မိန်းကလေးသည် သူ၏ဆန္ဒကို စိန်ခေါ်ရန် ကြိုးစားဆဲဖြစ်သည်။ အကယ်၍ သူအခန်းထဲမှ အနည်းငယ် နောက်ကျမှ ထွက်သွားပါက၊ သူ့ရဲ့သမီးလေး မွေးဖွားရန် အစီအစဉ်က အစီအစဉ်တွင် ထိပ်ဆုံးနေရာသို့ ပြောင်းရွှေ့သွားပေလိမ့်မည်။

—-

လည်ပတ်ကြည့်ရှုရန် အစီအစဉ်များသည် နောက်ဆုံးမိနစ်အပြောင်းအလဲများကြောင့် ထိခိုက်ခဲ့သည်။ ကျန်းတန်းဟယ် နောက်ရက်အနည်းငယ်အတွင်း အလုပ်များနေသည်။ ဧကရာဇ်မင်းက ပွဲကျင်းပသည်ဟုဆိုသည်။ အခမ်းအနားတွင် ၀န်ကြီးများနှင့် ၎င်းတို့၏ မိသားစုအားလုံးကို ဝိုင်၊ အစားအသောက်နှင့် အကဖျော်ဖြေပွဲများ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခဲ့သည်။

ရှောင်းကောသည် ကျွမ်းကျွမ်းနဲ့ ရှောက်ယိကိုခေါ်ပြီး ကျွန်းတစ်ဝိုက်တွင် လည်ပတ်ကြည့်ရှုရန် မှတပါး ရွေးချယ်စရာမရှိပေ။ သူမနောက်မှာ အစောင့်တွေရှိမယ်လို့ သူမထင်ခဲ့ပေမဲ့ ဧကရာဇ်မင်းက သူမကို ဒီလောက်ယုံကြည်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။ အိမ်ရှေ့စံမင်းသားကို သူမလက်ထဲ အပ်ပြီးနောက် သူ ဘာမှ မပြင်ဆင်ထားပေ။

လိုက်ပါလာတဲ့ အစောင့်တွေ မရှိပေမယ့် ရှောင်းကောက ပြီးခဲ့တဲ့ အကြိမ်လို လျှို့ဝှက်အစောင့်တွေ ရှိနိုင်မလားလို့ တွေးနေမိသည်။

ထို့ကြောင့် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သစ်ပင်များနှင့် ချုံပုတ်များကို လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဘယ်သူမှ မရှိခဲ့ချေ။

"မေမေ၊ ဘာလုပ်နေတာလဲ"

ကျွမ်းကျွမ်းနဲ့ ဝမ်ရှောက်ယိတို့သည် သူမ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိခဲ့သည်။ ပတ်ဝန်းကျင်ကိုကြည့်ဖို့ သူမ ခဏခဏ ရပ်လိုက်ရတာကြောင့်ပင်။

"ဘာမှမဟုတ်ဘူး၊ သွားကြစို့ "

ရှောင်းကောသည် သူမ၏ အတွေးများကို ငြင်းဆန်ခဲ့ပြီး ကလေးနှစ်ယောက်နှင့် ကစားရန် အာရုံစိုက်ခဲ့သည်။ သူတို့နောက်ကို လျှို့ဝှက်အစောင့်တွေ လိုက်နေလား၊ မလိုက်ဘူးဆိုတာက အရေးမကြီးပါချေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူတို့ကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားရပေတော့မည်။

သုံးယောက်သား လမ်းလျှောက်လာရင်း လမ်းတလျှောက် ရပ်လိုက်သည်။ သူတို့နေထိုင်ရာ အနီးတဝိုက်တွင် နေထိုင်ကြပြီး အဝေးကြီးကို စွန့်စားပြီးတော့မသွားရဲကြပေ။ အဓိက အကြောင်းအရင်းကတော့ အဝေးကြီး လမ်းလျှောက်ရင် အစားအသောက် မစားနိုင်လို့ပါပဲ။ ကျွန်းတန်းဟယ်က သူတို့ သုံးယောက် ဘယ်သွားနေမှန်းကို မသိသောကြောင့် တစ်စုံတစ်ယောက်အား အစားအသောက် ပို့ပေးရန် သူစီစဉ်ပေးနိုင်သည့် နည်းလမ်း မရှိခဲ့ပေ။ ရှောင်းကောသည် အချိန်ကို စောင့်ကြည့်နေပြီး နေ့လည်စာစားချိန်ရောက်မှ ပြန်သွားလို့ရသည်။

ရှောင်းကောသည် အဲ့တာက သူမ စိတ်အထင် ဟုတ်မဟုတ် မသိသော်လည်း တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေပြီး နောက်ကလိုက်နေသည်ဟု ခံစားမိသည်။

ပထမတော့ သူမက လျှို့ဝှက်အစောင့်လို့ ထင်ခဲ့ပေမယ့် သူမရဲ့အတွေးကို အမြန်ပယ်ချခဲ့သည်။ လျှို့ဝှက်အစောင့်တွေက ပုန်းအောင်းဖို့ သိပ်မဆိုးလောက်ဘူး။ သူမ လှည့်ကြည့်လိုက်သောအခါတွင် ချည်သားအဝတ်များကို အမှတ်မထင် တွေ့လိုက်ရလေသည်။ တစ်ခါက အမျိုးသမီးရဲ့ စကတ်ကို မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ ထိုလူသည် လျှို့ဝှက်အစောင့်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။

သူမနောက်ကို လိုက်ဖို့ ဘယ်သူက အများကြီး အားစိုက်ထုတ်နေတာလဲ။

All Chapters