← Chapters

အခန်း (၃၃၂)

Vol. 23 Ch. 332

အခန်း (၃၃၂)

Vol. 23 Ch. 332

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၃၂

နောက်ရက်အနည်းငယ်တွင် ရှောင်းကောသည် အိမ်ထဲမှာနေဖို့မှာထားသည့် ကျန်းတန်းဟယ်၏ ညွှန်ကြားချက်များကို မလိုက်နာခဲ့ပေ။ အဲဒီအစား သူမ တတ်နိုင်သလောက် အပြင်ထွက်ပြီး သူမ အပြင်ထွက်သွားတာကို လူတိုင်းကိုသိအောင် ကြိုးစားနေပုံရသည်။

ဒါပေမယ့် သူမ သွားခဲ့သောနေရာများကို ရွေးချယ်ထားသည်။ သူမသည် လူပိုစည်ကားသောနေရာများသို့သာ သွားခဲ့သည်။ ထိုနည်းအားဖြင့်၊ အခြားသူသည် stalker နှင့် တစ်ယောက်တည်း မဟုတ်တော့တဲ့အချိန် သူမကို နောက်ယောင်ခံလိုက်နိုင်သည်။

၎င်းသည် တစ်ဖက်လူက မည်သို့မည်ပုံဖြစ်နေသည်တို့ကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းတွင် သူမသည် မိမိကိုယ်ကို အန္တရာယ်ပြုမည်မဟုတ်ပေ။

ယွီကျစ်ကျစ်လည်း အရမ်းသဘောကျသွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏လေ့လာတွေ့ရှိချက်များအရ လှပသောမျက်နှာရှိခြင်းမှလွဲ၍ ချင်းရှောင်းကောကို မုန်းတီးဖွယ်ရာမရှိပေ။ သူမသည် နေ့တိုင်း အပြင်ထွက်ပြီး ညစာဘယ်လိုစားမယ်ဆိုတာနဲ့ ပျော်ပျော်ပါးပါးနေဖို့သာ တတ်ခဲ့သည်။ သူမက မိသားစုနဲ့ အချိန်အများကြီးမဖြုန်းပေ။ သူမရဲ့ ရုပ်ရည်ကလွဲလို့ တခြားကဏ္ဍအားလုံးမှာ ချင်းရှောင်းကောထက် အများကြီးသာလွန်သည်။

ရှောင်းကောက ယွီကျစ်ကျစ်ရဲ့ တွေးနေပုံကို သိပါက သူမ သေလောက်အောင် ရယ်နေလိမ့်မည်။ သူမ အပြင်မထွက်ရင် တစ်ဖက်လူကို ဘယ်လို ဆွဲဆောင်နိုင်မှာလဲ။ တစ်ဖက်က ဘာတွေဖြစ်နေပြီလဲ ဆိုတာ သိဖို့အတွက် သူမ ဒါတွေအကုန်လုပ်နေတာ။

တစ်မနက်မှာ ကျန်းတန်းဟယ်က ကောင်းကောင်းမွန်မွန်ဝတ်စားထားသည့် အမျိုးသမီးကို ကြည့်ပြီး ကူကယ်ရာမဲ့စွာမေးခဲ့သည်။ “ထပ်ပြီး အပြင်ထွက်ဦးမလို့လား”

“ဟုတ်တယ်!”

ရှောင်းကော ပြုံးပြီး ခေါင်းညိတ်ခဲ့သည်။ ထို့နောက် သူမ တစ်ခုခုကို တွေးပြီး သူ့ကိုပြောဖို့လုပ်ခဲ့သည်။ "ယွီကျစ်ကျစ်ကို စူးစမ်းနေတာ ရပ်လိုက်တော့၊ သူမ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိတယ်လို့ထင်တယ်"

ကျန်းတန်းဟယ် စိတ်ဝင်တစား မျက်ခုံးပင့်လိုက်သည်။ သူ ခုထိ ဘာမှမသိရသေးပေမယ့် ရှောင်းကောက တစ်ခုခု သိထားပြီးနေပြီ။ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်လဲ။ “သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဟု စပ်စုကာမေးလိုက်သည်။

"သူမက ထန်စန်းရဲ့ အသားကို ကျွန်မဆီကနေ လုယူဖို့ ကြိုးစားနေတာ!"

အဲဒါနဲ့ သူမထွက်သွားခဲ့ပြီး ကျန်းတန်းဟယ်ကတော့ စိတ်ရှုပ်သွားခဲ့သည်။

သူမ အဓိပ္ပါယ်မရှိ ပြောနေတာမဟုတ်ပေ။ ကျန်းတန်းဟယ်သည် သူမ၏ ထန်စန်းရဲ့ အသားဖြစ်သည်။

ရှောင်းကော အဝတ်အစား အပြည့်အစုံ ဝတ်ပြီး အိမ်အပြင်ကို ထွက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးအကြာတွင် ကျန်းတန်းဟယ်က သူ့လက်ထဲတွင် ဝတ်ရုံထူထူဖြင့် နောက်က လိုက်လာခဲ့သည်။

"အဲ့တာမဝတ်ဘူး!" ရှောင်းကောကလမ်းမှ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။ သူမ လှပစွာ ၀တ်ဆင်ထားရတဲ့ အကြောင်းရင်းတစ်ခု ရှိသည်။ သူမ၏ အချစ်ပြိုင်ဖက်များနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် တိုက်ပွဲအတွက် ၀တ်ဆင်ထားကြောင်း သေချာစေရမည်။

"မရဘူး၊ ဝတ်ထား!"

အများအားဖြင့် သူမစကားကို နာခံတတ်တဲ့ ယောက်ျားက ဒီအချိန်မှာ အရမ်းကိုဇွဲကောင်းနေသည်။ သူမ ဝတ်ရုံ မဝတ်မချင်း သူမကို မလွှတ်မယ့်ပုံပါပဲ။

ကူကယ်ရာမဲ့သလို ခံစားရသဖြင့် သူ့အတွက် သူမဝတ်လိုက်ရသည်။

ကျန်းတန်းဟယ်က ဝတ်ရုံကို ကြယ်သီးတပ်ပေးပြီးနောက် သူသည် သူမကို ခေါင်းမှ ခြေဖျားအထိ ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “သွားတော့ ဒါပေမယ့် အဝေးကြီးတော့ မသွားနဲ့”

“ဟုတ်ပါပြီ…”

ရှောင်းကော စိတ်အားထက်သန်စွာ ပြန်ပြောပြီး ထွက်သွားခဲ့သည်။ စောစောက အပိုင်းက အနည်းငယ် ကြန့်ကြာနေသည်။ ယွီကျစ်ကျစ်က သူမကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလားမသိပေ။ သူမ စိတ်ပျက်သွားပြီး သူမကို ကြိုးဆွဲထားတာကို ရပ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူမ ဘာအတွက်မှ ၀တ်ထားမှာမဟုတ်ပါဘူး။

"စကားမစပ်၊ ဒီညနေ အပြင်မထွက်နဲ့၊ ဧကရာဇ်မင်း က ဒီည ပွဲလုပ်မှာ။ ကိုယ်တို့ အချိန်မီ သွားရမယ်။"

ကျန်းတန်းဟယ် စကားပြောပြီးသောအခါ ရှောင်းကော အံ့အားသင့်စွာ ရပ်သွားခဲ့သည်။ "နောက်ဆုံးတော့ ဖြစ်သွားပြီလား။"

“ဟုတ်တယ်” ကျန်းတန်းဟယ်က သူမ၏ ဆံထိုးကို ဖြောင့်ပေးရန် လျှောက်လှမ်းလာသည်။ “ဧကရာဇ်မင်းရဲ့ နက္ခတ္တဗေဒပညာရှင်တွေက ဒီနေ့ညက ကံကောင်းတဲ့နေ့လို့ ဟောကိန်းထုတ်ထားတယ်။”

ရှောင်းကောက သူမနားလည်ကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။ ဘယ်လောက်ဒုက္ခများလိုက်လဲ။ ပွဲကျင်းပဖို့ ရက်ကောင်းတစ်ခုပင် လိုအပ်သည်။

ရှောင်းကောသည် ကြီးမားသောအအင်္ကျီကို ၀တ်ဆင်ထားပြီး ကိုးရိုးကားရားနှင့် အချိန်အတော်ကြာအောင် ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားခဲ့သည်။ ဒါပေမယ့် သူမနောက်သို့ လိုက်နေမည့်သူ ပေါ်လာခြင်း မရှိပေ။ ရှောင်းကော အလွန်ထူးဆန်းသည်ကို တွေ့ရှိခဲ့သည်။ "ငါ့ရဲ့ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုရတော့မှာလား"

ရှောင်းကော ပတ်ပတ်လည်ကို လှမ်းကြည့်နေစဉ်မှာပင် လူတစ်ဦး ထွက်ပေါ်လာသည်။ ရှောင်းကောသည် ဆဋ္ဌမအာရုံ ပြင်းပြပြီး အလိုလို ရှောင်သွားလိုက်သည်။ ရုတ်တရက် ခုန်ထွက်လာတဲ့လူက မြေပြင်သို့ လဲကျသွားသည်။

ရှောင်းကော အနီးကပ်ကြည့်လိုက်သည်။ ဒါက သူမစောင့်နေတဲ့ ယွီကျစ်ကျစ် မလား။

သူမမျက်နှာပေါ်တွင် အပြုံးကို ဖုံးကွယ်ကာ စိုးရိမ်သော အမူအရာဖြင့် “အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။

"အဆင်ပြေပါတယ် အဆင်ပြေတယ်။ ရှင်ကောအဆင်ပြေရဲ့လား"

ယွီကျစ်ကျစ်သည် ရှောင်းကောကို ကြင်နာ၍ အန္တရာယ်ကင်းသော အမူအရာဖြင့် ကြည့်နေသည်။ မသိတဲ့သူတွေက သူမကို တကယ်အပြစ်ကင်းစင်တယ်လို့ ထင်ကြလိမ့်မည်။

ရှောင်းကောက သူမထက် ပို၍ အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းသော မျက်နှာဖြင့် ပြန်ပြုံးပြလိုက်သည်။ သူမ အဆင်ပြေပါတယ်ဆို ဘာလို့ မထသေးတာလဲ။

ယွီကျစ်ကျစ် အချိန်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် တစ်ဖက်လူက သူမကို ကူညီဖို့ ရည်ရွယ်ချက်မရှိတာကို သူမမြင်လိုက်ရသည်။ သူမ မကူညီနိုင်ဘဲ ပဟေဋ္ဌိဖြစ်သွားသည််။

သူမစိတ်ကူးထားတဲ့ ဇာတ်ညွှန်းအရ ချင်းရှောင်းကောက သူမကို စိတ်ပါလက်ပါနဲ့ တောင်းတောင်းပန်ပန်နဲ့ ကူညီပေးသင့်သည်။ ထို့နောက် သူမ ရဲ့ တောင်းပန်မှုကို ရက်ရက်ရောရော လက်ခံမည်။ တကယ်တော့ ရှောင်းကော မရှောင်လိုက်ရင် သူမ မြေပြင်ပေါ် လဲကျသွားမှာ မဟုတ်ဘူး။

ထို့နောက် ရှောင်းကောနှင့် နီးစပ်ရန် လွန်ခဲ့သည့် ရက်အနည်းငယ်က သူမစုဆောင်းခဲ့သော အချက်အလက်များကို အသုံးချခဲ့သည်။ သူမနှင့် ခင်မင်ရင်းနှီးပြီးနောက် ကျန်းတန်းဟယ်နှင့် တွေ့ဆုံခွင့်ရမည်။ အဲဒီအခါမှာ သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို သူမ ထုတ်ဖော်ပြသနိုင်မှာ။ သူ့ကို အထင်ကြီးသွားပြီးနောက် သူမ သူနှင့်အတူ ရှိနေမည်။ ဒါက ဇာတ်လမ်းရဲ့ ဦးတည်ချက်ပါ။ ဒီအချိန်မှာ ပထမခြေလှမ်းက ဘာကြောင့် အရမ်းခက်ခဲနေရတာလဲ။

ဒါပေမယ့် ကြီးကြီးမားမား ပြဿနာတော့မဟုတ်ပေ။ ယွီကျစ်ကျစ်က သူမအဝတ်အစားတွေပေါ်က ဖုန်တွေကို ခါချပြီး ထလိုက်သည်။ ဒါကို အပြင်လူတွေမြင်ရင် ဒီမိန်းကလေးက တကယ်ကို ကြမ်းတမ်းတယ်ထင်ကြလိမ့်မည်။ ရှောင်းကောက သူမ၏အသားအရည်ထူနေတာကို အံ့သြနေမိသည်။ အခြေအနေက အရမ်းမိုက်နေပြီ၊ ဒါပေမယ့် သူမကတော့ သူမရဲ့လုပ်ရပ်ကို ဆက်လုပ်နိုင်ခဲ့သည်။ ဘယ်လောက် အထင်ကြီးစရာကောင်းလိုက်လဲ။

ထို့နောက် ယွီကျစ်ကျစ်က သူမ၏ သရုပ်ဆောင်စွမ်းရည်ကို စတင်ပြသခဲ့သည်။ ရှောင်းကောက သူမနှင့်အတူ ရံဖန်ရံခါ ကစားပေးခဲ့သည်။ အဲ့တာက ယွီကျစ်ကျစ်ကို သူမအား ထိန်းချုပ်လုနီးပါးဖြစ်ပြီဟု ခံစားရစေသော်လည်း လုံးဝကြီးတော့မဟုတ်ပေ။ ကိစ္စတွေက သူတို့ထင်ထားတဲ့အတိုင်း မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦး သူငယ်ချင်းဖြစ်ခဲ့ကြသည်။ ဟုတ်ပါတယ်၊ ဒါက ယွီကျစ်ကျစ်ရဲ့ တစ်ဖက်သတ် အမြင်ပင်။ ရှောင်းကောသည် သူမနှင့်အတူ နောက်ကလိုက်ရန် လုပ်ရပ်တစ်ခုကို လုပ်နေသည်။

လမ်းခွဲပြီးနောက် အသီးသီး တည်းခိုနေထိုင်ရန် ခရီးဆက်ကြသည်။ ရှောင်းကော သူမကို ပြန်ကြည့်လိုက်တော့ ယွီကျစ်ကျစ်ရဲ့ နောက်ကျောကို ကြည့်ရင်း ရွှင်မြူးနေတဲ့ မြင်ကွင်းကို မြင်လိုက်ရသည်။ သူမကိုယ်သူမ မတားနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဒီ ယွီကျစ်ကျစ်က အရမ်းနုံတာပဲ။ ရှောင်းကောက သူမက အလွန် အကြံဥာဏ်ကောင်းသူဟု ထင်ခဲ့သော်လည်း၊ ပြောရလျှင် ဒီယွီကျစ်ကျစ်က အကြံဥာဏ်ကင်းမဲ့တဲ့ မိန်းကလေးအများစုထဲက တစ်ယောက်ဖြစ်သည်။

သူမ၏ အကြံအစည်အားလုံးကို သူမမျက်နှာအနှံ့ ရေးထားသည်။ မျက်နှာပြင်ပေါ်တွင် ယွီကျစ်ကျစ် ပြောသမျှကို ရှောင်းကောက သဘောတူနေပုံရသော်လည်း တကယ်တော့ ယွီကျစ်ကျစ်က သူမကို အများကြီး မသိလိုက်ပဲ ပြောပြခဲ့သည်။ အချက်အလက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ သူမရဲ့ အကျိုးမရှိတဲ့ပန်းတိုင်ကို ခန့်မှန်းဖို့ မခက်ပါဘူး။ သေချာတာကတော့ သူမက ကျန်းတန်းဟယ်ကို အနိုင်ရဖို့ ကြိုးစားနေခဲ့တာပဲ။

စကားဝိုင်းတွင် ရှောင်းကောသည် ကျန်းတန်းဟယ်အကြောင်း အကြိမ်အနည်းငယ်ပြောခဲ့သည်။ ယွီကျစ်ကျစ်သည် သူ့နာမည်ကိုကြားလိုက်သောအခါတွင် မက်မောတဲ့အမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ချက်ချင်းပေါ်လာသည်။ ရှောင်းကောက ကျန်းတန်းဟယ်အား သူမကို မိတ်ဆက်ပေးတော့မည်ကို ကြားလိုက်ရသောအခါတွင် သူမ၏ မျက်နှာပေါ်က ပျော်ရွှင်မှုမှာ ဖော်မပြနိုင်လောက်အောင် ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူမ နောက်ဆုံးအခိုက်အတန့်တွင် ထိန်းထားနိုင်ခဲ့သည်။ ယင်းကြောင့် ရှောင်းကောသည် သူမ၏ အပြုအမူအတွက် အလွန်ကျေနပ်သွားခဲ့သည်။

ယွီကျစ်ကျစ် သူ့ကိုယ်သူ မြန်မြန်ဆန်ဆန် ထုတ်ပြခဲ့ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူမသည် တစ်ဖက်လူကို သူမ၏ ဇာတိရုပ်ကို မကြာခင်အချိန်မှာ မပြဘဲ အချိန်ကြာကြာ ထိန်းထားနိုင်မည်ဟုသာ မျှော်လင့်ထားခဲ့သည်။

တစ်ဖက်တွင် ယ်ီကျစ်ကျစ်က သူမ၏အခန်းသို့ ပြန်သွားခဲ့သည်။ သူမ ပထမဆုံးလုပ်ခဲ့တာကတော့ တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ဖို့ပါပဲ။ သူမ စားပွဲမှာ ပြန်ထိုင်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူကာသောက်လိုက်သည်။ သူမက ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ လိုက်ပါလာခဲ့သည့် သမားတော်တစ်ဦးဖြစ်သောကြောင့် သူမ၏အခန်းက ကြီးမားပြီး လှပစွာအလှဆင်ထားသည်။

လက်ဖက်ရည်တစ်အိုးလုံးကို သောက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

ယွီကျစ်ကျစ် သူမ၏ ပါးစပ်မှ အစိုဓာတ်ကို ပျော်ရွှင်စွာ သုတ်လိုက်သည်။ သူမ ခံစားရတဲ့ ပျော်ရွှင်မှုတွေကို ဖုံးကွယ်ထားလို့မရပေ။ အခု သူမသည် ကျန်းတန်းဟယ်နှင့် တစ်လှမ်းချင်း နီးကပ်နေပြီဖြစ်သည်။

သူနဲ့ထပ်တွေ့ရဖို့ မမျှော်လင့်ထားပေမယ့် အခုအချိန်မှာတော့ သူက သူမရှေ့မှာ ရုတ်တရက်ပေါ်လာသည်။ ပင်လယ်ကမ်းစပ်မှာ ပုန်းအောင်းနေချိန်မှာ သူ့ကို တိတ်တဆိတ် စောင့်ကြည့်ခဲ့တာကို သူမ မှတ်မိနေသေးသည်။ ဆုံးရှုံးခဲ့ရတဲ့ ခံစားချက်ကို ပြန်လည်ရရှိဖို့ မေ့ပစ်ဖို့ ခက်ခဲသည်။ ဟုတ်ပါတယ်၊ သူနဲ့ လက်တွဲထားတဲ့ သူ့မိန်းမကို သူမ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

ပထမတစ်ချက်တွင် သူမက အလွန်နိမ့်ကျသည်ဟု ခံစားရသည်။ တစ်ဖက်သားက ရိုးရှင်းစွာ ၀တ်ဆင်ထားသော်လည်း သူမက အလွန်လှပသည်။ ပိန်ပိန်သွယ်သွယ်နဲ့ ဆွဲဆောင်မှုမရှိသော သူမနှင့်မတူဘဲ သူမက သူနဲ့ အလွန်လိုက်ဖက်သည်...

သူမက သူနဲ့မထိုက်တန်ဘူးဆိုတာ သိလိုက်ရတော့ အဝေးကပဲ တိတ်တိတ်လေး ကြည့်နေခဲ့လိုက်သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ လုံလောက်ပါသည်။

ဒါပေမယ့် သူမ ပိုကြည့်လေလေ၊ သူမ ပိုပြီးစိတ်မကောင်းဖြစ်မိလေပင်။ သူ့ဘေးနားက အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ အလှအပြင် ချောမောလှပတဲ့ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ တခြားအရည်အချင်းတွေ ဘာတွေရှိနေလဲ။ ယွီကျစ်ကျစ် သိချင်လာသည်။ မဟုတ်ရင် သူမရှုံးနိမ့်တာကို ဝန်ခံဖို့ခက်သည်။

ရှောင်းကောနဲ့ ရှောင်ကျူးတို့ ပြတင်းပေါက်နားတွင် ပျော်ရွှင်စွာ ရယ်မောကြသည်ကို မြင်တွေ့ရသည်မှာ သူမ၏ ပုံရိပ်ကို ဂရုမစိုက်ဘဲ အလွန်လှပစွာ ရယ်မောနေသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် သူမ စွန့်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သူမသည် ၎င်းကို နှုတ်ထွက်ရန် အမှန်တကယ် ပြင်ဆင်ထားသော်လည်း တိုက်ဆိုင်စွာဖြင့် ကောင်းကင်က သူမကို ကူညီပေးနေပုံရသည်။ ရုတ်တရက် သူမအတွက် အခွင့်အရေးတစ်ခုပေါ်လာပြီး သူ့ကိုချစ်တဲ့စိတ်က ပြန်လည်တောက်ပလာပြန်သည်။

အမျိုးသမီးတစ်ဦး ခေါ်ဆောင်လာတဲ့ သမားတော်တစ်ယောက်က နေမကောင်းဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူမကို အစားထိုးဖို့ ရွေးချယ်ခဲ့သည်။ ကံကောင်းထောက်မစွာ သူမသည် ငယ်စဉ်ကတည်းက ဖခင်ထံမှ ဆေးပညာကို သင်ယူခဲ့ပြီးသားဖြစ်သောကြောင့် အသေးစားဝေဒနာအများစုကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ ကောင်းကင်က တကယ်ပဲ သူမဘက်မှာ ရှိနေခဲ့သည်။

All Chapters