← Chapters

အခန်း (၃၃၆)

Vol. 23 Ch. 336

အခန်း (၃၃၆)

Vol. 23 Ch. 336

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၃၆

ကျွန်းပေါ်၌ ၎င်းတို့၏ မိသားစုတွင် တစ်ဦးတည်းသော ကလေးဖြစ်ခဲ့သည့် မိန်းကလေးများစွာရှိသည်။ ကောင်မလေးတွေ ဒီနေရာလေးမှာနေပြီး သေတဲ့အထိနေဖို့ကို မြင်ချင်နေတာက ရှောက်ကျန့်ရဲ့ ဆန္ဒမဟုတ်ပေ။ ဒီနေရာကနေ ရုန်းထွက်နိုင်မလားဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်သည်။

ရှောက်ကျန့်က ကြင်နာတတ်သော်လည်း သူက မတုံးပေ။ သဘာဝကျကျဖြင့် ရှုထောင့်အားလုံးကို ဂရုတစိုက် ဆင်ခြင်ရမည်။ ဒီလိုဖြစ်အောင်လုပ်ခွင့်ပေးလိုက်တဲ့အတွက် အမှားတွေအတွက် ချန်ထားလို့မရပါချေ။

လင်မယားနှစ်ယောက်ကြား အပြန်အလှန် ဆက်ဆံရေးက သူတို့နောက်က မိန်းကလေးတွေကို ပိုမက်မောစေခဲ့သည်။ ကျန်းတန်းဟယ်၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာသည် ယနေ့ညတွင် မိန်းကလေးများအားလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။

သူတို့ နှစ်ယောက် သူတို့ အခန်းထဲ ပြန်ရောက်တာကို တွေ့ပြီးတဲ့ နောက်မှာတော့ ကောင်မလေးတွေက သူတို့ တည်းခိုရာ နေရာဆီတုံ့ဆိုင်းစွာ လျှောက်သွားခဲ့ကြသည်။ ဒီလိုအရည်အချင်းရှိတဲ့ ယောက်ျားကောင်းတွေ အများကြီး မကျန်တော့ဘူး။ ဒီည တခြားယောက်ျားတွေနဲ့ ယှဉ်လိုက်ရင် သူက ရိုးရိုးရှင်းရှင်းနဲ့ ထူးချွန်သည်။

ထို့အပြင် ထိုမိန်းကလေးများ၏ ဖခင်အများစုမှာ တစ်လင်တစ်မယားစနစ်ကျင်းသုံးကြတဲ့သူတွေ မဟုတ်ကြပေ။ ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသောအခါ အလွန် ဖြူစင်ပြီး သစ္စာရှိသူနှင့် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း သတိပြုမိကြသည်။

ကျန်းတန်းဟယ်၏ ကိုယ်လုပ်တော်ဖြစ်လာရန် အကြံကောင်းဖြစ်မည်ဟု မိန်းကလေးအချို့က ထင်ကြသည်။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်ရဲ့ ပထမဇနီးဖြစ်ခြင်းထက် မရေမတွက်နိုင်တဲ့ ညီမငယ်တွေနဲ့ နေထိုင်ရတာထက်တော့ အဲ့တာက ပိုကောင်းသည်။

ထို့ကြောင့် နေ့ချင်းညချင်း ကျန်းတန်းဟယ်က မစ္စတာ ရေပန်းစား ဖြစ်လာခဲ့သည်။ လက်မထပ်ရသေးသော မိန်းကလေးများအားလုံး သူနှင့်တွေ့ဆုံရန် ရုန်းကန်နေရသည်။

အခြားပန်းပွင့်မိန်းကလေးကို စိုက်ကြည့်ပြီးနောက် ရှောင်းကော စကားပြောစရာစကားမရှိဖြစ်နေသည်။ သူမ ချဥ်တင်တင်နဲ့ပြောလိုက်သည်။ "ကျန်းတန်းဟယ်၊ ရှင်က တကယ်ကို အံ့သြစရာကောင်းတာပဲ!"

ကျန်းတန်းဟယ်၏ ဆံပင်တွေ ချက်ချင်းထောင်သွားသည်။ သူ ချက်ချင်းဆိုသလို ဆိုးရွားတဲ့ ခံစားချက်ကို ခံစားရပြီး မျက်နှာလိုမျက်နှာရလုပ်ကာ ပြောလိုက်သည်။ “ကိုယ် သူတို့ကို လုံးဝ လျစ်လျူရှုထားတယ်”

ရှောင်းကော တစ်ခုခုပြောတော့မည့်အချိန်မှာ အဝေးမှ အခြားပန်းပွင့်မိန်းကလေး လွင့်ပျံလာခဲ့သည်။ သူမ ဒေါသတကြီး ခေါင်းလှည့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။

"ရှောင်းကော? ရှောင်းကော?"

ကျန်းတန်းဟယ် သူမကို ဘယ်လောက်ပဲ အော်ခေါ်နေပါစေ သူမ သူ့ကို ပြန်လှည့်မကြည့်ပေ။

ရှောင်းကောက သူတို့ကို ပန်းပွင့်မိန်းကလေးတွေလို့ ဘာကြောင့်ခေါ်တာလဲဆိုတဲ့ အကြောင်းအရင်းတစ်ခုရှိခဲ့သည်။ ဥပမာအားဖြင့် သူတို့ဆီသို့ လျှောက်သွားသူကို ကြည့်လိုက်။ သူမခေါင်းပေါ်မှာ ပန်းအကြီးကြီးငါးပွင့် ခြောက်ပွင့်ပန်ထားပြီး ပန်းရောင်အပြည့် ၀တ်ဆင်ထားသည်။ သူမရဲ့ မိတ်ကပ်လိမ်းခြယ်မှုကလည်း ပန်းတစ်ပွင့်လိုပါပဲ။ သူမအနားမကပ်လာခင်မှာ သူမရဲ့ရေမွှေးရနံ့ကို သူတို့ အနံ့ရနေပြီ။

“အဟမ်း ” ရှောင်းကော သူမ၏နှာခေါင်းကို ပွတ်သပ်ကာ သက်တောင့်သက်သာမရှိစွာ ချောင်းဟန့်လိုက်သည်။

ဒါကိုမြင်တော့ ကျန်းတန်းဟယ်က ချက်ချင်းရေထည့်ပြီး သူမကို ပေးခဲ့သည်။

ရှောင်းကော မကျေမနပ်ဖြင့် သူ့ထံမှ မယူမီ မျက်စောင်းတစ်ချက်ထိုးပေးလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ စစ်သူကြီး။ စစ်သူကြီးလည်း ပန်းတွေကို ရှုစားဖို့ ဒီကိုရောက်နေတာလား၊ တိုက်ဆိုင်လိုက်တာနော်..."

“...…”

ခဏတာ အဆင်မပြေမှုဖြစ်ပြီးနောက် အမျိုးသမီးက ဆက်ပြောခဲ့သည်။ “သခင်မကော ရောက်နေတာပဲ …”

ရှောင်းကောက သူမကိုစကားပြောနေသည့်ပုံပေါ်သည့် အမျိုးသမီး၏ အမူအရာကိုမြင်သောအခါ မျက်မှောင်ကြုတ်ခဲ့သည်။ "ကျွန်မ ရှင့်ကိုသတိထားမိပါတယ်။ ရှင်စိတ်မဆိုးဘူးလို့ မျှော်လင့်တယ်" မျက်ကွယ်ပြု၍ စိတ်မရှိပေ၊ သူမက ကျန်းတန်းဟယ်အား ထိုအမျိုးသမီးကို ကိုင်တွယ်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

"ရှောင်းကော?" ကျန်းတန်းဟယ်သည် ရုတ်တရက် ထပြီး ထွက်သွားသော ရှောင်းကောကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ အမြန်ထပြီး သူမနောက်ကို လိုက်လာခဲ့သည်။

အထီးကျန်နေခဲ့သော မိန်းကလေးသည် သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်စရာကောင်းတဲ့ အရိပ်အယောင်များ ရှိနေသည်။ ချောမောလှပတဲ့ မိန်းကလေးက သူ့ကို နှုတ်ဆက်နေပေမယ့် သူက သူမကိုကြည့်တောင် မကြည့်ဘူး?

နောက်ဆုံးတော့ အမျိုးသမီးက ရှက်ရွံ့မှုကို မခံနိုင်တော့ပေ။ ခြေထောက်ဆောင့်ကာ ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်တွင်၊ ယွီကျစ်ကျစ်က ဘေးမှ ပေါ်လာပြီး ထွက်ပြေးသွားသော အမျိုးသမီးကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ သူမ ပြင်းပြင်းထန်ထန် နှာမှုတ်လိုက်သည်။ ဒီနေ့မနက်က ထိုအမျိုးသမီးသည် အစ်ကို ကျန်းကို လာရောက်သွေးဆောင်သည့် ပဉ္စမမြောက်လူဖြစ်နေပြီ။ ဒီလူတွေက တကယ့်ကို အရှက်မရှိကြတဲ့သူတွေပဲ။

တစ်ဖက်တွင် ရှောင်းကောသည် ပူနွေးသော နံနက်ခင်းလေနုအေးနှင့် လတ်ဆတ်သောလေကို ရှုရှိုက်ရင်း အေးအေးဆေးဆေး နေနေသည်။ မျှော်လင့်ထားသည့်အတိုင်း ဤနေရာတွင် ရနံ့ပါတဲ့ပေါင်ဒါနံ့မရှိပေ။ တကယ့်ကို ကြည်နူးစရာပင်။

“ရှောင်းကော …” ကျန်းတန်းဟယ် အလျင်အမြန် လိုက်လာပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"ဟမ့်!"

ရှောင်းကော ခေါင်းကို လှည့်ကာ နှာမှုတ်လိုက်သည်။ "ရှင် ဘာလို့ဒီလောက်မြန်မြန်လိုက်လာတာလဲ"

ကျန်းတန်းဟယ် စကားမပြောပေ။ သူလေကို ရှူရှိုက်ဖို့လုပ်လိုက်သည်။

ရှောင်းကောက သူ့ခေါင်းကို တွန်းထုတ်ပြီး စပ်စုကာမေးခဲ့သည်။ "ရှင်ဘာလုပ်နေတာလဲ"

"ရှာလကာရည်နံ့ရလား"

ရျောင်းကော အနံ့ခံကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။ "မရပါဘူး"

"ဒါဆို ကိုယ်ဘာလို့သဝန်တိုနေတဲ့အနံ့ရနေတာလဲ"ကျန်းတန်းဟယ်က သူမကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

“ဘုရားရေ” ရှောင်းကောသည် သူမအား သဝန်တိုနေတဲ့ မိန်းမတစ်ဦးအဖြစ် ရည်ညွှန်းနေမှန်း သိလိုက်သည်။

“ရှင်… ရှင်…” ရှောင်းကော စကားထစ်နေလေသည်။ "ကျွန်မ ရှင့်ကို လျစ်လျူရှုထားတယ်။ကျွန်မ ဟိုးကို သွားမယ်!"

ရှောင်းကောက ဒေါသတကြီးဖြင့် သူ့လက်ကို ခါထုတ်ခဲ့ပြီး ဘေးနားကို တစ်ယောက်တည်း လျှောက်သွားခဲ့သည်။

“အတူတူသွားရအောင်…” ကျန်းတန်းဟယ်သည် သူမ သူ့ကို ခါချဖို့ ကြိုးစားတဲ့အခါ သူက သူမဘေးကို ပြေးပြီး သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြန်သည်။ သူမ ဘယ်လောက်ပဲ ရုန်းနေပါစေ သူမရဲ့ရုန်းကန်မှု မရပ်မချင်း လွှတ်ပေးဖို့ ငြင်းဆန်ခဲ့သည်။

ရှောင်းကောက အရေထူသော ကျန်းတန်းဟယ်ကို ကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်သည်။ "အမျိုးသမီးတွေ အားလုံးရဲ့ အာရုံကို စွဲဆောင်နေတဲ့ လူဆိုးကြီး!"

မနေ့ကပွဲပြီးကတည်းက ကျန်းတန်းဟယ် အားလပ်ရက်မုဒ်သို့ ပြန်သွားခဲ့သည်။ သူသည် သူမနှင့် အခြားလူ သုံးဦးကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ပန်းတွေကို ကြည့်ပြီး ပျော်ပွဲစားထွက်ဖို့ အချိန်ယူကြသည်။ သူတို့ကိုယ်တိုင် စိတ်ကျေကျေနပ်နပ်ကြီး ပျော်ပါးနေခဲ့ကြသည်။

အကြောင်းတစ်ခုခုကြောင့် ကျန်းတန်းဟယ်ထံ ရံဖန်ရံခါ ချဉ်းကပ်လေ့ရှိသော ပန်းမိန်းကလေးများသည် ရုတ်တရက် သူ့ကို အနှောင့်အယှက် ပေးနေတာရပ်သွားကြသည်။ ရှောင်းကောမှာ ကျန်းတန်းဟယ်က သူတို့ကို တစ်ခုခုလုပ်လိုက်တယ်ဆိုတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ ဒါပေမယ့် သူမမေးကြည့်တော့ သူက ဘာမှပြန်မပြောဘဲ မသိနားမလည်သလို ဟန်ဆောင်နေသည်။ ဒီအကြောင်းကို သူမမေးတာကို ရပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

—

နောက်ထပ်ကောင်းသောနေ့ဖြစ်ခဲ့သည်။ ကျွမ်းကျွမ်းနဲ့ ဝမ်ရှောက်ယိတို့ မြေပြင်ပေါ်တွင် ပန်းပွင့်လေးအဆင်အဝတ်စလေးခင်းကာ သစ်ပင်တစ်ပင်အောက်တွင် လဲလျောင်းနေကြသည်။ သစ်ပင်ပေါ်တက်နေတဲ့ လီရှောက်ကျိကို ကြည့်နေကြသည်။

ရှောင်းကောက သူတို့ဘေးမှာ ထိုင်ပြီး နဖူးပေါ်က ချွေးတွေကို သုတ်ပေးခဲ့သည်။ စောစောက ပြေးလွှားနေကြပြီး အခု ချွေးတွေ တအား ထွက်နေပြီ။ ကံကောင်းထောက်မစွာ ကျွန်းပေါ်ရှိအပူချိန်က အေးမြသည်။ ဒီလိုမှမဟုတ်ရင် ပြည်မကြီးမှာ ဒီလိုမျိုးပြေးရင် အပူဒဏ်ခံရလိမ့်မည်။

ထိုအချိန်တွင် ရှောက်ယိသည် လီရှို့ကျီကို လက်ညှိုးထိုးပြီး ရုတ်တရက် ရယ်မောလိုက်သည်။ "ဟာဟား၊ ကျွမ်းကျွမ်း၊ ကြည့်ပါဦး။ သူက စွန်းဝူခုန်းနဲ့မတူဘူးလား"

ကျွမ်းကျွမ်းက သူ့စကားကိုကြားသောအခါ လီရှို့ကျီကို သေသေချာချာကြည့်ကာ အံ့အားသင့်စွာပြောခဲ့သည်။ "တကယ်တူတယ်!"

ရှောင်းကောက သူမ၏ လက်ကိုင်ပုဝါကို ဖယ်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။ သူမ နူးညံ့စွာ ပြုံးလိုက်သည်။ အနည်းငယ်တော့တူသည်။

"စွန်းဝူခုန်းက ဘယ်သူလဲ"

လီရှို့ကျီ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းခဲ့သည်။

ကျွမ်းကျွမ်းက မြန်မြန်ဆန်ဆန်ပဲဖြေခဲ့သည်။ “အဲ့တာက အမေ့ဆီက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ”

"စာအုပ်?"

လီရှို့ကျီလည်း စာအုပ်တွေဖတ်ရတာ ကြိုက်ပေမယ့် စွန်းဝူခုန်း အကြောင်း ဘာကြောင့် မကြားဖူးတာလဲ။

“အဲ့တာက ရုပ်ပြစာအုပ်လေ။ လက်နဲ့ဆွဲထားတဲ့ဟာ”

ကျွမ်းကျွမ်း ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

လီရှို့ကျီသည် ထိုစကားကိုကြားသောအခါ ကြည်နူးသွားသည်။ သူ့မရီးရဲ့ ပုံဆွဲစွမ်းရည်က တော်တော်လေးကို သာမန်ပါပဲ။

"ဒါဆို စွန်းဝူခုန်းက ဘယ်သူလဲ"

"မျောက်!"

ရှောက်ယိ အမြန်ဖြေလိုက်သည်။ စွန်းဝူခုန်းကို သူ အကြိုက်ဆုံးပင်။ သူက အနိုင်မခံအရှုံးမပေးသူဖြစ်ပြီး ၇၂မျိုး ပြောင်းလဲခြင်းကို စွမ်းဆောင်နိုင်သည်။

"မျောက်မကောင်းဆိုးဝါးလား?" ဒီ အဲ့တာကမကောင်းဆိုးဝါးပဲ။ လီရှို့ကျီက သူ့လက်ကို ဝှေ့ယမ်းပြီး ခပ်တည်တည်နဲ့ ပြောလိုက်သည်။ "ငါက မကောင်းဆိုးဝါးတစ်ကောင်နဲ့ ဘယ်လိုတူတာလဲ"

"ဘာမကောင်းဆိုးဝါးလဲ"

သူ့စကားက ကလေးနှစ်ယောက်ရဲ့ ဝေဖန်မှုကို ဆွဲဆောင်ခဲ့သည်။ ကြီးမြတ်သော ပညာရှိကြီးကို စော်ကားဖို့ ဘယ်သူ့ကိုမှ ဘယ်သောအခါမှ သူတို့ခွင့်ပြုမှာမဟုတ်ပေ။

လီရှို့ကျီက ကလေးနှစ်ယောက်၏ ဘေးနားသို့ ဆွဲခေါ်ခံရပြီး စွန်းဝူခုန်းနှင့် ပတ်သက်၍ သူတို့၏ ဦးနှောက်ဆေးကြောခြင်းကို လက်ခံစေခဲ့သည်။

ရှောင်းကောက သူ၏ သနားစရာကောင်းသော အမူအရာကို ကြည့်ကာ ကြင်နာစွာ ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းတန်းဟယ်က ခြင်းတောင်းတစ်ခုဖြင့် ပြန်ရောက်လာသည်။ သူတို့၏ ရယ်မောသံကို အဝေးကပင် ကြားနေရသည်။ “မင်းတို့ ဘာတွေ ရယ်နေကြတာလဲ” လို့ စပ်စုကာမေးလိုက်သည်။

“ပြန်လာပြီလား” ခရီးအကွာအဝေးက တိုတောင်းပေမယ့် နည်းနည်းတော့ ချွေးထွက်သည်။ ရှောင်းကောက သူ့ကို ထိုင်ခိုင်းပြီး နဖူးမှ ချွေးများကို သုတ်ပေးခဲ့သည်။ သူမ ဆက်ပြောလိုက်သည်။ "တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ လီရှို့ကျီ သစ်ပင်ပေါ်တက်ပြီး ပတ်ဝန်းကျင်ကို ကြည့်နေလို့။ ရှောက်ယိက စွန်းဝူခုံးနဲ့တူတယ်လို့ ပြောလိုက်တာ။ အခု သူတို့က သူ့ကို စွန်းဝူခုန်း နဲ့ မိတ်ဆက်ပေးနေကြတာ"

ဒါကိုကြားတော့ ကျန်းတန်းဟယ် ပြုံးလိုက်သည်။ သူ လက်လှမ်းပြီး ခြင်းတောင်းကို သူမကို ပေးလိုက်သည်။ "ကိုယ် တစ်ခုခုကျန်နေခဲ့လား ကြည့်လိုက်ဦး"

ရှောင်းကော ပျော်ရွှင်စွာဖြင့် အဲ့တာကို ယူလိုက်ပြီး ချည်ထည်ကို မလိုက်သည်။ လေအေးတစ်ချက်က သူမမျက်နှာကို ချက်ချင်းရိုက်ခတ်သွားသည်။ စောစောက ခံစားရသော အပူက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်က ရာသီဥတုပူပြင်းလာသဖြင့် အေးမြစေရန် အခန်းအားလုံးကို ရေခဲတုံးများ ဝေခဲ့သည်။ ဤနေရာ၌ အပူချိန်နိမ့်သော်လည်း အပူဒဏ်ကို သက်သာစေရန် ရေခဲတုံးများ လိုအပ်နေသေးသည်။

ပတ်ဝန်းကျင်ကို မေးမြန်းပြီးနောက် ရှောင်းကောသည် ရေခဲတုံးများကို အမှန်တကယ် စမ်းရေမှ ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူမသည် ရေခဲဆန်ပြုတ်လုပ်ရန် စိတ်ကူးရလာသည်။ နွေရာသီတိုင်းတွင် ရေခဲမုန့်နှင့် ရေခဲဆန်ပြုတ်ကို စားရန် လိုအပ်သည်။ ရေခဲတုံးကြီးတစ်တုံးကနေ ခြစ်ပြီးရေခဲခြစ်ဖြစ်အောင်လုပ်လိုက်သည်။ ရေခဲခြစ်ငါးခွက်အပြည့်ရှိမှ ရပ်ခဲ့သည်။

ထို့အပြင် မီးဖိုချောင်ရှိ ပဲအမျိုးမျိုးသည် အထူး ပြည့်စုံသည်။ ပဲနီ၊ မုယောစပါး၊ ပဲဖြူ၊ ပဲစိမ်း၊ နှင့် ခရမ်းရောင် ပန်းစေ့များ ပါ၀င်သည်။

ထို့အပြင် စတော်ဘယ်ရီနှင့် သရက်သီးကဲ့သို့သော လတ်ဆတ်သော အသီးအနှံများကိုလည်း နေ့စဉ် ရရှိကြသည်။ အသီးအနှံတွေ အများကြီးရှိလို့ ကုန်အောင်လုပ်ဖို့ ခက်သည်။ ထို့ကြောင့် သူမသည် အသီးအနှံများကို ရေခဲဂျုံယာဂုထဲသို့ ထည့်နိုင်စေရန် ခွဲခဲ့သည်။

All Chapters