← Chapters

အခန်း (၃၃၇)

Vol. 23 Ch. 337

အခန်း (၃၃၇)

Vol. 23 Ch. 337

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၃၇

မနက်မိုးလင်းတော့ အချိုပွဲတွေလုပ်အပြီးမှာ ခြစ်ထားတဲ့ရေခဲတွေ အရည်ပျော်မှာကို စိုးရိမ်တာကြောင့် အအေးခံဖို့ ရေခဲတုံးတစ်ပုံလောက် ထည့်ထားလိုက်သည်။ ကလေးတွေ ကစားပြီးတဲ့အခါ အနားယူဖို့ နေအိမ်နဲ့ ပိုနီးတဲ့နေရာကို ရွှေ့ကြသည်။ ထို့နောက် သူမသည် ကျန်းတန်းဟယ်ကို ပြန်သွားခိုင်းပြီး သူမအတွက် အချိုပွဲတွေ ယူလာခိုင်းလိုက်သည်။

သယ်ယူစဉ်အတွင်း ရေခဲများ အရည်ပျော်သွားမည်ကို သူမ သိသဖြင့် အရာအားလုံးကို အလွန်ထူထဲသော ချည်ထည်ဖြင့် ပတ်ထားသည်။ အထုပ်ကိုလက်ခံရရှိသောအခါ၊ အေးခဲနေဆဲပင်။

“ဘာမှ မကျန်ခဲ့ဘူး။” ရှောင်းကော ပစ္စည်းများကို စစ်ဆေးပြီး ထိုနေရာတွင် ငါးခွက် ရှိနေကြောင်း သဘောပေါက်လိုက်သည်။ စောစောက သူမလုပ်ထားတဲ့ အေးခဲထားသည့်သစ်သီး လက်ဖက်ရည် တစ်အိုးလည်း ရှိသည်။ "မကစားနဲ့တော့၊ လာရေခဲဆန်ပြုတ်လာစားကြ!"

ကလေးနှစ်ယောက်က မနက်ကတည်းက စောင့်မျှော်နေခဲ့တာ။ ရှောင်းကော သူတို့ကိုခေါ်နေတာကိုကြားတော့ လီရှို့ကျီကို ချက်ချင်းလွှတ်ပေးပြီး ပြေးလာကြသည်။

"လာပြီ၊ လာပြီ!"

"ယာဂုအအေး၊ ယာဂုအအေး!"

ကလေးနှစ်ယောက်က ဆန်ပြုတ်တစ်ဇွန်းခပ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူတို့ မျက်လုံးတွေကိုမှိတ်ပြီး အချိုပွဲတွေကို သဘောကျသွားကြကာ အရသာရှိတယ်ဆိုတဲ့စကားလုံးတွေကို ဆက်တိုက်ပြောနေကြသည်။

ရှောက်ယိက ဇွန်းနဲ့ စိတ်အားထက်သန်စွာ ခပ်လိုက်ပြီး ကျွမ်းကျွမ်း၏ ပါးစပ်နားသို့ ယူဆောင်လာခဲ့သည်။ သူနဲ့မျှစားဖို့ မစောင့်နိုင်တော့ပေ။ "ကျွမ်းကျွမ်း၊ ငါ့ရဲ့စတော်ဘယ်ရီအရသာယာဂုကို မြည်းကြည့်"

စားပြီးနောက် ကျွမ်းကျွမ်း၏ မျက်လုံးတွေက တောက်ပလာသည်။ "စားလို့ကောင်းတယ်၊ ငါ့ရဲ့သရက်သီးယိုနဲ့ဟာ စားကြည့်!"

ထို့ကြောင့် ကလေးနှစ်ယောက်သည် ဂျုံယာဂုအေးပန်းကန်လုံးကို ပွေ့ဖက်ကာ တစ်ယောက်ကိုတစ်ယောက် စတင်ခွံ့ကျွေးနေကြသည်။ သူတို့ကိုကြည့်ရတာ အလွန်ချစ်စရာကောင်းသည်။

လီရှို့ကျီက ကလေးနှစ်ယောက်ကို ခါထုတ်ပြီး ကျန်းတန်းဟယ် အနားတွင် ထိုင်နေခဲ့သည်။ ဦးနှောက်ဆေးကြောခြင်းအပိုင်းကြောင့် သူ မောပန်းနွမ်းနယ်နေပုံရသည်။

ရှောင်းကောက သူ့ကို သရက်သီးအရသာ ယာဂုအအေးကို ပေးပြီးသဘောကျစွာမေးခဲ့သည်။ "ရှင် အခုစွန်းဝူခုန်းကို သိသွားပြီလား"

လီရှို့ကျီ ယာဂုအအေးကိုယူပြီး ရယ်မောလိုက်သည်။ " စွန်းဝူခုန်းက ဘာလဲ၊ သူက ပညာရှင်ကြီးပဲ "

ရှောင်းကောနဲ့ ကျန်းတန်းဟယ်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးခဲ့ကြသည်။ ဟုတ်ပြီ၊ ဦးနှောက်ဆေးကြောတာက အောင်မြင်သည်။

သုံးယောက်သား အေးခဲထားသော ယာဂုကို ပြီးသွားကာ ခဏလောက် ဆက်ကစားကြသည်။ ပင်ပန်းတဲ့အခါ အနားယူကြသည်။ ရေဆာတဲ့အခါ ရေခဲစိမ်ထားတဲ့သစ်သီးဖျော်ရည်ကို သောက်ကြသည်။

အလုပ်သမားတွေအပြင် တစ်ကျွန်းလုံးမှာ ဘယ်သူမှ မရှိကြပေ။ အပန်းဖြေစခန်းသို့ ရောက်ရှိလာသော လူတစ်စုတွင် ရှောင်းကောနှင့် သူမ၏ဂိုဏ်းသည် အပြင်သို့ မကြာခဏ ထွက်ခွာသွားလေ့ရှိသည်။ တခြားသူတွေက အခန်းထဲမှာ အေးအေးဆေးဆေး နေကြပြီး သူတို့ကိုယ်သူတို့ ယပ်ခတ်နေပြီး ရေခဲတုံးတွေနားမှာ နေနေကြသည်။

—-

ကျွန်းသည် ပင်လယ်အနီးတွင် တည်ရှိသောကြောင့် ပင်လယ်စာများကို ၎င်းတို့၏ နေ့စဉ် အစားအစာများအဖြစ် ကျွေးမွေးခဲ့သည်။ ရှောင်းကောသည် ပင်လယ်စာများကို အလွန်နှစ်သက်သော်လည်း စားသုံးရန် ငြီးငွေ့လာသည်။

အရေးကြီးဆုံးအကြောင်းရင်းမှာ ပင်လယ်စာများကို အမြဲတစေ တစ်ပုံစံတည်း ချက်ပြုတ်ခြင်းဖြစ်သည်။ ဟင်းလျာများကို ပေါင်းလိုက်ပြုတ်လိုက်နှင့်ပင်။ စားဖိုမှူးများသည် ပင်လယ်စာ၏ မူရင်းအရသာကို ထိန်းသိမ်းရန် အလွန်အာရုံစိုက်ခဲ့ကြသည်။

ရှောင်းကော တစ်ယောက်တည်းတော့ မဟုတ်ပေ။ ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့သည် ငယ်ရွယ်သေးသော်လည်း ပင်လယ်စာစားရလွန်းလို့ ငြီးငွေ့လာကြသည်။ ပင်လယ်စာတွေ့တိုင်း အန်ချင်သလို ခံစားရသည်။

ကျန်းတန်းဟယ်က အစားအသောက်ကို ဇီဇာကြောင်သူမဟုတ်သောကြောင့် ၎င်းကို အဆင်ပြေဆဲပင်။ ဒါပေမယ့် ပင်လယ်စာစားရတာကို သူစတင် ငြီးငွေ့လာသည်။

“မေမေ… သားတို့အတွက် တခါလောက်ချက်ပေးလေ ..…”

ဤသည်မှာ ဒီနေ့တွင် ကျွမ်းကျွမ်းက သူမအား ၁၁ ကြိမ်မြောက် အသနားခံခဲ့သည်။ ရှောက်ယိတောင်မှ ဒီလိုပဲအသနားခံနေသည်။

ကျန်းတန်းဟယ်က ကလေးတွေပြောတာကိုကြားသောအခါတွင် သူမအား မျှော်တလင့်တကြီး ကြည့်နေသည်။ သူမ လုပ်ပေးမယ်လို့ပြောလာမှာကို သူ စောင့်နေတဲ့ပုံပဲ။

ရှောင်းကော အဆင်မပြေသလိုဟန်ဆောင်ကာ ခဏမျှ စဉ်းစားလိုက်သည်။ "မေမေကဒီကို အားလပ်ရက်ခရီးထွက်လာတာလေ။ ဒီမှာ အလုပ်လုပ်ရတာက မေမေ အဆင်မပြေနေဘူး"

“မေမေ…”

“ရှောင်းကော…”

"ကျေးဇူးပြုပြီး…"

မမျှော်လင့်ဘဲ သူမစကားကိုကြားပြီးနောက် ဒရာမာဘုရင်သုံးပါးက သူတို့၏စိတ်ပျက်မှုကို ချက်ချင်းပြသခဲ့သည်။ သူတို့သည် ချစ်စဖွယ်ပြုမူကြပြီး သူမကို ဆွဲဆောင်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ကြသည်။ သူတို့သည် သူမ၏လက်များကို လှုပ်ခါကာ ပါးပြင်ပေါ် နမ်းရှုံ့နေကြပြီး သူမ ခုခံရန်နေရာမရှိပေ။ ကျန်းတန်းဟယ်ပင်လျှင် သူမကို အကြိမ်အနည်းငယ် နမ်းခွင့်ရခဲ့သည်။

“ကောင်းပြီ၊ ကောင်းပြီ…” ရှောင်းကော သူတို့ထံမှ အမြန်ထွက်သွားပြီး သူမ၏မျက်နှာမှ တံတွေးများကို သုတ်လိုက်သည်။ သူမ သူတို့၏ မျှော်လင့်နေသော မျက်နှာများကို ကြည့်ပြီးကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ကောင်းပြီ ချက်ပေးမယ်”

"ယေး!"

" ကောင်းလိုက်တာ!"

"ကျေးဇူးတင်ပါတယ်…"

သူတို့ သုံးယောက်သည် တိုက်ပွဲတွင် အနိုင်ရသွားပုံရသည်။ သူတို့ ပြုံးပြီးသူမကို မီးဖိုခန်းထဲ တွန်းပို့ဖို့ ကြိုးစားခဲ့ကြသည်။

"ငါတို့ နေ့လည်စာ စားပြီးသွားပြီလေ!"

ရှောင်းကောက တံခါးဘောင်ကိုကိုင်ပြီး သူတို့ကို ပြန်ကြည့်ခဲ့သည်။

သုံးယောက်သား သူတို့ထမင်းစားပြီးသွားပြီဆိုတာကို ရုတ်တရက် သတိရသွားကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အရှုံးပေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူတို့တစ်ရေးတစ်မောအိပ်ပြီးနောက် ညစာစားချိန်ရောက်လာပြန်ပြီ။

ရှောင်းကော ချက်ပြုတ်ပေးဖို့ ဆန္ဒရှိနေသရွေ့တော့ ဘယ်လောက်နောက်ကျနေပါစေ သူတို့ စောင့်နိုင်သည်။

"ငါတို့ဒီနေ့ဘယ်သွားကြမလဲ"

လီရှို့ကျီ၏ စိတ်လှုပ်ရှားနေသည့်အသံ ထွက်ပေါ်လာသည်။

"ဘာကိုဆိုလိုတာလဲ" ရှောင်းကော ပြန်မေးလိုက်သည်။ ထို့နောက် သူ့အဝတ်အစားကိုမြင်ပြီး သူမ စပ်စုကာမေးလိုက်သည်“ဘယ်သွားမလို့လဲ”

လီရှို့ကျီက သူမ၏မေးခွန်းကိုကြားသောအခါ၊ သူသည် သူ၏နောက်ဆုံးမေးခွန်းကို လျစ်လျူရှုခဲ့သည်။ အဲဒီအစား သူက သူ့ရဲ့ငါးမျှားတံကို ပျော်ရွှင်စွာ ဝှေ့ယမ်းပြီး အားအင်အပြည့်နဲ့ပြောခဲ့သည်။ "ကျွန်တော်တို့ ငါးသွားဖမ်းမို့!"

"ငါးသွားဖမ်းမလို့လား?"

"ပင်လယ်ထဲကို ထွက်မှာလား?"

ရှောင်းကောနဲ့ ကျန်းတန်းဟယ်တို့ တစ်ချိန်တည်းတွင် စကားပြောဆိုခဲ့ကြသော်လည်း မတူညီသောအကြောင်းအရာများကို မေးခဲ့ကြသည်။ သူမက ငါးဖမ်းရတာကို စိတ်ဝင်စားသော်လည်း ကျန်းတန်းဟယ်က ပင်လယ်ပြင်ထဲထွက်ရတာကို ပိုစိတ်ဝင်စားသည်။

"မှန်တယ်!"

လီရှို့ကျီက သူ့ပစ္စည်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ထွက်သွားတော့မည့်အချိန်မှာ ရှောင်းကောက သူ့ကို အမြန်တားလိုက်သည်။ "ဘယ်လိုသွားမှာလဲ။ ကျွန်မလည်း သွားချင်တယ်"

"ကျွန်တော်တို့ လှေထုတ်ထားတယ်။ ငါးဖမ်းဖို့အတွက် အထူးပြုလုပ်ထားတဲ့ လှေငယ်လေးတွေရှိတယ်လေ။ အဝေးကြီးတော့မသွားဘူး၊ အနီးနားက ရေထဲမှာ ငါးမျှားကြမှာ"

"အတူတူသွားရအောင်!"

သူမ ပင်လယ်စာတွေ ထပ်မစားချင်တော့ပေမယ့် ငါးမျှားတာကို စိတ်ဝင်စားနေတုန်းပင်။ ထို့ကြောင့် သူမသည် လီရှို့ကျီနှင့် ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ဒါကိုမြင်တော့ ကျန်းတန်းဟယ်က သူမကို အမြန်ပြန်ဆွဲခေါ်ပြီး သနားစရာကောင်းစွာပြောခဲ့သည် "အတူတူသွားရအောင်။"

ရှောင်းကော က သူ့ကို သူမနောက်သို့ လိုက်ဖို့ ခွင့်မပြုရင် ကြီးမားတဲ့ မတရားမှုတစ်ခုလို ဖြစ်နေသည်။

"သွားကြရအောင်။"

ရှောင်းကော အလွန်စိတ်လှုပ်ရှားသွားသည်။ သူမ၏ လက်ကို ဝှေ့ယမ်းပြီး ပင်လယ်ဆီသို့ လျှောက်လှမ်းခဲ့သည်။

...

လီရှို့ကျီ၊ ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ အတူတူ ခရီးထွက်ရန် အဆင်သင့်ဖြစ်နေကြသော်လည်း ၎င်းတို့ သုံးဦးသည် ငယ်ရွယ်တဲ့သူ နှစ်ဦးကို မေ့သွားပုံရသည်။

နောက်ဆုံး သူတို့ ကလေးတွေအကြောင်း တွေးလိုက်မိသွားတော့ သူတို့က သူတို့နောက်ကနေ လိုက်လာတဲ့ အမြီးလေးနှစ်ခုကို တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာ၊ ကျန်းတန်းဟယ်က သူတို့ကို ဖမ်းဆွဲပြီး ပြန်ခေါ်လာတဲ့အခါ သူတို့ ဝေးဝေးကို မရောက်ခဲ့ပါပေ။ ကလေးတွေလည်း မထိုင်နိုင်ကြပေ။ အချိန်တန်ရင် သူတို့ လိုက်ရှုပ်ပြီး လူကြီးတွေက သူတို့ကို ပြန်ခေါ်ရသည်။ ထို့အပြင် ရေထဲ ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ။

"နေ့လည်ခင်းတစ်ရေးအိပ်တော့၊ မဟုတ်ရင် ညစာမချက်ပေးတော့ဘူး"

ကလေးနှစ်ယောက်သည် အစပိုင်းတွင် မပျော်မရွှင်ဖြစ်သလို ဟန်ဆောင်ချင်ကြသော်လည်း ရှောင်းကောက ထိုစကားကို ပြောလိုက်သည်နှင့် ချက်ချင်း ငြိမ်သက်သွားပြီး နာခံမှုဖြင့် အိမ်သို့ ပြန်သွားကြသည်။ ကုတင်ပေါ်တွင် အိပ်ကာ မျက်လုံးမှိတ်ပြီး အနားယူခဲ့ကြသည်။

ရှောင်းကော ကျေနပ်စွာ ခေါင်းညိတ်ပြီး လူနှစ်ယောက်ဘက် လှည့်ကာပြောလိုက်သည်။ "ကောင်းပြီ၊ သွားကြရအောင်"

ရှောင်းကောသည် စာကြောင်းတစ်ကြောင်းတည်းဖြင့် ကလေးများကို ဖြေရှင်းနိုင်ခဲ့သည်။ ကျန်းတန်းဟယ်က သူတို့ကို အချိန်အတော်ကြာအောင် ချော့ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမ၏ ယုံကြည်ချက်ရှိသော နောက်ကျောကိုကြည့်ရင်း သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ “မိန်းမ၊ မင်းက အရမ်းအားကြီးပြီး ကြီးစိုးနေတယ်” လို့ စိတ်ထဲကနေ ပြောလိုက်သည်။

ကမ်းခြေသို့ရောက်သောအခါ ပင်လယ်ကမ်းစပ်တွင် ဆိုက်ကပ်ထားသော လှေငယ်တစ်စင်းကို တွေ့လိုက်ရသည်။ အဲဒီပေါ်မှာ ငါးဖမ်းပိုက်အလွတ်တစ်ခုရှိသည်။ အစောင့်များကို မေးမြန်းပြီးနောက် မီးဖိုချောင်မှ ဘဏ္ဍာစိုးများက ချိတ်ထားသည်ကို တွေ့ရှိခဲ့ပြီး ငါးမျှားရာမှ ပြန်လာခဲ့ကြောင်း သိရသည်။ လှေက အခမဲ့ဖြစ်ပြီး အသုံးပြုနိုင်သည်။

သူတို့အထဲကတစ်ချို့က ဒါကိုကြားတော့ အနည်းငယ် စိန်သက်သာရာရသွားသည်။ လှေနှင့် ပိုက်ကွန်ကို ပင်လယ်ထဲသို့ စချလိုက်ကြသည်။

လှေက အလယ်အလတ် အရွယ်အစားဖြစ်သည်။ လူသုံးယောက်အတွက် နေရာအလုံအလောက်ရှိသည်။ ရှောင်းကော အလယ်မှာ ထိုင်နေချိန်မှာ လူနှစ်ယောက်က အစွန်းတစ်ဖက်ဆီမှာနေကြသည်။ လှေသည် ကမ်းနှင့် အနည်းငယ် အလှမ်းဝေးကွာလာသောအခါတွင် ကျောက်ဆူးကို ချလိုက်ပြီး ငါးဖမ်းကိရိယာကို စတင်ပြင်ဆင်လိုက်သည်။

သူတို့သုံးယောက်ကြားတွင် ငါးမျှားတံနှစ်စုံရှိသည်။ လီရှို့ကျီက တစ်စုံယူလိုက်ပြီး ရှောင်းကောက နောက်တစ်စုံ ယူခဲ့သည်။ ကျန်းတန်းဟယ်က ငါးဖမ်းတာကို သိပ်စိတ်မဝင်စားပေ။ သူမကို ကာကွယ်ဖို့ ရှောင်းကော အနားမှာ နေချင်တာကြောင့် သူ လိုက်လာခဲ့တာ။ ထို့ကြောင့် သူသည် ငါးအစာအချို့ကို ပစ်ချပြီးနောက် ကြုံရာနေရာတစ်ခုတွင် ငါးဖမ်းပိုက်ကို ပေါ့ပေါ့ပါးပါး ပစ်ချခဲ့သည်။

ပိုက်ကွန်ဘေးမှာ စောင့်မနေဘဲ လှေပေါ်မှာ လှဲအိပ်လိုက်သည်။ သူသည် မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ရှောင်းကော၏ ဘေးတိုက်မျက်နှာကို စွဲမက်စွာ သဘောကျနေလေသည်။ "သူ့ရဲ့ လှပတဲ့ ရှောင်းကောကိုကြည့်လိုက်တာ သူမရဲ့ဘေးတိုက်မျက်နှာလေးကတောင် အရမ်းလှတာပဲ"

သူတို့ထဲက အနည်းစုက အလျင်လိုပြီး ထီးယူလာဖို့ မေ့သွားကြသည်။ နေရောင်အောက်မှာ အရိပ်ရနေတဲ့ သစ်ပင်ကြီးတွေ မရှိပေ။ သူတို့နှစ်ဦး အဆင်ပြေသော်လည်း ရှောင်းကောအတွက် ခက်ခဲသည်။ သူမ၏ ဖြူဖွေးသော အသားအရည်သည် နေရောင်အောက်တွင် လျင်မြန်စွာ နီရဲလာပြီး နေလောင်သွားပုံရသည်။

ဒါကိုမြင်တော့ ကျန်းတန်းဟယ် နှောင့်နှေးမနေတော့ပေ။ သူသည် သူ၏ ၀တ်ရုံကို အမြန်ချွတ်လိုက်ပြီး သူမကို နေရောင်မှ ကာကွယ်ရန် သူ့ကိုယ်သူ ထောက်ကူအဖြစ် အသုံးပြုခဲ့သည်။

ရှောင်းကော၏ မှေးကျဥ်းထားသော မျက်လုံးများ ချက်ချင်းပွင့်လာသည်။ သူမ မျက်လုံးများကို ပွတ်သပ်လိုက်ကာ နေရောင်မထိုးတော့တာကို ရုတ်တရက် သဘောပေါက်လိုက်သည်။ သူမ အံ့သြစွာ မော့ကြည့်လိုက်စဉ် ကျန်းတန်းဟယ်၏ ရယ်သံက သူမနားထဲတွင် ထွက်ပေါ်လာသည်။

"မင်းက တုံးအတဲ့ မိန်းကလေးပဲ"

ရှောင်းကော လှည့်ကြည့်လိုက်တော့ သူက သူမကို နေရောင်ကနေ ကာထားပေးနေတာကို တွေ့လိုက်ရသည်။ သူ့အတွက် သူမ နှလုံးသားက နာကျင်နေသည်။ သူ့လက်ကို မြှောက်ထားရလို့ သူ နာကျင်နေမှာပဲ။ "ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး။ မင်းကို ကာကွယ်ဖို့ ကိုယ် ဘယ်တော့မှ ပင်ပန်းမှာမဟုတ်ဘူး"

ကျန်းတန်းဟယ် ဒီရက်တွေမှာ ချိုမြိန်တဲ့ စကားများကိုပြောတာ အရမ်းတော်လာသည်။ သူက ရှောင်းကောကို အမြဲမျက်ရည်ကျအောင် လုပ်နိုင်ခဲ့ပြီး သူမ၏နှလုံးခုန်နှုန်းကို မြှင့်တင်နိုင်ခဲ့သည်။

ဒီတစ်ခါလည်း ဒီလိုပါပဲ။ ဒါပေမယ့် လေထဲက အချစ်ဇာတ်လမ်းကို အာရုံခံစားမှုမရှိတဲ့ လီရှို့ကျီက အနှောင့်အယှက်ပေးခဲ့သည်။

All Chapters