အခန်း (၃၃၈)
Vol. 23 Ch. 338
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၃၈
မခံစားတတ်ခြင်းနှင့်ပတ်သက်၍ လီရှို့ကျီက စာရင်းထဲတွင် ထိပ်ဆုံးမှရပ်တည်နေရမည်။
“....…” ကျန်းတန်းဟယ်က သူ့အင်္ကျီထောင့်ကို ပြန်ဆွဲချပြီး ဘေးဘက်ကို မှုန်မှိုင်းစွာ ကြည့်လိုက်သည်။ "မင်းဘာလုပ်နေတာလဲ"
"မင်းက သဘောထားကြီးတဲ့သူတစ်ယောက်ပဲဟာ။ မင်းတစ်ယောက်ယောက်ကို အကာအကွယ်ပေးနေပြီဆိုကတည်းက နောက်တစ်ယောက်ကို ကာပေးရင်လည်း ဘာမှမထူးခြားသွားပါဘူး"
ထိုအချိန်တွင် လီရှို့ကျီ သည် အရိပ်အောက်သို့ ခိုးဝင်ရန် အခွင့်အရေးယူပြန်သည်။ သူက လူပါးဝစွာ ပြုံးပြီးပြောခဲ့သည်။ "အရိပ်ထဲမှာနေပါရစေ။ ငါ့အသားအရေက ထူပေမယ့် မင်းထင်သလောက်တော့ မထူဘူး ကြမ်းလည်းမကြမ်းဘူး။ငါ့ရဲ့ အသားညိုညိုလေးနဲ့ နုနယ်တဲ့ အသားအရေလေးကို သနားပါကွာ..."
ရှောင်းကောကို သူ့ဘေးနား တွန်းထုတ်လိုက်သည်။ ကျန်းတန်းဟယ် ပေးနိုင်သောအရိပ်မှာ အကန့်အသတ်ရှိသည်။ လီရှို့ကျီသည် အရိပ်အောက်ရောက်သည်နှင့် ရှောင်းကောမှာ နေရောင်ခြည်နှင့် ထိတွေ့ရန် အန္တရာယ်ရှိသည်။
"ဖယ်စမ်း!" ကျန်းတန်းဟယ် ထိုလူကို တွန်းထုတ်လိုက်ပြန်သည်။ ကျယ်ပြောလှသော အရိပ်ရသော နေရာက ရှောင်းကော တစ်ယောက်တည်းအတွက်ပဲ။
ဒါပေမယ့် အာရုံခံစားမှုမရှိဘဲ လီရှို့ကျီတွင် အခြားသော "ခွန်အား" ရှိသည်။ သူက အရှက်ကင်းမဲ့ပြီး စိတ်ရှည်သည်။
အဆုံးတွင် ကြိုးပမ်းမှုအချို့လုပ်ပြီးနောက် နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ အရိပ်အချို့ကို ရရှိခဲ့သည်။ အရိပ်ရသော ဧရိယာ အနည်းငယ်မျှသာ ရှိသော်လည်း၊ ဤအရာက သူ့အတွက် ပြဿနာမဟုတ်ပေ။
အင်္ကျီလက်တွေက သေးသေးလေးဆိုပေမယ့် နေရောင်ကို ပိတ်ဆို့ထားနိုင်တုန်းပဲ။
ရှောင်းကော အဝေးကို လှမ်းကြည့်ကာ အကြာကြီး ရယ်မောလိုက်သည်။
ခဏအကြာတွင် ရှောင်းကောက ကျန်းတန်းဟယ်၏ လက်နှစ်ဖက်ကို ချလိုက်သည်။ ဒီလိုမျိုး လက်နှစ်ဖက်မြှောက်ထားတာက ပင်ပန်းသည်။ သူသည် သူ့ကိုယ်သူ သနားမနေပေ။ သူမရဲ့နှလုံးသားကတော့ သူ့အတွက် နာကျင်နေခဲ့သည်။
—-
လေးနာရီကြာမျှ ငါးဖမ်းပြီးနောက် ရှောင်းကောသည် သူမ၏ ငါးမျှားတံကို လေးကြိမ်သာ မြှောက်ခဲ့သည်။ ထို့အပြင် လေးကြိမ်မှာ သုံးကြိမ်လောက်က ဘာမှမပါလာပေ။
လီရှို့ကျီလည်း အလားတူပင်။ နောက်ဆုံးတော့ သူတို့ရဲ့ ရေပုံးထဲမှာ ပင်လယ်ငါးနှစ်ကောင်ပဲ ရှိသည်။
ရှောင်းကော အလွန်စိတ်ဓာတ်ကျနေသည့်ပုံပေါက်သည်ကိုမြင်သောအခါ ကျန်းတန်းဟယ်က ရစ်ဘီးကိုရစ်ပြီး လှေကိုပြန်လှော်ရန် အသင့်ပြင်ထားသည်။ သူမ၏ ညှိုးငယ်နေသော မျက်နှာကို ကြည့်ပြီး သူ နှစ်သိမ့်ပေးခဲ့သည်။ “ငါးနှစ်ကောင်က လောက်နေပါပြီ၊ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ဒါက နံပါတ်ကောင်းပဲ”
ရှောင်းကော အနည်းငယ် ခြောက်သွေ့စွာ ရယ်မောလိုက်သည်။ ငါးနှစ်ကောင်က သူတို့အတွက် လုံလောက်တယ်။ ငါးနှစ်ကောင်ကို ကြော်ပြီးရင် ပါးစပ်ပေါက်အနည်းငယ်နဲ့စားလိုက်ရင်ကုန်သွားပြီ။
ကျန်းတန်းဟယ်က ရယ်မောပြီး ကျောက်ဆူးကို ပြန်တင်ကာ လှေလှော်ရန် ပြင်ဆင်နေသည်။ ဒါပေမယ့်လည်း လီရှို့ကျီ၏ မျက်လုံးများက စူးရှပြီး တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။
"မင်းခြေထောက်အောက်က ကြိုးကဘာရီးလဲ"
ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ အောက်သို့ ငုံ့ကြည့်လိုက်တော့ စောစောက ပိုက်ကွန် ချထားသည်ကို သတိရမိသွားသည်။
ရှောင်းကောက ကျန်းတန်းဟယ်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ပိုက်ကွန်ထဲမှာ ကြီးကြီးမားမား ဖမ်းမိတာတွေ ရှိနိုင်သည်။
ကျန်းတန်းဟယ် ပိုက်ကွန်ကို မြှောက်ဖို့ ကြိုးစားလိုက်သည်။ ရှောင်းကောနဲ့ လီရှို့ကျီတို့ရဲ့ ရလဒ်တွေက အံ့မခန်းဖြစ်တာကြောင့် သူ့ငါးဖမ်းပိုက်မှာ ဖမ်းမိဖို့ မြင့်မားတဲ့ မျှော်လင့်ချက်တွေ မရှိခဲ့ချေ။
ဒါပေမယ့် သူ ပိုက်ကွန်ကိုဆွဲလိုက်သောအခါ အဲ့တာကရွေ့တောင်မရွေ့ပေ။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် စိတ်ဝင်တစား စိုက်ကြည့်ရင်း မျက်လုံးချင်း ဆုံသွားကြသည်။
ဖမ်းမိထားတာက သူတို့ထင်ထားတာထက် နည်းသည်။ အလေးချိန်ကို ကြည့်ပြီး ကြီးကြီးမားမား ဖမ်းမယ်လို့ မျှော်လင့်ထားကြသည်။ သူတို့ အံ့သြသွားကြတာက ပိုက်ကွန်ထဲမှာ ပင်လယ်စာများများစားစား မဖမ်းမိထားချေ။ ဒါပေမယ့်လည်း ရှောင်းကောနဲ့လီရှို့ကျီတို့ ဖမ်းမိခဲ့သည့်အရာထက် အဆများစွာ ပိုများသည်။ အရေးကြီးဆုံးကတော့ သူတို့ တခါမှ မမြည်းစမ်းဖူးတဲ့ ရှားပါးပစ္စည်းတွေ အများကြီးပါလာသည်။
ရှောင်းကော စိတ်ဓာတ်မကျတော့ပေ။ သူမသည် ပင်လယ်စာများကို စိတ်လှုပ်ရှားစွာ ရေတွက်နေတော့သည်။ ပုဇွန်၊ ငါးတံခွန်နှစ်ကောင်နှင့် ရေခူတွေ အများအပြားရရှိခဲ့သည်။ ရေခူကို ပိုက်ကွန်ဆွဲတဲ့အခါ မထင်မှတ်ဘဲ ငါးဖမ်းသွားတာ ဖြစ်နိုင်သည်။ ပင်လယ်မျှော့အနည်းငယ်နှင့် ကဏန်းကြီးသုံးကောင်တို့လည်း ရှိခဲ့သည်။
"ဒါကဘာလဲ။ ရွံစရာကြီး"
လီရှို့ကျီက ပင်လယ်မျှော့ကို ခြေထောက်ဖြင့် တို့လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရွံရှာနေသည့်အမူအရာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
ကျန်းတန်းဟယ်က အဲ့တာက ဘာလဲဆိုတာ မသိတဲ့အတွက် ရှောင်းကောကို အဲ့အကောင်ဆီကနေ ဝေးရာကို ဆွဲခေါ်သွားခဲ့သည်။
ငုတ်တုတ်လေးထိုင်ပြီး ပင်လယ်စာတွေကို လေးလေးနက်နက်ခွဲခြားနေတဲ့ ရှောင်းကောက ရုတ်တရက် သူမကို ကျန်းတန်းဟယ်က နောက်ကိုဆွဲလိုက်သလိုမျိုး ခံစားလိုက်ရသည်။ သူမက စပ်စုတဲ့လေသံနဲ့ပြောခဲ့သည်။ "ဒါက ပင်လယ်မျှော့။ အထူးသဖြင့် သူကအရသာရှိပြီး ကျန်းမာရေးအတွက် အကျိုးရှိတယ်"
ရှောင်းကောက လီရှို့ကျီကို ရိုက်လိုက်ပြီး သူ့ကို ကဲ့ရဲ့ရှုတ်ချလိုက်သည်။ ဒီလို အရသာရှိတဲ့ ဟာကို သူ ဘယ်လိုလုပ်ခြေထောက်နဲ့ ကန်ရတာလဲ။ တကယ့်ကို ကြေကွဲစရာပဲ။
"ပင်လယ်မျှော့။ အဲ့တာက စားလို့ရလား"
လီရှို့ကျီ မျက်လုံးတွေ ပြူးကျယ်သွားသည်။ ဤအရာသည် အလွန်ရွံရှာဖွယ်ကောင်းလှသည်။ သူဘယ်လိုလုပ်စားနိုင်မှာလဲ။
"ဒီည ကျွန်မဟင်းချက်မယ်။ မွှေးရနံ့ကြောင့် ရှင်စားချင်းသွားစေရမယ်"
"ကောင်းတာပေါ့၊ ငါတို့ လာစားလို့ ရပြီ!" လီရှို့ကျီ ဝမ်းသာအားရ လက်ခုပ်တီးခဲ့သည်။ ရုတ်တရက် အလင်းတဖျပ်ဖျပ်ကြောင့် မျက်စိစူးသွားပြီး မျက်လုံးတွေကို ကားလိုက်ရသည်။ “အဲဒီ တောက်ပနေတဲ့ဟာက ဘာကြီးလဲ” လို့ သူ မေးလိုက်သည်။
ရှောင်းကောက သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကာ သူမ၏ တံတွေးကို မကူညီနိုင်ဘဲမျိုချလိုက်သည်။ တောက်ပနေပြီး ဝတုတ်နေသည်။ "အဲတာကငါးတံခွန်"
လီရှို့ကျီ ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်စားမှု မရှိတော့ချေ။ အဲ့တာက တောက်ပနေပေမယ့် ငါးတစ်ကောင်ပဲ။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ငါးစားရလွန်းလို့ငြီးငွေ့လာခဲ့သည်။
ကျန်းတန်းဟယ်က ရှောင်းကောကို ဘေးမှ ကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူမ မျက်လုံးထဲတွင် တောက်ပနေခဲ့သည်။ ယုံကြည်မှုအပြည့်နဲ့ စကားပြောပုံက အရမ်းဆွဲဆောင်မှုရှိနေသည်။ သူ ကြည့်နေချိန်မှာ သူ့ကိုယ်သူ လှောင်ရယ်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။
ရှောင်းကောမှာ သူတို့နှစ်ဦးကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ပင်လယ်စာတွေနဲ့ အလုပ်ရှုပ်နေပြီး အသေးလေးတွေကို ပင်လယ်ထဲ ပြန်ပစ်ချနေသည်။ ထိုအကောင်ငယ်များကို မစားဘဲ ရှင်သန်ကြီးထွားလာစေရန် ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည်။
"ရပြီ! ဒီညတော့ ရှင်တို့အတွက် အရသာရှိတဲ့ ပင်လယ်စာပွဲ လုပ်ပေးမယ်!"
ရှောင်းကော ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။ ပင်လယ်စာ ဝါသနာရှင်တစ်ဦးအနေဖြင့် သူမက ပင်လယ်စာဟင်းလျာများကို နှစ်သက်သည်။ သူမသည် ပင်လယ်စာစားရန် နည်းလမ်းပေါင်း တစ်ဒါဇင်ကျော်ကို တီထွင်နိုင်ခဲ့သည်။
ကျန်းတန်းဟယ်နဲ့ လီရှို့ကျီတို့ ရွှင်မြူးနေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ရှောင်းကော၏ အချက်အပြုတ်ကျွမ်းကျင်မှုကို သူတို့ လုံးဝသဘောတူသည်။
"မြန်မြန်လုပ် မြန်မြန် မြန်မြန် ပြန်ပြီးချက်ရအောင်!"
ရှောင်းကောသည် ပင်လယ်စာတွေကို ပုံးတစ်ပုံးထဲထည့်လိုက်ပြီး နှစ်ယောက်ကို မြန်မြန် လှေလှော်ဖို့ တိုက်တွန်းလိုက်သည်။ ငါးတွေကို ကမ်းပေါ်ယူသွားရင် သူတို့ သေသွားမည်။ ထိုအချိန်တွင် အကြေးခွံများသည် ငွေရောင်နှင့် တောက်ပနေသေးသည်။ မကြာခင်မှာ သူတို့ရဲ့ တောက်ပြောင်မှု ကပျောက်သွားလိမ့်မည်။ လတ်လတ်ဆတ်ဆတ် ရှိနေစဉ်တွင် သူမ ၎င်းတို့ကို ချက်ပြုတ်ရမည်။
“မြဲမြဲထိုင်ပြီး လှေကို ကိုင်ထား၊” ကျန်းတန်းဟယ် နူးညံ့စွာပြောလိုက်သည်။ ရှောင်းကော သေချာ ထိုင်ထားတယ်ဆိုတာအတည်ပြုပြီးနောက် သူနဲ့လီရှို့ကျီ တို့သည် ကမ်းစပ်ဆီသို့ အလျင်အမြန် လှေလှော်ခဲ့ကြသည်။
ကျန်းတန်းဟယ်က ရှောင်းကော၏ နောက်မှ ရေပုံးတစ်ပုံးဖြင့် လိုက်လာခဲ့သည်။ နှစ်ယောက်သား အိမ်နောက်ဘက် မီးဖိုချောင်သို့ သွားကာ အတွင်းဘက်တွင် ဘဏ္ဍာစိုးနှင့် စကားပြောခဲ့ကြသည်။ သူ့ရဲ့ခွင့်ပြုချက်ကိုရပြီးနောက် ဟင်းချက်ဖို့လုပ်ကြသည်။
မီးဖိုချောင်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ညစာစားချိန်နီးပြီမို့ အစေခံတွေအားလုံး ဟင်းချက်ဖို့ အလုပ်ရှုပ်နေကြပြီ။ သူတို့နှစ်ယောက်က ဘယ်သူမှ မရောက်နိုင်တဲ့ ထောင့်တစ်နေရာကို သွားကြသည်။ ကျန်းတန်းဟယ်က ရှောင်းကော ဟင်းပွဲများအတွက် ဆောစ့်များ ပြင်ဆင်နေစဉ်တွင် ပင်လယ်စာများကို စတင်သန့်ရှင်းရေးလုပ်ခဲ့သည်။
မီးဖိုချောင်က ကြီးမားပြီး ဟင်းခတ်အမွှေးအကြိုင်များစွာရှိသည်။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်များစွာကိုလည်း သူမတွေ့ခဲ့ရသည်။
မီးဖိုချောင်မှာ ဆောစ့်မရှိပေမယ့် သူတို့မှာ အစားထိုးစားစရာရှိသည်။ အိုးအမျိုးမျိုးတွင် အမှုန့်မျိုးစုံရှိသည်။ ရှောင်းကောက အဲ့တာကဘာတွေလဲဆိုတာ မမြင်နိုင်ပေမယ့် သူတို့ကို ခွဲခြားသိနိုင်ဖို့ သူမ အနံ့ခံကြည့်နိုင်သည်။ သူမသည် ၎င်းတို့အများစုကို မှတ်မိနိုင်သောကြောင့် သူမခွဲခြားသိနိုင်သော ဟင်းချက်နည်းများဖြင့်သာ ချက်ပြုတ်ရသည်။ ရရှိနိုင်သောရွေးချယ်မှုသည် သူမ၏ လိုအပ်ချက်အတွက် လုံလောက်သည်ထက်ပိုသည်။
ကျန်းတန်းဟယ်သည် ရှောင်းကော၏ ညွှန်ကြားချက်အရ ပုဇွန်ဇလုံတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ
။ ဒါပေမယ့် ပင်လယ်မျှော့ကို သူ ဘာလုပ်ရမှန်း သေချာမသိပေ။ ရှောင်းကောက သူ့ကို ဗိုက်ဖွင့်ခိုင်းပြီး အူအားလုံးကို ဖြတ်ဖို့ သင်ပေးသည်။
ဂဏန်းတွေက ပိုတောင် ရိုးရှင်းသည်။ သူတို့ကို သန့်သန့်ရှင်းရှင်း ဆေးကြောပြီးမှ အစာအိမ်တွေကို ဖယ်ရှားပေးရပါမည်။ ထို့နောက် ရှောင်းကောက ၎င်းတို့ကို အပိုင်းပိုင်းဖြတ်ပြီး ဖယ်ထားလိုက်သည်။ ဒါတွေကို ဂျုံမှုန့်နဲ့ အုပ်ပြီး နောက်ပိုင်းမှာ ဆီနဲ့ကြော်မည်။
ငါးတံခွန်ကိုလည်း ဦးခေါင်းကို ဖယ်ရှားခဲ့သည်။ ထို့နောက် နောက်ပိုင်းတွင် အသုံးပြုရန်အတွက် ၎င်းတို့ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ထားသည်။
ဖောက်ထွင်းမြင်ရသော ရေခူတစ်ကောင်ကို ချန်ထားပြီး ရှောင်းကောသည် ၎င်းကို မချက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဘယ်သူမှ မကြည့်တော့ဘဲ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပြီး နောက်တစ်ရက်အတွက် သိမ်းထားဖို့ စိတ်ကူးလိုက်သည်။
ကျန်းတန်းဟယ်က ပင်လယ်စာများကို ထောင့်တစ်နေရာတွင် စီမံဆောင်ရွက်နေစဉ်တွင် ရှောင်းကောက ဟင်းပွဲပြင်ဆင်ခြင်းမပြုမီ ဦးစွာထမင်းပေါင်းခဲ့သည်။
အချိန်အတော်လေးရှိတော့ သူ့ကိုယ်သူ အလျင်စလိုမလုပ်ခဲ့ပေ။ ပင်လယ်စာတွေက ကျက်တာမြန်သည်။ မီးဖိုချောင်ကို လှည့်ပတ်ကြည့်လိုက်တော့ ထောင့်တစ်ဖက်မှာ ဖရုံသီးအဝိုင်းသေးသေးလေးတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရသည်။ သူမ တစ်လုံးယူကာ မီးဖိုချောင်မှ ဝက်နံရိုးတစ်ချောင်းကို ချေးလိုက်သည်။
မီးဖိုထဲသို့ ပြန်ရောက်သောအခါ ရှောင်းကောသည် ရွှေဖရုံသီးနှင့် ဝက်နံရိုးများကို ချလိုက်ပြီး ပါဝင်ပစ္စည်းများကို နောက်တစ်ကြိမ်ကြည့်ခဲ့သည်။
ပုဇွန်တွေ အများကြီးရှိသည်။ သူမ ဟင်းနှစ်မျိုးလုပ်ဖို့စီစဥ်ထားသည် ပုဇွန်အစပ်နှင့် ပုဇွန်ချဉ်ချဉ်စပ်စပ်လုပ်မည်။ သူမသည် ပုဇွန်အားလုံးကို ကျက်သွားအောင်ကြော်ပြီး ဆော့စ့်နဲ့ မွှေကြော်မည်။ ဟင်းနှစ်ပွဲက ရိုးရိုးရှင်းရှင်းလေးဆိုတော့ ချက်ဖို့ အချိန်ယူရသည်။
သူမတွင် ပင်လယ်မျှော့နှင့် ကဏန်းအနည်းငယ်သာရှိသောကြောင့် ဝက်နံရိုးဖြင့် ပြုတ်ထားခြင်းဖြစ်သည်။ ၎င်းတို့ 80% ကျက်သွားသောအခါ၊ ရွှေဖရုံသီးများကို အခေါင်းပေါက်လုပ်ပြီး ပန်းကန်လုံးထဲတွင် ထည့်လိုက်သည်။ စွပ်ပြုတ်ကို ရွှေဖရုံသီးထဲသို့ လောင်းထည့်ပေးလိုက်သည်။ နောက်ထပ် နာရီဝက်လောက် ပြုတ်ပြီးရင်တော့ ဖရုံသီးတွေ ပျော့သွားပါလိမ့်မည်။ ထိုအချိန်တွင် ရွှေဖရုံသီးနှင့် အသားများ၏ အရသာများ ရောနှောသွားမည်ဖြစ်သည်။ ဒီဟင်းက ထမင်းနဲ့ အရမ်းလိုက်ဖက်သည်။ ဒါပေမယ့် ပြင်ဆင်ဖို့ အချိန်ပိုယူရတာမို့ သူမအနေနဲ့ ဒါကို အရင်လုပ်ရမည်။
ငါးတံခွန်နှစ်ကောင်လည်း ရှိသည်။ လတ်ဆတ်တဲ့ ငါးတံခွန်တွေကို ကြော်တဲ့အခါ အရသာက အကောင်းဆုံးပင်။ ဒါက လုပ်ရတာ လွယ်တာမို့ အလျင်လိုခြင်း မရှိပါဘူး။
ကျန်တဲ့ငါးကြီးတွေအတွက်တော့ ရှောင်းကောက ပထမတော့ ချက်ပြုတ်ဖို့ မစီစဉ်ခဲ့ပေ။ ဒါပေမယ့် ဟင်းနည်းနည်းပဲရှိမှာကို စိတ်ပူသည်။ လီရှို့ကျီနဲ့ ကျန်းတန်းဟယ်တို့က အရမ်းအစားကြီးကြသည်။ အဆုံးတွင်၊ သူမသည် ၎င်း၏ မီနူးထဲသို့ နောက်ထပ် ဟင်းရည်တစ်ပွဲ ထပ်ထည့်ရန် ဆုံးဖြတ်ခဲ့သည်။ မီးဖိုချောင်တွင် တိုဟူးရှိသောကြောင့် သူမ ပင်လယ်ငါးတို့ဟူးဟင်းရည်ကို ခဏအကြာတွင် လုပ်တော့မည်ပင်။