အခန်း (၃၄၁)
Vol. 23 Ch. 341
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၄၁
သူမ စိတ်ဝင်စားနေတာကို တွေ့သည့်အခါ ကောင်မလေးက သူမကို ပျော်ရွှင်စွာဖြင့် ဘယ်သူမှ မရှိတဲ့ နေရာတစ်ခုစီ ခေါ်သွားခဲ့သည်။ သူမက သူမရဲ့ လက်ချောင်းကို ရေခဲနှင့် အနည်းငယ် ခွာပြီး အဲ့ဒါကို ရှောင်းကောအား လက်ညှိုး ထိုးပြလိုက်သည်။ “ ဒီမှာ၊ အဲ့ဒါက ဒါလေ။”
အဲ့ဒါနှင့် သူမက ဘေးနားကို ရွှေ့လိုက်သည့်အတွက် ရှောင်းကောက အနီးကပ် တစ်ချက်လောက် ကြည့်လိုက်သည်။
ရှောင်းကောက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တဲ့အခါ ဟနေသည့် နေရာကြားထဲတွင် အရောင်ထွက်နေသည့် ကျောက်ခဲတွေကို တွေ့လိုက်ရသည်။
အရွယ်အစား အမျိုးစုံ ရှိနေသည့် အရောင်တောက်နေတဲ့ ကျောက်ခဲတွေကို နံရံတွေထဲမှာ သေသေချာချာ မြှုပ်ထားပြီး လရောင်တွေ ဖြာထွက်နေခဲ့သည်။ အလင်းရောင်က ရေခဲတုံးရဲ့ မြေတိုက်ခန်းထဲကနေ အလင်းပြန်လာပြီး ရှောင်းကော စိတ်ကူးထားသည့် အလင်းရောင်တွေ ထွက်လာခဲ့သည်။
!!
“အရောင်ထွက်နေတဲ့ ကျောက်ခဲတွေကို နင် ဘယ်ကနေ တွေ့လာတာလဲ။”
သူမ အံ့ဩသွားပြီးနောက် ရှောင်းကောက ဆက်မေးခဲ့သည်။
ကောင်မလေးက ခေါင်းကိုမော့ကာ ကြည့်လိုက်ပြီး ဒါဟာ သူမ မသေချာဘူးဆိုတာ ညွှန်ပြနေခဲ့သည်။ “ဒါကို အကာတွေထဲ တစ်ချို့ ယောက်ျားကြီးတွေက ပြောင်းထည့်ထားတာ။ ငါတို့မှာ အဲ့ဒါတွေကို နံရံပေါ်မှာ ကပ်ထားဖို့ပဲ တာဝန်ရှိတာ။”
ရှောင်းကောက စိတ်ပျက်လက်ပျက်နှင့် ခေါင်းငြိမ့်ပြခဲ့သည်။ ဒါက ပစ္စည်းကောင်းတွေ ဖြစ်သည်။ တကယ်လို့ သူမက ကျောက်တုံး အပိုင်းအစ တစ်ခုလောက်ကို ယူလာနိုင်ခဲ့ရင် သူမက ဖယောင်းတိုင်တွေအတွက် စိတ်ပူရလိမ့်မည် မဟုတ်ပါ။ ဒါတွေဟာ ညတိုင်း အိမ်တွေမှာ မီးထွန်းဖို့အတွက် လုံလောက်မည် ဖြစ်သည်။
နေရာက ရေခဲ မြေတိုက်ခန်း ဖြစ်နေသည့်အတွက် အပူချိန်သည် ပုံမှန်ထက် ပိုအေးသည်။ သူတို့ နှစ်ယောက်က အချိန်အတော်ကြာ မနေဘဲ မြန်မြန် ထသွားခဲ့သည်။
ထိုပေါ်ကနေ ထွက်လာပြီးနောက် သူတို့နှစ်ယောက်သည် ကိုယ့်လမ်းကိုယ် သွားခဲ့ကြသည်။ ထို့နောက်မှာတော့ မိန်းမငယ်လေးမှာ လုပ်စရာ အလုပ်အချို့ ရှိနေခဲ့သည်။ အသုံးမကျသော လူတစ်ယောက်အနေဖြင့် ရှောင်းကောသည် ထုံးစံအတိုင်း သူမကို အပူမကပ်နိုင်ခဲ့ပါ။
လမ်းတစ်လျှောက် ရှောင်းကောက လမ်းလျှောက်ရင်း သူမရဲ့ အတွေးထဲမှာပဲ နစ်မြုပ်နေခဲ့သည်။ သူမသည် သူမကိုယ်သူမ ဆက်တိုက် ရေရွတ်နေခဲ့ကာ သူမ ဘယ်ကို သွားနေလဲဆိုတာ မတွေ့ခဲ့ရပါ။ သူမက လူတစ်ယောက်နှင့် တိုက်မိသည့် အချိန်မှသာ ရပ်သွားခဲ့သည်။
“ဟူး…”
“နင် အဆင်ပြေရဲ့လား။”
ညှင်သာတဲ့ အသံတစ်သံ ထွက်လာခဲ့သည်။ ရှောင်းကောက မှင်သက်သာ သူမရဲ့ နဖူးကို လက်ဖြင့် ကာထားပြီး မြန်မြန်ပဲ လက်ကို ချလိုက်သည်။ သူမက အလောတကြီး ပြောလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်။ အရှင် အဆင်ပြေရဲ့လား။”
“ဒါက ဘာမှမဖြစ်ပါဘူး။ မင်းက ဘာလို့ မင်းရဲ့ အတွေးတွေထဲမှာ နစ်ဝင်နေရတာလဲ။”
ရှောက်ကျန့်က ခေါင်းငြိမ့်ပြလိုက်သည်။ တစ်ဖက်လူက အမှန်ကို ပြောနေတာ မဟုတ်ဘူးဆိုတာ သူက သိနေခဲ့သော်လည်း သူက ဆက်မမေးခဲ့ပါ။
“တန်းဟယ်က မင်းကို နေရာတွေစုံအောင် လိုက်ပတ်ရှာနေတာ။”
“ကျွန်မကို ရှာနေတာလား” ရှောင်းကောက သူ့ကို မယုံကြည်စွာဖြင့် မော့ကြည့်လိုက်ပြီး သူဘာကို ဆိုလိုတာလဲဆိုတာ နားမလည်ခဲ့ပါ။
“ဟုတ်တယ်” ရှောက်ကျန့်က သူမရဲ့ နောက်ကွယ်က ပုံစံကို မြင်သည့်အခါ ရှင်းပြဖို့ ပြင်လိုက်သည်။ သူက သူမရဲ့ မေးကို ပင့်ပြီး ပြောလိုက်သည်။ “မင်းကို သူကိုယ်တိုင်ပဲ ပေးပြောခွင့် ပြုလိုက်ပါ။”
ရှောင်းကောက ကျန်းတန်းဟယ် သူမဆီကို မြန်မြန် လမ်းလျှောက်လာတာကို မြင်သည့်အခါ သူက ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ သူမ ဘာကိုမှ မတုံ့ပြန်ခင်မှာပဲ သူက စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်း ဘယ်ရောက်နေတာလဲ။”
ရှောင်းကောက စိတ်ရှုပ်နေပုံရသည်။ “ကျွန်မ ဟိုနားဒီနား လိုက်ကြည့်နေရုံပါ။ ဘာလို့လဲ။”
ကျန်းတန်းဟယ်က ရုတ်တရက် စိတ်သက်သာရာရပြီး သက်ပြင်းချကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဘာမှမဟုတ်တော့ပါဘူး။”
“ဟုတ်ပါပြီ။ ငါတို့ သူ့ကို ရှာတွေ့တာ ကောင်းပါတယ်။ ငါတို့ အရင် ပြန်ကြမယ်လေ။”
အဲ့လိုနှင့် ရှောက်ကျန့်က သူ့အနောက်ရှိ အစောင့် နှစ်ယောက်နှင့် ထွက်သွားခဲ့သည်။
“အရှင့်ကို ကျေးဇူးတင်ပါတယ်။”
ကျန်းတန်းဟယ်က သူ့ကို ကျေးဇူးတင်ဖို့ မမေ့ခဲ့ပါ။ ရှောက်ကျန့် ထိုစကားကို ကြားသည့်အခါ သူက ဟိုဒီ မပြေးတော့ဘဲ သူ့ရဲ့ လက်ကိုသာ ယမ်းပြခဲ့သည်။
“ ဒီမှာ တစ်ခုခုများ လွဲနေတာလား။”
ရှောင်းကောသည် သူ့မျက်ဝန်းထဲရှိ စိုးရိမ်မှုတွေကို မြင်သည့်အခါ မနေနိုင်ဘဲ အနည်းငယ် စိုးရိမ်ခဲ့ရသည်။ ကျွမ်းကျွမ်း တစ်ခုခုများ ဖြစ်နေတာလား။
ကျန်းတန်းဟယ်ရဲ့ တိတ်ဆိတ်မှုက ရှောင်းကောကို လန့်သွားစေခဲ့သည်။ သူမက မနေနိုင်ဘဲ ကိစ္စတွေ အများကြီးကို တွေးမိခဲ့သည်။
“ကျွမ်းကျွမ်းက အဆင်ပြေပါတယ်။” ကျန်းတန်းဟယ်က သူစိုးရိမ်နေတာကိုသာ ပြောနိုင်ခဲ့သည်။ သူဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူက သူမကို နှစ်သိမ့်ပေးနေဆဲ ဖြစ်သည်။ ထို့နောက် သူက ထပ်ပြောခဲ့သည်။ “ဘယ်သူမှ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။”
“ဒါက ကောင်းပါတယ်။” ရှောင်းကောက ရုတ်တရက် လွဲနေတာကို ခံစားမိသည့်အခါ သက်ပြင်းချပြီး ကြည့်ဖို့ လုပ်လိုက်သည်။ တကယ်လို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် ဘာလို့ ကျန်းတန်းဟယ်ရဲ့ မျက်နှာက ဒီလောက်ထိ ဆူပုပ်နေရတာလဲ။
“….” ရှောင်းကောက ခနလောက် တုံ့ဆိုင်းသွားခဲ့သည်။ ရှောက်ကျန့် ပြောခဲ့တာကို ဆက်စပ်မိသည့်အခါ သူမက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ကျွန်မ တစ်ခုခု ဖြစ်နေတယ်လို့ ရှင် ထင်နေတာလား။”
“ဟွန့်…”
ဒါဟာ ရင်းနှီးနေသည့် နှာခေါင်းရှုံ့သံကို ထပ်ပြီး ကြားလိုက်ရသည်။ တန်းဟယ်ထက် ရှောင်းကောက သူ့ကို မြှောက်ပင့် ပြောရတာ ပိုကောင်းသည်။ ထို့ကြောင့် သူမက သူ့ကို ကျေနပ်စေသည့် စကားလုံးများဖြင့် ပြောလို့ပဲ ရသည်။
ကျန်းတန်းဟယ်က စပြီး အလျှော့ပေးတာကို မြင်သည့်အခါ ရှောင်းကောက ချက်ချင်း ရှင်းပြဖို့ အခွင့်အရေး ယူလိုက်သည်။ “ဒေါသမထွက်ပါနဲ့၊ ဟုတ်ပြီလား။ ကျွန်မ ဒါမျိုး ထပ်မလုပ်တော့ပါဘူး။ ကျွနါမ တစ်ချက် ကြည့်ချင်ရုံနဲ့ မြေတိုက်ခန်းကို သွားကြည့်ခဲ့တာပါ။ နောက်ပိုင်းကျရင် ကျွန်မ ရှင့်ကို သေချာ အသိပေးပါမယ်။ နော်၊ ကျွန်မ ကတိပေးတယ်။”
“ဒီစကားကို မင်းဘာသာ ပြောတာနော်။ နောက်ပိုင်းကျရင် ကန့်သတ်ထားတဲ့ နေရာတွေကို မင်းဘာသာ မသွားနဲ့။”
ကျန်းတန်းဟယ်က အရမ်းကြီး အသည်းအသန် ဖြစ်လေ့မရှိပါ။ ရှောင်းကောက နောက်နေတာကို ရပ်ပြီး လေးနက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ “ကျွန်မ အဲ့ဒါကို မှတ်ထားပါ့မယ်။”
“ ဒီနေရာမှာ အစောင့်တွေ အများကြီး မရှိပေမယ့် ကျွန်းပေါ်မှာ အစောင့်တွေ သေချာ မချရသေးဘူး။ တကယ်လို့ ဒီမှာသာ ကျွန်တွေ ရှိနေသေးရင် မင်း တစ်ယောက်တည်း သွားရင်က အန္တရာယ်များတယ်။”
ကျန်းတန်းဟယ် ပြောတာ မှန်သည်။ ထို့အပြင် ဒီနေရာရှိ ရာဇဝတ်သား မိသားစုတွေ အားလုံးမှာ အကျင့်အမျိုးမျိုး ရှိကြသည်။ အချို့တွေမှာ မိသားစုတွေက ပါဝင်နေပြီး အချို့က ပြဿနာထဲမှာ ကြံရာပါအဖြစ် ပါဝင်ခဲ့ကြသည်။ အဲ့နေရာမှာ ရိုးသားတဲ့လူတွေ ရှိသလို ထိုလူများကြား၌ မကောင်းတဲ့လူတွေလည်း များစွာ ရှိသည်။
ထို့အပြင် သူတို့တွေက စွဲမက်စရာကောင်းအောင် နေလေ့ရှိသည့် အမျိုးသမီးများလည်း ရှိသည်။ အခုဆိုရင် သူတို့တွေက ဒီလိုနေရာမှာ နေပြီး သူတို့ထက် အခြေအနေ ပိုကောင်းသည့် လူတွေကို နာကျင်အောင် လုပ်ရဖို့ လိုလားကောင်း လိုလားနေကြမည် ဖြစ်သည်။ လုံခြုံအောင် နေတာက ပိုကောင်းလိမ့်မည် ဖြစ်သည်။
သူပြန်လာတဲ့အခါ ရှောင်းကောကို မတွေ့လိုက်ရသောကြောင့် သူဘယ်လောက် ပျာယာခတ်သွားလဲဆိုတာ ဘုရားပဲ သိလိမ့်မည်။ သူက သူမကို နေရာတိုင်း လိုက်ရှာနေခဲ့သော်လည်း သူမကို ရှာမတွေ့ခဲ့ပါ။
ဒါကြောင့်ပဲ သူမက ကျန်းတန်းဟယ် ဘာလို့ ရုတ်တရက် အရမ်းကြီး စိုးရိမ်နေလဲဆိုတာ သိချင်နေခဲ့သည်။ “ကျွန်မ တောင်းပန်ပါတယ်။”
ရှောင်းကောသည် သူ့နဖူးပေါ်က ချွေးတွေကို ကြည့်ပြီး အတော်လေး အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူမက တစ်ယောက်တည်း နေလေ့ရှိပြီး သူမ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နေရသည်။ သူမသည် အချိန်တိုင်း သူမကို သတိရနေမည့် လူတစ်ယောက် ရှိနေတာကို မေ့နေခဲ့သည်။ ထိုအချိန်မှာပဲ သူမက အတော်လေး ရင်ထဲထိသွားခဲ့ရသည်။
ကျန်းတန်းဟယ်သည် သူမကို မြင်လိုက်သည့်အခါမှသာ စိတ်ကို လျှော့နိုင်ခဲ့သည်။ သူ့ရဲ့ ခံစားချက်တွေ အားလုံး အတွေးတစ်ခုထဲ ရောက်သွားခဲ့ရသည်။ “သူုံ အဆင်ပြေနေသ၍ ရပါတယ်။”
သူက ထပ်ပြီး ဒေါသ ထွက်မနေတော့ပါ။ သူ့စိတ်ထဲတွင် ကျန်ခဲ့သည့် အရာတွေကတော့ ရင်နာတာတွေသာ ကျန်ခဲ့တော့သည်။ သူမက မြေတိုက်ခန်းထဲ သွားကြည့်ရုံသာ မဟုတ်ဘူးလား။ “ဘာလို့ မင်းရဲ့ နဖူးက ဒီလောက်တောင် ရဲနေရတာလဲ။”
“ဟူး၊ ကျွန်မ မတော်မဆ ဧကရာဇ်ကို အနောက်ကနေ ဝင်တိုက်မိသွားတယ်။ ကျွန်မ အဆင်ပြေပါတယ်။” ရှောင်းကောက သူမရဲ့ နဖူးကို ရှက်ရှက်ဖြင့် ပွတ်လိုက်သည်။ “ဒါနဲ့၊ မြေတိုက်ခန်းထဲမှာ လင်းပြီး အရောင်ထွက်နေတဲ့ ကျောက်ခဲတွေ ဘယ်က ရောက်လာလဲဆိုတာ ရှင်သိလား။”
“အလင်းရောင်တွေ ထွက်နေတဲ့ ကျောက်ခဲတွေလား။” ကျန်းတန်းဟယ်က ထူးဆန်းစွာ ကြည့်ခဲ့သည်။ “မင်း အဲ့ဒါ လိုချင်လို့လား။”
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အရမ်း ရင်းနှီးပုံရသည့်အတွက် သူတို့က တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က နားလည်နိုင်သည်။
ရှောင်းကောက ရှက်ရှက်ဖြင့် ခေါင်းငြိမ့်ပြပြီး သူမရဲ့ ခေါင်းကို ပြန်ခါပြလိုက်သည်။ “ကျွန်မ အဲ့ဒါကို လိုချင်လား၊ မလိုချင်ဘူးလားဆိုတာကို မတွေးခင် အဲ့ဒါတွေ အကြောင်း သိဖို့အတွက် လိုသေးတယ်။”
ကျန်းတန်းဟယ်က ရယ်လိုက်သည်။ “ဒါက မင်းလိုချင်တယ်လို့ ဆိုလိုတာပဲ။”
“လင်းပြီး အရောင်ထွက်နေတဲ့ ကျောက်ခဲတွေကို နယ်ကြားစောင့်တဲ့ အစောင့်တွေ မြို့ရဲ့ နံရံတွေကို ဆောက်တုန်းက ရှာတွေ့ထားတာ။ ကျောက်တွင်း တစ်တွင်းလုံးကို ဧကရာဇ်အတွက် မြို့တော်ကို ပြန်ပြီး ရွှေ့ပေးထားတာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ နန်းတော်ထဲမှာ သိပ်ပြီး မသုံးပါဘူး။ ကျန်နေတဲ့ ကျောက်ခဲတွေ အားလုံးကို ဒီမှာ လင်းအောင်လုပ်ဖို့ ရွှေ့ထားတာ။”
“အဲ့မှာ ကျန်နေသေးလို့လား။”
ရှောင်းကောရဲ့ မျှော်လင့်နေတဲ့ အကြည့်ကို မြင်တဲ့အခါ ကျန်းတန်းဟယ်က ခေါင်းခါပြလိုက်သည်။
“ဟူး…”
ရှောင်းကောရဲ့ မျှော်လင့်ချက်တွေက ဖျက်စီးခံလိုက်ရသည်။ သူမသည် အစပိုင်းမှာတော့ အလင်းရောင် ထွက်နေသည့် ကျောက်ခဲတွေကို ဒီကျွန်းမှ တူးလာတာဟု သူမ တွေးထားခဲ့သော်လည်း သူမသည် ဒါတွေကို နယ်စပ်ကနေ တူးဖော်ထားတာဟု မထင်ထားခဲ့ပါ။
ကျောက်ခဲတွေက အနီးအနားမှာ ရှိနေဦးမလားဟု သူမက တွေးနေခဲ့သည်။ သူမသည် ကျောက်ခဲတွေကို ဧကရာဇ်ရဲ့ ခွင့်ပြုချက်ဖြင့် တစ်လုံးလောက် သူမဘာသာ တူးခွင့်ရဖို့ တွေးနေခဲ့သည်။ သို့သော် သူမအတွက် နယ်စပ်ကို ခရီးထွက်ဖို့ ဘာနည်းမှ မရှိပါ။
ကျန်းတန်းဟယ်လည်း သူမကို မကူညီနိုင်ခဲ့ပါ။ တယ်စပ်က အရမ်းကို ဝေးပြီး ပို့ဆောင်၊ ဆက်သွယ်ရေး အခြေအနေတွေက အဆင်မပြေပါ။ ထိုနေရာကို ရောက်ဖို့ အသွားအပြန်က တစ်နှစ်ကျော်လောက် ကြာမြင့်လိမ့်မည် ဖြစ်သည်။
ရှောင်းကောက အချိန်အတော်ကြာ စိတ်ပျက်မနေဘဲ မြန်မြန် သူမကိုယ်သူမ ထိန်းလိုက်သည်။ အဲ့နေရာမှာ အလင်းရောင် ထွက်နေသည့် ကျောက်တွေ မရှိတော့ရင်တောင် ပြဿနာ မရှိပါ။ တကယ့် ကိစ္စက ဖယောင်းတိုင်တွေသည် အတော်ကို လင်းပြီး အဲ့ဒါတွေက စျေးမကြီးပါ။ အလင်းရောင် ထွက်နေတဲ့ ကျောက်ခဲတွေက လိုအပ်ချက်တစ်ခု မဟုတ်ပါ။
ရပြီးသား အရာကြီးတစ်ခုကို ကြည့်လိုက်သည့်အခါ သူမက မတုံ့မဆိုင်းဘဲ အဲ့ဒါကို ယူလိုက်သည်။ အဲ့လိုပဲ သူတို့နှစ်ယောက်က စကားတွေပြောရင်း၊ ရယ်မောရင်း သူတို့ရဲ့ နေရာဆီ လမ်းလျှောက်လာခဲ့ကြသည်။
သူတို့နှစ်ယောက် ထွက်သွားပြီး မကြာခင်မှာပဲ လူနှစ်ယောက်က သိပ်မဝေးသည့် အဆောင်အဦ တစ်ခုထဲကနေ လမ်းလျှောက် ထွက်လာခဲ့သည်။
“အမေ၊ သမီးပြောသားပဲ။ မဒမ်က မကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။”
ရှောင်းကောကို မြေတိုက်ခန်းသို့ ခေါ်သွားသည့် မိန်းမငယ်လေးက စိုးရိမ်တကြီး သူမဘေးရှိ မိန်းမကြီးကို စကားတွေ ပြောနေခဲ့သည်။
“ပါးစပ်ပိတ်ထား” မိန်းမကြီးက ကောင်မလေးကို ခက်ထန်စွာ အပြစ်တင်လိုက်သည်။ တစ်ဖက်လူ၏ ဒေါသထွက်နေတဲ့ ပုံစံကို ကြည့်လိုက်ရင် သူမရဲ့ စိတ်လေးက အနည်းငယ် သိမ်ငယ်သွားခဲ့သည်။
ထို့နောက် သူမကိုယ်သူမ ထပ်ပြီး ကြိုးစားဖို့ တွန်းအား ပေးခဲ့သည်။ “အမေ လူတစ်ယောက်ကို သူတို့ရဲ့ အပေါ်ယံ ပုံစံတွေကိုပဲ ကြည့်ပြီး သတ်မှတ်လို့ မရဘူး။ နောက်ပိုင်းကျရင် အမေက လူတွေကို မြေတိုက်ခန်းထဲ ခွင့်ပြုချက်မရှိ ခေါ်သွားရတော့မှာ မဟုတ်ဘူး။ တကယ်လို့ တစ်ခုခု မှားသွားရင် အမေ့မှာ အသက်အပို ဆယ်ချောင်းလောက် ပါရင်တောင် သေရလိမ့်မယ်။ အမေ သိရဲ့လား။”
“ …ငါ သိပြီ။”
ကောင်မလေးက ခေါင်းကို ဒေါသတကြီး ငုံ့ပြီး ညှင်သာစွာ ပြောလိုက်သည်။
သူမ ခေါင်းငုံ့လိုက်သည့်အခါ သူမက တစ်ဖက်လူရဲ့ မျက်ဝန်းထဲရှိ မျက်ရည်စတွေကို သတိမထားမိခဲ့ပါ။ သူမက မနေနိုင်ဘဲ သူမရဲ့ ကြင်နာပြီး ညှာတာတတ်တဲ့ အမေက ဘာလို့ ဒီလိုမျိုး ဖြစ်လာရလဲဆိုတာကို သိချင်နေခဲ့သည်။