အခန်း (၃၄၃)
Vol. 23 Ch. 343
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၄၃
ရှောင်းကောက ပြန်မဖြေဘဲ ထိုအစား သူ့ကို မေးခဲ့သည်။ ရှောက်ကျန့် သူ့ကို တစ်နေ့လုံး လိုက်ရှာနေတယ်ဆိုတာ မပြောဘူးလား။ သူက ညနေပိုင်းရောက်တဲ့အထိတောင် ပြန်မလာသေးဘူး။ ရှောင်းကောက အတွက်မှားသွားခဲ့သည်။ တကယ်လို့ ယွီကျစ်ကျစ်က အကြောင်းပြချက် မရှိဘဲ ထွက်မပြေးသွားခဲ့ရင် သူတို့ နှစ်ယောက်က မျက်နှာချင်းဆိုင် တွေ့ရလိမ့်မည် ဖြစ်သည်။
“ဟုတ်တယ်။ ကိုယ့်မှာ လုပ်စရာရှိလို့။ ကိုယ် ဒီကို အဝတ်တွေ ယူဖို့ ရောက်လာတာ။”
ကျန်းတန်းဟယ်က သူ့ရဲ့ လက်ထဲရှိ အဝတ်တွေကို ခြေဟန်၊ လက်ဟန်ဖြင့် ပြလိုက်သည်။
“ရှင်က ဘာလို့ အဝတ်တွေကို ရှင်နဲ့အတူတူ ယူသွားတာလဲ။”
“ကိုယ့်မှာ ဒီည လုပ်စရာ ရှိတယ်။ မနက်ကျရင် ကိုယ် ကိစ္စတစ်ခုနဲ့ ပြန်လာခဲ့မယ်။”
ကျန်းတန်းဟယ်မှာ အချိန်သိပ်မရှိပါ။ ရှောင်းကောကို အကြောင်းကြားပြီးနောက် သူက လမ်းလျှောက်ကာ ထွက်သွားခဲ့သည်။ သို့သော် သူက ရုတ်တရက်ကြီး လမ်းတစ်ဝက်မှာ အနောက်ကို ပြန်လှည့်လာပြီး သူမကို စိုးရိမ်တကြီး လမ်းညွှန်ပေးခဲ့သည်။ “တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်ထား။”
“အိုက်ယား၊ ကျွန်မ သိပါတယ်။”
ရှောင်းကောက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။ ဒါကို သူပြောတာ ကိုးကြိမ်မြောက် ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းတန်းဟယ်က ပြုံးကာ စကားအနည်းငယ် ပြောပြီးနောက် ထွက်သွားခဲ့သည်။ “တော်လိုက်တဲ့ ကောင်မလေး။” သူက ဒီလိုမျိုး ပြောပြီးနောက် ထွက်သွားခဲ့သည်။ သူမက သူ့ရဲ့ ချစ်စရာကောင်းသည့် နောက်ကျောဘက်ကို ကြည့်ရင်း အတော် စိုးရိမ်နေခဲ့သည်။
ရှောင်းကောက မထိန်းနိုင်ဘဲ ရယ်မိလိုက်သည်။ သူက ထိုအချိန်မှာ အတော်လေး ထိန်းထားခဲ့ရသော်လည်း သူမနှင့်အတူ အေးဆေးသွားဖို့ အတော်လေး အချိန် ကုန်ခဲ့ရသည်။
ရှောင်းကောက ဆန်ပြုတ် အေးအေးလေးကို ယူပြီး ထွက်လာသည့်အခါ သေသေချာချာ ဝတ်စားထားတဲ့ ယွီကျစ်ကျစ်ကို ဝင်တိုက်မိခဲ့သည်။
“ ရှောင်း… သခင်မ၊ အပြင်သွားမလို့လား။”
ယွီကျစ်ကျစ်က ရှောင်းကောရဲ့ အဝတ်စကို မြန်မြန် ဆွဲလိုက်သည်။ သူမက မထိန်းနိုင်ဘဲ စိုးရိမ်စွာဖြင့် အော်လိုက်သည်။
“ဟုတ်တယ်။ ငါ စားစရာတွေ သွားပို့မလို့။”
ကျွမ်းကျွမ်းနှင့် ရှောက်ယိက ဥယျာဥ်ထဲရှိ အရိပ်အောက်မှာ စာလေ့လာနေဆဲ ဖြစ်သည်။ သူမက သူတို့ရဲ့ သေချာ ကြိုးစားမှုအတွက် ဆုချရန် ဆန်ပြုတ်အေးအေးလေး တိုက်ဖို့ စီစဥ်နေခဲ့သည်။
ဥယျာဥ်က သိပ်မဝေးသည့်အတွက် ရှောင်းကောက ဆန်ပြုတ်ကို ချည်အဝတ်ဖြင့် မပတ်သွားခဲ့ပါ။ သို့သော် တစ်ဖက်လူက ကြားဖြတ်ဝင်လာပြီးနောက် ဆန်ပြုတ် အေးထဲရှိ ရေခဲက အနည်းငယ် စပြီး အရည်ပျော်နေပြီ ဖြစ်သည်။ ထိုဆန်ပြုတ်က စားလို့ရဆဲ ဖြစ်သော်လည်း သူမက အဲ့ဒါကို တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးဖို့ လိုအပ်သည်။ ထို့အပြင် အချိုပွဲက အေးအေးလေး စားရမှာ ဖြစ်သည့်အတွက် အဲ့ဒါတွေကို အအေးခံရမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးကြည့်လိုက်ရင် ရှောင်းကောက သူမဆီကနေ ထွက်သွားပြီး လမ်းဆက်လျှောက်နေခဲ့သည်။
ယွီကျစ်ကျစ်က အိမ်ထဲကနေ ရှောင်းကောရဲ့ ထွက်သွားတဲ့ ပုံစံကို ကြည့်လိုက်သည်။ သူမက အရမ်းကို စိုးရိမ်နေသည့်အတွက် သူမရဲ့ လက်ထဲရှိ လက်ကိုင်ပုဝါကိုတောင် သူမ ဆက်တိုက် ဆွဲနေမိလို့ ပြဲမလိုတောင် ဖြစ်နေခဲ့သည်။ နောက်ဆုံးမှာတော့ သူမရဲ့ ဆင်ခြင်နိုင်မှုကြောင့်ပဲ အဆင်ပြေသွားခဲ့သည်။ သူမက ဒေါသတကြီး ခြေကိုဆောင့်ကာ ရှောင်းကောရဲ့ အနောက်ကို လိုက်သွားခဲ့သည်။
သူမရဲ့ အနောက်ကနေ လိုက်သွားပြီးနောက် သူမက ပြောခဲ့သည်။ “ကျွန်မကို စောင့်ပါဦး။ အတူတူ သွားမယ်လေ….”
ရှောင်းကောက ထိုစကားကို ကြားသည့်အခါ သူမက တကယ်ကြီး အရှိန်ကို လျှော့ချလိုက်သည်။ တကယ်လို့ သူမက စောင့်ရမယ်ဆို စောင့်လိုက်မည် ဖြစ်သည်။ သူမက ယွီကျစ်ကျစ်ရဲ့ သတင်းဆိုးကို သတင်းပို့ရမည်ဆိုတာကို ရုတ်တရက် သတိရသွားခဲ့သည်။ သူမ လိုက်ရီာနေသည့် ထိုလူက ဒီည ပြန်လာလိမ့်မည် မဟုတ်ပါ။ သူမက ကိုယ်လက် သန့်စင်ပြီး ဘာမှ ထူးထူးခြားခြား မရှိဘဲ သေချာ ဝတ်ဆင်ထားခဲ့သည်။
ယွီကျစ်ကျစ်က ဘာအခက်အခဲမှ မရှိဘဲ ရှောင်းကောရဲ့ အရှိန်ကို မှီသွားခဲ့သည်။ သူမက ရည်ရွယ်ချက်ရှိရှိ သူမထက် ခြေတစ်လှမ်းဦးအောင် လျှောက်ခဲ့သည်။
သေချာတာကတော့ ရှောင်းကောမှာ သူမကို ပျောက်စေချင်စိတ် မရှိပါ။ ဒါကို တမင်တကာ လုပ်တဲ့ အပြုအမူဟု သတ်မှတ်သည်။ ထို့နောက်မှာတော့ သူမက မိုးဖိုချောင်ထဲမှာ အမြဲတမ်း ရှိနေခဲ့သော်လည်း သူမက လက်ဗလာဖြင့် ဇွန်ဘီးတွေကို တိုက်ခိုက်ခဲ့သည်။ သူမက ယွီကျစ်ကျစ်ကို စာကလေးတစ်ယောက်က သူမကို ထိန်းချုပ်ထားသလို လုပ်ခွင့်မျိုး ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ။
တစ်ဖက်လူက ကိုယ့်ကိုကိုယ် ဟုတ်လှပြီဟု ထင်နေချိန် ရှောင်းကောက ယွီကျစ်ကျစ်ရဲ့ ခြေလှမ်းတွေကို မှီအောင် မြန်မြန် အရှေ့ကို လျှောက်သွားခဲ့သည်။ ရှောင်းကောက ဒါကို မြင်သည့်အခါ သူမက ချက်ချင်း သူမရဲ့ သရုပ်ဆောင် စွမ်းရည်တွေကို ထုတ်ပြလိုက်ပြီး ယွီကျစ်ကျစ်ကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်သည်။ “နင် အဆင်ပြေရဲ့လား။”
“ငါ အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ဟိုတစ်လောကမှ နည်းနည်းလေး ပင်ပန်းနေလို့ပါ။”
ယွီကျစ်ကျစ်က သူမရဲ့ မျက်နှာပေါ်တွင် တွေဝေနေပုံ ပေါ်သွားခဲ့သည်။ သူမက ဘာကြောင့် ရုတ်တရက်ကြီး ပြေးနေရတာလဲ။ သူမရဲ့ ပင်ပန်းမှုတွေကို စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်စေခဲ့တာလား။
သူမက ထိုအကြောင်း ပိုတွေးမိလေလေ၊ ထိုကဲ့သို့ ပိုပြီး တူလာလေလေ ဖြစ်သည်။ ယွီကျစ်ကျစ်က သူမရဲ့ နှုတ်ခမ်းကို သပ်လိုက်သည်။ သူမက တကယ်ကို သေချာ အနားယူဖို့ လိုအပ်သည်။
“နင် အရမ်း ပင်ပန်းနေပြီ။ ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်” ရှောင်းကောက သူမကို သူမရဲ့ နေရာဆီ ပြန်သွားဖို့ ကူညီပေးရန် ကြိုးစားခဲ့သည်။
“အို၊ မလိုပါဘူး။ မလိုပါဘူး။”
ယွီကျစ်ကျစ်က လန့်သွားခဲ့သည်။ ထိုစကားကို ပြောပြီးနောက် သူမက အတော်လေး စိုးရိမ်နေတာကို ရုတ်တရက် သိသွားခဲ့သည်။ တကယ်လို့ ရှောင်းကောက သူမကို ပြန်ပို့လိုက်ရင် သူမရဲ့ အစ်ကိုကျန်းကို သတိရနေရရမှာကို စိတ်ပူနေခဲ့သည်။ ဒီကိစ္စကြောင့်သာဆိုရင် သူမက ဘာမှ မဟုတ်ဘဲ သေချာ ဝတ်ဆင်ထားခဲ့သည်။ အခုချိန်မှာ သူမက ပြန်သွားလို့ မရနိုင်ပါ။
သူမရဲ့ မျက်ဝန်းကျယ်ကျယ်လေးတွေက စိုးရိမ်ကြီးစွာ ပေကလပ်၊ ပေကလပ် လုပ်နေသည့်အတွက် သူမက သူမရဲ့ ဦးနှောက်ကို ဖျစ်ညှစ်နေသလို ဖြစ်နေခဲ့သည်။ နောက်ဆုံးမှာတော့ သူမက ပန်းကန်လုံးကို ကြည့်လိုက်သည်။ ဒါက ဘာလဲဆိုတာ သူမက မသိသော်လည်း သူမက အဲ့ဒါကို ရှောင်းကောအား အာရုံလွှဲဖို့ သုံးခဲ့သည်။
စိတ်အေးအေးထားပြီးနောက် သူမက ပြတ်သားစွာ ပြောလိုက်သည်။ “ဟင့်အင်း၊ အဆင်ပြေပါတယ်။ မြန်မြန် သွားကြရအောင်။ ပန်းကန်ထဲက စားစရာတွေ အရည်ပျော်တော့မယ်။”
“…. ဒါဆိုလည်း ပြီးတာပဲ။” ရှောင်းကောက အင်တင်တင်နှင့် သဘောမတူခင် အချိန်အတော်ကြာ တွေးချင်ယောင် ဟန်ဆောင်နေခဲ့သည်။
သူမက ထိုစကားကို ပြောခဲ့သော်လည်း သူမရဲ့ လုပ်ရပ်က လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သည်။ သူမရဲ့ လက်ထဲရှိ အေးနေတဲ့ ဆန်ပြုတ်က တကယ်ကို အရည် ပျော်နေခဲ့သည်။ သူမ မြန်မြန် လုပ်ကို လုပ်ရမည် ဖြစ်သည်။
သူမက ဥယျာဥ်ထဲကို သုတ်ခြေတင် သွားခဲ့ပြီး ယွီကျစ်ကျစ် သူမရဲ့ အနောက်ကို လိုက်လာလားဆိုတာ ဂရုမစိုက်ဘဲ ကလေးနှစ်ယောက်ရဲ့ လက်ထဲသို့ အချိုပွဲတွေကို ပေးလိုက်သည်။ “အရင် စားလိုက်ဦး။ မင်းတို့တွေ နောက်မှ စာဆက်လုပ်လို့ရတယ်။”
“ ကျေးဇူးတင်ပါတယ်။” ရှောက်ယိက ဆန်ပြုတ် အေးအေးလေးကို ယူလိုက်သည့်အခါ သူ့ရဲ့ မျက်ဝန်းတွေက အရောင်တွေ တောက်လာခဲ့သည်။ သူက ဇွန်းဖြင့် စတော်ဘယ်ရီယိုကို ယူပြီး ရေခဲနှင့် စားလိုက်သည်။ ဗိုက်ထဲကို ဝင်သွားတာနှင့် သူ့ရဲ့ အအေးဓာတ်က အံ့ဩဖို့ကောင်းလောက်အောင် ဖြစ်နေခဲ့သည်။
သူ့ရဲ့ ချစ်စရာကောင်းသည့် ပုံစံလေးကို ကြည့်လိုက်တဲ့အခါ ရှောင်းကောရဲ့ ရင်ထဲမှာ မိဘမေတ္တာတွေ ပိုလျှံလာခဲ့သည်။ သူမက ထအော်လုနီးပါး ဖြစ်သွားခဲ့သည်။ ကောင်လေးကို ကြည့်ရတာ အတော်လေး ချစ်ဖို့ကောင်းသည်။
ရှောက်ယိက စားပြီးလုနီးပါး ဖြစ်သွားသည့်အခါ နောက်ဆုံးမှာတော့ ကျွမ်းကျွမ်းက အသိစိတ်တွေ ပြန်ဝင်သွားခဲ့သည်။ သူက စားပွဲခုံပေါ်ရှိ ဆန်ပြုတ် အေးအေးလေးကို ယူပြီး ရှောင်းကောကို ချိုချိုသာသာ ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ်၊ အမေ…”
ရှောင်းကောက ညှင်သာစွာ ပြန်ပြောလိုက်သည်။ “ရပါတယ်ကွယ်။”
“အမေ၊ ခေါင်းနည်းနည်းငုံ့။”
ရှောင်းကောက နားမလည်သော်လည်း သူမရဲ့ ခေါင်းကို ပြောတဲ့အတိုင်း ငုံ့လိုက်သည်။
ထိုအချိန်မှာပဲ ကျွမ်းကျွမ်းက ဆန်ပြုတ် အေးအေးလေးကို ချပြီး သူ့အိတ်ကပ်ထဲရှိ လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်လိုက်သည်။ သူက ဂရုတစိုက်ဖြင့် သူမရဲ့ နဖူးနှင့် နှာခေါင်းကို သုတ်ပေးခဲ့သည်။ “မေမေ၊ နောက်တစ်ခါကျရင် အဲ့လို အလောသုံးဆယ် မလုပ်နဲ့။ ကျွမ်းကျွမ်း မေမေ့ကို ဒီလို ပုံစံမျိုးနဲ့ မြင်ရတာ မခံစားနိုင်ဘူး။”
“ဟုတ်ပါပြီ။ သားလေးရယ်။ မေမေ မှတ်ထားပါမယ်။”
ရှောင်းကောက ကလေးလေးရဲ့ ညှင်သာမှုကို ခံစားခဲ့ရသည်။ သူမက လုံးဝကို ပျော်နေခဲ့သည်။
ဘေးနားရှိ ရှောကိယီက တိတ်တဆိတ်ဖြင့် သူ့ရဲ့ ဆန်ပြုတ် အေးအေးလေးကို ချပြီး သူတို့နှစ်ယောက် စကားတွေ ပြောနေတာကို အားကျစွာ ကြည့်နေခဲ့သည်။ သူ့ရဲ့ လက်လေးက သူ့ရဲ့ လက််ကိုင်ပုဝါကို ယူပြီး ပြန်မထည့်ခင် ကိုင်ထားခဲ့သည်။ သူက သူ့အတွေးတွေကို ဘေးဖယ်ထားပြီး ပျော်သလို ဟန်ဆောင်ကာ ဆန်ပြုတ် အေးအေးလေးကို ဆက်စားခဲ့သည်။
ရှောင်းကောက အပေါ်ကို မော့ကြည့်ပြီးနောက် သူမရဲ့ ခေါင်းကို ငုံ့ကာ လှည့်လိုက်သည်။ တကယ်တမ်းတော့ သူမ လမ်းလျှောက်လာခဲ့သည့် ခရီးတိုလေးက သူမကို ချွေးထွက်အောင် လုပ်ဖို့ မလုံလောက်ပါ။ သူမ အနည်းငယ် နောက်ကျသွားရတာ နေပူထဲမှာ ရပ်နေရလို့သာ ဖြစ်သည်။
သို့သော် ထို့နောက်မှာတော့ ယွီကျစ်ကျစ်က ဘယ်ကို ရောက်သွားခဲ့တာလဲ။
ရှောင်းကောက သူမရဲ့ အနောက်ကနေ ဒီကို လိုက်လာတဲ့ မိန်းမတစ်ယောက်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ဒီလောက်ကြာတာတောင် သူမက ဘာလို့ ရောက်မလာသေးတာလဲ။
သူမက ဘေးပတ်လည်ကို လိုက်ကြည့်လိုက်သည့်အခါ ရုတ်တရက် ယွီကျစ်ကျစ်က သူမရဲ့ အနောက်ကနေ စကား ပြောလိုက်သည်။
“သခင်မ”
လန့်သွားတဲ့ ရှောင်းကောက အနောက်ကို လှည့်လိုက်သည့်အခါ ချွေးတွေ စိုရွှဲနေသည့် ယွီကျစ်ကျစ်ကို တွေ့ခဲ့သည်။
“နင်က ဘာလို့ ဒီလောက်တောင် ချွေးတွေ ထွက်နေတာလဲ။”
ဒီတစ်ခေါက်မှာတော့ ရှောင်းကောက လုံးဝကို အထင်ကြီးသွားခဲ့သည်။ ဒီလောက်တိုတဲ့ ခရီးတစ်ခုကို လမ်းလျှောက်သွားပြီးနောက် သူမက တကယ်ကို ချွေးတွေ ထွက်နေခဲ့သည်။ ကောင်းကောင်း မသိတဲ့ ထိုလူတွေက သူမ မာရသွန် ပြေးလာတယ်ဟု တွေးနေလိမ့်မည် ဖြစ်သည်။
“အို၊ ဒါက ဘာမှမဟုတ်ပါဘူး…” မလုံမလဲဖြစ်နေသည့် အရိပ်အယောင်လေးကို ယွီကျစ်ကျစ်ရဲ့ မျက်ဝန်းထဲမှာ ဖျက်ခနဲ မြင်လိုက်ရသည်။ “ကျွန်မက နည်းနည်းလေး ပူနေတယ်ဆိုရုံပါပဲ။”
“အို့”
ရှောင်းကောက သူမနှင့်ပတ်သက်ပြီး လုံးဝကို စိတ်မဝင်စားခဲ့ပါ။ သူမက ထုံးစံအတိုင်း တုံ့ပြန်ပြီး သူမရဲ့ ကလေးနှစ်ယောက်ကို ပြန်ပြီး အာရုံစိုက်ခဲ့သည်။
သူမက ထပ်ပြီး မမေးတော့တာကို မြင်သည့်အခါ ယွီကျစ်ကျစ်က စိတ်သက်သာရာရပြီး သက်ပြင်းချခဲ့သည်။ သူမက တိတ်တဆိတ် ခေါင်းပြန်လှည့်ပြီး သူမရဲ့ ချွေးတွေကို လက်ကိုင်ပုဝါ တစ်ထည်ဖြင့် သုတ်လိုက်သည်။
အစောပိုင်း လမ်းတစ်လျှောက်မှာ သူမက အထူးသဖြင့် အစ်ကိုကျန်းနှင့်တူတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရသည်။ ရုတ်တရက် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြီး သူမက သူ့နောက်ကနေ လိုက်သွားခဲ့သည်။ အချိန်အတော်ကြာ အနောက်ကနေ ထွက်သွားပြီးနောက် ဒါက သိပြီးသား အမှားတစ်ခုကို သတိရသွားသည့်အခါ သူမက မြန်မြန်ပဲ ပြန်ပြေးသွားခဲ့သည်။
သူမမှာ လိပ်ပြာမလုံတဲ့ စိတ်မျိုး ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှောင်းကောက သူမကို ထိုအကြောင်း အခုလေးတင် မေးလိုက်သည့်အခါ သူမက မေးခွန်းကို မသိစိတ်ကနေ ရှောင်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရှောင်းကောက ဆက်မမေးခဲ့ပါ။ ထိုအရာကပဲ သူမကို အသက်ရှူခွင့်ရအောင် အခွင့်အရေး တစ်ခုကို ပေးခဲ့ခြင်း ဖြစ်သည်။
ယွီကျစ်ကျစ်က အတော်လေး စိုးရိမ်နေခဲ့သော်လည်း သူမက အဲ့ဒါကို ထုတ်မပြနိုင်ခဲ့ပါ။ သူမက ရှောင်းကောကို ပြန်သွားရန် တွန်းအားပေးဖို့သာ အရိပ်အကဲ ပြနိုင်သည်။
မမျှော်လင့်ထားစွာဖြင့် ရှောင်းကောက မလှုပ်မယှက် နေနေခဲ့သည်။ သူမက နေဝင်လုနီးပါး ညနေအထိ နေနေခဲ့သည်။
“ကျွန်မတို့တွေ ပြန်သွားကြတော့မလား။”
သူမရဲ့ စိတ်လှုပ်ရှားမှုနှင့် အချိန်အတော်ကြာ သူမ စကားမပြောတဲ့အတွက်ကြောင့် ယွီကျစ်ကျစ်ရဲ့ အသံက အနည်းငယ် အက်ရှရှ ဖြစ်နေခဲ့သည်။ သို့သော် ဒါဟာ သူမ ဘယ်လောက်တောင် ပျော်နေလဲဆိုတာ ပြောပြဖို့ မခက်ပါ။
“နင် မသွားရသေးဘူးလား။”
ရှောင်းကောက ပြန်လှည့်လိုက်ပြီး သူမကို အခုမှ သတိထားမိသလို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူမသည် ကလေးနှစ်ယောက်ကိုသာ အရမ်း အာရုံတွေ စိုက်ထားသည့်အတွက် ယွီကျစ်ကျစ် ရှိနေတာကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ထို့အပြင် သူမကလည်း စကားတစ်ခွန်းမှ မပြောသည့်အတွက် သူတို့နှင့်အတူ လေးယောက်မြောက်လူ ရှိနေတယ်ဆိုတာက သူမက မေ့သွားခဲ့ပြီ ဖြစ်သည်။
“နင်သွားပြီလို့ ငါထင်နေတာ။”
ယွီကျစ်ကျစ်က အတော်လေးကို အင်တင်တင်နှင့် ပြုံးပြခဲ့သည်။ သို့သော် အစ်ကိုကျန်းကို တွေ့ဖို့အတွက် သူမက ဒါကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။
သူမ ဘာတွေ တွေးနေလဲဆိုတာကို ရှောင်းကောကလည်း သိနေခဲ့သည်။ လမ်းတစ်လျှောက် သူမက သူ့အနောက်ရှိ အမျိုးသမီး လိုက်လာတာကို မမြင်ချင်ယောင် ဟန်ဆောင်နေခဲ့သည်။ နေရမည့် နေရာကို ရောက်ခါနီးသည့်အခါ သူမက ထုံးစံအတိုင်း အနောက်ကို ကြည့်ပြီး အံ့ဩတဲ့ပုံစံမျိုး ဟန်ဆောင်ကာ ပြောလိုက်သည်။ “ကျစ်ကျစ်လား။ နင် ဘာလို့ မပြန်သေးတာလဲ။ ညစာစားရမယ့် အချိန်ကိုတောင် ရောက်တော့မယ်။”
ယွီကျစ်ကျစ်က အသက်မသာဖြစ်စွာ ပြုံးပြီး ဆင်ခြေ များစွာအား ခပ်မြန်မြန်စဉ်းစားလိုက်သည်။
ရှောင်းကောက သူမကို ကြည့်ပြီး နတ်ဆိုးဆန်ဆန် ပြုံးလိုက်မိသည်။