အခန်း (၃၄၄)
Vol. 23 Ch. 344
အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး
အပိုင်း ၃၄၄
ယွီကျစ်ကျစ်က သူမရဲ့ ဆင်ခြင်တွေကို ပြောဖို့ လုပ်လိုက်ချိန် ရှောင်းကောက ရုတ်တရက်ဆိုသလို ကြင်နာတတ်တဲ့ အပြုံးတစ်ခုကို ပြုံးပြပြီး ပြောဖို့အတွက် လက်ဦးမှု ယူလိုက်သည်။ “ဘာလို့ ငါတို့နဲ့အတူတူ စကား လာမပြောတာလဲ။ ဒီည ဒီမှာ ငါတို့သုံးယောက်ပဲ ရှိတာ။”
သူမ စကားပြောသည့်အခါ သူမက ကျွမ်းကျွမ်းနှင့် ဝမ်ရှောက်ယိကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ လူကြီး တစ်ယောက်နှင့် ကလေးနှစ်ယောက် တိတိကျကျကို သူတို့ သုံးယောက်ပဲ ရှိသည်။
ယွီကျစ်ကျစ်က ရှောင်းကောရဲ့ ဖိတ်ခေါ်မှာကို အံ့ဩသွားခဲ့သော်လည်း သူမက သိသွားခဲ့သည်။ သူတို့ သုံးယောက်တည်းလား။
ဒါဟာ သူမ တွေးနေသည့် လူသုံးယောက်နှင့် ကွာခြားသည်။ ထိုအစား သူတို့က သူမအရှေ့တွင် ရှိနေတဲ့ လူသုံးယောက်သာ ဖြစ်သည်။
!!
“….သခင်မရဲ့ ယောက်ျားက ဒီမှာ မရှိဘူးလား။”
“အစ်ကိုကျန်း” ဆိုသည့် စကားကို မျိုသိပ်ရင်း ထိုစကားက သူမရဲ့ ပါးစပ်ထဲကနေ ထွက်လာလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ယွီကျစ်ကျစ်က နာကျင်မှုကို သည်းခံပြီး “သခင်မရဲ့ ယောက်ျား” ဟုသာ ပြောင်းပြောခဲ့သည်။
“….” ရှောင်းကောက ယွီကျစ်ကျစ်ကို ညှင်သာစွာ ပြုံးပြီး နူးညံ့စွာ ပြောလိုက်သည်။ “တစ်နေ့လုံး သူ ဒီမှာ ရှိမှာ မဟုတ်ဘူး။”
“…..”
ယွီကျစ်ကျစ်ရဲ့ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
ညစာစားချိန်အတွင်း ရှောင်းကောက ရယ်တာကို မရပ်နိုင် ဖြစ်နေခဲ့သည်။ သူမသည် အစောပိုင်းတုန်းက ယွီကျစ်ကျစ်ရဲ့ ပုံစံကို ပြန်တွေးမိတိုင်း သူမ အရယ် မရပ်နိုင်ပေ။ သူမက တကယ်ကို ဟာသတစ်ခုလို ဖြစ်နေခဲ့သည်။
ရှောက်ယိနှင့် ကျွမ်းကျွမ်းက ဂရုတစိုက် စားနေခဲ့သည်။ အဲ့နေရာမှာ နောက်ထပ် ရယ်သံတစ်သံ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးက ကြောက်ကြောက်လန့်လန့်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
ရှောက်ယိ - “သူ ဘာထဖြစ်တာလဲ။”
ကျွမ်းကျွမ်းက ခေါင်းခါပြလိုက်သည်။ “ငါလည်း မသိဘူး။”
ရှောက်ယိ - “အို၊ ငါသိပြီ။ ဒါ ဘာလို့လဲဆိုတော့ ဒီနေ့ စားစရာက အရမ်း စားကောင်းနေလို့ပဲ။”
ကျွမ်းကျွမ်းက သူ့မျက်လုံးတွေ ပေကလပ်၊ ပေကလပ် ဖြစ်သွားခဲ့သည်။ “အမေက ဟင်း တစ်ခုမှ မစားဘဲ ထမင်းပဲ စားနေတာ မတွေ့ဘူးလား။”
ရှောက်ယိက ရှောင်းကောကို သိတဲ့ပုံစံမျိုးဖြင့် ကြည့်ကာ နားလည်သလိုနှင့် ခေါင်းငြိမ့်ပြခဲ့သည်။ “အဲဲဒါဆိုလည်း အဒေါ် ရူးနေတာပဲနေမယ်။”
ကျွမ်းကျွမ်း - …..
ရှောင်းကောသည် သူတို့နှစ်ယောက်ကြားရှိ ကိစ္စလေးကို သတိမထားမိခဲ့ပါ။ ထိုအစား သူမသည် အစောပိုင်းက ယွီကျစ်ကျစ်ရဲ့ အပြုအမူထဲ နစ်မျောသွားခဲ့သည်။
သူမက တစ်ဖက်လူကို ဆိုးဆိုးရွားရွား တုံ့ပြန်ဖို့ မျှော်လင့်ထားသလို ဖြစ်နေခဲ့သော်လည်း သူမက အဲ့လောက် ဆိုးဆိုးရွားရွားကြီး ဖြစ်ဖို့ကိုလည်း မမျှော်လင့်ထားခဲ့ပါ။ တကယ်လို့ သတ်လို့သာ ရခဲ့ရင် သူမက ဇကာပေါက်လို ဖြစ်သွားလိမ့်မည်။
ညဘက်မှာတော့ ကျန်းတန်းဟယ်က ပြန်မလာခဲ့ပါ။ မိုးချုပ်နေတာကို တွေ့သည့်အခါ ရှောင်းကောက ထပြီး တံခါးကို ပိတ်လိုက်သည်။
လမ်းတစ်လျှောက်မှာ သူမက နောက်တစ်ခန်းကို သွားပြီး ကျွမ်းကျွမ်းနှင့် ရှောက်ယိကို စစ်လိုက်သည်။ သူတို့နှစ်ယောက်က ကောင်းကောင်း အိပ်နေခဲ့ကြပြီး သူတို့ရဲ့စောင်တွေကို ကန်မထုတ်ခဲ့ပါ။ မြန်မြန်လေး ကြည့်ပြီးနောက် သူမက အေးအေးဆေးဆေး ပြန်အိပ်သွားခဲ့သည်။
သူမ အိပ်ရာထဲကနေ လမ်းလျှောက်ထွက်လာသည့်အခါ ရှောက်ယိက ရုတ်တရက် တစ်ခုခုကို ငြီးတွားခဲ့သည်။ ရှောင်းကောက သူမရဲ့ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အချိန်အတော်ကြာ သေသေချာချာ နားထောင်ဖို့အတွက် သူမရဲ့ခေါင်းကို လှည့်လိုက်သည်။ သူမ ဘာကိုမှ မကြားသည့်အခါ ထိုအကြောင်း တွေးနေတာကို ရပ်လိုက်ပြီး ထွက်သွားဖို့ ပြန်လှည့်လိုက်သည်။
တံခါးကို ပိတ်လိုက်သည့်အချိန်မှာ ရှောက်ယိက သူ့ကိုယ်သူ ပြန်ငြီးနေတာကို ထပ်ပြီး ကြားခဲ့ရသည်။
“ကျွန်တော် အမေ့ကို သုတ်ပေးမယ်… ကျွန်တော့်မှာလည်း လက်ကိုင်ပုဝါရှိတယ်။”
…...
တစ်ဖက်မှာတော့
ယွီကျစ်ကျစ်က သူမရဲ့ အိပ်ဆောင်ကို ဒေါသတကြီး ပြန်သွားခဲ့သည်။ သူမရဲ့ ညစာကိုတောင် မစားဘဲ တံခါးကို ဆောင့်ပိတ်လိုက်ကာ သူမရဲ့ ဘေးပတ်လည်ကို စိုက်ကြည့်နေခဲ့သည်။ တံခါးကို လာတဲ့တစ်လျှောက်လုံး သူမကို လူတိုင်းရဲ့ မျက်ဝန်းတွေက လှောင်နေသလို ဖြစ်နေခဲ့သည်။
“ဘာလို့ ရွာသမတစ်ယောက်က ဒီမှာလာပြီးတော့ ဝုန်းဒိုင်းကြဲနေတာလဲ။ သူက တကယ်ကို သူ့နေရာသူ မသိတာပဲ။”
ယွီကျစ်ကျစ် အခန်းထဲကို ဝင်လာသည့်အခါ သူမက သူမရဲ့ ခေါင်းပေါ်က ပန်းကို ဆွဲယူပြီး မြေပေါ်ကို ပစ်ချလိုက်သည်။ သူမက ဒေါသတကြီး ပန်းကို ခြေထောက်ဖြင့် အနည်းငယ် ဆောင့်လိုက်သည်။
“စိတ်ကုန်လိုက်တာ၊ ငါ တော်တော်လေးကို စိတ်ကုန်နေပြီ။”
ယွီကျစ်ကျစ်က အိပ်ရာပေါ် လှဲချပြီး သူမက စောင်ကို ခေါင်းမြှီးခြုံထားခဲ့သည်။ သူမက မရပ်ခင်အထိ စောင်ကို သူမရဲ့ လက်သီးဖြင့် အချိန်အတော်ကြာ ထုရိုက်နေခဲ့သည်။
“အဲဲဒီ့ ချင်းရှောင်းကောက ဘာလို့ စောစောစီးစီး ငါ့ကို မပြောရတာလဲ။ သူက ငါ့အချိန်တွေကို တော်တော်လေး လာဖြုန်းသွားတာပဲ။”
“ဒုန်း၊ ဒုန်း၊ ဒုန်း။”
ထိုအချိန်မှာပဲ တံခါးကို အကျယ်ကြီး ခေါက်လိုက်သည်။ ယွီကျစ်ကျစ်က ဒေါသထွက်နေခဲ့သည်။ သူမက ဒီလို ဆိုးရွားတဲ့ တံခါးခေါက်သံကို ကြားသည့်အခါ အသိစိတ် မဲ့ကာ အော်လိုက်သည်။ “ဘယ်သူလဲ။”
“ငါပါ၊ သခင်မက နေမကောင်းလို့ နင်နဲ့ တွေ့ချင်လို့တဲ့။”
အပြင်ဘက်ရှိလူက သူမရဲ့ အသံကို ကြားသည့်အခါ သူမက ပုံမှန်အသံမျိုးဖြင့် သူမကို ကောင်းကောင်းမွန်မွန် ပြန်မပြောနိုင်တော့ပါ။
ယွီကျစ်ကျစ်က သူမရဲ့ ဒေါသနှင့် မကျေနပ်ချက်တွေကို မြိုသိပ်ထားဖို့ ကြိုးစားခဲ့သည်။ သူမက အသက်ကို ဝအောင်ရှူပြီး ပြန်ရှူထုတ်လိုက်သည်။ သူမရဲ့ ဒေါသကို မျိုသိပ်ထားပြီးနောက် သူမရဲ့ အသံကို ထိန်းလိုက်သည်။ “ငါ လာခဲ့မယ်….”
“မြန်မြန်လုပ်။”
“…” ယွီကျစ်ကျစ် မျက်နှာပျက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သူမရဲ့ စဥ်းစားနိုင်စွမ်းဖြင့်သာ ပိုပြီး အဆင်ပြေသွားခဲ့သည်။ သူမက အင်တင်တင်နှင့် ပြန်ပြောခဲ့သည်။ “သိပြီ”
တံခါးအပြင်ဘက်ရှိလူက သူမရဲ့ အဖြေကို ကြားတဲ့အခါ ကျေနပ်တဲ့ပုံစံဖြင့် နှာခေါင်းရှုံ့ကာ ထွက်သွားခဲ့သည်။
ယွီကျစ်ကျစ်သည် ခြေသံက တံခါးနားကတော့ တဖြည်းဖြည်း ဝေးသွားတာကို ကြားသည့်အခါ သူမက အိပ်ရာတန်းကို ဒေါသတကြီး ထိုးလိုက်သည်။ သူမက မသွားချင်၊ သွားချင်နှင့် ဆေးသေတ္တာဗူးကို ယူကာ အိပ်ရာထဲကနေ ထွက်လာခဲ့သည်။ ထိုလူတွေ အားလုံးက အောက်ထပ်ရှိ တံခါးနားမှာ ရှိနေမယ်ဟု တွေးမိပြီး သူမက တံခါးကို ကန်ကာ ဆောင့်ပိတ်သွားခဲ့သည်။
ဒီလို ချမ်းသာတဲ့ မိန်းမတွေက သူတို့ရဲ့ ချမ်းသာတဲ့ ယောက်ျားတွေဆီကနေ ဝေးနေသည့်အခါ ဘာလို့ ဖျားနာနေကြလဲဆိုတာကို သူမ တကယ် နားမလည်ခဲ့ပါ။ သူတို့အားလုံးမှာ အသေးအဖွဲ့ ကျန်းမာရေး ပြဿနာ မျိုးစုံ ရှိနေခဲ့ပြီး သူတို့ နေမကောင်းဖြစ်သည့်အခါ အမြဲတမ်း လူတိုင်းကို ငြိမ်ငြိမ် မနေခိုင်းကြပါ။ သူတို့ နေမကောင်းဘူးဆိုတာကို လူတိုင်းသိအောင် အမြဲတမ်း လုပ်လေ့ရှိကြသည်။ ဒါက တကယ်ကို စိတ်ရှုပ်စရာ ကောင်းသည်။
ထို့အပြင် သူမရဲ့ ညစာကိုတောင် မစားရသေးဘဲ ထိုအမျိုးသမီးကို သွားကြည့်ပေးရမည် ဖြစ်သည်။ သူမသည် နေမကောင်းဖြစ်ရတာကို အတော်လေး သဘောတွေ့နေသည့်အတွက် သူမ သေရုံဖြင့် လူတိုင်းကို ဒုက္ခကနေ ကယ်နိုင်မည် ဖြစ်သည်။
ယွီကျစ်ကျစ်က ရက်စက်စွာ တွေးလိုက်သည်။ သို့သော် သူမက အမျိုးသမီးယန်ကို မြင်သည့်အခါ သူမက သူမရဲ့ ကောင်းတဲ့ဘက်အခြမ်းကို ထိန်းဖို့ ကြိုးစားနေခဲ့သည်။ သူမက ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ရင် အမျိုးသမီးက သူမကို အဝေးသို့ ပို့ပစ်မှာကို ကြောက်နေခဲ့သည်။
“နင်က တကယ်ကို လှုပ်စိ၊ လှုပ်စိနဲ့။ နင့်ကိုယ်နင် ပျော်အောင်ထားဖို့ ငါ နင့်ကို ဒီနေရာ ခေါ်လာတာ မဟုတ်ဘူး။ တစ်နေ့လုံး ငါ နင့်ကို မတွေ့သေးဘူး။ နေ့တိုင်း နင်ဘာတွေလုပ်နေလဲဆိုတာ ငါလည်း မသိတော့ဘူး။ နင်က ငါ့ကို စောင့်နေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဟိုပြေးလိုက်၊ ဒီပြေးလိုက် လုပ်နေတာလဲ။ အရေးကြီးတဲ့ လူတစ်ယောက်ကို စော်ကားမိမှာစိုးလို့ နင်ထပ်ပြီး အပြင်မထွက်သင့်တော့ဘူးလို့ ငါထင်တယ်။”
ဝန်ကြီးချုပ်ရဲ့ မိန်းမက ကြင်နာတတ်တဲ့ လူတစ်ယောက် မဟုတ်ပါ။ သူမက အသက်လေးဆယ်အရွယ် ရှိပြီဖြစ်သော်လည်း အမြင်စူးရှသည်။ သူမက တစ်ချက် ကြည့်လိုက်ရုံဖြင့် ဒီမိန်းမမှာ ဘာကောင်းကွက်မှ မရှိဘူးဆိုတာကို ပြောနိုင်သည်။ ထိုရွာသမက လူရိုးတစ်ယောက် မဟုတ်တာ သိသာနေခဲ့ပြီး သူမမှာ လှည့်ကွက်များစွာ ရှိနေခဲ့သည်။ တကယ်လို့ သူမက ပြန်ပြီး ရွေးရမယ်ဆိုရင် ဒီလိုလူမျိုးကို ဘယ်တော့မှ ထပ်ပြီး ခေါ်လာလိမ့်မည် မဟုတ်ပါ။ အခုချိန်မှ ဒါကို တွေးတာက တကယ်ကို အတော်လေး နောက်ကျနေပြီ ဖြစ်သည်။
သူမရဲ့ ခန္ဓာကိုယ်က အသုံးမဝင် ဖြစ်နေတာက သနားစရာတစ်ခု ဖြစ်သည်။ သူမမှာ ဘာပြဿနာ ကြီးကြီးမားမားမှ မရှိသော်လည်း သူမက အသေးအဖွဲ့နဲ့ ဘယ်တော့မှ မပြီးနိုင်၊ မစီးနိုင်သော ရောဂါမျိုးစုံကို ဆက်တိုက် ကြုံနေရသည်။ သူမရဲ့အတွက် ဆရာဝန်ရဲ့ ဘေးမှာ ထားခဲ့ဖို့ဆိုတာ ခက်ခဲသည်။
“…သိပါပြီ။ နောက်ပိုင်းကျရင် ကျွန်မကို ခေါ်လိုက်တဲ့ အချိန်တိုင်း အသင့်ရှိနေပါ့မယ်။”
ယွီကျစ်ကျစ်က သူမသည် အခြားသူတစ်ယောက်ရဲ့ အမိုးအောက်ကို ရောက်နေသည့်အခါ သူမရဲ့ ခေါင်းကို ငုံ့ထားရမယ်ဆိုတာ နားလည်သည်။ သို့သော် သူမက ဒီမိန်းမကို သူမရဲ့စိတ်ထဲမှာ မှတ်ထားလိမ့်မည် ဖြစ်သည်။ တစ်နေ့နေ့ သူမရဲ့ ဂုဏ်သတင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ဒီမိန်းမကို အလွယ်လေး လွှတ်ပေးလိုက်မည် မဟုတ်တာ သေချာသည်။
အတွေးတွေက အတွေးသပ်သပ်သာ ဖြစ်သည်။ ယွီကျစ်ကျစ်က ဂရုတစိုက်နှင့် နှိပ်ပေးရင်း ဝန်ကြီးချုပ်ရဲ့ မိန်းမကို ကျိန်ဆဲနေခဲ့သည်။
သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးက ဒီတိုင်းပဲ ဖြစ်သည်။ ဝန်ကြီးချုပ်ရဲ့ မိန်းမက ယွီကျစ်ကျစ်ကို ပွင့်ပွင့်လင်းလင်းပဲ ဆူခဲ့သည်။ ထိုအချိန်မှာ ယွီကျစ်ကျစ်က ထိုအမျိုးသမီးကို သူမရဲ့ စိတ်ထဲကနေ ပြန်ဆူနေခဲ့သည်။ ဒါကို လိုက်လျောညီထွေဖြစ်သည့် ဆက်ဆံရေးဟု သတ်မှတ်လို့ရသည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း ယွီကျစ်ကျစ်ကို သွယ်ဝိုက်ကာ အလွတ်မပေးဘဲ ရှောင်းကောကို ရှာဖို့ အချိန်တောင်မရှိဘူး ဖြစ်နေခဲ့သည်။ သူမက စိတ်ထဲကနေ ဝန်ကြီးချုပ်ရဲ့ မိန်းမကို စောင့်နေခဲ့သည်။ သူမက ကိုယ့်ဘာသာ ထုတ်မပြောခဲ့သော်လည်း ဒါဟာ သူမက ထိုအမျိုးသမီးနှင့် အပြင်ထွက်လို့မရဘူးဟု ဆိုလိုခြင်း မဟုတ်ပါ။
“နင် တကယ်ကြီးလား။”
ဝန်ကြီးချုပ်ရဲ့ မိန်းမက သံသယဖြစ်ဖွယ် ကြည့်ခဲ့သည်။ သူမသည် အပြင်ဘက်တွင် ပိုပြီး အချိန်ဖြုန်းပါက ပိုသက်သာတယ်ဆိုပြီး ခံစားရတယ်ဆိုတာ မယုံခဲ့ပါ။
“ဟုတ်သားပဲ။ နေလို့ကောင်းလိုက်တဲ့ နေ့လေးပါလား။ မကြာမကြာ အပြင်ထွက်ပြီး လတ်ဆက်တဲ့လေကို ရှူတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ် သခင်မ။”
ယွီကျစ်ကျစ်ရဲ့ ပုံစံက သူမ ဒီအရာကို လုပ်နေတာဟာ အမျိုးသမီးရဲ့ ကောင်းကျိုးအတွက်ဆိုတဲ့ပုံစံမျိုးနှင့် ရိုးသားပြနေခဲ့သည်။
ဝန်ကြီးချုပ်ရဲ့ မိန်းမက သူမရဲ့ မယုံကြည်မှုကို ယာယီ ဘေးဖယ်ထားခဲ့သည်။ လမ်းလျှောက်ထွက်တာက သူမအတွက် အဆင်ပြေသည်။ သူမက ဒီမှာ ရှိနေတာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း သူမက အခုထိ အပြင်မထွက်ရသေးပါ။ တစ်ချိန်လုံး အိမ်ထဲမှာ နေတာက တကယ်ကို မကောင်းပါ။
“ကောင်းပြီလေ ဒါဆိုလည်း။ ငါ နောက်မှပဲ လမ်းလျှောက်ထွက်တော့မယ်။”
“သခင်မ နောက်မှရောက်တဲ့ထိ မစောင့်နဲ့။ မနက်ပိုင်းဆို လေက လတ်ဆက်တယ်။ အခုချိန် အပြင်ထွက်တာက အကောင်းဆုံးပဲ။”
ယွီကျစ်ကျစ်က သူမရဲ့ စိုးရိမ်စိတ်ကို တည်ငြိမ်စွာ စကားပြောဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။
ဝန်ကြီးချုပ်ရဲ့ မိန်းမက ထိုစကားကို ကြားသည့်အခါ သူမက သဘောတူလိုက်သည်။ နေ့ခင်းပိုင်းဆို အရမ်း ပူသည်။ မနက်ပိုင်းက ပိုအေးသည်။ “အခု သွားကြမယ်။”
ယွီကျစ်ကျစ်ရဲ့ မျက်နှာက ပျော်သွားခဲ့သည်။ “သခင်မကို ကူညီခွင့်ပေးပါနော်။”
တကယ်တော့ သူမကို ကူညီပေးရတာ ယွီကျစ်ကျစ်က တကယ် မကြိုက်ပါ။ သို့သော် ဒါက ကောင်းတဲ့ ရာထူး တစ်ခု ဖြစ်သည်။ အရှေ့ကနေ လမ်းလျှောက်သွားရင်း သူမက အစ်ကိုကျန်းကို ချက်ချင်း သတိထားမိနိုင်မည် ဖြစ်သည်။
သေချာတာကတော့ ယွီကျစ်ကျစ်က အမျိုးသမီးယန်နှင့် အတူတူ လမ်းလျှောက်ထွက်ရအောင်အထိ အရမ်းကြီး မကြင်နာပါ။ အစောပိုင်းမှာ သူမ ရေအိမ် သွားတုန်းက လူတစ်ယောက်က ချင်းရှောင်းကောရဲ့ အကြောင်းကို ပြောနေသံ နားစွန်နားဖျား ကြားလိုက်ရသည်။ စပ်စုချင်စိတ်ဖြင့် သူမက အချိန်အတော်ကြာ နားထောင်ခဲ့ပြီး လူတိုင်းက ရှောင်းကောသည် သင့်တော်တဲ့ တစ်ယောက်နှင့် လက်ထပ်ခဲ့တာကို အားကျနေခဲ့သည်။ အစ်ကိုကျန်းက အခုချိန်မှာ ဥယျာဥ်ထဲရှိ အရိပ်အောက်မှာ ရှိနေတယ်ဆိုသည့် အရေးကြီးတဲ့ သတင်းတစ်ခုကိုလည်း သူမက ကြားခဲ့ရသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူမက ဘယ်လိုလုပ် တည်ငြိမ်နိုင်ဦးမှာလဲ။ သူမက သူ့ကို တွေ့ရမယ့် အခွင့်အရေးနောက်ကို အချိန်အတော်ကြာ လိုက်နေခဲ့ရသူ ဖြစ်သည်။ သူမက ဒီအခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ။
သို့သော် တကယ်လို့ အမျိုးသမီးယန်က သူမကို တစ်ယောက်တည်း အပြင်ထွက်ဖို့ ခွင့်မပြုခဲ့ရင် သူမက ထိုအမျိုးသမီးကို ချော့ဖို့ နည်းလမ်းတစ်ခုခုကို စဥ်းစားရုံသာ တက်နိုင်မည် ဖြစ်သည်။ သို့မှသာ သူမက လိုက်လာမည် ဖြစ်သည်။
သေသေချာချာ ပြောရမယ်ဆိုရင် သူမက အမျိုးသမီးယန်ကို ဥယျာဥ်ထဲသို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။ သို့သော် အမျိုးသမီးယန်က သိပ်ပြီး လမ်းလျှောက်လေ့ မရှိသည့်အတွက် သူမက မြန်မြန် မလျှောက်နိုင်ခဲ့ပါ။ ယွီကျစ်ကျစ်က သူမကို အနောက်မှာ ထားခဲ့ချင်နေခဲ့သည်။ သို့မှသာ သူမက အစ်ကိုကျန်းကို သွားရှာဖို့ အပြေးလေး သွားလို့ရမည် ဖြစ်သည်။ တကယ်လို့ အမျိုးသမီးယန်သာ ဒီလို အရှိန်ဖြင့် ဆက်လျှောက်နေခဲ့ရင် အစ်ကိုကျန်းကလည်း သူတို့ ဥယျာဥ်ထဲကို မရောက်ခင် ထွက်သွားတော့မှာ သေချာသည်။
သူမရဲ့ အတွေးထဲမှာနှင့် မတူဘဲ ယွီကျစ်ကျစ်က အမျိုးသမီးယန်ကို အနောက်မှာ မထားခဲ့ရဲပါ။ သူမက ပန်းခြံကို ရောက်အောင် သူမကို ကူညီပြီး ဖြည်းဖြည်းချင်း သွားဖို့သာ လုပ်ပေးနိုင်သည်။