← Chapters

အခန်း (၃၄၅)

Vol. 23 Ch. 345

အခန်း (၃၄၅)

Vol. 23 Ch. 345

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၄၅

ယွီကျစ်ကျစ်က ကျန်းတန်းဟယ်အကြောင်းကို ကြည်နူးစွာ တွေးနေခဲ့သည်။ အိမ်သာထဲတွင် နားစွန်နားဖျား ကြားတုန်းက ကျန်းတန်းဟယ်သည် ဥယျာဥ်ထဲ၌ ရှိနေသည့်အကြောင်း မိန်းမတစ်ယောက် ပြောတာကိုသာ မှတ်မိနေခဲ့သည်။ သူမက အဲ့မတိုင်ခင်က ကြားခဲ့သည့် နာမည်ကိုတော့ သတိမမူမိလိုက်ပါ။

ယွီကျစ်ကျစ်သည် အဝေးက ရယ်သံကိုသာ ကြားနိုင်ခဲ့သည်။ သူမကို ချက်ချင်း အာရုံရောက်ကာ ခံစားချက်တွေ ဗလောင်ဆူသွားခဲ့သည်။ သူမ အစ်ကိုကျန်းရဲ့ ရယ်သံကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရဲ့ မိန်းမက ရပ်ပြီး မျက်မှောင်ကြုတ်ခဲ့သည်။ “တစ်နေရာရာ သွားကြရအောင်။”

“ဘာလို့လဲ” သူမက လန့်သွားပြီး ထိုအမျိုးသမီးကို မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။ သူမက ဘာလို့ လမ်းကြောင်း ပြောင်းသွားရတာလဲ။

!!

ဝန်ကြီးချုပ်ရဲ့ ဇနီးက သူမကို အထင်သေးတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။ စကားတစ်ခွန်းတောင် မပြောဘဲ သူမက တစ်ခြားဖက်ကို လမ်းလျှောက်သွားခဲ့သည်။

သို့သော် ယွီကျစ်ကျစ်က အတင်းငြင်းနေခဲ့သည်။ သူမက အမျိုးသမီးယန်ကို ဥယျာဥ်ထဲသို့ ရောက်အောင် မနည်း ကြိုးစားကာ ခေါ်ခဲ့ရသည်။ သူမက အမျိုးသမီးယန်ကို ထိန်းပြီး ပြောလိုက်သည်။ “သခင်မ၊ ဥယျာဥ်ထဲမှာ အရိပ်တွေ အများကြီးပဲ။ သခင်မ အဲ့မှာ ခနတဖြုတ် နားလို့ရတယ်။ အကြာကြီး လမ်းလျှောက်လို့ သခင်မအတွက် အကျိုးရှိမှာ မဟုတ်ဘူး။”

ဝန်ကြီးချုပ် ဇနီးကို အစောင့်တွေနှင့် မျက်ချည်ဖြတ်ပြီး သူမ ရှိနေတာကနေ တစ်မီတာလောက် ဆွဲခေါ်သွားခဲ့သည်။ သူမဘေးရှိ ကျွန်တွေက ယွီကျစ်ကျစ်ကို အဝေးသို့ တွန်းထုတ်ပြီး အော်ခဲ့သည်။ “နင်ကများ လုပ်ရဲတယ်ပေါ့။”

ယွီကျစ်ကျစ်က မယုံနိုင်သည့် အကြည့်မျိုးဖြင့် မြေပေါ်ကို လဲကျသွားခဲ့သည်။ ထို့နောက် သူမက သူမကို တွန်းချလိုက်တဲ့ အမျိုးသမီးကြီးကို စိုက်ကြည့်ခဲ့သည်။ “ရှင်က ကျွန်မကို ဘာလို့ တွန်းတာလဲ။”

ဝန်ကြီးချုပ်ရဲ့ ဇနီးက ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ သူမက သူမရဲ့ အေးအေးဆေးဆေးနှင့် သူမရဲ့ ဂါဝန် အနားသားကိုသာ သပ်နေခဲ့သည်။

ယွီကျစ်ကျစ်ကို တွန်းချလိုက်သည့် မိန်းမကြီးက ဒေါသတကြီး ပြောခဲ့သည်။ “နင်ကများ အတင့်ရဲလို့။ သခင်မကို အခုလို ဆွဲခေါ်သွားဖို့ နင့်ကို ဘယ်သူက ခွင့်ပြုချက် ပေးထားလို့လဲ။ ဥယျာဥ်ထဲက ယောက်ျား တစ်ယောက်ရဲ့ အသံကို ငါကြားသားပဲ။ သခင်မကို ဥယျာဥ်ထဲ ခေါ်လာတဲ့ နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

“ငါ….” ယွီကျစ်ကျစ်က ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ သူမကိုယ်သူမလည်း ဘယ်လို ရှင်းပြရမလဲမသိ ဖြစ်နေခဲ့ရသည်။ အမျိုးသမီးယန်ကို ဆွဲခေါ်သွားတာက တကယ်ကို သူမရဲ့အမှား ဖြစ်သော်လည်း အဲ့ခွေးမက သူမကို တွန်းချလိုက်တဲ့အတွက် ပိုပြီးတောင် မှားသည်။

ထို့နောက် သူမက အမျိုးသမီးယန်ကို ယုတ်မာစွာ ကြည့်လိုက်သည်။ သူမရဲ့ အစောင့်ခွေးက လူတစ်ယောက်ကို တွန်းချခဲ့သော့လည်း သူမက သူမနှင့် မဆိုင်သလို ပြုမူနေခဲ့သည်။ ဘယ်လိုတောင် ရွံစရာ ကောင်းလိုက်သလဲ။ သူမက မြို့ရှိ ချမ်းသာပြီး ဩဇာရှိတဲ့ မိသားစုက ရောက်လာသည့် လူတစ်ယောက်သာ ဖြစ်သည်။ တကယ်တမ်းမှာတော့ သူမက ဘာမှ ကြီးကြီးကျယ်ကျယ်တောင် ဟုတ်မနေခဲ့ပါ။ ဘယ်လိုတောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေရတာလဲ။

မကျေနပ်ချက်တွေ ပြည့်နေသည့် ယွီကျစ်ကျစ်က သူမရဲ့ အကြည့်ကို လွှဲလိုက်ကာ မြေပြင်ကိုသာ စိုက်ကြည့်ခဲ့သည်။ အချိန်အတော်ကြာ တွေးပြီးနောက် သူမက ခေါင်းကိုငုံ့ပြီး သနားညှာတာပေးဖို့ အသနားခံနေခဲ့သည်။

“သခင်မ၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျွန်မ တကယ်ကို သခင်မရဲ့ ကျန်းမာရေးအတွက် စိတ်ပူလို့ပါ။ သခင်မက နေပူထဲမှာ ဆက်ပြီး လမ်းလျှောက်နေရင် သေချာပေါက် အပူရှပ်လိမ့်မယ်။ အဲ့ဒါအပြင် ဒီနားမှာ ဥယျာဥ်ကြီးတစ်ခုပဲ ရှိတာမလို့ပါ။ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားပြီး ဘာကိုမှ မကြားနိုင်ဖြစ်သွားလို့ပါ။ ကျွန်မ….”

စကားပြောနေရင်း ယွီကျစ်ကျစ်ရဲ့ မျက်နှာပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့သည်။ ထိုအချိန်အတွင်းမှာ သူမက ကျွန်းပေါ်တွင် စားကောင်း၊ အိပ်ကောင်းနေခဲ့သည်။ သူမက အပြင်ထွက်ပြီး အလုပ် လုပ်စရာ မလိုသလို ဘာပစ္စည်းနဲ့မှလည်း ထိတွေ့စရာ မလိုပါ။ ထို့အပြင် သူမက လူမသိအောင် အမျိုးသမီးယန်ရဲ့ အဖြူရောင် လိမ်းတဲ့အရာတွေကို သုံးလေ့ရှိသည့်အတွက် သူမရဲ့ အသားအရေက ပိုပြီး ဖြူဖွေးနေခဲ့သည်။ သူမက ငိုလိုက်သည့်အခါ အတော်ကို သနားဖို့ကောင်းပြီး နူးနူးညံ့ညံ့ ရှိနေခဲ့သည်။

အမျိုးသမီးယန်က အသက်ကြီးပြီး မိန်းမငယ်လေး တစ်ယောက်က အခုလိုမျိုး ငိုနေတာကို မမြင်နိုင်ခဲ့ပါ။ ဒီနေရာမှာ ယောက်ျားတစ်ယောက်မှ မရှိပါ။ ဒီနေရာမှာ သူမရဲ့ အရေးမပါတဲ့ အရာတွေကို သုံးစရာမလိုပါ။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ” ဝန်ကြီးချုပ်ရဲ့ ဇနီးက သူမရဲ့ လက်ကို စိတ်မရှည်၊ လက်မရှည်ဖြင့် ခါပြခဲ့သည်။ “ထတော့။”

“ဟုတ်”

ယွီကျစ်ကျစ်က အငိုရပ်ပြီး ထလိုက်သည်။ သူမက လုံးဝကို မကျေနပ်စွာဖြင့် သူမရဲ့ဘေးမှာ ရပ်လိုက်သည်။ နောက်ဆုံးမှာတော့ သူမက ကိစ္စတစ်ခုကို သိသွားခဲ့သည်။ ထို့အပြင် သူမက ကိုယ်ခန္ဓာကလည်း နေလို့မကောင်းရုံသာမက စိတ်အခြေအနေကလည်း အဆင်မပြေနေခဲ့ပါ။

ဘေးနားရှိ ပြဿနာက ရှောင်းကောနှင့် သူမရဲ့အဖွဲ့ကို သတိပေးခဲ့သည်။ ရှောက်ယိနှင့် ကျွမ်းကျွမ်းကို အနောက်မှာ ထားခဲ့ပြီးနောက် ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က ပြဿနာဖြစ်တဲ့အသံ ကြားရတဲ့ နေရာသို့ လမ်းလျှောက်သွားခဲ့ကြသည်။

ကျန်းတန်းဟယ်က ရှောင်းကောရဲ့ ကျန်းမာရေးအတွက် စိုးရိမ်သည့်အတွက် သူက သူမရဲ့လက်ကို ဆွဲကာ သူမရဲ့ အရှေ့ကနေ လမ်းလျှောက်သွားခဲ့သည်။

ပထမဆုံး သူမြင်လိုက်ရတဲ့အရာက ဝန်ကြီးချုပ် ဇနီးရဲ့ မပျော်ရွှင်သည့် မျက်နှာသာ ဖြစ်သည်။ ကျန်းတန်းဟယ်က ရှောင်းကောကို ခေါ်ပြီး ထိုနေရာကို ကြည့်ဖို့ ခြေဟန်၊ လက်ဟန် ပြခဲ့သည်။

ရှောင်းကောက သူ့ဘေးနားကို လာပြီး ကြည့်လိုက်သည်။ သူမသည် ဝန်ကြီးချုပ်ရဲ့ ဇနီးကို မြင်ခဲ့ရရုံသာမက ငိုနေသည့် ယွီကျစ်ကျစ်ကိုလည်း တွေ့ခဲ့ရသည်။

ဘာတွေဖြစ်နေတာလဲ။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နားမလည်နိုင် ဖြစ်သွားခဲ့ကြသည်။

သူတို့သည် အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရသည့်အတွက် တိတ်တဆိတ် မထွက်သွားနိုင်ခဲ့ပါ။ ထို့အပြင် တစ်ဖက်လူကလည်း သူတို့ကို မြင်လိုက်သည်။ သူတို့ကို မနှုတ်ဆက်ဘဲ ထွက်သွားဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ပါ။

“မင်္ဂလာပါ၊ အမျိုးသမီးယန်….”

“အိုင်းရိုး၊ ဒါက တပ်မှူး….. သခင်ကျန်းပဲ…”

ဝန်ကြီးချုပ်ရဲ့ ဇနီးက “ တပ်မှူး” ဆိုသည့် စကားကို သူမက ဘေးမှာရှိနေတဲ့ ယွီကျစ်ကျစ်ကို ရုတ်တရက် စိုက်ကြည့်ပြီး ဝိုးတိုးဝါးတား ပြောထွက်သွားခဲ့သည်။ ထို့အပြင် သူမက မြန်မြန်ပဲ သူ့ကို နှုတ်ဆက်တဲ့ပုံ ပြောင်းလိုက်သည်။

အငိုတိတ်သွားသည့် ယွီကျစ်ကျစ်ရဲ့ မျက်ရည်တွေက ကျန်းတန်းဟယ်ကို မြင်သည့်အခါ ထပ်ပြီး ငိုမိတော့မလို ဖြစ်နေခဲ့သည်။ သူမက သူ့ရဲ့ဘေးမှာ ရပ်နေသည့် ရှောင်းကောကို မသိစိတ်ကနေ လျစ်လျူရှုလိုက်သည်။

အချိန်ကောင်းသာဆိုရင် သူမက တကယ်ကို သူ့ဆီ ပြေးပြီး ဖက်လိုက်မည် ဖြစ်သည်။ သူမအတွက် သူက ကလဲ့စားချေပေးပြီး အသက်ကြီးတဲ့ ထိုမိန်းမကြီးကို ပညာပေးဖို့ မျှော်လင့်နေခဲ့သည်။

“သခင်မကျန်း၊ မင်းရဲ့ ကျော်ကြားမှုက အမှန်တရားကို ဖော်ထုတ်ပေးလို့ဆိုပြီး နာမည်ကြီးနေတာလေ။ မင်းကို အပြင်မှာ လူချင်းတွေ့ပြီး မြင်ဖူးတော့မှ မင်းက ရေထဲမှာ ပွင့်နေတဲ့ ကြာပန်းလေးလိုပဲ။ ငါတို့ရဲ့ ဆရာကြီးကျန်းက မင်းဘေးနားမှာ တစ်နေကုန်လုံး ရှိနေတယ်ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူးကွယ်။”

ဝန်ကြီးချုပ်ရဲ့ ဇနီးက စလိုက်သည်။ လူတိုင်းသည် ကျန်းတန်းဟယ်ရဲ့ သူ့ဇနီးအပေါ် မေတ္တာထားမှုကို သိနေခဲ့ကြသည်။ သူတို့လင်မယား သွားသည့်နေရာတိုင်း သူတို့ရဲ့ တစ်ယောက်ကို တစ်ယောက် အမြတ်တနိုး ထားမှုတွေကို မမြင်လိုက်ရဖို့ ခက်ခဲသည်။ သခင်ကျန်း အနားမှာ ရှိနေသ၍ တပ်မှူးကျန်းကလည်း အနီးအနားမှာ ရှိနေမှ သေချာသည်။

ထိုအမျိုးသမီးတွေက သူတို့ရဲ့ အိမ်တွေကို ခြေလှမ်းဖို့ အနိုင်နိုင် ဖြစ်နေခဲ့သည်။ ပထမဆုံး သူတို့က အပူကို ကြောက်သည်။ ဒုတိယအနေဖြင့် သူတို့က လင်မယားကြားရှိ အချစ်တွေကို လူတွေကြားထဲ မမြင်ရမှာ စိုးရိမ်နေခဲ့သည်။ ထိုအကြောင်းကို ကြားရုံဖြင့် အတော်လေးကို အားကျစေရပြီး သူတို့ရဲ့ ကိုယ်ပိုင် မျက်လုံးဖြင့်သာ ကြည့်နေကြရသည်။

အချိန်တစ်ခုအထိ ထိုမိန်းမတွေ အများစုက သူတို့ကိုယ်သူတို့ တစ်နေကုန် ရှာလကာရည်စည်ထဲ နစ်နေသလို ဖြစ်နေခဲ့သည်။

ရှောင်းကောက အမျိုးသမီးကြီးရဲ့ ချီးကျူးသံတွေကို နားထောင်ပြီး အနည်းငယ် ရှက်နေခဲ့သည်။ သူမက နှိမ့်ချစွာ ပြောလိုက်သည်။ “အဲ့လိုတော့လည်း မဟုတ်ပါဘူး သခင်မရယ်။ ကျွန်မကို မြှောက်နေပြန်ပါပြီ”

ထိုစကားကို ပြောပြီးနောက် သူမက သူမရဲ့လက်ကို ဆွဲဖို့ ကြိုးစားခဲ့သော်လည်း သူမရဲ့လက်ကို ဆွဲထားသည့် ကျန်းတန်းဟယ်က တင်းကြပ်စွာ ကိုင်ထားခဲ့သည်။

“ကျွန်တော်တို့ အခုလို တစ်ယောက်နဲ့ တစ်ယောက် ဆုံတာကို ဘာလို့ ဥယျာဥ်ထဲကိုသွားပြီး လက်ဖက်ရည် အေးအေးလေး သွားမသောက်ကြတာလဲ။ ကျွန်တော့်ရဲ့ ဇနီးက အဲ့ဒါကို သေချာလုပ်ထားတာ။ ဒါမျိုး ဘယ်မှာမှ မရနိုင်ဘူး။”

ကျန်းတန်းဟယ်ရဲ့ ချီးကျူးသံတွေက ရှောင်းကောကို ပိုပြီး ရှက်သွားစေခဲ့သည်။ သူမက မသိမသာလေး သူ့ကို ရပ်ခိုင်းဖို့ အနည်းငယ် ဆွဲဆိတ်ခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီးက ထိုစကားကို ကြားသည့်အခါ သူမရဲ့ စိတ်ဝင်စားမှုတွေက ချက်ချင်းဆိုသလိုပဲ ထင့်ခနဲ ဖြစ်သွားခဲ့သည်။ သူမရဲ့ ခြေဖဝါးတွေက နာနေခဲ့ပြီ ဖြစ်သည်။ တကယ်လို့ သူမသာ နည်းနည်းလောက် ထပ်ပြီး လမ်းလျှောက်မယ်ဆိုရင် သူမက ညကျရင် ခံနိုင်တော့မည် မဟုတ်ပါ။ သူမက ထိုင်လို့ရရင် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် တပ်မှူးနှင့် သူ့ရဲ့ ဇနီးကလည်း သူစိမ်းတွေ မဟုတ်ပါ။

“ဟုတ်ပါပြီ၊ ဒါဆိုလည်း ငါက ဝင်နှောင့်ယှက်သလို ဖြစ်နေတော့ တောင်းပန်ရုံပဲ တတ်နိုင်တော့မယ်ကွယ်… “

ကျန်းတန်းဟယ်က ရယ်ပြီး ယဥ်ကျေးစွာ ပြောခဲ့သည်။ “အမျိုးသမီးယန်ရယ်၊ အဲ့လိုတွေ မပြောပါနဲ့ဗျာ။ ဒီလမ်းကနေ လာခဲ့ပါ။”

ယွီကျစ်ကျစ်က အမျိုးသမီးယန်ကို ဥယျာဥ်ဆီ ခေါ်သွားဖို့ အင်တင်တင်နှင့် ကူညီပေးခဲ့သည်။ သူမက ကျန်းတမ်းဟယ်ကို ကျော်သွားသည့်အခါ အသက်ကို စိုးရိမ်တကြီးနှင့် ဝအောင် ရှူလိုက်သည်။ သူမရဲ့ အဆုတ်ထဲကို ဝင်လာသည့် လတ်ဆက်တဲ့ ကတိုးအနံ့က သူမကို မူးယစ်သွားသလို ဖြစ်စေခဲ့သည်။ ခန့်ညားသည့် အစ်ကိုကျန်းရဲ့ အနံ့က အရမ်း ကောင်းတယ်ဆိုတာ သူမ မသိခဲ့ပါ။ သူက တကယ်ကို အခြား ယောက်ျားများနှင့် ကွာခြားသည်။

ရှောင်းကောက ကျန်းတန်းဟယ်နှင့် အနောက်ကနေ လမ်းလျှောက်လာခဲ့ပြီး ယွီကျစ်ကျစ်ကို မကျေနပ်စွာဖြင့် ကြည့်လိုက်သည်။ သူမက ဘာကြောင့် ယောက်ျား တစ်ယောက်အတွက် သူမရဲ့ အချစ်တွေကို ဒီလောက် ဝရုန်းသုန်းကားဖြစ်အောင် လုပ်ရတာလဲ။ သူမက မမြင်သလို ဟန်ဆောင်သင့်တယ်မလား။

သေချာပေါက် သူမက ဟန်ဆောင်ကာ ထိန်းထားသင့်သည်။ အခုချိန်မှာ ယွီကျစ်ကျစ်ကို ပြောဖို့ အရမ်း စောလွန်းနေသည်။ သူမအတွက် မမြင်သလို ဟန်ဆောင်နေဖို့ဆိုတာ တကယ်ကို အတော်လေး ခက်ခဲသည်။

ယွီကျစ်ကျစ်ကလွဲလို့ ရှိနေကြသည့် လူတိုင်းက ဉာဏ်ကောင်းသည်။ သူမ ဘာလုပ်မှာလဲဆိုတာ လူတိုင်း မြင်နိုင်သည်။

ဒါဟာ အထူးသဖြင့် ဝန်ကြီးချုပ်ရဲ့ ဇနီးအတွက် ဖြစ်သည်။ အစောပိုင်းတုန်းက ဥယျာဥ်ကို ရောက်သည့်အခါ သူမရဲ့ ပထမဆုံး ခံစားမိတာက သူမရဲ့ လက်ကို ယွီကျစ်ကျစ်က ပြောပြလို့မရအောင် တင်းကြပ်စွာ ကိုင်ထားခဲ့ပြီး သူမရဲ့အသက်ရှူသံက မူမမှန်နေခဲ့ပါ။ သူမက သူမရဲ့ ခေါင်းကို မသိမသာလေး လှည့်လိုက်သည့်အခါ အမျိုးသမီး တစ်ယောက်ရဲ့ မူမမှန်တဲ့ အရာကို တွေ့ခဲ့ရသည်။ သူမကို ဥယျာဥ်ထဲသို့ ခေါ်လာသည့် ယွီကျစ်ကျစ်ရဲ့ အတွဲတွေ ရှိနေတာကို သေချာ သိနေတဲ့စိတ်ကို သူမက ချက်ချင်းဆိုသလိုပဲ နားလည်သွားခဲ့သည်။ ထိုအမျိုးသမီးမှာ တကယ်ကို သိုဝှက်ထားတဲ့ အရာတွေ ရှိနေခဲ့သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီးက စိတ်ထဲကနေ နှာခေါင်းရှုံ့နေခဲ့ပြီး ယွီကျစ်ကျစ်ကို ပိုပြီးတောင် စိတ်ပျက်သွားခဲ့သည်။ လူတစ်ယောက်က ကိုယ်လုပ်တော် လုပ်ဖို့ အတော်လေး စိတ်အားထက်သန်နေတာကို မြင်ဖူးတာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမက ယွီကျစ်ကျစ်ကို မြင်တိုင်း စိတ်ပျက်နေဆဲ ဖြစ်သည်။

ယွီကျစ်ကျစ်သည် ကျန်းတန်းဟယ်အား သူမရဲ့ အလှဆုံး အခြေအနေကို ပြဖို့ နည်းလမ်းတွေအကုန် သုံးခဲ့တာတောင် သူကတော့ သူမကို မကြည့်ခဲ့ပါ။

ဝန်ကြီးချုပ်ရဲ့ ဇနီးနှင့်အတူ လမ်းလျှောက်လာကြသည့် အစေခံတွေက ဥယျာဥ်ရဲ့ အပြင်ဘက်မှာ စောင့်ခဲ့ကြသည်။ ရှောင်းကော၊ ကျန်းတန်းဟယ်၊ ဝန်ကြီးချုပ်ရဲ့ ဇနီးနှင့် ထိုအမျိုးသမီးကို ကပ်တွယ်နေတဲ့ ယွီကျစ်ကျစ်တို့ကသာ ဥယျာဥ်ထဲကို ဝင်သွားခဲ့ကြသည်။

သူမက ဥယျာဥ်ထဲကို ဝင်သွားသည့်အခါ ဝန်ကြီးချုပ်ရဲ့ ဇနီးက ရှောက်ယိကို ပထမဆုံး အကြည့်တစ်ချက်နဲ့တင် သတိထားမိခဲ့သည်။ သူမက ဘာတွေပဲဖြစ်နေပါစေ၊ ထိုင်ဖို့ကို ငြင်းခဲ့သည်။

ဥယျာဥ်နှင့် သုံးမီတာလောက်ဝေးသည့် နေရာကို လမ်းမလျှောက်ခင် ရှောင်းကောနှင့် ကျန်းတန်းဟယ်က သူမကို ထိုင်ဖို့ အချိန်အတော်ကြာ နားချခဲ့ရသည်။ သူမက ထိုနေရာမှာ အပြစ်ပေးခံထားရသလို ရပ်နေတာနှင့် တူပြီး ရှောင်းကောနှင့် ကျန်းတန်းဟယ်က ထိုင်ရမလို၊ ထရမလိုနှင့် နောက်ဆုံး သူမနှင့်အတူတူ ရပ်နေခဲ့ရတော့သည်။ ထို့အပြင် တစ်ဖက်လူကလည်း အတော်လေးကို အသက်ကြီးနေပြီ ဖြစ်သည်။ သူမ ရပ်တာကို ကြည့်ရင်း သူတို့က ထိုင်နေမယ်ဆိုရင် ဒါက မဖြစ်သင့်ဘူးဟု သူတို့က ခံစားခဲ့ရသည်။

ရှောက်ယိက ရှောင်းကောကို ဖြူစင်စွာ ကြည့်ခဲ့သည်။ သူက ဘာကိုမှလည်း မလုပ်ခဲ့ပါ…

All Chapters