← Chapters

အခန်း (၁၉၅)

Vol. 17 Ch. 195

အခန်း (၁၉၅)

Vol. 17 Ch. 195

ထိုအချိန်တွင် ဟန်ချူးချူးသည် လင်းပိုင်ဖန် စီစဉ်ပေးထားသော နေအိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ထိုအိမ်တွင် ဟန်ချူးချူး၏ ကိုယ်ရံတော်အစေခံလည်းဖြစ်၊ ထက်မြက်ပြီး တစ်မူထူးခြားသော အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။

သို့သော် အိမ်ထဲရောက်သည်နှင့် ဟန်ချူးချူးသည် တံခါးကို ချက်ချင်းပိတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည် - "ချူချူ ငါဒီတစ်ခါလုပ်လိုက်တာ ဘယ်လိုလဲ"

အစေခံမလေးက လက်မထောင်ပြကာ "တကယ့်ကို အထာကျတယ်။ သူလိုလူမျိုးကို ဒီလိုပဲ ကိုင်တွယ်ရမှာ"

"ဒါပေမဲ့ သူက နင့်ရဲ့ စေ့စပ်ထားသူလေ"

ကိုယ်ရံတော် အစေခံမလေးက ဒေါသတကြီး ခုန်ပေါက်ကာ "ဘယ်သူက ဒီလက်ထပ်ပွဲကို သဘောတူလို့လဲ။ သူ့ကို ငါ့ရဲ့ စေ့စပ်ထားသူလို့ ထပ်ပြောရင် နင့်ကို စိတ်ဆိုးမှာနော်"

"ဒါပေမဲ့ ဒါက မိဘတွေရဲ့ အမိန့်နဲ့၊ အောင်သွယ်တော်တွေရဲ့ စကားလေ…"

ကိုယ်ရံတော် အစေခံမလေးက ပို၍ပင် ဒေါသထွက်လာပြီး "အဖေကသာ ရူးနေလို့ ဒီလက်ထပ်ပွဲကို သဘောတူခဲ့တာ။ မဟုတ်ရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

" ငါတို့ ဒါမျိုးလုပ်နေတာကို အဘိုးကြီးသာ သိရင် တော်တော်စိတ်ဆိုးမှာ မဟုတ်ဘူးလား"

"စိတ်ဆိုးပါလေ့စေ။ ငါသာ အခုနေ မတွန်းလှန်ရင် ငါ့ဘဝတော့ ပြီးပြီ။ အဲ့ဒီလူကို ငါ လုံးဝမကြိုက်ဘူး၊ အူတူတူအတတနဲ့၊ တစ်စက်ကလေးမှ စိတ်ဝင်စားဖို့မကောင်းဘူး ငါက နန်းတွင်းထဲကို လက်ထပ်ဝင်ပြီး အရာအားလုံး စနစ်တကျနဲ့ ပျင်းစရာကောင်းတဲ့ ဘဝမျိုးမှာ မနေချင်ဘူး။ သူသာ စေ့စပ်ပွဲကို မဖျက်သိမ်းရင် ငါ အဆုံးထိ တိုက်ပွဲဝင်မှာ" ကိုယ်ရံတော် အစေခံမလေးက သူမ၏ လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

ဟန်ချူးချူးက ခါးသက်သက် အပြုံးဖြင့် ခေါင်းညိတ်ကာ "ဟူး….အေးပါလေ"

"သူ့အကြောင်းကို ထားလိုက်တော့ သူ့အကြောင်းကြားရတာနဲ့တင် စိတ်တိုတယ်။ ဟို ဧကရာဇ် အကြောင်းပဲ ပြောရအောင်"

အစေခံမလေးက စိတ်လှုပ်ရှားစွာဖြင့် "သူက တော်တော်ပျော်ဖို့ကောင်းတယ်လို့ ငါထင်တယ်။ တွေ့တွေ့ချင်းပဲ ကိုးယောက်မြောက်မင်းသားကို လှည့်စားလိုက်တာ ဟိဟိ.."

ဟန်ချူးချူးလည်း မရယ်ဘဲ မနေနိုင်တော့ချေ။ "တကယ်ပဲ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်၊ သူ ကိုးယောက်မြောက်မင်းသားကို ဒီလောက်မြန်မြန် သစ္စာဖောက်လိမ့်မယ်လို့ ငါမထင်ထားဘူး။ အဲ့ဒီတုန်းက ငါတောင် အော်ရယ်မိတော့မလို့။ ကြားတာတော့ သူနဲ့ ကိုးယောက်မြောက်မင်းသားက အချစ်ပြိုင်ဘက်တွေတဲ့။ မင်းသားရဲ့ အမြတ်နိုးဆုံး ဆရာတူအမကိုတောင် သူက လုယူထားတာတဲ့"

အစေခံမလေး၏ မျက်လုံးများ တလက်လက် တောက်ပလာပြီး "သူက တော်တော်လေး ကောက်ကျစ်တာပဲ၊ နောက်တစ်ခါ သူ့ကိုတွေ့ရင် ငါတို့ သူ့ကို ပညာပေးလိုက်ရင် ဘယ်လိုလဲ။ ငါတို့ ဒီလိုလေးလုပ်ပြီး ပြီးတော့ ဟိုလိုလေး…."

ဟန်ချူးချူးက စိုးရိမ်လာကာ "သခင်မလေး အဲ့ဒါက နည်းနည်း မလွန်လွန်းဘူးလား"

အစေခံမလေးက သူမလက်ကို ရိုက်ချလိုက်ပြီး "ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ"

လင်းပိုင်ဖန်၏ အရှက်ရနေမည့် မျက်နှာကို တွေးမိကာ သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

တစ်ရက်အကြာတွင် လင်းပိုင်ဖန် ရောက်ရှိလာသည်။

"မိန်းကလေး ချူချူ ဒီမှာနေရတာ အဆင်ပြေရဲ့လား အဆင်မပြေတာရှိရင် ချက်ချင်းပြောပါ။ ငါကိုယ်တော် စီစဉ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျွန်မတို့က သိုင်းလောက နယ်ပယ်က လူတွေမို့ နေထိုင်မှုအတွက် သိပ်ပြီး အရေးမကြီးပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စီစဉ်ပေးမှုတွေက အစစအရာရာ စေ့စပ်လွန်းလို့ ကိုယ့်အိမ်မှာနေရသလို ခံစားရပါတယ်။ ဒီနေ့ ဘယ်လို အရေးကြီးကိစ္စကြောင့် ကြွလာတာလဲ သိပါရစေ"

"ငါကိုယ်တော် ဒီကိုလာတာက ကိုးယောက်မြောက်မင်းသားရဲ့ ကိစ္စအတွက်ပဲ"

"ကိုးယောက်မြောက်မင်းသားရဲ့ ကိစ္စလား"

ဟန်ချူးချူးနှင့် သူမ၏ ကိုယ်ရံတော်အစေခံတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး "ကိုးယောက်မြောက်မင်းသားအတွက် ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်ကြသည်။

လင်းပိုင်ဖန်က ရယ်မောကာ "မင်းတို့နှစ်ယောက်ရဲ့ စေ့စပ်ထားတဲ့ကိစ္စကို ငါကိုယ်တော် သိပြီးသားပါ။ အမှန်အတိုင်းပြောရရင် မင်းတို့ရဲ့ အိမ်ထောင်ရေးကို ငါ့အနေနဲ့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ကိုးယောက်မြောက်မင်းသားက ငါကိုယ်တော်ရဲ့ ညီအစ်ကိုတစ်ယောက် ဖြစ်နေတော့ သူခံစားနေရတာကို မြင်ရတာ ငါကိုယ်တော် စိတ်မကောင်းဘူး။ မင်းတို့နှစ်ယောက် ပေါင်းဖက်ရင်လည်း ပျော်ရမှာမဟုတ်ဘူး။ ဒါကြောင့် ငါကိုယ်တော်က လာပြီး ဖျောင်းဖျတာပါ။ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပါ"

ဟန်ချူးချူးနှင့် သူမ၏ အစေခံမလေးတို့ တစ်ဦးကိုတစ်ဦး ခိုးကြည့်လိုက်ကြပြန်သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်မလည်း ဒီလက်ထပ်ပွဲကို မနှစ်သက်ပါဘူး။ ဒါပေမဲ့ မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တွေရဲ့ စကားကြောင့် ကျွန်မ ဘာမှမတတ်နိုင်ဘူး ဖြစ်နေတာ။ အရှင်မင်းကြီးသာ သူ့ကို စေ့စပ်ပွဲဖျက်ဖို့ နားချပေးနိုင်ရင် ကျွန်မ အတိုင်းမသိ ကျေးဇူးတင်မိမှာပါ"

"အဲ့ဒါကတော့ နည်းနည်းခက်လိမ့်မယ်" လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်သည်။

နှစ်ယောက်စလုံးက တစ်ဦးကိုတစ်ဦး မကြိုက်ကြသော်လည်း မိဘများ၏ အမိန့်ကြောင့် အတင်းအကျပ် ပေါင်းဖက်နေရခြင်းဖြစ်သည်။

ထိုအချိန်တွင် ဟန်ချူးချူးက စကားဆိုလာသည် "ကျွန်မမှာ နည်းလမ်းကောင်းတစ်ခု ရှိပါတယ်"

"ဘာနည်းလမ်းလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။

"တကယ်တော့ ကျွန်မက အရှင်မင်းကြီးကို အားကျကြည်ညိုနေတာ ကြာပါပြီ။ အရှင်မင်းကြီးရဲ့ ကြင်ယာတော်ပဲ ဖြစ်ချင်ပါတယ်"

ဟန်ချူးချူးမှာ ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်- "ကျွန်မတို့သာ မတော်တဆမှုတစ်ခုခု ဖြစ်သွားခဲ့ရင် အားလုံး အဆင်ပြေသွားမှာပါ"

လင်းပိုင်ဖန်မှာ "သောက်ကျိုးတော့ နည်းပြီ" ဟု တွေးလိုက်မိသည်။

သူမ၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံကို ကြည့်ပြီး လင်းပိုင်ဖန် တစ်ကိုယ်လုံး ချွေးပြန်သွားသည်။ ဤကဲ့သို့ တောင့်တင်းလှသည့် ကိုယ်ခန္ဓာမျိုးကို သူ၏ သေးသွယ်သော ခန္ဓာကိုယ်ဖြင့် မည်သို့မျှ မယှဉ်နိုင်ချေ။

သူသည် စေ့စပ်ပွဲဖျက်ဖို့ နားချပေးရန် လာခဲ့ခြင်းသာဖြစ်ပြီး မိမိကိုယ်တိုင် ပြဿနာထဲ ဝင်ပါရန် လာခဲ့ခြင်း မဟုတ်ပေ။

"မိန်းကလေး ချူချူ..၊ မင်းရဲ့ အမြင်စူးရှတာကိုတော့ ငါကိုယ်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မင်းရဲ့အချစ်က ငါကိုယ်တော့်အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လွန်းတယ်။ ဒါကြောင့် မင်းနဲ့ ထိုက်တန်တဲ့ တခြားယောကျ်ားကောင်းတစ်ယောက်ကိုပဲ ရွေးချယ်ပါ" ဟု လင်းပိုင်ဖန်က အကြံပေးလိုက်သည်။

"မစမ်းကြည့်ဘဲ အဆင်မပြေဘူးဆိုတာ ဘယ်လိုသိမှာလဲ" ဟု ဟန်ချူးချူးက ပြန်ချေပလိုက်သည်။

လင်းပိုင်ဖန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ချွေးများသုတ်ကာ "စမ်းကြည့်ဖို့ မလိုပါဘူး သိသာနေတာပဲ"

"အရှင်မင်းကြီးက ကျွန်မကို ရုပ်ဆိုးလို့ အရှင်မင်းကြီးနဲ့ မထိုက်တန်ဘူးလို့ ထင်နေတာလား" ဟု ဟန်ချူးချူးက သနားကမား ပြောလိုက်လေသည်။

"မိန်းကလေး ချူးချူး မင်းကိုယ်မင်း ဘာလို့ အဲ့လိုနိမ့်ချပြောရတာလဲ"

လင်းပိုင်ဖန်က ဒေါသထွက်ဟန်ဖြင့် "မင်းက ငါကိုယ်တော်နဲ့ မထိုက်တန်တာ မဟုတ်ဘူး။ ငါကိုယ်တော်ကသာ မင်းနဲ့ မထိုက်တန်တာပါ။ မင်းက စင်ကြယ်တဲ့ မိန်းမပျိုလေးပါ။ ငါကိုယ်တော်ကတော့ မသန့်ရှင်းတော့တဲ့သူ၊ ငါကိုယ်တော်လို မစင်ကြယ်တဲ့ယောကျ်ားက မင်းလို အပြစ်ကင်းစင်တဲ့သူနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ၊ ဟုတ်တယ်မလား"

"ကျွန်မ ဂရုမစိုက်ပါဘူး" ဟု ဟန်ချူးချူးက ဆိုလိုက်သည်။

"ဒါပေမဲ့ ငါကိုယ်တော်က ဂရုစိုက်တယ်"

လင်းပိုင်ဖန်က ဝမ်းနည်းပက်လက်ဖြင့် "ပြီးတော့ ကိုးယောက်မြောက်မင်းသားက ငါ့ညီအစ်ကိုလေ၊ သူ့ရဲ့ ဆရာတူအမကိုလည်း ငါကိုယ်တော်က ယူထားပြီးပြီ၊ အခု သူ့စေ့စပ်ထားသူကိုပါ ထပ်ယူရဦးမှာလား။ ငါကိုယ်တော်ရဲ့ နှလုံးသားက ဒါကို ဘယ်လိုတောင့်ခံနိုင်မှာလဲ။ ဒါကြောင့် ငါတို့ လောကအလယ်မှာ တစ်ယောက်ကိုတစ်ယောက် မေ့လိုက်ကြရအောင်။ နှုတ်ဆက်ခဲ့ပါတယ်"

ပြောပြီးသည်နှင့် သူသည် ထွက်ပြေးရန် အသင့်ပြင်လိုက်သည်။

ဟန်ချူးချူးက အော်ပြောလိုက်သည်။ "အရှင်မင်းကြီးသာ အဲ့ဒီတံခါးကနေ ထွက်သွားရင် ကျွန်မကို စော်ကားပါတယ်လို့ အော်ဟစ်ပြီး အရှင်မင်းကြီးကို လက်ထပ်ဖို့ အတင်းအကျပ် လုပ်မှာနော်"

လင်းပိုင်ဖန် ဒေါသကြောင့် တုန်ရင်သွားကာ "မင်းက လူကောင်းတစ်ယောက်ကို ဒီလိုမျိုး အတင်းအကျပ် လက်ထပ်ခိုင်းရသလား"

ဟန်ချူးချူးက ဂုဏ်ယူစွာဖြင့် "အတင်းအကျပ် လုပ်တော့ ဘာဖြစ်လဲ။ ရှင် ကျွန်မကို ဘာလုပ်နိုင်မှာလဲ"

"ကောင်းပြီ မင်း ငါ့ကို အတင်းအကျပ် လုပ်တာနော်"

လင်းပိုင်ဖန်က ရုတ်တရက် လက်လှမ်းလိုက်ပြီး ဘေးနားတွင် ခိုးရယ်နေသော အစေခံမလေးကို ဆွဲယူကာ တင်းတင်းကြပ်ကြပ် ဖက်ပြီး နမ်းလိုက်လေသည်။

ဟန်ချူးချူးလည်း မှင်တက်သွားသလို အစေခံမလေးလည်း တုန်လှုပ်သွားသည်။ သူ တကယ်ပဲ ဒီလိုလုပ်လိမ့်မည်ဟု သူမတို့ မထင်ထားခဲ့ပေ။

ထိုအခါမှ လင်းပိုင်ဖန်က လွှတ်ပေးလိုက်ပြီး မကျေနပ်သေးဟန်ဖြင့် "ကဲ အခု အော်ချင်သလောက်အော်တော့၊ မင်း အသံကုန်အော်လို့ တခြားလူတွေ ရောက်လာရင်တောင် ငါကိုယ်တော်နဲ့ ဒီအစေခံမလေးကြားမှာ မသင့်တော်တဲ့ ပတ်သက်မှုရှိတယ်လို့ပဲ ထင်ကြမှာ။ မင်းကိုတော့ ဘယ်သူမှ မသင်္ကာဖြစ်မှာ မဟုတ်ဘူး"

အမျိုးသမီးနှစ်ဦးစလုံး ဆွံ့အသွားကြပြီး "ဘယ်လိုတောင်လား?" ဟုသာ တွေးမိတော့သည်။

ထို့နောက် လင်းပိုင်ဖန်က အစေခံမလေးဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောလိုက်သည် "မိန်းကလေး စိတ်မပူပါနဲ့။ ငါကိုယ်တော် မင်းအတွက် တာဝန်ယူမှာပါ"

"ဘာ…!!" အစေခံမလေး၏ မျက်လုံးများ အံ့သြလွန်း၍ ပြူးကျယ်သွားလေတော့သည်။

All Chapters