← Chapters

အခန်း (၁၉၁)

Vol. 17 Ch. 191

အခန်း (၁၉၁)

Vol. 17 Ch. 191

အိမ်နီးချင်းနိုင်ငံတွေအားလုံး ပရမ်းပတာ ဖြစ်နေချိန်တွင် ဒုက္ခသည် သာမန်အရပ်သား ပြည်သူများသည် မဟာရှနိုင်ငံအတွင်းသို့ ပိုမို၍ စီးဝင်လာကြသည်။

ယခင်က လင်းပိုင်ဖန်သည် အဝါရောင်ကောင်းကင်ဂိုဏ်း၏ ယုံကြည်သူ တစ်သန်းထဲမှ သာမန်ပြည်သူ ရှစ်သိန်းကို လက်ခံခဲ့ပြီးဖြစ်သည်။ အခြားသော မိသားစုများမှ ပေါင်းစည်းလာသည့် သာမန်လူများနှင့်ပါ ပေါင်းလိုက်လျှင် ယခုအခါ အရေအတွက်မှာ တုန်လှုပ်ဖွယ်ရာ နှစ်သန်းအထိ ရှိလာခဲ့ပြီဖြစ်သည်။

“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာသည်နှင့်အမျှ သင်၏ ခွန်အားသည်လည်း တစ်ပြိုင်နက်တည်း တိုးမြင့်လာခဲ့သည်။ ဆုလာဘ်အဖြစ် ရိကျန့် ဓားသိုင်းကို ရရှိသည်”

ဓားသိုင်းဆရာကြီးတစ်ဦး ဖန်တီးခဲ့သော ရိကျန့်ဓားသိုင်းသည် မိမိကိုယ်ကို စစ်တုရင် ကစားသမားအဖြစ်လည်းကောင်း၊ ဓားကို စစ်တုရင် နယ်ရုပ်အဖြစ်လည်းကောင်း သတ်မှတ်ကာ ရန်သူ၏ လှုပ်ရှားမှုများကို စစ်တုရင်ကစားပွဲကဲ့သို့ ကြိုတင်တွက်ဆပြီး ရန်သူ့ဆုတ်လမ်းကို ဖြတ်တောက်ပစ်ကာ အမြဲတမ်း ဦးဆောင်မှုရယူရန် အလေးပေးသည့် သိုင်းပညာဖြစ်သည်။

လင်းပိုင်ဖန်သည် မျက်စိကို မှိတ်လိုက်ကာ ထိုဓားသိုင်းကို လျင်မြန်စွာပင် တတ်မြောက်သွားခဲ့သည်။

အဆုံးတွင် သူသည် ဤဓားသိုင်းမှာ ကိုးပါးအထီးကျန်ဓားသိုင်း နှင့် ဆန်းကြယ်ပုံချင်း ဆင်တူသော်လည်း ပိုမိုနက်ရှိုင်းပြီး အနက်အဓိပ္ပာယ် ဖွေရှာမရနိုင်လောက်အောင် ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

"ဒီဓားသိုင်းက ကောင်းသားပဲ ငါ့ရဲ့ဓားသိုင်းအဆင့်ကို တစ်ဆင့်တိုးစေတာပဲ"

ထိုအချိန်တွင် မိန်းမစိုးငယ်တစ်ဦး ဝင်လာခဲ့သည်။

"အရှင်မင်းကြီးကို လျှောက်တင်အပ်ပါတယ်။ မိုင်၊ ဒေါင်၊ ရှ၊ ဖုန်း နှင့် ဝူ နိုင်ငံတို့မှ သံတမန်များက အရှင်မင်းကြီးကို ဖူးမြော်ခွင့် တောင်းခံနေကြပါတယ်"

ထိုငါးနိုင်ငံမှာ မဟာရှ၏ အရှေ့မြောက်ဘက်ရှိ နိုင်ငံငယ်လေးငါးခုဖြစ်ပြီး ယခုအခါ အဝါရောင်ကောင်းကင်ဂိုဏ်းကြောင့် ပျက်စီးလုနီးပါး ဖြစ်နေကြပြီဖြစ်သည်။

"သူတို့ကို ဝင်ခွင့်ပေးလိုက်" လင်းပိုင်ဖန် အမိန့်ပေးလိုက်သည်။

လက်ဖက်ရည်တစ်ခွက်စာခန့်အကြာတွင် နိုင်ငံငါးခုမှ သံတမန်များသည် နန်းတော်အတွင်းသို့ ဝင်ရောက်လာကြသည်။

"မဟာရှ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါသည်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"သံတမန်တို့ ထကြပါ" လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။ "ဒီတစ်ခေါက် ဘာကိစ္စနဲ့ လာကြတာတုန်း"

"အဝါရောင်ကောင်းကင်ဂိုဏ်းဟာ ပြည်သူတွေကို လှည့်ဖြားပြီး ဘေးဒုက္ခတွေ ဖြစ်အောင် လုပ်နေပါတယ်။ အခုဆို အိမ်နီးချင်းနိုင်ငံတွေအထိ ပျံ့နှံ့နေပြီး အမြစ်ပြတ်ချေမှုန်းရမယ့် ဘေးဒုက္ခကြီး ဖြစ်နေပါပြီ။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ အဝါရောင်ကောင်းကင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ စစ်သည်တော်တွေ စေလွှတ်ပေးဖို့ ကျွန်တော်မျိုးတို့ အထူးတောင်းဆိုပါရစေ"

"မဟာရှ ဧကရာဇ်အနေနဲ့ အဝါရောင်ကောင်းကင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ စစ်သည်တော်တွေ စေလွှတ်ပေးပါရန် ကျွန်တော်မျိုးတို့ တောင်းပန်အပ်ပါသည်" ဟု အခြားသံတမန်များကလည်း တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

လင်းပိုင်ဖန်က ခေါင်းကို ယမ်းလိုက်ပြီး "ဒါက မောင်မင်းတို့နိုင်ငံတွေရဲ့ ပြည်တွင်းရေးပဲ၊ ငါကိုယ်တော်မှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ပြန်ကြပါတော့"

နိုင်ငံအသီးသီးမှ သံတမန်များသည် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။

" အရှင်မင်းမြတ်… ဒါဟာ ပြည်တွင်းရေးသက်သက် မဟုတ်တော့ပါဘူး။ အဝါရောင်ကောင်းကင်ဂိုဏ်းဟာ ကျိုင်းကောင်အုပ်ကြီးလိုပဲ မီးရှို့၊ လူသတ်၊ လုယက်မှုတွေကို အထိန်းအကွပ်မဲ့ လုပ်ဆောင်နေလို့ သာမန်ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်နေကြရပါတယ်။ သူတို့ကို ရှင်းလင်းပစ်ရပါမယ်"

"ဒါ့အပြင် ကျွန်တော်မျိုးတို့ နိုင်ငံတွေက သေးငယ်ပြီး စစ်အင်အားကလည်း နည်းပါးပါတယ်။ အဝါရောင်ကောင်းကင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ အင်အားမရှိပါဘူး။ မဟာကျူး၊ ရှီ နဲ့ ရွှယ်တို့လို နိုင်ငံကြီးတွေတောင်မှ အဝါရောင်ကောင်းကင်ဂိုဏ်းကြောင့် ဒုက္ခရောက်နေကြပြီး သူတို့ရဲ့ ဆင်းရဲဒုက္ခက ဖော်ပြလို့တောင် မရပါဘူး"

"ဒီနေ့ခေတ်မှာ အဝါရောင်ကောင်းကင်ဂိုဏ်းရဲ့ အန္တရာယ်ကနေ ကင်းဝေးနေတာဆိုလို့ အရှင်မင်းကြီးရဲ့ မဟာရှ တစ်နိုင်ငံပဲ ရှိပါတော့တယ်"

"ဒါကြောင့် အဝါရောင်ကောင်းကင်ဂိုဏ်းကို ချေမှုန်းပြီး ပြည်သူတွေကို ကယ်တင်ဖို့ စစ်သည်တွေ စေလွှတ်ပေးပါရန် ကျွန်တော်မျိုးတို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။ ဒါဟာ ဧကရာဇ်မင်းမြတ်တို့ရဲ့ ဆန္ဒသာမက နိုင်ငံအားလုံးက ပြည်သူတွေရဲ့ ထက်သန်တဲ့ တောင်းဆိုမှုလည်း ဖြစ်ပါတယ်"

လင်းပိုင်ဖန်သည် စကားတစ်လုံးမှမဆိုဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေလိုက်သည်။

တစ်ဖက်လူသည် အကျိုးအမြတ်တစ်ခုခုကို သွယ်ဝိုက်သောနည်းဖြင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း သံတမန်များ မသိဘဲ မနေကြပေ။

သို့သော် ရိုးရိုးသားသား ပြောရလျှင် သူတို့၏နိုင်ငံများသည် အဝါရောင်ကောင်းကင်ဂိုဏ်း၏ ဖျက်ဆီးမှုကို ခံထားရပြီးသားဖြစ်ရာ ဘုရားကျောင်းမှ ကြွက်များကဲ့သို့ပင် ဆင်းရဲမွဲတေနေကြပြီ ဖြစ်သည်။ သူတို့တွင် ဘယ်က အကျိုးအမြတ်ကို ပေးနိုင်ပါမည်နည်း။

သို့သော် အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက သူတို့ကိုယ်တိုင်သာ မဟာရှ ဧကရာဇ်ဖြစ်ခဲ့ပါကလည်း စစ်ကူလွှတ်ပေးရန် ဆန္ဒရှိမည်မဟုတ်ပေ။ ယင်းအစား ကျားနှစ်ကောင် သတ်ပွဲကို ဘေးမှရပ်ကြည့်ပြီး အင်အားကုန်ခမ်းသွားချိန်မှသာ အခွင့်ကောင်းယူ အမြတ်ထုတ်မည်ဖြစ်သည်။

ထိုအချိန်တွင် သံတမန်တစ်ဦးက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ "မဟာရှ ဧကရာဇ်မင်းမြတ်ခင်ဗျာ၊ ကျွန်တော်မျိုးတို့ရဲ့ ဘုရင်က ပြောလိုက်ပါတယ်။ အကယ်၍ အရှင်မင်းကြီးက မိုင် နိုင်ငံကို ကယ်တင်ဖို့ စစ်ကူလွှတ်ပေးမယ်ဆိုရင် မိုင်နိုင်ငံကနေ ရရှိလာတဲ့ ပိုင်ဆိုင်မှု ဥစ္စာဓန အားလုံးဟာ မဟာရှရဲ့ အပိုင်ဖြစ်စေရပါမယ်"

လင်းပိုင်ဖန် စိတ်ဝင်စားသွားပြီး "မောင်မင်းတို့ တကယ်ပဲ ဒါကို ပေးနိုင်လို့လား"

"အဝါရောင်ကောင်းကင်ဂိုဏ်းကို ပေးလိုက်ရမယ့်အစား မဟာရှကို ပေးလိုက်တာက ပိုကောင်းတယ်လို့ ကျွန်တော်မျိုးတို့ အရှင်က မိန့်ကြားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မဟာရှဆိုတာ ကျွန်တော်မျိုးတို့ရဲ့ မိတ်ဆွေကောင်း အိမ်နီးချင်းကောင်းပဲ မဟုတ်လား"

လင်းပိုင်ဖန်က ကျယ်လောင်စွာြဖင့်- "ကောင်းပြီ ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုအားကိုးရတယ် ဆိုတဲ့ စကားလည်းရှိတာပဲ။ မိုင်နိုင်ငံက ဒီလောက် ရက်ရက်ရောရော ရှိမှတော့ ငါကိုယ်တော်ကလည်း ကပ်မနေတော့ပါဘူး။ မိုင်နိုင်ငံကို ကယ်တင်ဖို့ အခုချက်ချင်း စစ်ကူလွှတ်ပေးမယ်"

မိုင်နိုင်ငံမှ သံတမန်သည် အလွန်အမင်း ဝမ်းသာသွားကာ- "မဟာရှ ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"

လင်းပိုင်ဖန်က ပြုံးလျက် "ကျေးဇူးတင်စရာ မလိုပါဘူး" ဟု ဆိုလိုက်သည်။

စိတ်ထဲတွင်မူ "နောက်မှ ငိုမနေနဲ့ဦး" ဟု တိတ်တဆိတ် ပြောလိုက်သည်။

ဒါကို မြင်တော့ အခြားနိုင်ငံမှ သံတမန်များကလည်း တညီတညွတ်တည်း ပြောလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ နိုင်ငံတွေကိုလည်း ကယ်တင်ဖို့ စစ်ကူလွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ ထိုဖြစ်စဉ်အတွင်း ရရှိလာမယ့် ပိုင်ဆိုင်မှုအားလုံးက မဟာရှ၏ အပိုင်ဖြစ်စေရပါမယ်"

လင်းပိုင်ဖန်ကလည်း "ကောင်းပြီ၊ မောင်မင်းတို့ရဲ့ ရိုးသားမှုက နက်ရှိုင်းလှတဲ့အတွက် မောင်မင်းတို့ နိုင်ငံတွေကို ကယ်တင်ဖို့ ငါကိုယ်တော် အခုချက်ချင်း စစ်ကူလွှတ်ပေးမယ်"

"မဟာရှ ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"

ထို့နောက်တွင် လင်းပိုင်ဖန်သည် စစ်သည်များကို စုစည်းကာ စစ်သူကြီးများကို ခန့်အပ်လေတော့သည်။

ဤသတင်းကို ကြားသောအခါ ချိုင်ယွီရှင်းသည် လင်းပိုင်ဖန်ထံ အပြေးအလွှား ရောက်လာခဲ့ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ဒီတာဝန်ကို ကျွန်မကို ပေးအပ်ပါ ကျွန်မတို့ရဲ့ ဖီးနစ်တပ်မတော်ဟာ စစ်မြေပြင်မှာ လေ့ကျင့်ဖို့ လိုအပ်နေပါတယ်။ ဒီစစ်မြေပြင်က အကောင်းဆုံးနေရာပါပဲ"

လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ကာ- "မင်းကို ပေးအပ်လိုက်တာက ပြဿနာမရှိပါဘူး။ ဒီဗုံကြီးကိုပါ တစ်ပါတည်း ယူသွားလိုက်"

လင်းပိုင်ဖန်သည် ဗုံကြီးတစ်လုံးကို ယူလာခိုင်းလိုက်သည်။

ချိုင်ယွီရှင်း ဇဝေဇဝါဖြစ်သွားကာ- "ဘာဖြစ်လို့ ဗုံကြီးကို ယူသွားရမှာလဲ"

လင်းပိုင်ဖန်က ရယ်လျက် "အဝါရောင်ကောင်းကင်ဂိုဏ်းက ယုံကြည်သူ အများစုက လှည့်စားခံထားရပြီး သူတို့ရဲ့ စိတ်တွေကို ထိန်းချုပ်ခံထားရလို့ နာကျင်မှုကို မသိတော့ဘဲ ရန်သူကို သတ်ဖို့ပဲ သိကြတော့တာ။ ဒါပေမဲ့ ဒါကို ဖြေရှင်းလို့ရတဲ့ နည်းရှိတယ်။ အချိန်တန်ရင် ဒီဗုံကြီးကို တီးလိုက်ရုံပဲ၊ အဲဒါက သူတို့ကို အိပ်မွေ့ချခံထားရတဲ့ အခြေအနေကနေ နိုးထစေလိမ့်မယ်။ အဲဒီ အိပ်မွေ့ချနည်းကို မခံရတဲ့ အဝါရောင်ကောင်းကင်ဂိုဏ်းက လူတွေဟာ စည်းကမ်းမရှိတဲ့ လူအုပ်စုကြီးလိုပဲ အလွယ်တကူ အနိုင်ယူလို့ရတယ်"

ထိုဗုံကြီးအတွင်း၌ လင်းပိုင်ဖန်၏ စိတ်ဝိညာဉ်အမှတ်အသား ထည့်သွင်းထားသည်။

ထိုဗုံကို တီးလိုက်သည်နှင့် လူတို့၏ စိတ်ကို တုန်ခါစေကာ သတိပြန်ဝင်လာစေမည် ဖြစ်သည်။

"ကျွန်မ၊ ဒီဗုံမှာ ဒီလိုအစွမ်းရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး အခုချက်ချင်း စစ်မြေပြင်ကို ယူသွားလိုက်ပါ့မယ်"

ချိုင်ယွီရှင်းသည် ဗုံကြီးကို မကာ အပြေးအလွှား ထွက်ခွာသွားပြီးနောက် ဖီးနစ် တပ်သား ၃,၀၀၀ ကို ဦးဆောင်၍ ငါးနိုင်ငံ၏ စစ်မြေပြင်သို့ ဦးတည်သွားလေသည်။

အဝါရောင်ကောင်းကင်ဂိုဏ်း၏ ဌာနချုပ်တွင်မူ….

မြေပြင်စစ်သူကြီးသည် အပြေးအလွှား ဝင်လာပြီး "အစ်ကိုကြီး၊ အခုပဲ သတင်းရတယ် အဲဒီငါးနိုင်ငံက သံတမန်တွေက မဟာရှဆီက စစ်ကူတောင်းလိုက်ကြပြီတဲ့။ မဟာရှကလည်း သဘောတူလိုက်ပြီး စစ်ကူလွှတ်ဖို့ အသင့်ဖြစ်နေပြီ။ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ကောင်းကင်စစ်သူကြီး၏ မျက်နှာထားမှာ လေးနက်သွားပြီး- "မဟာရှက ရင်ဆိုင်ရ ခက်ခဲလိမ့်မယ်။ ဒါ့အပြင် သူတို့က ငါတို့ရဲ့ အိပ်မွေ့ချနည်းကိုလည်း တန်ပြန်နိုင်တယ်"

မြေပြင်စစ်သူကြီးက စိုးရိမ်တကြီးဖြင့် "ဒါကိုပဲ ကျွန်တော် စိုးရိမ်နေတာ"

"သိပ်လည်း မထိတ်လန့်နဲ့ဦး။ အခြေအနေကို စောင့်ကြည့်ကြရအောင်၊ ဘာပဲဖြစ်ဖြစ် ငါတို့မှာ နယ်မြေအနှံ့ နောက်လိုက်တွေ အများကြီး ရှိနေတာပဲ။ သူတို့မှာ နည်းလမ်းရှိတယ်ဆိုရင်တောင် ဒါက သမုဒ္ဒရာထဲက ရေတစ်ပေါက်စာလောက်ပဲ ဖြစ်မှာပါ၊ ထိရောက်မှာ မဟုတ်ပါဘူး" ဟု ကောင်းကင်စစ်သူကြီးက မျှော်လင့်ချက် အနည်းငယ်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ အစ်ကိုကြီး။ ကျွန်တော် အစ်ကိုကြီးရဲ့ စကားကို နားထောင်ပါ့မယ်"

All Chapters