မဟာမြင့်မြတ်နယ်မြေ သုံးခု
Vol. 21 Ch. 205
အချိန်များက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားခဲ့သည်။ ကြေးနီတံခါးကြီးများထဲမှ စိတ်ဝိညာဉ်ချီစွမ်းအင် ဝဲကယက်က နောက်ဆုံး တည်ငြိမ်သွားပြီး ဧရာမ တံခါးချပ်ကြီး နှစ်ချပ် ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ထိုပတ်ဝန်းကျင်မှ လွင့်မျောနေသော တောင်တန်းများလည်း မမြင်ရသော အင်အားတစ်ခု၏ ဆွဲငင်မှုကြောင့် တံခါးကြီးများဆီကို စုပြုံ တိုးဝင်သွားကြသည်။
ကျင့်ကြံသူများက လျို့ဝှက်နယ်မြေ ပွင့်သွားပြီ ဖြစ်ကြောင်းကို သိလိုက်ကြလေပြီ။ ကြေးနီတံခါး အငယ်များက အရန်လျို့ဝှက်နယ်မြေများဆီကို ဦးတည်ပြီး ၎င်းတို့၏ စိတ်ဝိညာဉ်ချီစွမ်းအင် ဝဲကယက်များက ခရမ်းရောင် တောက်နေ၏။ ပိုမိုကြီးမားသော ကြေးနီတံခါးကြီးများကမူ အခြေတည်ဝိညာဉ် အဆင့်နှင့်အထက် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်တဲ့ အဓိက လျို့ဝှက်နယ်မြေများဆီကို ဦးတည်ထားပြီး ရွှေရောင်ဝဲကယက်များနှင့် မှတ်သားထားသည်။
အကြောင်းမှာ နှစ်စဉ် ထိုအချိန်မျိုးတွင် အောက်ခြေရှိ နဂါးကြောများမှ စုဆောင်းထားသော စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး ချင်းယွန်ဘုံနှင့် ရှေးဟောင်းစစ်မြေပြင် အကြား လမ်းကြောင်းကို ပွင့်သွားစေ၍ပင်။ ထိုဝဲကယက်က တယ်လီပို့လမ်းကြောင်း တစ်ခုလို အလုပ်လုပ်ပြီး အနားကို ချဉ်းကပ်လာသော မည်သည့် ကျင့်ကြံသူကိုမဆို စစ်မြေပြင်ထဲကို ပို့ဆောင်ပေးမည် ဖြစ်သည်။
လျို့ဝှက်နယ်မြေ ပွင့်သွားပြီ ဖြစ်သော်လည်း ဘယ်သူမှ လှုပ်ရှားခြင်း မရှိကြသေးပေ။
လူတိုင်းက မဟာမြင့်မြတ်နယ်မြေ သုံးခု ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြ၏။
မြင့်မြတ်နယ်မြေ သုံးခုမှ ရွေးချယ်ခံထားရသော ပါရမီရှင်များ အရင်ဆုံး ဝင်ရောက်ရမည် ဆိုသည်မှာ အစဉ်အလာတစ်ခု ဖြစ်ပေသည်။
နောက်ဆုံးတွင်တော့ ကောင်းကင်ယံတွင် ခေါင်းလောင်းသံ ကိုးချက် ပဲ့တင်ထပ်သွား၏။ လွင့်မျောနေသော တောင်တန်းများ အထက်ရှိ တိမ်တိုက်ပင်လယ်ထဲတွင် ဧရာမ ပုံရိပ်ကြီး သုံးခုက တဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
အနောက်ဘက်တွင် အမြင့်ပေ တစ်ရာခန့်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူက တိမ်တိုက်များ အထက်တွင် တည်ငြိမ်စွာ စံပယ်နေပြီး “ပန်းကိုင်” လက်ဟန်ကို ဖော်ဆောင်ထားသည်။ ကိုယ်တော်၏ ဧရာမလက်ဖဝါးတော်များပေါ်တွင် တည်ကြည်လှသော ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ တစ်ရာခန့်ကို တင်ဆောင်ထား၏။
အရှေ့ဘက်တွင် တိမ်တိုက်များ အကြားမှ ခရမ်းရောင်မြူခိုးများ ဝေဆာလာသည်။ ယင်-ယန် ငါးနှစ်ကောင် လည်ပတ်နေတဲ့ ထိုက်ကျိတာအိုစင်မြင့်ပေါ်တွင်တော့ အမည်းနှင့်အဖြူ ဝတ်ရုံ ဆင်မြန်းထားသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာက တာအိုအနှစ်သာရများ စီးဆင်းနေသော ဝတ်ရုံများဖြင့် စနစ်တကျ ရပ်နေကြသည်။
တောင်ဘက်တွင်မူ ကျယ်ပြောလှသော မြကျောက်ရောင် ကြာပန်းကန်တော့ကြီး တစ်ခုက အသာအယာ လှိုင်းထနေ၏။ အစိမ်းနုရောင် ဝတ်ရုံများ ဆင်မြန်းထားသော အမျိုးသမီးကျင့်ကြံသူ ၃၀၀သည် ကြာပန်းစင်မြင့်များပေါ်တွင် ရပ်နေကြပြီး သူတို့၏ နတ်မိမယ်လို သာယာသော အသံများက လေထုထဲတွင် နတ်သံစဉ်များလို ပြည့်နှက်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော် ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများနှင့် တောင်တန်း တစ်သောင်းမှ လေလွင့်ကျင့်ကြံသူများ အသက်ရှူရန်ပင် မေ့သွားကြပြီး စကားတစ်လုံးမှ မဟရဲကြတော့ပေ။
မြင့်မြတ်နယ်မြေ သုံးခုဖြစ်သော ဖန်ကျင်း၊ ကျန့်ဝူနှင့် ယောင်ချီတို့ ရောက်ရှိလာလေပြီ။
လုချန်ထျန်းက မြင့်မားလှသော ထိုက်ကျိတာအိုစင်မြင့်ကို ပြင်းပြသော တောင့်တမှုများနှင့် စိုက်ကြည့်နေမိသည်။
ကျန့်ဝူမြင့်မြတ်နယ်မြေက သူ အဝင်ချင်ဆုံး နယ်မြေတစ်ခုပင်။
အကယ်၍ သူက ထိုနေရာမှ အစစ်အမှန်ဆရာသခင် တစ်ယောက်ယောက်၏ အာရုံစိုက်မှုကို ခံရခဲ့လျှင် သူ ဝင်ခွင့်ရပြီး သူတို့၏ ပညာရပ်များကို သင်ယူနိုင်ပေမည်။ ကျန့်ဝူက အစွန်းရောက် ယင်နဲ့ အစွန်းရောက်ယန်တို့၏ မျှခြေကို ကျင့်ကြံခြင်း ဖြစ်ပြီး အခြေခံ တာအိုဥပဒေသများထဲမှ တစ်ခု ဖြစ်သည်။ ၎င်းမှာ ယင်-ယန်ကို အပေါ်ယံ ပညာရပ်များဖြင့်သာ နားလည်ထားကြသော ပျော်ရွှင်ခြင်းဇန်ဂိုဏ်း ဒါမှမဟုတ် ဟယ်ဟွမ်ဂိုဏ်းတို့ထက် အဆပေါင်းများစွာ သာလွန်ပေသည်။ ကျန့်ဝူသည် တာအို၏ အနှစ်သာရအစစ်အမှန်ကို ထိတွေ့နိုင်သော အဆင့်အတန်း မြင့်မားသည့် အခြေအနေကို ရောက်ရှိနေသည်မှာ ကြာခဲ့လေပြီ။
“နက္ခတ်တွက်ချက်မှု ၃၀၀အပြီး နောက်ဆုံးမှာတော့ ကျုံးကျိုးတံခါး ပွင့်သွားခဲ့ပြီ...”
ထိုက်ကျိတာအိုစင်မြင့်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုတစ်ယောက်က မျက်လုံးများကို ဖွင့်လိုက်၏။
သူ၏ မျက်လုံးသူငယ်အိမ်များထဲတွင် ယင်နဲ့ယန်တို့ လည်ပတ်နေပြီး ထိုထဲမှ သန့်စင်သော ယန်နှင့်ယင် ဓားအသိ အလင်းတန်း နှစ်ခုမှာ ကောင်းကင်ယံထဲကို ထိုးတက်သွားခဲ့သည်။
ထိုသူက ကျန့်ဝူမြင့်မြတ်နယ်မြေ၏ အရှင်သခင်ဖြစ်ပြီး ချင်းယွန်လောက၏ အစွမ်းထက်ဆုံး ဓားကျင့်ကြံသူဟူ၍ လူသိများသော ကျန်းယိပိုင် ဖြစ်လေသည်။
သူက ပြုံးလိုက်ရင်း မုတ်ဆိတ်မွေးကို သပ်ပြီး ပြောလိုက်သည်။ တာအိုမိတ်ဆွေတို့။ မင်းတို့ စောင့်ခဲ့ရတာ ကြာနေပါပြီ။ ဒါကြောင့် ငါ အချိန်မဖြုန်းတော့ဘူး။”
ထို့နောက် သူက ကျန်သော မြင့်မြတ်နယ်မြေ နှစ်ခုဘက်ကို လှည့်ကြည့်ပြီး လွင့်မျောနေသော တောင်တန်းများဆီသို့ ပဲ့တင်ထပ်သွားသော အသံနှင့် မေးလိုက်သည်။ “လေးစားရတဲ့ ယောင်ချီသခင်မနဲ့ ဆရာသခင် ဖန်ယဲ့။ ခင်ဗျားတို့ နှစ်ယောက် ဘာများ ပြောစရာ ရှိသေးလဲ။”
“အော်မီတော်ဖော်...”
ဖန်ကျင်းမြင့်မြတ်နယ်မြေ၏ အရှင်သခင် ဆရာတော် ဖန်ယဲ့ဟာ မီးနဂါး တစ်ကောင်ပေါ်တွင် ရပ်နေ၏။ သူ့နောက်တွင်တော့ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် “ဝရဇိန်” ပုံရိပ်ယောင်ကြီးက ကြီးမားစွာ ထွက်ပေါ်နေသော်လည်း သူ့မျက်နှာကတော့ သနားကြင်နာတတ်သော တည်ငြိမ်မှုမျိုး ရှိနေလေသည်။
“တာအိုမိတ်ဆွေကျန်း... မကြာသေးခင်က ချင်းယွန်လောကမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ကောင်းကင်နက္ခတ် တွက်ချက်ကြတာကို သတိထားမိတယ်။ ဒါ ကျုံးကျိုးလျို့ဝှက်နယ်မြေထဲမှာ တန်ဖိုးကြီး ရတနာတစ်ခုခု ပေါ်လာမယ်ဆိုတာကို ကြိုမြင်ထားလို့လား။”
သူက လက်အုပ်ချီပြီး ပြုံးလိုက်သည်။ “ခင်ဗျားရဲ့ အမြင်တွေကို မျှဝေပေးပါလား။ ဘာပဲဖြစ်ဖြစ် ကံကြမ္မာက ကျုပ်တို့ကို ဒီမှာ အတူတူ ဆုံစည်းပေးတာပဲလေ။”
ကျန်းယိပိုင်၏မျက်နှာထား တောင့်တင်းသွား၏။
ကျုံးကျိုးလျို့ဝှက်နယ်မြေထဲတွင် တန်ဖိုးရှိသော တစ်စုံတစ်ခု ပေါ်လာမည်မှာ အမှန်ပင်။
သို့သော် ၎င်းသည် ယခုမှ ကောင်းကင်နက္ခတ် တွက်ချက်၍ သိလာခြင်း မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှေးဟောင်းနက္ခတ် အခမ်းအနားတစ်ခုမှ သူ ကြိုမြင်ထားခြင်း ဖြစ်လေသည်။
ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ဆိုသည်မှာ လူတစ်ယောက်၏ သက်တမ်းကို တိုစေသော ပညာရပ် တစ်ခုပင်။ မည်သူက ၎င်းကို အလကားနေရင်း သုံးမည်နည်း။
“ဆရာတော် ဖန်ယဲ့က နောက်နေပြန်ပါပြီ...” ကျန်းယိပိုင်က ပြန်ဖြေသည်။ “ကျုံးကျိုး လျို့ဝှက်နယ်မြေက ချင်းယွန်ဘုံနဲ့ လုံးဝ သီးခြားဖြစ်နေတာပါ။ ကျုပ်က အဲဒီလောက်အထိ တိကျတဲ့ ဟောကိန်းတွေကို မတွက်ချက်နိုင်ပါဘူး။”
ဖန်ယဲ့ ခဏတာ တိတ်ဆိတ်သွားပြီး လက်အုပ်ချီလိုက်သည်။ ထို့နောက် တဟားဟား ရယ်ရင်း မေးလိုက်သည်။ “ဒါဆိုရင် ပြောပါဦး။ တာအိုမိတ်ဆွေကျန်း။ ခင်ဗျား ဝင်မှာလား၊ မဝင်ဘူးလား။”
“ကျုပ်ရဲ့ တာအိုနားလည်မှုမှာ အတားအဆီးတစ်ခု ဖြစ်နေတယ်။” ကျန်းယိပိုင်က ဖြေလိုက်၏။ “ဝင်ပြီးတော့ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရှာရမှာပေါ့။”
“အော်မီတော်ဖော်... ဒါဆိုရင် ဒီကိုယ်တော်လည်း ဝင်မှာပေါ့။”
ဖန်ယဲ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယိပိုင် မျက်နှာပျက်သွားပြီး သူ့နောက်မှ ယပ်တောင်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်၏။ လိုက်တုတဲ့ ဘုန်းကြီး။
ထိုအချိန်မှာပင် ယောင်ချီမြင့်မြတ်နယ်မြေဆီမှ သာယာလှပသော အမျိုးသမီး အသံတစ်ခု လွင့်ပျံ့လာခဲ့သည်။
“ရှင်တို့ နှစ်ယောက်လုံး သွားမယ်ဆိုရင်တော့ ကျွန်မလည်း ဝင်ရမှာပေါ့။”
ဝတ်ရုံ ရိုးရိုးလေး ဆင်မြန်းထားသော အမျိုးသမီးတစ်ယောက်က ယောင်ချီ တာအိုဝင်းထဲမှ ရှေ့ကို ထွက်လာခဲ့သည်။
နှုတ်သီးတွင် ပန်းခက်လေးကို ကိုက်ထားသော ငှက်ပြာလေးတစ်ကောင်က တိမ်တိုက်ပင်လယ်ကို ဖြတ်ပျံသွားပြီး ရောင်စုံအလင်းတန်းများနှင့် တံတားတစ်ခုကို ဖော်ဆောင်ပေးလိုက်လေသည်။ ပါးလွှာသော ပိုးဇာလွှာ နောက်ကွယ်မှ ယောင်ချီသခင်မသည် တံတားပေါ်တွင် တင့်တယ်စွာ လျှောက်လှမ်းလာသည်။ သူ၏ခါးတွင် ချိတ်ထားသော ရှေးဟောင်းခေါင်းလောင်းလေးက ခြေလှမ်းတိုင်း မြည်နေ၏။
ဧရာမ တံခါးကြီးပေါ်မှ ရှေးဟောင်း ကြေးနီစာတန်းများမှာ ပြာလွင်သော အလင်းများနှင့် တောက်ပနေပြီး စီးဆင်းနေသော လရောင်များလိုပင် သူ၏ဝတ်ရုံပေါ် ရောင်ပြန်ဟပ်နေသည်။
အခြားမြင့်မြတ်နယ်မြေ အရှင်သခင် နှစ်ယောက်အနားကို သူ ရောက်သွားသော အခိုက်တွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့လေသည်။ ဖန်ယဲ့၏ ပုတီးစေ့များက ရုတ်တရက် ပူနွေးလာပြီး ကျန်းယိပိုင်၏ဓားကလည်း ဓားအိမ်ထဲတွင် တုန်ခါသွား၏။
ပိုးဇာလွှာ နောက်ကွယ်မှ မျက်နှာကို မည်သူမှ မမြင်ရသော်လည်း သူ၏ အလှတရားကိုတော့ ဘယ်သူမှ သံသယ မဖြစ်ကြပေ။
မည်သို့ပင်ဆိုစေကာမူ သူက ဆရာတော်ဖန်ယဲ့လို လူမျိုးကိုပင် မျက်စိမှိတ်ပြီး စိတ်ငြိမ်စေသည့် ကျမ်းစာများ ရွတ်ဆိုစေနိုင်သော လောကရှိ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်နေ၍ပင်။
“အမေ။ ယောင်ချီသခင်မက အရမ်းကို လှတာပဲ။ အစွမ်းလည်း ထက်ပြီးတော့ တင့်တယ်တယ်။ သမီးသာ ယောင်ချီမြင့်မြတ်နယ်မြေကို ဝင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ...”
လင်းရှီးတောင်ကြား၏ သခင်မလေး ယွန်စုရှင်းက ကြေးနီတံခါးကြီးများကို အားကျသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
ယွန်ပိုင်ယွီက သမီးဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
ကံကောင်း၍ ယွန်စုရှင်း၏ ပါရမီက ယောင်ချီမြင့်မြတ်နယ်မြေကို ဝင်ရန် မလုံလောက်ခဲ့ပေ။
သို့မဟုတ်ပါက သူ စိုးရိမ်ရနေလိမ့်မည်။ ထိုနေရာက အပြင်ပန်း မြင်ရသလို မဟုတ်၍ပင်။
“တကယ် နတ်ဘုရားမလို အလှတရားပဲ...” ရှုအန်က ခေါင်းခါရင်း ဟိုဟိုဒီဒီ လမ်းလျှောက်ကာ ရေရွတ်လိုက်သည်။ “မျက်နှာကို မမြင်ရပေမဲ့ သူက ငါ့ရဲ့...”
သူ စကားမဆုံးခင်မှာပင် တွမ်ဖုန်းက သူ့ပါးစပ်ထဲ ပိတ်စတစ်ခု အမြန် ထိုးထည့်လိုက်ပါ၏။
“ဆရာ...”
ကျင့်ကြံသူ အများစုက ယောင်ချီသခင်မဆီ မျက်လုံးများ ကျွတ်မတတ် စိုက်ကြည့်နေသော်လည်း လီချင်းရန်ကတော့ စိုးရိမ်တကြီးနှင့် သူ၏ဆရာကို လှည့်ကြည့်လိုက်သည်။
“ဟမ်...”
ချန်ဟွိုက်အန်က နဂါးပလ္လင်ပေါ်တွင် ပျင်းရိစွာဖြင့် လဲလျောင်းနေပြီး မေးစေ့ကို လက်နှင့် ထောက်ထား၏။
သူ့တပည့် လှည့်ကြည့်သည်ကို မြင်သော် သူက အိပ်ချင်မူးတူး မျက်လုံးများကို အသာလေး ဖွင့်ကြည့်ပြီး သမ်းဝေကာ ယခင်ထက်ပင် ပို၍ စိတ်မပါသော ပုံစံမျိုး ဖြစ်နေသည်။
ဒီကျုံးကျိုးလျို့ဝှက်နယ်မြေဆိုတဲ့ ကိစ္စက ဟန်ဆောင်ပန်ဆောင်တွေ အရမ်း များလွန်းနေတယ်။ တံခါးပွင့်တာနဲ့ တန်းတိုးဝင်လိုက်လို့ မရဘူးလား။ ငါက တိုက်ပွဲကို မြင်ချင်တာ။ သွေးထွက် သံယိုတွေကို မြင်ချင်တာ။ ပရမ်းပတာ ဖြစ်နေတာကို မြင်ချင်တာလေ...
အခုလို အိုကြီးအိုမတွေ အများကြီး ရပ်နေကြပြီး ခမ်းနားတဲ့ စားပွဲတစ်ခုမှာ တန်းစီနေသလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အတုအယောင် ယဉ်ကျေးမှုတွေ လုပ်ပြနေတာကို မဟုတ်ဘူး...
“ဟီးဟီး... ဘာမှမဟုတ်ပါဘူး...”
သူ၏ဆရာ ငိုက်မြည်းလုနီးပါး ဖြစ်နေသည်ကို မြင်သော် လီချင်းရန်က ပါးစပ်လေးပိတ်ပြီး တခစ်ခစ် ရယ်လိုက်၏။ သူ၏ ငွေခြေကျင်းဝတ်လေးကလည်း ခပ်တိုးတိုး မြည်သွားသည်။
သူ၏ဆရာက တခြားလူများနှင့် မတူပေ။
ဂိုဏ်းချုပ်စုနှင့် အခြားဂိုဏ်းအကြီးအကဲများပင် ယောင်ချီသခင်မကို ငေးကြည့်နေကြသော်လည်း သူ၏ ဆရာကတော့ တစ်ချက်တောင် လှည့်မကြည့်ပေ။ ထိုအစား သူက အိပ်ပျော်တော့မည့် အတိုင်းပင်။
ယောင်ချီသခင်မက လှပပေသည်။ သူ၏ တည်ရှိမှုကပင် လူကို မူးယစ်စေနိုင်၏။
သို့သော် ချန်ဟွိုက်အန်က မျက်နှာကိုသာ ဂရုစိုက်သည်။ ယောင်ချီသခင်မက မျက်နှာကို ဖုံးထားသည်ဖြစ်ရာ ချန်ဟွိုက်အန်အတွက်တော့ ဘာမှ မဟုတ်သလိုပင်။
၎င်းတင် မကသေးပေ။ ထိုသို့ တရားဝင်အခမ်းအနားများက သူ့ကို ပျင်းစရာကောင်းသော စီးပွားရေး အစည်းအဝေးတစ်ခုတွင် ပိတ်မိနေသလို ခံစားရစေ၏။
...
သူတို့ မသိလိုက်သည်မှာ ယောင်ချီသခင်မ၏ ဖုံးကွယ်ထားသော အကြည့်များက သူတို့ဘက် ဝေ့ကျလာခြင်းပင်။
သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူက ရှန့်ချင်းကျောက်စိမ်းဆင်းသက်ခြင်းအတတ်ကို ကျင့်ကြံထားခြင်းဖြစ်ပြီး ထိုအတတ်က သက်ရှိသတ္တဝါအားလုံးကို သူ့အပေါ် သံယောဇဉ် တွယ်လာအောင် လုပ်ဆောင်နိုင်သည်။
ဆရာတော်ဖန်ယဲ့ပင် ထိုဒဏ်ကို ခုခံရန် ဗုဒ္ဓလမ်းစဉ် ပညာရပ်များကို အသုံးပြုခဲ့ရ၏။
ကျန်းယိပိုင်၏ ဓားသည်ပင် တုန်ခါသွားခဲ့ရသည်။
သို့သော်...
ထိုဓားကျင့်ကြံသူက ဘာမှ မဖြစ်သည့်အပြင် အနည်းငယ်မျှပင် သက်ရောက်မှု မရှိပေ။
ထို့ပြင် သူက ထိုကျင့်ကြံဿူကို တစ်ခါမှ မမြင်ဖူးပေ။
သူက ဘယ်သူလဲ။ လျို့ဝှက်နယ်မြေထဲမှာ သူက မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတစ်ခုကို ဖြစ်လာစေမှာလား။
သိချင်စိတ်ကို မျိုသိပ်ရင်း ယောင်ချီသခင်မက ကြေးနီတံခါးကြီးဘေးနားမှ ဝိညာဉ်ကွင်းကို အသာအယာ ထိလိုက်၏။
ကောင်းကင်ယံတွင် ငှက်သံများ ပဲ့တင်ထပ်သွားပြီး တိမ်တိုက်များပေါ်မှ ဝိညာဉ်မိုးရေများ စီးကျလာခဲ့သည်။
စိတ်ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ချီစွမ်းအင်စုစည်း အခင်းအကျင်း တစ်ခု၏ အဆင့်အထိ တက်လာသည်။
၎င်းက ကျင့်ကြံသူ အများစု စောင့်နေသော အခိုက်အတန့်ပင်။ သူတို့က ချက်ချင်းပင် ထိုင်ချလိုက်ပြီး ပေါများလှသော စိတ်ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူရန် ကြိုးစားတော့သည်။
“ကျုံးကျိုးလျို့ဝှက်နယ်မြေ အခု ပွင့်ပါပြီ။”
ယောင်ချီသခင်မ၏ နီမြန်းသော နှုတ်ခမ်းများက အသာအယာ ဟသွားခဲ့သည်။
“မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်တွေ အရင်ဆုံး အရန်လျို့ဝှက်နယ်မြေထဲကို ဝင်ကြရမယ်။”
...