← Chapters

ဓားစိတ်ဝိညာဉ်အမြစ်

Vol. 21 Ch. 206

ဓားစိတ်ဝိညာဉ်အမြစ်

Vol. 21 Ch. 206

ယောင်ချီမှ နတ်မိမယ်မလေး စုန့်ချီယွဲ့။

ကျန့်ဝူ၏ အကြီးဆုံးတပည့် ချင်းလော်ဖုန်း။

ဖန်ကျင်းရှိ ဟွေ့မျိုးဆက်တွင် အထူးချွန်ဆုံး ဆရာတော် ဟွေ့ခုန်း။

ထိုသုံးယောက်က သူတို့ခေတ်တွင် ပါရမီအရှိဆုံး လူငယ် ကျင့်ကြံသူများ ဖြစ်သည်။ အသက်၃၀ မပြည့်သေးသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များက အခြေတည်ဝိညာဉ်အဆင့် အနားကို ရောက်နေလေပြီ။

စုန့်ချီယွဲ့တွင် သီးသန့်သစ်သားစိတ်ဝိညာဉ်အမြစ်ရှိပြီး ပထမအဆင့် ဒန်တျန်ပိုင်ရှင် ဖြစ်ကာ ရွှေရောင်အနှစ်သာရအဆင့် အထွတ်အထိပ်တွင် ရှိနေသည်။

ချင်းလော်ဖုန်းတွင် သီးသန့်ဓားစိတ်ဝိညာဉ်အမြစ်ရှိပြီး ဒုတိယအဆင့် ဒန်တျန်ပိုင်ရှင် ဖြစ်ကာ ရွှေရောင်အနှစ်သာရအဆင့် နောက်ဆုံးအဆင့်တွင် ရှိနေသည်။

ဆရာတော်ဟွေ့ခုန်းက သီးသန့်အစစ်အမှန်မီးစိတ်ဝိညာဉ်အမြစ်ရှိပြီး ဒုတိယအဆင့် ဒန်တျန်နှင့် ရွှေရောင်အနှစ်သာရအဆင့် အထွတ်အထိပ်တွင် ရှိနေသည်။

သူတို့၏ မွေးရာပါ ပါရမီများအပြင် ထိုသုံးယောက်မှာ နောက်ကွယ်မှ မြင့်မြတ်နယ်မြေများ၏ အဆုံးမရှိသော အရင်းအမြစ်များ ရှိနေသေးသည်။

သူတို့ ကိုင်ဆောင်သော လက်နက်များနှင့် သူတို့ဆီမှ ရတနာများနှင့် ဝှက်ဖဲများက သာမန် ကျင့်ကြံသူများ၏ စိတ်ကူးထက်ကို ကျော်လွန်နေပေသည်။

ယောင်ချီသခင်မ၏စကား အဆုံးမှာပင် ထိုပါရမီရှင် လူငယ်သုံးယောက်က ရှေ့ကိုတက်လာ၏။ သူတို့ တစ်ယောက်ချင်းစီ၏ အနောက်တွင်တော့ ပါရမီအရ သူတို့ပြီးလျှင် အတော်ဆုံးဖြစ်သော မြင့်မြတ်နယ်မြေ၏ အမာခံတပည့် သုံးယောက်စီ ပါလာကြလေသည်။ ထိုတပည့်များသည် ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်းမှ နောက်ဆုံးအဆင့်ထိ ရှိနေကြပြီး သူတို့နှင့်အတူ ကျုံးကျိုးလျို့ဝှက်နယ်မြေထဲကို ဝင်ရောက်ကြမည် ဖြစ်ပေသည်။

စုန့်ချီယွဲ့က ယောင်ချီသခင်မ ဘေးနားတွင် ရပ်နေပြီး တင့်တယ်စွာ ဦးညွှတ်လိုက်၏။

သူ၏ ရုပ်ရည်နှင့် အမူအရာက ယောင်ချီသခင်မနှင့် တစ်ပုံစံတည်းပင်။ ဝတ်စားဆင်ယင်ပုံပင် ထပ်တူကျနေ၏။

ယောင်ချီသခင်မတွင် တာအိုအဖော် မရှိခဲ့ဖူးကြောင်း လူတိုင်း မသိကြလျှင် စုန့်ချီယွဲ့ကို သူ၏ သမီး သို့မဟုတ် ညီမအရင်းဟူ၍ပင် အထင်မှားနိုင်ပေသည်။

ချင်းလော်ဖုန်းက ခန့်ညားပြီး တည်ကြည်သော မျက်နှာထားရှိကာ ရိုးရှင်းသော မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ ကျောတွင် ဓားသေတ္တာတစ်လုံးကို လွယ်ထားပြီး သူ၏ ခြေရင်းတွင်တော့ နတ်ကြိုးကြာတစ်ကောင်က ငြိမ်သက်စွာ ရပ်နေလေသည်။ သူက ကျန်းယိပိုင်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူ့ဆီမှ တည်ငြိမ်မှုနှင့် ထက်မြက်မှု အငွေ့အသက်များ ထွက်ပေါ်နေ၏။

ဆရာတော် ဟွေ့ခုန်းက ခါးတစ်ပိုင်းသာ ဝတ်ဆင်ထားပြီး ကြွက်သား အမြောင်းမြောင်းနှင့် ခန္ဓာကိုယ်မှာ မီးတောက်ပုံစံ အနီရောင်ဆေးမင်ကြောင်တွေ ပတ်နွယ်နေရာ နဂါးတစ်ကောင် လူယောင်ဆောင်ထားသလိုမျိုး မြင်ရနေသည်။ သို့သော် သူ၏ မျက်နှာကမူ အလွန်ပင် နုနယ်၍ ချောမောလွန်းနေသည်။ သူသာ အမျိုးသမီးလို ဝတ်စားပြီး ဆံပင်တု တပ်လိုက်လျှင် မိန်းမလှလေး တစ်ယောက်ဟု အလွယ်တကူ ထင်သွားနိုင်လောက်သည် အထိပင်။

“တော်လောက်ပြီ။ ဝင်ကြတော့။ တခြားကျင့်ကြံသူတွေ စောင့်နေရတာ ကြာလှပြီ။ ခဏနေ သူတို့တွေ ညည်းကြတော့မယ်။”

ကျန်းယိပိုင် ယပ်တောင်ကို ခတ်လိုက်သော အခိုက်အတန့်မှာပင် ပုံသဏ္ဌာန် မရှိသော အင်အားတစ်ခုက တပည့် ၁၂ယောက်ကို အရန်လျို့ဝှက်နယ်မြေ၏ ကြေးနီတံခါးများဆီကို တွန်းပို့လိုက်သည်။

လူငယ်ထိပ်သီးများက တံခါးထဲ မဝင်ခင် သူတို့၏ သက်ဆိုင်ရာ အရှင်သခင်များကို နောက်ဆုံးအကြိမ် ဦးညွှတ်လိုက်ကြ၏။

ပါရမီရှင်များ ထွက်ခွာသွားပြီးနောက် ဂိုဏ်းအသီးသီးမှ တပည့်များ ဝင်ရောက်ရမည့် အလှည့် ရောက်လာလေပြီ။

“အဟက်... မြင့်မြတ်နယ်မြေက ပါရမီရှင်တွေဆိုတာ...ဒါပဲလား။”

ချန်ဟွိုက်အန် ခေါင်းခါလိုက်၏။

သူက သူတို့၏ အချက်အလက်များကို အထင်းသား မြင်နေရလေသည်။

ထို့ပြင် ရိုးရိုးသားသား ပြောရလျှင် သူတို့က သူ၏ ချစ်လှစွာသော ချင်းရန်လေးကို ယှဉ်နိုင်ရန်ပင် ဝေးနေသေးသည်။

မှန်ပေသည်။ လီချင်းရန်က ယခုထိ ရွှေရောင်အနှစ်သာရအဆင့်ကို မရောက်သေးပေ။

သို့သော် သူက အသက် မည်မျှလောက် ရှိသေးသနည်း။

အသက် ၂၀ပင် မပြည့်သေးပေ...

မြင့်မြတ်နယ်မြေ ပါရမီရှင်များထဲမှ အသက်အငယ်ဆုံး စုန့်ချီယွဲ့ပင် ၂၇နှစ် ရှိနေလေပြီ။

ခေတ်စကားနှင့် ပြောရလျှင် သူက “အပျိုကြီး” ဖြစ်ခါနီးနေပြီး မိသားစုက အတင်းအကျပ် အိမ်ထောင်ချပေးမည့်ဒဏ်ကို ခံရတော့မည့် အသက်အရွယ်ပင်။

သူ၏ နုနယ်ပျိုမြစ်နေသော ချင်းရန်လေးနှင့် လုံးဝ မတူပေ။

“ဆရာ... အဲဒါတွေက မြင့်မြတ်နယ်မြေရဲ့ ပါရမီရှင်တွေလေ။ အဲဒီလို မပြောသင့်ဘူး...”

လီချင်းရန်က ခြေဖျားထောက်ပြီး အသံကိုနှိမ့်ကာ ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ဝေ့ကြည့်ရင်း ပြောလိုက်သည်။

မြင့်မြတ်နယ်မြေ အရှင်သခင်များက မာနကြီးပြီး သူတို့လူကိုထိလျှင် အလွန်ပင် ကာကွယ်တတ်ကြသည်ဟု သူ ကြားဖူးထား၏။

သူ၏ဆရာက အများကြီး မပြောသော်လည်း သူ၏ အထင်သေးသော လေသံကပင် သူတို့ကို စော်ကားရာ ရောက်နေလေပြီ။

“ငါက အမှန်တရားကို ပြောတာလေ။”

ချန်ဟွိုက်အန်က ခေါက်ယပ်တောင်ကို ဖြတ်ခနဲ ဖြန့်လိုက်ပြီး ယပ်တောင် အနားသတ်ဖြင့် လီချင်းရန်၏ မေးစေ့ကို အသာလေး ပင့်တင်လိုက်၏။

သူ ဟန်ချက်ပျက်သွားပြီး ခြေကျင်းဝတ်မှ ငွေခေါင်းလောင်းလေးများ မြည်သွားကာ နဂါးပလ္လင်ပေါ် လဲကျမလို ဖြစ်သွားခဲ့သည်။

“ဆရာ...”

လီချင်းရန်က ဓားရိုးကို အမြန်ဆုပ်ကိုင်ပြီး ဟန်ချက်ထိန်းလိုက်ရ၏။ သူ၏ လက်ကောက်ဝတ်၌ ပတ်ထားသော အနီရောင် ပန်းပွားလေးကလည်း အသာအယာ ဝေ့ယမ်းသွားလေသည်။

နတ်ဘုရားဆောင်အောက်က ကျရောက်လာသော အလင်းတန်းလေးတစ်ခုအောက်တွင် သူ၏ နားရွက်ဖျားလေးများ ရဲတက်လာတာက စက္ကူပေါ် ဟင်္သာပြဒါးရောင်မှင်များ ပျံ့နှံ့သွားသလိုမျိုး လည်တိုင်အထိ ရောက်သွားခဲ့သည်။

သူတို့နှစ်ယောက် အလွန်ပင် နီးကပ်နေ၏။

လက်သီးတစ်ဆုပ်စာ အကွာအဝေးပင် မရှိပေ။

သူသာ ရှေ့ကို ခြေတစ်ဝက်လောက် တိုးလိုက်လျှင် သူတို့ နှုတ်ခမ်းချင်း ထိမိပေတော့မည်။

ဆရာက ဘာလုပ်မလို့ပါလိမ့်...

“လျို့ဝှက်နယ်မြေထဲ ဝင်တော့မယ်ဆိုတော့ ငါ မင်းကို ပေးစရာ ရှိတယ်။”

ချန်ဟွိုက်အန် သူ့ကို အနားဆွဲခေါ်လိုက်ခြင်းက စနောက်ရန် မဟုတ်ပေ။

လီချင်းရန်က အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ်ကို ရောက်သွားတာကြောင့် သူ၏ နောက်ဆုံး တိုက်ပွဲဝင်ဆုလာဘ်ဖြစ်သော ဓားစိတ်ဝိညာဉ်အမြစ် ပွင့်သွားခဲ့လေပြီ။

ဓားစိတ်ဝိညာဉ်အမြစ် တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်နေ၏။

တစ်ခုက သူ့အတွက်... နောက်တစ်ခုက လီချင်းရန်အတွက်ပင်။

လီချင်းရန်က ဘိုးဘေး၏ လက်ဖဝါးထဲ လွင့်မျောနေသော ငွေရောင် ဓားပုံစံအသေးလေးကို ငေးကြည့်နေမိ၏။

၎င်းမှာ သေချာပေါက် သီးသန့်ဓားစိတ်ဝိညာဉ်အမြစ်ပင်။

ကောင်းကင်ဘုံလက်ရာမှတ်တမ်းအရ စိတ်ဝိညာဉ်အမြစ်များ ဖြစ်လာနိုင်သော နည်းလမ်းသုံးခု ရှိသည်။

မွေးရာပါစိတ်ဝိညာဉ်အမြစ် - မွေးကတည်းက ပါလာခြင်း။

ကိုယ်တိုင် လွှဲပြောင်းခြင်း - လျို့ဝှက်ပညာရပ်များ သုံးပြီး အစားထိုးခြင်း။

သဘာဝအလျောက် ဖြစ်တည်ခြင်း - ကောင်းကင်နဲ့ မြေကြီးမှ ဖြစ်ပေါ်လာခြင်း။

ဓားစိတ်ဝိညာဉ်အမြစ်က ပို၍ပင် ထူးခြားပေသည်။ အကြောင်းမှာ ၎င်းက ဓာတ်ကြီးငါးပါး အထဲ မပါဝင်၍ပင်။

ဓားအသိများက တစ်နေရာတည်းတွင် နှစ်ပေါင်း တစ်ထောင်ခန့် စုစည်းမိသောအခါ ၎င်း၏ ထက်မြက်မှုက မြေကြောများကို ထိုးဖောက်သွားပြီး ဝိညာဉ်ကျောက်ကြောများ အထဲတွင် ဓားပုံသဏ္ဌာန် ပုံဆောင်ခဲများအဖြစ် ခဲသွားတတ်၏။

ထိုပုံဆောင်ခဲများက လရောင်အောက်တွင် အသံမြည်လာတတ်ပြီး နေရောင်အောက်တွင် ပျောက်ကွယ်သွားတတ်သည်။ ဒါကြောင့် ၎င်းတို့၏ စွမ်းအင်ကို ထိန်းသိမ်းရန် အန္တိမဓားအသိဖြင့် ချိပ်ပိတ်ထားရန် လိုအပ်ပေသည်။

ထူးခြားသော လျို့ဝှက်ပညာရပ် သုံးနိုင်လျှင် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အမြစ်ကိုပင် ထုတ်ယူပြီး အရင်းအမြစ်တစ်ခုအနေဖြင့် ရောင်းစား၍ ရနိုင်သည်။

သို့သော် ထိုလုပ်ရပ်ကို ဖြောင့်မှန်သောလမ်းစဉ်တွင် တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများသာ အများအားဖြင့် လုပ်ဆောင်ကြ၏။

သက်တမ်းကုန်ခါနီး တစ်ဆို့မှုနှင့် ရင်ဆိုင်နေရသော မိစ္ဆာအိုကြီးအချို့က အစွန်းရောက်သော နည်းလမ်းများကို သုံးတတ်ကြသည်။ ပါရမီရှသော လူငယ်တစ်ယောက်၏ ကိုယ်ထဲကို ဝိညာဉ် ကူးပြောင်းခြင်း၊ သို့မဟုတ် တခြားလူ၏ ဒန်တျန်၊ တာအိုခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်အမြစ်ကို ခိုးယူပြီး သူတို့ကိုယ်သူတို့ အားဖြည့်ခြင်းမျိုးပင်။

၎င်းက အဆင့်တက်ရန် ကူညီပေးရုံတင်မကဘဲ သူတို၏ သက်တမ်းကိုလည်း ရှည်စေ၏။

ထိုလုပ်ရပ်များကြောင့် နောင်တွင် ကြုံတွေ့ရမည့် ကြောက်စရာကောင်းသော ကောင်းကင်ဘုံ အတိဒုက္ခများကမူ...

ထိုအရာက နောက်မှ ဖြေရှင်းရမည့် ပြဿနာပင်။

သက်တမ်းကုန်ခါနီး လူတစ်ယောက်အတွက် ဘာမှ အရေးမကြီးတော့ပေ။

အသက်ရှင်နေသရွေ့ မျှော်လင့်ချက် အလင်းတန်းလေး ရှိနေသေး၏။

အခုတော့ ဘိုးဘေးက ဒီလောက်အဖိုးတန်တဲ့ ဓားစိတ်ဝိညာဉ်အမြစ်ကို ပေးနေတာလား။

ဒီသတင်းသာ ပေါက်ကြားသွားရင် သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်လာမှာ အသေအချာပဲ။ ဒါရဲ့ တန်ဖိုးက လျို့ဝှက်နယ်မြေထဲက အကြီးမားဆုံး ရတနာတွေနဲ့ တန်းတူပဲ။

ဆရာက... ငါ့နားကို ပိုတိုးလာတော့မယ်လို့ ထင်နေတာကို။

“ဆရာ... ဒါက အရမ်း အဖိုးတန်လွန်းပါတယ်။ ကျွန်မ...”

လီချင်းရန်က တွန့်ဆုတ်နေပြီး ငြင်းပယ်ရန် ခေါင်းငုံ့လိုက်၏။

သူက တပည့် ဖြစ်သည်မှာ မှန်ပေသည်။ သို့သော် လောဘမကြီးသင့်ပေ။

သူ၏ ဆရာက ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ၎င်းက သူ့အတွက် ပိုပြီး အသုံးဝင်မည်မှာ သေချာပေသည်။

သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူ၏ဆရာက နောက်ထပ် တစ်ခုကို အသာလေး ထုတ်လိုက်ပြန်၏။

လီချင်းရန် အံ့သြလွန်း၍ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။

ဆရာ၏ ဘယ်ဘက်လက်ထဲတွင် ဒုတိယမြောက် ဓားစိတ်ဝိညာဉ်အမြစ် ရှိနေသည်။

“ဘာဖြစ်လို့လဲ။ ဒါက အဲဒီလောက်တောင် ရှားပါးလို့လား။”

ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်၏။

“ငါ့မှာ ဓားစိတ်ဝိညာဉ်အမြစ် ရှိပြီးသားပဲ။ အခု အပိုနှစ်ခုတောင် ရှိနေတာ။ မင်း ယူမှာလား မယူဘူးလား။ မယူဘူးဆိုရင်တော့ ငါ လွှင့်ပစ်လိုက်မှာနော်...”

သူက တကယ်ပင် လွှင့်ပစ်တော့မည့် ပုံစံမျိုးဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဆရာ။ မလုပ်ပါနဲ့...”

လီချင်းရန် ရှေ့ကို တိုးဝင်လိုက်ပြီး သူ့လက်ကို အတင်းဆွဲကာ တားလိုက်၏။ နောက်ဆုံးတွင် သူက ဓားစိတ်ဝိညာဉ်အမြစ်ကို လုယူလိုက်ရသည်။

“ဟုတ်ကဲ့ပါ... ကျွန်မ ယူပါ့မယ်...”

သူက ရယ်ရခက် ငိုရခက် ဖြစ်နေရင်း ၎င်းကို တင်းတင်းဆုပ်ကိုင်ထားမိသည်။

ဒီလောက် အဖိုးမဖြတ်နိုင်တဲ့ ရတနာကို ဆရာက အမှိုက်တစ်ခုလို သဘောထားနေတာလား။

သူက လျို့ဝှက်နယ်မြေ တံခါးဝကို စစ်တလင်းဖြစ်အောင် လုပ်ချင်နေတာလား။

ချန်ဟွိုက်အန်က လီချင်းရန်၏ နဖူးကို ယပ်တောင်နှင့် အသာလေး တောက်လိုက်ပြီး မျက်နှာထား ချက်ချင်း တည်ကြည်သွား၏။

“ဒီနေ့ကစပြီး ငါပေးတာမှန်သမျှ မင်း ငြင်းပယ်ခွင့် မရှိဘူး။”

“အကယ်၍ မင်း ငြင်းရင် ငါက...”

“...ကျွန်မကိုပါ စွန့်ပစ်မှာလား။”

လီချင်းရန်က နှုတ်ခမ်းစူပြီး နဖူးကို ပွတ်ရင်း နှာခေါင်းလေးရှုံ့ကာ ပြန်ပြောလိုက်သည်။

“...အဟမ်း။ စကားမများနဲ့တော့။ မြန်မြန် သန့်စင်လိုက်။”

“ကျွန်မ မလုပ်တတ်ဘူးလေ။ ဆရာ... ကူညီပေးပါဦး။”

သူ မသိခြင်း မဟုတ်သည်မှာ သိသာလှပေသည်။

ချန်ဟွိုက်အန်က လီချင်းရန်၏ ကလေးလေးလို ချွဲနေသော အမူအရာကို ကြည့်ပြီး ရယ်လိုက်၏။

ကောင်းပြီလေ။ ကိုယ်တိုင်ပဲ သန့်စင်ပေးရတော့မှာပေါ့။

...

မလှမ်းမကမ်းတွင်တော့ ယွဲ့ချန်ချီက လီချင်းရန်ရဲ့ လေသံကို လိုက်တုရင်း မျက်လုံးကို လှန်ပြနေလေသည်။

“ကျွန်မ မလုပ်တတ်ဘူးလေ။ ဆရာ... ကူညီပေးပါဦး။”

လီချင်းရန် တစ်ကိုယ်လုံး တုန်သွားပြီး ရှက်လွန်း၍ နှုတ်ခမ်းကို ကိုက်ကာ မျက်နှာတစ်ခုလုံး ရဲတွတ်နေတော့သည်။

“တည့်တည့်ရပ်နေ။ လျှောက်ပြီးတော့ ယိမ်းထိုးမနေနဲ့။”

နောက်မှ စုချီနျန်က ယွဲ့ချန်ချီကို ချက်ချင်း ကန်ကျောက်လိုက်၏။

ဒီတပည့်မကတော့... တစ်နေ့ကျရင် ဓားကျောင်းတော် တစ်ခုလုံးကို ဖျက်ဆီးဦးမလား မသိဘူး။

...

All Chapters