← Chapters

အခန်း (၁၅၉)

Vol. 15 Ch. 159

အခန်း (၁၅၉)

Vol. 15 Ch. 159

📝အပိုင်း - ၁၅၉

ဘာသာပြန် - Na Gar🐉

"ချန်ဆန်းရှီ"

စိတ်ကိုစုစည်းကာ သွေးချီပြန်လည်ဖြည့်တင်းနေသော ချန်ဆန်းရှီသည် တစ်စုံတစ်ဦးက သူ၏အမည်ကို ခေါ်ဆိုသဖြင့် မျက်လုံးပွင့်လာခဲ့သည်။ သူ မြင်လိုက်ရသည်မှာ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မလိုက်ဖက်စွာပင် မုတ်ဆိတ်ဗလပွနှင့် ထိပ်ပြောင်ပြောင် ဘုန်းကြီးတစ်ပါး ဖြစ်နေသည်။

သူသည် ဆွန်ပုချီ ထံမှ ဤလူ၏အကြောင်းကို ကြားဖူးထားသည်။ ထိုသူမှာ ဘုရင်ခံဆွန်ဒူရှန်၏ ပဉ္စမမြောက်တပည့် မုန့်ကွမ်ရှင်း ဖြစ်သည်။ သူသည် ငယ်စဉ်က သာသနာ့ဘောင်သို့ ဝင်ခဲ့သော်လည်း ဗုဒ္ဓတရားတော်သည် လူသားတို့ကို မကယ်တင်နိုင်ဟု ယူဆကာ စစ်တပ်သို့ဝင်၍ သိုင်းပညာကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။

"ဗိုလ်ချုပ် မုန့် ကို ဂါရဝပြုပါတယ်"

ချန်ဆန်းရှီသည် ယဉ်ကျေးစွာဖြင့် မတ်တပ်ရပ်ကာ လက်သီးဆုပ်၍ အလေးပြုလိုက်သည်။ "ဗိုလ်ချုပ်... ကျွန်တော့်ဆီကို ဘာကိစ္စများ ရှိလို့ပါလဲ"

"အော်မီထော်ဖော်... အော်မီထော်ဖော်..."

မုန့်ကွမ်ရှင်းသည် ဘုရားအမည်ကို နှစ်ကြိမ်ရွတ်ဆိုကာ "ငါကိုယ်တိုင် မင်းကို အဲဒီ ချောင် ဆိုတဲ့ကောင်ကို ဘယ်လိုအနိုင်ယူရမလဲ သင်ပေးဖို့ လာတာဟေ့"

ချန်ဆန်းရှီက မေးလိုက်သည် "ဗိုလ်ချုပ် မုန့်... ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်ရာ မရောက်ဘူးလား"

"ဒါက ဘာစည်းမျဉ်းကို ဖောက်ဖျက်မှာလဲ စင်ပြင်ပကနေ လမ်းညွှန်ပေးတာက အရမ်းကို သာမန်ကိစ္စပါ အရင်ပွဲတွေမှာလည်း သူတို့ရဲ့ မိဘဆရာတွေက သင်ပေးနေကြတာပဲ မင်း မသတိထားမိလို့ပါ"

မုန့်ကွမ်ရှင်းသည် သူ၏ လခြမ်းသွားစိုက်ကပ် ကို ကိုင်မြှောက်လိုက်ရင်း "ငါ့ရဲ့ ကရုဏာနှင့် အဆုံးစွန်သော ကူးမြောက်ခြင်း တုတ်သိုင်း က အကွက် (၃၆) ကွက်ကိုသာ မင်း တတ်မြောက်သွားရင် အဲဒီ ချောင် ဆိုတဲ့ကောင်ကို အနိုင်ယူနိုင်ဖို့ ငါ အာမခံတယ်"

ပြောပြောဆိုဆိုဖြင့် သူသည် စင်မြင့်အောက်မှာပင် အခြေခံခြေလှမ်းများနှင့် သတ်ကွက်များကို စတင် သရုပ်ပြလေတော့သည်။ သူ လှုပ်ရှားလိုက်

တိုင်း ထွက်ပေါ်လာသော ဂန်းချိီ များကြောင့် မြေပြင်တွင် တွင်းကြီးများ ချိုင့်ဝင်သွားပြီး ဖုန်မှုန့်များ ထောင်းထောင်းထသွားတော့သည်။

"ဗိုလ်ချုပ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီက သူ့ကို မတားနိုင်ဘဲ ပြောလိုက်ရသည် "ဒါပေမဲ့ အခုလို အလောတကြီး သင်ယူတာက ဘယ်လိုလုပ်ပြီး အသုံးချလို့ ရမှာလဲဗျ အရမ်း နောက်ကျသွားပြီ မဟုတ်လား"

"အဲဒါလည်း ဟုတ်သားပဲ"

မုန့်ကွမ်ရှင်းသည် သူ၏ ထိပ်ပြောင်ပြောင်ကို ပွတ်လိုက်ရင်း "ဒါဆို မင်းရဲ့ လှံသိုင်းကို ခဏမေ့ထားပြီး ငါသင်ပေးတဲ့ ဒီသုံးကွက်ကိုပဲ သုံးလိုက်..."

"ဘုန်းကြီး"

နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

စီနီယာအစ်ကို ခုနစ် - ရဲ့ဖုန်းရှိုး သည် အချိန်မီ ရောက်လာကာ မောက်မာသောအသံဖြင့် ငေါက်လိုက်သည် "ဘုန်းကြီး... ဒီမှာ လာပြီး ကလေးကို လမ်းမှားအောင် မလုပ်နဲ့ မင်းရဲ့နည်းလမ်းတွေက ဆယ်နှစ် ရှစ်နှစ်လောက် မကျင့်ရင် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး"

"မိန်းမလျာ... ဒါဆို မင်းက ဘာလုပ်ပေးချင်လို့လဲ"

မုန့်ကွမ်ရှင်းက အသံမြှင့်လိုက်သည် "ချောင်ဖန် ရဲ့ နဂါးနှလုံးသား ကျားအရိုးနဲ့ သူတို့ကြားက အဆင့်ကွာခြားချက်ကို ဒီအတိုင်းဆိုရင် ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ"

"သူ့စကားကို နားမယောင်နဲ့ သူက ဦးနှောက်မရှိဘူး"

ရဲ့ဖုန်းရှိုး၏ အသံမှာ ခံစားချက်မပါသော်လည်း စိတ်ရှည်စွာ ရှင်းပြနေသည် "ချောင်ဖန် လေ့ကျင့်ထားတာက ရွှေကျီးကန်းကောင်းကင်နဂါး ဓားသိုင်း ပဲ။ အဲဒါကို ဧကရာဇ်ဂိုဏ်း က ကိုယ်တိုင် ဖန်တီးပေးထားတာ။ သူ့ရဲ့ ထူးခြားချက်က အရမ်းကို ပြင်းထန်တာပဲ။ သူ့ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပေါင်းစပ်လိုက်ရင် သူ့အဆင့်တူချင်းမှာ ပြိုင်ဘက် မရှိသလောက်ပဲ။

တကယ်တော့ လုရှူဟွာ တောင်မှ သူ့ကို နိုင်ဖို့ ခက်လိမ့်မယ်။

မင်းအနေနဲ့ သိက္ခာရှိရှိ ရှုံးချင်တယ်ဆိုရင်တော့ အဲဒီဓားသိုင်းကို လေ့ကျင့်ထားတဲ့သူတစ်ယောက်နဲ့ အစမ်းလေ့ကျင့်ကြည့်ဖို့ လိုတယ်၊ ဒါပေမဲ့ ကံဆိုးတာက အဲဒီသိုင်းက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ ဘယ်သူ့ကိုမှ မသင်ပေးဘူး။

ဒါကြောင့် ငါတို့လည်း မင်းကို တကယ် မကူညီနိုင်ဘူး"

"ဟဲဟဲ"

မုန့်ကွမ်ရှင်းက သူ၏ ပုတီးစိပ်ကို လှည့်လိုက်ရင်း "မိန်းမလျာ... မင်းက ဒီနေ့မှ စကားတွေ အများကြီး ပြောနေပါလား။ တစ်နှစ်လုံး ပြောသမျှထက်တောင် များဦးမယ်။ ကြည့်ရတာ မင်းလည်း အဲဒီ ချောင် ဆိုတဲ့ကောင်ကို မနိုင်စေချင်ဘူး ထင်တယ်"

ရဲ့ဖုန်းရှိုးသည် နှာခေါင်းရှုံ့ကာ သူ့ကို ဂရုမစိုက်တော့ဘဲ ချန်ဆန်းရှီကို အားပေးသည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ ထွက်ခွာသွားသည်။

"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်"

ချန်ဆန်းရှီသည် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"သခင်လေး ချန်"

ရန်ချန်းချင်း လည်း ရောက်လာခဲ့ပြီး သူ၏မျက်နှာတွင် စိုးရိမ်ရိပ်များ လွှမ်းနေသည်။ "မင်း ဒီပွဲကို လက်လျှော့လိုက်သင့်တယ်။ မင်းက ဝမ်ချိုးရှီကို သတ်လိုက်တော့ ချောင်ဖန်က မင်းကို အနိုင်ယူချင်ရုံတင်မကဘဲ အသက်ကိုပါ နှုတ်ယူချင်နေမှာ။ အခု အရှုံးပေးလိုက်ရင်လည်း မင်းက အတွင်းစည်းတပည့် တစ်ယောက် ဖြစ်နေဦးမှာပါပဲ"

"အကိုရန်... ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့"

ချန်ဆန်းရှီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည် "ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်"

ပိုယန် မြို့ကတည်းက သူ၏ပန်းတိုင်မှာ ရွေးချယ်ခံ ဗိုလ်ချုပ်လောင်း ပြိုင်ပွဲသို့ဝင်ကာ ကောင်းမွန်သော အဆင့်တစ်ခုကို ရယူရန် ဖြစ်သည်။ ဤအဆင့်အထိ ရောက်လာမှတော့ သူ ဘယ်လိုလုပ် လက်လျှော့နိုင်ပါ့မည်နည်း။

ထို့ပြင် သူ လက်လျှော့လိုက်လျှင်ပင် ချောင်ဖန်က သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။

အရေးအကြီးဆုံးအချက်မှာ...

ချောင်ဖန်၏ ဓားသိုင်းက ပြင်းထန်သော်လည်း သူ၏ လှံသိုင်းကလည်း မလျော့ပေ။

"ကောင်းတယ်"

မုန့်ကွမ်ရှင်းက လက်ခုပ်တီးလိုက်သည် "ငါ့ရဲ့ မြတ်စွာဘုရားက လူကြောက်တွေကို မကယ်တင်ဘူးဟေ့"

"ဟင်း..."

ရန်ချန်းချင်းက သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း "နောက်ဆုံးတစ်ချက် သတိပေးပါရစေ ချောင်ဖန် ထွက်သွားတာကို ငါ မြင်လိုက်တယ်။ ဒီလို အချိန်မျိုးမှာ သူ ထွက်သွားတယ်ဆိုရင် တစ်စုံတစ်ယောက်ဆီမှာ လမ်းညွှန်ချက် သွားတောင်းတာ ဖြစ်နိုင်တယ်။ သူက မောက်မာပုံရပေမဲ့ တကယ်တော့ အရမ်းကို အသေးစိတ်ကျပြီး ပေါ့ဆမှာ မဟုတ်ဘူး သတိထားပါ"

သူတို့ စကားပြောပြီးသည်နှင့် အနားယူချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကွင်းပြင်ကြီး၏ အရပ်မျက်နှာအသီးသီးမှ စစ်ဗုံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ချန်ဆန်းရှီ နှင့် ချောင်ဖန် တို့သည် စင်မြင့်ပေါ်သို့ အသီးသီး တက်လှမ်းလာကြသည်။

နောက်ဆုံး ဗိုလ်လုပွဲကို ကွင်းပြင်၏ အလယ်ဗဟိုရှိ အကြီးဆုံး စင်မြင့်ပေါ်တွင် ကျင်းပခြင်း ဖြစ်သည်။ ပရိသတ် ငါးသောင်းကျော်၏ ရှေ့မှောက်တွင် ဤတိုက်ပွဲကြီးမှာ တကယ့်ကို ခန့်ညားထည်ဝါလှသည်။

"ငါ့ရဲ့ ညီမလေး လီ လည်း ရောက်နေတာပဲ"

ရုန်ယန်ချိုး သည် အနီရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော သူ၏ ညီမငယ်လေးကို ကြည့်ကာ ပါးလေးကို လိမ်ဆွဲလိုက်သည် "ညည်းက သိုင်းကျင့်လေ အသားတွေက ပိုလှလာလေပဲ။ ဆွန်လီ... ငါတို့ရဲ့ ညီငယ်လေး ဆန်းရှီ နိုင်ပါ့မလား"

ဆွန်လီသည် သူမ၏ စီနီယာအစ်မ၏ အနှောင့်အယှက်ကို မရှောင်တိမ်းဘဲ စိုးရိမ်တကြီး မေးလိုက်သည်။ စီနီယာ အစ်ကို၊ အစ်မများအားလုံးက ခေါင်းခါပြကြသည်။

"သူနဲ့ ချောင်ဖန်ကြားမှာ ရန်ငြိုးရှိတယ်လို့ ငါကြားတယ်"

ဆွန်လီက စင်မြင့်ဆီသို့ ကြည့်လိုက်သည် "အဲဒီလူက ငယ်ငယ်လေးကတည်းက လက်စားချေလိုစိတ် အရမ်းပြင်းတာ။ မနိုင်ရင်တောင် ဘာမှမဖြစ်ပေမဲ့ နောက်ထပ် မတော်တဆမှုတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်"

"အို~"

ဒါကို ကြားလိုက်ရချိန်တွင် ရုန်ယန်ချိုးက စနောက်လိုက်သည်။ "စီနီယာအစ်ကိုလေး ပြောတာ မမှားဘူးပဲ၊ ငါတို့ ညီမငယ်လေးက အိမ်ထောင်ပြုချင်နေပြီပေါ့။ အစက ငါ မယုံခဲ့ပေမဲ့ အခုတော့ အမှန်ပဲ ထင်တယ်"

ဆွန်လီသည် မျက်နှာနီမြန်းသွားကာ အလောတကြီး ရှင်းပြတော့သည် "စီနီယာအစ်မကိုး... ဘာတွေ လျှောက်ပြောနေတာလဲ သူက ကျွန်မတို့ရဲ့မောင်ငယ်လေး ဖြစ်သလို ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်တယ်လေ စိုးရိမ်တာက သဘာဝပဲ မဟုတ်လား"

"အဲဒီနှစ်ခုလုံးက တစ်ပြိုင်တည်း ဖြစ်လို့ရတာပဲလေ"

ရုန်ယန်ချိုးက သူမ၏ ခါးလေးကို ဖက်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည် "ဘာရှက်နေတာလဲ ညီမလေးရယ် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတာ သဘာဝပဲလေ။ မမ ပြောပြမယ်... အဲဒီလို ကိစ္စမျိုးက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခါ သိသွားပြီဆိုရင် အမြဲတမ်း..."

"စီနီယာအစ်မကိုး"

ဆွန်လီသည် ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲသွားကာ ဘေးသို့ အမြန်

ရှောင်လိုက်သည် "အမ... ဒီလိုမျိုး မလုပ်ပါနဲ့"

"ကဲပါ... ကဲပါ... မစိုးရိမ်ပါနဲ့"

ရုန်ယန်ချိုးက ဆက်မစတော့ဘဲ "မင်းရဲ့ စီနီယာအစ်မ ဒီမှာ ရှိနေတာပဲ ချောင်ဖန်က သူ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်"

စစ်ဗုံသံများက ပို၍ စိပ်လာသည်။

မြို့ရိုးပေါ်တွင် ဖေးထျန်းနန် နှင့် သခင်ကြီးဟောက်တို့သည် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ပြိုင်ပွဲစတင်ကတည်းက နေပူစာလှုံနေပုံရသော ဘုရင်ခံဆွန်ဒူရှန် ပင်လျှင် ခါးကို မတ်လိုက်တော့သည်။

...

စင်မြင့်ထက်တွင်...

ချန်ဆန်းရှီသည် လှံကို အားပြုလျက် ရပ်နေသည်။

သူ၏ တစ်ဖက်တွင်မူ ထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မင်းသားလေး ချောင်ဖန်သည် နဂါးစိမ်းဓား ကို ဝှေ့ယမ်းလျက် ရှိသည်။

နှစ်ယောက်လုံး၏ လက်နက်များကို အသစ်လဲလှယ်ထားသဖြင့် ချောင်

ဖန်သည် နတ်လက်နက်ကြီးကို အသုံးမပြုနိုင်ပေ။

ချန်ဆန်းရှီအတွက် အကြီးမားဆုံး ဖိအားမှာ အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့် နှင့် သွေးပေါက်ကွဲမှု အခြေအနေတို့ ဖြစ်သည်။ သွေးပေါက်ကွဲမှု အခြေအနေတွင် လူတစ်ယောက်သည် နာကျင်မှုကို ခေတ္တမေ့လျော့ကာ တိုက်ခိုက်ရေးစွမ်းရည် အဆမတန် မြင့်တက်သွားတတ်သည်။

ချန်ဆန်းရှီသည် ပိုယန်မြို့တုန်းက ဟန်ချန်း သည် ထန်မင် ကို နှလုံးသားတည့်တည့် ထိုးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ဟန်ချန်း ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ကို ကောင်းကောင်း မှတ်မိနေသည်။ ဤသည်မှာ အဆင့်ကွာခြားချက်၏ တိုက်ရိုက် ရလဒ်ပင် ဖြစ်သည်။

သို့သော် ချန်ဆန်းရှီ၏ အားကိုးရာမှာ ညီညွတ်ခြင်း လှံသိုင်း ၏ ကြမ်းတမ်းမှုနှင့် ချီလင်နှလုံးသား တို့ပင် ဖြစ်သည်။

"ချန်ဆန်းရှီ"

ချောင်ဖန်က မျက်မှောင်ကြုတ်လျက် လေးနက်သောအသံဖြင့် ပြောလိုက်

သည်"ဧကရာဇ်ဘိုးဘိုးကြီးက မင်းကို သဘောကျနေတာကို ထောက်ထားပြီး... မင်းရဲ့ လက်နှစ်ဖက်ကို ဖြတ်၊ ပြီးရင် မင်းရဲ့ သိုင်းပညာကို ဖျက်ဆီးလိုက်ပါ ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"

"..."

ချန်ဆန်းရှီသည် တိုက်ပွဲမစမီ စကားများတတ်သော အလေ့အထ မရှိပေ။

"မင်း ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့"

ချောင်ဖန်သည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း "ကောင်းပြီ မင်းက တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။ မင်းရဲ့ သွေးနဲ့ တပ်စခန်းရှစ်ခု မှာ ငါ့ရဲ့ အရှိန်အဝါကို တည်ဆောက်ပြရတာပေါ့"

ဒေါင်——

မောင်တီးသံ ထွက်ပေါ်လာသည်နှင့် သွေးရောင်မြွေတစ်ကောင်အလား လျင်မြန်လှသော လှံဦးသည် မျက်တောင်တစ်ခတ်အတွင်း နှလုံးသားတည့်တည့်သို့ ရောက်ရှိလာသည်။

ချွတ်..

ချောင်ဖန်းသည် ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင် ထိုလှံချက်ကို အနည်းငယ်မျှ မတုန်လှုပ်ဘဲ သူ၏ နဂါးစိမ်းဓားဖြင့် တိကျစွာ ပယ်ထုတ်လိုက်သည်။ ပြင်းထန်သော အားတစ်ခုမှာ လှံတံမှတစ်ဆင့် ချန်ဆန်းရှီ၏ လက်မောင်းများဆီသို့ စီးဝင်လာသည်။

ချန်ဆန်းရှီသည် နဂါးဆင်သွေး ကို နှိုးဆွလိုက်ပြီး နဂါးကိုးကောင်အသက်သွေးကြော များ၏ အကူအညီဖြင့် သူ၏ခန္ဓာကိုယ်ကို ထူးခြားဆန်းပြားသော အနေအထားမျိုးဖြင့် ကွေ့ဝိုက်ကာ လှံကို ထပ်မံ ထိုးနှက်လိုက်သည်။

တစ်ဖက်လူက အေးဆေးစွာပင် ကာကွယ်နိုင်ခဲ့ပြန်သည်။

နှစ်ချီမျှ တိုက်ခိုက်ပြီးနောက် ချောင်ဖန်က စတင် တုံ့ပြန်တော့သည်။ သူသည် ဟာကွက်ကို ရှာမနေတော့ဘဲ အစွမ်းကုန် အသုံးပြုကာ သွေးပေါက်ကွဲမှု့အခြေအနေသို့ ချက်ချင်း ဝင်ရောက်လိုက်တော့သည်။

သူ၏ ရင်ဘတ်အတွင်းရှိ နဂါးနှလုံးသား သည် ပြင်းထန်စွာ ခုန်လှုပ်လာပြီး သွေးများကို မယုံနိုင်လောက်အောင် မြန်သော အရှိန်ဖြင့် တစ်ကိုယ်လုံးသို့ ပို့ဆောင်လိုက်သည်။ ချောင်ဖန်၏ မျက်လုံးများ သွေးရောင်လွှမ်းသွားကာ ခန္ဓာကိုယ်မှာလည်း နှစ်ဆခန့် ကြီးထွားလာပြီး ကြွက်သားများမှာ သားရဲတစ်ကောင်အလား ဖောင်းကြွလာတော့သည်။

သူ၏ နဂါးစိမ်းဓားမှာ ကောင်းကင်ယံမှ နေမင်းကြီးကို ရိုက်ချလိုက်သည့် ရွှေကျီးကန်း တစ်ကောင်အလား အပေါ်မှ ဝုန်းခနဲ ကျဆင်းလာတော့သည်။

ဝုန်း..

တစ်ချီတည်းနှင့်ပင် ချန်ဆန်းရှီသည် လူတိုင်းက သူရှုံးလိမ့်မည်ဟု ဘာကြောင့် ထင်နေကြသည်ကို နားလည်သွားခဲ့သည်။ နဂါးနှလုံးသား ကျားအရိုး နှင့် ပြီးပြည့်စုံသောအဆင့် ဆိုသည်မှာ အလွန်ကြီးမားသော အားသာချက်များ ဖြစ်သည်။

သူ ယခင်က ရင်ဆိုင်ခဲ့ဖူးသော မည်သည့်ပြိုင်ဘက်နှင့်မျှ မတူပေ။ ဤဖိအားမှာ မဟာသွေးကြောအဆင့်ရှိသော အာမူကူ နှင့် ရင်ဆိုင်ခဲ့ရစဉ်ကနှင့်သာ နှိုင်းယှဉ်၍ ရပေမည်။

ကွာခြားချက်မှာ ယခုတစ်ကြိမ်တွင် သူသည် နတ်ဘုရားလက်နက်များကို အသုံးမပြုဘဲ ကိုယ်ပိုင်အစွမ်းဖြင့်သာ အနိုင်ယူရမည် ဖြစ်သည်။

နဂါးစိမ်းဓား ကျဆင်းလာတိုင်း...

လှံတံမှာ မခံမရပ်နိုင်စွာ အသံမြည်လာပြီး ကျိုးလုနီးပါး ကွေးညွတ်သွားတတ်သည်။ ချန်ဆန်းရှီသည် အဆက်မပြတ် ခုခံရင်း ညီညွတ်ခြင်း လှံသိုင်း ၏ အစွမ်းဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးစားသော်လည်း၊ တစ်ဖက်လူမှာ သူ၏ လှံသိုင်းကို ကြိုတင်သိနေသကဲ့သို့ ဖြစ်နေသဖြင့် အခွင့်အရေး မရပေ။

တိုက်ပွဲမစမီ တစ်စုံတစ်ယောက်က သူ့ကို ဤလှံသိုင်းအကြောင်း သရုပ်ပြထားခဲ့ပုံရသည်။

အကယ်၍ အခြားသော အသေးစားအောင်မြင်မှု့သိုင်းသမားသာ ဖြစ်ပါက ဤတိုက်စစ်အောက်တွင် တစ်ချီတောင် ခံမည်မဟုတ်ပေ။ ချန်ဆန်းရှီ၏ ခွန်အားဖြင့်ပင်လျှင် ဤအတိုင်း ဆက်သွားနေပါက ယခင်ကကဲ့သို့ သွေးအင်အားဖြင့် အသာစီးရရန်မှာ မလွယ်ကူပေ။

အကြောင်းမှာ ဤသူသည် မင်းသားလေး ဖြစ်နေသောကြောင့်ပင်တော်ဝင်မိသားစု၏ အနာဂတ် ဖြစ်သောကြောင့် သူ အသုံးပြုသော ဆေးဝါးနှင့် ကျင့်စဉ်များမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးများ ဖြစ်နေသည်။

သို့သော် သူ၏ သွေးအင်အားမှာ ပြိုင်ဘက်ထက် သာလွန်နေဆဲ ဖြစ်သည်။ ဤအစောပိုင်း တိုက်ခိုက်မှုများကိုသာ တောင့်ခံနိုင်မည်ဆိုပါက အောင်မြင်မှု ရနိုင်ပါသေးသည်။ ပြဿနာမှာ တစ်ဖက်လူက သူ့ကို သတ်စရာမလိုဘဲ စင်ပေါ်က ပြုတ်ကျအောင် လုပ်ရုံဖြင့် သူ ရှုံးနိမ့်သွားမည် ဖြစ်သည်။

ကံကောင်းသည်မှာ ချန်ဆန်းရှီတွင် ချီလင်နှလုံးသား ရှိနေခြင်းပင်

တစ်ဖက်လူ၏ ဓားချက်တစ်ခု ကျဆင်းလာတိုင်း သူ၏ လက်မောင်းများ နာကျင်လှသော်လည်း တစ်ဖက်တွင်မူ ရွှေကျီးကန်း ဓားသိုင်း အပေါ် သူ၏ နားလည်မှုမှာ တစ်ဆင့်ချင်း ပိုမို ရှင်းလင်းလာသည်။ ဤအတိုင်း အချီ ၃၀ ခန့် ဆက်သွားမည်ဆိုပါက တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းကို သူ သိရှိသွားမည် ဖြစ်သည်။

ဤသည်မှာ စကားဖြင့် ရှင်းပြရန် ခက်ခဲသော ခံစားချက်မျိုး ဖြစ်သည်။

ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်နေသကဲ့သို့ပင်။ ဓားချက်တိုင်းမှာ ဂီတသံစဉ်တစ်ခုစီကဲ့သို့ ဖြစ်ပြီး ထိုသံစဉ်များကို စုစည်းမိသွားပါက တစ်ဖက်လူ၏ သီချင်းတစ်ပုဒ်လုံးကို သိရှိသွားပြီး အစွမ်းကုန် တန်ပြန်တိုက်စစ် ဆင်နိုင်မည် ဖြစ်သည်။

ချွတ် ချွတ် ချွတ် ချွတ် ချွတ်——

နေဝင်ဖျိုးဖျ အချိန်...

စင်မြင့်ထက်တွင်...

ပြင်းထန်လှသော နေနဂါးတစ်ကောင်သည် သွေးရောင်မြွေတစ်ကောင်ကို အငြိုးတေးဖြင့် တရစပ် ထိုးနှက်နေသကဲ့သို့ပင်။

နဂါး နှင့် မြွေ..

ဖိအားမှာ ငြင်းဆန်၍ မရပေ..

သိုင်းပညာ မတတ်သူများပင် ဤအခြေအနေကို ရှင်းလင်းစွာ မြင်နေရသည်။

"ကောင်းလိုက်တဲ့ ဓားသိုင်း"

"ကောင်းလိုက်တဲ့ လှံသိုင်း"

မြို့ရိုးပေါ်တွင် သခင်ကြီးဟောက် နှင့် ဖေးထျန်းနန် တို့က ချီးကျူးလိုက်ကြသည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလောက်အထိ တတ်မြောက်နေတာ... သူတို့နှစ်ယောက်လုံးရဲ့ အနာဂတ်က အတိုင်းအဆ မရှိနိုင်ဘူး"

"ဒါပေမဲ့ ချန်လေး ကတော့ ရှုံးဖို့ များနေပြီ အဓိကကတော့ အဆင့်ကွာခြားချက်ကြောင့်ပဲ အသေးစားအောင်မြင်မှု့ ဆိုတာ သွေးပေါက်ကွဲမှု အခြေအနေကို မဝင်နိုင်ဘူးလေ။ မဟုတ်ရင်တော့ ဒီတိုက်ပွဲရဲ့ ရလဒ်က ခန့်မှန်းရ ခက်လိမ့်မယ်"

"အခုလို ပြောမှပဲ ငါတောင် နှမြောလာမိတယ်"

"နောက်ထပ် ဆယ်ချီ... ဆယ်ချီအတွင်းမှာ ချန်လေး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ သူ စင်ပေါ်က ဆင်းရင်ဆင်း၊ မဟုတ်ရင်တော့ မင်းသားလေးရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ဒါမှမဟုတ် သေသွားတာမျိုး ဖြစ်လိမ့်မယ်"

"ဟင်.."

ဖေးထျန်းနန်သည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ရင်း... "သခင်ကြီး ဟောက်... ခင်ဗျားရဲ့ အဆုံးအဖြတ်က မှားနေပုံရတယ်။ ကိုယ်တိုင် ကြည့်လိုက်ပါဦး ချန်လေးက အဖိနှိပ်ခံနေရတယ် ဆိုပေမဲ့ ဒါဟာ အဖိနှိပ်ခံရရုံတင်ပဲ ရှိသေးတာ။ သူက လုံးဝ အရေးနိမ့်သွားတဲ့ အခြေအနေမျိုးကို မကျရောက်သေးဘူး"

"ဒီလောက် ကြီးမားတဲ့ သွေးချီလား" သခင်ကြီးဟောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

အဆင့်မြင့်သူကို ရင်ဆိုင်ရချိန်တွင် အဆင့်နိမ့်သူမှာ သွေးချီကို ပိုမို သုံးစွဲရသဖြင့် ကုန်ဆုံးမှု အလွန် မြန်ဆန်တတ်သည်။ သို့သော် ချန်ဆန်းရှီသည် ဤမျှ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ အနေအထားကို မပျက်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သူ၏ သွေးချီအခြေခံမှာ ဘယ်လောက်အထိ တောင် သန်မာနေလို့လဲ။

"ကောင်းတယ် ဒီ မြို့စားကြီး က သူ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"

All Chapters