← Chapters

အခန်း (၁၆၀)

Vol. 15 Ch. 160

အခန်း (၁၆၀)

Vol. 15 Ch. 160

📝အပိုင်သ - ၁၆၀

ဘာသာပြန် - Na Gar🐉

ဝုန်း..

ရွှေကျီးကန်းက နေမင်းပမာ တောက်လောင်နေပြီး၊ ကောင်းကင်နဂါးက မြေပြင်သို့ ထိုးဆင်းလာသည်။

ချန်ဆန်းရှီသည် တောင်တန်းကြီးတစ်ခု ပြိုဆင်းလာသကဲ့သို့ ပြင်းထန်လှသော ထိုးနှက်ချက်ကို ထပ်မံခုခံလိုက်ရပြန်သည်။ သူ၏ ခြေရာများမှာ အောက်ခြေရှိ ကျောက်ဖျာများကိုပင် ချိုင့်ဝင်သွားစေခဲ့သည်။ သွေးပေါက်ကွဲမှု့၏ စွမ်းအားမှာ တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ တစ်ဖက်လူ၏ ကွက်စိပ်ကို အရင်မဖျက်ဆီးနိုင်သရွေ့ ဤတိုက်စစ်ကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ ခုခံရန်ပင် ခဲယဉ်းလှသည်။

"မင်းက တကယ်ပဲ တောင့်ခံနိုင်တာပဲ"

ချောင်ဖန်သည် အံ့အားသင့်သွားကာ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။ "ငါကိုယ်တိုင်လည်း နဂါးကိုးပါးခန္ဓာ ကို တစ်ခါမှ မကြုံဖူးသေးဘူး။ ဒီခန္ဓာကိုယ်က ကျင့်ကြံတဲ့ သွေးချီကအလွန်တရာ ခံနိုင်ရည်ရှိတယ်လို့ ကြားဖူးပေမဲ့ ဒီလောက်အထိ ဖြစ်လိမ့်

မယ်လို့တော့ မထင်ထားခဲ့ဘူး"

ဤပြိုင်ပွဲမစမီကပင် တစ်စုံတစ်ယောက်သည် သူ့အား ညီညွတ်ခြင်း လှံသိုင်း အကြောင်းကို အကြိမ်ကြိမ် သရုပ်ပြ လမ်းညွှန်ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ရန်သူ့အကြောင်းကို ကိုယ့်အကြောင်းကဲ့သို့ သိရှိနေပြီး ဤပွဲတွင် ရှုံးနိမ့်ရန် အကြောင်းမရှိပေ။

လက်နက်ချင်း ထိတွေ့သံများမှာ မိုးခြိမ်းသံများအလား တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်နေသည်။

အဆင့်နိမ့်သိုင်းသမားအချို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့နေကြတော့သည်။ လက်ရှိ အခြေအနေအရ အမှားအယွင်း အနည်းငယ်မျှ ရှိရုံဖြင့် အရှုံးပေးရန် အချိန်ပင် ရတော့မည်မဟုတ်ဘဲ နေရာမှာတင် အပိုင်းပိုင်း ပြတ်သွားနိုင်ပေသည်။

"သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက တကယ်ကို ပြင်းထန်တာပဲ"

ဒုတိယစီနီယာအစ်ကို ချန်ဝေ က လျှာသပ်ရင်း ပြောလိုက်သည် "ကြည့်ရတာ မင်းသားလေးက ချန်လေးကို သတ်ဖို့ အပိုင် ဆုံးဖြတ်ထားပုံပဲ"

"ဒါကတော့ အမှန်ပဲလေ"

ရုန်ယန်ချိုးသည် လက်ထဲမှ ဇီးပန်းလေးကို ကစားရင်း မှတ်ချက်ပေးသည်။ "ငါ့အမြင်တော့ ချန်လေးအနေနဲ့ အခွင့်အရေးရတာနဲ့ စင်ပေါ်ကနေ အမြန်ဆုံး ခုန်ဆင်းလိုက်တာက အကောင်းဆုံးပဲ"

"စီနီယာအစ်မကိုး" ဆွန်လီက စိုးရိမ်တကြီး အော်လိုက်သည်။

"ကဲပါ... ကဲပါ... ဘာတွေ အလောတကြီး ဖြစ်နေတာလဲ ငါ သူ့ကို သေချာ ကြည့်ပေးနေတာပဲဟာ ညည်းကတော့ လူတစ်ယောက်အတွက် တကယ်ကို စိုးရိမ်တတ်တာပဲ"

ပြောပြောဆိုဆိုဖြင့် ရုန်ယန်ချိုးသည် စင်မြင့်အနီးသို့ လျှောက်သွားသည်။

"မမ..."

ဆွန်ပုချီသည် သူ၏ အစ်မဖြစ်သူကို တစ်မျိုးကြည့်ကာ... "မမ ဘာတွေ ကြံစည်နေတာလဲ ဆန်းရှီကို ကျွန်တော့်ရဲ့ ယောက်ဖ လုပ်ပေးချင်လို့လား"

ဆွန်လီက သူ့ကို မျက်စောင်းထိုးကာ "သွားစမ်းပါ... ဖယ်စမ်း" ဟု နှင်ထုတ်လိုက်သည်။

ရဲ့ဖုန်းရှိုးကမူ တိုင်ကို မှီလျက် တိတ်ဆိတ်စွာ ရှိနေဆဲ ဖြစ်သည်။

"ဒါကတော့ ကျိန်းသေ ရှုံးမှာပဲ"

မုန့်ကွမ်ရှင်းသည် သူ၏ လခြမ်းသွားစိုက်ကပ်ကို ကိုင်လျက် ပြောလိုက်

သည်"တကယ်လို့ ချောင်ဖန်သာ နိုင်သွားရင် ဒီည ငါ သူ့ကို သတ်ဖို့ အခွင့်အရေး ရှာမယ်"

ချန်ဝေ က ချက်ချင်း တားလိုက်သည် "မင်း ရူးနေလား အသေခံချင်နေတာလား"

မုန့်ကွမ်ရှင်းက သွားကြိတ်ရင်း... "အသက်ရှင်တာက ဘာကောင်းတာရှိလို့လဲ အဲဒီ ချောင် ဆိုတဲ့ကောင်က ငါ့ကို နေ့တိုင်း အစ်ကိုလို့ လာခေါ်နေမှာကို ခံရမယ့်အစား သေလိုက်တာကမှ မြတ်သေးတယ်။ ချောင်မိသားစုမှာ လူကောင်း တစ်ယောက်မှ မရှိဘူး"

"ငါ့ရဲ့ ပဉ္စမညီငယ်... ငါ မင်းကို တောင်းပန်ပါတယ် ဘုရားတရားကို ထောက်ထားပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး"

"ချောင်မိသားစုဝင်တွေကို သတ်တာက အကြီးမားဆုံး ကုသိုလ်ပဲဟေ့"

"..."

ဆွန်ပုချီသည် စင်မြင့်ထက်က တင်းမာလှသော မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေမိရာမှ ရုတ်တရက် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုကို မြင်လိုက်ရသည်။

"ငါတို့အားလုံး ဆန်းရှီကို လျှော့တွက်ထားမိလို့ သူ... သူ တကယ်ပဲ နိုင်သွားနိုင်မလား"

ဝုန်း...

ရွှေကျီးကန်းက ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ပြင်းထန်လှသော ဓားချက်ကို ခုခံရန် မဖြစ်နိုင်သလောက်ပင်။

ချန်ဆန်းရှီသည် ထိုပြင်းထန်လှသော အရှိန်ကြောင့် အနောက်သို့ ခြေလှမ်း တစ်ဒါဇင်ကျော် ဆုတ်ခွာသွားရသည်။ သူ၏ ခြေထောက်များတွင် နဂါးဆင်သွေး ကို အားပြုလိုက်မှသာ မြေပြင်ကို ချိုင့်ဝင်စေပြီး အနိုင်နိုင် ပြန်လည် တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။

"တစ်ဆယ့်ခြောက်ချီ"

သူသည် စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေသည်။

အသက်ရှူရန်ပင် အချိန်မရမီမှာပင် ရွှေကျီးကန်း ဓားကြီးက ကောင်းကင်မှ ထပ်မံ ကျဆင်းလာပြန်သည်။ သွေးရောင်မြွေမှာမူ သားရဲနှင့် တွေ့နေသော သားကောင်အလား ဟိုဟိုဒီဒီ အသည်းအသန် ရှောင်တိမ်းနေရသည်။

သို့သော် ရွှေကျီးကန်းနှင့် နဂါးတို့ မည်မျှပင် လိုက်လံ တိုက်ခိုက်ပါစေ၊ မြွေကို ဒဏ်ရာရအောင်သာ လုပ်နိုင်ပြီး လုံးဝ အပြတ်ရှင်းရန်မူ မအောင်မြင်သေးပေ။

ချောင်ဖန်၏ မျက်နှာမှာ ပို၍ လေးနက်လာသည်။

အရှုံးပေးရန်ဆိုသည်မှာ မဖြစ်နိုင်သော်လည်း တစ်ဖက်လူကို တိုတောင်းသော အချိန်အတွင်း သတ်ပစ်ရန် သို့မဟုတ် ဒုက္ခိတဖြစ်အောင် လုပ်ရန်မှာ အလွန် ခက်ခဲနေသည်။

ထို့ပြင် တစ်ဖက်လူသည် သူ ရှုံးနိမ့်နေသည်ကို သိသိကြီးနှင့် ဘာကြောင့် ဤမျှ အတင်းအကျပ် တောင့်ခံနေသနည်း။ သူ၏ နောက်ကွယ်တွင် တစ်စုံတစ်ရာ အားကိုးစရာ ရှိနေ၍လား။

ချောင်ဖန် စဉ်းစားနေစဉ်မှာပင် သူ၏ နဂါးစိမ်းဓား မှာ ရပ်တန့်မသွားဘဲ အစစ်အမှန် နဂါးစိမ်းတစ်ကောင် ဆင်းသက်လာသကဲ့သို့ အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်နေသည်။

"ငါ ဒီအတိုင်း အချိန်ဆွဲနေလို့ မဖြစ်ဘူး"

သူသည် သွေးပေါက်ကွဲမှု အခြေအနေ ကို အချီ ၆၀ ခန့်သာ ထိန်းထားနိုင်ပြီး ထိုထက်ကျော်လွန်ပါက သူကိုယ်တိုင်ပင် အင်အားကုန်ခမ်းသွားလိမ့်မည်။ သို့သော် အခုဆိုလျှင် အချီ ၂၀ ခန့် ရှိနေပြီဖြစ်သော်လည်း ချန်ဆန်းရှီမှာ အစပိုင်းကအတိုင်း သန်မာနေဆဲ ဖြစ်သည်။

သူသည် ပြိုလဲတော့မည့်ပုံ ပေါ်နေသော်လည်း လုံးဝ ကျဆုံးမသွားဘဲ နောက်ဆုံးအသက်ရှူသံအထိ တောင့်ခံနေသည့် မသေနိုင်သောသူတစ်ယောက်အလား ဖြစ်နေသည်။

ချောင်ဖန် ပေါ့ဆ၍ မရတော့ပေ။

သူ၏ ပန်းတိုင်မှာ ချန်ဆန်းရှီကို သတ်ရန်ထက် စင်ပေါ်မှ ကန်ချရန်သို့ ပြောင်းလဲသွားသည်။

အရင်ဆုံး အနိုင်ရဖို့ လိုတယ်..

အနိုင်ကို အရင်ယူထားပြီးမှ နောက်မှ အနှေးနဲ့အမြန် သတ်ပစ်ဖို့ အခွင့်အရေး ရှာလို့ရတာပဲ။ သူ ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ဆွန်ဒူရှန်ဆီကနေ စစ်နတ်ဘုရား အထက်အဆင့်ကို တက်လှမ်းမယ့် နည်းလမ်းကို ရဖို့ပဲ။ အသေးအမွှားကိစ္စတွေနဲ့ အဓိက ပန်းတိုင်ကို အပျက်မခံနိုင်ဘူး။

ထိုသို့တွေးလိုက်ပြီးနောက် ချောင်ဖန်သည် သူ၏ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။နဂါးစိမ်းဓား၏ တိုက်ကွက်တိုင်းမှာ အသက်ကို နှုတ်ယူရန် မဟုတ်ဘဲ ပြိုင်ဘက်ကို စင်ပေါ်က လွင့်ထွက်သွားစေရန်သာ ရည်ရွယ်တော့သဖြင့် ရလဒ်မှာ သိသိသာသာ ထွက်ပေါ်လာသည်။

အကြောင်းမှာ တစ်ဖက်လူသည် အနောက်သို့ ဆုတ်မည့်အစား စင်ပေါ်မှာ တည်မြဲနေစေရန်အတွက် ဓားချက်များကို အတင်းအကျပ် တောင့်ခံနေသောကြောင့် ဖြစ်သည်။

ကြည့်ရတာ သူက သေရမှာထက် ဒီပွဲမှာ ရှုံးမှာကို ပိုကြောက်နေပုံရတယ်။

ရလဒ်အနေနဲ့ ချန်ဆန်းရှီမှာ ပို၍ အရေးနိမ့်သွားပြီး ချောင်ဖန်အတွက် တိုက်ခိုက်ရန် အခွင့်အရေး ပိုများလာစေသည်။

"ကောင်းပြီ... ဆင်းမသွားဘဲ ဇွတ်တောင့်ခံနေရင်တော့ မင်း ပိုပြီး ကျိုးကျိုးကြေကြေ သေရမှာပဲ"

ချောင်ဖန်သည် ပြိုင်ဘက်၏ အကြီးမားဆုံးသော အားနည်းချက်ကို နောက်ဆုံးတွင် ရှာတွေ့သွားပြီး သားရဲတစ်ကောင်အလား စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ သွေးပေါက်ကွဲမှု အခြေအနေ မှာ ပို၍ ပြင်းထန်လာပြီး အချီ ၆၀ မှ ၅၀ သို့ လျော့ကျသွားသည်။

သို့သော် ချန်ဆန်းရှီသာ ဤအတိုင်း ဆက်ပြီး ဇွတ်တောင့်ခံနေမည်ဆိုပါက အချီ ၄၀ အတွင်းမှာ သေချာပေါက် သေလိမ့်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။

"ချန်လေးကတော့ တကယ့်ကို အစွမ်းကုန် ကြိုးစားနေတာပဲ"

မြို့ရိုးပေါ်တွင် ဖေးထျန်းနန် သည် စိတ်ဝင်တစား စောင့်ကြည့်နေမိသဖြင့် လက်ထဲက လက်ဖက်ရည်ခွက်ကိုပင် သောက်ရန် မေ့နေသည် "သူက ငါထင်ထားတာထက်တောင် ပိုပြီး စွမ်းဆောင်နိုင်တယ်။ ဒီလောက် ငယ်

ငယ်လေးနဲ့ ဒီလောက် ခိုင်ခံ့တဲ့ သွေးချီကို ပိုင်ဆိုင်ထားတာ တကယ် ချီးကျူးစရာပဲ"

"သူ့ရဲ့ သွေးချီက ခံနိုင်ရည်ရှိတယ် ဆိုပေမဲ့ ဒါက တကယ့် တိုက်ပွဲအစစ်မှာမှ ဖြစ်မှာပါ။ စင်မြင့်ရဲ့ အကျဉ်းအကျပ် နေရာလေးမှာတော့ အချိန်ဆွဲဖို့ နေရာ သိပ်မရှိဘူး"

"တကယ်လို့ ချန်လေးက သတ်မှတ်ထားတဲ့ နေရာလေးမှာပဲ အတင်းတောင့်ခံနေမယ်ဆိုရင် သူ့ရဲ့ အကြီးမားဆုံး အားသာချက်ကို ဆုံးရှုံးသွားလိမ့်မယ်။ နောက်ထပ် ဆယ်ချီလောက်ပဲ သူ တောင့်ခံနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် သူ စင်ပေါ်က ခုန်ဆင်းချင်ရင်တောင် အရမ်းနောက်ကျသွားပြီ ဖြစ်လိမ့်မယ်"

"သူကတော့ တကယ်ပဲ အသက်ကို ရင်းနေတာပဲ၊ တကယ့် အရူးပဲ" သခင်ကြီးဟောက်က နားမလည်နိုင်စွာ ပြောလိုက်သည်။

ရုန်ယန်ချိုးသည် စင်မြင့်အောက်သို့ ရောက်ရှိလာသည်။

သူမကိုယ်တိုင် အထူးဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်သော်လည်း ဤမြင်ကွင်းကို ကြည့်ကာ စိုးရိမ်ထိတ်လန့်နေမိသည်။ ဤသည်မှာ တကယ့်ကို အသက်နှင့်ရင်းရသော တိုက်ပွဲကြီး ဖြစ်သည်။ ချန်ဆန်းရှီ၏ ပုံရိပ်ကို ကြည့်ရင်း သူမသည် သောင်းကျန်းနေသော မိစ္ဆာနတ်ဆိုး တစ်ကောင်၏ အငွေ့အသက်မျိုးကို မရေမရာ ခံစားနေရတော့သည်။

All Chapters