အခန်း (၁၆၁)
Vol. 15 Ch. 161
📝အပိုင်း - ၁၆၁
ဘာသယပြန် - Na Gar🐉
တကယ်တော့...
သူ အခုလို အသေအလဲ တိုက်ခိုက်နေဖို့ မလိုပါဘူး။
ရုန်ယန်ချိုး ကြားထားတာကတော့ ဆရာဖြစ်သူက ချန်ဆန်းရှီကို အလွန်အမင်း မျက်နှာသာပေးထားတယ် ဆိုတာပါပဲ။ မကြာသေးခင်ကမှ ဆရာကြီးဟာ ချန်ဆန်းရှီ မြစ်ကိုဖြတ်ကျော်နိုင်ဖို့အတွက် ရန်သူ့တပ်ပေါင်းသောင်းချီကို ဟန့်တားပေးရင်း သူ့ရဲ့ သက်တမ်းကိုတောင် အနစ်နာခံခဲ့သေးတာ မဟုတ်လား။
ဒီလောက်အထိ အလေးထားနေမှတော့...
ချန်ဆန်းရှီသာ အတွင်းစည်းတပည့် အဆင့်မှာပဲ ရှိနေဦးတော့၊နောက်နှစ်
အနည်းငယ်အတွင်းမှာ ဆရာကြီးက သူ့ကို အမွေဆက်ခံသူ အဖြစ် သေချာပေါက် မြှောက်ပင့်ပေးမှာ အမှန်ပဲ။
ချန်ဆန်းရှီက ဆရာကြီးရဲ့ သက်တမ်းအနစ်နာခံမှုကို မသိနိုင်သေးရင်တောင်၊ သူ့အပေါ် ဆရာကြီးက ဘယ်လောက်အထိ အထင်ကြီးနေသလဲဆိုတာကိုတော့ အနည်းနဲ့အများ ခံစားမိမှာပါ။
နောင်တစ်ချိန်မှာ ဆရာကြီးကို ယောက္ခမလို့တောင် တိုက်ရိုက်ခေါ်ရနိုင်ခြေ ရှိနေတာပဲ...
ဘာလို့ အခုလို အပင်ပန်းခံနေရတာလဲ။
ဒါပေမဲ့ ရုန်ယန်ချိုး ပြန်စဉ်းစားကြည့်တော့လည်း ဒါဟာ ကျိုးကြောင်းဆီလျော်ပါတယ်။
ဒီလို ဇွဲနပဲမျိုးသာ မရှိရင် ဆရာကြီးက သူ့ကို ဘယ်လိုလုပ် သဘောကျပါ့မလဲ။
ဒီလို စိတ်ဓာတ်မျိုးရှိလို့သာ ဆရာကြီးရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာဖြစ်
ပြီး ဒါဟာ အပေါ်ယံ ဟန်ပြလုပ်နေတာမျိုး မဟုတ်ဘူးဆိုတာ သိသာပါတယ်။
ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ...
ဆရာကြီးမှာ တစ်သက်လုံး တပည့်တွေ အများကြီး ရှိခဲ့ဖူးပေမဲ့ ဂိုဏ်းထဲကို တရားဝင် မဝင်ရသေးခင်ကတည်းက အခုလို တန်ဖိုးထားခံရတာ သူဟာ ပထမဆုံးပါပဲ။
ဒါဟာ သူတို့ရဲ့ ထင်ကြေးသက်သက်ပဲ ဖြစ်ပေမဲ့ ဆရာကြီးက အစအဆုံး တစ်ခွန်းမှ ထုတ်မပြောခဲ့ပေမဲ့ သူဟာ ထူးခြားတဲ့သူဆိုတာကိုတော့ လူတိုင်း မြင်နိုင်ပါတယ်။
"မကောင်းတော့ဘူး"
ရုန်ယန်ချိုးသည် ရှေ့က အခြေအနေကို ကြည့်ရင်း ဝင်တားချင်စိတ် ပေါက်လာသော်လည်း နောက်ဆုံးတွင် သူမကိုယ်သူမ ပြန်ထိန်းလိုက်ရသည်။
ရုတ်တရက် ချန်ဆန်းရှီ၏ ပါးစပ်ထောင့်မှ သွေးများ လျှံထွက်လာတော့သည်။
အတွင်းဒဏ်ရာ..
နောက်ဆုံးမှာတော့ သိုင်းသမားနှစ်ဦးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုချင်း ယှဉ်ပြိုင်တာပါပဲ။
အတွင်းအားသန့်စင်ခြင်း ပြီးပြည့်စုံသောအဆင့် ဟာ သွေးပေါက်ကွဲမှု့ ကို လုပ်နိုင်ရုံတင်မကဘဲ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကို ခံနိုင်ရည်ရှိအောင် သူတို့ရဲ့ အင်္ဂါတွေကို ပိုမိုမြင့်မားတဲ့အဆင့်အထိ လေ့ကျင့်ထားပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ အတွင်းအားသန့်စင်ခြင်း အသေးစားအောင်မြင်မှု့အဆင့် ကတော့ မလုံလောက်သေးပါဘူး။
တကယ်လို့သာ ကျယ်ဝန်းတဲ့ နေရာမျိုးဆိုရင် ချန်ဆန်းရှီဟာ ပတ်ဝန်းကျင် အနေအထားကို အသုံးချပြီး ဖိအားတွေကို လျှော့ချနိုင်ပေမဲ့ အခုတော့ စင်မြင့်ရဲ့ သတ်မှတ်ထားတဲ့ နေရာကနေ ထွက်လို့မရတဲ့အတွက် သူ့ရဲ့ ခွန်အားထက် ဆယ်ဆမက ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကို အတင်းအကျပ် တောင့်ခံနေရခြင်း ဖြစ်သည်။ သူ၏ ရွှမ်ယွမ်ဒြပ်စင်ငါးပါးခန္ဓာ မှာလည်း မပြီးမြောက်သေးသဖြင့် သူ၏ ကိုယ်တွင်းအင်္ဂါများမှာ ပြိုင်ဘက်ကို မယှဉ်နိုင်ဘဲ အပြင်းအထန် ဒဏ်ရာရရှိနေပြီ ဖြစ်သည်။
"ဘာလို့လဲ... ဘာလို့ ငါ့ကို ယှဉ်ချင်နေရတာလဲ။ ဒီကမ္ဘာကြီးက ငါ့ရဲ့ ချောင်မိသားစု ပိုင်တာကွ မင်းက ငါ့ကို ဘယ်လိုလုပ် နိုင်မှာလဲ"
ချောင်ဖန်၏ သွေးအဟုန်မှာ တရကြမ်း တက်လာပြီး သူ၏ ဓားရှည်ကြီးမှာ ကောင်းကင်နဲ့ မြေကြီးကို ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရသည်။ သူ၏ သတ်ဖြတ်လိုစိတ်များမှာလည်း အဆက်မပြတ် မြင့်တက်နေဆဲ... "သေစမ်း—"
တရစပ် ဆယ့်ရှစ်ချက် ပိုင်းဖြတ်အပြီးမှာတော့...
ပြိုင်ဘက် အနောက်သို့ လွင့်ထွက်သွားသည့် အရှိန်ကို အသုံးချကာ ဓားကို မြေကြီးထဲသို့ အရင်စိုက်လိုက်သည်။ ထို့နောက် သားရဲတစ်ကောင်အလား ရှေ့သို့ ပြေးတက်သွားရင်း နဂါးစိမ်းဓား ကို ပြန်လည် ဆွဲထုတ်ကာ ခေါင်းပေါ်သို့ မြှောက်လိုက်သည်။ လေထဲတွင် အကြိမ်ကြိမ် ဝှေ့ယမ်းကာ သွေးအင်အားကို အစွမ်းကုန် မြှင့်တင်ပြီး ခြင်္သေ့ရိုက်ချက် ဟူသော ကွက်စိပ်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
"နေမင်းကြီး ကောင်းကင်ယံကို လောင်မြိုက်ခြင်း"
ဝုန်း—
ခဏချင်းမှာပင်...
လောကကြီးတစ်ခုလုံး မှောင်မိုက်သွားသယောင် ထင်မှတ်ရသည်။
ကောင်းကင်ယံက နီရဲနေသော နေဝင်ရိုးရီ အလှတရားမှာ ချောင်ဖန်၏ လက်ထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ၎င်းမှာ ဓားရှည်ကြီးနှင့် ပေါင်းစပ်သွားကာ တားဆီး၍မရသော နဂါးနတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အဝါတွေကို သယ်ဆောင်ကာ မိုးကြိုးပမာ ရိုက်ချလိုက်တော့သည်။
ဤဓားချက်သည်...
ရွှေကျီးကန်း ကောင်းကင်နဂါး ဓားသိုင်း ထဲတွင် အစွမ်းအထက်ဆုံး အကွက်ဖြစ်သည်။
ချန်ဆန်းရှီမှာ မူလက ရှောင်တိမ်းနိုင်မည့် အခွင့်အရေး ရှိခဲ့သော်လည်း...
သူ ဆုတ်ခွာ၍ မရပေ။ သူ၏ ခြေထောက်များမှာ စင်မြင့်၏ အစွန်းဆုံးသို့ ရောက်နေပြီဖြစ်ရာ နောက်ထပ် ခြေတစ်ဝက်မျှ ဆုတ်လိုက်သည်နှင့် သူ၏ ကြိုးစားမှုအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်...
ဇွဲနပဲကြီးလှသော မြွေတစ်ကောင်သည် နတ်ဘုရား နဂါးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။
ဝီ—
လှံရှည်၏ လှံဦးပေါ်တွင် ကြီးမားသော အက်ရာတစ်ခု ပေါ်လာသည်။
နဂါးစိမ်းဓား ပင်လျှင် တုန်ခါသွားကာ ခေတ္တမျှ နောက်သို့ လန်သွားခဲ့သည်။
ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ချန်ဆန်းရှီ၏ ကိုယ်တွင်းအင်္ဂါများမှာ ဓားချက်ပေါင်း သောင်းခြောက်ထောင်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံရသကဲ့သို့ နာကျင်သွားရခြင်းပင်။ သူ၏ လည်ချောင်းထဲတွင် သွေးညှီနံ့များ ပြည့်လျှံလာပြီး ပါးစပ်ထဲသို့ ရောက်လာသော သွေးများကို အတင်းအကျပ် ပြန်မြိုချလိုက်ရသည်။ စင်မြင့်၏ ကြမ်းပြင်မှာပင် လက်မအနည်းငယ်ခန့် ပြိုကျသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ စင်ပြင်ပသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှုံးနိမ့်ဖို့ လက်တစ်လုံးအလို... ဆုတ်စရာ လမ်းမရှိတော့သဖြင့် ဖိအားအားလုံးကို သူကိုယ်တိုင် တောင့်ခံလိုက်ရသည်။ ထိုအချိန်တွင် နဂါးစိမ်းဓား မှာ ခေတ္တ အနားယူပြီးနောက် ပိုမိုပြင်းထန်သော အဟုန်ဖြင့် ပြန်လည် ကျဆင်းလာပြန်သည်။
"တော်ပါတော့..."
ရုန်ယန်ချိုးမှာ အသံထွက်ပြီးတောင် ပြောမိသွားသည်။
ဒီအတိုင်း ဆက်သွားရင် နောက်ထပ် နှစ်ချီ သုံးချီထက် ပိုခံမှာ မဟုတ်တော့ဘူး အရှုံးကတော့ အသေအချာပါပဲ။
ချန်ဆန်းရှီ သူမစကားကို ကြားသလား မသိပေမဲ့ သူဟာ နောက်သို့ ဆုတ်မည့်အစား ရှေ့သို့ ခြေလှမ်းနှစ်လှမ်း ထပ်တိုးလိုက်တာကိုပဲ သူမ မြင်လိုက်ရသည်။
"မင်းက အသေခံချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
မြွေက ဝေဒနာဖြင့် အော်ဟည်နေသည်။
ကောင်းကင်နဂါး၏ နတ်ဘုရား ခွန်အား..
"ဒီလောက်အထိ တောင့်ခံနိုင်တာက တကယ်ကို အံ့ဖွယ်ပဲ"
ဖေးထျန်းနန်က သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"မဟုတ်ရင် ပွဲကို ရပ်လိုက်တာက ပိုကောင်းမယ် ထင်တယ်"
သခင်ကြီးဟောက် က စိုးရိမ်တကြီး ပြောလိုက်သည် "ချန်လေးက အတွင်းဒဏ်ရာတွေ အပြင်းအထန်ရနေပုံရတယ် ဒါကို သူက ဇွတ်တောင့်ခံနေတာ။ ဒီအတိုင်း ဆက်သွားရင် သူ့ရဲ့ အခြေခံတွေ ပျက်စီးသွားမှာကို ငါစိုးရိမ်တယ်။ အနိုင်အရှုံးကတော့ ပေါ်နေပြီပဲ မင်းသားလေးကို ချန်ပီယံအဖြစ် ကြိုတင် ကြေညာပေးလိုက်ရင် မကောင်းဘူးလား"
"သခင်ကြီးဟောက်က ဒီလူ့ဘက်က ဘက်လိုက်နေတာလား"
ဖေးထျန်းနန်က ပြုံးလျက် ပြောသော်လည်း သူ၏ စကားများမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည် "သူကမှ အရှုံးမပေးသေးတာ စင်ပေါ်မှာ သေတာက သူ့ကံကြမ္မာပဲလေ စည်းမျဉ်းတွေကို ကြိုတင်ပြင်ပေးရမယ့် ထုံးစံ ဘယ်မှာ ရှိလို့လဲ"
"မြို့တော်ဝန် ဖေး... ခင်ဗျားရဲ့ စကားလုံးတွေက သိပ်ပြီး မသင့်တော်ဘူးနော်"
သခင်ကြီးဟောက် က ပြန်ချေပသည် "ငါတို့က မဟာရှန်မင်းဆက်ရဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက် ထိခိုက်မှာကို စိုးရိမ်လို့ပါ"
ဖေးထျန်းနန်က မျက်ခုံးပင့်လိုက်ရင်း "သခင်ကြီးဟောက်... ဒါဆို ဝမ်ချိုးရှီ က ပါရမီရှင် မဟုတ်ဘူးလို့ ပြောချင်တာလား"
"ခင်ဗျား..."
သခင်ကြီးဟောက်သည် နှာခေါင်းရှုံ့ကာ ဘာမှ ထပ်မပြောတော့ဘဲ စင်မြင့်ထက်သို့ ပြန်ကြည့်လိုက်သည်။
ဝုန်း..
နဂါးစိမ်းဓား၏ တရစပ် ရိုက်ခတ်မှုတွေကို ဘယ်နှစ်ကြိမ်တောင် တောင့်ခံလိုက်ရမှန်း မသိပေ။ ချန်ဆန်းရှီ၏ အမြင်အာရုံများ ဝေဝါးလာခဲ့ပြီ။ သူ၏ ဒဏ်ရာများမှာ တစ်ဖက်လူ၏ အားသာချက်ကို သူ၏ အားနည်းချက်ဖြင့် အတင်းအကျပ် ရင်ဆိုင်နေရခြင်းကြောင့် ဖြစ်သည်။
နှစ်ဆယ့်ခြောက်ချီ...
နှစ်ဆယ့်ခုနစ်ချီ..
တစ်ချီပြီးတိုင်း...
သူ၏ ခန္ဓာကိုယ်အတွင်းက ဒဏ်ရာတွေ ပိုဆိုးလာပေမဲ့၊ တစ်ဖက်မှာလည်း ပြိုင်ဘက်ရဲ့ သိုင်းကွက်တွေကို သူ ပိုပြီး ကျွမ်းကျင်လာခဲ့သည်။
ချွတ်၊ ချွတ်၊ ချွတ်...
"အား——"
ချောင်ဖန်သည် ရူးသွပ်နေသူတစ်ယောက်အလား နဂါးစိမ်းဓားကို ဝှေ့ယမ်းနေသည်။ ရိုက်ချက်တိုင်းမှာ ပြိုင်ဘက်၏ ပါးစပ်မှ သွေးများ ထွက်လာသည်ကို မြင်နေရပြီး၊ ထိုသွေးများမှာ သူ့အတွက်တော့ စိတ်လှုပ်ရှားစရာ အားဆေးတစ်ခုလို ဖြစ်နေသည်။
"မင်း ဘာကို ဇွတ်တောင့်ခံနေတာလဲ"
အစကတော့ ချောင်ဖန်က ပြိုင်ဘက်မှာ သူ့ရဲ့ နေမင်းကြီး ကောင်းကင်ယံကို လောင်မြိုက်ခြင်း လိုမျိုး အစွမ်းထက်တဲ့ လျှို့ဝှက်ချက် ရှိနေဦးမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ဘာထူးခြားတဲ့ နည်းဗျူဟာမှ မရှိဘဲ ဇွဲတစ်ခုတည်းနဲ့ တောင့်ခံနေတာမှန်း သူ သိသွားပြီ။
မထင်မှတ်ထားတာက...
အစပိုင်းမှာ သတ်ဖို့ ကြိုးစားတုန်းက မသေခဲ့ဘဲ အခု သတ်ဖို့ စိတ်မကူးတော့ဘဲ အနိုင်ရဖို့ပဲ ကြိုးစားတဲ့ အချိန်ကျမှ ပြိုင်ဘက်က အသတ်ခံဖို့အတွက် အတင်းအကျပ် ရှေ့တိုးလာတာပါပဲ။