အခန်း (၁၆၃)
Vol. 15 Ch. 163
📝အပိုင်း - ၁၆၃
ဘာသာပြန် - Na Gar🐉
ပိုယန် ကနေ ဒီနေရာအထိ သူတို့ကို ဦးဆောင်လာပြီး၊ ရန်သူ့တပ်ပေါင်း သောင်းခြောက်ထောင်ရဲ့ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ကာ လူပေါင်းသောင်းချီကို မြစ်တစ်ဖက်ကမ်းရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ထိုလူသားဟာ သူတို့ရဲ့နှလုံးသားထဲမှာတော့ "ကောင်းကင်နတ်ဘုရား" တစ်ပါးလို ဖြစ်နေပါပြီ။ ကောင်းကင်နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်ပါ့မလဲ။
"အမှိုက်ကောင်" တစ်စုံတစ်ယောက်က တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
"တောက်... မင်းက မင်းသားလေးကို စော်ကားရဲတယ်ပေါ့ အသက်မရှင်ချင်တော့ဘူးလား"
"စကားပြောရင် လေးလေးစားစားပြောစမ်းပါ ငါတို့ ဗိုလ်ချုပ်ကို ဆွဲမထည့်နဲ့"
"..."
...
"မင်း ငါ့ရဲ့ ဓားသိုင်းကို အဖြေထုတ်နိုင်ရင်တောင်... မင်း နိုင်မှာမဟုတ်ဘူး"
ချောင်ဖန်သည် စိတ်ထဲတွင် မည်မျှပင် တုန်လှုပ်နေပါစေ အရေးကြုံချိန်တွင် တည်ငြိမ်စွာဖြင့် ဟာကွက်မဖြစ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ သူ၏ ကျင့်ကြံမှု အခြေခံ ခိုင်မာပုံကို ပြသနေခြင်းပင်။
သူ့ရဲ့ ဓားသိုင်း အသာစီးရမှု ပျောက်ကွယ်သွားရင်တောင် သူ့မှာ ပြိုင်ဘက်ကို ဖိနှိပ်ထားနိုင်တဲ့ ကျင့်စဉ်အဆင့် ရှိနေသေးတယ်မဟုတ်လား။ ခွန်အားချင်း သက်သက်ယှဉ်ရင် ပြိုင်ဘက်က သူ့ကို မကျော်နိုင်ပါဘူး။
သူ့ရဲ့ သွေးပေါက်ကွဲမှု အခြေအနေ က နောက်ထပ် ဆယ်ချီလောက် ခံဦးမှာပါ။ အဲဒီအချိန်ကျရင် ပြိုင်ဘက်ရဲ့ သွေးချီကို ကုန်ခမ်းသွားအောင် လုပ်နိုင်မှာပဲ မဟုတ်လား။
ဒါပေမဲ့ နောက်ထပ် ရှစ်ချီ ကုန်လွန်သွားချိန်မှာတော့... ပြိုင်ဘက်ရဲ့ သွေးချီဟာ လျော့ကျသွားမယ့် အရိပ်အယောင်တောင် မပြတာကို မြင်
လိုက်ရတဲ့အခါ ချောင်ဖန်ရဲ့ စိုးရိမ်စိတ်ဟာ ဖုံးကွယ်လို့ မရတော့ပါဘူး။ တစ်ဖက်လူဟာ ဟွာကျင်းအဆင့် ဆရာကြီးတစ်ယောက်များလားလို့တောင် သူ သံသယဝင်လာမိသည်။ မဟုတ်ရင် ဒီလောက် များပြားလှတဲ့ သွေးချီဘယ်က ရလာမှာလဲ။
"မဖြစ်နိုင်ဘူး ဒါ မဖြစ်နိုင်ဘူး"
မိမိကိုယ်တွင်းက သွေးချီတွေ ခမ်းခြောက်လာတာကို ခံစားမိရင်း ချောင်ဖန်သည် မကျေမနပ် ဟိန်းဟောက်လိုက်သည်။ သူ၏ လက်ထဲက နဂါးစိမ်းဓား သည် တိုက်စစ်ဆင်ရန် အခွင့်အရေး မရှိတော့ဘဲ ခုခံရန်အတွက်သာ အစွမ်းကုန် အားထုတ်နေရတော့သည်။
ကြည့်ရှုသူများ၏ မျက်စိထဲတွင်မူ...
အစက အင်အားချင်း မျှနေသော တိုက်ပွဲမှာ ယခုအခါ သွေးရောင် ဧရာမမြွေကြီးက အသာစီးရလာပြီ ဖြစ်သည်။
"မြို့တော်ဝန် ဖေး... မြန်မြန် ဒါကို သေချာ ကြည့်ပေးထားပါဦး"
သခင်ကြီးဟောက်က သတိပေးလိုက်သည် "သူတို့တွေ သွေးဆူနေကြပြီ တစ်ယောက်ယောက်က သေအောင် တိုက်ခိုက်မိဖို့ ရှိနေတယ် နောက်ထပ် မတော်တဆမှုတွေ မဖြစ်ပါစေနဲ့တော့"
သူ စိုးရိမ်တာကတော့ သဘာဝကျပါတယ်။ ချန်ဆန်းရှီ က ချောင်ဖန်ကို သတ်လိုက်မှာကို သူ ကြောက်နေတာပါ။ ဝမ်ချိုးရှီ သေသွားတုန်းက မြင်ကွင်းကို ပြန်တွေးမိတိုင်း သူ တုန်လှုပ်နေမိဆဲ ဖြစ်သည်။
တိုက်ပွဲရဲ့ ရလဒ်ထက် သူတို့ရဲ့ စိတ်ထဲမှာ အကြောက်တရားက ပိုပြီး နေရာယူနေခဲ့ပါပြီ။ အကယ်၍ ချောင်ဖန်သာ စင်ပေါ်မှာ သေသွားရင်တော့ ကိစ္စတွေက တကယ်ကို ကြီးကျယ်သွားပါလိမ့်မည်။
ခွမ်း....
ဖေးထျန်းနန်သည် လက်ထဲက လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်ပြီး ပေပေါင်းများစွာ မြင့်တဲ့ မြို့ရိုးပေါ်ကနေ တိုက်ရိုက် ခုန်ချလိုက်သည်။ သူသည် အရှိန်အဟုန်အပြည့်ဖြင့် ကွင်းပြင်ဘေးသို့ ရောက်ရှိသွားကာ အချိန်မရွေး ဝင်ရောက်တားဆီးရန် အသင့်ပြင်လိုက်သည်။
လေးဆယ့်ကိုးချီမြောက်...။
ချောင်ဖန်တောင့်မခံနိုင်တော့ပါဘူး။ သူ၏ သွေးပေါက်ကွဲမှု အခြေအနေမှာ ရုတ်တရက် ပြီးဆုံးသွားပြီး ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းကာ အလွန်အမင်း အားနည်းသွားတော့သည်။
ထို့ကြောင့်ပင် သူ၏ ဓားသိုင်းအဟုန်မှာ သိသိသာသာ ကျဆင်းသွားပြီး ခုခံမှုများလည်း လျော့ရဲလာခဲ့သည်။
သူ မကျေနပ်နိုင်ပါဘူး..
အခြား ခံစားချက်အားလုံးကို ဘေးဖယ်ထားရင်တောင် ပြင်းထန်လှတဲ့ "မကျေနပ်မှု" တစ်ခုတည်းကသာ သူ့စိတ်ထဲမှာ ကျန်ရှိတော့သည်။
ဟုတ်ပါတယ်... သူဟာ တော်ဝင်မိသားစုမှာ မွေးဖွားလာသူ ဖြစ်ပေမဲ့ ငယ်စဉ်ကတည်းက သိုင်းပညာကို တစ်နေ့မှ မပျက်ကွက်ဘဲ လေ့ကျင့်ခဲ့သူပါ။ သူ့ရဲ့ ရွယ်တူတွေထဲမှာ သူဟာ အဝီရိယ အရှိဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ ကြက်တွန်သံ ကြားတာနဲ့ သိုင်းကျင့်တာက သူ့ရဲ့ နေ့စဉ် အလုပ်ပါ။
သူ့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ အရင်းအမြစ်တွေကို ပေါင်းစပ်လိုက်ရင် သူဟာ တစ်သက်လုံး တစ်ခါမှ မရှုံးဖူးခဲ့ပါဘူး။ သူ့အဆင့်တူချင်းမှာတင် မဟုတ်ဘဲ သာမန် ဟွာကျင်း ဆရာကြီးတွေနဲ့တောင် သူက အစမ်းတိုက်နိုင်သူပါ။
ဒါပေမဲ့ ဒီနေ့မှာတော့... တောရွာက လာတဲ့ စစ်နတ်ဘုရားတောင် မဖြစ်နိုင်တဲ့ နဂါးကိုးပါးခန္ဓာ ပိုင်ရှင် ရွယ်တူတစ်ယောက်ကို သူ ရှုံးနိမ့်တော့မှာပါ။ ဒါဟာ တကယ့်ကို အရှက်ရစရာပါပဲ..
ဒါဟာ သူ့ရဲ့ ကြိုးစားမှုတွေ မလုံလောက်သေးဘူးလို့ ဆိုလိုတာလား။
ဒီ ချန်ဆန်းရှီ ဆိုတဲ့ကောင်က သူ့ထက်တောင် ပိုပြီး ကြိုးစားခဲ့တာလား။
"ဝီရိယရှိသူကို ကောင်းကင်က မစတယ်" တဲ့လား။
ဒီနေ့အတွက် အရှုံးကတော့ ကျိန်းသေသွားပါပြီ။
ချောင်ဖန်၏ ဓားကိုင်ထားသော လက်များ တုန်ရင်လာပြီး ဤအမှန်တရားကို သူ ဝန်ခံလိုက်ရတော့သည်။
ချန်ဆန်းရှီ..
ဒီအမည်ကို သူ နှလုံးသားထဲမှာ အမြဲ မှတ်ထားပါလိမ့်မည်။ အကယ်၍ နောင်တစ်ချိန်မှာ ဒီလူကို သူ ပြန်မနိုင်ဘူးဆိုရင် ဒါဟာ သူ့အတွက် တစ်သက်လုံး ဖျောက်ပစ်လို့မရတဲ့ အရိပ်မည်းကြီး ဖြစ်နေမှာပါ။ သူ့ရဲ့ ဓားသိုင်းကလည်း ကောင်းကင်က နေမင်းလို ဘယ်တော့မှ ပြန်ပြီး တောက်ပလာတော့မှာ မဟုတ်ပါဘူး။
ဒီနေ့ ရှုံးရင်လည်း ရှုံးပါစေတော့..
ဒါပေမဲ့ ပြန်နိုင်မယ့် အခွင့်အရေးကို သူ သေချာပေါက် ရှာရလိမ့်မယ်..
သူ့ရဲ့ သက်တမ်းကို ရင်းပြီးတော့ပဲဖြစ်ဖြစ် ရွှေကျီးကန်း ဓားသိုင်း အပြည့်အစုံကို လေ့ကျင့်ပြီး ပြန်နိုင်အောင် လုပ်ရမယ်။ မဟုတ်ရင် သမိုင်းမှတ်တမ်းတွေမှာ ဒီအရှက်တရားကြီးက ထာဝရ ကျန်ရစ်နေပါလိမ့်မယ်။
ဝှစ်—
စင်မြင့်ထက်တွင် အံ့သြဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။
နဂါးစိမ်းဓားသည် လွင့်ထွက်သွားပြီး လှံရှည်ကြီးကြောင့် လေထဲသို့ မြောက်တက်သွားတော့သည်။
မြွေက နဂါးကို မြိုလိုက်ပြီ..
နဂါးနဲ့ မြွေ တိုက်ပွဲဟာ နောက်ဆုံးမှာတော့ လုံးဝ ပြောင်းပြန်ဖြစ်သွားပြီး ဧရာမမြွေကြီးရဲ့ အောင်ပွဲနဲ့ အဆုံးသတ်သွားခဲ့ပါပြီ..
"ငါ... အရှုံးပေးပါတယ်"
လှံဦးက သူ့ရဲ့ လည်ချောင်းကို မထိခင် လက်တစ်လုံးအလိုမှာပဲ ချောင်ဖန်ရဲ့ အသံဟာ ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။
အရှုံးပေးလိုက်ပြီ။
မင်းသားလေးက အရှုံးပေးလိုက်ပြီတဲ့လား..
ချန်ဆန်းရှီ တကယ်ပဲ နိုင်သွားပြီ။
ပရိသတ် ငါးသောင်းကျော်လုံး ဆွံ့အသွားကြသည်။
အတွင်းအားသန့်စင်ခြင်းအသေးစားအောင်မြင်မှု့ အဆင့်က ပြီးပြည့်စုံသောအဆင့် ကို အနိုင်ရရှိသွားခဲ့ပြီ..
"ဟင်း..."
"ချန်ဆန်းရှီ ကတော့ တကယ်ပဲ အဆုံးအထိ တက်လှမ်းနိုင်ခဲ့ပြီ သူရင်ဆိုင်ခဲ့ရတဲ့ စမ်းသပ်ချက်တွေ အကုန်လုံးကလည်း အဆင့် Aတွေချည်းပဲ"
မြို့ရိုးပေါ်က အရာရှိတွေလည်း အချိန်အတော်ကြာမှ အသိပြန်ဝင်လာကြသည်။
"..."
ရန်ချန်းချင်း သည် အရှက်ရသွားသည်။ ပြိုင်ပွဲမစခင်က သူဟာ ချန်ဆန်းရှီကို သူ့အား ကူညီပေးဖို့ ပြောခဲ့သေးသည်မဟုတ်လား။ အခုတော့ သူက အစောကြီး ပြုတ်သွားပြီး ချန်ဆန်းရှီကတော့ အစွမ်းထက်ဆုံးလို့ သတ်မှတ်ထားတဲ့ မင်းသားလေးကိုတောင် အနိုင်ယူပြီး အဆုံးအထိ ရောက်သွားခဲ့ပြီ။
"ဒုန်း"
ချန်ဆန်းရှီ၏ လက်မောင်းများတွင် အကြောများ ဖောင်းကြွနေပြီး သွေးအင်အားများ ဆူပွက်နေဆဲပင်။ သူသည် လှံဦးကို အားဖြင့် ပြန်ရုပ်သိမ်းလိုက်ပြီး မြေကြီးပေါ်သို့ ဆောင့်ချလိုက်သည်။
သူက လက်လျှော့ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နောက်ကျသွားပါပြီ။
ဖေးထျန်းနန် က စင်ပေါ်ကို ရောက်နေပြီဖြစ်လို့ သူ ထိုးနှက်လိုက်ရင်လည်း အတားခံရမှာ သေချာပါတယ်။
နောက်ပြီး ပိုအရေးကြီးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။
ဝမ်ချိုးရှီ တုန်းကနဲ့ မတူပါဘူး။
ဒီလူကို သတ်တာကိုတော့ ဗြောင်ကျကျ လုပ်လို့ မရပါဘူး။
လောလောဆယ်မှာ သူဟာ ချောင်မိသားစုကို ဗြောင်ကျကျ ရင်ဆိုင်နိုင်တဲ့ အင်အား မရှိသေးပါဘူး။
အင်အား... မလုံလောက်သေးဘူး..
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ နိုင်သွားခဲ့ပြီ။
နေဝင်ဖျိုးဖျအလှအောက်မှာ ချန်ဆန်းရှီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။
သူ့မှာ အတွင်းဒဏ်ရာတွေ ရှိနေပေမဲ့ သွေးချီကတော့ အလျှံပယ် ရှိနေဆဲပါ။ နောက်ထပ် အချီ ၆၀ လောက်အထိ သူ ဆက်တိုက်နိုင်ပါသေးသည်။
"မင်းသားလေး"
ဖေးထျန်းနန်သည် အခြားအရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ အပြေးအလွှား မေးလိုက်သည်။ "ဒဏ်ရာ ရသွားသေးလား"
"မရပါဘူး"
ချောင်ဖန်မျက်လုံးမှိတ်လိုက်သည်။ အားအင်ကုန်ခမ်းသွားလို့ အနည်းငယ် အားနည်းနေရုံသာ ရှိသည်။
သူ အတင်းအကျပ် ဆက်တိုက်နေဖို့ မလိုပါဘူး၊ ဒါဆိုရင် ပိုပြီး အရုပ်ဆိုးတဲ့ အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။ အခုလို နှုတ်ကနေ အရှုံးပေးလိုက်တာက အနည်းဆုံးတော့ သိက္ခာကို ထိန်းထားနိုင်ပြီး တော်ဝင်မိသားစုကို သိပ်ပြီး အရှက်မရစေတော့ပါဘူး။
"မင်းသားလေး... ဘယ်လိုလုပ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စစ်နတ်ဘုရား တစ်ယောက်ဖြစ်တဲ့ ဖေးထျန်းနန် တောင်မှ ဒါကို လက်ခံဖို့ ခက်ခဲနေတော့သည်။