အခန်း (၁၆၅)
Vol. 15 Ch. 165
📝အပိုင်း - ၁၆၅
ဘာသာပြန် - Na Gar🐉
"..."
ဖေးထျန်းနန်သည် သူ၏ ခါးကြားကို စမ်းကြည့်လိုက်ပြီး ထိုပစ္စည်းပါလာသည်ကို သေချာမှ စိတ်အနည်းငယ် အေးသွားတော့သည်။ သူ လျန်ကျိုးနားမှာ တပ်စွဲထားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆွန်ဒူရှန်၏ ရူးသွပ်သွားနိုင်ခြေကို စောင့်ကြည့်ရန်ဖြစ်ပြီး သူ့ထံတွင်လည်း အားကိုးစရာ တစ်စုံတစ်ရာ ရှိနေ၍ပင်။ နန်းတွင်းမှ ပေးအပ်ထားသော လက်ဆောင်သည် သူ့အသက်ကို ကယ်တင်ရန် လုံလောက်ပေလိမ့်မည်။
အရာအားလုံးကို ပြန်လည်စဉ်းစားပြီးနောက် သူသည် အံကြိတ်ကာ ဆွန်ဒူရှန်၏ ဘေးသို့ ပြန်သွားလိုက်သည် "ဘုရင်ခံဆွန်... တစ်ခုခု မလုပ်ခင်မှာ သုံးကြိမ်တိုင်တိုင် ထပ်မံ စဉ်းစားပေးပါဦး"
သူ ပြန်ရောက်လာသည်ကို မြင်သောအခါ သခင်ကြီးဟောက်လည်း နောက်မှ လိုက်လာခဲ့သည်။ လူနှစ်ဦးလုံးမှာ ဆူးပေါ်ထိုင်နေရသလို ဂနာမငြိမ် ဖြစ်နေကြသည်။
သို့သော်လည်း ဆွန်ဒူရှန်ကမူ အောက်ခြေရှိ လူများကိုသာ ညွှန်
ကြားနေသည် "သွား... သူတို့ကို လာခဲ့ဖို့ အကြောင်းကြားလိုက်တော့၊ ငါတို့ အရိုးစစ်ဆေးခြင်း အခမ်းအနားကို စတင်ကြမယ်"
ဖေးထျန်းနန်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည် "ကြည့်ရတာ ဘုရင်ခံက အခြေအနေအရပ်ရပ်ကိုပဲ ဦးစားပေးပုံရတယ် ဒါကိုတော့ ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်"
"မစခင်မှာ... ဒီအဖိုးကြီးက နောက်ဆုံးတစ်ခေါက် ထပ်ပြီး အတည်ပြုချင်တယ်"
ဆွန်ဒူရှန်က သူ့ကို စောင်းကြည့်လိုက်ပြီး အသံမှာ အနည်းငယ် အက်ရှနေသည် "ချန်ပီယံ ဆိုတာ နှစ်ယောက် ရှိလို့ မရဘူးနော် မင်း နောက်မှ နောင်တမရနဲ့ဦး"
"ချန်ပီယံဆိုတာ... ချန်ပီယံဆိုတာ သဘာဝအတိုင်း တစ်ယောက်ပဲ ရှိရမှာပေါ့" ဖေးထျန်းနန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ငါ အခွင့်အရေး ပေးခဲ့ပြီးပြီနော် မင်း ငါ့ကို အပြစ်တင်လို့ မရတော့ဘူး" ဆွန်ဒူရှန်က ခေါင်းညိတ်ပြလိုက်ပြီး အခမ်းအနား စတင်ရန် အချက်ပြလိုက်သည်။
အခွင့်အရေး ပေးခဲ့တယ် ဟုတ်လား..
ဖေးထျန်းနန်သည် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသော်လည်း ဘာလဲဆိုတာကိုတော့ အတိအကျ မသိသေးပေ။
မကြာမီမှာပင်...
ချောင်ဖန်သည် စင်မြင့်ထက်သို့ တက်လာပြီး လက်နှစ်ဖက်ကို စုကာ အလေးအနက် အရိုအသေပြုလိုက်သည် "ကျွန်တော်မျိုး ဘုရင်ခံကို ဂါရဝပြုပါတယ်"
"အင်း..."
ဆွန်ဒူရှန်က တည်ငြိမ်စွာပင် ပြောလိုက်သည် "မင်းသားလေးအနေနဲ့ စစ်ဆေးနေဖို့ မလိုပါဘူး နဂါးနှလုံးသား ကျားအရိုး ဆိုတာ လူတိုင်း သိပြီးသားပဲ အဆင့်Aဆိုတာ သံသယဖြစ်စရာ မလိုဘူး"
ဘေးနားတွင် မှတ်တမ်းစာအုပ် ကိုင်ထားသော လီချန်းကျုံးက နောက်ဆုံးရလဒ်ကို ကြေညာလိုက်သည်။
"မင်းသားလေး ချောင်ဖန်... အဆင့်Aငါးခု ရရှိပါတယ်"
"ဘုရင်ခံကို ကျေးဇူးအများကြီး တင်ပါတယ်"
ချောင်ဖန်က ဝမ်းသာအားရ ပြောလိုက်သည်"တစ်ရက် ဆရာဆိုတာ တစ်သက်လုံး ဖခင်ပါပဲ ဆရာကြီးရဲ့ သွန်သင်ဆုံးမမှုတွေကို ဘယ်တော့မှ မမေ့ပါဘူး နောင်တစ်ချိန်မှာ ကျေးဇူးကို သေချာပေါက် ဆပ်ပါ့မယ်"
သူပြောသည့် "နောင်တစ်ချိန်" ဆိုသည်မှာ သူ၏ ဖခင်ဖြစ်သူ ထီးနန်းတက်ပြီးသည့် အချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ ဆွန်ဒူရှန်ကွယ်လွန်ပြီးနောက် ဆွန်မိသားစုဝင်များ ဘေးကင်းကင်းဖြင့် ဆက်လက် ရှင်သန်နိုင်ရေးမှာ လက်ရှိ အိမ်ရှေ့မင်းသားအပေါ်တွင် အများကြီး မူတည်နေသဖြင့် သူသည် ဤ ဗိုလ်ချုပ်လောင်းရွေးချယ်ရေးပြိုင်ပွဲသို့ ရဲရဲဝံ့ဝံ့ ဝင်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့က ဆရာတင်ပွဲနေ့ မဟုတ်သေးဘူး မင်းသားလေး အရင်ဆင်းသွားလို့ ရပါပြီ" ဆွန်ဒူရှန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"နောက်တစ်ယောက်"
ချန်ဆန်းရှီသည် ချက်ချင်းပင် စင်ပေါ်သို့ တက်လာခဲ့သည်။
"နှမြောစရာကြီးပဲ"
"..."
သူ ပေါ်လာသည်နှင့် စင်အောက်ရှိ လူအုပ်ကြီးမှာ သက်ပြင်းချသံများဖြင့် ပြည့်သွားတော့သည်။
"ငါ့လိုပဲပေါ့... ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ရှုံးနိမ့်သွားရတာပဲ" ရဲ့ဖုန်းရှိုးက မိမိဘာသာ ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အစစ်အမှန်ဖြစ်ပြီး သူ ဤနေရာသို့ ရောက်လာရခြင်းမှာ သူ၏ ထိုးထွင်းသိမြင်မှုကြောင့်သာ ဖြစ်သဖြင့် ချန်ဆန်းရှီအပေါ် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်နေမိသည်။
"ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဘာအသုံးကျလို့လဲ"
မုန့်ကွမ်ရှင်းက သူ၏ ဟိန်းထွက်နေသော အသံကြီးဖြင့် ပြောလိုက်သည်။ "ငါ့မှာ သိုင်းသူတော်စင် ခန္ဓာကိုယ်ရှိပေမဲ့ နက်နဲပုံရိပ်ရောင်အဆင့်မှာ နှစ်ပေါင်း နှစ်
ဆယ်လောက် ပိတ်မိနေတာပဲ မဟုတ်လား"
"မင်းက အဲဒါကိုတောင် ဂုဏ်ယူနေသေးတာလား"
ရုန်ယန်ချိုးက ညည်းတွားလိုက်သည် "ဆရာကြီး... ညီမလေးလီနဲ့ ပုချီ တို့က သူ့ကို သိပ်သဘောကျနေတာ နောင်ကျရင် ကျွန်မတို့ ကူညီပေးကြတာပေါ့စစ်မြေပြင်က အောင်မြင်မှုတွေကတစ်ဆင့် အမွေဆက်ခံသူ နေရာကို ပြန်ရအောင် ကြိုးစားကြည့်ရမှာပဲ"
...
"ကျွန်တော်မျိုး ဘုရင်ခံကို ဂါရဝပြုပါတယ်"
ချန်ဆန်းရှီသည် လျန်ကျိုးသို့ ရောက်နေသည်မှာ တစ်လနီးပါး ရှိပြီဖြစ်သော်လည်း ဒဏ္ဍာရီလာဘုရင်ခံကြီးနှင့် ဤမျှ နီးကပ်ရသည်မှာ ပထမဆုံးပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ချင်းရွှမ် စွမ်းအင်များသာ လှည့်ပတ်မနေပါက ဤအဖိုးကြီးမှာ ရွာထိပ်က အဖိုးအိုများနှင့် ဘာမှ ထူးခြားပုံ မပေါ်ပေ။
သူသည် လူအများ အာရုံမစိုက်မိစေရန် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် တိုးတိုးလေး ပြောလိုက်သည် "ပြီးခဲ့တဲ့အကြိမ် ဟုန်ကျီ မြစ်ကမ်းဘေးမှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်
ဘုရင်ခံဆွန်"
မိမိမျက်စိဖြင့် တပ်အပ်မမြင်ခဲ့ရသော်လည်း ထိုစဉ်ကဆွန်ဒူရှန်သာ လက်မလှုပ်ခဲ့ပါက သူသည် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်နေရဦးမည်မှာ ကျိန်းသေသည်။
"အင်း..."
ဆွန်ဒူရှန်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ နားထဲသို့ ရိုက်ခတ်သွားတော့သည်။
"အဆင့် A မင်း ဆင်းသွားလို့ ရပြီ"
ဘေးနားရှိ လီချန်ကျုံးက ချက်ချင်းပင် အကျဉ်းချုပ် ကြေညာလိုက်သည်။
"ချန်ဆန်းရှီ... ဗိုလ်ချုပ်လောင်းရွေးချယ်ခံ ၏ အဆင့်ငါးဆင့်လုံးတွင် အဆင့် Aခြောက်ခု ရရှိသဖြင့် ဤပြိုင်ပွဲ၏ ချန်ပီယံ အဖြစ် သတ်မှတ်
သည်။ ဘုရင်ခံ အိမ်တော်၏ အမွေဆက်ခံသူ အကြီးအကဲ အဖြစ် လက်ခံသွားမည် ဖြစ်သည်"
အဆင့် Aဟုတ်လား..
ချောင်ဖန်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ အမြန် မော့ကြည့်လိုက်သည်။
"ဘုရင်ခံဆွန် ဘာပြောလိုက်တာလဲ"
"သူက နဂါးကိုးပါးခန္ဓာ မဟုတ်ဘူးလား"
"နဂါးကိုးပါးခန္ဓာဆိုတာ သိုင်းသူတော်စင်ခန္ဓာကိုယ် မဟုတ်ဘူးလေ။ ဒီနှစ်အတွက်ဆိုရင် အများဆုံး အဆင့်Bပဲ ရသင့်တာ"
"အဆင့် Bတွေထဲမှာတောင် သူက အတော်ဆုံး မဟုတ်ဘူးလေ"
"..."
စစ်သားများ ပြုတ်သွားသော သိုင်းသမားများ မုန့်ကွမ်ရှင်းနှင့် အခြား ညီအစ်ကိုများမှာ သူတို့နားကိုပင် သူတို့ မယုံနိုင်ဘဲ ရှိနေကြသည်။ ဆွန်ဒူရှန် က နောက်တစ်ကြိမ် ထပ်မံ ကြေညာလိုက်မှသာ အတည်ဖြစ်သွားတော့သည်။
"ဘုရင်ခံ... ဆရာကြီး... ဆရာကြီး တစ်ခုခု မှားနေပြီ ထင်တယ်"
ဖေးထျန်းနန်က ကြားဖြတ် ပြောလိုက်သည် "ကျွန်တော် မှတ်မိသလောက်ဆိုရင် ချန်လေးက နဂါးကိုးပါးခန္ဓာ မဟုတ်လား။ နှစ်ပေါင်း တစ်ထောင်
အတွင်းမှာ စစ်နတ်ဘုရား တစ်ယောက်မှ မပေါ်ဖူးတဲ့ ဒီခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး အဆင့်Aပေးလို့ ရမှာလဲ"
"ဟုတ်ပါတယ်"
သခင်ကြီးဟောက်ကလည်း ထောက်ခံလိုက်သည် "ဒါ့အပြင် ဘုရင်ခံဆွန်... အရိုးစစ်ဆေးတယ်ဆိုတာ လက်နဲ့ စမ်းကြည့်ရတာလေ အခုတော့ ဆရာကြီးက သူ့ကို လက်နဲ့တောင် မထိဘဲနဲ့ ဘယ်လိုလုပ်ပြီး အဆင့်Aပေးလိုက်တာလဲ"
သူတို့ တကယ်ကို ထူးဆန်းနေမိသည်။ ဆွန်ဒူရှန်က ဘက်လိုက်ချင်ရင်တောင် ဤမျှ အောက်တန်းကျသော နည်းလမ်းမျိုးကို မသုံးသင့်ဟု သူတို့ တွေးနေကြသည်။
"မြို့စားကြီး ဖေး၊ သခင်ကြီးဟောက်... ကျွန်တော်က နဂါးကိုးပါးခန္ဓာ မဟုတ်ပါဘူး"
ချန်ဆန်းရှီသည် သူ၏ ဝတ်ရုံကို ချွတ်လိုက်သောအခါ သန်မာပြီး ပြေပြစ်လှသော ကြွက်သားလိုင်းများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် နဂါးဆင်သွေးအင်အားများ ဆူပွက်နေပြီး ကိုယ်ပေါ်တွင် နဂါးများ ရစ်ပတ်နေသကဲ့သို့ အကြောများ ဖောင်းကြွနေကာ သူ၏ အသားအရေမှာ သတ္တုရောင် တောက်ပနေတော့သည်။
ဗိုလ်ချုပ်လောင်းရွေးချယ်ခံပြိုင်ပွဲ အစမှ အဆုံးအထိ...
တိုက်ပွဲအတွင်း ချောင်ဖန်၏ ဖိနှိပ်မှုကို ခံခဲ့ရသော်လည်း အပြင်ဒဏ်ရာ မရရှိခဲ့သဖြင့် သူ၏ ဝရဇိန်ခန္ဓာကာကွယ်မှုကို တစ်ခါမှ ထုတ်မပြခဲ့ရပေ။ ထို့ပြင် အဝတ်အစားများ ဖုံးကွယ်ထားသဖြင့် အလွန်အမင်း အမြင်စူးရှသူမှလွဲ၍ မည်သူမျှ သတိမပြုမိနိုင်ပေ။ ထို့ကြောင့်ပင် အရိုးစစ်ဆေးခြင်းတွင် လက်ဖြင့် စမ်းသပ်ရန် လိုအပ်ခြင်း ဖြစ်သည်။
"နဂါးကိုးပါးအသက်အကြော၊ ဝရဇိန်ခန္ဓာ... ဒါဆိုရင် ချန်လေးက..."
သခင်ကြီးဟောက်က ရှေ့သို့ တိုးလာပြီး သူ၏ လက်အင်္ကျီထဲမှ ဓားမြှောင်လေးကို ထုတ်ကာ ချန်ဆန်းရှီ၏ အသားပေါ်တွင် အသာလေး ခြစ်ကြည့်လိုက်သည်။
ဂြီ——
သတ္တုချင်း ပွတ်တိုက်သံမှာ ထိုအခိုက်အတန့်တွင် အလွန်ပင် နားငြီးဖွယ် ကောင်းလှပေသည်။
"ဝရဇိန်ခန္ဓာ"
ဖေးထျန်းနန်သည်လည်း စစ်ဆေးရန် ရှေ့သို့ တိုးလာသည် "ခန္ဓာကိုယ် ဖွဲ့စည်းပုံ အမျိုးမျိုး ပေါင်းစပ်ထားတာပဲ... မင်းက... မင်းက ရှားပါးလှတဲ့ ပြောင်းလဲခြင်းနှင့် နက်နဲသောခန္ဓာဘဲ"
ပြောင်းလဲခြင်းနှင့် နက်နဲသောခန္ဓာ..
သူတို့ ငယ်ရွယ်သော်လည်း သိုင်းခန္ဓာများအကြောင်း သိရှိသူများအဖို့ ဤခန္ဓာကိုယ်မှာ မွေးရာပါ သိုင်းသူတော်စင် တို့၏ ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။
ဤအရာက ဘာကို ဆိုလိုသလဲဆိုတာ နားလည်သူတိုင်းမှာ အံ့သြတုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။ ဒီလူက တကယ်ပဲ အဲဒီခန္ဓာကိုယ် ပိုင်ရှင်ဖြစ်နေတာလား..
ဒါကြောင့်ကိုး... ဒါကြောင့်ကိုး..
အရင်က ထူးဆန်းနေသမျှ အရာအားလုံးမှာ အခုတော့ အဖြေပေါ်သွားခဲ့ပြီ။
ဒါမှလည်း မှန်မှာပေါ့။
ပါရမီရှင်ချင်း ယှဉ်ပြိုင်တာပဲလေ..
တကယ်လို့ ချန်ဆန်းရှီသာ မွေးရာပါ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်... အဆင့်Aခြောက်ခု နဲ့ အဆင့်Aငါးခု... သူက တကယ့်ကို အပြတ်အသတ် အနိုင်ရသွားတာပဲ။ သူဟာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်
သလို အမွေဆက်ခံသူ အကြီးအကဲလည်း ဖြစ်လာတော့မယ်။ ပိုပြီး အရေးကြီးတာက သိုင်းသမားတိုင်း အိပ်မက်မက်ကြတဲ့ ထာဝရရှင်သန်ခြင်း
လျှို့ဝှက်ကျင့်စဉ် ကို လေ့လာခွင့်ရဖို့ အနီးစပ်ဆုံး လူတစ်ယောက် ဖြစ်လာပါပြီ။
"ငါတော့ အလကားနေရင်း အပင်ပန်းခံပြီး စာအုပ်တွေ ဖတ်နေခဲ့တာပဲ"
ဖန်ချင်းယွမ်က ရယ်မောလျက် လက်ထဲက စာအုပ်ကို ဘေးသို့ ပစ်ချလိုက်
သည် "ညီအစ်ကိုတို့... ငါတို့မှာ ညီငယ်လေးအသစ် တစ်ယောက် တကယ်ပဲ ရတော့မယ်ဟေ့"
"ဤ ရွေးချယ်ခံရဲ့ ချန်ပီယံ ချန်ဆန်းရှီကို အမွေဆက်ခံသူ အဖြစ် သတ်မှတ်တယ်။ အခြား အတွင်းစည်းနှင့် ပြင်ပစည်း တပည့်များကိုနောက်မှ ကြေညာပေးသွားမယ်"
"နောက် ခုနစ်ရက်အကြာမှာ ပညာသင်ယူမှု့ လက်ဆင့်ကမ်းခြင်းနှင့် ဆရာတင်ပွဲ အခမ်းအနားကို ကျင်းပသွားမယ်"