← Chapters

အခန်း (၂၁၂၇)

Vol. 153 Ch. 2127

အခန်း (၂၁၂၇)

Vol. 153 Ch. 2127

ထျန်းယွမ်ခန်းမသည် ကျီမျိုးနွယ်စု၏ အလယ်ဗဟိုတွင် တသီးတစ်သန့် တည်ရှိနေသော ရှေးဟောင်းခန်းမဆောင် တစ်ခုဖြစ်သည်။

ထိုခန်းမသည် ကျီမျိုးနွယ်စု၏ ဘိုးဘေးတစ်ဦး ဖြစ်သည့် ကျီထျန်းယွမ်၏ နေအိမ်ဟောင်းလည်း ဖြစ်၏။

နောက်ပိုင်းတွင် ကျီထျန်းယွမ်သည် သူ၏ သက်တမ်းကုန်ဆုံးခါနီး အချိန်တွင် အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အလမ်းအား ရှာဖွေရန်အတွက် ကျီမျိုးနွယ်စုကနေ ထွက်ခွာသွားခဲ့သည်။

သို့သော်လည်း ကျီထျန်းယွမ်သည် ကျီမျိုးနွယ်စုမှ ထွက်မသွားခင် ကျီမျိုးနွယ်စု၏ ဓားလမ်းစဥ်ပါရမီရှင် တစ်ယောက်က လာရောက်ဖွင့်လှစ်မည့် အချိန်ကို စောင့်မျှော်ရန် အတွက် သူ၏ တစ်သက်တာ အမွေအနှစ်များကို ထျန်းယွမ်ခန်းမထဲတွင် ချိတ်ပိတ်၍ သိမ်းဆည်းထားခဲ့သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် ကျီမျိုးနွယ်စု၌ ကျီထျန်းယွမ် မျက်စိကျသည့် ဓားလမ်းစဥ်ပါရမီရှင် တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။

ထို့ကြောင့် ထျန်းယွမ်ခန်းမသည် ကျီမျိုးနွယ်စုထဲတွင် ယခုထိတိုင် ချိတ်ပိတ်ခံထားရဆဲ ဖြစ်သည်။

ကျီထျန်းယွမ်သည် ကျီလင်ဝေတို့ မျိုးရိုးကနေ ဆင်းသက်လာခြင်းဖြစ်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ် နန်းတော်ကနေ ထွက်လာပြီး အရှေ့ဘက်ဒေသတို့ ပြောင်းရွှေ့သောအခါတွင် ထျန်းယွမ်ခန်းမကိုပါ တစ်ပါးတည်း ယူလာခဲ့သည်။

ကျီလင်ဝေ၏ လမ်းပြမှုနှင့်အတူ ကျန်းချန်သည် သိပ်မကြာခင်မှာပင် ကျီမျိုးနွယ်စု၏ အလယ်ဗဟိုရှိ ခန်းမဆောင် တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ခန်းမဆောင်သည် အပေါ်ယံကြည့်လျှင် အလွန်ပင် ရိုးရှင်းသည်။

သို့သော်လည်း ခန်းမဆောင်ထဲကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် ကမ္ဘာဦးခေတ်က အရှိန်အဝါကဲ့သို့ ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

“ဒါက ထျန်းယွမ်ခန်းမလား”

သူ့ရှေ့မှ ခန်းမကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ထျန်းယွမ်ခန်းမ၏ ပင်မဝင်ပေါက်နှင့် မီတာတစ်ရာလောက်အကွာတွင် ထျန်းယွမ်ခန်းမ ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ် တစ်ယောက် ရှိနေခဲ့သည်။

ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာ သန်မာပြီး လူကိုယ်တိုင်က အနှိုင်းမဲ့ဓားတစ်စင်း ကဲ့သို့ ခန့်မှန်းရခက်ခဲသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းချန်၏ မြင်နိုင်စွမ်းအရ ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေမှန်း မြင်နိုင်ရန် မခက်ခဲပေ။

သို့သော်လည်း ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် အင်အားအကုန်အစင် ထုတ်သုံးလိုက်ရသလိုမျိုး အတော်လေး ပင်ပန်းနေပုံရသည်။

ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ထျန်းယွမ်ခန်းမ ဆီသို့ ခြေလှမ်း ဆယ်လှမ်းကျော်ခန့် လှမ်းပြီးသည့်နောက်တွင် အဆုံးသတ်၌ ထပ်မံ မတောင့်ခံနိုင်တော့ပေ။

သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့ပြီး မီတာတစ်ဆယ်ကျော်ခန့် ခြေလှမ်းကို နောက်ဆုတ်လိုက်ရသည်။

သူ၏ နှုတ်ခမ်း‌‌ထောင့်ကနေလည်း လတ်ဆတ်သော သွေးစအချို့ စီးကျလာခဲ့၏။

“အစ်ကိုကျန်းချန်.. သူက လက်ရှိ ကျီမျိုးနွယ်စုရဲ့ လက်ရှိပါရမီရှင် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကျီကျိလင်ပဲ.. ဒီလူက ကျီမျိုးနွယ်စုရဲ့ လက်ရှိ အသန်မာဆုံး ဓားလမ်းစဥ်ပါရမီရှင် တစ်ယောက်လည်းဖြစ်တယ်.. သူက ထျန်းယွမ်ခန်းမကို ဖွင့်လှစ်ပြီး ဘိုးဘေး ကျီထျန်းယွမ်ရဲ့ ဓားလမ်းစဥ်အမွေအနှစ်ကို ရယူချင်တဲ့အတွက် မကြာခဏ ရောက်လာပြီး အစမ်းသပ်ခံလေ့ ရှိတယ်.. ဒါပေမဲ့ ဒီလောက် နှစ်တွေ အများကြီး ကြာတဲ့အထိ ကြိုးစားတာတောင် ထျန်းယွမ်ခန်းမရဲ့အနားကိုတောင် မကပ်နိုင်သေးဘူး”

ထျန်းယွမ်ခန်းမ၏ သက်တမ်းသည် အနည်းဆုံး နှစ်သန်းပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ အတွင်း ကျီမျိုးနွယ်စုတွင် ကျီထျန်းယွမ်ကဲ့သို့ တုန်လှုပ် ချောက်ချားစရာကောင်းသော ဓားပါရမီရှင် ထွက်ပေါ်မလာသော်လည်း ကျီကျိလင်ထက် ပို၍ ထူးချွန်သော ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့ဖူးသည်။

သို့‌သော်လည်း ထျန်းယွမ်ခန်းမှ အမွေအနှစ်ကို မည်သူမျှ မရရှိနိုင်ခဲ့ပေ။

ဆိုရလျှင် ကျီကျိလင်၏ ပါရမီဖြင့် ထျန်းယွမ်ခန်းမကို ဖွင့်လှစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

“ငါစမ်းကြည့်လိုက်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ထျန်းယွမ်ခန်းမဆီသို့ ခပ်သွက်သွက်လှမ်းသွားခဲ့သည်။

“ကောင်လေး မင်းဘယ်သူလဲ.. ထျန်းယွမ်ခန်းမကို ဘာလာလုပ်တာလဲ”

ထိုအချိန်တွင် ကျီကျိလင်သည် ထျန်းယွမ်ခန်းမ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းနေသည့် ကျန်းချန်ကို မြင်လျှင် ဒေါသတကြီး အော်ငေါက်လိုက်သည်။

ကျန်းချန်ကမူ ကျီကျိလင် ရှိနေသည်ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး သူ၏ အာရုံအားလုံးကို သူ၏ ရှေ့ရှိ ထျန်းယွမ်ခန်းမဆီသာ အာရုံစိုက်ထားခဲ့သည်။

“ကောင်လေး.. မင်းသာ ထျန်းယွမ်ခန်းမဆီကို နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းဖို့ ကြိုးစားရဲရင် ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့တော့”

ကျီကျိလင်၏ မျက်နှာက‌ အေးစက်သွားခဲ့ပြီး သူ၏ လက်ထဲတွင် ခရမ်းရောင်ဓားရှည် တစ်လက် ထွက်ပေါ်လာခဲ့သည်။

သူက ထိုဓားဖြင့် ကျန်းချန်ကို ချိန်ရွယ်ထားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးကနေလည်း ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျီလင်ဝေသည် ရှေ့ကို လှမ်းတက်လာခဲ့ပြီး ကျီကျိလင်ကို ပြောဆိုလိုက်သည်။

“ကျီကျိလင်.. ငါက မျိုးနွယ်စုခေါင်းဆောင်ရဲ့အမိန့်နဲ့ ကျန်းချန်ကို ထျန်းယွမ်ခန်းမဆီ ခေါ်လာခဲ့တာပဲ.. နင်ပြဿနာ ရှာမနေနဲ့တော့”

“ဒါမဖြစ်နိုင်ဘူး”

ကျီကျိလင်၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို မနှစ်မြို့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ထျန်းယွမ်ခန်းမ ဆိုတာ ငါတို့ ကျီမျိုးနွယ်စု ဘိုးဘေးရဲ့ အမွေအနှစ်ပဲ.. မျိုးနွယ်စုခေါင်းဆောင်က ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို ဒီနေရာ လာခွင့်ပြုမှာလဲ”

ထိုစကားကိုကြားလျှင် ကျီလင်ဝေက အေးစက်စက် တုံ့ပြန်ပြောဆိုလိုက်သည်။

“ကျီကျိလင်.. နင်ငါ့ကို မယုံရင် မျိုးနွယ်စုခေါင်းဆောင်ဆီ ကိုယ်တိုင် သွားမေးကြည့်လို့ရတယ်”

ကျီကျိလင်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

တကယ်တမ်းတွင် ကျီကျိလင်သည် ထျန်းယွမ်ခန်းမက မည်ကဲ့သို့ နေရာမျိုးမှန်း ကောင်းစွာသိထားခဲ့သည်။

မျိုးနွယ်စုခေါင်းဆောင်၏ ခွင့်ပြုချက်သာ မရထားလျှင် ကျီလင်ဝေသည် ဤနေရာကို အပြင်လူတစ်ယောက်အား အလိုရှိသလို ဘယ်တော့မှ ခေါ်‌ဆောင်လာရဲမည် မဟုတ်ပေ။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာ အတွင်း ကျီကျိလင်သည် ထျန်းယွမ်ခန်းမထဲမှ အမွေအနှစ်ကို သူ၏ ကိုယ်ပိုင် ပစ္စည်းလိုပင် အမြဲတစေ သဘောထားခဲ့သည်။

သူသာ ဇွဲရှိရှိ ကြိုးစားမည်ဆိုလျှင် တစ်နေ့နေ့တွင် ထျန်းယွမ်ခန်းမထဲကို ဝင်ရောက်နိုင်ပြီး ခန်းမထဲမှ ဓားလမ်းစဥ် အမွေအနှစ်များကို ရရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

ယခုအခါတွင်မူ ရုတ်တရက် လူတစ်ယောက်သည် ထျန်းယွမ်ခန်းမကို ရောက်လာပြီး ဓားလမ်းစဥ် အမွေအနှစ်ကို သူ့ထံကနေ လာလုသလို ဖြစ်နေခဲ့သည်။

ဤသည်က ကျီကျိလင် မည်သို့မှ လက်မခံနိုင်သော အရာလည်းဖြစ်၏။

ကျီကျိလင်က သူ၏ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး.. မျိုးနွယ်စုခေါင်းဆောင်က မင်းကို ထျန်းယွမ်ခန်းမဆီ လာခွင့်ပြုလိုက်တယ် ဆိုတော့ မင်းရဲ့ ဓားပါရမီက အတော်လေးကောင်းမဲ့ပုံပဲ”

“သေချာတာပေါ့”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်လည်း မင်းရဲ့ ဓားလမ်းစဥ်အစွမ်းအစကို ငါ့ကို ပြစမ်းပါဦး”

ကျီကျိလင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“တကယ်လို့ မင်းရဲ့ဓားပါရမီက ငါ့ထက် နိမ့်ကျနေမယ်ဆိုရင်တော့ လာရာလမ်းအတိုင်း ပြန်သွားလိုက်ပါ.. ထျန်းယွမ်ခန်းမဆီလာပြီး အရှက်ခွဲမခံချင်စမ်းနဲ့”

“မင်းက အရမ်းအားနည်းလွန်းတယ်.. ငါစိတ်မဝင်စားဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထျန်းယွမ်ခန်းမ ဆီသို့ ဆက်လက် ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်သည် နတ်ဘုရားနယ်မြေတွင် အလွန်တရာ အစွမ်းထက်သည့် ကျင့်ကြံသူဟု သတ်မှတ်၍ ရသော်လည်း ကျန်းချန်၏ မျက်ဝန်းထဲတွင်မူ ပုရွက်ဆိတ်နှင့် ဘာမှမခြားပေ။

ထို့ကြောင့် ကျန်းချန်သည် ကျီကျိလင်နှင့် တိုက်ခိုက်ရန် စိတ်မဝင်စားခဲ့ပေ။

ကျန်းချန်ကို ဤမျှလောက်အထိ အထင်သေးနေသည်ကို မြင်လျှင် ကျီကျိလင်၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့၏။

သူက ကျီမျိုးနွယ်စု၏ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူ့ရှေ့မှ ကောင်လေးကမူ မြေကြီးအရှင် အဆင့်သာလျှင် ရှိနေသေး၏။

ထိုကောင်လေးက မြေကြီးအရှင်အဆင့်၏ အသန်မာဆုံး ဖြစ်သည့် ကြယ်သုံးပွင့် မြေကြီးအရှင် ဆိုလျှင်ပင် သူ့အနေဖြင့် တိုက်ခိုက်ရန် ယုံကြည်ချက် အပြည့် ရှိသည်။

မြေကြီးအရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က မည်သည့်နေရာက ရရှိလာသော သတ္တိဖြင့် သူ့ကို အားနည်းလွန်းသည်ဟု ပြောရဲပါသနည်း။

“ဟမ့် လေလုံးထွားလှချည်လား.. မင်းဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်”

ကျီကျိလင်က လက်ထဲမှ ခရမ်းရောင်ဓားရှည်ကို အသုံးပြုကာ ကျန်းချန်၏ မျက်ခုံးနှစ်ခုကြားကို ဓားဖြင့် ထိုးလိုက်သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ဓားရှည်ကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ အတိအကျ ညှပ်ဖမ်းလိုက်၏။

ထို့နောက်တွင် သူက သူ၏ လက်ချောင်းကို အသာအယာလှုပ်ခါလိုက်ရာ ကျီကျိလင်၏ ပုံရိပ်သည် ကြိုးပြတ်သွားသောစွန်တစ်ကောင်နှယ် လွင့်စင် ထွက်သွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျီလင်ဝေသည် တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။

ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ကိုပင် ဆန့်ကျင်လွန်းသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အဆင့်ဖြင့်ပင် ကြယ်တစ်ပွင့် ကောင်းကင်အရှင်ကို အနိုင်ယူနိုင်စွမ်း ရှိခဲ့သူလည်း ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်သည် မြေကြီးအရှင်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ နတ်ဘုရင် အဆင့်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေခဲ့ချေပြီ။

ထို့ကြောင့် ကျီကျိလင်က ကျန်းချန်ကို တိုက်ခိုက်ချင်နေခြင်းသည် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေခြင်း ဆိုလည်းမမှားပေ။

“ဒါ ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ကျီကျိလင်က အရှက်တကွဲ လွင့်စင်သွားပြီးနောက်တွင် ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။

သူ၏ မျက်ဝန်းများက မှုန်မှိုင်းသွားခဲ့ပြီး ပါးစပ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

သူကဲ့သို့ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်သည် မြေကြီးအရှင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ထဲတွင် ပြန်လည် မတိုက်နိုင်လောက်သည်အထိ အရှုံးပေးရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ကျီကျိလင်က မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဓားလမ်းစဥ် မူလအရင်းအမြစ် စွမ်းအားများကို အမြင့်ဆုံးအထိ လှုံ့ဆော်လိုက်ပြီး ကျန်းချန်ကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။

အခန်း(၂၁၂၇)ပြီး၏။

All Chapters