ဘယ်သူက ရဲတိုင်တာလဲ
Vol. 14 Ch. 136
မင်ယွဲ့၏ သေသပ်လှပသော ကန်ချက်ဗီဒီယိုသည် အွန်လိုင်းပေါ်၌ တောမီးပမာ ပျံ့နှံ့သွားပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
"အား... တကယ့်ကို မိုက်လွန်းတယ်၊ အစ်မကြီးရယ် ကျွန်မကို သိမ်းပိုက်လိုက်ပါတော့"
"ဒီလို အက်ရှင်မျိုးက ဖျော်ဖြေရေးလောကက မင်းသားတွေတောင် အရှုံးပေးရမယ့် အနေအထားပဲ"
မှတ်ချက်ကဏ္ဍတွင် ချီးမွမ်းသံများ ဆူညံနေသလို၊ အချို့ကလည်း ဤသည်မှာ ကုမ္ပဏီတစ်ခုခုမှ ပွဲထုတ်ရန် ပြင်ဆင်နေသည့် မင်းသမီးသစ်တစ်ဦး၏ အကွက်ချစီစဉ်မှုဟု သံသယဝင်နေကြသည်။
"မင်းတို့ကတော့ တကယ့်ကို လူအတွေပဲ သူက ရဲတိုင်ထားတာလေ၊ ရဲက အိုင်တင်လာလုပ်ပေးမလား"
"ရဲက ရောက်မှမလာသေးတာ၊ သူ တကယ်
တိုင်တာ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ"
"ဟုတ်တယ်၊ သူသာ မင်းသမီးဖြစ်မလာရင် ငါ လက်ပြန်ထောက်ပြီး အီးချီးစားပြမယ်"
ထိုသို့ အငြင်းပွားနေစဉ်မှာပင် "ကျွန်တော်တို့ ရဲတပ်ဖွဲ့ကပါ ဘယ်သူက ဖုန်းဆက်တိုင်တာလဲခင်ဗျာ" ဟူသော အသံနှင့်အတူ ရဲအရာရှိများ ရောက်ရှိလာသည်။
ထိုအခါမှ မှတ်ချက်ကဏ္ဍတွင် "လက်ပြန်ထောက်ပြီး စားမယ့်လူ Live လွှင့်ဖို့ ပြင်ထားတော့" ဟူသော စာသားများဖြင့် ပွဲကျသွားတော့သည်။
မင်ယွဲ့သည် ဖမ်းချုပ်ထားသော လူလိမ်ကို လွှတ်ပေးလိုက်ပြီး သူမဖုန်းထဲမှ သက်သေဗီဒီယိုကို ရဲများထံ တိုက်ရိုက်ပေးပို့လိုက်သည်။
"ဥက္ကဋ္ဌမင်”
သတင်းကြား၍ အပြေးအလွှား ရောက်လာသော အရှေ့ပိုင်းစီးပွားရေးလမ်းမကြီး၏ တာဝန်ခံ မန်နေဂျာဝူသည် မင်ယွဲ့ကို မြင်သည်နှင့် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
ဆိုင်မန်နေဂျာနှင့် ဘေးပတ်ဝန်းကျင်မှ လူများမှာမူ "ဥက္ကဋ္ဌမင်" ဟူသော ခေါ်ဝေါ်မှုကြောင့် မှင်တက်သွားကြသည်။ မင်ယွဲ့သည် အမှုကိစ္စများကို ရဲထံအပ်နှံပြီးနောက် မန်နေဂျာဝူကို လိုအပ်သည်များ မှာကြားကာ ရဲစခန်းသို့ လိုက်ပါသွားခဲ့သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ယွဲ့ဟွာနည်းပညာ သို့ ရောက်ရှိလာသည်။ ကျန်ဟင်နှင့် ဝမ်ကျန်းတို့မှာ အလုပ်ထဲတွင် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။ မင်ယွဲ့က သူတို့ကို အိမ်တစ်လုံးစီ ပေးအပ်ထားပြီးဖြစ်ရာ ၎င်းမှာ သူတို့ဘဝ၏ အကြီးမားဆုံးသော ရည်မှန်းချက် အောင်မြင်သွားခြင်းပင် ဖြစ်သည်။
မင်ယွဲ့သည် ဌာနအသီးသီးသို့ လှည့်လည်ကြည့်ရှုသော်လည်း ဝန်ထမ်းများမှာ အလုပ်ကိုယ်စီဖြင့် ရှုပ်နေကြသဖြင့် သူမကိုပင် ဂရုမစိုက်နိုင်ကြပေ။
"အကူအညီ လိုသလား"
ဟု သူမက မေးသော်လည်း
"မလိုပါဘူး ဥက္ကဋ္ဌ၊ သွားနားပါတော့"
ဟူသော အဖြေကိုသာ ရရှိသဖြင့် သူမမှာ အလုပ်လက်မဲ့ ဖြစ်နေသော သူဌေးတစ်ဦးပမာ ခံစားလိုက်ရသည်။
အထူးပြုလုပ်ချက်အဖွဲ့ရုံးခန်းသို့ ရောက်သောအခါ ဝန်ထမ်းများက သူမကို ဝိုင်းအုံလာကြသည်။
"ဥက္ကဋ္ဌ၊ ဟိုတစ်ခါက ဆရာကြီးကို ကျွန်တော်တို့အတွက် ပြန်ဆက်သွယ်ပေးပါဦး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲလေးတွေ ရှိနေလို့ပါ"
မင်ယွဲ့က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် သူမ၏ ပုခုံးပေါ်တွင် ကိုယ်ပျောက်နေသော ယွမ်ပေါ့က ပေါ်လာပြီး ဝန်ထမ်းများကို ကြည့်ကာ
"ငါ့ရဲ့ ပရိသတ်လေးတွေကို လာကြည့်တာ"
ဟု ပြောကာ ဘဝင်မြင့်နေလေသည်။
"ဥက္ကဋ္ဌ၊ အဲဒီဆရာကြီးရဲ့ ကုတ်အမည်က ဘာလဲဟင်" ဟု ဝန်ထမ်းတစ်ဦးက မေးသည်။
မင်ယွဲ့က သူမပုခုံးပေါ်မှ ပန်ဒါလေးကို တစ်
ချက်ကြည့်ကာ "ပန်ဒါ” ဟု ဖြေလိုက်သည်။
"ပန်ဒါ”
ဝန်ထမ်းများမှာ ထိုကဲ့သို့ ထူးချွန်သော ဟက်ကာကြီးတစ်ဦး၏ အမည်မှာ ချစ်စရာကောင်းလွန်းနေသဖြင့် အံ့သြသွားကြသည်။
"ယွဲ့ယွဲ့၊ အခုတော့ ဒီပန်ဒါက ဘယ်လောက် စွမ်းလဲဆိုတာ သိပြီမလား"
ယွမ်ပေါ့က ဂုဏ်ယူဝင့်ကြွားစွာ ပြောသော်လည်း မင်ယွဲ့က အေးအေးဆေးဆေးပင် ပြန်တုံ့ပြန်
လိုက်သည်။
"ငါ့မှာ ဂုဏ်သတင်းရမှတ် ၃ သိန်းကျော် ရှိတယ်၊ နင့်မှာ ရှိလား"
ယွမ်ပေါ့သည် သူ၏ ခြေတိုတိုလေးများဖြင့် ရုတ်တရက် ထရပ်လိုက်ကာ
“ငါကတော့ ငါ့ပရိသတ်လေးတွေ ရှိတာနဲ့တင် ကျေနပ်ပါတယ် လူသိရှင်ကြား ဖြစ်နေဖို့ မလိုပါဘူး"
ဟု ပြန်ပြောလေသည်။
မင်ယွဲ့သည် ကိုယ်ပျောက်နေသော်လည်း နွေးထွေးပြီး အမွှေးပွပွရှိသော ယွမ်ပေါ့ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ယွမ်ပေါ့မှာလည်း သူမ၏ အထိအတွေ့ကို သာယာစွာ ခံယူရင်း မှိန်းနေတော့သည်။