ယွဲ့ယွဲ့က အတော်ဆုံးပဲ
Vol. 14 Ch. 137
အိမ်ပြန်ရောက်သည်နှင့် ယွမ်ပေါ့သည် အွန်လိုင်းမှတစ်ဆင့် ယွဲ့ဟွာနည်းပညာ၏ နည်းပညာအဖွဲ့ကို စတင်ဆက်သွယ်တော့သည်။
ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပန်ဒါ (သို့မဟုတ်) ဝါးပင်တံဆိပ်လေး ပေါ်လာသည်နှင့် ဝန်ထမ်းများမှာ ဆရာကြီးတစ်ဦးဦးက သူတို့ကို လမ်းညွှန်ရန် ရောက်ရှိလာပြီဖြစ်ကြောင်း ရိပ်မိကြပြီးသားပင်။
ယွမ်ပေါ့သည် သူတို့၏ အခက်အခဲများကို မင်ယွဲ့ထံမှတစ်ဆင့် ကြားနေရခြင်းမျိုး မဟုတ်ဘဲ သူကိုယ်တိုင်ပင် အရာအားလုံးကို သိရှိနေခြင်း ဖြစ်သည်။
မင်ယွဲ့သည်လည်း အားမခံချင်စရာကောင်းလောက်အောင် အလုပ်များနေသော ယွမ်ပေါ့ကို ကြည့်ရင်း သူမ၏ မဖွံ့ဖြိုးသေးသော ဟက်ကာစွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်
သည်။
စနစ်အဆင့် (၅) သို့ ရောက်ရှိသွားပြီးနောက် မင်ယွဲ့သည် ယွမ်ပေါ့၏ အကူအညီမပါဘဲ စနစ်၏ အခြေခံလုပ်ဆောင်ချက်အချို့ကို ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
သူမသည် အချက်အလက်စာရင်းကို ဖွင့်ကာ ဟက်ကာစွမ်းရည်ကို လက်ခံရယူလိုက်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုနည်းစနစ်ကို လေ့ကျင့်ထားခြင်း၏ အကျိုးကျေးဇူးမှာ အသိပညာအသစ်များကို လက်ခံရာတွင် ဦးနှောက်အတွင်း၌ အရင်ကကဲ့သို့ ပြင်းထန်သော နာကျင်မှုကို မခံစားရတော့ခြင်းပင် ဖြစ်သည်။ သူမသည် ဆိုဖာပေါ်တွင် မှီထိုင်ကာ နာရီဝက်ခန့် အာရုံစိုက်လိုက်သောအခါ သူမ၏ စိတ်အာရုံထဲတွင် ဟက်ကာနည်းပညာများ ပြည့်နှက်သွားတော့သည်။
ယွမ်ပေါ့သည် ရံဖန်ရံခါတွင် စိတ်ကူးပေါက်လျှင် ပေါက်သလို ယွဲ့ဟွာနည်းပညာ၏ ခုခံစနစ်ကို အဆင့်မြှင့်တင်ပေးလေ့ရှိသည်။ ယခုအခါ မင်ယွဲ့သည်လည်း ဟက်ကာပညာကို စတင်သင်ယူနေပြီဖြစ်ရာ ယွမ်ပေါ့အတွက် သူမကို နောက်ပြောင်ရန် အခွင့်အရေးကောင်း ရရှိသွားတော့သည်။
"အိမ်ရှင်... ရှင် ဒီထက်ပိုပြီး နှေးနေဦးမယ်ဆိုရင် ရှင်တို့အိမ်ကို သူခိုးဝင်တာတောင် သိမှာမဟုတ်ဘူးနော်"
ယွမ်ပေါ့သည် ပညာစမ်းသည့်အနေဖြင့် မင်ယွဲ့၏ ကာကွယ်ရေးစနစ်များကို ထိုးဖောက်ပြရင်း သူမကို ကလေးတစ်ယောက်လို ကစားနေလေသည်။
မင်ယွဲ့မှာ အတန်ကြာ ကြိုးစားပြီးနောက်တွင်ပင် ယွမ်ပေါ့၏ အမြန်နှုန်းကို မမီနိုင်သဖြင့် အနည်းငယ် စိတ်ပျက်သွားရသည်။
"ယွဲ့ယွဲ့... စိတ်မကောင်းမဖြစ်ပါနဲ့ ငါ့ရဲ့ လက်ချောင်းတစ်ချောင်းစာ စွမ်းရည်ကတောင် တခြားလူတွေ တစ်သက်လုံး ကြိုးစားလည်း မရနိုင်တဲ့ အဆင့်မျိုးပါ ရှင်က တော်တော်လေးကို တော်နေပါပြီ"
ယွမ်ပေါ့၏ နှစ်သိမ့်စကားက အောင်မြင်သည်ဟု ဆိုရမည်။
မင်ယွဲ့မှာ စိတ်ပျက်မနေတော့ဘဲ မီးဖိုချောင်ထဲသို့ ဝင်ကာ ဟင်းချက်ရန် ပြင်ဆင်တော့သည်။ ယွမ်ပေါ့မှာမူ ဖန်သားပြင်နောက်ကွယ်မှ မင်ယွဲ့ ဟင်းချက်နေသည်ကို သွားရည်တမြားမြားဖြင့် စောင့်ကြည့်နေလေသည်။
ရေနွေးငွေ့ဖြင့် ပေါင်းထားသော ငါး၊ အာလူးအချောင်းကြော်၊ ငရုတ်ပွ ဝက်သားကြော်နှင့် ကိုလာဖြင့် ချက်ထားသော ကြက်တောင်ပံများ။
"ယွဲ့ယွဲ့... စားလို့ရပြီလား"
ယွမ်ပေါ့သည် သူ၏ ဓား၊ ခက်ရင်း၊ တူနှင့် သွားရည်ခံပဝါတို့ကို စားပွဲပေါ်တွင် အသင့်
ပြင်ထားပြီးဖြစ်သည်။
"မစားခင် ပြောစမ်းပါဦး နင်နဲ့ငါ ဘယ်သူက ပိုတော်လဲ"
မင်ယွဲ့က မေးလိုက်သည်။
"ယွဲ့ယွဲ့က အတော်ဆုံးပေါ့"
ပန်ဒါလေးသည် ဟင်းပွဲများကိုသာ စိုက်ကြည့်
ရင်း ချက်ချင်း ပြန်ဖြေသည်။
"ယွမ်ပေါ့... ကမ္ဘာပေါ်မှာ ဘယ်သူက အစွမ်းထက်ဆုံးလဲ"
"ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးကတော့ ကျွန်တော့်ရဲ့ အိမ်ရှင် မစ္စမင်ယွဲ့ပေါ့ဗျာ"
သူ့ကို စားခွင့်ပေးလိုက်သည်နှင့် ယွမ်ပေါ့သည် လေပွေမုန်တိုင်းတစ်ခုပမာ အစားအစာများကို သိမ်းကျုံးစားပွဲပစ်တော့သည်။
မင်ယွဲ့ ထမင်းတစ်လုံး မကုန်ခင်မှာပင် သူက ပြောင်သလင်းခါအောင် စားပြီးသွားလေပြီ။
"ပြီးရင် အကုန်လုံး သိမ်းကျုံး ဆေးကြောထားလိုက်ဦး"
မင်ယွဲ့က အမိန့်ပေးလိုက်သောအခါ ယွမ်ပေါ့သည် ဇနီးသည်ကို ကြောက်ရသော ခင်ပွန်းတစ်ဦးပမာ မီးဖိုချောင်ထဲသို့ တုံ့တုံ့ တုံ့တုံ့နှင့် ဝင်သွားရရှာသည်။
သူ၏ ဖင်တိုတိုလေးဖြင့် စားပွဲကို လိုက်သုတ်နေသည့် ပုံစံမှာ အလွန်ပင် ရယ်စရာကောင်းလှသည်။ မင်ယွဲ့က နောက်ပြောင်ချင်စိတ်ဖြင့် သူ့ကို လက်ဖြင့် တွန်းလိုက်ရာ ယွမ်ပေါ့လေးမှာ စားပွဲပေါ်သို့ မှောက်ခုံ လဲကျသွားတော့သည်။
"ဟားဟားဟား..."
မင်ယွဲ့က သဘောကျစွာ ရယ်မောလိုက်သည်။
"ငါ မထတော့ဘူး ထမင်းကျွေးပြီး ခိုင်းစားတယ်၊ ငါ စိတ်ဒဏ်ရာ ရသွားပြီ"
ယွမ်ပေါ့က ဆိုဖာပေါ်တွင် ပက်လက်လှန်ကာ ဂျီကျနေလေသည်။
"တကယ် မထဘူးလား"
"မထဘူး... မထဘူး"
"ဒါဆို ငါလည်း သွားအိပ်တော့မယ်"
မင်ယွဲ့က လှည့်ထွက်သွားရန် ပြင်လိုက်စဉ်
“ဂေါ်ဖီထုတ်လေး လယ်ထဲမှာ ဝါလို့... သုံးနှစ်သားမှာ အမေမဲ့လို့..."
ဟူသော ယွမ်ပေါ့၏ သနားစဖွယ် သီချင်းသံကို ကြားလိုက်ရသည်။
"ထတော့... နင်စားချင်တာ မှာပေးမယ်"
မင်ယွဲ့က လက်လျှော့လိုက်ရသည်။
ယွမ်ပေါ့သည် ပီဇာတစ်ချပ်၊ ကြက်ဟော့ပေါ့တစ်အိုးနှင့် နို့လက်ဖက်ရည်တို့ကို အားရပါးရ မှာယူလိုက်သည်။
မင်ယွဲ့ ရေချိုးပြီး ထွက်လာချိန်တွင် အစားအသောက်များ ရောက်လာပြီး ယွမ်ပေါ့မှာ မဟာပွဲတော်ကြီး ဆင်နွှဲနေလေပြီ။
နောက်တစ်နေ့ မနက်တွင် နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသည်။
"ယွဲ့ယွဲ့... ထတော့လေ၊ သွားကစားရအောင်"
ယွမ်ပေါ့က မင်ယွဲ့၏ မျက်နှာပေါ်သို့ ခုန်တက်ကာ နှိုးနေသည်။ မင်ယွဲ့က စောင်အိတ်ဇစ်ကို ဖွင့်ကာ ယွမ်ပေါ့ကို အထဲထည့်ပြီး ပြန်ပိတ်လိုက်သည်။
"ယွဲ့ယွဲ့... လွှတ်ပါဦး၊ ကျွန်တော် မှားသွားပါတယ်"
ဟူသော အသံလေး ထွက်လာမှ သူမက ပြန်
လွှတ်ပေးလိုက်သည်။
ထိုစဉ် စောင်အိတ်က ရုတ်တရက် ပြဲသွားပြီး ပန်ဒါခေါင်းလေး ထွက်လာသည်။
“ယွဲ့ယွဲ့... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူးနော်"
မင်ယွဲ့မှာ စိတ်မဆိုးအားဘဲ စောင်အသစ် လဲပေးလိုက်ရသည်။
ဗီရိုကို ဖွင့်လိုက်သောအခါ အထဲတွင် လက်ဆောင်ရထားသည့် ပန်ဒါရုပ်လေးတစ်
ရုပ်ကို တွေ့လိုက်ရသည်။
"ယွဲ့ယွဲ့... အဲဒါ ကျွန်တော် လိုချင်တယ်"
ယွမ်ပေါ့သည် ထိုပန်ဒါရုပ်လေးကို သူ၏ ကုတင်လေးပေါ်သို့ ဝမ်းသာအားရ သယ်ဆောင်သွားတော့သည်။ သူ၏ ကုတင်လေးပေါ်တွင် အိုင်ပက် တစ်လုံး၊ ရွှေဆွဲပြားတစ်ခုနှင့် ယခု ပန်ဒါရုပ်လေးတို့ဖြင့် စုံလင်နေလေပြီ။