Chapters

ဖောင်းကားနေအောင် ချစ်စရာကောင်းလွန်းခြင်း

Vol. 14 Ch. 138

ဖောင်းကားနေအောင် ချစ်စရာကောင်းလွန်းခြင်း

Vol. 14 Ch. 138

မင်ယွဲ့သည် အနားတွင် ဆော့ကစားနေသော ပန်ဒါပေါက်လေးကို ဂရုမထားအားဘဲ မီးဖိုချောင်သို့ဝင်ကာ နေ့လယ်စာ ပြင်ဆင်လိုက်သည်။ ဟင်းရနံ့များ သင်းပျံ့လာသည်နှင့်တစ်ပြိုင်နက် ယွမ်ပေါ့သည် အခေါ်မစောင့်ဘဲ တစ်ဟုန်ထိုး ပြေးထွက်လာတော့သည်။

မင်ယွဲ့က ကြက်ဥကြော်၊ ဝက်ပေါင်ခြောက်နှင့် ဆန်းဝတ်ချ်တို့ကို သေသပ်စွာ ပြင်ဆင်ပေးပြီး နွားနို့တစ်ခွက်စီလည်း ထည့်ပေးလိုက်သည်။

ယွမ်ပေါ့၏ ပန်းကန်ထဲတွင်မူ အရာအားလုံးက နှစ်ဆစီ။ သူသည် ပြည့်စုံလွန်းသော စားပွဲဝိုင်းကို ကြည့်ကာ ကျေနပ်အားရစွာဖြင့် သူ၏ သွားရည်ခံပဝါကို ထုတ်လိုက်သည်။ အစားအသောက် ပိုများနေသော်လည်း သူ၏ စားနှုန်းက မင်ယွဲ့ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။

"ကဲ... ငါ ကျောင်းသွားတော့မယ် နင် အိမ်မှာ နေခဲ့မလား၊ ငါနဲ့ လိုက်မလား"

မင်ယွဲ့က ပန်းကန်ခွက်ယောက်များကို ဆေးကြောရင်း မေးလိုက်သည်။

ယွမ်ပေါ့သည် တွန့်ဆုတ်မနေဘဲ မင်ယွဲ့၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ကျောင်းတွင်ရှိသော ကျောင်းသားတိုင်းက မင်ယွဲ့၌ ပန်ဒါနှင့်တူသော ခွေးကလေးတစ်ကောင် ရှိသည်ကို သိထားကြသည်။

ကျောင်းသို့ ရောက်သောအခါ ဂျူနီယာ ကျောင်းသူလေးများက ယွမ်ပေါ့ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာကြသည်။

"စီနီယာအစ်မ... ကျွန်မတို့ သူ့ကို ခဏလောက် ထိကြည့်လို့ ရမလားဟင်"

မင်ယွဲ့က အိပ်ငိုက်နေသော ယွမ်ပေါ့ကို သူမ၏ လက်ထဲမှတစ်ဆင့် ကမ်းပေးလိုက်သည်။

ယွမ်ပေါ့မှာ ရုတ်တရက် အနှိုးခံလိုက်ရသဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေပုံမှာ ကျောင်းသူလေးများ၏ နှလုံးသားကို အရည်ပျော်စေခဲ့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

ကျောင်းသူလေးများက ယဉ်ကျေးစွာဖြင့် ခဏတာ ပွတ်သပ်ပြီးနောက် မင်ယွဲ့ထံ ပြန်

ပေးလိုက်ကြသည်။

"လူစော်နံ့တဲ့ အိမ်ရှင်... နင် ငါ့ကို သူစိမ်းတွေဆီ နောက်တစ်ခါ ထပ်ပေးပြန်ပြီ"

ဟု ယွမ်ပေါ့က စိတ်ထဲမှ ကန့်ကွက်သော်လည်း မင်ယွဲ့က သူ၏ တင်ပါးလေးကို ခပ်ဖွဖွပုတ်ကာ

"ချောမောလှပတဲ့ မိန်းကလေး နှစ်ယောက်ပဲဟာ၊ နင်က ဘာလို့ မကျေနပ်ဖြစ်နေရတာလဲ"

ဟု ပြုံးလျက် ချော့မြူလိုက်သည်။

မင်ယွဲ့သည် ယွမ်ပေါ့ကို ပိုက်ကာ ပရော်ဖက်ဆာယန်၏ ရုံးခန်းသို့ ဦးတည်ခဲ့သည်။

လမ်းတွင် နိုင်ငံခြားကျောင်းသား အဖွဲ့နှင့် ဆုံခဲ့ရာ သူတို့မှာ ယွမ်ပေါ့ကို မြင်သည်နှင့် မှင်တက်သွားကြသည်။

"ဒါက ပန်ဒါလား တရုတ်လူမျိုးတိုင်းမှာ ပန်ဒါတစ်ကောင်စီ တကယ် ရှိကြတာလား"

ဟု သူတို့က အံ့သြတကြီး မေးမြန်းကြသည်။

မင်ယွဲ့ကမူ ယွမ်ပေါ့ စိတ်တိုကာ ကိုက်မိမည်စိုးသဖြင့် သူတို့၏ လက်များ လှမ်းမလာနိုင်မီ အချိန်မီ ရှောင်ထွက်ခဲ့လိုက်သည်။

ပရော်ဖက်ဆာယန်၏ ရုံးခန်းသို့ ရောက်သောအခါ ယွမ်ပေါ့ကို ဆရာကြီးထံတွင် ခဏအပ်နှံခဲ့သည်။ မင်ယွဲ့ အတန်းတက်ရန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပရော်ဖက်ဆာယန်သည် ရုံးခန်းတံခါးကို အတွင်းမှ ဂျက်ထိုးလိုက်ပြီး ဗီဒိုထဲမှ အဆင့်မြင့် ခွေးစာများနှင့် ကစားစရာများကို ထုတ်လိုက်တော့သည်။

"ယွမ်ပေါ့... ဒီကိုလာပါဦး ဘယ်ဟာကို စားချင်

လဲ"

ဆရာကြီးက အလွန်အမင်း ကြင်နာသောအပြုံးဖြင့် မေးလိုက်သည်။

ယွမ်ပေါ့မှာမူ သူ့ကို ခွေးစာကျွေးရန် ပြင်နေသော အဘိုးကြီးကို ကြည့်ကာ ဒေါသထွက်ချင်

နေသည်။

‘ငါက စနစ်ကွ၊ အနည်းဆုံးတော့ နိုင်ငံတော်

ရတနာ ပန်ဒါကွ ဒီအဘိုးကြီးက ငါ့ကို ခွေးစာ ကျွေးချင်နေတာလား’

ဟု တွေးကာ စိုက်ကြည့်နေမိသည်။

သို့သော် ပရော်ဖက်ဆာယန်က သူ၏ ပါးစပ်ထဲသို့ ခွေးစာတစ်စေ့ကို အတင်းသွတ်ထည့်လိုက်

သောအခါ...

"မြိန်— မြိန်—"

အရသာက မဆိုးလှပေ။

ယွမ်ပေါ့သည် ချက်ချင်းပင် စိတ်ပြောင်းသွားကာ နောက်ထပ် တစ်ပန်းကန်လုံးကို အားရပါးရ စားပွဲပစ်တော့သည်။

‘ခွေးစာက ဒီလောက်အရသာရှိမယ်လို့ မထင်ထားဘူး၊ နောက်တစ်ခါကျရင် ကြောင်စာကိုပါ မြည်းကြည့်ရမယ်’

ဟု သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

အတန်းပြီးဆုံး၍ မင်ယွဲ့ ပြန်ရောက်လာသောအခါ ပရော်ဖက်ဆာယန်မှာမူ စာပွဲတွင် ဘာမျှမဖြစ်သကဲ့သို့ ခန့်ညားစွာ ထိုင်နေသည်။ မင်ယွဲ့က ယွမ်ပေါ့ကို ချီမလိုက်သောအခါ ပန်ဒါလေး၏ ဗိုက်မှာ အရင်ကထက် ပိုမိုဖောင်းကားနေသည်ကို သတိထားမိလိုက်သည်။

"နင့်ဗိုက်က ပိုကြီးလာသလိုပဲ၊ ဘာတွေဖြစ်နေတာလဲ"

မင်ယွဲ့က ဘယ်လိုပင် စဉ်းစားသော်လည်း ပရော်ဖက်ဆာယန်က ယွမ်ပေါ့ကို ခွေးစာများ အဝကျွေးထားသည်ဟု အိမ်မက်ပင် မက်လိမ့်မည် မဟုတ်ပေ။

"မဟုတ်ပါဘူး... ငါက ချစ်စရာကောင်းလွန်းလို့ ဖောင်းကားနေတာပါ"

ဟု ယွမ်ပေါ့က ဗြောင်လိမ်ကာ ပြန်ဖြေလိုက်လေသည်။